သွေးအမျိုးအစားအလိုက် စားသင့် ရှောင်သင့်သော အစားအစာများ အပိုင်း (၁)

၁. O သွေးအမျိုးအစား

O သွေးဟာ အစာကိုလွယ်လွယ်ကူကူလုံလုံလောက်လောက် ချက်ပေးနိုင်တယ်၊

ဘာကြောင့်လဲဆိုတော့ O သွေးမှာStomach-acid ပါဝင်မှုများလို့ ဖြစ်တယ်။

O သွေးပိုင်ရှင်တွေဟာ အဆီနည်းသောအစားအစာ၊ဓါတုပစ္စည်းမပါဝင်တဲ့

အသား၊ ဥစားကြက်ဘဲ နှင့် ငါးတို့ကို စားသုံးသင့်ပါတယ်။

နို့နှင့်ပြုလုပ်သော အစားအစာများနှင့်ဂျုံ၊စပါးတို့နှင့် ပြုလုပ်သော

အစားအစာတွေကို လုံးဝမစားသုံးသင့်ပါဘူး။

အသေးစိတ် ကြည့်ချင်ရင်တော့အောက်ပါဇယားမှာ ကြည့်နိုင်ပါတယ်။


မှတ်ချက်

အစားသင့်ဆုံး

စားနိုင်သော


မစားသင့်သော



ပရိုတိန်း

အလုပ်ထဲမှာ စိတ်ဖိစီးမှုများလေ ပရိုးတိန်းဓါတ်ပါသော အစားအစာ များကို များများစားသင့်လေ ပါဘဲ။

အမဲသား၊ သိုးသား၊ ဆိတ်သား၊ နွားကလေးသား၊ သမင် ဒရယ် ချေငယ် စိုင် ဆတ်သား




O ဟာအသားဓါတ် ကို လွယ်လွယ်ကူကူ လုံလုံလောက်လောက် ချက်ပေးနိုင်တယ်၊

မစားသင့်သောထဲမှာ ပါတဲ့ အသားတွေက လွဲလို့ ကျန်တာ စားနိုင်ပါတယ်။


ဝက်သား ဆား

နယ်ခြောက်၊ ၀က်ပေါင်

ခြောက်၊ ငန်း၊ ၀က်သား



ငါးဟာ O သွေး ပိုင်ရှင် တွေ အတွက် အကောင်းဆုံး အစာဖြစ်တယ်။ ပင်လယ်စာတော်တော်

များများ ဟာ လည်ပင်းကြီး ရောဂါကို ကာကွယ် ပေးတဲ့ အိုင်အိုဒင်း ဓါတ်ကို ထုတ်ပေးတဲ့ အရင်းအမြစ်ဖြစ်တယ်

ပင်လယ်ငါးကြီး၊ ငါးသလောက်၊ မက်ကရယ်ငါး၊

မစားသင့်သောထဲမှာ ပါတဲ့ ငါးတွေက လွဲလို့ ကျန်တာ စားနိုင်ပါတယ်။


ငါးလွန်း၊ ငါးခူ၊

Salmon ငါး၊ ငါးဥဆားနယ်၊ ရေဘ၀ဲ၊ ခရုကြီးတစ်မျိုး



နို့ထွက်ပစ္စည်း

O သွေးပိုင်ရှင်များဟာ ဥနှင့် နို့ထွက်ပစ္စည်း

များ ကို လုံးဝလုံးဝ မစားသင့်ပါဘူး။

ထောပတ်၊ သိုးနို့ ဒိန်ခဲဖြူ၊ ဆိတ်နို့ ဒိန်ခဲ၊


အခြား နို့ထွက်ပစ္စည်း

များနှင့် ဒိန်ချဉ်



အဆီဓါတ်

O သွေးဟာ အဆီဓါတ်ကို တိုးစေပါတယ်။

သံလွင်ဆီ၊ နှမ်းကြတ်ဆီ

နှမ်းဆီ


ပြောင်းဖူးဆီ၊မြေပဲဆီ၊ နေကြာဆီ



Nuts

အဆီဓါတ်ကို တိုးစေပါတယ်။

ဖရုံစေ့၊

သစ်ကြားသီး

မစားသင့်သောထဲမှာ ပါတာတွေက လွဲလို့ ကျန်တာ စားနိုင်ပါတယ်။


သီဟိုဠ်စေ့၊ မြေပဲ၊ ဘိန်းစေ့



အသီးအရွက်များ

အသီးအရွက် များသည် လည်ပင်းကြီးရောဂါကိုဟန့်တားစေသည်။


ဂေါ်ဖီထုပ်၊ မုန်လာပန်းပွင့်

မုန်းညင်းစိမ်း



သွေးကို ပျစ်စေသည်။ ဗီတာမင် ကေ ကိုထုတ်ပေးသည့် အသီးအရွက်များ

မုန်လာပန်းပွင့်စိမ်း၊ ကိုက်လန်၊ဆလတ်ရွက်၊ဒေါက်ခွ




အဆစ်ရောင်နာ ရောဂါဖြစ်စေသော အသီးအရွက်များ


ခရမ်းသီး၊ အာလူး



အ၀လွန်ရောဂါ ၊ ဆီးချိုရောဂါ

ဖြစ်စေသော အသီးအရွက်များ


ပြောင်းဖူး



ခရမ်းချဉ်သီး




ပဲပိုးတီ၊ ချီကိုရီ၊ ဒုဓလီ၊ ကြက်သွန် ဖြူ၊ ဒန့်သလွန်၊ ကိုက်လန်၊ ရုံပတီသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ ရွက်စားမုန်လာ၊ အာလူးချို၊ ဖရုံသီး၊ ရေညှိ၊ တရုတ်မုန်လာ

မစားသင့်သောထဲမှာ ပါတာတွေက လွဲလို့ ကျန်တာ စားနိုင်ပါတယ်။


ထောပတ်သီး



အသီးအနှံများ

ဇီးသီး၊ မက်ခေါက်သီး၊ သဖန်းသီး၊ ကတွတ်သီး




၎င်းအသီးများသည်အစာခြေသော အက်ဆစ်များကို

လျော့နည်းစေသည်

Grapefruit, most berries


လိမ္မော်သီး၊ စတော်ဘယ်ရီ၊ သပျစ်သီး၊ ပီတမုန်လာ်



O သွေးပိုင်ရှင်များသည် ၄င်းအသီးများကို လုံးဝ ရှောင်ကြဉ်သင့်ပါသည်


အုန်းသီး နှင့်

အုန်းပါသောအစားအသောက်များ



ဟင်းခတ်အမွှေးအကြိုင်

လည်ပင်းကြီး ရောဂါကို ကာကွယ် ပေးရန် အိုင်အိုဒင်း ဓါတ်သည် အဓိက အရင်းအမြစ်ဖြစ်တယ်

အိုင်အိုဒင်းဆား




အစာချေဖျတ်မှုကိုအားပေးတယ်

တရုတ်နံနံ၊ငရုတ်သီးမှုန့်




အစာချေဖျတ်မှုကိုနှောင့်နှေးစေသည်


ငရုတ်ကောင်းမှုန့်၊ ရှာလကာ၊ဆူးကောက်၊ သစ်ကြပိုးကောက်၊ ပြောင်းဖူးမှုန့်)



သရေစာများ

ချောကလက်၊ ပျားရည်၊ ကိုကိုးလ်


Ketchup, pickles, mayonnaise, relish



အဖျော်ယမကာများ

ဆိုဒါ နှင့် လက်ဖက်ရည်

ဘီယာ၊ ၀ိုင်


Coffee, Distilled liquor, Black Tea


* Dr.Lam ကနေယူပြီး ဘာသာပြန်ထားတာပါ။(http://DRLam.com)

* ဘာသာပြန်တာ မှားခဲ့ရင်လည်း ခွင့်လွှတ်ပါနော်။

Read More ->>

မွေးနေ့

အမိဝမ်းကကျွတ်တဲ့နေ့

လူလောကကြီးထဲကို စတင်ရောက်တဲ့နေ့

မျက်လုံးနှစ်လုံးကို စတင်ဖွင့်ခွင့်ရတဲ့နေ့

အလင်းရောင်ကို စမြင်ရတဲ့နေ့

အမေ့နို့ချိုစတင်စို့ခွင့် ရတဲ့နေ့

အဖေ့အနမ်းကို စတင်ရတဲ့နေ့

အမေ့အနမ်းကို စတင်ရတဲ့နေ့

ကိုယ်နဲ့ တစ်ဘ၀တာ ပတ်သတ်မယ့်သူတွေကို စမြင်ရတဲ့နေ့

ဘုရား

တရား

သံဃာ

ဆရာ


ကိုယ့်ကိုလူ့လောကထဲရောက်အောင် အသက်ရင်းပြီးသယ်ဆောင် လာပေးတဲ့

လိမ္မာယဉ်ကျေးပြီး ပညာရေးမှာ ထူးချွန်အောင် ချော့တစ်ခါ ခြောက်တစ်လှည့်

ပြုပြင်ပဲ့ကိုင် ဆိုဆုံးမပေးတဲ့ မေမေ


ကိုယ့်ဘ၀ကို လူလောကထဲမှာ မျက်နှာမငယ်ရအောင် ရှာဖွေကျွေးမွေး ပညာတွေ

သင်ပေးတဲ့လောကကြီးအလယ်မှာ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်

ဒီကွေ့ရောက်ရင်ဒီတက်နဲ့လှော် နိုင်အောင် အရိပ်တကြည့်ကြည့်နဲ့

စောင့်ရှောက်ပေးခဲ့တဲ့ ဖေဖေ



ကိုယ့်ကိုငယ်ငယ်လေးထဲက အစ်မကြီးအမိရာ ပီသခဲ့ပြီး ဘုရားစာတွေသင်ပေး၊

ကိုယ်အတွက် အရာရာမှာ အနစ်နာခံပြီး နိုင်ငံရပ်ခြားရောက်တဲ့အထိ

ထီးသဖွယ် အမိုးမိုးပေးခဲ့တဲ့ အမိုးမိုးပေးဆဲ မကြီး



သူသာဆိုးပြီး ကိုယ့်ကို မဆိုးစေချင်ခဲ့တဲ့ နှစ်စဉ်နှစ်တိုင်း ကိုယ့်မွေးနေ့ဆိုရင်

ရှမ်းခေါက်ဆွဲတို့ ဆီချက်တို့ ချက်ကျွေးတတ်တဲ့ ကိုယ့်အတွက် ချစ်စရာကောင်းတဲ့တူလေး

တစ်ယောက်မွေးပေးထားတဲ့ မလတ်


မောင်နှမတွေထဲမှာ ကိုယ့်ကိုအချစ်ဆုံး ဆိုတဲ့ ၊သူ့ရည်းစားကိုတောင်မှ

ကိုယ်ဖြတ်ခိုင်းရင်ဖြတ်မယ်ဆိုတဲ့ ကိုယ့်ရဲ့ တစ်ဦးတည်းသော ကိုကို



ကိုယ့်အပေါ်ကို အမြဲ အနွံအတာခံ၊ ကျောင်းတက်တုန်းကလည်း ကိုယ်စားဖို့

ဟင်းတွေချက်လာ၊ အလုပ်လုပ်တော့လည်း အမြဲဂျီကျတတ်တဲ့ ကိုယ့်ကို

နားလည်ခွင့်လွှတ်ပြီး ကိုယ့်ကို အရမ်းချစ်တဲ့ ကဗျာမဆန်တတ်တဲ့

ကိုယ့်ဘ၀ လက်တွဲဖော်


အားလုံးတို့ကို ကိုယ်ဒီနေရာလေးကနေ ပြီးတော့ လက်အုပ်မိုးလျှက် ရှိခိုးကန်တော့ပါ၏ ။

ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် ပြစ်မှားမိခဲ့ပါက ထိုအပြစ်တို့ကို ခွင့်လွှတ်ပေးပါရန်

ကိုယ့်ရဲ့ ၂၈ နှစ်မြောက်မွေးနေ့ မှာရှိခိုးဦးချတောင်းပန်အပ်ပါသည်။
Read More ->>

အလောင်းတော်ကဿပ ခရီးစဉ် အပိုင်း ( ၁ )

ကိုယ်တို့ အလောင်းတော်ကဿပ သွားတဲ့အကြောင်းလေး ရေးချင်လို့ပါ။

ကိုယ်တို့ငယ်ငယ်လေးထဲက ကိုယ်တို့ အတန်းတင်စာမေးပွဲ ပြီးပြီးချင်း မေမေနဲ့ဖေဖေ တို့က ကိုယ်တို့ကို

ခရီးတစ်ခုမဟုတ် တစ်ခုလိုက်ပို့နေတာ ကိုယ်တို့ ပထမနှစ်ရောက်တဲ့အထိပါ။ ဒါပေမဲ့ အစ်ကိုက

ကိုယ်ဒုတိယနှစ် အလယ်လောက်မှာ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်တာမို့ ဒုတိယနှစ်အပြီး ထွက်တဲ့

ဒီအလောင်းတော်ကဿပ ခရီးစဉ်မှာ သူလိုက်ခွင့် မရခဲ့ပါဘူး။

ကိုယ်စာမေးပွဲဖြေလို့ပြီးပြီးချင်း နေ့လည်ဘက်မှာ ဖေဖေက အထုပ်အပိုးတွေကို ကားနောက်ဖုံးထဲမှာ ထည့်၊

မေမေက ညကကြော်လှော်ထားတဲ့ ကြက်သားပြုတ်ကြော်ရယ်၊ ငပိကြော်ရယ်၊ ၀က်သားနီကြော်ရယ်

ကိုစတီးချိုင့် လေးဆင့်ချိုင့်နဲ့ ထည့်၊ ထမင်းကိုအပေါ်အဆင့်မှာ အပြည့်အသိပ်ထည့်ပြီး ခရီးသွားရင်းစားဖို့

ပြင်ဆင်နေခဲ့ပါတယ်။ ကိုယ်တို့ညီအစ်မ သုံးယောက်ကလည်း ကိုယ်ခရီးဆောင်အိတ်ထဲ ကိုယ်အ

ဝတ်အစားများကို ထည့်ရင်း ခရီးသွားဖို့တက်ကြွနေခဲ့ကြပါတယ်။ အားလုံးပြင်ဆင်ပြီးတော့

အိမ်ကနေစထွက်ပါတော့တယ်။ ညနေ ၅း၀၀ လောက်တော့ရှိမယ်ထင်ပါရဲ့။ ပြီးတော့ ဓါတ်ဆီ ၀င်ထည့်ပြီးတာနဲ့

ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်ကို ကားဘီးစချခဲ့ပြီ။ အားလုံးသိကြတဲ့အတိုင်း ခရီးသွားမယ်ဆိုရင်

ပထမဆုံးဦးဆုံး ကားဦးတိုက်ရတာက ရွှေညောင်ပင်ဘိုးဘိုးကြီးပါ။ အဲဒီမှာ ဖေဖေက ကားဦးတိုက်ပြီး အဲဒီက

ပေးလိုက်တဲ့ စံပယ်ပန်းကို နောက်ကြည့်မှန်မှာဆွဲ ၊ သပြေပန်းကို ကားဘောနက်မှာ ထိုးပြီး

မောင်းနှင်လာခဲ့တယ်။ ပြီးတော့ တောက်လျှောက် ပဲခူးအထိ ကားကိုမောင်းခဲ့တယ်။ ပဲခူးရောက်တော့ ည ၉း၀၀

နီးပါးရှိနေပြီ။ စားနေကျ ဖြစ်တဲ့ ပဲခူးတံတားကြီးနားက ကျော်စွာ စားသောက်ဆိုင်မှာဘဲ ညစာကိုစားပြီး

ပြန်ထွက်ခဲ့ကြတယ်။ ကိုယ်တို့ ညီအစ်မသုံးယောက်ကတော့ တစ်ယောက်တစ်လှည့်စီ အိပ်ရင်း၊ မေမေကတော့

ပုတီးစိပ် ရင်း ဖေဖေကို မအိပ်ချင်အောင်စကားတွေ ပြောပေးနေတယ်။ ဒီလိုနဲ့မောင်းလာလိုက်တာ မနက်

၎း၀၀ လောက်ကျတော့တောင်ငူကို ရောက်တယ်။ ဖေဖေကလဲ အရမ်းအိပ်ချင်နေတာနဲ့ မေမေက

ဆက်မမောင်းခိုင်းတော့ဘဲ နီးတဲ့တည်းခိုခန်းရှာပြီး အိပ်ခဲ့ကြတယ်။

မနက်နိုးတော့ ၁၀း၀၀ လောက်ရှိမယ်ထင်ပါရဲ့၊ ဟိုလုပ်ဒီလုပ်နဲ့ ၁၁း၀၀ လောက်မှ တည်းခိုခန်းကထွက်

မနက်စာကို ဆိုင်တစ်ဆိုင်မှာ ၀င်စားပြီး ခရီးဆက်ခဲ့ကြတယ်။ ဆာရင် စားလိုက်၊ ပေါက်တောလိုက် နဲ့

၊ကားရပ်ပြီးအိမ်ကယူလာတာတွေစားလိုက် နဲ့ ။ မင်းအောင်သီချင်းကလည်း ကားထဲမှာဆူညံလို့နေတယ်။

ကိုယ်တို့ခရီးထွက်တိုင်း CD တစ်ထပ်အမြဲပါနေကျ။ မနက်ဆိုရင် တရားခွေဖွင့်၊ နေ့လည်ဆိုရင် မင်းအောင်တို့၊

ပိုးအိစံ တို့တွေဖွင့် နဲ့ ဟုတ်လို့။ အဲဒီလိုနဲ့ လာလိုက်ကြတာ ယောနယ်ကိုရောက်ပါလေရော ညနေ ၄း၀၀ ၅း၀၀

လောက်ရှိမယ်ထင်တယ်။ ယောနယ်ရဲ့ အကျော်ကြားဆုံးဖြစ်တဲ့ အမေရေယာဉ် ပွဲတော်ရက်နဲ့ တိုက်နေတာမို့

အဲဒီကို တစ်ခါတည်း ၀င်ခဲ့ကြတယ်။အမေရေယာဉ်ရဲ့ နန်းထဲမှာလည်း နတ်ချော့တဲ့ နတ်ကတော်တွေရယ်၊

ပြီးတော့ နတ်ကတော်နောက်ကလိုက်တဲ့သူတွေရယ် နဲ့ရှုပ်ရှပ်ခတ်လို့နေတယ်။ ကြားဖူးနားဝရှိတာတော့

ပွဲတော်ရက်ကြရင် အမေရေယာဉ်ရဲ့ အသက်ကိုထည့်ထားတဲ့ ရွှေကြုတ်လေးက လှုပ်တယ်ဆိုဘဲ။

ကိုယ်တိုင်တော့ မမြင်ခဲ့ရပါဘူး။ အသက်ဘူးလေးနားတောင် မရောက်ခဲ့ဘူး။ လူတွေတိုးတာနဲ့ဘဲ။ အဲဒီမှာ

မေမေ့အသိနတ်ကတော်နဲ့တွေ့တော့ ဒီနယ်ကညနေဘက်ပြန်လို့ မကောင်းဘူး၊ အဲဒါ သူတို့တည်းတဲ့ ဆီမှာဘဲ

အိပ်လို့ပြောတာနဲ့ အဲဒီမှာဘဲ အိပ်ဖြစ်တယ်။

မေမေကတော့ သူအသိနဲ့ စကားစမြည် မပျက်တာနဲ့ဘဲ တော်တော်နဲ့ အိပ်မရဘူးဖြစ်နေတယ်။

ဖေဖေကတော့ မော်တော်မောင်းနေလေရဲ့။ အိပ်ရင်းနဲ့ဟောက်တာကို ပြောတာပါ။

မနက်ကတော့ ထုံးစံအတိုင်း ၁၀း၀၀ မှနိုး။ ဖေဖေကတော့ ကားကိုရေတွေဘာတွေဖြည့် အင်ဂျင်ဝိုင်တွေစစ် နဲ့

အလုပ်ရှုပ်နေတယ်။ ကိုယ်တို့ညီအစ်မတွေကတော့ သူတို့နယ်ကျွေးတဲ့ ပဲပြုတ်ဆီစမ်း ထမင်းကို ကာဖီရည်နဲ့

ကောင်းကောင်းကြီး လွေးနေတယ်။ နောက်တော့ စကားပြောဆိုနှုတ်ဆက်ပြီး ၁၂း၀၀ လောက်မှာ ယောကနေ

ပြန်ထွက်ခဲ့တယ်။ ယောနယ်လည်းကျော်ပြီးတော့ လမ်းတစ်လျှောက် ဘေးဘီဝဲယာမှာ ကြည့်လိုက်တော့

ပူပြင်းဒေသ ဖြစ်တဲ့အတိုင်း ဆူးပင် တို့၊ တစောင်းပင်တို့ နောက် ဆူးပါတဲ့ အပင်တွေတော်တော်များများ

ပေါက်နေတာ တွေ့ရတယ်။ အဲဒီလိုနဲ့ တစ်ရွာဝင်တစ်ရွာထွက်၊ တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ လာလိုက်ကြတာ

9း00 လောက်ရောက်တော့ မြို့လေးတစ်မြို့တွေ့တယ်။ အဲဒီမှာဘဲထမင်းဝင်စားဖြစ်တယ်။ ပြီးတော့ ၁၀း၀၀

လောက်ကျတော့ ပြန်ပြီးခရီး ဆက်ခဲ့တယ်။ မီးတွေကလည်းမှောင်မဲနေတာဘဲ။ လမ်းကအရမ်းကြမ်းတာဘဲ။

ကျောက်ခင်းလမ်းလိုမျိုးဘဲ။ ပြီးတော့ လမ်းကကျဉ်းကျဉ်းလေး။ မေမေတို့လည်း လမ်းရောမှန်ရဲ့လားမသိဘူး

ဆိုပြီးဇဝေဇ၀ါဖြစ်နေခဲ့တယ်။ လူကလဲပျက်လိုက်တာ အရမ်းဘဲ။ နာရီကြည့်လိုက်တော့ မနက် ၁း၀၀ ထိုးနေပြီ။

အဲဒီလိုနဲ့ ဖြေးဖြေးချင်မောင်းလာတာ ကံကြီးပေလို့ လူတစ်ယောက်နဲ့တွေ့တယ်။ အဲဒီလူကို မေးကြည့်တော့မှ

ခင်ဗျားတို့လမ်းမှားနေပြီ။ တည့်တည့်ဆက်သွားရင် ဖလမ်းရောက်ဖို့ဘဲ ရှိတော့တာတဲ့ ။ အဲဒါနဲ့

လာလမ်းအတိုင်းပြန်လာခဲ့ကြတယ်။ ပြန်လာရင်းနဲ့ဘဲ လမ်းအရမ်းကြမ်းတော့ ကားဘီးပေါက်သွားတယ်။

ကဲအဲဒါနဲ့ မထူးဘူးဆိုပြီး ကားပေါ်မှာဘဲ အိပ်မယ်ဆိုပြီး ကားမှန်တွေအလုံပိတ် AIR CON ဖွင့်ပြီး

အိပ်လိုက်တော့တယ်။ မနက် ၈း၀၀ လောက်မှ ကိုယ်ကနိုးတာ။ ကိုယ်တို့ထင်တာက အဝေးပြေးလမ်းမထင်တာ

ဘယ်ဟုတ်ပါ့မလဲ။ မြို့လေးတစ်မြို့ ဖြစ်နေတာ။ ကိုယ်တို့ ကားကဈေးဘေးနားမှာ ရပ်ထားတာဗျ။

ကိုယ်တို့ရပ်တဲ့နေရာရဲ့ မျက်စောင်းထိုးမှာ လေထိုးကျွတ်ဖာ ဆိုင်လေ။ အဲဒီရဲ့ဘေးမှာ လက်ဘက်ရည်ဆိုင်လေး

။ မေမေတို့ကအဲဒီမှာတောင်ထိုင်နေကြပြီ။ ကိုယ်နိုးတော့ မကြီးက ကိုယ့်ကိုလာခေါ်တယ်။ မေမေပြန်ပြောပြတာ

က သူနိုးတော့တဲ့ လူတွေအများကြီးက ကားနားမှာအုံပြီးကြည့်နေကြတယ်တဲ့။ သူတို့ကတော့

ထူးဆန်းနေမှာပေါ့။ ကားပေါ်မှာ အိပ်နေတယ်ဆိုပြီး။ အဲလိုနဲ့ လက်ဘက်ရည်သောက်ရင်း ကျွတ်ဖာတဲ့ဆိုင်က

မဖွင့်သေးလို့ စောင့်နေရတယ်။ ဖွင့်တာနဲ့ ဖာပြီး ခရီးဆက်ကြပြန်တယ်။

Read More ->>

How to prepare for good PRESENTATION

သူငယ်ချင်းရေ……………………

မင်းတို့ငါတို့တွေလည်း ကျောင်းတွေပြီးလို့ အလုပ်ခွင်ထဲဝင် လုပ်တွေလုပ်နဲ့…..လောကကြီးကို

ဖြတ်သန်းနေရတာ မလွယ်ဘူးနော်။ အခု မင်းလုပ်နေတဲ့ အလုပ်မှာ နေ့တိုင်း presentation

တွေလုပ်ရတယ်ဆိုတာကြားရတော့ ငါဝမ်းသာတယ်ကွာ။ presentation လုပ်တာ

ပြောတော့သာလွယ်တာ၊ တကယ်လုပ်ကြည့်ရင် မလွယ်ဘူးနော်။ မင်းကို ငါသိထားသလောက်

presentation နဲ့ ပတ်သက်တာလေးတွေ

ပြောပြချင်တယ်။ မင်းသိပြီးသားတွေဖြစ်ရင် လည်း ဖြစ်မှာပေါ့။ ok! …..

အခုပြောပြမယ့် အကြောင်းတွေက ငါ ကျောင်းမှာတုန်းက သင်ခဲ့ရတာတွေ၊

အလုပ်ထဲမှာ အထက်လူကြီးက ပြောတာတွေ တခြား စာတွေထဲက ဖတ်ထားတာတွေကို

စုစည်းပြီး ငါပြောတတ်သလို ပြောပြမယ်။

အရင်ဆုံး presentation ဆိုတာဘာလဲပေါ့။ presentation ဆိုတာ အမေးအဖြေ အပိုင်း မရောက်ခင်အထိ

တစ်လမ်းသွား စကားပြောခြင်းတစ်မျိုးပဲ။ ကြိုတင်ပြင်ဆင်မှုနဲ့ ဖွဲ့စည်းတည်ဆောက်တတ်မှုတွေလို အပ်တယ်။

presentation ကောင်းတစ်ခုဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့လုံးဝ မမေ့ပါနဲ့။ စကားတစ်ခုရှိတယ်

"Failing to prepare is preparing to fail" တဲ့။

presentation လုပ်တဲ့ နေရာမှာ ဘယ်လို ဖွဲ့စည်းပုံနဲ့ တင်ပြမယ်။ ဘာအကြောင်းအရာတွေကို

ပြောမယ်ဆိုတာကို အရင်ဆုံး စဉ်းစားရမယ်။ အကြမ်းဖျဉ်း ချရေးပြီး ဘယ်လိုအစီအစဉ်နဲ့ တင်ပြမလဲ

စဉ်းစားရမယ်။ Presentation Slide ကို စလုပ်တော့မယ်ဆိုရင် များသောအားဖြင့် မှားတတ်ကြတာက

ကိုယ်ပြောချင်တာတွေ အားလုံးကို slide ထဲမှာ သွားပြီးရေးမိကြတာပဲ။ အဲလို ရေးလိုက်ရင် slide တွေမှာ

စာတွေနဲ့ ပြည့်နေပြီး နားထောင်နေတဲ့ သူတွေကို ဆွဲဆောင်မှု လုံးဝ မပေးနိုင်တော့ သလို ကိုယ့်ရဲ့ 

impression ကလည်း ပျက်သွားမယ်။ ပါတာတွေ ဖတ်ပြနေသလို ဖြစ်ပြီး ပျင်းစရာကောင်းတဲ့ presentation

တစ်ခု ဖြစ်သွားမယ်။ အမှန်တကယ် ကောင်းမွန်တဲ့ slide တစ်ခုမှာ စာသားတွေက ရှင်းလင်းပြီး အဓိကကျ တဲ့

point တွေကို ပဲ ရေးထားပြီး အကျယ်တ၀င့် က ကိုယ့်ရဲ့  နှုတ်ကနေ ပြောပြသွားရမယ်။ ဖြည်းဖြည်းနဲ့

မှန်မှန်လေး ပြောဖို့လည်း လိုအပ်တယ်။

ငါအနေနဲ့ဆိုရင် slide မှာ ၀ါကျ အပြည့်အစုံ ရေးတာ မကောင်းဘူး။ ပြောချင်တဲ့ အကြောင်းအရာအတွက်

noun တစ်ခုကို ရှာပြီး အဲဒါကို ထင်ရှားအောင်ရေးတာပဲ။ စာလုံးတွေရဲ့  အရွယ်အစားရွေးချယ်မှုကလည်း

အရေးကြီးတယ်။ ထင်ထင်ရှားရှားဖြစ်နိုင်တဲ့ size ကို ရွေးချယ်တတ်ရမယ်။

ပါမောက္ခဒေါက်တာ အောင်ထွန်းသက်ကတော့ slide တွေမှာ 4*4 ဆိုတဲ့ နည်းနဲ့ ဖြေရှင်းတယ်တဲ့။ slide

တစ်ခုမှာ စာကြောင်းလေးကြောင်းပဲထားပြီး စာကြောင်းတစ်ကြောင်းမှာ စာလုံး လေးလုံး။ ဒါဆိုရင်

ရှင်းရှင်းလင်းလင်းနဲ့ ဖတ်ရလွယ်တယ်တဲ့။

Planning the Presentation

Plan the work

Presentation တစ်ခုလုပ်တော့မယ်ဆိုရင် ပြင်ဆင်ချိန်ဘယ်လောက်ယူရမှာလဲ။

Academic way of thinking အရဆိုရင် အချိုး 10:1 နဲ့တွက်တယ်။ ဘယ်လိုလဲ

ဆိုရင် presentation က ၅မိနစ်ဆိုရင် ပြင်ဆင်ချိန်က ၁နာရီအောက်ပဲ

ဖြစ်ရမယ်။ ၁နာရီ presentation ဆိုရင်တော့ ၁၀ နာရီလောက်ပြင်ဆင်ရမှာပေါ့။

Formulate the objective

ရည်ရွယ်ချက်ဆိုတာ အရေးကြီးတယ်။ presentation ကိုဘာအတွက်လုပ်တာလဲ။ အဲဒီ

ရည်ရွယ်ချက်ကို နားထောင်တဲ့သူတွေ လုံးဝနားလည်သွားအောင် တင်ပြနိုင်ဖို့လိုအပ်တယ်။

ကိုယ့်ပြောချင်တဲ့ ရည်ရွယ်ရာစီကို နားထောင်တဲ့သူတွေကို ဆွဲခေါ်သွားနိုင်ရမယ်။

အဲသတိထားရမှာက ရည်ရွယ်ချက်ကို အများကြီး မထားမိဖို့ပဲ ဘာလို့လဲဆိုရင်

နားထောင်နေတဲ့ သူတွေ စိတ်ရှုတ်သွားနိုင်တယ်။

ဒါ့ကြောင့် နှစ်ခုလောက်ပဲ ထားတာကောင်းတယ်။

presentation မှာ focus က key ပဲ။ ကိုယ်က သိသွားစေချင်တာကို focus လုပ်ပြီး

မပြောနိုင်ရင် နားထောင်တဲ့သူက ကိုယ်က ဘာကို ပြောချင်နေတယ်ဆိုတာ

သိနိုင်စရာမရှိတော့ဘူး။

Identify the audience

ကိုယ်က ဘယ်သူတွေကိုပြောမှာလည်းဆိုတာကို သိရင် ပိုပြီးတော့ ပြင်ဆင်ရတာ

ပိုကောင်းတယ်။ နားထောင်တဲ့ သူ အပေါ် မူတည်ပြီး ကိုယ့်ရဲ့  ပြင်ဆင်မှုက

ကွာခြားနိုင်တယ်လေ။

Define the structure and content

Structure ကျအောင် လုပ်နိုင်မှ စွဲဆောင်မှု ရှိမယ်လို့ ထင်တယ်။ ယေဘူယျအားဖြင့်

Introduction, Main Content, Conclusion တွေပါမယ်။ presentation မှာ

အစနဲ့ အဆုံးက အရေးကြီးတယ်။ ဘယ် presentation မှာပဲ ဖြစ်ဖြစ် အစက လုံးဝ key ပဲ။

နားထောင်တဲ့ သူတွေရဲ့  အာရုံကို စွဲဆောင်နိုင်ရမယ်။ အကြောင်းအရာတွေကို သေချာတင်ပြနိုင်ရမယ်။

ရှင်းလင်းပြတ်သားပြီး အတက်အကျရှိတဲ့ အသံနေအသံထားနဲ့ ပြောနိုင်ရင် ပိုကောင်းမယ်။

နောက်ဆုံးမှာ နားထောင်တဲ့ သူတွေရဲ့  ဦးနှောက်ထဲမှာ ဘာကျန်ထားခဲ့ စေချင်တာလဲ။

အဲဒါကို သိထားပြီး ကိုယ်က သိစေချင်သွားတဲ့ဟာကို လုံးဝဦးစားပေးပြီးပြောရမယ်။

Develop the slides

Slide တွေလုပ်ရင်လည်း စွဲဆောင်မှုကောင်းကောင်းနဲ့ လုပ်ရမယ်။

အရောင်ရွေးချယ်မှုက လည်း အရေးကြီးတယ်။ font size ရောပဲ။

အမြင် ရှင်းလင်းဖို့က အရေးကြီးတယ်။

Review the content

လုံးဝ မမေ့သင့်တဲ့ အရာပါ။ သေချာ ပြန်လည် သုံးသပ်ပါ။

* သူငယ်ချင်းတစ်ယောက်က Forward လိုက်လို့ပါ။
* အသုံးတည့်မယ်တင်တာရယ်၊ အများအတွက်အကျိုးပြုမယ်ထင်လို့ လက်ဆင့်ကမ်းပေးတာပါ။
Read More ->>

သင်္ကြန် အတွေး သင်္ကြန် အဆွေး

သင်္ကြန်အကြိုနေ့

အင်းယားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းတလျှောက် ကိုယ်တို့ကားပတ်မောင်းရင်း မနက်ဖြန်

ဘယ်မဏ္ဍပ်မှာထိုင်ပြီးရေပက်ရင်ကောင်းမလဲ လို့နှစ်ဦးသားတိုင်ပင်လာကြတယ်လေ။စုကလဲ

ဒီမဏ္ဍပ်ထိုင်မယ်၊ ကိုယ်ကလဲဟိုမဏ္ဍပ်ထိုင်မယ်နဲ့ညှိလို့ တော်တော်နဲ့မရခဲ့ကြဘူးဖြစ်နေကြ

တယ်။နောက်ဆုံးတော့ နှစ်ယောက်လုံးကြိုက်တဲ့မဏ္ဍပ်တစ်ခုကို အင်းယားလမ်းမှာ

စပြီးတွေ့ခဲ့တယ်။ မဏ္ဍပ်နာမည်က ၀ိဥာဉ်လေးများ လို့ခေါ်တဲ့ “SOULS” တဲ့။

မဏ္ဍပ်ကအထပ်လေးထပ်၊ ပြီးတော့ မဏ္ဍပ်တစ်ခုလုံးကို အနက်ရောင်တွေနဲ့

ချယ်မှုန်းထားတယ်၊ ပြီးတော့အကြိုအပို့ရယ်၊ ယမကာလေးရယ်၊

အတက်နေ့အထူးအစီအစဉ်တွေရယ်၊ အဓိကဖြစ်တဲ့နေရာကလည်း

အရိပ်ကျတဲ့နေရာ ဆိုတော့ ကိုယ်တို့အကြိုက်နဲ့ ကိုက်နေတာနဲ့ဘဲ

အဲဒီမဏ္ဍပ်ကလေးကိုရွေးဖြစ်တယ်။ ဒါနဲ့ဘဲကိုယ်တို့နှစ်ယောက် လက်မှတ်လေးတွေဝယ်ပြီး

ပြန်လာခဲ့ကြတယ်။ မနက်ဖြန် ဘာဝတ်မယ်ဆိုတာ တိုင်ပင်ပြီးနှစ်ယောက်သား

စိတ်ကူးလေးတွေ ယဉ်ခဲ့ကြတယ်။ ပြီးတော့ စုကို သူ့အိမ်ပြန်ပို့ပြီး ကိုယ့်အိမ်ကို

ပြန်လာခဲ့တယ်။ ဒီညတော့ စောစောအိပ်မှ။ အိပ်မယ်သာ ပြောတာပါ၊ မနက်ဖြန်

ကဲရတော့မယ် ဆိုတဲ့အသိနဲ့ အိပ်လို့တော်တော်နဲ့မပျော်ခဲ့ဘူး။

သင်္ကြန်အကျနေ့

အရင်နေ့တွေတုန်းက နေဖင်ထိုးမှထတတ်တဲ့ကိုယ်၊ ဒီနေ့ကျတော့ ဘာလို့မှန်းမသိ

အစောကြီးနိုးနေခဲ့တယ်။ ချစ်သူစုကို ဖုန်းဆက်ပြီးအိပ်ရာက နှိုးပြီးမနက်စာကို

အမေလုပ်ပေးတဲ့ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီကိုကောင်းကောင်းကြီးလွေးပြီး

ရေမိုးချိုး အ၀တ်အစားလဲပြီး ကြိုပို့ကားကိုစောင့်နေခဲ့တယ်။ ကြိုပို့ကားက

မြို့ထဲကစထွက်မှာဆိုတော့ ဗိုလ်မြတ်ထွန်းလမ်းမှာနေတဲ့ ကိုယ်ကိုအရင်ဦးဆုံး

ဝင်ကြိုတယ်။ကိုယ့်ကိုကြိုတဲ့ အချိန်မှာ မနက် ရး၀၀ လောက်ရှိပြီ။ ပြီးတော့

ကျောက်မြောင်း၊တာမွေ တွေကြိုပြီး ချစ်သူရှိတဲ့ ရန်ကင်းကို

ကြိုဖို့ရောက်လာခဲ့တယ်။ကြိုပို့ကားရောက်တော့ စုက တိုက်ပေါ်ကဆင်းလာတော့

ကိုယ်မှင်တက်သွားတယ်။ ဒီနေ့မှ ဘာလို့စုက ပိုလှနေရတာလဲကွာ။ ကိုယ်ကိုယ်ကိုယ်လည်း

အရမ်းဂုဏ်ယူနေမိတယ်လေ။အဲဒီလိုနဲ့ မဏ္ဍပ်ကို ၉း၀၀ လောက်ရောက်ခဲ့တယ်။

ရေကတော့ထုံးစံအတိုင်း ၁၀း၀၀ ကျော်ကျော်မှဖွင့်ပေးတယ်။ မဏ္ဍပ်မှာ အရောင်အသွေး

ကလည်း စုံလင်လှပါဘိနဲ့၊ ပျိုချောတွေကလဲ ပေါပါဘိ၊ ဘယ်လိုဘဲလှနေပါစေ၊

ကိုယ့်ရဲ့စုကိုတော့ မှီမယ်မထင်ပါဘူး။ ၁၀း၃၀ လောက်ရောက်တော့ ကိုယ်ရောစုရော

ချမ်းတာနဲ့ မဏ္ဍပ်အပေါ်ထပ်မှာထားတဲ့ Punch ကိုသွားသောက်ဖြစ်တယ်။ အဲဒီမှာ

အ၀ါရောင်တောက်တောက်နဲ့ ကောင်မလေးတစ်ယောက်က ကိုယ့်ကို Punch ယူပေးဖို့

သုံးထပ်ကနေ လှမ်းပြောတယ်။ကိုယ်လည်းယူပေးမိတယ်။ အဲဒါကိုစုက သ၀န်တိုပါလေရော။

မိန်းမမျက်လုံးချင်းသိတယ် ဆိုဘဲ။ ကိုယ်လည်း စုစိတ်ဆိုးနေမှန်းသိတော့ ပြန်ချော့ရတာပေါ့ ။

အဲဒါနဲ့ နေ့လည်ထမင်းစားချိန်ရောက်တော့ စုကစိတ်ဆိုးပြေသွားတယ်၊ ကိုယ်တို့လည်း

မဏ္ဍပ်ကပေးတဲ့ ထမင်းဘူး ကို မဏ္ဍပ်ပေါ်မှာဘဲဖွင့်စားပြီး အင်းယားပန်းခြံထဲကို

ကော်ဖီခါးခါး သောက်ချင်တာနဲ့ သွားသောက်ပြီး မဏ္ဍပ်ကို ပြန်ခဲ့တယ်။

နောက်ညနေပိုင်းရေပြန်ဖွင့်တော့ ရေပက်ပြီး ညနေ ၆း၀၀ လောက်ကျတော့ရေပိတ်သွားတယ်။

ဒါနဲ့ဘဲ သူတို့ပို့တဲ့ကားနဲ့ဘဲ ပြန်လာခဲ့ကြတယ်။ ပြီးပြန်ပြီပေါ့ သင်္ကြန်အကျရယ်။

သင်္ကြန်အကြတ်နေ့

မနေ့က မဏ္ဍပ်ကလူတွေနဲ့ တော်တော်လေးသိသွားပြီမို့ ဒီနေ့က ပိုပြီးပျော်စရာကောင်းတယ်လို့

ထင်နေမိတယ်။ မနေ့က အ၀ါရောင်ကောင်မလေးက ဒီနေ့ အနီရောင်ရင့်ရင့်နဲ့ တစ်မျိုးလေး

လှလို့နေပြန်တယ်။ ကိုယ်တို့က သုံးထပ်မှာ၊ သူကနှစ်ထပ်မှာ ရေပက်နေတယ်။

သူက ကိုယ့်ကိုလှည့်လှည့်ကြည့်တယ်။

ကိုယ်လည်းသူ့ကိုပြန်ပြီးပြုံးပြမိတယ်။ စုမတွေ့လို့တော်ပါသေးရဲ့။

နေ့လည်ထမင်းစားချိန်ရောက်တော့ ကောင်မလေးက ကိုယ့်ဘေးနားမှာ လာစားပြီး

ကိုယ့်ကိုစတင်မိတ်ဆက်တယ်။ သူ့နာမည်က ရွက်ဝါ တဲ့။

သူကဒီမဏ္ဍပ်မှာ တစ်ယောက်တည်းဖြစ်နေလို့ပါတဲ့။ ကိုယ်လဲ စုနဲ့ပါမိတ်ဆက်ပေးမိတယ်။

စုကတော့ခပ်တင်းတင်းပါဘဲ။ ကောင်မလေးကတော့ တော်တော်ဖော်ဖော်ရွေရွေပါဘဲ။

ဒီလိုနဲ့ ၁း၃၀ လောက်မှာရေလာ၊ ပြီးတော့ ၆း၀၀ ကျတော့ပြန်။

ကုန်ခဲ့ပြန်ပြီ သင်္ကြန်အကြတ်နေ့။

သင်္ကြန်အတက်နေ့

အတက်နေ့တောင် ရောက်ခဲ့ပြီပေါ့။ ကိုယ်မဏ္ဍပ်ရောက်ရောက်ချင်း ကိုယ်ရှာခဲ့မိတယ်

ကောင်မလေးကို။ စုကရိပ်မိသွားပြီးကိုယ့်ကို စိတ်ဆိုးနေတယ်။

ခဏနေတော့ ကောင်မလေးရောက်လာတယ်၊ အဖြူရောင်ဂျက်ကင်လေးနဲ့။

ကောင်မလေးကဒီနေ့တော့ ထူးထူးခြားခြား သူတစ်ယောက်တည်းမဟုတ်တော့ဘူး ခင်ဗျ။

Lady ကြီးတစ်ယောက်နဲ့ ။ ကောင်မလေး နေမကောင်းများဖြစ်နေလားမသိဘူး၊

မျက်နှာကဖျော့တော့တော့နဲ့ ။ ကိုယ့်ကိုလည်း လှမ်းကြည့်နေရှာတယ်။

ကိုယ်ချစ်သူ စုကတော့ ကိုယ့်ကိုစိတ်ဆိုးပြီး ဘယ်ထွက်သွားမှန်းမသိ။ ကိုယ်လည်း

ကောင်မလေးနဲ့ စကားတွေထိုင်ပြောမိတယ်။

ဘယ်လောက်ကြာအောင်စကားပြောနေမှန်းမသိ။

ကိုယ်ပုခုံးကို လက်တစ်စုံလာကိုင်တော့မှဘဲ ကိုယ်သတိပြန်ဝင်လာတယ်။

သြော် ၁၂း၀၀ တောင်ရှိပြီိကိုး။ စုကို ကိုယ်လည်းကောင်မလေးအကြောင်းပြောပြနေမိတယ်။

ကောင်မလေးက ဒီနှစ်သင်္ကြန်ဟာ သူ့ဘ၀အတွက် နောက်ဆုံးသင်္ကြန်ဖြစ်ကြောင်း၊

သူက မနက်ဖြန်ဆိုရင် သူ့အဖေရှိတဲ့ အမေရိကားကို အပြီးလိုက်သွားရတော့မှာ

ဆိုတဲ့အကြောင်း၊ သူမှာ အသဲရောဂါရှိတယ် ဆိုတဲ့အကြောင်း၊

ဟိုမှာအသဲအစားထိုးကုရမှာ ဆိုတဲ့အကြောင်း၊ သူ့အသက်ရှင်ဖို့က ၄၀% သာရှိကြောင်း

တွေစုကိုပြောပြလိုက်တယ်။ စုကလည်းကောင်မလေးကို တော်တော် သနားသွားတယ်လေ။

၂း၀၀ ကျတော့မဏ္ဍပ်က ရေပြန်ဖွင့်တယ်။ စုက ကောင်မလေးရဲ့ညာဘက်မှာ နေပြီး

ကိုယ်ကတော့ ကောင်မလေးရဲ့ ဘယ်ဘက်မှာနေပြီး ရေပက်ခဲ့ကြတယ်။

ကောင်မလေးက ပျော်နေလိုက်တာ။

အချိန်တွေကလည်းကုန်တာမြန်လိုက်တာ။ ဒီနေ့ အတက်နေ့ဆိုတော့ ၆း၀၀ ရေပိတ်တာနဲ့

ကိတ်အထူးအစီအစဉ်စတော့မယ်။ ၆း၀၀ လည်းထိုးတော့မှာဆိုတော့မဏ္ဍပ် စီစဉ်သူတွေက

ကိတ်ကို အဆင်သင့်လုပ်ထားကြတယ်။ ၆း၀၀ လည်းထိုးရော ကိတ်အစီအစဉ် စပြီ ဆိုတာနဲ့

ကိတ်တွေနဲ့ အလုအယက်လိုက်ပေါက်လိုက်. သုတ်လိုက်နဲ့ ပျော်စရာ ကောင်းခဲ့ပါတယ်။

ကောင်မလေးကလည်း ကိုယ်တို့နှစ်ယောက်ကို သုတ်လိုက်၊ ကိုယ်တို့ကလည်း သူ့ကို

သုတ်လိုက်နဲ့တော်တော် ပျော်ဖို့ကောင်းခဲ့ကြတယ်။

သူ့ဘေးက Lady ကြီးက ရွက်ဝါရေ ပြန်တော့မယ် လို့ပြောမှ

ကိုယ်တို့လည်းပြန်ဖို့သတိရတော့တယ်။ မဏ္ဍပ် ပတ်လည်ကြည့်လိုက်တော့ မဏ္ဍပ်ပေါ်မှာ

လူတောင်သိပ်မရှိတော့ဘူး ။ ကောင်မလေးကလည်း ကိုယ်တို့ကိုနှုတ်ဆက်ပြီး

မျက်လုံးအိမ်မှာ မျက်ရည်အပြည့်နဲ့ သူ့ Lady ကြီးခေါ်တဲ့နောက် ကိုပါသွားလေရဲ့။

အဲဒီနောက်မဏ္ဍပ် နဲ့ခပ်လှမ်းလှမ်းက Saloon ကားလေး တစ်စီးပေါ်တက်သွားလေရဲ့။

ပြီးတော့နောက်မှန်ကနေ ကိုယ်တို့နှစ်ယောက်ကို မမြင်ရတော့အထိ လက်ပြသွားလေရဲ့။စုက

ကိုယ့်ပုခုန်းပေါ်မှာ ခေါင်းတင်ပြီး ငိုနေခဲ့တယ်.။

ကိုယ်ကတော့ စုကိုချော့ရင်း မျက်လုံးအိမ်မှ မျက်ရည်စတွေက ပါးပြင်တစ်လျှောက်မှာ

စီးကျရင်း…..
Read More ->>

သူ နဲ့ ကျွန်မ


သူ နဲ့ ကျွန်မစ ပြီးဆုံတဲ့နေ့


ကျွန်မမြို့ထဲသွားမယ်လုပ်တုန်းအဲဒီနေ့ကမှတ်မှတ်ရရအရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်က

ကျွန်မဆီကိုဖုန်းဆက်လာတယ်။သူအလှူလုပ်မှာမို့လို့ဆနွင်းမကင်းတစ်ဗန်းလောက်ကျွန်မတို့

အော်ဒါမှာနေကျဆိုင်မှာမှာခဲ့ပေးပါတဲ့။ကျွန်မလည်းမှာပေးမယ်ဆိုပြီးမြို့ထဲကိုထွက်လာခဲ့တယ်။

မြို့ထဲရောက်တော့ကျွန်မစားနေကျဆိုင်မှာထမင်းစားတယ်လေ။အဲဒီမှာသူ့ကိုကျွန်မစတွေ့တာဘဲ။

အခုမှသူကအလုပ်စတာလား၊ဒီဆိုင်ကိုရောက်ရဲ့သားနဲ့သူ့ကိုသတိမထားမိတာလား၊ကျွန်မကိုယ်တိုင်မသိခဲ့ပါဘူး။

သူကအဲဒီဆိုင်မှာစားပွဲထိုးနေတဲ့ဝန်ထမ်းတစ်ယောက်ပါ။

အဲဒီနေ့ကသူ့သူငယ်ချင်းတွေကသူ့ဆိုင်မှာလာစားတော့သူကသူ့အကြောင်းကိုသူ့သူငယ်ချင်းတွေကို

ပြောပြနေတာကျွန်မကသူတို့ဘေးနားမှာထိုင်တော့အကုန်လုံးကြားနေရတာပေါ့။အဲဒီမှာတင်ကျွန်မသူ့ကိုစတင်ပြီး

သတိထားမိတာပါဘဲ။သူကအဲဒီဆိုင်မှာအချိန်ပိုင်းစားပွဲထိုးဆိုတာရယ်၊သူကျောင်းကသိပ်အဆင်မပြေဘူးဆိုတာရယ်၊

ပြီးတော့သူဒီလအိမ်ကိုပိုက်ဆံပြန်မပေးနိုင်ဘူးဆိုတာရယ်ပြောနေတာကြောင့်ကျွန်မသူ့ကိုမသိမသာလှည့်ကြည့်ခဲ့မိတယ်။

ကျွန်မရင်ထဲလေဘယ်လိုမှန်းမသိတဲ့ဒေနာတစ်မျိုးခံစားသွားရအောင်သူ့ရုပ်ကလေးက

ပိဘိကလေးတစ်ယောက်လိုအပြစ်ကင်းစင်လွန်းလှပါတယ်။

ကျွန်မလည်းဆုံးဖြတ်ချက်တစ်ခုချခဲ့တာရှင်တို့သိရင်မိန်းမဈေးကျတယ်လို့များပြောမလားနော်။

ကျွန်မဆုံးဖြတ်ချက်ကသူရှိနေတဲ့အဲဒီဆိုင်လေးမှာကျွန်မအမြဲတမ်းအားပေးတော့မယ်လို့။

ကျွန်မပိုက်ဆံရှင်းပြီးသူ့ရှေ့ကမျက်လွှာလေးအသာချပြီးထွက်လာခဲ့တယ်။ပြီးတော့ဆနွင်းမ

ကင်းမှာပြီးတော့အိမ်ကိုပြန်ခဲ့တယ်။အိမ်ပြန်ရောက်ရောက်ချင်းကျွန်မသူငယ်ချင်းဆီဖုန်းဆက်

ပြီးတော့သူအကြောင်းကိုပြောပြတယ်။သူတို့ကလည်းကျွန်မကြွေနေတဲ့ကောင်လေးဆိုတော့

တွေ့ဖူးချင်နေကြတယ်။အဲဒါနဲ့ပဲနောက်တစ်ရက်သူ့ဆိုင်မှာဘဲထိုင်ဖြစ်ကြတယ်။ကျွန်မသူငယ်

ချင်းတွေကဘယ်မှာလဲပေါ့။ဒီနေရာမှာတစ်ခုပြောဖို့ကျန်တာကကျွန်မသူငယ်ချင်းတွေရဲ့အလေ့အထတစ်ခုပါ။

ဥပမာ..ဟိုကောင်လေးကချောလိုက်တာဆိုရင်မသိမသာမကြည့်ဘဲသိသိသာသာတမင်တကာ

ကြီးခေါင်းကြီးတွေစောင်းပြီးကြည့်ကြတာမျိုး၊တစ်ဖက်လူကိုအနေခက်စေတဲ့အပြုအမူတွေသိပ်လုပ်တတ်ကြတာ။

ကျွန်မလဲအပါအ၀င်ပေါ့။ကျွန်မလည်းသူ့ကိုရှာခဲ့တယ်မတွေ့ဘူး။

အဲဒါနဲ့ထမင်းမှာဖို့တန်းစီနေတုန်းမှာသူကနောက်ဖက်မှာပန်းကန်တွေဆေးနေတာကိုကျွန်မလှမ်းတွေ့လိုက်တယ်။

ထမင်းမှာပြီးကျွန်မတို့စားသောက်နေတုန်းမှာူကကျွန်မတို့နောက်ဖက်ကိုသိမ်းဖို့ထွက်လာတယ်။အဲဒီမှာကျွန်မက

ကျွန်မသူငယ်ချင်းတစ်ယောက်ကိုလက်တို့လိုက်တယ်။

သူတို့အကျင့်အတိုင်းစားနေတာတွေရပ်ပြီးခေါင်းတွေထောင်ကုန်ကြတာပေါ့။

သူလည်းအဲဒါကိုရိပ်မိသွားလို့လား၊နဂိုကကွမ်းတွေစားလို့လားမသိသူ့မျက်နှာလေးရဲတက်နေတယ်။

အဲဒီလိုနဲ့ကျွန်မတို့ကသူ့ဆိုင်ထိုင်တယ်။သူကရှက်လိုက်နဲ့ပေါ့။တစ်ခါတစ်လေသူကကော်ဖီဖျော်တဲ့နေရာမှာဆို

ရင်ကော်ဖီကြိုက်တဲ့ကျွန်မနဲ့ကွက်တိပေါ့။သူဖျော်တဲ့လက်ရာကအရမ်းကောင်းတာဘဲ။ ဘယ်ဆိုင်နဲ့မှမတူဘူး။

တစ်ရက်ကျွန်မသူငယ်ချင်းတစ်ယောက်ဆီကဖုန်းလာတယ်။နေ့ခင်းကျွန်မအလုပ်လုပ်နေတဲ့အချိန်ကြီး။

သူ့ကိုကောင်မလေးတစ်ယောက်နဲ့ဖက်ပြီးသွားတာတွေ့လိုက်တယ်တဲ့။ကျွန်မလေတကယ့်ကိုစိတ်မကောင်းဖြစ်

ရတယ်။ဘယ်တတ်နိုင်ပါ့မလဲနော်။သူကျွန်မဆီလာတဲ့နေ့အထိကျွန်မစိတ်ရှည်ရှည်နဲ့စောင့်ရမှာပေါ့။

ကျွန်မလည်းစိတ်ညစ်ညစ်နဲ့ခရီးထွက်သွားခဲ့တယ်။

ပြန်ရောက်လာတော့ကျွန်မသူငယ်ချင်းတစ်ယောက်ကသူ့နာမည်ကိုသူ့ဆိုင်ကဆိုင်ရှင်ခေါ်တာကြားလိုက်လို့မှတ်ပေးထား

တယ်တဲ့။အရမ်းချစ်ဖို့ကောင်းတဲ့သူငယ်ချင်လေးနော်။သူ့နာမည်ကကျော်တဲ့။တစ်လုံးတည်းဘဲလားမသိဘူး။

ကျွန်မတို့နောက်တစ်ရက်သူ့ဆိုင်သွားတော့သူ့ကိုလုံးဝမတွေ့ရတော့ဘူး။ကျွန်မတို့တစ်လ

လောက်ဆက်တိုက်သူ့ဆိုင်သွားတယ်။သူ့အရိပ်အရောင်ကိုလုံးလုံးမတွေ့တော့ဘူး။

ကျွန်မလဲစားလဲကျော်စိတ်၊အိပ်လည်းကျော့်စိတ်နဲ့ဘဲအိပ်ရာထဲဘုန်းဘုန်းလဲပါတော့တယ်။

ကျော်ရေ…ရှင်ကျွန်မကိုဘာလို့များဒီလောက်တောင်စိမ်းကားရတာလဲ။မိန်းကလေးတစ်

ယောက်ရဲ့အချစ်ကိုဘာလို့များဥပက္ခာပြုနိုင်ရက်တာလဲ။မိန်းကလေးဘက်ကဒီလောက်ရေလာအောင်လုပ်ပေး

တာတောင်ရှင်ဘာနှလုံးသားနဲ့မြောင်းမဖောက်တာလည်းဆိုတာကျွန်မစဉ်းစားလို့မရဘူး။ကျော်ရေ..

ရှင့်ကြောင့်ကျွန်မသေတော့မယ်သိလား။ရှင့်ကိုလေကျွန်မသနားတာရောမေတ္တာရောပေါင်းပြီးကျွန်မလေ.

ကျွန်မချစ်ခဲ့ရတာပါကျော်ရယ်..

ကျွန်မမှာဘာအပြစ်ရှိလို့လဲကျော်ရယ်။ကျွန်မရင်ထဲမှာဘယ်လိုခံစားနေရတယ်ဆိုတာကျွန်မမှတပါး

ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူးလေ။နဂိုနှလုံးရောဂါကပြန်ထလာ၊ကျော်ပစ်သွားတဲ့နေ့တွေကများလာ

ဆိုတော့ကျွန်မဘ၀ကျွန်မအသက်ကိုသေမင်းလက်ထဲကိုဘဲထိုးထည့်လိုက်ရတော့မယ်ကျော်ရယ်။

ကျွန်မမသေခင်ဆုလေးတစ်ခုဘဲတောင်းချင်ပါတယ်ကျော်ရယ်။


နောင်ဘ၀ဆက်တိုင်းဆက်တိုင်းမိန်းမစင်စစ်ဧကန်ဖြစ်ရပါလို၏။

Read More ->>