PHUKET ခရီးစဉ် (၂)

နောက် သဘောင်္စီးပြီး James Bond Island ကို ထွက်လာခဲ့ပါတော့တယ်။ တော်တော်ကြာကြာ သဘောင်္စီး ခဲ့ရပါတယ်။ ဒါပေမယ့်သဘောင်္ ပေါ်မှာ မပျင်းရပါဘူး။ ယိုးဒယားသား Tour Guide လေးရဲ့ အပြောကောင်းမှု၊ သဘောင်္မှာ ဧည့်ခံတဲ့ ကော်ဖီ လက်ဖက်ရည် အအေးနဲ့ ရေ က Free Flow, ပြီးတော့ ငှက်ပျောသီးနဲ့ လိမ္မော်သီး စားပြီးတော့ သူငယ်ချင်းတွေစကားပြောလိုက် ဓါတ်ပုံရိုက်လိုက်နဲ့ ရောက် လို့ရောက်မှန်းမသိဖြစ်ခဲ့ ပါတယ်။


ဒါနဲ့ ဘဲ နောက် ၃ နာရီလောက်ကြာတဲ့အခါမှာ ဟိုတုန်းက Hollywood မင်းသားကြီး James Bond က သူရုပ်ရှင်ကားတစ်ကားကို ဒီကျွန်းမှာ ရိုက်ခဲ့လို့ James Bond ကျွန်းလို့ နာမည်တွင်တဲ့ ကျွန်းလေးကိုရောက်ပါပြီ။ ကျောက်ဆောင်ကြီးတစ်ခုတည်းထီးထီးကြီး တည်နေတဲ့ ကျောက်တုန်းကို James Bond Rock လို့ခေါ်ပါတယ်။ မှတ်မိကြမလားမသိဘူး။ ကိုယ်က တော့အဲဒီနားရောက်တော့ ဘာကိုသတိရလည်းဆိုတော့ ဒွေးနဲ့ ထက်ထက်မိုးဦး ကြော်ငြာတဲ့ မီကို ကွေကာဘဲသတိရတယ်း)။ ပြီးတော့ အဲနားက ကျွန်းပေါ် ဟိုကြည့် ဒီကြည့်ဖို့ ၄၅ မိနစ် အချိန်ပေးပါတယ်။ ကိုယ်တို့ သူငယ်ချင်းတစ်သိုက်လည်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် နဲ့ ၄၅ မိနစ်က ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိပါဘူး။ သူတို့သဘောင်္က လူတွေခေါ်မှဘဲ ကိုယ်တို့သဘောင်္ပေါ်ပြန်တက်ခဲ့ကြပါတယ်။







အရမ်းကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် သက် ကယ်အကျီ င်္တော့ဝတ်ထားပါတယ်။ သဘောင်္မှာလူဆင်းတဲ့ လှေကားကို ကိုင်ထားရင်း ဟိုနားဒီနား ကူးခဲ့ပါတယ်။ တစ်ခါတစ်ခါ ပါးစပ်ထဲ ပင်လယ်ရေ၀င်လို့ကတော့ မွန်းနေတာပါဘဲ။ရေထဲမှာ တော်တော်လေးကြာနေပြီးတော့ သဘောင်္ပေါ်ပြန်တက် နောက်တစ်နေရာကို ခရီးဆက်ခဲ့ပါတယ်။ နောက်တစ်နေရာရောက်တော့ ကနူးလှေ စီးရပါတယ်။ တစ်စီးကို နှစ်ယောက် ပါ။ ဟန်နီးမွန်းဂူ လို့ခေါ်တဲ့ သူတို့ပြောတဲ့အခန်းလေး တွေပါတဲ့ ဂူထဲကို စီးရပါတယ်။ ဂူထဲကို လှေလေးနဲ့ လှည့်ပတ်စီးကြပါတယ်။ လှေ လှော်ပေးတဲ့ ကောင်လေးကသဘောအရမ်းကောင်းပါတယ်။


အချိန်ကြည့်ကြည့် တော့ နေ့လည် ၁း၃၀ ကျော်ကျော်ရှိနေပြီ်။ သဘောင်္စီးရင်းနဲ့ နေ့လည်စာကို သူတို့ကျွေးတဲ့ ဘူဖေး စားပါတယ် ။ ငါးဟင်းရယ်၊ ကြက်သားကြော်တွေရယ်၊ နောက် ပုစွန်၊ ပင်လယ်စာ တွေရယ် အရွက်ကြော်တွေရယ် အများကြီးပါဘဲ။တန်းစီတော့ Lady first လို့ယိုးဒယားသား ဂိုက်လေးရဲ့ အော်သံကြောင့် ကိုယ်နဲ့ ကိုယ့်သူငယ်ချင်း လေးပြေးပြီးတော့ ဟင်းတွေယူကြပါတယ်။ သဘောင်္ပေါ်က ကိုးတောင်ဝတ် ယောကျာ်းတွေကတော့ မျက်စောင်းတွေတခဲခဲနဲ့။ မိန်းကလေးတွေ ပြီးတော့မှ ယောကျာ်လေးတွေက ယူရပါတယ်။ ဟင်းတွေကလည်း စားလို့အ၇မ်းကောင်းတာဘဲ၊ ဗိုက်ဆာနေလို့ လားတော့မသိပါဘူး။ တော်တော်လေးစားလို့ကောင်းခဲ့ပါတယ။် စားပြီးသောက်ပြီး ၁ နာရီလောက်ကြာတော့ သဘောင်္ကြီးက ကျွန်းတစ်ကျွန်းနဲ့ မနီးမဝေးမှာ ရပ်လိုက်ပါတော့တယ်။ ရေဆော့ဖို့တဲ့ ။ ပင်လယ်ထဲမှာ ရေကလည်းအနက်ကြီးဘဲ။ နောက် နိုင်ငံခြားသားအဖြူကောင် တစ်ယောက်က ယိုးဒယားသားဂိုက်လေးကို သဘောင်္ပေါ်ကနေ ဒိုင်ဗင်ထိုးလို့ ရလားလို့မေးတော့ မရဘူးဆိုပြီး အဲဒီဂိုက်လေးက သူအရင်ခုန်ချပြပါတယ်။ နောက်အဲဒီနိုင်ငံခြားသားကြီးခုန်ချပါတယ်။ နောက်တော့ ကိုယ့်တို့အဖွဲ့ထဲ ကကိုယ့်သူငယ်ချင်းယောကျာ်းလေးတွေခုန်ချပါတယ်။ ကိုယ့်လက်တွဲဖော်က မျက်မှန်တပ်ထားလို့ ခုန်လို့မရပါဘူး။ ကိုယ်တို့ ကတော့ ဒိုင်ဗင်မဟုတ်ဘဲ သဘောင်္ထဲကနေ ရိုးရိုးရေထဲကို ဆင်းပါတယ်။ ခြေထောက်မမီပါဘူး.။ ပင်လယ်ထဲမှာ ကူးတာ ပထမဆုံးဘဲ။






အရမ်းကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် သက် ကယ်အကျီ င်္တော့ဝတ်ထားပါတယ်။ သဘောင်္မှာလူဆင်းတဲ့ လှေကားကို ကိုင်ထားရင်း ဟိုနားဒီနား ကူးခဲ့ပါတယ်။ တစ်ခါတစ်ခါ ပါးစပ်ထဲ ပင်လယ်ရေ၀င်လို့ကတော့ မွန်းနေတာပါဘဲ။ရေထဲမှာ တော်တော်လေးကြာနေပြီးတော့ သဘောင်္ပေါ်ပြန်တက် နောက်တစ်နေရာကို ခရီးဆက်ခဲ့ပါတယ်။ နောက်တစ်နေရာရောက်တော့ ကနူးလှေ စီးရပါတယ်။ တစ်စီးကို နှစ်ယောက် ပါ။ ဟန်နီးမွန်းဂူ လို့ခေါ်တဲ့ သူတို့ပြောတဲ့အခန်းလေး တွေပါတဲ့ ဂူထဲကို စီးရပါတယ်။ ဂူထဲကို လှေလေးနဲ့ လှည့်ပတ်စီးကြပါတယ်။ လှေ လှော်ပေးတဲ့ ကောင်လေးကသဘောအရမ်းကောင်းပါတယ်။

ပြီးတော့ Bird Cave လို့ခေါ်တဲ့ ငှက်တွေပေါတဲ့ ဂူကို သွားဖို့ သဘောင်္စီးရပြန်တယ်။ Bird Cave သွားတော့ တစ်လှေကို ဓါတ်မီးတစ်လက် ပေးပါတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီဂူကဘာမှ မမြင်ရအောင်မှောင်မည်း နေလို့ပါ။ ဓါတ်မီးနဲ့ ထိုးကြည့်ရင် ဂူနံရံတွေမှာ နေရာလွတ်မရှိအောင်ပြည့်နှက်နေတဲ့ လင်းနို့တွေကိုတွေ့ရပါတယ်။ လင်းနို့ချေးစော်တွေ ကလည်း နံလိုက်တာ ။အသက်အောင့်ထားရပါတယ။်

























အဲဒီဂူကနေပြန် လာပြီးတော့ နောက်တစ်နေရာကို သွားခဲ့ကြပြန်ပါတယ်။နောက်တစ်ဂူက ကျတော့ သူက ရေနဲ့ ကျောက် ဆောင်နဲ့ ထိတော့မယ်။ လူတွေတောင်လှေပေါ်မှာ ထိုင်လို့မရဘူး ပက်လက်ကလေး အိပ်မှ ၀င်လို့ရတယ်၊ အဲလိုမှ မနေရင် ကျောက်ဆောင်နဲ့ ခေါင်းနဲ့ ထိမိတော့မယ်။ နောက် သဘောင်္ပေါ်ပြန်တက်ပြီး ပြန်လာခဲ့ကြတယ်။ အပြန်ခရီးမှာ မပျင်းရအောင်ဆိုပြီး အခြောက်အက ကပြခဲ့ တယ်။ ပျော်ဖို့ကောင်းပါတယ်။



















ဟော်တယ်ကို ညနေ 6 နာရီလောက်ပြန်ရောက်ခဲ့ကြတယ်။ နောက် နားပြုပြီး ည ၉ နာရီ မှာ lady boy show ကြည့်ဖို့ကား လာခေါ်တာနဲ့ အဲဒီကို ထွက်ခဲ့ကြတယ်။ အပြင်မှာ ဓါတ်ပုံအရိုက်ခံနေတဲ့ lady boy ချောချောလေးတွေကို တွေ့ခဲ့ရပါတယ်။ ချောတာကတော့မိန်းကလေးတွေတောင် အရှုံးပေးရလောက်ပါပေတယ်.။ အသားအရေ လေးကလည်း ကိုင်ရက်စရာမရှိအောင် ချောမွတ်နေတာပါဘဲ။ ရင်ညွန့်ကလေး တွေများ ယောကျာ်းလေးတွေကြည့်ရင် အသည်းထိစရာ။ ကိုယ့်လက်တွဲဖော်တောင်သူတို့ နားဘဲကပ်နေလို့ မနည်း ဆွဲထားရတယ်။ သူတို့သလုံးသားလေးတွေများ ကိုယ်တို့မိန်းမတွေထက်တောင်လှသေးတယ်။ သူတို့က၀င်ငွေတော့ အဖြောင့်သားလား။ပွဲမစမီ ဓါတ်ပုံအရိုက်ခံတယ်။ အဲလိုဓါတ်ပုံ ရိုက်ရင် ပိုက်ဆံ ဘက် 100 ပေးရတယ်။ တစ်ယောက်ကိုနော်။ သူတို့က ကိုယ်ရကိုယ်ယူဘဲ။ အုပ်စုလိုက် အရိုက်ခံလို့ တစ်ယောက်တည်းကို ပိုက်ဆံပေးလိုက်ရင် ကျန်တဲ့သူတွေက တောင်းတယ်။ ကိုယ်ပေးလိုက်တဲ့ သူကဘဲကျန်တဲ့သူကို ခွဲမပေးဘူး။


ဓါတ်ပုံတွေရိုက်ပြုပြီး ပွဲချိန်နီးတော့ ရုံထဲဝင်လာကြတယ်။ ထုံးစံအတိုင်း ကင်မရာမရိုက်ရ ဘာမရိုက်ရ ပေါ့။ တော်တော်ကောင်းတယ်။ ပွဲက ။ ဆက်တင်အခမ်းအနားအပြင်အဆင်ကလည်း အရမ်းကောင်းတယ်။ ရန်ကုန် မှာ မိုးကြိုငှက်ငယ်လေးများကလည်း ထိုင်းက ပွဲတွေလိုလိုက် လုပ်တာပါဘဲ။ ဒါပေမယ့် ဆက်တင်အခမ်းအနား၊ ၀တ်စားဆင်ယင်မှု၊ မိတ်ကပ် ပြင်မှု စတဲ့ဟာတွေ က ထိုင်းနဲ့ယှဉ်ရင် ဘာမှမဆိုင်ပါဘူး။ တစ်ခုတော့ရှိတာပေါ့လေ။ ထိုင်းနိုင်ငံကတော့ ဒါက အဓိက ဆိုတော့ သူတို့က တကယ်လုပ်ကြတာပေါ့။ အိန္ဒိယ အက၊ ကိုးရီးယားအက ၊ တရုတ်အက၊ Nobody Group Song၊ ဟာသ မယ် အက ၊ အီဂျစ်ဘုရင်မတွေ ရဲ့ သရုပ်ဖော်အက၊ ပန်းဝတ်မှုန်အက တွေနဲ့ ပွဲကို ည ၉း၀၀ ကနေ ၁၁း၃၀ လောက်အထိ မရိုးနိုင်အောင် တင်ဆက်သွားပါတယ်။ကြည့်ရတာအရမ်းတန်ပါတယ်။ အဲနောက်တော့ သူတို့အစီအစဉ်နဲ့ မြို့ထဲပြန်လာခဲ့ကြတယ်။ သူတို့ က Bengalar လမ်းမှာ ချပေးပါတယ်။ ကိုယ်တို့လည်း မနေ့က Package Tour ၀ယ်တဲ့ဆိုင်မှာ ဘဲ PHI PHI ISLAND ကို speed boat နဲ့ သွားမယ့်ခရီးစဉ်ကို တစ်ယောက်ဘက် 1000 နဲ့ဝယ်ပြီး hotel ကို Taxi နဲ့ပြန်ခဲ့ကြပါတယ်။

အပိုင်း(၃)ကိုနောက်မှဆက်ရေးမယ်နော်။
Read More ->>

PHUKET ခရီးစဉ်

ဝdiv>ဒီခရီးသွားဖို့အတွက် မပြီးပြတ်သေးတဲ့အလုပ်တွေ ပြီးပြတ်အောင်လုပ်နေရတာရယ် ဒီခရီးအတွက် ပြင်ဆင်နေတာတွေရယ်ကြောင့် ဘယ်ဘလော့ခ်မှ တူးတူးထွေထွေ မရောက်ဖြစ်ခဲ့ပါဘူး။ အားလုံးကိုတောင်းပန်ပါတယ်နော်။ တောင်းပန်တဲ့အနေနဲ့ ခရီးစဉ်လေးအကြောင်း ပြောပြမယ်နော်။ဟီးဟီး။

ပထမဆုံး ကိုယ်နဲ့ ကိုယ့်လက်တွဲဖော် နှစ်ယောက်တည်း သွားဖို့ စီစဉ်ခဲ့တာပါ။ တစ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ပေါ့။ ဒါပေမယ့်လည်း သူငယ်ချင်းတွေ ကိုမင်တာကြောင့် သူတို့ကိုပါ လိုက်ခဲ့ဖို့ခေါ်ဖြစ်တယ်။ ဒါနဲ့ ဘဲသူတို့တွေလည်း လိုက်ဖြစ်ခဲ့တယ်ဆိုပါတော့။

Air Asia ကနေပြီးတော့ booking ကို ပထမ ယူပါတယ်။ သူက Flight+ Hotel ကို အပြီးအစီး တစ်ယောက်ကို S$ 250 တဲ့။ ဘိုကင်ယူပြီးတော့ ကိုယ်တို့တွေ ဒီခရီးစဉ်အတွက်ပြင်ဆင်ခဲ့ ပါတယ်။ အ၀တ်အစားတွေ တချို့ လိုအပ်မယ့်အသုံးအဆောင်ပစ္စည်းလေးတွေ ၀ယ်ပြီး ခရီးအတွက်ကြိုတင်စိတ်ကူးယဉ်ပျော်ရွှင်ခဲ့ကြပါတယ်။ ဒီလိုမျိုး နေ့ရက်ရှည် ခရီးတစ်ခု ကို မိဘတွေ မပါဘဲ ကိုယ့်အမ ကြီးမပါဘဲ သူငယ်ချင်းတွေဘဲ စုသွားတာ ကိုယ်အတွက်ဒါပထမဆုံး အကြိမ်ပါ။ ကိုယ့်ဘာသာကိုယ် လူကြီးလုပ်ပြီးသွားရတဲ့ ခရီးမို့ အရမ်းလည်း ရင်ခုန်ခဲ့ပါတယ်။ ကိုယ်နဲ့ လက်တွဲဖော်တိုင်ပင်ပြီး ဘာတွေထည့်ရမလည်း ဘာတွေ ၀ယ်ရမလည်း ဆိုတာတွေကို စာရင်းလုပ်ခဲ့ပါတယ်။ မသွားခင် နှစ်ည လောက်က ကိုယ့်သူငယ်ချင်းတွေ နဲ့ကိုယ့်အိမ်မှာစုပြီး ဟိုရောက်ရင်ဘယ်သွားသင့်တယ်။ ဘာလုပ်သင့်တယ်ဆိုတာတွေကို စာရင်းတို့ထားခဲ့ပါတယ်။ ကိုယ်တို့ခရီးသွားမယ့်နေ့ ကသောကြာနေ့ပါ။ တကယ်တော့သောကြာနေ့ဆိုတာ ကိုယ်တို့သူငယ်ချင်းတစ်စု စီးတီးဟောလ်မှာ အမြဲ ဆုံတဲ့နေ့ပါ။ ခု သောကြာနေ့ သွားရမယ်ဆိုတော့ ကြာသပတေးနေ့ ကို ပြောင်းချိန်းပြီး စီးတီးဟောလ်မှာ ဆုံ၊ လက်ဖက်ရည်လေးဘာလေးသောက်၊ ကွမ်းလေးဘာလေးစား နဲ့ စကားစမြည် ပြောဖြစ်ပါတယ်။ ပြီးတော့ ယိုးဒယားပိုက်ဆံ ကိုအောက်က money changer မှာသွားလဲခဲ့ပါတယ်။ စင်ကာပူ ၅၀၀ ကို ယိုးဒယား ဘက် ၁၁၇၀၀ ကြီးများတောင်ရပါတယ်။ ပြီးတော့ ရထားစီးပြီးအိမ်ပြန်လာခဲ့ကြပါတယ်။ ညဘက် အိမ်ကိုပြန်ရောက်တော့ ၁၀း၀၀ လောက်ရှိနေပြီ။ အ၀တ်အစားတွေထည့် ဆေးတွေထည့် သွားတိုက်ဆေး သွားတိုက်တံတွေ ထည့် နဲ့ ကိုယ်နဲ့ ကိုယ့်လက်တွဲဖော် အဲဒီညက ၁း၀၀ လောက်မှ အိပ်ရာဝင်ဖြစ်ပါတယ်။

လေယာဉ်က သောကြာနေ့ နေ့လည် ၁း၀၀ မှာ ထွက်မှာပါ။ အဲဒီတော့ ကိုယ်တို့သူငယ်ချင်းတွေ လေယာဉ်ကွင်းကို ၁၁း၀၀ အရောက်ချိန်းကြပါတယ်။လေယာဉ် check-in လုပ်ပြီးတော့ အရက်တစ်ပုလင်းရယ်၊ စီးကရက်တစ်ထောင့်ရယ်ကို Duty Free မှာ ၀င်ဝယ်ပြီး ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး လေယာဉ်ပေါ်တက်ပြီး ဖူးခက်မြို့ကို ထွက်လာခဲ့ကြပါတယ်။ သူငယ်ချင်းတွေအားလုံး အပြုံးကိုယ်စီနဲ့ပေါ့။ စက်ရုပ်မြို့လေးထဲက မွန်းကျပ်မှုတွေကိုခဏတာ မေ့ပျောက်နေခဲ့ကြတယ်။ ဘာဆိုဘာအလုပ်ကိစ္စမှ ခေါင်းထဲမှာ မရှိတော့တာ။













ဒါက သူငယ်ချင်းတစ်ယောက်လေယာဉ်ပေါ်ကနေ လှမ်းရိုက်ထားတဲ့ ပုံပါ။.


ဖူးခက်လေဆိပ်ရောက်တော့ Immigration ၀င်ပြီး Taxi ငှားဖို့ကြိုးပမ်းရပါတော့တယ်။ တက်စီက Mini Cab လေးပါ။ ကောင်းပါတယ်။ hotel ထိကို ၁၀၀၀ ဘက်တဲ့။ အဲဒါနဲ့ ဘဲ ငှားပြီး ခရီးနှင်လာတော့တယ်။ လေဆိပ်က နေ တစ်နာရီကျော်ကျောက်လောက်မောင်း ပြီးတဲ့နောက်မှာ တော့hotel ကိုရောက်လာပါတော့တယ်။ hotel က တောင်ကုန်းလေးပေါ်မှာရှိတာကြောင့် ကားသမားက အဲဒါကို သူမတက်ရဲဘူးတဲ့။ အဲဒါနဲ့ စကားနည်းနည်းများ၇သေးတယ်။ သူတို့ကလည်း အင်္ဂလိပ်လိုမတက် ကိုယ်တွေကလည်း ယိုးဒယားလိုမတက်နဲ့ တော်တော်လေးကြာကြာပြောရပါတယ်။ နောက်စင်ကာပူ ကသူငယ်ချင်းတစ်ယောက် ကဖူးခက်မှာ ရှိတဲ့ သူ့အစ်ကို ဖုံးနံပါတ်ကို ကိုယ်တို့ကို အကူအညီလိုရင်တောင်းဖို့ပေးလိုက်တာနဲ့ ကိုယ်တို့တွေ သူ့ဆီကို ဖုံးဆက်ပြီး ကားသမားနဲ့ပြောခိုင်းမှ အဆင်ပြေသွားတယ်။ နောက်တော့ အဲဒီ တောင်ကုန်းက တော်တော်လေး အတက်ကြမ်းတာကြောင့်ကိုယ်တို့ တွေခြေကျင်တက်ခဲ့ကြတယ်။ သိပ်မဝေးပါဘူး ။ reception ရောက်တော့ passport နဲ့ လက်မှတ်ပြပြီး ကိုယ်တို့ကို အခန်းလိုက်ပြတယ်။ အမလေး တက်လိုက်ရတာမောနေတာဘဲ။ ကွေ့ကာဝိုက်ကာနဲ့။ ဒါပေမယ့် အပေါ်လည်းရောက်ကော အမောလည်းပြေသွားပါတယ်။ ဘာလို့လည်း ဆိုတော့ phuket တစ်မြို့လုံးရဲ့ ရှူခင်းကို အဲဒီကလှမ်းမြင်ရတာ တော်တော်လေးစိတ်ချမ်းသာ ဖို့ကောင်းပါတယ်။ အဲဒါနဲ့နားပြုပြီး ညနေ ၅ နာရီလောက်ကျတော့ အပြင်ပြန်ထွက်ဖြစ်ခဲ့ကြပါတယ်။













ဒါက တော့ ဟိုတယ် ပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းပါ။

Pathong Beach ကို ဟိုတယ် ကကားနဲ့ လာခဲ့ကြတယ်။ အဲဒီ မှာ အဖြူမ တွေအဖြူကောင် တွေ များလိုက်တာ.။ ဆိုင်ကယ်တွေနဲ့။ ဘာလို့ အဲလောက်များမှန်းနောက်မှ သိခဲ့ရတယ်။ ဆိုင်ကယ် ငှားခ က ဈေးသက်သာတာကိုး။ တစ်ရက်လုံးမှ ဆိုင်ကယ်တစ်စီးကို ဘက် ၁၅၀ လောက်ဘဲပေးရတော့ ဆိုင်ကယ်ငှားပြီး သူတို့က လျှောက်သွားကြတာကိုး။ ကိုယ်တို့ အုပ်စုက ၆ ယောက်သွားပေမယ့် နှစ်ယောက်ဘဲ ဆိုင်ကယ်စီးတတ်တဲ့သူပါတာမို့ ငှားမစီးဖြစ်ခဲ့ပါဘူး။ သုံးယောက်တစ်စီး သူများနိုင်ငံမှာ စီးရမယ်ဆိုတော့ မငှားဖို့ဘဲ ဆုံးဖြတ်ချက်ချ ခဲ့ကြတယ်။

Patong Beach ကလူတော့စည်တယ်။ ကမ်းခြေအနေနဲ့ ဆိုရင် လှတယ်လို့မဆိုသာပါဘူး။ ဒါပေမဲ့ Pathong Night Life က အရမ်းမိုက်တယ်။ အဲလိုနဲ့ ဟိုမေးဒီစမ်းနဲ့ ဗိုက်ကလည်း ဆာပြီမို့ စားသောက်ဆိုင်တစ်ဆိုင်မှာ ၀င်စားဖြစ်တယ်။ အဲဒီ ဆိုင်မှာ မြန်မာအစ်မကြီးတစ်ယောက် အလုပ်လုပ်နေတယ်။ ပျော်သွားတာပေါ့။ မြန်မာတွေ့ပြီဆိုပြီး။ နောက်တော့မှ အဲဒီ တစ်လျှောက်လုံးမှာ မြန်မာတွေမှ အများကြီးဘဲ။အလုပ်လုပ်နေကြတာ။ အဲဒီမြန်မာ အစ်မကြီးကိုမေးတော့ Show တွေက Bengalar Road မှာ ရှိတယ် ဆိုပြီး Bengalar Road ကို ထွက်လာကြတယ်။





















ဒီလို လာရင်းနဲ့ မနက်ဖြန် အတွက် Tour Package တွေဝယ်ဖို့ ဟိုဟိုဒီဒီ စူးစမ်းကြည့်ခဲ့ကြတယ်။ Thai နိုင်ငံရဲ့ အဓိက စီးပွားရေး Tour လုပ်ငန်း ဖြစ်တဲ့အလျောက် နေရာတကာမှာ Tour packageေ၇ာင်းတဲ့ ဆိုင်လေးတွေ တွေ့နိုင်တယ်။ အဲဒီအထဲကမှ ဈေးအသက်သာဆုံးလို့ထင်ရတဲ့ ဆိုင်လေးတစ်ဆိုင်ကို ၀င်ပြီး ဈေးနှုန်းတွေမေးပြီး James Bond Island Tour Package ကို တစ်ယောက်ကို ဘက် တစ်ထောင်နဲ့ ၀ယ်ခဲ့ကြတယ်။ နောက် ညဘက်ကြည့်ဖို့ နာမည်အကြီးဆုံးဖြစ်တဲ့ Simon Cabaret Lady Boy Show ကို တစ်ယောက် ဘက် ၅၄၅ နဲ့ ၀ယ်ဖြစ်ခဲ့ကြတယ်။ အဲဒီနောက် Bengalar Road ကိုလျှောက်ခဲ့ကြတယ်။ အရမ်းစည်ကားပါတယ်။ လမ်းတစ်လျှောက်မှ Bar တွေနဲ့ ပြည့်နှက်နေတယ်။ နောက် Lady Boy လို့ခေါ်တဲ့ Gay ချောချော လှလှလေးတွေလည်း တွေ့ခဲ့ရတယ်။ လမ်းလျှောက်ရင်း စကားပြောရင်း ငေးရင်း နဲ့ ည ၁၁း၀၀ လောက်ကျတော့ ဘီယာ ၀ယ်ပြီး ဟိုတယ်ပြန်ခဲ့ကြတယ်။

နောက်နေ့အကြောင်းကို နောက်မှ ဆက်ရေးမယ်နော်။
Read More ->>

အလှူခံခြင်း


နိုဝင်ဘာလအတွက်ပထမဆုံးပို့စ်လေးကို လူမှုရေးပို့စ်လေးနဲ့စလိုက်ရအောင်နော်။

လူရယ်လို့ဖြစ်လာရင် လူ့ပတ်ဝန်းကျင်ဆိုတာနဲ့ ကင်းလို့မရပါဘူး။ မြန်မာပြည်မှာနေ တဲ့သူ များအဖို့ သိပ်မသိသာပေမဲ့ သူများနိုင်ငံရောက်နေတဲ့ လူတိုင်း လိုလို ကိုယ့်လူမျိုး အသိုင်းအ၀ိုင်းကို ခုံမင်နှစ်သက်ကြမှာပါဘဲ။ အဲဒီတော့ ကိုယ့်လူမျိုးတွေ စုတတ်တဲ့နေရာတွေ ဆိုရင် သွားကြလာကြတာ ဓမ္မတာပါဘဲ။ မဆန်းပါဘူး။ အဲလိုနဲ့ ဘဲ community လေးတွေရှိလာတယ် ဆိုပါတော့။ လူမှုရေး အဖွဲ့အစည်းလေးတွေပေါ့။ ကိုယ်ကတော့ အဖွဲ့ ထဲမှာ မပါဝင်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ မမကြီးကတော့ အဲဒီလူမှုရေးအဖွဲ့အစည်းမှာ အဓိက နေရာကနေ ပါဝင်ဆောင်ရွက်နေပါတယ်။ သူတို့ က စက်မှုတက္ကသိုလ် ကျောင်းသား ဟောင်းများ အဖွဲ့ အစည်းပါ။ သူတို့ အဖွဲ့က သူတို့ကျောင်း အာစရိယ ပူဇော်ပွဲတွေ နောက် ကျောင်းသားဟောင်းများ သင်္ကြန်ကပွဲတွေ .အမြဲလုပ်နေကျပါ။ တခြားသော လူမှုရေး ကိစ္စတွေမှာလည်း သူတို့ အဖွဲ့ ပါဝင်လှုပ်ရှားလေ့ရှိပါတယ်။ ဥပမာ အားဖြင့် နာဂစ်မုန်တိုင်းဖြစ်တုန်းကလည်း အလှူခံလို့ ရတဲ့ ပိုက်ဆံတွေကို ကိုယ်တိုင်မြန်မာပြည်သွား ရောက် အကျိုးဆောင်းပေးတာတို့၊ နောက်ဒီမှာ Software Engineer ကို Master Degree တက်ရင်း ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ မစန္ဒာဖြိုးဝေ ကိစ္စမှာလည်း သူတို့ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

ကဲ..ခုတစ်ခုကတော့ လတ်တလောဖြစ်သွားတဲ့ ကိစ္စအတွက် အလှူခံမှာပါ။ ကိုယ့်မမကြီး ကဒီလောက် လူမှုရေးတွေလုပ်နေတာဆိုတော့ သူ့ညီမတစ်ယောက်အနေနဲ့ ပါဝင်ကူညီ အလှူခံပေးခြင်းဖြစ်ပါတယ်။ Straits Time သတင်းမှာလည်းပါပါတယ် ။ ကားတိုက်မှုဖြစ်ပွားခဲ့တဲ့ ကိစ္စလေးပါ။ အသေးစိတ်ကို အောက်မှာ မူရင်းအတိုင်းတင်ပေးလိုက်ပါတယ် ။ နည်းသည်များသည်မဟုတ်ပါဘူး.။ 1 $ လှူ လှူ 5$ လှူ လှူ 10$ လှူ လှူ 50$ လှူ လှူ အလှူက အလှူပါဘဲ။ ကိုယ့်အတွက်ဘာမှ မဖြစ်လောက်တဲ့ ပိုက်ဆံလေးဟာ လူ့တစ်ဘက်သားဘ၀ အတွက်သေရေးရှင်ရေးတမျှ အရေးကြီးလို့လှူလိုက်ရတဲ့ ပီတိဟာ အနှိုင်းအဆမရှိ ပါဘူး.။အသေးစိတ်ကို အောက်မှာ ဖတ်နိုင်ပါတယ်ရှင့်။



Dear all,

The two Myanmar Students (Maung Zaw Myo Lwin and Ma Phyo Thida Tun) had a hit and

run accident by lorry on the middle of October. Maung Zaw Myo Lwin is studying at

ITE and Ma Phyo Thida Tun is an ACCA student from N2P2 Professional Training Centre.

Due to the accident, Maung Zaw Myo Lwin has minor injury despite his leg has been

broken. He has been discharged from hospital a few days later.

However, Ma Phyo Thida Tun is having serious and numerous injuries on lower part of

her body where she can not move totally. The doctors at Tan Tock Seng Hospital are

trying their best to avoid her to be amputed. She has been admitted at Ward 12D, Bed

109 since then. Her brother (also a student) from Malaysia has come to Singapore to

look after her since the accident has taken place.

Yesterday, Ko Zaw Zaw Cho (Ex-RIT member + Myanmar Club member), Ko Thant Zin Myo

(Ex-RIT) and Moh Moh Minn (Ex-RIT) went to hospital and met with Ma Phyo Thidar Tun,

her brother, and Maung Zaw Myo Lwin.

Here are the scopes we are trying to help them:

1. Regarding the insurance claim from Car owner’s company and other law

related matters, Ko Zaw Tun (Myanmar Club, VP) and Ko Zaw Zaw Cho are in the process

of negotiating. For your information, Maung Zaw Myo Lwin’s hospital bill is about S$

20,000 and that of Ma Phyo Thida Tun is about S$ 70,000 as on today. We heard that

the hospital doesn’t want to continue her treatment if the bill is not paid. She

seems to be in hospital for another one month, at least.


2. Regarding her brother’s visa extension in Singapore, Ko Zaw Zaw Cho will

try to request to ICA.


3. Since they are just students and their family has difficulty to support

them for long term medication bill, we would like to request help from all Myanmar

communities in Singapore to support them as much as we can.

AC No. : 038-84088-6 POSB Saving

Please notify me if you have credited to the above account.

Thanks and Best wishes,

Shwe Zin Ma (Ex-RIT, Ec 2000) -- Phone (93245885) (ဒါ ကကိုယ့်ရဲ့မမကြီးပါရှင့်)

Zaw Zaw Cho (Myanmar Club + Ex-RIT, Mech 1998) - Phone (92702925)

U Zaw Tun (Myanmar Club + Ex-RIT, Ec 1981) ---- Phone (90105910)

Thant Zin Myo (Ex-RIT, Civil 2003) - Phone (92381646)


Read More ->>

မျက်နှာဖုံးကို သေလောက်အောင်မုန်းတဲ့ မျက်နှာဖုံးနဲ့ ငါ

ဟိုး…လွန်ခဲ့တဲ့ငါးနှစ်လောက်ကငါ…

ရိုးသားဖြူစင် တဲ့ နှလုံးသားနဲ့ ငါ …

ဘ၀အတွက်ရင်ဆိုင်ဖို့ အားမာန်တွေအပြည့်နဲ့ ငါ…

လတ်ဆတ်တဲ့ ရင်ခုန်သံအသစ်စက်စက်တွေနဲ့ ငါ…

အထွေးဆုံးဖြစ်တဲ့ ငါ..

မိဘတွေရဲ့ ယုယကြင်နာမှု
အစ်ကိုတွေ အစ်မတွေရဲ့ အလိုလိုက်မှုတွေနဲ့
ပြည့်နှက်နေခဲ့တဲ့ ငါ …

လောကကြီးအကြောင်ကို ဘာမှမသိနားမလည်
ဟန်ဆောင်မှုတွေကင်းမဲ့တဲ့ ငါ…

မိဘမေတ္တာတစ်ခု ကလွဲလို့ ဘာဆိုဘာမှ
မခုံမင် မမက်မောခဲ့တဲ့ ငါ …

အရာရာကို မှန်ကန်စွာဆုံးဖြတ်ပေးနိုင်တဲ့
အစ်မတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ငါ…

သာယာမှုအတိပြီးတဲ့ လောကကြီးကို ပိုင်ဆိုင်ထားတဲ့ ငါ…

ဒီလိုနဲ့
မှုန်ဝါးဝါး ရေးတေးတေး ရည်ရွယ်ချက်တွေနဲ့
စင်ကာပူ ဆိုတဲ့ တိုးတက်နေတဲ့
ကျွန်းနိုင်ငံသေးသေးလေးထဲမှာ တစ်နေရာစာရဖို့
၂၀၀၇ ဖေဖေါ်ဝါရီလထဲက ကြိုးစားခဲ့တဲ့ ငါ…။

ခုဆိုရင် သုံးနှစ်စွန်းလို့ လေးနှစ်ပြည့်ခဲ့ ပြီပေါ့။

ဒီ လေးနှစ်အတွင်းမှာငါ…

အရင်က…
ဟန်ဆောင်မှုကင်းမဲ့ခဲ့တဲ့ ငါ
ဟန်ဆောင်တာကို သေလောက်အောင်မုန်းတဲ့ငါက
ဘ၀ကပေးတဲ့ အတွေ့အကြုံတွေကြောင့်
မျက်နှာဖုံးတွေ အမျိုးမျိုးပြောင်းတပ်လာခဲ့တဲ့ငါ…

ငါ့လိုဘဲ မျက်နှာဖုံးအောက် ကမျက်နှာတွေကို ငါ မြင်နေရတယ်။
ဒီ ဟန်ဆောင်မျက်နှာဖုံးတွေအောက် ကအကြိမ်ကြိမ် ရုန်းထွက်ဖို့လည်း
ကြိုးစားခဲ့ဖူးတဲ့ငါ…

လတ်ဆတ်ခဲ့တဲ့ ရင်ခုန်သံတွေ ပျက်သုန်းပြီး
ညစ်ပတ်စုတ်ပြတ် သတ်နေတဲ့ ရင်ခုန်သံတွေနဲ့ ငါ…

ဖြူစင်နေတဲ့ စိတ်ဓါတ်တွေလည်း
မျက်နှာဖုံးတွေကြောင့် မဲညစ်နေတဲ့ စိတ်ဓါတ်တွေသာရှိတော့တဲ့ငါ…

ဘာဆိုဘာမှ မသိ နားမလည်ပေမဲ့ ခုတော့
အရာရာကို ကြိုသိနေတတ်တဲ့ ငါ….

မျက်နှာဖုံးတွေအောက် ကလွတ်မြောက်ချင်တဲ့ငါ…
မျက်နှာဖုံးတွေကို သေလောက်အောင်မုန်းတဲ့ငါ….

ငါ….ငါ….ငါ…။
Read More ->>

ဗုဒ္ဓ ဘာသာ ကို Apple ကုမ္ပဏီမှ ဒီဇိုင်နာ က စော်ကားလိုက်ခြင်း


We have assembled a heavenly design team. By keeping the core team small and investing significantly in tools and process we can work with a level of collaboration that seems particularly rare. Our physical environment reflects and enables that collaborative approach. The large open studio and massive sound system support a number of communal design areas. We have little exclusively personal space. In fact, the memory of how we work will endure beyond the products of our work.
-Jonathan Ive, senior vice president of industrial design at Apple

http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote
အဲဒီ link ကို ၀င်ကြည့်ကြပါ ...Jonathan Ive (senior vice president of industrial design at Apple) ဆိုသူက ဗုဒ္ဓ ရဲ့ ပုံတော်က မျက်နှာတော်ကို သူ့မျက်နှာနဲ့ အစားထိုးရုံတင်မက ဗုဒ္ဓရဲ့ လက်တော်ထဲမှာပါ Apple logo နဲ့ ipod တို့ကို ထည့်ထားပြီး စော်ကားချင်တိုင်း စော်ကားထားပါတယ်။
အဲဒီလူရဲ့ ဓာတ်ပုံကို အောက်ပါ link မှာ တွေ့နိုင်ပါတယ်။

http://www.123people.com/s/jonathan+ive

Read More ->>

သို့ ...မေမေ


သမီး မေ့မေ့ကို အရမ်းသတိရနေလို့ ဒီပို့စ်လေး ရေးဖြစ်တာပါ။

မေမေ နဲ့ ဖေဖေ အိမ်ထောင်ပြုပြီး မိုးကုတ်ကိုပြောင်းလာခဲ့ပါတယ်။်အမကြီးရယ် ၊ အစ်ကို ရယ် နဲ့ သမီးရယ်ကို မေမေက မိုးကုတ်မှာမွေးပြီး အမလတ်ကိုတော့ ရန်ကုန်မှာမွေးပါတယ်။သမီးတို့သုံးယောက် ကမိုးကုတ်မှာမွေးလို့လားတော့ မသိဘူး၊ အသား ဖြူတယ်နော် မေမေ ။အမလတ်တစ်ယောက်ဘဲ အသားညိုတယ်။ ဒါပေမယ့်အမလတ်က သမီးတို့မောင်နှမ တွေထဲမှာ အချောဆုံး။ မေမေနဲ့ တူလို့လားတော့သိဘူးနော်။

သမီးတို့မောင်နှမလေးယောက်လုံး ကတစ်ယောက်တစ်မျိုးစီ ဆိုးခဲ့ကြတယ်နော်။ ဖေဖေကလည်း လူတဖက်သားကို အရမ်းအားနာတတ်ခဲ့တဲ့သူပေါ့။ ဒီလို မျိုးတွေကြားထဲမှာ မေမေ ဘယ်လိုများစီမံကွပ်ကဲခဲ့ပါသလဲ? သမီးသိချင်တယ်မေမေရယ်။ဖေဖေ ဘယ်လောက်ထိအားနာတတ်သလဲဆိုရင် မေမေပြန်ပြောတာ သမီးနားထဲမှာအမြဲကြားနေရတယ်။ အစ်မလတ်မွေးပြီးတော့ မေမေတို့မိုးကုတ်ကို ပြန်လာခဲ့ တယ်။ ဖေဖေ ကကျောက်ကြည့်တာ အရမ်းကျွမ်းကျင်ပါတယ်။ ဘယ်လောက်ထိကျွမ်းသလဲဆိုရင် ယိုးဒယားတို့ဘာတို့ ဘက်က သူငှေးတွေဆိုရင် ဖေ့ဖေ့ ကို ရာဖြတ် အနေနဲ့ ခေါ်ပြီး သူ့တို့ကျောက်တွေကို ဈေးဖြတ်ပေးရပါတယ်။ ဖေဖေရဲ့ အားနည်းတဲ့ အချက်က သူများကို အားနာတတ်လို့ သမီးတို့မချမ်းသာတာပါ။ လိမ်တဲ့သူမှန်းသိသိကြီးလည်း ကျောက်ကိုထည့်လိုက်တာဘဲ။ အဲလို အားနာတတ်တဲ့သူမျိုးလေ။ အရင်တုန်းကတော့ မေမေ ကစီးပွားရေးထဲမှာ ၀င်မလုပ်ပါဘူး။ ဒါပေမယ့် သမီးကိုမွေးပြီးတဲ့ အချိန်ကစလို့ အားနာတတ်တဲ့ ဖေဖေရဲ့ အကျင့်ကြောင့် မေမေ စီးပွားရေးထဲ မ၀င်လို့ မရတဲ့ အခြေအနေ ကိုရောက်ရှိခဲ့ပါတယ်။ မေမေ စီးပွားရေးထဲ ၀င်လာပြီဆိုမှဘဲ ဖေဖေ့ကိုလည်း ဘယ်သူမှ မလိမ်ရဲတော့ပါဘူး။မေမေ့ ပါးစပ်ကို ကြောက်လို့ထင်ပါရဲ့။

မိုးကုတ်မှာနေတုန်းကဆိုရင် သမီးကမူကြိုဘဲရှိသေးတာ။ သမီးကငယ်ငယ်လေးထဲက လက်ဖက်ရည်ဆိုရင် အရမ်းကြိုက်တာ။ မေမေ ကသမီးကိုအမြဲကျောင်းလိုက်ပို့တယ်။ မေမေမှတ်မိတယ်မလားဟင်။ ကျောင်းသွားရင် လက်ဖက်ရည် ဓါတ်ဘူးတစ်လုံး အပြည့်ဖျော်ပေးလိုက်တာ။ ပြီးတော့ကျောင်း သွားတဲ့လမ်းမှာ ပေါက်စီဆိုင်ရှိတယ်။ ပေါက်စီကတစ်လုံးမနက်တိုင်း စားနေကျ။ စားပြီးရင် မေမေက သမီးကို မူကြိုပို့ပေးပြီး ထပွဲထဲသွားပြီ။ထပွဲ ဆိုတာက ကျောက်ဈေးလိုသဘောမျိုးပါ။ မေမေကဖေဖေ့ လောက်ကျောက်ကြည့်တာမကျွမ်းဘူး။ ဒါပေမယ့် သားသမီးဇောတွေနဲ့ မေမေရဲ့ အားမနာတတ်တာရယ် အတိအကျလုပ်တာရယ် ဖေဖေရဲ့ ကျောက်ကျွမ်းကျင်မှူနဲ့ စီးပွားရေးနယ်ပယ်မှာ ဖေဖေနဲ့ မေမေ ရပ်တည်လာနိုင်ခဲ့တယ်။ ဖေဖေကတော့သူ့မိန်းမအောင်မြင်တာတွေကြည့် ပြီး ဂုဏ်ယူနေလေရဲ့။ ဒီလိုနဲ့ ဖေဖေက မေမေ့ကိုကျောက်ပညာတွေသင်ပေးခဲ့တယ်။ မေမေက သူယူလာတဲ့ကျောက်တွေ ကောင်းမကောင်းဖေဖေ့ကိုပြ တယ်။ပြီးတော့နှစ်ယောက်သားတိုင်ပင်ပြီး အရောင်းအ၀ယ်လုပ်တာခုချိန်ထိဘဲ ဆိုပါတော့။

သမီး ခေါင်းထဲမှာ မှတ်မိသေးတယ် မေမေ။သမီးတို့ ခြံထဲမှာ မာလကာပင်တစ်ပင်ရှိတယ်။ အဲဒီမာလကာပင်က မာလကာသီးတွေကို သမီးတို့က အမြဲခူးစားနေကျလေ။ တစ်ရက် ဖေဖေနဲ့ မေမေ အပြင်သွားနေတုန်း မောင်နှမလေးယောက် မာလကာသီးတွေခူးစားပါရော။ အသီးကမမှည့်သေးတော့ မာကျစ်ကျစ်နဲ့။ စားပြီးည ဘက်လည်းရောက်ရော ကျန်တဲ့ မောင်နှမတွေက ဘာမှမဖြစ်ဘဲ သမီးက (ကန်တော့နော်) အီးအီးတွေတစ်ပါလေရော။ မေမေကလေ ပြန်ရောက်တော့ ကျန်တဲ့ မောင်နှမတွေကို ဆူပြီး သမီးရဲ့မစင်ကို လက်နဲ့ ထုတ်ပေးပါတယ်။ မရွံမရှာနော်။ အော်။သူလည်း မိခင်မေတ္တာတွေ နဲ့ဆိုတော့ ဘယ်ရွံမလည်းနော်။ သမီးလေ အဲဒီအကြောင်းပြန်စဉ်းစားတိုင်း မေမေ့ကို အရမ်းအားနာတာပဲမေမေရယ်။

အစ်ကိုတုန်းက ကျတော့ ဒီလို။ တစ်ရက် အစ်ကို အပြင်းဖျားတယ်လေ။ဘယ်လောက်ထိဖျားလည်း ဆိုရင် ဆေးရုံတောင်တက်ရတယ်။ မေမေက အဲဒီတုန်းက ဆေးရုံမှာ တစ်ညလုံးစောင့်အိပ်ခဲ့တယ်နော်။မပင်ပန်းဘူးလားမေမေရယ် လို့မေးတော့ ဟဲ့သားဇောနဲ့ဆိုတော့ အိပ်ပါဆိုရင်တောင် မအိပ်ချင်ဘူးလို့မေမေပြန်ဖြေခဲ့တယ်နော်။ သုံးညလေးညလောက်မေမေ မအိပ်ရဘူးတဲ့။ သားဇောတွေနဲ့ လေ။ ဒီကြားထဲ အစ်ကို ကုတင်ဘေးက ကောင်လေးက ဆုံးသွားသေးတယ်။ မေမေပိုပြီး စိတ်ပူတာပေါ့။ သူ့သားအတွက်။

အမကြီးကျတော့ မေမေချစ်ပုံကတစ်မျိုး ။ မကြီး ကငယ်ငယ်လေးထဲက မေမေ့လက်ထွက်မို့လို့လားမသိဘူးနော် တစ်ခုခုလုပ်ပြီဆိုရင် သူကအရမ်းထူးချွန်တယ်။ သမီးတို့နဲ့များတော့ ကွာပါ့။ မေမေက မကြီးငယ်ငယ်တုန်းကဆိုရင် အတန်းထဲမှာ ပထမ မရရင်ထမင်းမကျွေးဘူး ။အဲလိုမျိုး။ မကြီးက အဲဒါကိုကြောက်ပြီး အတင်းကြိုးစားတာ။ သမီးတို့အလှည့်ကျတော့ မေမေကစာမပြပေးနိုင်တော့ဘူး။ စီးပွားရေးလုပ်နေရလို့။

မေမေ့ကို လူတွေက အတ္တကြီးတယ် တဲ့။ အပေါက်ဆိုးတယ်တဲ့။ မေမေကတော့ အဲဒီလူတွေကို ဘာပြန်ပြောတယ် မှတ်သလဲ။ ဟုတ်တယ် ကျွန်မက အတ္တကြီးတယ်တဲ့။ ကိုယ့်သားသမီးအတွက် ကျွန်မ အတ္တကြီးတာ ဘာဖြစ်သလဲလို့ ပြန်ပြောခဲ့တယ်။ မေမေ့အပေါ်မှာ သူ့မောင်နှမတွေ ကအစ အမြင်မကြည်ဘူး။ မေမေက သူမိသားစု တစ်ခုကိုဘဲသူ့ကမ္ဘာလို့ယုံ ကြည်တဲ့သူလေ။သူများအပေါ်စိတ်ထား မကောင်းဘူလားဆိုတာတော့ မဟုတ်ဘူး။ မေမေက သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲလုပ်တတ်တဲ့သူပေါ့၊ တစ်ခါတစ်ရံမှာ မေမေက သူ့ဘ၀နဲ့ရင်းပြီး ရလာတဲ့သင်ခန်းစာတွေကြောင့် စကားပြောတာဆိုးချင်ဆိုးမယ်။ ဒါပေမယ့် သူများ အပေါ်မှာ မကောက်ကျစ်ဘူး။ မယုတ်မာဘူး။မေမေ ရေ. သမီး အမှန်အတိုင်း ၀န်ခံရရင် သမီး အထင်ကြီးရတဲ့မိန်းမ လေးစားရတဲ့ မိန်းမ တွေထဲမှာ မေမေ ကဒုတိယပါ။ ပထမက တော့ အန်တီ စုပါ။

ခုချိန်မှာ မေမေ့ကို သမီးအရမ်းသတိရနေပါတယ်။ သမီး အရမ်းစိတ်ညစ်လာတဲ့အခါ၊ အဆင်မပြေမှုတွေများလာတဲ့အခါ မှာမေမေကို သမီး အနားမှာရှိစေချင်တယ်။ မေမေ့ကိုအရမ်းလွမ်းပါတယ်။ မေမေက နိုဝင်ဘာ လလယ်လောက် သမီးနဲ့ မကြီး ရှိတဲ့ ဒီနိုင်ငံကို လာမယ်တဲ့။ သမီးအရမ်းပျော်တာဘဲ။မေမေချက်ကျွေးတဲ့ ဟင်းတွေလည်းမစားရတာ ကြာနေပြီ။ မေမေ့ ရင်ခွင်မှာလည်း မအိပ်စက်ရတာကြာပြီ။

မေမေ နေကောင်းပါစေ ဒီသားသမီးတွေရယ် ဒီဖေဖေရယ် ဒီမေမေရယ် နောင်နှစ်ပေါင်း ၁၀၀ တိုင် အေးချမ်းပျော်ရွှင်တဲ့မိသားစု လေးအတိုင်း နေထိုင်သွားနိုင်ပါစေလို့ဆန္ဒပြုရင်း။

မေမေနဲ့ ဖေဖေကို အရမ်းလွမ်းတဲ့
မျက်မှန်လေး

* ပုံကို ဒီက ယူထားပါတယ်။

* အားလုံးဘဲဆော်ရီးပါနော်။ ခုတလောကနည်းနည်း အလုပ်များနေလို့ ဘယ်သူ့ဘလော့ခ်မှလည်း မရောက်ဖြစ်၊ ဝေဖန်ချက်လည်း မပေးနိင်ဖြစ်သွားပါတယ်။ အနှူးညွှတ်တောင်းပန်ပါတယ်။။
အားလုံးကို ခင်တဲ့
မျက်မှန်လေး
Read More ->>

ချစ်သူသို့



တို့နှစ်ယောက်လမ်း
မဖြောင့်တန်းလည်း
လက်များမြဲမြံ
ခိုင်ခိုင်တွဲလျက်
ခရီးဆုံးတိုင်
လျှောက်ကြမယ်။

တိှု့နှစ်ယောက်ကြား
ဘယ်လိုတားဆီး
ဝင်ဖျတ်ဆီးလည်း
နှစ်ယောက်ရင်ဆိုင်
တူကျော်ဖြတ်မယ်။

ကိုယ့်ရဲ့နံဘေးဝယ်
မင်းရှိနေရင်
ဆူးခင်းလမ်းပင်ဖြစ်လင့်ကစား
ကိုယ်လျှောက်လှမ်းမယ်။
ခရီးလမ်းကြမ်း
မမှုစတမ်း
လက်တွေဆုပ်ကိုင်သွားကြမယ်။
Read More ->>

ကြောက်စိတ် (ခ) PHOBIA



မနေ့ က ကိုယ်နဲ့ ကိုယ်လက်တွဲဖော်နဲ့ ရန်တွေဖြစ်ကြပါတယ်။ ဒီနေ့ကျတော့ ကိုယ့်လက်တွဲဖော်က ကိုယ့်ကိုချော့တဲ့ အနေနဲ့ ရုပ်ရှင်လိုက်ပြပါတယ်။ ဒါနဲ့ ဘဲ PHOBIA 2 ဇာတ်လမ်းလေးကို ကြည့်ဖြစ်ခဲ့ပါတယ်။

ယိုးဒယား က ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ကြောက်ဖို့ ကောင်းသလို သူ ပြတဲ့ ရည်ရွယ်ချက် ကတော်တော်လေးကောင်းမွန်ပါတယ် ။ ကိုယ့်စိတ်က ကိုယ့်ကို ဘယ်လိုခြောက်လှန့်တယ် ဆိုတာကို အပိုင်းတိုလေးတွေနဲ့ ပြသ သွားပါတယ်.။ ကိုယ်မဟုတ်တာ တစ်ခုလုပ်ထားပြီ ဆို ရင် အဲဒီ လိပ်ပြာ ကကိုယ့်ကို ခြောက်လှန့်နေတာပါဘဲ။ တော်တော်လေး စိတ်ဝင်းစားဖို့ကောင်းပါတယ်။ ကြောက်တတ်တဲ့သူများ တော့ သွားမကြည့်ပါနဲ့။ စိတ်ခြောက်ခြား စရာ တော်တော်လေးကောင်းပါတယ်။

ကိုယ်က PHOBIA စကားလုံးနဲ့ ရင်းနီးနေတာ ကြာပါပြီ။ စင်ကာပူ က ပိုလီ ကျောင်းတစ်ခုရဲ့ ပြဇာတ်တစ်ခု မှာ လည်း အဲဒီ PHOBIA အကြောင်း တင်ဆက်ခဲ့ဖူးပါတယ်။ သူကကျတော့ တစ်မျိုးပါ။ သူ့ဇာတ်လမ်းလေးက ကျတော့ ဒီလို။

ကျောင်းဆရာတစ်ယောက်က သူတပည့်ကျောင်းသားတွေကို ပုံပြင်တစ်ပုဒ်ပြောပြနေပါတယ်။

တစ်ခါက ဘုန်းတော်ကြီးတစ်ပါးတည်း သီတင်းသုံးနေတဲ့ကျောင်းမှာ မောင်ငယ် (နာမည်သေချာမမှတ်မိတော့လို့ တခြားနာမည် ထည့်လိုက်ပါတယ်) ဆိုတဲ့ ဘုန်းကြီးကျောင်းသားလေး တစ်ယောက်ရှိပါတယ်။ တစ်ရက်ကျတော့ ဘုန်းကြီးအတွက် လာပို့ထားတဲ့ ဆွမ်းကို မောင်ငယ်က ခိုးစားမိပါတယ်။ ဘုန်းတော်ကြီး ကသူဆွမ်းစားချိန်ရောက် တော့ ဆွမ်းတွေ လျော့နေလို့မောင်ငယ် ကို ဒေါသတကြီးနဲ့ ရိုက်နှက်ပါတော့တယ်။ အဲဒါ ဘုန်းတော်ကြီး လွန်သလား ၊ မောင်ငယ်လွန်သလား?

အဲဒီအကြောင်းကို ကျောင်းဆရာက ကိုယ့်ထင်မြင်ချက်ကို ကျောင်းသားတွေကို စာစီစာကုံးတစ်ပုဒ်ေ၇းလာဖို့ မှာလိုက်ပါတယ်။ နောက်ရက်ကျတော့ ကျောင်းသာတွေက ကျောင်းဆရာ ကို ပြပါတယ်။ အဲဒီ မှာ မောင်သီဟ ဆိုတဲ့ ကျောင်းသားတစ်ယောက်ကလွဲလို့ ကျန်တဲ့ကျောင်းသားတွေက ဘုန်းတော်ကြီး က မောင်ငယ် မခိုးတတ်အောင်ဆုံးမ တာလို့ ရေးကြပါတယ်။ မောင်သီဟကတော့ တရား ပြည့်တဲ့ဘုန်းတော်ကြီး ဒီလောက်ဒေါသ မကြီးသင့်ကြောင်း၊ ဆွမ်းခိုးစားတာလေးနဲ့ မရိုက်သင့်ကြောင်း၊ပါးစပ်နဲ့ ဘဲပြောဆိုဆုံးမသင့်ကြောင်း ရေးထားပါတယ်။ အဲဒီထင်မြင်ချက်ကို ကျောင်းဆရာလည်း ဖတ်ရရော မောင်သီဟကို ရိုက်ပါတော့တယ်။ ကျန်တဲကျောင်းသာတွေကို ဆရာ ကိုယ့်ကို ရိုက်တော့မယ်ဆိုတဲ့ ကြောက်စိတ် အမှန်ကို မပြောရဲတာကို သရုပ်ပေါ်အောင် ပြသသွားပါတယ်။ မောင်သီဟ တစ်ယောက်သာ ကိုယ့် ထင်မြင်ချက်ကို ကိုယ်ရဲရဲဝင့်ဝင့်နဲ့ ရေးသားရဲတဲ့သူပါ။

ခုလက်ရှိ ကိုယ်တို့နိုင်ငံမှာ လည်းဒီလိုပါဘဲ။ တစ်ခုခုလုပ်မယ်ဆိုရင် မိဘတွေရောမောင်နှမတွေ ရောကို ပါတစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ ကြောက်စိတ်နဲ့ သူတို့အုပ်စိုးတိုင်းခံနေရတာပါ။ တကယ်လည်းအဲဒီလိုဖြစ်အောင်သူတို့ လုပ်နေကြတာပါ။ ဘလော့တောင် မရေးရဲလောက်အောင် ပြည်သူတွေရဲ့စိတ်ထဲမှာ အဲဒီ ကြောက်စိတ် ဆိုတာကြီးကို သူတို့ ထည့်ပေးလိုက်တာပါ။ ပြည်သူလူထု ရဲ့စိတ်မှာ အဲဒီ ကြောက်စိတ် မရှိတော့ဘူးဆိုရင် သူတို့တွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကိုယ်လည်း အဲဒီ ကြောက်စိတ် တွေ မရှိတော့အောင်ကြိုးစားရမယ့်အထဲမှာ ပါပါတယ်။

အားလုံး ဒီ PHOBIA ဆိုတဲ့ ကြောက်ရွံတဲ့စိတ်က ကင်းဝေးနိုင်ကြပါစေ ရှင်။
ပုံကို ဒီက ယူထားပါတယ်ရှင်။
Read More ->>

နတ်ကတော်

နတ်ကတော်လုပ်နည်း နိဿျည်း

နတ်ကတော်လောကတွင်ကျင်လည်ရိုက်စား နတ်ကတော်ကြီးများရှေ့
ထွန်ကျူးသည်မဟုတ်ပါ။
သိသမျှရေးရသော် နတ်ကတော်လုပ်နည်း နိသရည်းကား ..

၁) အရူးထောင်လဲ အရောက်လှမ်းရမည် ၊ မမူးအောင်လဲအသောက်ကျွမ်းရမည် ။

၂) ကနားထိန်းကိုလဲ အဖားရမည် ၊ အသားစိမ်းကိုလဲ စားရမည် ။

၃) နတ်ဆိုင်းဆရာကိုလဲ အတီးကောင်းအောင်ကပ်ရမည် ၊ နတ်သမိုင်းစာကိုလဲ
အရွီးကောင်းအောင် ဖတ်ရမည် ။

၎) လျှာထွက်အောင်လဲ အပြောမြိုင်ရမည် ၊ အသပြာထွက်အောင်လဲ အဟောပိုင်ရမည် ။

၅) အပြောကျင့်က တစ်မနက်တည်းနှင့် မောနိုင်သည် ၊ အဟော သင့်က
တစ်ချက်တည်းနှင့်ထောနိုင်သည် ။

၆) လေချဉ်ဆိုးကိုလဲ မထအောင် ကြံတတ်ရမည် ၊ ရေစင်ဖိုးကိုလဲ ရအောင် ဖန်တတ်ရမည် ။

၇) သရဲလိုခြောက်ပြီး ကျားလောက်လဲ လျင်ရမည် ၊ ဆဲဆိုငေါက်ပြီး စားပေါက်လဲထွင်ရမည် ။

၈) အဆန်းထွှင်ကာ ဓါးစတန့်လဲ ပြရမည် ၊ ရှမ်း ကရင် ဗမာ ကုလား ဒန့်စ်လဲ ကရမည် ။

၉) ပွေးမန်းလဲ တတ်ရမည် ၊ အပေးအကမ်းလဲ ဖြတ်ရမည် ။

၁၀) လောင်းကစားလဲ နွှဲရမည် ၊ အတောင်းအစားလဲ ရဲရမည် ။

၁၁) ဇာတ်ခုံပေါ်လဲ ကြောင်ရဲရမည် ၊ နတ်ပုံတော်လဲ ပေါင်ရဲရမည် ။

၁၂) ယတြာကိုလဲ ဆောင်ရမည် ၊ ပ၀ါကိုလဲ ပေါင်ရမည် ။

၁၃) ဒေါင်းဖဲကိုလဲ ကပ်ထားရမည် ၊ ဗလောင်းဗလဲကိုလဲ တတ်ထားရမည် ။

၁၄) ဂါတ်စာရေးလာမှ အာမခံရသည် ၊ နတ်မေးလာမှ ဆာသမျှနှံရသည် ။

၁၅) အရပ်နူး ကိုလဲ အတည့်တွေးရမည် ၊ နတ်ရူးကိုလဲ တပည့်မွေးရမည် ။

ဒါ့ကလောက် တတ်လျှင်ဖြင့် ဘ၀တစ်သက်တာ ငတ်စရာမရှိ ကြီးပွားဖို့သာရှိကြောင်း
ကျွန်ုပ်က ရဲရဲကြီး အာမခံပါသည်။

နတ်ကတော်လောကတွင်ကျင်လည်ကျက်စား သာမန်နတ်ကတော်များထက် တစ်ကွက်သာစေရန်
ဆောင်ရန်နည်းလမ်းများကိုလဲ အရူးချေးပန်း ပရမ်းပတာ ရှင်းပြပါဦးမည် ။

၁) ကြက်သားကိုလဲ အုပ်ရမည် ၊ ၀က်သားကိုလဲတုတ်ရမည် ။
ကြက်သားကို အုပ်မှ ကြက်ငှက်တုပ်ကွေးဖြစ်နိုင်သည် ၊ ၀က်သားကို တုတ်မှ ၀က်ပုပ်ကလေးဖြစ်နိုင်သည် ။

၂) ပရမ်းပတာလဲ ပြောရမည် ၊ လမ်းမှာလဲဟောရမည် ။
ပရမ်းပတာ ပြောမှ အဟုတ်ထင်သည် ၊ လမ်းမှာ ဟောမှအလုပ်တွင်သည်။

၃) ငါးခြောက်ကိုလဲ ကြော်ရမည် ၊ အခြောက်လိုလဲ ပျော်ရမည် ။
ငါးခြောက်ကိုကြော်မှညှော်မိသည် ၊ အခြောက်လိုပျော်မှ အဖေါ်ရှိသည် ။

၎) လင်ကိုလဲ ညာတတ်ရမည် ၊ အချဉ်ကိုလဲ ရှာတတ်ရမည် ။
လင်ကိုညာတတ်မှ မိုက်လို့ကောင်းသည် ၊ အချဉ်ကို ရှာတတ်မှ ရိုက်လို့ကောင်းသည်။

၅) ဒိုင်ခံစရာ ကျပ်ငွေ အပိုလဲရှိရမည် ၊ နိုင်ငံတကာ နတ်တွေကိုလဲ သိရမည် ။
ဒိုင်ခံစရာ ကျပ်ငွေ အပိုရှိမှ အလျော်အစားမြိုင်သည် ၊ နိုင်ငံတကာ နတ်တွေကိုသိမှ ကျော်ကြားနိုင်သည် ။

၆) တောအရက်လဲ သောက်ရမည် ၊ ဟောချက်လဲပေါက်ရမည် ။
တောအရက်သောက်မှ ခံတွင်းသန့်ပြီး လျှောက်လည်ဟောနိုင်သည် ၊ ဟောချက်ပေါက်မှ သတင်းပျံ့ပြီးဖောက်သည်ပေါနိုင်သည် ။

၇) အပျော်ကိုလဲ ကြိုက်ရမည် ၊ စားတော်ကိုလဲ တိုက်ရမည် ။
အပျော်ကြိုက်မှ အတွဲအသစ်ထားနိုင်သည် ၊ စားတော် တိုက်မှ အသည်းအမြစ်စားနိုင်သည် ။

၈) မြွေတောကိုလဲ ဖြတ်ရမည် ၊ ကြွေဟောကိုလဲ တတ်ရမည် ။
မြွေတောကိုဖြတ်မှ မြွေပြီးနိုင်သည် ၊ ကြွေဟောကိုတတ်မှ လေကြီးနိုင်သည် ။

၉)ဘူတာကတိုလဲ တစ်ရက်ကြိုပြေးရမည် ၊ လူတကာကိုလဲ မျက်နှာချိုသွေးရမည် ။
တစ်ရက်ကြိုပြေးမှာ သွားစရာ တီးကတ်ရသည် ၊ မျက်နှာချိုသွေးမှ စားစရာဖရီးနှက်ရသည် ။

၁၀) အကြွေးလဲ ဆန်ဆီ မကျန်ဖြဲရမည် ၊ အပြေးလဲ ချန်ပီယံ ဆွဲရမည် ။
ဆန်ဆီမကျန်ဖြဲမှ အမြတ်ထွက်ချေသည် ၊ ချန်ပီယံဆွဲမှ နတ်သက်ရှည်သည် ။

တတ်မှစားရသည်မဟုတ်ပါ ၊ နပ် လျှင်လဲ စားရပါသည်။
ငတ်မှလာဘ်မျှော်ဖြစ်သည် ၊ နပ်မှ နတ်ကတော်စစ်သည်။
လိပ်ပြာသိပ်မှ နတ်ကတော်ဖြစ်သည်မဟုတ်ပါ၊ ရိတ်စရာ ရိတ်လျှင်လဲ နတ်ကတော်ဖြစ်ပါသည် ။
ရေစင်သောက်မှဖြစ်သည်လဲမဟုတ်ပါ ၊ ရေသန့်သောက်လဲ ဖြစ်ပါသည် ။
လူလိုမှ နတ်လိုပါသည် ၊ အူစိုမှ အငတ်ပိုပါသည်။

* သူငယ်ချင်း တစ်ယောက်ရဲ့ forward မေးလ်မှ ရပါသည်။
စာဖတ်သူ တွေကို ရီစေချင်လို့တင်ပါသည်။
တခြား ဘလော့ဂါ ရေးထားတာဆိုလျှင်လည်း အဲဒီ forward မေးလ် မှာ ဘာနာမည်မှမပါလို့ မဖော်ပြခြင်းဖြစ်ပါသည်။
Read More ->>

လက်တွဲဖော် မွေးနေ့

ဒီစက်တင်ဘာလမှာ မွေးနေ့တွေ အတော်များတယ်ထင်ပါ့။ ဘယ်ဘလော့ခ်ကြည့်ကြည့်မွေးနေ့ တွေ တော်တော်များများ တွေ့ရ တတ်တယ်။ ခုလည်း လာပြန်ပြီ လို့မပြောလိုက်ပါနဲ့နော်။

ကိုယ့်လက်တွဲဖော် လေးရဲ့ မွေးနေ့မို့လို့ အမှတ်တရ အနေနဲ့ အမြတ်တနိုး ပို့စ်တင်လိုက်ပါတယ်။

ပြီးတော့ ဒီစက်တင်ဘာလ ၆ ရက်နေ့ ကကိုယ်တို့ လက်မှတ်ထိုးတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်လေးပါ။ ၆ ရက်နေ့ က Johor Bahru သွားတာကလွဲလို့ ဘာမှ မှတ်မှတ်ရရ မလုပ် ဖြစ်ပါဘူး။ ဒါကြောင့် ဒီ နေ့ သူ့မွေးနေ့မှာ ကိုယ်တို့နှစ်ယောက်အမှတ်တရ လုပ်မယ်ဆိုပြီး နှစ်ယောက်တည်း သီးသန့် မွေးနေ့ပွဲလေး ကျင်းပဖြစ်ပါတယ်။

ကိုယ်တို့နှစ်ယောက် မှာ တော်တော်လေးတူတဲ့အချက်တွေရှိပါတယ်။ သူနဲ့ ကိုယ်နဲ့ နာမည် မှာ နောက်ဆုံးတစ်လုံး တူပါတယ်။ပြီးတော့ သူကလည်း တနင်္ဂနွေသား ဖြစ်သလို ကိုယ်ကလည်း
တနင်္ဂနွေသမီး ပါ။သူ ကသူ့မိသားစု အငယ်ဆုံးဖြစ်သလို ကိုယ်ကလည်း ကိုယ့်မိသားစု မှာ အငယ်ဆုံးပါ.။ ပြီးတော့ သူရဲ့ လက်မောင်းအောက်နား ဂျိုင်းအောက်မှာ အမှတ်ကလေးပါသလို ကိုယ့်မှာလည်း သူ့လိုဘဲ အဲဒီနေရာ မှာ အမှတ်လေးပါပါတယ်။ ထူးဆန်းတာတစ်ခုက အဲဒီအမှတ်ပုံစံလေးပါ တူနေတယ်။ ပြီးတော့ ကိုယ်လည်ပင်းမှာ အသားပို သေးသေးလေးနှစ်ခု ပါသလို သူဆီမှာ အဲဒီနေရာမှာ အဲလိုလေးပါတယ်။ ကဲ..မွေးနေ့ အကြောင်းလေးပြန်ဆက်ရအောင်နော်။

မနေ့ည ကတော့ နှစ်စဉ်နှစ်တိုင်း မွေးနေ့ ရောက်တိုင်းမှာ သူ့မေမေကို လှမ်းဖုန်းဆက် ကန်တော့ပြီး ကျပ် ၁၀၀၀၀၀ ကို ရဟန်းသံဃာတွေကို ကပ်လှူခိုင်းပါတယ်။ ပြီးတော့ ကိုယ်ဝယ်လာတဲ့ ကိတ်မုန့်ကို ၁၁း၄၅ မှာ ပြင်ဆင်ပါတယ်။ ၁၂ နာရီတိတိမှာ ခွဲနိုင်အောင်လို့ပါ။ ကိုယ်အရမ်းပျော်ပါတယ်။ ကဲ..မွေးနေ့ကိတ်ပုံလေးတွေကြည့်ရအောင်နော်။









ဒါကတော့ Google ထဲက ကြိုးစားပန်းစား ရှာဖွေထားတဲ့ မွေးနေ့ကိတ်လေးတွေပါ။







ကဲစား ကြနော်...အားမနာနဲ့။

ဒါက လက်တွဲဖော်လေးအတွက်မွေးနေ့လက်ဆောင်



ဒါ ကသူ့အတွက် ပန်းစည်း ( Google ကရှာထားတာ ဟီး၂)




ဒါက အားလုံးသောက်ဖို့ ၀ိုင်...၀အောင် သောက်ကြနော်









ကဲကျေနပ်ကြတော့နော် ...

နက်ဖြန်မှာ ကျရောက်မယ့် ၀က်ဝံလေး ရဲ့မွေးနေ့ ကိုလည်းတစ်ခါတည်း ဆုတောင်းပေးလိုက်တယ်နော်။။
Read More ->>

ချစ်သော ဘလော့ဂါများ

ခုမှ တရေးနိုးပြီး တဂ်ပို့စ်တွေရေးတယ်လို့ မထင်လိုက်ပါနဲ့။ အလုပ်ရှုပ်နေလို့ပါရှင့်။ အားလုံးကိုတောင်းပန်ပါတယ်နော်။
ခုရေးမယ့်တဂ်ပို့စ်ကတော့ ၀က်ဝံလေးတဂ်ထားတဲ့ ကိုယ့်ကြိုက်နှစ်သက်တဲ့ ဘလော့ခ်ငါးခုတဲ့။
သူ့ကိုတော့ ပြောထားတယ်။ ကြိုက်တာ ငါးခုမကဘူးလို့ ဟီး၂။

၁. ကိုယ် ဘလော့ခ်စေ၇းဖြစ်တာ မရွှေပြည်သူ ကိုအားကျလို့ပါ။ သူဘလော့ခ်လေးကို အားကျလွန်းလို့ ဒီဘလော့ခ်ကို စတင်တည်ဆောက်ဖြစ်တာပါ။ သူ့ရဲ့စာလေးတွေ ဖတ်ရတာ ရင်ထဲမှာ တစ်မျိုးလေးခံစားရတယ်။ စာဖတ်တဲ့သူကို စွဲဆောင်နိုင်တယ်။ စာဖတ်တဲ့သူ ကလည်း ငြိမ့်ငြိမ့်လေး စာထဲမှာ မျောသွားတယ်။ ကိုယ်တို့ဆို စာရေးရင်တုံးတိကြီး။ဘယ်လိုမှ ကိုဖတ်လို့မကောင်းတာ။ မရွှေပြည်သူ ဘလော့ခ်ကို အ၇မ်းကြိုက်တယ်။

၂. ဟဲဟဲ…ဒါကတော့ ကိုယ့်ကို တဂ်တဲ့ စက်တင်ဘာ ရဲ့ ကောင်းကင် (ခ) ၀က်ဝံလေးရဲ့စံမြန်းရာ (ခ) ငှက်ကလေးရဲ့စာမျက်နှာ ကိုပါဘဲ။ သူစာလေးတွေကျတော့ ဖတ်ရတဲ့သူရဲ့စိတ်ကို ရွှင်မြူးစေတယ်။ ပျော်ရွှ့င်စေတယ်။ ကိုယ်တော့ စိတ်ညစ်ရင် ငှက်ကလေးရဲ့ ဘလော့ခ်ကိုသွားလည် လိုက်တာဘဲ။ ကိုယ့်ဘလော့ခ် ရဲ့ပထမဆုံးပရိတ်သတ် တစ်ဦးပါဘဲ။အဲဒီအတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ အာဘွား ..၀က်ဝံလေးေ၇…၁၈ ရက်နေ့ စက်တင်ဘာမှာ ကျရောက်မယ့် ညီမလေးရဲ့ မွေးနေ့မှသည်နောင်နှစ်ပေါင်း တစ်ရာတိုင် ပျော်ရွင်ဖွယ်မွေးနေ့များစွာ ဖြတ်သန်းနိုင်ပါစေနော်။

၃. နောက်တစ်ယောက်ကတော့ ခုဘ၀တစ်ပါး ပို့စ်ကိုရေးနေတဲ့ ကိုလူထွေး ရဲ့ဘလော့ခ်ပါ။ ကိုလူထွေး ကဟာသဥာဏ်ရွှင်တယ်လို့ဘဲ ပြောရမလား။ စာအရေးအသားကောင်းတယ်လို့ ဘဲပြောရမလား။ သူ့ပို့စ်တွေ ဖတ်ပြီးရင် ကိုယ့်အတွက်တစ်ခုခု ရင်ထဲမှာကျန်ခဲ့သလို အမြဲခံစားရပါတယ်။ခု လည်းသူရဲ့ဘ၀တစ်ပါး ကိုစောင့်မျှော်ပြီး ဖတ်နေပါတယ်။

၎. နောက် ဖွားကိလို့ခေါ်တဲ့ ကိကိဖန်တီးတဲ့ Idiot Love ဆိုတဲ့ဘလော့ခ်ပါ။ သူ့ကျတော့ တစ်မျိုး ။ကျန်းမာရေးနဲ့ပတ်သတ်ရင် သူ့ကိုဖတ်လို့ညွှန်းရမလောက်အောင် ကျန်းမာရေး ဗဟုသုတ တွေကိုပေးပါတယ်။ သူ့ဘလော့ခ်ကိုလည်း ပို့စ်အသစ်တက်တာနဲ့ဝင်ဖတ်ဖြစ်ပါတယ်။

၅. နောက် မနောဖြူတဲ့ ဂျိန်းဖောသူလေး မြုးသျှရီ ရဲ့ဘလော့ခ်ပါ။ ဟင်းမချက်တတ်တဲ့ ကိုယ့်အဖို့ သူ့ဘလော့ခ်ကတင်ထားတဲ့ ဟင်းတွေကြည့်ပြီး သရေယိုခဲ့ရပေါင်းလည်းမနည်း တော့ပါဘူး။ ဟင်းချက်နည်းပါတဲ့ ဟင်းတွေဆို လိုက်ချက်ကြည့်တာ ဘယ်လိုမှကို မရတာ။ဟီး၂ တော်တယ်နော် အရမ်းဘဲ။

၆. မေလေး ရဲ့ ဘလော့ခ်ကလည်းကိုယ်ကြိုက်နှစ်သက်တဲ့ ဘလော့ခ်မှာ တစ်ခုပါဝင်ပါတယ်။ စင်ကာပူ မှာနေထိုင်တဲ့သူတွေအတွက် တကယ်အထောက်အကူပြုတဲ့ ဘလော့ခ်လေးတစ်ခုမို့ အရမ်း ကြိုက်ပါတယ်။

၇. နောက်တစ်ခုက ချစ်ခြင်းသင်္ကေတကို ဖော်ညွန်းတဲ့ အနမ်း ရဲ့ ဘလော့ခ်ပါ။သူ့ကိုကျတော့ ဘာလို့မှန်းမသိ ကြိုက်ကိုကြိုက်တယ်။ တစ်ခါတစ်လေ စိတ်တွေအရမ်းရှုပ်လာရင် သူ့ဘလော့ခ်လေးထဲ ၀င်သွားရင် အဲဒီစိတ်ရှုပ်ထွေးတာတွေပျောက်သွားရော။။

၈. ကိုသီဟသစ်ရဲ့အားမာန်သစ် မှာကျတော့ နောက်ဆုံးက bonus ထည့်ပေးတာကိုအကြိုက်ဆုံးဘဲ။ စာတွေဖတ်ပြီးသွားရင် အဲဒါလေးဖတ်ရတာ စိတ်ချမ်းသာစရာ။

၉. နောက်တစ်ခု က ကိုရင်နော် ခင်လေးငယ်ရဲ့ စာတိုပေစများ တဲ့။ ပထမ သူတို့ကို စုံတွဲလို့ထင်ထားတာ ။ နောက်မှ မဟုတ်ဘူးဆိုတာ သိ၇တယ်။ သူတို့ရဲ့အပြိုင်အဆိုင် စာတွေကမိုက်တယ်။ ရေးသားပုံကလည်း ထိမိတယ်။

၁၀. မယ်ကိုး ရဲ့ အေ၇းအသားကိုလည်းကြိုက်တယ်။ သူများနဲ့ မတူဘဲ တစ်မူကွဲထွက်နေလို့။ဖတ်လို့လည်းကောင်းတယ်။

ဟာ။။ရေးရင်းရေးရင်းနဲ့အများကြီးဖြစ်သွားပြီ။

ကိုမြစ်ကျိုးအင်း တို့ ။လင်းကြယ်ဖြူ တို့ ၊ချစ်ပါးလုံး တို့ ဘလော့ခ်ဆိုရင်းလည်း အမြဲေ၇ာက်ဖြစ်တယ်။ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ ဘလော့ခ်တွေဆိုလည်း အမြဲသွားဖြစ်တယ်။

ကျန်သေးတယ်။ကြိုက်တဲ့ဘလော့ခ်တွေအများကြီး ။
ဆော်ရီးပါဗျိုး…..
Read More ->>

စက်တင်ဘာ မွေးဖွားသူများသို့

စက်တင်ဘာလရဲ့ပထမဆုံး ပို့စ်အဖြစ်မင်္ဂလာရှိစွာ မွေးနေ့ဆုတောင်းလေးနဲ့ စလိုက်ရအောင်။
ကိုယ်က မွေးနေ့ တွေကို အလေးထားတတ်သူပါ။ အဲဒီလိုဘဲ ကိုယ့်မွေးနေ့ဆိုရင်လည်း အလေးထားစေချင်တဲ့သူပါ။အရင်က ကိုယ့်မွေးနေ့ရောက်တာနဲ့ ကိုယ့်မိဘ ရယ် ကိုယ့်ရဲ့ မောင်နှမတွေရယ် က ကိုယ့်ကို ဘယ်နေရာကဘဲဖြစ်ဖြစ် ဖုံးဆက်ပြီး ည ၁၂ နာရီ ကျော်တာနဲ့ Birthday wish လုပ်တတ်ကြ ပါတယ်။ ခုတော့ ကိုယ့်လက်တွဲဖော်တစ်ယောက် တိုးလာပြီပေါ့။ ကိုယ်အရမ်းပျော်ပါတယ်။ အဲလို Birthday wish လုပ်တဲ့ အသံဟာ ဘယ်မွေးနေ့ လက်ဆောင်နဲ့မှ တန်ဖိုးဖြတ်လို့ မရလောက်အောင် ပျော်ရွှင်မှုကို ပေးပါတယ်။ကဲ..ထားပါတော့။

ခု စက်တင်ဘာလဟာ ကိုယ်နဲ့ ပတ်သတ်တဲ့ သူတော်တော်များများ မွေးနေ့ ဖြစ်တဲ့လပါ။ ဒါကြောင့် သူတို့တွေရဲ့ မွေးနေ့ကို ကိုယ်ဒီနေရာက ဆုတောင်း ပေးလိုက်ပါတယ်။


ပထမဆုံး စက်တင်ဘာ (၁) ရက်နေ့မှာ မွေးတဲ့ မမAir ပါ။ သူက ကိုယ်တို့ ဒီစင်ကာပူမှာ ကျောင်းစတက်တော့ ကိုယ်တို့နားမလည်သမျှ စာတွေ ကို ဒိုင်ခံ ရှင်းပြတဲ့ ကိုယ်တို့ရဲ့ဆရာမလေးပေါ့။ သူက အရမ်းကို စိတ်သဘောထားဖြူစင်ပါတယ်။ စာမေးပွဲ မနက်ဖြန်လို ဖြေရတော့မယ် ဆိုရင် ဒီနေ့အထိ ကိုယ်တို့ကို စာရှင်းပြတုန်းပါ။ သူကျေးဇူးကြောင့် ကိုယ်စာမေးပွဲ အောင်လာတာပါ။ ဒီနေရာမျိုးမှာ ရပ်တည်နိုင်တာပါ။
Happy Birthday ပါ မမ Air ရေ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်နှစ်ယောက် ကတော့ စက်တင်ဘာ (၇) ရက်မှာ မွေးတဲ့ ကိုယ့်အခင်ဆုံး သူငယ်ချင်းနှစ်ယာက်ဖြစ်တဲ့ သူရိန် နဲ့ သီတာ ပါ။ သူတို့ ကအမွှာမောင်နှမပါ။ ကိုယ်တို့ ၆တန်းလောက်ကတည်းက တွဲလာကြတာ ခုထိဘဲဆိုပါတော့ ။သီတာကတော့ အိမ်ထောင်ရှင်မဖြစ်သွားပြီ။ သူရိန်က ကြိုးစားတုန်း ဟဲဟဲ။ Happy Birthday ပါ သူရိန် နဲ့ သီတာရေ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


နောက် တစ်ယောက် က ၉ ရက် ၉ လ မှာမွေးတဲ့ ကိုယ့်ရဲ့ တစ်ဦးတည်းသော ကိုကိုဖြစ်တဲ့ ကိုသားကြီး ရဲ့ မွေးနေ့ပါ။ သူကမောင်နှမ အားလုံးထဲမှာ ကိုယ့်ကို အချစ်ဆုံးတဲ့။ ဟုတ်လားမဟုတ်လားမသိဘူးလေ။ သူပြောတာပဲ။ ဟီးဟီး ။ကိုကြီး သားကြီးရေ.. ပျော်ရွှင်သော မွေးနေ့မင်္ဂလာဖြစ်ပါစေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက် စက်တင်ဘာလ ၁၃ ရက်နေ့မှာ မွေးတဲ့ ကိုယ့် ရဲ့ မမကြီး ပါ။ ကိုယ့်ကို အမကြီး အမိရာပီသစွာ သွန်သင်ဆုံးမ ပညာသင်ပေးခဲ့တဲ့ သူ့ကျေးဇူးတွေဟာ ဆပ်လို့ကုန်နိုင်မယ်မထင်ပါဘူး။ ကိုယ်ငယ်ငယ်လေးထဲက သူ့လက်ပေါ်မှာကြီးပြင်းခဲ့တာပါ။ ကိုယ့်ကို ခုချိန်ထိ နည်းပေးလမ်းပြ လုပ်ပေးခဲ့ တဲ့ သူပါ။ ခုချိန်ထိ ကိုယ် ဘာလုပ်လုပ်သူ့ကို တိုင်ပင်ပြီးမှလုပ်နေဆဲပါ။ မကြီးရေ… Happy Birthday နော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မွေးတဲ့ ကိုယ့်ရဲ့ငယ်သူငယ်ချင်းလေး သူဇာပါ။ ခုတော့ သူလည်း ဘယ်တွေရောက်နေလည်းမသိဘူး။မတွေ့ဖြစ်တာ သူတို့ သုဝဏ ပြောင်းပြီးကတည်းက ဆိုပါတော့။ ကိုယ် ၁၀ တန်းလောက်ကတည်း ကမတွေ့တော့တာ။ Happy Birthday သူဇာ ရေ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟဲဟဲ။။။ စက်တင်ဘာ ၁၇ ရောက်တော့ ကိုယ့်ဖူးစာရှင်လေးကို သူ့မေမေက လူ့လောကထဲ ကို မွေးထုတ်ပေးခဲ့တယ်။ ကိုယ့်ဘ၀ရဲ့ လက်တွဲဖော် မွေးနေ့လေ။ ပျော်ရွှင်ပါစေ မွေးနေ့မှာ။ဘုန်းကြီးကျောင်းသွားမယ်။ အဲဒီနေ့ကျရင်…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်ဆုံး တစ်ယောက်ကတော့ စက်တင်ဘာ ၂၀ မှာ ကျရောက်မယ့် ကိုယ့်အစ်မ တစ်ယောက်လိုခင်မင်ရတဲ့ မထွေးပါ။ သူကကိုယ်တို့ အပေါ်မှာ အကြီးပီသခဲ့ပါတယ်။ မထွေး ရေ..ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေနော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကဲ။။။အားလုံးသော စက်တင်ဘာလမှာ မွေးတဲ့သူအပေါင်းကို ဒီနေရာကနေ Birthday Wish လုပ်ပါတယ်။

"HAPPY BIRTHDAY"

Read More ->>

ရင်ခွင်တံခါး

ငါ့ ရဲ့ ရင်ခွင်တံခါး ကို
တိတ်တဆိတ်လာခေါက်
တိတ်တိတ်လေး ငါ့ရင်ခွင်မှာ ခိုအောင်းနေပြီး
တိတ်တိတ်လေး ပြန်ထွက်သွားခဲ့
ငါ့ရင်ခွင်တံခါးကိုတော့
သူက သော့ခတ်ခဲ့တယ်လေ။
တခြားသူတွေ လာမှာစိုးလို့တဲ့။

ခြောက်သွေ့နေတဲ့ မင်းမျက်ရည်တွေ
ထင်နေသေးတဲ့ မင်းရဲ့ခြေရာတွေ
မင်းရဲ့ ပြာလွင်လွင် ရယ်သံတွေ
အပြစ်ကင်းစင်တဲ့ မင်းရဲ့ အပြုံးနုနုတွေ
မင်းကို သတိရစေနိုင်မယ့် အရာတွေကို
မင်းက ချန်ထားခဲ့တယ်လေ။

ဒီလိုနဲ့ ရာသီတွေပြောင်း
ရက်ကို လစား . လကိုနှစ်စား
ပြက္ခဒိန်တစ်ခု ပြီးတစ်ခု ကုန်လို့
ဖုန်တက်နေတဲ့ ငါ့ရင်ခွင်က
သော့ပိုင်ရှင်ကို စောင့်မျှော်နေလေရဲ့။

တစ်ရက်တော့…
ညစ်နွမ်းနွမ်း နဲ့ ကောင်းလေးတစ်ယောက်
ဘယ်လိုမှ မမှတ်မိနိုင်လောက် အောင်
စုတ်ပြတ်သတ်နေတဲ့ ပုံစံနဲ့ သူ…
သံချေးတွေအထပ်ထပ်တပ်နေတဲ့
ရင်ခွင်သော့ ကို ကြိုးစားဖွင့်
နောက်နောင် ငါ့ရင်ခွင်ကနေ
သူဘယ်မှ မသွားတော့ပါဘူးလို့
အခါခါ ဆိုရင်း…
လောက ကြီးတစ်ခုလုံးကို
နှုတ်ဆက် ကျောခိုင်းလို့…….
Read More ->>

ထွေရာလေးပါး

ကိုယ်ရဲ့ထွေရာလေးပါး ပေါက်ကွဲသံစဉ်တွေကို ဖတ်ပေးကြပါဦးနော်။

အပိုင်း(က)

ကိုယ်တို့ရုံးက စီးတီးဟောလ်နဲ့ အရမ်းနီးတာကြောင့် နေ့လည်စာကို အဲဒီမှာဘဲ သွားစားဖြစ်ပါတယ်။ရုံးက လူတွေနဲ့ လည်းလိုက်မစားဖြစ်ဘူးဆိုရင်ပေါ့လေ။ ဒီနေ့ထမင်းဘူး ပါတော့ ရုံးမှာ ထမင်းဗူးဖွင့်စားပြီး အပျင်းပြေ ရေနွေးကြမ်းလေး လက်ဘက်ရည်လေးသောက်ရအောင် စီးတီးဟောလ်ကိုထွက်လာတယ်ဆိုပါတော့။ ကိုယ် ရဲရင့်မှာ လက်ဘက်ရည်သောက်နေတုန်း ကိုယ်ရှေ့က၀ိုင်း မှာလူသုံးယောက်လာထိုင်တယ်။ ကိုယ်လည်းပျင်းတာနဲ့ သူတို့ပြောတဲ့စကားတွေကို ဘာရယ်မဟုတ်နားစွင့်မိတယ်ဆိုပါတော့။ သူတို့ထဲက တစ်ယောက်က SPASS နဲ့ လုပ်နေတာ။သူစကားပြောပုံ ကြည့်ရတာ ကတော့ ရခိုင်လို့တော့ ထင်တယ်။နောက်တစ်ယောက် ကတော့ အသက် ၄၀ နီးပါးလောက်ရှိမယ်ထင်ရတဲ့ ဦးလေးကြီးတစ်ယောက်ရယ်။နောက် ကောင်လေးတစ်ယောက်ကတော့ အဲဒီရခိုင်လို့ထင်ရတဲ့ ကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်ပါ။ သူတို့ဘာအကြောင်းပြောနေလည်း နားထောင်ကြီးတော့ လား…လား…ဦးလေးကြီးက ရခိုင်ကိုဂွင်ရိုက်တော့မယ် ထင်တယ်။ အဲဒီရခိုင်ကလည်း အူတူတူနဲ့ ။စဉ်းစားကြည့်လေဗျာ။ PR တင်ပေးမယ်တဲ့ ။SPASS ကနေ ။ အဲဒီ ရခိုင်ကဒီမှာ လုပ်တာ ၆ လလောက်ဘဲရှိသေးတယ်တဲ့။ အဲဒါကို ဟိုဦးလေးကြီးက ပီအာရ် တင်ပေးမယ်တဲ့ ။မဖြစ်နိုင်တာ။ခု လောလောဆယ် မှာ နှစ်နှစ်ပြည့်လို့ PR တင်ထားတဲ့ ကိုယ့်သူငယ်ချင်း တစ်ချို့တောင် မရဘူးလို့ပြောနေတယ်။ ကိုယ်လည်းတော်တော် အံ့သြပါတယ်။ ပြီးတော့ ဘယ်လောက်ဘဲပေးတို့ ညာလောက်ဘဲပေးတို့ ။ သူကအလုပ်ရှင်လည်းမဟုတ်ဘာမဟုတ်နဲ့။ ရခိုင်ကတော့ စဉ်းစားဦးမယ်လို့တော့ ပြောလိုက်တယ်လေ။ အဲလိုလူမျိုးတွေတွေ့ရင် ဝေါင်ဝေါင်ရှေးကြဗျို့……


အပိုင်း(ခ)

“ စဉ်းစားကြည့်စမ်းပါဟာ။ အဓိပ္ပါယ်မရှိတာ။ ငါတို့လည်းသူ့လိုဘဲ ရှာရတာဘဲ။ နဖူးက ချွေးခြေမထိ မကျဘူးဆိုပေမဲ့ ခေါင်းတစ်ခုလုံး ပူထူနေအောင် စဉ်းစားပြီးမှ အလုပ်ရှင်ကပေးတဲ့ လစာကို ရတာဘဲ။ သူလည်းဒီလိုဘဲ လုပ်ရပြီးမှ ရတာဘဲ။ လစာချင်း ယှဉ်ရင်လည်း သူမသာ ကိုယ် အသုဘ ဘဲ။ အဲဒါကို သူ့အလှည့်ကျတော့ ပိုက်ဆံတစ်ပြားမှ မထုတ်ဘူး။ သူများကျွေးရင်တော့ စားမယ် တစ်ဖြဲ နှစ်ဖြဲ။ လူဆိုတာ တစ်ခါ နှစ်ခါ ဘဲကောင်းတယ်။ ကိုယ့်အလှည့်ဆိုတာမရှိဘူး။ သူ့အလှည့်ချည်းဘဲ ဆိုရင်တော့ မကောင်းတော့ဘူးလေ။ ခုဟာက သူ့ကျတော့ ၀တ်လို့ရှိရင်တော့ ဘာမှ ညာမှ နဲ့ ။ Branded မဟုတ်ရင် မ၀တ်ဘူး။ ကြွားကလည်းကြွားသေးတယ်.။ ပြီးရင် သူများဆီက ကပ်ကပ်စားတယ်။ အဲဒါစေ့စပ်တာ မဟုတ်ဘူး။ကိုယ်ချင်းမစာတာ တစ်ကိုယ်ကောင်းဆန်တာ စီးပိုးတာ။”

အဲဒီလိုမျိုး ဆိုလည်း ဝေးဝေးရှောင်ကြပါဗျို့……

အပိုင်း(ဂ)

ဟိုနေ့က သတင်းတစ်ပုဒ်ကြားမိပါတယ်။ စင်ကာပူ မှာ တဲ့.။ သူ မဟာမုဆိုးမပါတဲ့ ။သားသမီး ၅ ယောက်ရှိပါတယ် ။သူမအသက်ကြီးလာတဲ့ အခါသူမ ၀ယ်ထားတဲ့ အိမ်ကိုရောင်းခိုင်းပြီး သူသားသမီးတွေ ကတစ်ပုံစီ ယူပါတယ်။သူမကိုတော့ပစ်ထားကြပါတယ်။ ကြောက်စရာကောင်းလိုက်တာနော်။ အဲ..ဒို့ များ ဗမာလူမျိုးတွေထဲမှာ အဲလိုမျိုးအဖြစ်အပျက်တွေ မရှိသလောက်ကို နည်းပါးပါတယ်။ အဲဒါဟာ မာတာပိတု ဆိုတဲ့ ဘုရားဟောထားလို့ပါ။ ကိုယ်အခုကြည့်ရသလောက်မိဘကို လုပ်ကျွေးတဲ့သားသမီး တွေဟာလုပ်ငန်းကိုင်ငန်းမှာပိုအဆင်ပြေတတ်ပါတယ်။ လုပ်ငန်းအဆင်ပြေအောင်လို့ မိဘကို လုပ်ကျွေးတာတော့ မဟုတ်ပါဘူး။ မိဘကို လုပ်ကျွေးလို့သာ လုပ်ငန်းက အဆင်ပြေလာတာပါ။ကိုယ်ကတော့ မိဘကိုလုပ်ကျွေးနေတာ တစ်ခါမှ မငြိုငြင်ခဲ့ပါဘုူး။မှန်တာပြော သစ္စာပါ။ တစ်ခုတော့ စဉ်းစားမိပါတယ်။ ကိုယ်မွေးတဲ့ သားသမီးကို ဒီမှာထားသင့်မထားသင့်ပါ။ ဒီမှာထားရင်တော့ ပညာတတ် မယ်။လူနေမှုအဆင့်အတန်းမြင့်မယ်။ ဒါပေမယ့် လူ့မှုပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုဟာ အနည်းဆုံး အဲဒီကလေးငယ်ရဲ့  စိတ်ဓါတ်ကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းကတော့ လွှမ်းမိုးတာပါဘဲ။ မိဘကို မသိတတ်မှု တွေဘာတွေ ပေါ်လာရင် ကိုယ်ဘဲစိတ်ဆင်းရဲရမှာပါဘဲ။ အဲဒါဟာလည်း မိဘရဲ့ဆုံးမမှုပေါ်မှာလည်း မူတည်ပါတယ်လေ။


အားလုံးမိဘကို လုပ်ကျွေးတဲ့သားသမီးအလိမ္မာဖြစ်ကြပါစေရှင်။
Read More ->>

သင်္ကြန်မင်းသားကြီး ဇော်ဝမ်း




သင်္ကြန်ဆိုရင် သူမပါရင်မပြီးလို့ နာမည်ကြီးတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ဇော်ဝမ်းဟာ

အသည်းရောဂါနဲ့ သြဂုတ်လ ၁၂ရက် မနေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။


“ကိုးနာရီကလေ ဆုံးသွားတာပါ။ အင်းစိန်က ဆေးခန်းမှာပဲ။” မင်းသား ဇော်ဝမ်းရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တ

ဲ့ စေလိုရာစေ ဇာတ်ကားမှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက်

ပြောသွားတာပါ။


http://drlunswe.blogspot.com မှကူးယူပါတယ်။

ပုံကိုတော့ ဒီက ယူပါတယ်။


Read More ->>

မမေ့နိုင်တဲ့ အတိတ်.......၈၈၈၈ သပိတ်


အစဉ်အလာ ငါးဆယ့်ရှစ်
အများ မချစ်ခဲ့။

ခြောက်ဆယ့်နှစ်
အမြှောက်နဲ့ပစ်။

ဦးသန့် အရေး ခုနှစ်ဆယ့်လေး
ဒူးနှံပြီးတော့ သွေးအေးတယ်။

ရှစ်ဆယ့်ရှစ်
ပစ် ဆက်ပစ်။

နှစ်ထောင့်ခုနှစ်
ဓမ္မ န္တရာယ်များ ပစ်ဖောက်ပစ်။

နှစ်ထောင့်ရှစ်…နာဂစ်
ဘာဖြစ်ဖြစ် ဖွဲ့စည်းပုံကို ညစ်။

နှစ်ထောင့်ကိုး
အဆိုးမြင်ဝါဒီ တွေ
ရေသန့်ဗူးကို ရမယ်ရှာ
ငြိမ်းချမ်းရေး ငှက်ပြာကိုဖမ်း
အင်းစိန် ဂက်စတာပို စခန်းပို့တယ်။

နှစ်ထောင့်တစ်ဆယ်
ပြည်သူ့အသည်းကြားက မဲတစ်ပြား
လှံစွပ်ဖျားနဲ့ ကော်ထုတ်
တစ်သက်လုံး အုပ်ချုပ်သူလုပ်ဖို့အတွက်
စကောလောက်မှ ဇောက်မနက်
အကြံတွေ ပက်စက်။

တပ်က မတော်မှတော့
သူတို့အော် အော်နေတဲ့
တပ်မတော် ရဲ့ အစဉ်အလာ
အဲဒါ….။။


ဒါလေးက ဇူလိုင်လထုတ် မဇ္ဈိမ ဂျာနယ်မှာ ပါတဲ့ မောင်မောင်ငြိမ်းအေး ရေးသားတဲ့ အစဉ်အလာ ဆိုတဲ့ ကဗျာလေးပါ။

ဒီနေ့ဟာ ဘာနေ့လည်းဆိုတာ အထူးတလည်ရှင်းပြနေဖို့မလိုပါဘူး။ ကိုယ်ကအဲဒီ ၈လေးလုံး အရေးတော်ပုံဖြစ်တဲ့နှစ်မှာ နှစ်တန်းပါ။ ကိုယ်တို့မေမေဘက်က အဖိုးနဲ့ အဖွားဟာ ဗဟန်းရေတာရှည် လမ်းဟောင်းမှာနေပါတယ်။ အဖိုးတို့ ခြံရယ် ၊ညာဘက်က ဦးအောင်တို့ခြံရယ်နောက် ဘယ်ဘက်ကတော့ ရှေ့နေဦးကျော်ဇေယျ တို့နေတဲ့ခြံရယ် အဲဒီ သုံးခြံလုံးက ဗဟန်းမှာ တော်တော်ကျယ်တဲ့ ခြံတွေဖြစ်တဲ့ အပြင် ဘိုးဘွားပိုင်မြေ ဂရမ်တွေနဲ့ပါ။ အရေးအခင်းလည်း ဖြစ်ရော အဖိုးနဲ့ အဖွားနဲ့ က အနီးအဝေးမှာ ရှိတဲ့ သားသမီးနဲ့ မြေး တွေကို သူတို့တိုက်မှာဘဲ ခေါ်ထားပါတယ်။ အရေးအခင်းမဖြစ်ခင်း တုန်းကလည်း အဖွားက သားသမီး မြေးတွေကို တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်း အုန်းနို့ခေါက်ဆွဲ ၊ ဗူးသီးကြော် (ခြံထဲမှာဗူး စင်ရှိလို့ ဗူးသီး အလကားရပါသည်) တို့ မုန့်ဟင်းခါး
တို့ တမျိုးမဟုတ် တမျိုးမရိုးနိုင်အောင် လုပ်ကျွေးပါတယ်။ အရင်တပတ်တခါတွေ့ ရတော့ ခု မောင်နှမ တစ်ဝမ်းကွဲ တွေအများကြီးနဲ့ တူတူနေရတော့မယ်ဆိုတော့ ပျော်တာပေါ့နော်။ကလေးအတွေးနဲ့ပေါ့။ ကြောက်ရမယ်မှန်းလည်းမသိဘူးလေ။

အဖိုးတို့ခြံက ရွှေတိဂုံဘုရားနဲ့ နီးတော့ တစ်ခါတစ်ရံမှာ သေနတ်သံတွေကြားရတတ်တယ်။ အဖိုးနဲ့ သားတွေ သားမက်တွေက ခြံတံခါးတွေ လိုက်ပေးရတယ်။ ခြံကအရမ်းကျယ်တော့ လူသုံးယောက် လေးယောက်လောက် ပတ်ပိတ်မှ မြန်မြန်ပြီးမှာ။ သေနတ်သံကြားပြီးလို့ အေးအေးဆေးဆေးဖြစ်သွားပြီး ဆိုရင် ကိုယ်တို့တွေကပြတင်းပေါက်ကနေ အသာလေးချောင်းကြည့်တယ်။ အစ်ကိုကြီး တစ်ယောက်ပေါ့နော် သွေးသံရဲရဲ နဲ့ ပြေးလာတာတို့၊ အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတို့ တွေ့ရတယ်။ အဲလိုမျိုးကျရင် ပြတင်းတံခါးကိုမြန်မြန်ပိတ်ပြီး ကုတင်အောက်ထဲမှာသာ ပုန်းနေကြတော့တယ်။ ညဘက်တစ်ညမှာတော့ အဖိုးတို့ခြံကို ကျောင်းသားလို့ထင်ရတဲ့ လူလေးယောက် တံခါးလာခေါက်တယ်။ အဖိုးက ဘာကိစ္စလည်းမေးတော့ သူတို့က ကျွန်တော်တို့ ဒီခြံထဲမှာ ခဏ ခိုလှုံချင်လို့ပါတဲ့။ အဖိုးကလည်း ခိုလှုံခွင့်ပေးခဲ့တယ။် မနက်ကျတော့ ခြံထဲဆင်းကြည့်တော့ အဲဒီလူတွေမတွေ့ရတော့ဘူးလေ။

ကိုယ်တို့ အိမ်မှာအဲဒီတုန်းက Publica ကားလေးတစ်စီးရှိတယ်။ ဖေဖေက ကိုယ်တို့မောင်နှမ တစ်ဝမ်းကွဲတွေေ၇ာ၊ မေမေ့ညီမတွေရောခေါ်ပြီး မြို့ထဲကို ကားလျှောက်မောင်းပြီး တရားဟောတာတွေလိုက်ကြည့်ကြပါတယ်။ ကားခေါင်းမှာ ခွပ်ဒေါင်းအလံကြီးက တစ်လူလူပေါ့။ ကိုယ်တို့ တွေကလည်း နဖူးစီး တွေ လက်ပတ်တွေ ပတ်ထားလိုက်ကြတာ။ဘာမှကို ကြောက်စိတ်မရှိခဲ့ကြတာ။ အဲဒီတုန်းက တူးတူးတို့ ဘာတို့တောင်တွေ့ခဲ့သေးတယ်။ ထားပါတော့။ အဲလိုနဲ့နောက်ပိုင်း မဲစနစ် ဆိုတော့လည်း ကိုယ်တို့တစ်အိမ်လုံး NLD ကိုဘဲမဲပေးခဲ့ကြပါတယ်။ စပါးနှံ ဆိုတဲ့သူတွေကို မုန်းမှမုန်းဘဲ။ မဲနိုင်ပေမဲ့လည်း သူတို့ကတိမတည်ခဲ့ကြပါဘူး။

၁၉၉၁ ခုနှစ် ဘုန်းကြီး ဦးကောသံလခေတ်မှာ ကိုယ်တို့အရမ်းပျော်ခဲ့ကြတဲ့ ဗဟန်းအိမ်ကြီးကို အပြီးတိုင်စွန့်လွှတ်ခဲ့ရပါတယ်။ ဘိုးဘွားပိုင်မြေ ကို ဂရမ်မပေါက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သာသနာ့မြေ အဖြစ်သိမ်းပိုက်ခဲ့ပါတယ်။ ဖေဖေကဖိုးဖိုးကိုပြောပါတယ်။ အဲဒါလိုက်လုပ်ရင်ရတယ်တဲ့။ကိုယ်တို့ အဖိုးက ကောင်စီခေတ်မှာ တော်တော်အရာရောက်တဲ့ပုဂ္ဂိုလ်တစ်ဦးပါ။ တောင်တန်းသာသနာ ပြုအဖွဲ့ကိုလည်း သူဦးဆောင်ပြီး အကုန်လိုက်လုပ်ပေးပါတယ်။ လာဘ်လည်မစားပါဘူး။ အဲဒါကြောင့် ဗဟန်းမှာ ကိုယ်တို့အဖိုးကို ဆိုရိုသေကြပါတယ်။ လေးစားကြပါတယ်။ ကိုယ်တို့ အဖိုးက တကယ့်ကို စာအုပ်ကြီးသမား ဖြစ်တဲ့အတိုင်း ဖေဖေစကားကို လက်မခံခဲ့ပါဘူး။ ဖိုးဖိုးတို့ကို မြေနေရာအစားပြန်ပေးတော့ ဒဂုံမြို့သစ်တောင်ပိုင်းတဲ့။ ပြီးတော့ ဖိုးဖိုးတို့ခြံ အကျယ်ကြီးဟာကို ပြန်ပေးတော့ အိမ်နှစ်လုံးလောက်စာ။ နောက်တော့ဖိုးဖိုးလည်း အဲဒီစိတ်ကြောင့် အိပ်ယာထဲဘုန်းဘုန်းလဲ ခဲ့ပါတယ်။ သူကောင်းခဲ့သလောက် ပြန်မကောင်းဘူးဆိုပြီး။ ကိုယ်တို့တွေလည်းအရမ်းကိုမုန်းခဲ့ပါတယ်။

ဒါက ကိုယ်တို့အဲဒီအချိန်က အဖြစ်အပျက်လေးပါ။
ကျဆုံးသွားသော ကျောင်းသားများ ရဲဘော်များ အာဇာနည်များကို ဂုဏ်ပြုလျှက် ။။။။။။။
Read More ->>

သာသနာကိုစော်ကားကုန်ပြီ





မြတ်စွာဘုရားသာသနာတော်ကို ယနေ့ထိတိုင် တည်တန့်နေသည်မှာ ၀ိနည်းကျင့်ဝတ်များကြောင့်ဖြစ်ပါတယ်၊ ဘုရားရှင်က ရှေ့ရေးကိုမျှော်တွေးပြီး စည်းကမ်းရှိရှိနဲ့ ရဟန်းတော်တွေကို ဘယ်လိုနေရမယ်၊ဘယ်ကိုဆွမ်းဘုဉ်းပေးရမယ်
၊ ဒကာ ဒကာမတွေနှင့် ဆက်ဆံရင် ဘယ်လိုမျိုး ဆက်ဆံရမယ်၊ သင်္ကန်းဝတ်ရာမှာ မြို့တွင်း ရွာတွင်းသွားရင် သင်္ကန်းရုံသွားရမယ်၊ နောက်ဆုံး အိမ်သာတက်တာကစ ဘယ်လိုတက်ရမယ်ဆိုတာမျိုးအထိ ၀ိနည်းစည်းကမ်းချက်တွေ ဘုရားရှင်က ချမှတ်ခဲ့ပါတယ်၊ ကိုရင်ငယ်တွေ လိုက်နာရမည့် စည်းကမ်းနှင့် ရဟန်းတော်များ လိုက်နာရမည့် ၀ိနည်းဆိုပြီး အသေချာကို အထူးပညတ်ချက် ဥပဒေများ ထားခဲ့ပါတယ်၊၊ အဲဒီ ၀ိနည်းတရားတော်နှင့် အညီ လိုက်နာကျင့်သုံးပြီး သီလကောင်းအောင် နေရသလို၊ စာသင်ခြင်း ( ပရိယတ္တိ)နှင့် တရားဘာဝနာ ပွားများခြင်းဆိုတဲ့ (ပဋိပတ္တိ) အကျင့်ကောင်းတွေကိုလည်း အားထုတ်ရတယ်၊ သမာဓိနှင့် ပညာ အရာမှာ တိုးတက်လာအောင် ရဟန်းတရားကို အားထုတ်ပြီးမှ ရဟန်းဝတ်ရကျိုး၊ ခေတ္တ ဒုလ္လဘ၀တ်ရကျိုး နှပ်မှာပါ၊၊



မြတ်စွာဘုရားက သာသနာတော်ရဲ့ အသက်သည် ၀ိနည်းပဲလို့ ဟောခဲ့ပါတယ်၊ စည်းကမ်းမလိုက်နာပဲ ၀ိနည်းစည်းကမ်း ဖောက်ဖျက်မလိုက်နာရင် လက်ရှိဘ၀မှာ ဒဏ်ပေးရမယ်၊ ဒီဘ၀သေလို့ရှိရင်လည်း ငရဲရောက်မည်ဟုဘုရားရှင်က ဟောခဲ့သည်မို့ အခုလို သာသနာ့ဘောင်မှာ မင်းမော်ကွန်းနှင့် အနုပညာသမားများ အုပ်စုရဲ့ သင်္ကန်းဝတ်ပြီး ဆေးမင်ချောင် အရုပ်တွေထိုးခြင်း အပေါ်ပိုင်း ဧကသီ အပေါ်ရုံမပါဘဲ သရုပ်ပျက်စရိုက်ဆိုးကို ဘာသာတရားကို မြတ်နိုးသူတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်၊ သင်္ကန်း အောက်ပိုင်းအ၀တ်ကို ဒူးနှင့် အောက်ကို လက်လေးသစ်၊ကွာအောင်ဝတ်ရမယ်၊ အပေါ်ရုံက လက်ရှစ်သစ် အကွာဝေးရုံရမယ်၊ သင်္ကန်းကို ရိုသေစွာ ၀တ်ရုံရမည်ဟု စည်းကမ်းချက်ရှိပါတယ်၊ အခုဟာက လုံးဝကို သင်္ကန်းမပါသည့်ပြင် အရုပ်တွေက တကိုယ်လုံးထိုး စတိုင်မျိုးစုံနှင့် ရိုက်တာကို အားလုံးမြင်နိုင်ပါတယ်၊၊ ရဟန်းသံဃာဆိုတာ မကြည်ညိုသေးသော ဒကာ ဒကာမများကို သာသနာတော်ကို ကြည်ညိုလာအောင် နေရမယ်၊ကြည်ညိုပြီးသား ဒကာ ဒကာမများကိုလည်း ပိုမိုကြည်ညိုလာအောင် နေထိုင်ရတာပါ၊ အကျင့်ကောင်းတွေနှင့် ကိုယ်မူအရာ၊ နုတ်အမှုအရာ တွေက မြင်ရသူတိုင်း ကုသိုလ်ရအောင် နေထိုင်ပြောဆိုတတ်မှသာ သင်္ကန်းခေတ္တ၀တ်တဲ့သူနှင့် စီစဉ်ပေးတဲ့ ကိုယ့်မိဘဆရာသမားလည်း အကျိုးများမှာပါ၊၊

မြန်မာနိုင်ငံမှာ မတရားအာဏာကိုယူလာတဲ့ စစ်အစိုးရကလည်း ရဟန်းသံဃာများကို အထင်သေး အမြင်သေးဖြစ်အောင် နည်းပေါင်းစုံနှင့် ဖန်တီးနေတာပါ၊ သံဃာထုထဲဝင်ပြီး စနစ်တကျဝင်ရောက်ဖျက်ဆီးနေခြင်းများနှင့် အနုပညာသမားများကို အသုံးချပြီး ဒီထဲမှာ သာသနာတော်ကို ကြည်ညိုချင်ဟန်ဆောင်ကာ ပေါ်လစီကားတွေရိုက် ရုပ်ရှင်ထဲမှာတော့ ဦးချနေသော်လည်း တကယ်ဘ၀မှာတော့ သံဃာတော်တွေက ထောင်ထဲမှာ ၀ါဆိုနေရတာပါ၊ ၊ လူထုက သံဃာကို မကြည်ညိုနိုင်အောင် စစ်အစိုးရက ဖန်တီး၊နောက်တော့ သံဃာတွေပျက်ဆီးတာတွေ လူတွေကိုပြ၊ သံဃာတွေ နိုင်ငံရေးမလုပ်ရင်ပြီးရော ကားပွဲစား၊ကျောက်ပွဲစား၊ချဲဒိုင်မျိုး စတဲ့ မဟုတ်တာတွေ လုပ်ချင်ရာ လုပ် စစ်အစိုးရက ဖန်တီးပေးထားတယ်၊ လောဘကြီးတဲ့ ဘုန်းကြီးဆိုရင်လည်း ကားတွေပေး၊ကျောင်းဆောက်ပေးတော့ သဘောတွေကျနေရော၊ အမျိုးသမီးတွေ ရုန်းရုန်းနဲ့ နေရတာကို ၀ါသနာပါရင် နေပေစေဆိုပြီး စစ်အစိုးရက လွတ်ပေးထားတယ်၊ တချို့ ဒီမိုကရေစီ နာမည်ရှိတဲ့ ကိုယ်တော်ဆိုရင် မပျက် ပျက်အောင် ငွေတွေ မာတုဂါမတွေနှင့် ဖျက်ဆီးရေးများလုပ်တယ်၊အရမ်းယုတ်မာတဲ့ လုပ်ရပ်တွေကို စစ်အစိုးရက လုပ်နေတာပါ၊

ဒါတွေကို အရမ်းရိုးသားတဲ့ လူထုက စစ်အစိုးရက ဒီလိုဖြစ်လာအောင် နောက်ကွယ်က လုပ်နေတယ်ဆိုတာ သိမယ်မဟုတ်ပါဘူး၊
သာသနာတော် သန့်ရှင်းချင်ရင် မသန့်ရှင်းတဲ့ စစ်အုပ်ချုပ်ရေး ယန္တယားကို အဆုံးသတ်မှ ဖြစ်မှာပါ၊ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အာဏာမြဲရေးအတွက် သာသနာကို အသုံးချနေလို့ပါပဲ၊ ဒါတွေကို ပြောမယ်ဆိုရင် ရှည်နေမယ်၊ ဘုန်းဘုန်းပြောချင်တာက အနုပညာသမားတွေပါ၊ အနုပညာသမားရဲ့ ဂုဏ်သိက္ခာနှင့် တန်ဘိုးဆိုတာ ရှိပါတယ်၊၊ ဒါရိုက်တာ ဦးသုခရိုက်တဲ့ တပါးသီလ ဇတ်လမ်းမျိုးဟာ မြန်မာပြည်နှင့်တကွ နိုင်ငံခြားရောက် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာများအားလုံးရဲ့ စိတ်မှာ တပါးသီလ ဆောက်တည်ရုံနှင့် ဒီလောက် ဘ၀မှာအေးချမ်းရင် ငါးပါးစလုံးသာ ဆောက်တည်ရင် ဘယ်လောက်ထိ ဘ၀တွေမှာ ငြိမ်းချမ်းမလဲဆိုတဲ့ အသိဥာဏ်များ ရပြီး ဇတ်ကားကြည့်တဲ့ အကျိုးက အနှစ်ချုပ်လိုက်တော့ သူတော်ကောင်းဖြစ်သွားတယ်၊၊

အနုပညာသမားဆိုတာ လူထုကို လေးစားရတယ်၊ မှန်ကန်တဲ့ အသိတွေပေးရတယ် တပြိုင်တည်းမှာပင် မှားတဲ့ အရာတွေကို ရှောင်ရတယ်၊ မင်းမော်ကွန်းနှင့် အပေါင်းပါတွေက အခုလို ကြည်ညိုဖွယ် မဖြစ်တဲ့ သရုပ်ပျက် စရိုက်မျိုးကို လုပ်ခြင်းအားဖြင့် သူရဲ့ တန်ဘိုးဘာမှမရှိတော့ပါဘူး၊ သူရဲ့အဖေ ဇင်ဝိုင်းမှာလည်း တာဝန်ရှိတယ် သားသမီးမကောင်းတော့ မိဘခေါင်းဆိုသလို၊ သူတို့အုပ်စုကို သင်္ကန်းဝတ်ပေးတဲ့ ဘုန်းကြီးနှင့် ကျောင်းတိုက်ကလည်း တော်တော် အသုံးမကျဘဲ ညံ့ဖျင်းတယ်၊ ၀တ်ပေးတဲ့ ဘုန်းကြီးက ဒါတွေအခုလို သရုပ်ပျက် ဖြစ်ခဲ့တာကို သိချင်မှ သိမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သာသနာတော်မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စဆိုတာ အသိဥာဏ်ရှိတဲ့ လူတိုင်း နားလည်သဘောပေါက်မှာပါ၊ လူထုကို အသိဥာဏ်ပေး ဇာတ်ကားရိုက်နေတဲ့ မင်းမော်ကွန်းဟာ ဘယ်လို လူမျိုးလည်းဆိုတာ သူရဲ့ လုပ်ရပ်က သက်သေပြနေပါတယ်၊ စလေ ဦးပုည ပြောသလို ယခုခါမှု၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊လူလည်းမရှား၊ သို့ပါလျက်သားနှင့်မှု အမိုက်တကာဗိုလ်မင်း၊ အဖျင်းတကာ့ ဗိုလ်ချုပ်၊ အပါယ်လေးဆီ၊ မြစ်နဒီတွင်၊ ပလုံမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ဆိုသလို လူဘ၀ခေတ္တရောက်နေချိန်မှာ လူယုတ်ကြီးတွေ မဖြစ်ရအောင် နေရမယ်၊ မိမိသူတပါး နှစ်ဦးသားစလုံး အကုသိုလ်တွေမဖြစ်စေပဲ ကုသိုလ်တွေသာ ဖြစ်ရန် နေထိုင်ကျင့်သုံးရန် အထူးလိုပါတယ်၊၊ အနုပညာသမားတိုင်းဟာ ကိုယ့်ကောင်းသလို ကိုယ့်လို ဘ၀တူသမား အနုပညာသမားများကိုယ်လည်း ထိန်းသိမ်းပေးရမယ်၊ အနုပညာသမား အမှားတခုဟာ သာမာန်မဟုတ် မှတ်တမ်းဗီဒီယိုရိုက်ထားသည်မို့ သက်သေတခုဖြစ်နေပါတယ်၊ အဲဒီအမှားတွေကို ပြည်သူတွေက အပြစ်ပေးလို့ ရလာသည့် အချိန်ဆိုတာ ရှိလာမှာပါ၊ ဒါဟာ အမှန်တရားပါ၊ ဘုန်းဘုန်းတို့ အမှတ်တမဲ့ မနေပါဘူး သာသနာတော်ကို ဘယ်သူတွေ ဆေးဆိုးပန်းရိုက်လုပ်၊ဆော်ကားနေတယ်ဆိုတာ မှတ်တမ်းတင်နေပါတယ်၊၊

မင်းမော်ကွန်းအနေနဲ့ အခုလိုမျိုး အမှားတွေကို ဆက်လက်မလုပ်မိရန် သတိထားစေချင်တယ်၊ အနုပညာ သမားသိုင်းအ၀ိုင်းကလည်း ကိုယ့်လူထဲက မသင့်တော်တဲ့
အပြုအမှုတွေကို လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်စေချင်တယ်၊ မဟုတ်တာတွေလုပ်ပြီး ဖုံးကွယ်တယ်ဆိုတာ ရေရှည်မရပါဘူး အင်တာနက်ပေါ်မှာ ပေါ်ထွက်လာမှာပါ၊ တတိုင်းပြည်လုံးက အလေးမြတ်ပြုနေသည့် သာသနာတော်ကို ဆော်ကားရင် ဆော်ကားသူကို သံဃာထုအနေဖြင့် အရေးယူရမှာပါ၊ မင်းမော်ကွန်းဇတ်ကားတိုင်းကို တိုင်းနှင့်ပြည်နယ် (၁၄)ခုစလုံး လက်မခံပဲ သံဃာထုနှင့် လူထုက သပိတ်မှောက်မှုတွေ လုပ်သွားရပါလိမ့်မယ်၊ အမှားတခုကို ကျူးလွန်ပြီးရင် တောင်းပန်ဝန်ချရပါတယ်၊ ဒါကြောင့် မင်းမော်ကွန်းနှင့် အပေါင်းအဖော်အားလုံးက ပြည်တွင်း ပြည်ပဆရာတော်များနှင့် သာသနာကို မြတ်နိုးကြသော ပြည်သူလူထုကို ကျေနှပ်အောင် ပြန်လုပ်ပေးရပါမယ်၊ မလုပ်ရင်တော့ ဒီလို သာသနာတော်ကို ဆော်ကားတဲ့ မှတ်တမ်းဟာ ဆက်လက်တည်ရှိနေမှာပါ၊၊


အရှင်စန္ဒောဘာသာစာရ

ashincandobhasacara@gmail.com
ဖုံး ( 502) 749- 8066
အမေရိက

မေးလ်ထဲက ရလို့ Forward လုပ်တာပါ။
နောက်ဆက်တွဲ အနေနဲ့ နာမည်တစ်ချို့ကိုသိရပါတယ်.။

ငမိုက်သားတွေထဲကအချို့ကတော့ ပြည့်စုံ၊ ဖျာကြီး (ခ)မြင့်သိန်း၊ မိုးကျော်ကျော်၊ ၀ဏ္ဏခွာနီး၊ မင်းမော်ကွန်း၊ ဗန်ဒိန်း၊ တရုတ်ကြီး ၊ သူရ လို့သိရပါတယ်။

Read More ->>

ရပ်ကွက်ထဲမှာဗျာ

ဒီခေါင်းစဉ်လေးကိုကြည့်ပြီးတော့ ကြည်နူးစရာဇာတ်လမ်းလို့တော့ မထင်လိုက်ပါနဲ့။ တကယ့်ကို ရင်နင့်စရာဇာတ်လမ်းလေးတစ်ပုဒ်ပါ။

ကိုယ်ဒီဇာတ်လမ်းလေးကို ကောင်လေးဘက်က ခံစားပြီးရေးထားတာပါ။

ဇာတ်လမ်းစပြီနော်။

ကျွန်တော့် နာမည်အပြည့်အစုံက ဇော်ရဲနိုင်ပါ။ ကျွန်တော့ မှာ အစ်မ နှစ်ယောက် နဲ့ ဆွေဆွေ ဆိုတဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။ ကျွန်တော့မိဘ တွေက ကျွန်တော်တို့မောင်နှမတွေ ငယ်ငယ်လေးကတည်းက ကွဲသွားပါတယ်။ကျွန်တော်တို့ကတော့ မေမေဘက် လိုက်ခဲ့ကြပါတယ်။ ကျွန်တော်မေမေ ကရှေ့နေပါ။ မေမေက ပြောပါတယ်။ ကျွန်တော်မေမေ နဲ့ဖေဖေ ကွဲပြီးနှစ်နှစ်လောက်ကြာတော့ ကျွန်တော်ဖေဖေ နောက်မိန်းမယူသွားပြီတဲ့။ ကျွန်တော့်မေမေ ကို ကျွန်တော်အရမ်းသနားပါတယ်။ ကျွန်တော်တို့မောင်နှမ လေးယောက်လုံးကို လူတန်းစေ့အောင် မတောင့်မတ မကြောင့်မကြနေနိုင်အောင် ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မောင်နှမ တွေအားလုံးမှာ ကျွန်တော်မမအကြီးဆုံးက လွဲလို့ ကျန်တဲ့ သူတွေဟာ တစ်ယောက်တစ်မျိုးမရိုးနိုင်အောင်ဆိုးခဲ့ကြပါတယ်။ ကျွန်တော် ၈ တန်းနှစ်ရောက်တော့ ကျွန်တော် အမအလတ်က ယောကျာ်းနောက် လိုက်ပြေးပါတယ်။ ကျွန်တော် ကတော့ ၉ တန်းမှာ ပြဿနာ စရှာတော့တာဘဲ။ ကျွန်တော်မှာ ၈ တန်းကတည်းက ကြိုက်လာတဲ့ လုလု ဆိုတဲ့ ရည်းစားလေးတစ်ယောက်ရှိပါတယ်။ လုလုတို့ ကကိုယ်တို့ထက်စာရင်တော်တော်ပိုက်ဆံရှိပါတယ်။ လုလုက ကျွန်တော့်ကို အရမ်းချစ်ပါတယ်။ ၉ တန်းရောက်တော့ ကျွန်တော် ဆေးလိပ်တွေဘာတွေ စသောက်တက်နေပြီ။ ကလပ်တွေ သွားတတ်နေပြီလေ။ အပေါင်းအသင်းကလည်း စုံလာပြီလေ။ ကလပ်သွားရင်းနဲ့ ခင်လာတဲ့သူငယ်ချင်းတွေတောင် ရှိနေပြီလေ။ ကိုကျော် ရယ် နော်နော် ရယ် ကိုထွဋ်ကြီး ရယ်သုံးယောက်နဲ့ ကျွန်တော် ခင်လာခဲ့တယ်။ သူတို့သုံးယောက် ကနည်းနည်းအကောင်းကြီးကြီးရဲ့သားတွေပေါ့နော်။ ကားတွေဘာတွေကိုယ်တိုင်မောင်းပြီး ကလပ်လာကြတယ်ဆိုပါတော့။ ကျွန်တော်တို့အိမ်မှာလည်း စလွန်းကားလေးတစ်စီးရှိပါတယ်။
ဒါပေမယ့် ကျွန်တော့်မေမေ က ကျွန်တော့ကို ငယ်သေးလို့ဆိုပြီးပေးမမောင်းဘူး။ ကျွန်တော်က ကိုကျော် တို့ကိုအားကျမိတော့တာပေါ့။

ဒီနေ့ဟာ ကျွန်တော့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲမယ့်နေ့ပါဘဲ။ ကျောင်းဆင်းတဲ့ ညနေခင်းတစ်ခုမှာပေါ့။ ကျွန်တော်ကအဖြူအစိမ်းနဲ့ ။ လုလုကလည်းအဖြူအစိမ်းနဲ့။ ကိုထွဋ်ကြီးက ကျွန်တော့်ကို ကားနဲ့ လာခေါ်တယ်။ ကလပ်သွားမယ်ပေါ့။ ကျွန်တော်လည်း အိမ်ပြန် အ၀တ်အစားလဲပြီး မှလိုက်မယ်ပေါ့။ ဒါနဲ့ ကိုထွဋ်ုကြီးက ကျွန်တော့်ကို ည ၇ နာရီလောက် အိမ်အောက်ကိုလာခေါ်တယ်။ ကျွန်တော်လည်းလိုက်လာပြီး လုလုကို ၀င်ခေါ်ဖို့ လသာ လမ်းကို ကိုထွဋ်ကြီးကိုမောင်းခိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့တွေ ကလပ်သွားကြတယ်ဆိုပါတော့ဗျာ။ အပြန်ကျတော့ ကိုကျော် ကရှေ့မှာထိုင်တယ်။ ကျွန်တော် ရယ် လုလုရယ် နော်နော်ရယ်က ကားနောက်ခန်းမှာ ပေါ့။ ကျွန်တော်အရမ်းမူးနေပါပြီ။ လုလု လည်းနည်းနည်း သောက်ထားပါတယ်။ ဒါပေမယ့်အသိတော့မလွတ်သေးပါဘူး။ သူတို့တွေရက်စက်တယ်ဗျာ။မင်္ဂလာဈေးနားမှာ ကားရပ်ပြီး လုလု ကို စိတ်ကြွ ဆေးပြားတွေ တိုက်နေကြတယ်။ ကျွန်တော်သူ့တို့ကိုတားပါတယ်။ သူတို့က သုံးယောက်၊ကျွန်တော်က တစ်ယောက်တည်း။ကိုထွဋ်ကြီး နဲ့ ကိုကျော်တို့က ကျွန်တော်ကိုချုပ်ထားပါတယ်။ နော်နော်က လုလု ကိုပါးစပ်ထဲ အတင်းဆေးပြားတွေ ထိုးထည့်နေပါတယ်။ ပြီးတော့ဗျာ သူတို့လုလုကို တစ်ယောက်တစ်လှည့်စီ မုဒိန်းကျင့်ကြပါတယ်။ လုလုခမျာမှာ မျော့မျော့ဘဲကျန်ပါတော့တယ်။

ပြီးတော့ လုလုနေတဲ့ လသာလမ်းကိုမောင်းပြီး လုလု ရဲ့အိမ်ရှေ့မှာ လုလုကို ကားပေါ်ကနေ တွန်းချခဲ့ပါတယ။် လုလုတို့ဖေဖေထွက်လာပြီး လုလုကိုမပြီး ညတွင်းချင်းဘဲဆေးရုံတင်လိုက် ပါတယ်။ ကျွန်တော်လာခေါ်သွားတာ သိတဲ့ သူ့မေမေက မနက်ရောက်တော့ ကျွန်တော့်ကို မုဒိန်းမှုနဲ့ ရဲစခန်းမှာ တရားစွဲထားပါတယ်။ ပထမဆုံး အထက်တန်းကျောင်းသား မုဒိန်းကောင်အဖြစ် ကျွန်တော် မှုခင်းဂျာနယ်တွေထဲမှာ ပါခဲ့ပါတယ်။ ကျွန်တော်ကို ကျောင်းထုတ်ခဲ့ပါတယ်။ လုလုကတော့ ရှက်လို့ ကျောင်းကထွက်သွားပါတယ်။ ကျွန်တော်အချုပ်ထဲမှာ သုံးလလောက်နေရပါတယ်။ ကိုကျော်တို့ နော်နော်တို့ ကိုထွဋ်ကြီးတို့ က အကောင်းကြီးကြီးရဲ့သားတွေဆိုတော့ သူတို့ကအထဲမှာမနေရပါဘူး။ ကျွန်တော်ဘဲ နေရပါတယ်။ ဒါပေမယ့် ကျွန်တော့်မေမေကရှေ့နေဆိုတော့ လုလုနဲ့ ကျွန်တော်နဲ့ကို ပေးစားမယ်ဆိုပြီး လုလုတို့ဘက်ကို အမှုပိတ်ခိုင်းလိုက်ပါတယ်။ ကျွန်တော်လည်း လုလု ဘာဖြစ်ဖြစ်ယူမယ်ဆိုပြီး ပျော်နေခဲ့ပါတယ်။ ဒါပေမယ့်မေမေ ကကျွန်တော့်ကို လုလုကို အိမ်တစ်ဆောင်မီးတစ်ပြောင်ထားနိုင်အောင် နိုင်ငံခြား မှာ အလုပ်သွားလုပ်ခိုင်းပါတယ။် ကျွန်တော့်နိုင်ငံခြားမှာ ရှိနေစဉ်မှာ မေမေကလုလုနဲ့ ကိစ္စကို ဖျတ်သိမ်းခဲ့ပါတယ်။ အဲဒါတွေ ကျွန်တော်ပြန်လာမှသိတာပါ။ လုလုကို လသာလမ်းမှာ သွားရှာတော့လည်းမတွေ့ ဘူး။

ကျွန်တော်စိတ်တွေ တော်တော်လေခဲ့ပါတယ်။ ဒါနဲ့ ဘဲကျွန်တော် နံပါတ်ဖိုး သုံးဖြစ်တယ်ဆိုပါတော့။ရန်ကင်းမှာ က နံပါတ်ဖိုးက အရမ်းပေါတယ်။ ဘယ်ကနေ ဘယ်လိုရကြလည်းတော့မသိဘူး။ ရန်ကင်းက အလုပ်မရှိ အကိုင်မရှိ တဲ့ လူငယ်တော်တော်များ များဟာ နံပါတ်ဖိုး သုံးကြပါတယ်။ အဲဒီလိုနဲ့ ရန်ကင်းမှာ ကျွန်တော်လေနေတုန်း ကျွန်တော်တို့အိမ်ရှေ့ကိုပြောင်းလာတဲ့ မမကြီးတစ်ယောက်နဲ့ ကျွန်တော် ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ ဒီမမကြီးကလည်း ဖိုးသုံးတယ်လေ။ ဒီမမကြီးက ပိုက်ဆံရှိတော့ ကျွန်တော်လည်း သူ့ဘက်ကို ယိုင်မိတာပေါ့။နောက်သူ့အိမ်သွားရင် ကျွန်တော်ညီမလေးကို ပါကျွန်တော်ခေါ်ခေါ်သွားမိတယ်။ အဲဒီမှာတင် ကျွန်တော့်ညီမလေး ဆွေဆွေပါ ပျက်စီးခြင်းလမ်းစရောက်တော့တာဘဲ။ ဆွေဆွေ့ကို မမကြီးက ဖိုးရှူနည်းတွေ သင်ပေးပြီး ဆွေဆွေရှူဖို့အတွက် ဖိုးဖိုးပါ သူကပေးတော့ စွဲပြီလေ ဆွေဆွေလည်း။

ကျွန်တော်တို့ အဲဒီလိုဖိုးရှူ နေတဲ့ အချိန်မှာ ကျွန်တော်အစ်မလတ်က သူယောကျာ်းနဲ့ကွဲပြီး ကလေးတစ်ယောက်အဖတ်တင်နေခဲ့တယ်။ တစ်ရက်ကျွန်တော့် ကိုဘယ်သူကလက်တို့လိုက်လည်းမသိဘူး ။သက်ဆိုင်ရာက လာဖမ်းတယ်။ နံပါတ်ဖိုးမှုဆိုတော့ ကျွန်တော့်မေမေလည်း ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ကျွန်တော် အထဲမှာ သုံးနှစ်လောက်နေရတယ်။ ကျွန်တော်အထဲမှာ နေနေတုန်း ဆွေဆွေ ကနံပါတ်ဖိုးသမား တစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ်။ ကျွန်တော့် အမလတ်က နောက်ယောကျာ်း တစ်ယောက်ယူလိုက်တယ် လို့သိရပါတယ်။ ကျွန်တော့် အမေနဲ့ ကျွန်တော်အမကြီးကတော့ ဒီအတိုင်းပါဘဲ။ ကျွန်တော့် အမကြီးက အရမ်းအေးပါတယ်။ ကျွန်တော်တို့ အငယ်သုံးယောက်နဲ့ တစ်ခြားစီပါဘဲ။ သူ့ခမျာ မောင်တွေ ညီမတွေကြောင့် ပတ်ဝန်းကျင်မှာ အရှက်ရခဲ့ရပေါင်းလည်းများပါပြီ။
ကျွန်တော် ဒီကလွတ်ရင်တော့ လိမ္မာတော့မယ် လို့ အထဲမှာ သံန္ဒိဌာန် ချလိုက်ပါတယ်။

ဒါဟာ ကိုယ့် တို့ရပ်ကွက်ထဲက တကယ့်ဖြစ်ရပ်မှန်လေးပါ။
ဇော်ရဲနိုင်လည်း လွတ်လာပြီး သူ့အမေအတွက်တော်တော် လေးအားကိုးရမယ့်သားတစ်ယောက်ဖြစ်လို့လာခဲ့ပါပြီ။
အမည် တွေကိုတော့ပြောင်းလဲရေးသားထားပါတယ်ရှင်။

Read More ->>

THE HOLIDAY

theholidayposter

အင်္ဂလန်နိုင်ငံ နှင်းတွေဖုံးလွှမ်းနေတဲ တောင်ကုန်းလေးပေါ်က ချစ်စရာကောင်းတဲ့ အိမ်လေးတစ်အိမ်မှာ Iris Simpkins ဆိုတဲ့ အမျိုးသမီးတစ်ယောက်နေထိုင်ပါတယ်။ သူမဟာ သတင်းစာမှာ မင်္ဂလာဆောင်တဲ့သတင်း အမျိုးအစားကို ရေးသားရတဲ့သူပါ။သူမမှာ သူမသိပ်ချစ်ရတဲ့ သူမရဲ့လုပ်ဖော်ကိုင်ဖက် ချစ်သူတစ်ယောက်ရှိပါတယ်။Iris ရဲ့ရည်းစာဟာ Iris သူ့အပေါ်မှာထားတဲ့ အချစ်ကို အခွင့်ကောင်းယူပြီး သူ့ကို လိုရင်ခေါ်သုံးပြီး တကယ့်တမ်းကျတော့ တစ်ခြားသူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စေ့စပ် သွားခဲ့ပါတယ်။ အဲဒီအတွက် Iris ကအရမ်းကိုခံစားခဲ့ရပါတယ်။ဒါပေမယ့် သူ့ရဲ့ရည်းစားကိုတော့ မေ့ပျောက်လို့ မရနိုင်ဖြစ်ခဲ့ပါတယ်။ဒါကြောင့် သူဟာစိတ်ပြေလက်ပျောက် ခရီးထွက်ချင်နေခဲ့မိပါတယ်။

အမေရိကန်နိုင်ငံ Los Angeles မှာ တကယ့်ကိုအဆင့်အတန်းမြင့်မားတဲ့ တိုက်တစ်လုံးမှာကျတော့ Amenda လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နေထိုင်ပါတယ်။ သူမဟာလည်း သူရဲ့ ရည်းစာကို သူမအပေါ် လိမ်ညာလို့ လမ်းခွဲထားတဲ့သူပါ။သူမဟာလည်းခရီးတစ်ခု ထွက်ချင်တာနဲ့ အင်တာနက်ပေါ်မှာ လိုက်ရှာရင်းနဲ့ အိမ်ကို နှစ်ပတ်တာ လည်ပြီးနေဖို့ကြော်ငြာထားတဲ့ Iris ရဲ့ကြော်ငြာကိုတွြေ့ပီး

စိတ်ဝင်စားပြီး အိမ်လည်ဖို့ဆုံးဖြတ်ပြီး Iris ဆီကို အီးမေးလ်နဲ့ဆက်သွယ်ပြီး အိမ်လဲလှယ်လိုက် ကြပါတော့တယ်။

အင်္ဂလန်ရောက်သွားတဲ့ Amenda က Iris ရဲ့ အစ်ကိုတစ်ဝမ်းကွဲ မုဆိုးဖိုနဲ့တွေ့ပြီး အချစ်စစ်ကိုတွေ့ ခဲ့သလို အမေရိကားရောက်သွားတဲ့ Iris ကလည်း Amenda ရဲ့မိတ်ဆွေတစ် ယောက်နဲ့တွေ့တော့မှ အချစ်စစ်ကိုတွေ့ခဲ့ တာကို ရိုက်ပြသွားတာပါ။တော်တော်လေး ရိုမန်တစ်ဖြစ်ပြီး ကြည့်လို့ကောင်းပါတယ်။

Iris အဖြစ် Titanic မင်းသမီးချောလေး Kate Winslet ကသရုပ်ဆောင် ထားပြီး Amenda အဖြစ် Cameron Diaz ကသရုပ်ဆောင်ထားပါတယ်။ ကိုယ်အဲဒီမှာ အကြိုက်ဆုံးကတော့ Iris ရဲ့အစ်ကို တစ်ဝမ်းကွဲအဖြစ်သရုပ်ဆောင်ထားတဲ့ Jude Law ပါဘဲ။ နောက် Jack Black ကတော့ Amenda ရဲ့ မိတ်ဆွေအဖြစ်သရုပ်ဆောင်ထားပါတယ်။

ကြည့်ချင်ရင်တော့ http://www.ppstream.com ကိုသွားပြီး PPStream Software ကို download ပါ။

ပြီးတာနဲ့ High Resolution ထဲမှာ ဆိုကြည့်လို့ရပါပြီ။ PPStream အကြောင်း အသေးစိတ်သိချင်ရင် myatmhanlay@gmail.com ကို invite လုပ်ပြီး မေးမြန်းနိုင်ပါတယ်။(ကြော်ငြာဝင်ခြင်းဖြစ်ပါတယ် ဟီး၂)

ပုံကို http://chameleon-interiors.blogspot.com က ယူထားပါတယ်ရှင်။

Read More ->>

အကြီးဆုံးကြယ်များ ကြွေခဲ့တဲ့နေ့




လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ့်နှစ်နှစ် မနက် ၁၀း၄၅ အချိန်မှာ မြန်မာပြည်သူ့လူထုအား လုံးအတွက် ဘယ်လိုမှပြန်လည်အစားထိုးလို့ မရတော့တဲ့ နိုင်ငံအာဇာနည်များ နိုင်ငံကြယ်ပွင့်
၉ လုံးတစ်ပြိုင်နက်ကြွေကျခဲ့ရပါတယ်။ အရမ်းဝမ်းနည်းစရာ ကောင်းတဲ့ဖြစ်ရပ်တစ်ခုပါ။ ကိုယ့်နိုင်ငံ လူမျိုးတစ်မျိုးလုံးကို နယ်ချဲ့ဗြိတိသျှတွေလက်ထဲက လွတ်အောင်ရုန်းပေးခဲ့တဲ့ သူတွေကိုမှ ကိုယ့်လူမျိုးထဲကပဲ ပြန်သတ်လိုက်တာ။ဘယ်လိုစိတ်ဓါတ်တွေလည်း။မမေ့ပါဘူး။ တစ်သက်လုံးဘယ်တော့မှ မမေ့ပါဘူး။ ဘယ်လိုဘဲမေ့ပျောက်အောင် လုပ်လုပ် အရိုးထဲထိစွဲနေမှာပါ။

အောက်မှာ အာဇာနည် တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအကျဉ်းကို ရှာဖွေရသလောက် အလွမ်းပြေတင်ထားပါတယ်။

-ဗိုလ်ချုပ်အောင်ဆန်း
ရှေ့နေ ဦးဖာ နှင့် ဒေါ်စု တို့ က ၁၉၁၅ ခုနှစ်ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာဖွားမြင်ခဲ့ကြပါတယ်။
လွတ်လပ်ရေးကို နေမ၀င်အင်ပါယာကနေ ရအောင်ယူပေးခဲ့တဲ့သူပါ။ မြန်မာပြည်အတွက် ဒီမိုကရေစီ မျှော်လင့်ချက် သန်းစေအောင် သမီးတစ်ယောက်မွေးထုတ်ပေးခဲ့ပါတယ်။
မြန်မာတွေအတွက်အသက်ပေးခဲ့တဲ့ ဗိုလ်ချုပ် ကောင်းရာသုဂတိလားပါစေ.။

- ဦးဘ၀င်း
ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို အကြီးဆုံးဖြစ်ပြီး ၁၀ ရက် ဇွန် လ ၁၉၀၁ ခုနှစ်မှာ ရှေ့နေ ဦးဖာ နှင့် ဒေါ်စု တို့ က ဖွားမြင်ခဲ့ကြပါတယ်။ ငယ်နာမည်မှာ မောင်ဆန်းတင် ဖြစ်ပါတယ်။သူသည်ဆရာကြီးဦးဝကြီးကျောင်းတွင် သတ္တမတန်းအထိ ပညာဆည်းပူးခဲ့ပါတယ်။ဘီအက်စ်စီ ဘွဲ့ကိုရန်ကုန်တက္ကသိုလ်ကနေရရှိခဲ့ပါတယ်။သူသည် တောင်တွင်းကြီး အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာလုပ်နေစဉ်မှာဘဲ ၁၉၃၆ တွင် မြေပိုင်ရှင် ဦးအံ နှင့် ဒေါ်ရွှေမေတို့ဧ။်သမီးဖြစ်သူ ဒေါ်ခင်စောနှင့်အကြောင်းပါခဲ့ပါသည်။ဖြူးမြို့နယ် အမျိုးသားကျောင်းတွင် ၁၉၄၁ နှင့် ၁၉၄၂ တွင်ကျောင်းအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးအဖြစ်တာဝန် ထမ်းဆောင်ရင်း မြန်မာတွေအတွက်အသက်ပေးခဲ့တဲ့ ဦးဘ၀င်း ကောင်းရာသုဂတိလားပါစေ.။


-မန်းဘခိုင်
ကရင်အမျိုးသားကိုယ်စားလှယ် ပါ။ တိုင်းရင်းသားညီညွတ်မှုကို အသက်နဲ့ရင်းကာပြသခဲ့သူဖြစ်ပါတယ်။ကောင်းရာသုဂတိလားပါစေ။

-ဒီးဒုတ်ဦးဘချို
အာဇာနည်တစ်ဦးပါဘဲ။သူတင်မဟုတ် သူဇနီးက ဒေါ်လှမေ ကလည်းဗမာ့ အမျိုးသမီးလွတ်လပ်ရေး အဖွဲ့အစည်းကို ၁၉၃၆ ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ ဦးဘချိုကောင်းရာသုဂတိ လားပါစေ။

-ဦးရာဇတ် (ခ) Abdul Razak
၁၈၉၈ ဇန်န၀ါရီလ ၂၀ ရက်မှာ မိထ္ထိလာ မှာဖွားမြင်ခဲ့ပါတယ်။ မန္တလေး Wesleyan ကျောင်းမှာပညာဆည်းပူးခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဘွဲ့ရရှိခဲ့ပါတယ်။ ၁၉၂၀ တွင် ဗြိတိသျှကျွန်ပညာရေးစနစ်ကို တွန်းလှန်တဲ့ ကျောင်းသားလှုပ်ရှားမှုမှာ ခေါင်းဆောင်တစ်ယောက်အဖြစ်ပါဝင်လှုပ်ရှားခဲ့ပါတယ်။၁၉၂၁ မှာ မန္တလေးအမျိုးသားကျောင်း တွင်ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူသည် ပညာရေးဝန်ကြီးအဖြစ်တာဝန် ထမ်းဆောင်ရင်းနဲ့ အသက်ပေးခဲ့ရပါတယ်။ ဦးရာဇတိကောင်းရာသုဂတိ လားပါစေ။

-မိုင်ပွန်စော်ဘွားစ၀်စံထွန်း ကောင်းရာသုဂတိလားပါစေ။

-သခင်မြ ကောင်းရာသုဂတိ လားပါစေ။

-ဦးအုန်းမောင် ကောင်းရာသုဂတိ လားပါစေ။

-ရဲဘော်ကိုထွေး (ဦးရာဇတ်ရဲ့ သက်တော်စောင့်) ကောင်းရာသုဂတိ လားပါစေ။

အာဇာနည်ကြီးမျာနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်များကိုဦးညွတ်လျှက်.





အသေးစိတ် သိချင်ရင်တော့ မမသီရိ ကို သွားကြည့်လို့ရပါတယ်။
အပေါ်ဆုံးက ပုံကို ကြယ်ကလေး ကယူထားတာပါ။
အောက်ဆုံးက ပုံကို ဒီက ယူထားတာပါ.။
Read More ->>