မေ၃၁

ဒီနေ့ မေ ၃၁ မို့လို့ မျိုးကျော့မြိုင်ရဲ့ သီချင်းလေးကို အမှတ်တရ တင်ပေးပါတယ်။

ဒီမှာက မေ ၃၁ မိုးမရွာဘူး။ရန်ကုန်မှာတော့ ရွာတယ်။


မေ၃၁ မိုးတွေ ရွာသွန်းနေဆဲ
လမ်းမတစ်လျှောက် လမ်းလျှောက်နေလည်း
ကိုယ့်စိတ်က ဘာလိုလိုပဲ
ကိုယ့်စိတ်တွေဟာ ဟိုးအမြင့်ကြီးမှာ
မင်းမလိုချင်တဲ့ ကိုယ့်အချစ်တွေနဲ့
စိတ်ကူးလို့ရူးနေမိတယ် အချစ်ရယ်

လှလွန်းတဲ့ မင်းမျက်နှာလေး လှည့်လို့ ပြုံးပါဦး
မင်းမမြင်ချင်တဲ့ ကိုယ့်မျက်နှာဟာ မင်းကိုသိပ်တွေ့နေချင်တယ်
အနှောင့်အယှက်ပေးလွန်းတဲ့ ကိုယ့်ရဲ့အကြောင်းတွေ မစဉ်းစားနဲ့တော့
မင်းဦးနှောက်နုနုလေး ကိုယ့်ကြောင့် စိတ်ဆင်းရဲသွားရင်
မစဉ်းစားနဲ့ ကိုယ်ဘာပဲဖြစ်ဖြစ်

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ

အိပ်မက်တာတွေ အလကားဖြစ် မေ၃၁
လမ်းလျှောက်ရင်းနဲ့ စိတ်ညစ် မေ၃၁
ကိုယ့်ရဲ့အချစ်တွေအားလုံး မင်းလေးလွှင့်ပစ်သွားတုန်း
သည်းမည်း ဒီမိုးစက်တွေထဲ
မင်းလေးနားလည် မင်းလေးသိမယ်
လွှင့်ပစ်ထားတဲ့ အနှောက့်အယှက်များထဲ
ကိုယ့်အချစ် မေ၃၁
ကိုယ်လေ မင်းအနား ဟိုဖက်ဝေးဝေး ရွာနေမိုးလေး
ကြင်နာခြင်းများ သည်းမည်း ဒီမိုးစက်လိုပဲ

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁

ကိုယ့်အပြစ်တွေ များလွန်းပါတယ်
ကိုယ့်ရဲ့အဖြေဟာ ဒါနောက်ဆုံး
ကြင်နာတတ်တဲ့ မင်းနှလုံးသားနဲ့ ကိုယ့်ကို အပြစ်ပေးပါဦး

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ

သီချင်းကို ဒီမှာ ရယူနိုင်ပါတယ်။


သီချင်းစာသားကိုတော့ မျိုးကျော့မြိုင် ဘလော့ခ်ကယူထားပါတယ်ရှင်။
Read More ->>

စိတ်

လူ့စိတ်ဆိုတာအင်မတန့်အင်မတန်မှဆန်းကြယ်ပါတယ်။ဒီစိတ်ဆိုတဲ့ခေါင်းစဉ်ကိုဆွေးနွေးဖို့၊တကယ်သိအောင်နားလည်နိုင်ဖို့ဆိုတာအချိန်

တော်တော်ယူရဦးမှာပါ။ကမ္ဘာပေါ်မှလူဦးရေသန်းပေါင်းများစွာရှိပါတယ်။အဲဒီလူတွေရဲ့စိတ်တွေဟာလည်းသူအချိုးအတိုင်းဘဲရှိပါတယ်။လူ

တစ်ဦးနဲ့တစ်ဦးစိတ်တူတာတော့ရှိမယ်။အများဆုံးတူနိုင်တာဘဲရှိမယ်။ဒါပေမဲ့အတိအကျကြီးတော့ဘယ်သူဘယ်သူကမှမတူညီကြပါဘူး။အ

ခုကိုယ်ရေးမှာကကိုယ့်စိတ်အကြောင်းပါဘဲ။



ကိုယ့်စိတ်ကိုကိုယ်အားမနားတမ်းဝေဖန်ရမယ်ဆိုရင်၊

ဒါမှမဟုတ်ကိုယ်တစ်သက်လုံးမှတ်ယူထားတာဆိုရင်ဒါမှမဟုတ်ကိုယ့်ပတ်ဝန်းကျင်အမြင်အရဆိုရင်တော့

ကိုယ်ကအရမ်းကိုစိတ်ပျော့တတ်တဲ့လူတစ်ယောက်ပါ။ကိုယ့်အပေါ်ကိုသေလောက်အောင်စော်ကားတာတော

င်မှသူကပြုံးပြရင်မပြုံးရမနေနိုင်အောင်ဖြစ်မိတဲ့ကိုယ့်စိတ်ကိုလည်းတော်တော်လေးအံ့သြမိပါတယ်။

နောက်ပြီးကိုယ့်စိတ်ထဲမှာခံစားရတဲ့နောက်တစ်ခုကတော့ငါဒါကိုဒီလိုလုပ်လိုက်ရင်သူတော့ကိုယ့်ကိုမုန်းသွားမှာဘဲဆိုပြီးကိုယ့်ဘက်ကမှန်ေ

နရင်တောင်မှအားနာတတ်တဲ့စိတ်ကြောင့်သူများအပြောအဆိုခံခဲ့ရတာမျိုးတွေလည်းဘဝ

မှာကြိမ်ဖန်များစွာကြုံခဲ့ဖူးပါတယ်။အဲဒီအားနာတတ်တဲ့စိတ်ဟာကိုယ့်ကိုတော်တော်လေးဒုက္ခပေးပါတယ်။ဘာလို့လဲဆိုတော့ကိုယ်ဘယ်လိုမှ

မလုပ်ချင်တဲ့ကိစ္စတစ်ခုကိုတစ်ယောက်ယောက်ကများဒါလုပ်ကြရအောင်ဆိုလို့ကတော့အဲဒီအားနာတတ်တဲ့စိတ်ကြီးကတစ်ချိန်လုံးခေါင်း

ညိမ့်နေတော့တာဘဲ။ကိုယ်မလုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတဲ့အတွက်ကိုယ်လည်းပင်ပန်းတယ်။ကိုယ့်စိတ်လည်းပင်ပန်းပါတယ်။ကိုယ်ပြော

ချင်တာကတော့အားနာသင့်တဲ့နေရာမှာအားနာ၊အားမနာသင့်ရင်တော့….။ပြောသာပြောနေရတာပါ။

ကိုယ်ကိုယ်တိုင်ကဒီအားနားတတ်တဲ့စိတ်ကိုဘယ်လိုပျောက်အောင်ကုသရမလဲဆိုတာအဖြေမပေါ်သေးဘူး။



နောက်တစ်ခုကကျတော့ကိုယ့်စိတ်ကိုသူတစ်ပါးကလွှမ်းမိုးထားခြင်းပါဘဲ။ကိုယ်ငယ်ငယ်တုန်းကမေမေနဲ့ကိုယ့်ရဲ့ကိုကိုကကိုယ့်က

ိုယောကျာ်းလေးသိပ်ဖြစ်စေချင်ခဲ့တာ။ဒါကြောင့်ကိုယ့်ကိုသူတို့ကယောကျာ်းလေးလိုဆင်၊ယောကျာ်းလေးလိုဘဲနေခိုင်းတယ်။ကိုယ်လည်းအ

ရင်ကတော့ကိုယ့်ကိုယ်ကိုယ်ယောကျာ်လေးစိတ်ဆိုပြီးရှင်းရှင်းပြောရရင်ယောကျာ်လျာတောင်ဖြစ်ခဲ့သေးတာ ။၈

တန်းတုန်းကအတန်းထဲကကောင်မလေးတစ်ယောက်နဲ့အချစ်တော်တွေဖြစ်ခဲ့ကြဖူးတယ်။ဘယ်လိုပြောမလဲ။ပတ်ဝ

န်းကျင်ရဲ့ရိုက်ခတ်မှုဟာကိုယ့်စိတ်ကိုယ်တောင်မသိတော့ဘူး။ကိုယ်ဘာစိတ်ဖြစ်နေတယ်ဆိုတာ။ကိုယ့်စိတ်ကိုကိုယ်ပြန်သိလိုက်တာကကို

ယ်ပထမနှစ်စတက်မှပါ။ကိုယ့်စိတ်ဟာမိန်းကလေးစိတ်ဆိုတာကိုကိုယ်တက္ကသိုလ်ပထမနှစ်စတက်မှပြန်သိလာတယ်။ကိုယ်အလှကြိုက်တ

တ်လာတယ်။ကောင်လေးတွေကိုစိတ်ဝင်စားတတ်လာတယ်။တကယ်တော့ကိုယ့်ကိုယ်ကိုယ်သတိမထားမိတာပါ။

ကိုယ့်စိတ်ကိုအဲဒီလိုလွှမ်းမိုးခံထားရတာတော်တော်ဆိုးတယ်။



နောက်တစ်ခုကမေ့ပျောက်လွယ်တတ်တဲ့စိတ်ပါ။လူတစ်ယောက်ကိုယ့်ကိုနှိမ်ပြီးပြောဆိုပြုမူဆက်ဆံသွားတယ်ဆိုပါစို့။ကိုယ်စိတ်ထဲမှာမခံချ

င်စိတ်ဖြစ်တာကြိုးစားချင်စိတ်ဖြစ်တာခဏဘဲ။နောက်ရက်ကျရင်ဒုံရင်းဒုံရင်းပါဘဲ။အဲဒီကိစ္စကိုမေ့ကိုမေ့ပစ်လိုက်တာ။အဲဒီလိုမျိုး။

နောက်တစ်ချက်ကတော့သနားစိတ်နဲ့ကိုယ်ချင်းစာစိတ်ပါ။ကိုယ်ကကိုယ့်ထက်နိမ့်ကျတယ်သူဆိုအရမ်းသနားတတ်တယ်။ပြီးတော့ကိုယ်လ

ည်းသူတို့လိုမျိုးဆိုရင်ဆိုတဲ့အတွေးမျိုးကိုအမြဲတွေးနေမိတယ်။ဘောလုံးပွဲတစ်ပွဲကြည့်ပြီဆိုရင်လူတွေတော်တော်များများအားပေးတဲ့အသင်

းဆိုရင်အားမပေးဘဲသိပ်အားမပေးတဲ့အသင်းကိုအားပေးနေကျပါ။အားနည်းတဲ့သူဘက်ကရပ်တည်ချင်တယ်။ဘေးမှာဘယ်သူမှမရှိတော့

တဲ့သူဘေးမှာရပ်တည်ပေးချင်တဲ့ကိုယ့်ရဲ့အဲဒီစိတ်ကို တော့ကိုယ်သဘောကျမိတယ်။



နောက်ဆုံးတချက်ကတော့ယုံလွယ်တတ်တဲ့ကိုယ့်ရဲ့ဥာဉ်အဆိုးဆုံးစိတ်ပါဘဲ။ကိုယ်ကကိုယ့်ကိုလာပြောတာဆိုရင်ယုံကြည်လွယ်တယ်။အဲဒါ

ကြောင့်သူများဘတ်တာခဏခဏခံရတယ်။အဲဒီယုံလွယ်တတ်တဲ့စိတ်ကြောင့်ဘဲပထမနှစ်မှာရည်းစားတစ်ယောက်ရခဲ့တယ်။သူကကိုယ်တို့

ထက်အဆတရာချို့တဲ့ပါတယ်။ကိုယ်ကဆင်းရဲတာချမ်းသာတာကိုပြောနေတာမဟုတ်ပါဘူး။လူဆင်းရဲရင်ဆင်းရဲပါစေ။ကိုယ့်လက်တွဲဖော်ဖြ

စ်ဖို့ကအရေးကြီးတာကအကျင့်စာရိတ္တကောင်းဖို့ပါဘဲ။သူကအကျင့်စာရိတ္တလည်းမကောင်းခဲ့ဘူး။အဲဒါကိုကိုယ်သိနေခဲ့တာသူနဲ့ရည်းစားဖြစ်ြ

ပီး ၁ နှစ်နီးပါးလောက်မှာပါ။ဒါပေမဲ့ကိုယ့်ရဲ့အားနားတတ်တဲ့စိတ်၊သနားတတ်တဲ့စိတ်၊ယုံလွယ်တတ်တဲ့စိတ်တွေကြောင့်ကိုယ်သူကိုမဖြတ်ခဲ့

ပါဘူး။ကိုယ်စင်ကာပူကိုရောက်ပြီးကိုယ့်လက်တွဲဖော်နဲ့တွေ့တော့မှသူကကိုယ့်ကိုအဲဒီဝဲဂယက်ထဲကနေဆွဲထုတ်ပေးခဲ့ပါတယ်။



အဲဒါကြောင့်တစ်ခါတစ်ရံမှာတစ်ချို့သောသူတွေဟာသနားတဲ့စိတ်နဲ့မတန်သလိုကိုယ်ချင်းစာဖို့လည်းမတန်ပါဘူး။ဘယ်သူ့ကိုမှလည်းယုံဖို့မ

ထိုက်တန်ပါဘူး။ဒါပေမဲ့ကိုယ့်စိတ်ကိုယ်မလိမ်ဖို့ရယ်၊အတတ်နိုင်ဆုံးစင်ကြယ်အောင်ထားနိုင်ဖို့အရေးကြီးပါတယ်ရှင်။
Read More ->>

မေ့နိုင်ဘူးလေ ရန်ကင်းမြို့က ကလေးဘ၀အချိန်လေးတွေ

ကိုယ်တို့မိဘတွေကမိုးကုတ်မှာနေရင်သားသမီးတွေပညာရေးမကောင်းမှာစိုးလို့ရန်ကုန်ရောက်

လာခဲ့ကြတယ်။ပထမဆုံးကိုယ်တို့နေရတာကဗဟန်းဖိုးဖိုးဖွားဖွားတို့အိမ်မှာ။နောက်တော့ဖွား

ဖွားရဲ့ကျေးဇူးကြောင့်ရန်ကင်းမှာကိုယ်တို့မိသားစုသီးသီးသန့်သန့်လေးနေနိုင်ခဲ့ကြတယ်။အခု

ထက်ထိနေခဲ့ကြတယ်ဆိုပါတော့။ဒါကြောင့်ရန်ကင်းကကိုယ်တို့မွေးရပ်မြေမဟုတ်ပေမဲ့ကိုယ့်ရဲ့

ဇာတိလိုမျိုးကိုဖြစ်နေပြီ။ကိုယ်သူငယ်တန်းကတည်းကအခုအချိန်ထိဆိုတော့စဉ်းစားကြည့်လေ

။အခုချိန်ရန်ကင်းကနေတခြားပြောင်းပါဆိုရင်တောင်မပြောင်းချင်တော့ဘူး။ကိုယ့်နယ်လိုဖြစ်နေ

တာဆိုတော့။

ရန်ကင်းဆိုတာနဲ့လူတွေကနှားခေါင်းရှုံချင်ကြပါတယ်။ဟုတ်လည်းဟုတ်နေတာဘဲ။ရန်ကင်းက

လူတွေကလဲတော်တော်လေးကိုဆိုးပါတယ်။ယောကျာ်းလေးဆိုရင်ရုပ်တွေကတော့များသော

အားဖြင့်ဖြောင့်ပါတယ်။ဒါပေမဲ့ မိုက်တီးလေးတွေကတော့ ကတော်တော်များတယ်။ပြီးတော့

အဖွဲ့လိုက် အားကိုးနဲ့ မိုက်ကြတာ။တစ်ယောက်တည်းဆိုရင်တော့ …ဟီးဟီး။ပြောပြရဦးမယ်

အစ်ကို အကြောင်း။ တစ်ရက် ကိုယ်ရယ်ကိုယ့်ဖေဖေရယ် ကိုယ့်ကိုကိုရယ် အ၀ိုင်းလေးနားက

ဆီဆိုင်မှာ ဆီသွားထုတ်ပြီးအပြန် ကိုယ်တို့လမ်းထဲကိုအကွေ့ ကားတစ်စီးနဲ့ငြိမလိုဖြစ်ကြတယ်။

အဲဒီကားက ရန်ကင်းကတော့မဟုတ်ဘူး။အဲဒါနဲ့ ကိုယ်တို့ကားရောသူတို့ကားရောရပ်ပြီး

စကားများကြတယ်။ကိုယ့်အစ်ကိုကလဲ ခင်ဗျားတို့ကလဲလွန်သေးတယ်။မတောင်းပန်တဲ့အပြင်

ဘာစကားပြောတာလဲဘာလဲညာလဲပေါ့။ကိုယ့်အဖေကလည်းသားကြီး ကောင်းကောင်း

မွန်မွန်ပြော၊လေအေးလေးနဲ့ပြောတာပေါ့။တဖက်ကလည်းသူတို့ကလည်းမှားသေးတယ်လာပြီး

အကြောကြီးနဲ့ပြောတော့ အစ်ကိုကဒေါကန်တာပေါ့။ဖေဖေကတော့နှစ်ဖက်လုံးကိုတားနေတာ။

အဲဒီအချိန်မှာ အစ်ကိုကဒေါနဲ့မောနဲ့ ခင်ဗျားတို့ခဏနေဦးကျုပ်ပြန်လာခဲ့မယ်လည်းဆိုရော

ကိုယ်ရော ကိုယ့်ဖေဖေကောလန့်သွားတာပေါ့။ဝါးရင်းတုတ်တွေများဓါးတွေများသွားယူလာ

မလားဆိုပြီး။ ဘယ်ဟုတ်မလဲသူကလက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့သူ့သူငယ်ချင်းတွေအုပ်စု

တွေ သွားခေါ်လာတာကိုး။အဲဒီမှာတဆက်တည်းဖေဖေကလည်းအုပ်စုတောင့်ပြီဆိုတာနဲ့

ခုနကလေပြေအေးနဲ့ ပြောနေတဲ့ဖေဖေအခုတော့ပုဆိုးတွေဘာတွေပြင်ဝတ်ပြီးခင်ဗျားတို့

မိုက်လား ဘာလားဆိုပြီးလုပ်တော့တာဘဲ။တဖက်လူတွေကလည်းအုပ်စုကိုမြင်ပြီးကျွတ်သွား

တယ်ထင်ပါရဲ့။တစ်ချိုးတည်းကိုလစ်တော့တာ။အဲဒီလောက်သတ္တိကောင်းတဲ့ကိုယ်အဖေနဲ့

ကိုယ့်အစ်ကိုလေ။

ကိုယ်ကရန်ကင်းမှာကလေးဗိုလ်လေ။ကိုယ့်ကိုရပ်ကွက်ထဲကအစ်ကိုကြီးတချို့ကနာမည်ပေး

ထားကြတယ်။သမီးဗိုလ်အောင်ဒင်တဲ့။ခုန်ပျံကျော်လွှားလာမလား၊ဂေါလီရိုက်မလား၊ကြွင်းစိမ်

မလား၊အရုပ်ကိုဖိနပ်နဲ့ပစ်မလား၊ဂျင်ပေါက်မလား စွယ်စုံရတဲ့အီဖေကိုယ်လေ။ကိုယ်ကကလေး

ခေါင်းဆောင်။ကိုယ်တို့တိုက်မှာရှိတဲ့ကလေးတွေစကားစပြောပြီဆိုတာနဲ့ကိုယ့်နာမည်အရင်ခေါ်

တတ်တာ။သီတင်းကျွတ်ကျောင်းပိတ်ခါနီးပြီးဆိုရင်ရသမျှမုန့်ဖိုးတွေမုန့်မစားတော့ဘူး။သတင်း

ကျွတ်ကျရင်ကိုယ်တို့နှစ်တိုက်နဲ့လမ်းမခြားထားတဲ့ ဟိုဘက်နှစ်တိုက်နဲ့ စစ်ဖြစ်ရင်ပစ်ဖို့

ဗျောက်အိုးတို့မီးရှူးတွေဝယ်ဖို့ ပိုက်ဆံစုထားရပြီ။

သတင်းကျွတ်ညဖက်ဆိုရင်လမ်းမတောင်မမြင်ရတော့ဘူး ဗျောက်အိုးတွေနဲ့

ဆော်ပြီ။ဘယ်တော့မှပြီးလည်းဆိုရင် ဓမ္မာရုံကကားနဲ့လိုက်ကြေငြာတော့မှ

ပြီးတယ်။ပြီးတော့နောက်ကစားနည်းတွေပြောင်းကစားတာပေါ့။ပြေးပုန်းတို့၊ စွန်ဖျတ်တာတို့၊

ကျောက်ရုပ်ကျောက်ဖျတ်တို့၊ စပ်မိစပ်လိုက်တို့ အစုံဘဲ။အဆော့ကောင်းလို့အရိုက်ခံရတာ

လည်းအကြိမ်ပေါင်းမရေတွက်နိုင်ဘူး။မေမေကသိပ်စည်းကမ်းကြီးတာ။ကိုယ်တို့ကိုညနေ

ကျောင်းပြန်လာတဲ့အချိန်ညနေ ၅ နာရီကနေ ၆ နာရီထိဘဲအောက်ဆင်းဆော့ခွင့်ပေးထားတာ။

ညနေ ၆ နာရီကျရင်အော်ပြီ။တက်ခဲ့တော့လို့။မတက်လို့ကတော့ ကြက်မွှေးစာမိပြီ သာမှတ်

တော့။အဲလိုမျိုး။ သင်္ကြန်ဆိုရင်လည်းအကြိုနေ့ဆိုတာနဲ့ ကိုယ်တို့တိုက်နှစ်တိုက်လုံးကကလေး

တွေကစားဖို့အတွက် ကိုယ့်အစ်ကိုတွေအုပ်စုကအမြဲတိုင်ကီတွေနဲ့ အုန်းလက်မဏ္ဍပ် တွေလုပ်

ပေးတယ်။ကိုယ်တို့ fighter အုပ်စုကတော့စတီးပြွတ်တစ်ယောက်တစ်ချောင်းစီနဲ့။

တစ်ဂါလံကော်ပုံးကိုကျောပိုးအိတ်နဲ့လွယ်ပြီး ထိုးပြီးဘဲဟိုဘက်တိုက်ကကလေးတွေကို။

ပြီးရင်ရေပူဖေါင်းတွေနဲ့ ပေါက်တယ်။ခွက်စောင်းခုတ်တယ်။ကလေးအားလေးဆိုတော့မ

နာတော့ ဘယ်သူမှတော့ဘာမှမပြောကြဘူး။အဲဒီလောက်ဆိုးတဲ့ ရန်ကင်းကကလေးတွေ ပါ။

အခုတော့ ပြောရာမှာမနေ တော်ရာမှာနေရတဲ့ စကားပုံအတိုင်းဘဲ ကိုယ်ဘယ်တော့မှ မနေချင်

တဲ့စင်ကာပူဆိုတာကြီးမှာနေနေရပြီလေ။တခါတခါရန်ကင်းကိုအရမ်းသတိရတယ်။ကိုင်ဇာသီ

ချင်းလေးလိုဘဲ။သီချင်းတော့ရှာတာမတွေ့ဘူး။စာသားတော့ကိုယ်ရသလောက်ထည့်ပေးလိုက်

တယ်နော်။ဒီဘလော့ခ်ဖတ်တဲ့သူထဲမှာရန်ကင်းကများပါခဲ့ရင်commentမှာemail

လေးရေးခဲ့ပေးပါနော်။

ညညအခါခါ လကသာသာ
အညီအညာတိုက်ခန်းလေးတွေ
အစီအလိုက် တန်းစီနေ
အရှေ့အနောက် နယ်နမိတ်စည်းကို
ပိုက်လုံးကြီးက အလယ်မှာချကာ
မေ့နိုင်ဘူးလေ
ရန်ကင်းမြို့ရဲ့ အလှအပဂုဏ်လေးတွေ

ကျောင်းပိတ်ချိန်ခါ
ကိုယ့်စိတ်မနေသာ အိမ်ကိုခွင့်တောင်းပြီးတော့
အောက်ဆင်းကစားပုံတွေ
သူခိုးပုလိပ်စိန်ပြေးတမ်းနဲ့ တူပုန်းကစားရင်း
ပျော်လာကြတာ မေ့နိုင်ဘူးလေ
ရန်ကင်းမြို့က ကလေးဘ၀အချိန်လေးတွေ


အဲဒါဘဲရတော့တယ်။သီချင်းလေးများသိတဲ့သူရှိရင်ဝေမျှပေးကြပါလို့
Read More ->>

အမှတ်တရ နာမည်လေး

ပထမဆုံး တဂ်ခံရလို့ ရေးရမယ့်ပို့စ် လေးပါ။တဂ်ပေးလိုက်တဲ့ နွေး ကိုလဲကျေးဇူးတင်ပါတယ်။

ဘလော့ခ်စလုပ်မယ်ဆိုတော့ သိတဲ့အတိုင်း အရင်ဆုံးစဉ်းစားရတာက ကိုယ့်ဘလော့ခ်ရဲ့

နာမည်ကို ဘယ်လိုပေးရင်ကောင်းမလဲလို့လေ။ကိုယ့်နာမည်အရင်းကလည်း နွေး တို့လို

မလှပခဲ့လေတော့ တော်တော်လေးခေါင်းရှုပ်ခဲ့ရတယ်။ အဲဒါနဲ့ပဲ ကိုယ့်နဲ့ရင်းနှီးနေတဲ့

ဒီမျက်မှန်လေးဆိုတဲ့ နာမည်ကိုပေးဖို့ရွေးချယ်လိုက်တာ။ မျက်မှန်လေးဆိုတာက ကိုယ်နဲ့

ကိုယ့်မမက ကိုယ့်ရဲ့လက်တွဲဖော်လေးကိုပေးထားတဲ့ nick နာမည်တစ်ခုပါ။

ကိုယ်တို့နှစ်ယောက်စကြိုက်ကတည်းကိုက ကိုယ့်မမကို ကိုယ်တို့အကြောင်း

အကုန်ပြောပြထားတယ်။( အွန်လိုင်းကနေ တွေ့တယ်လို့တော့ မပြောဘူးပေါ့နော်။ မမသိရင်

မိန်းကလေးဖြစ်ပြီးတော်တော်အိနြေ္ဒ မဲ့တယ်လို့ပြောမှာစိုးလို့ ဟီးဟီး)။ဒီပို့စ်တွေ့ရင်လဲ

မမရေဆော်ရီးနော်။ သူကကိုယ်နဲ့စတွေ့စတုန်းကဘဲဥပုံမျက်မှန်လေး နဲ့။

ဒါကြောင့်မျက်မှန်လေးလို့သူ့ကိုနာမည်ပေးဖြစ်သွားတာပါ။ပြီးတော့ ကိုယ်က ၁၀ တန်း

လောက်ကတည်းက မျက်မှန်အရမ်းတပ်ချင်တာ။ မျက်မှန်လေးနဲ့ဆိုရင် ဘာပဲဖြစ်ဖြစ်

စာဂျပိုးလေးလိုလို ဘာလိုလို သိပ်ဖြစ်ချင်တာ။(ပုံကမတူတော့ ခက်တယ်း)။ ဒါပေမဲ့ ကုသိုလ်

ကံကကောင်းချင်တော့ ပါဝါနည်းတဲ့မျက်မှန်တောင်တပ်စရာမလိုလောက်အောင်ကို

ကောင်းတယ်။ အခုတော့ကိုယ့်ဆန္ဒပြည့်ဝပြီပဲ ပြောရမလား မသိဘူး။ မျက်လုံးက

နဲနဲအောင့်လာတော့ မျက်မှန်တပ်လိုက်ရတယ်။ပါဝါက ၂၅ ကြီးများတောင်။ မရီရဘူးနော်။

တပ်လိုက်ချွတ်လိုက်နဲ့ပေါ့နော်။ ကိုယ်ကမျက်မှန်မတပ်ရတော့ မျက်မှန်လေးတွေနဲ့

ကောင်လေး တွေကောင်မလေးတွေဆိုရင် အရမ်းသဘောကျတယ်။အဲဒါကတစ်ချက်ပေါ့နော်။

နောက်တစ်ချက်ကျတော့ မျက်လုံးမှုန်နေတဲ့ သူများ မျက်မှန်တပ်လိုက်လို့

မျက်စိကြည်သွားသလို၊ ကိုယ့်ဘလော့ခ်လေးကို ၀င်ကြည့်ရင် သူများကို

အကျိုးပြုတဲ့စာလေးတွေ၊ကြည်နူးစရာလေးတွေ ဖတ်ပြီး နောက်ကျိနေတဲ့ စိတ်များ

ကြည်လင်လန်းဆန်းကြည်နူးပါစေရယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမျက်မှန်လေးဆိုတဲ့

နာမည်လေးပေးဖြစ်တာပါ။(စကားကြီး စကားကျယ်တွေပြောနေမိလို့ အမြင်စူးရင်

ခွင့်လွှတ်ပါနော်း)

ဤတွင် မျက်မှန်လေး ကင်းပွန်တပ် အစီအစဉ်ပြီးဆုံးပါပြီရှင်။

ကြွရောက်ပြီး မျက်စိအညောင်းခံ ဖတ်ပေးကြတဲ့ ဂုဏ်သရေရှိ ဧည့်ပရိသတ်အပေါင်းကို

ကျေးဇူးအထူးတင်ရှိပါကြောင်း။
Read More ->>

ကိုယ်နဲ့ ကိုယ့်ရဲ့လက်တွဲဖော်အကြောင်း

ဒီပို့စ်လေးကို ကိုယ်တို့ချစ်သက်တမ်းသုံးနှစ်၊ အိမ်ထောင့်သက်တမ်း ၈ လနီးပါး ပြည့်တဲ့အထိမ်း

အမှတ်လေးအနေနဲ့ တင်ဖြစ်သွားတာပါ။

ကိုယ်က ဖေဖေါ်ဝါရီ လ ၂၆ ရက်နေ့မှာ အမိမြေကိုခွဲခွာပြီး ကိုယ့်ရဲ့ မမခေါ်ရာစင်ကာပူ ဆိုတဲ့

ခြင်္သေ့ကျွန်းကို ကျောင်းတက်ရင်း အလုပ်ရှာရအောင် လိုက်လာခဲ့တယ်။ ကိုယ့်ကို လေဆိပ်က

၁ လ နေထိုင်ခွင့် ပေးတယ်။ ကိုယ်လည်းနေတာပေါ့။ မြန်မာပြည်က စရောက်တဲ့သူဆိုတော့

သိတယ်မလား။ အလုပ်မရှာဘဲနဲ့ chatting ဘဲတက်နေတာပေါ့။ ဒီမှာက connection

ကလည်းအရမ်းကောင်းဆိုတော့ ။ အဲဒီတုန်းက ခင်ခဲ့တဲ့ online friend တွေတောင်

အခုသတိရသေးတယ်။ ပြင်သစ်က ပီဇာတို့ ၊ ထိုင်ဝမ်က မေမိုးတို့၊ ရုရှားက သူရဇ္ဇ တို့

အများကြီးဘဲ။ အရမ်းလဲခင်ဖို့ကောင်းတယ်။ လုံးဝဖြူဖြူစင်စင်ဘဲ။အဲလိုနဲ့ ချက်နေတာ

တစ်နေ့ကျတော့ ကောင်လေးတစ်ယောက်က ကိုယ့်ဆီကို invite လုပ်လာတယ်။ သူနဲ့

ချက်နေတာ တစ်ပတ်လောက်လည်းရှိရော သူကစင်ကာပူကဆိုတာ သိလိုက်ရတယ်။ အဲဒါနဲ့

သူနဲ့ကိုယ်နဲ့ ဖုန်းနံပါတ် အပြန်အလှန် ပေးဖြစ်လိုက်တယ်။ သူကတော့ မဆက်ပါဘူး။ ကိုယ်က

စဆက်လိုက်တော့ ကိုယ်နဲ့ ချက်တင်းဝင်တဲ့သူက သူ့ဖုန်းနံပါတ်မပေးဘဲ သူ့သူငယ်ချင်း

ဖုန်းနံပါတ်ကို ပေးလိုက်တာ။ အဲဒါနဲ့ဘဲ သူ့သူငယ်ချင်းနဲ့ ကိုယ်နဲ့ခင်သွားတယ်ဆိုပါစို့။

တိုက်တိုက်ဆိုင်ဆိုင် ကိုယ်နဲ့သူ့သူငယ်ချင်းဖြစ်တဲ့ သူနဲ့က နောက်ဆုံးနာမည် တစ်လုံး

သွားတူနေတယ်။ ပြီးတော့ အဲဒီနာမည်မျိုးက ယောကျာ်းလေးတွေရဲ့ နာမည်နောက်ဆုံးမှာ

ထည့်လေ့မရှိတဲ့ နာမည်မျိုး။

အဲဒီ အစ်ကိုကြီးရဲ့အသံ က အရမ်းနားထောင်လို့ကောင်းတယ်။ ပြီးတော့

ကိုယ့်ကိုလည်းအမြဲ ဆုံးမတယ်။သူ့အသံက အရမ်း ချိုမြိန်တယ်။ နောက်တော့ ကိုယ်လည်း

အဲဒီအသံလေးကို နှစ်ခြိုက်လာခဲ့တယ်။ အဲဒီလိုဘဲ အလုပ်မရှာဘဲဖုန်းပြောလိုက် ချက်နေတာနဲ့

၁ လ ကဘယ်လိုကုန်လို့ကုန်သွားမှန်းမသိဘူး။ ကိုယ်နဲ့ စခင်တဲ့ သူ ကတော့

အဲဒီထဲကပျောက်သွားလိုက်တာ။ နေထိုင်ခွင့်ပြည့်ပြီဆိုတော့ ဒိုးရပြန်ပြီပေါ့ ICA ကို။ အဲဒီမှာ ၂

ပတ်ထပ်ပေးတယ်။ မတ်လ ၂၈ ရက်နေ့မှာ ကိုယ်တို့ အပြင်မှာ တွေ့မယ်ဆိုပြီး အဲဒီတုန်းက

informatic သင်္ကြန်ကျနေတဲ့ အချိန်ပေါ့။ ကိုယ်မမ က ဒီကလုပ်တဲ့ သင်္ကြန်ပွဲတွေမှာ

သင်္ကြန်ကကတော့ ကိုယ်က ကိုယ်မမကို ကူလုပ်ပေးဖို့ လိုက်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ

လူတွေကလဲရှုပ် သူဖုန်းဆက်တဲ့ အချိန်မှာ ကိုယ့်မမကို ဆံထုံးထုံးပေးနေရလို့

ကိုယ်ထွက်လာလို့မရခဲ့ဘူး။ကိုယ်ထွက်လာလို့ရတဲ့အချိန်ကျတော့စိတ်ဘယ်တော့မှမရှည်

တတ်တဲ့ သူက ကိုယ့်ကိုစိတ်ဆိုးပြီးပြန်သွားရော။ ညနေကျတော့ ကိုယ့်ဆီဖုန်းပြန်ဆက်တယ်။

အဲဒီလိုနဲ့ ဖုန်းနဲ့ဘဲ ပြောနေကြတယ်၊ ဧပြီလ ၁၂ ရက်မှာ တိုးပါရိုး သင်္ကြန် ပြီးတော့ city hall

သင်္ကြန်မှာ ကိုယ်နဲ့ ကိုယ့်မမနဲ့ ကကြတယ်။ ဧပြီ ၁၃ မှာထပ်သက်တမ်းတိုးတယ်။ဒီတစ်ခါတော့

၁ လတောင်ပေးတယ်။ ဧပြီလ ၁၇ ရက်နေ့မှာ အပြင်မှာတွေ့မယ်ဆိုပြီးထပ်ချိန်းကြပြန်တယ်။

Clenmenti ဘူတာမှာ ချိန်းလိုက်တယ်။ ကိုယ်က အဲဒီတုန်းက Common Wealth

မှာနေတယ်။ တစ်ပတ်တစ်ခါ NTUC ကိုဈေးလိုက်ပေးရတယ်။ ကိုယ့်မမ က ကိုယ့်ကို

လိုက်ခိုင်းတာလေ။ ဘာအလုပ်မှလည်းမရှိဆိုတော့ ပျင်းတာပေါ့နော်။ (အလုပ် ကဘယ်ရမလဲ။

online တက်ပြီဆို ချက်တင်းလောက်ဘဲ အဓိကထားတာ၊)

ကိုယ်လည်းရင်းတထိတ်ထိတ်နဲ့ပေါ့နော်။ အ၀တ်အစားကလည်း သိပ်ကောင်းကောင်းက

ပါမလာဘူး(ရှိကိုမရှိတာ)။ အဲဒါနဲ့ ဘဲ သိပ်မကြာသေးခင်က ၀ယ်ထားတဲ့ IPZone က

တီရှပ်လေးရယ်၊ မမဘောင်းဘီရှည် တစ်ထည်ကို ခိုးဝတ်ပြီး Clenmenti ကိုသွားဖို့

ရထားစီးခဲ့တယ်။ ဟိုလည်းရောက်ရော ကိုယ်လည်းသူ့မမြင်ဖူး ၊သူလည်းကိုယ့်မမြင်ဖူးနဲ့ ။

လူတွေကလဲဘူတာမှာပြည့်ကျပ်နေတာဘဲ။


ကိုယ့်ဆီဖုန်းဝင်လာတယ်။ ဘာဝတ်လာလဲတဲ့။ ကိုယ်လည်းအကျီ င်္ကအနီ၊ဘောင်းဘီက

အပြာနုရောင်လေးလို့ ပြောလိုက်တယ်။ ဘူတာအောက်ကိုရောက်တော့ ပွဲဈေးက

ရှိနေပြန်ရော။ လူတွေက လည်းရှုပ်လိုက်တာမပြောနဲ့တော့။ သူကလဲဖုန်းတွေ တဂွမ်ဂွမ်

ဆက်နေတာနေတာဘဲ။ လူက ဒေါသကထွက်နေပြီ။ နောက်တော့ NTUC အ၀င်ဝကနေ

ပစ္စည်းထည့်ဖို့တောင်း တွန်းပြီးဝယ်စရာရှိတာဝယ်နေခဲ့တယ်။ သူကလည်းဖုန်းတွေဆက်။

ငါးတွေထားတဲ့ အတန်းရောက်တော့ ကိုယ်လည်းငါးဝယ်နေတုန်း လာပြန်ပြီ ဒီဖုန်း။

ကိုယ်လည်းဒေါကန်လို့အော်လိုက်တာ။ အဲဒီမှာကိုယ့်နောက်ကနေ လာရပ်ပြီးတော့

ဘာလို့ဒေါကန်နေတာတုန်းတဲ့။ ကိုယ်လည်းဖြတ်ခနဲ လှည့်ကြည့်လိုက်တော့

ကိုယ့်ကိုသူကပြုံးပြီးကြည့်နေတယ်။ သူကဦးထုပ်နဲ့။ ထိပ်ပြောင်လို့လားမသိဘူးလို့

စိတ်ညစ်သွားတယ်။ မျက်မှန်လေးနဲ့။ (ဒီနာမည်လေးကို ကိုယ်ကြိုက်လို့ ဒီဘလော့ခ်နာမည်

ပေးလိုက်တာ။) မိုးကာအကျီ င်္အမဲနဲ့။ ပြီးတော့ ကိုယ်တို့ဈေးဝယ်ကြတယ်။ ပြီးတော့ အဲဒီနားက

MAC Donald ဘာကာဆိုင်မှာစားဖြစ်ကြတယ်။ သူက အဲဒီတော့မှ ဦးထုပ်ချွတ်တယ်။

ဟူးတော်ပါသေးရဲ့… ထိပ်မပြောင်လို့။ သူနဲ့ပြောရင်းဆိုရင်းစားရင်းနဲ့ ပြီးတော့

ပြန်လာခဲ့ကြတယ်။ အဲဒီလိုနဲ့ ဖုန်းဘဲပြောဖြစ်တော့တယ်။ နောက်နှစ်ပတ်လောက်ကျတော့

ကိုယ့်မမက မလေးရှားသွားတယ်။ နှစ်ရက်ကြာတော့ပြန်လာတော့ ကိုယ့်မမကသူ့ကို

Woodland မှာလာကြိုဖို့ပြောတယ်။ အဲဒါနဲ့ သူနဲ့ Jurong East မှာချိန်းပြီးကိုယ့်မမကို

သွားကြိုတယ်။ မမကိုကြိုပြီးတော့ ပြန်လာတော့ သူနဲ့ ကိုယ်ကမသိသလိုနေလိုက်ကြတယ်။

မမသိသွားမှာစိုးလို့လေ။ ဒုတိယအကြိမ်သူနဲ့တွေ့ဆုံခြင်းပေါ့။

နောက် Stay ထပ်ကုန်တယ်။သွားတိုးတယ်။ နောက်ဆုံးအကြိမ်ဆိုပြီး ၁ လထပ်ရတယ်။

ကိုယ်လဲ အလုပ်ရှာတယ်။မရပါဘူး။ သူနဲ့လည်းဖုန်းတွေ ပြောနေတုန်းဘဲ။ အဲဒီမှာ ဘဲ မေလ

၂၀ ရက်နေ့ ညဘက်မှာ ပေါ့။ ည ၁၂ နာရီကျော်သွားပြီဆိုတော့ ၂၁ ပေါ့နော်။

ပြောရင်းပြောရင်းနဲ့ သူကဘာမဆိုင်ညာမဆိုင်နဲ့ ကိုယ့်ကို သ၀န်တိုပါလေရော။ ဘာလို့လဲ

လို့မေးတော့ ‘မင်းကို ကိုယ်ချစ်လို့ သ၀န်တိုတာ တဲ့ ။မချစ်ရင် ဘာမှဖြစ်နေစရာ

အကြောင်းမရှိဘူး’ တဲ့ ။ ကိုယ်ကလည်း မိန်းကလေးဆိုတော့ တော်တော်မူလိုက်တယ်။

ချက်ချင်းဘဲ ” ခင်ဗျားကို လည်း ကျွန်တော် ချစ်တယ်လို့” ပြန်ပြောလိုက်တယ်။ ဟီးဟီး။

စကြိုက်တုန်းကတော့ နှစ်ယောက်လုံးက အပျော်သဘောဘဲ။ နောက်တော့

တစ်ယောက်အပေါ် တစ်ယောက်အရမ်းသံယောဇဉ် ဖြစ်ခဲ့ကြတယ်။ နောက်မှ

လက်ထပ်ဖြစ်တဲ့ အကြောင်းလေးဆက်ရေးမယ်နော်။
Read More ->>

ကမ္ဘာမြေအဆုံးထိ

ကိုယ်သီချင်းတွေကို ချစ်ပါတယ်။ ဒါပေမဲ့အင်္ဂလိပ်သီချင်းတွေတော့မကြိုက်တတ်ဘူး။ သိပ်လဲ နားမထောင်

တတ်ဘူး။ မြန်မာသီချင်းဆိုရင် ကော်ပီဖြစ်နေလဲကောင်းတဲ့သီချင်းဆို အရမ်း ကြိုက်တယ်။ အခု ကိုယ်

အရမ်း ကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ကို ကိုယ်အကြိုက်ဆုံးအဆိုတော် မျိုးကျော့မြိုင်က ဖြူနဲ့တွဲပြီး ဆို

ထားတာ။ ကိုယ်အမြဲ နားထောင်နေကျ သီချင်းလေးပါ။ အရမ်း ငြိမ့်တယ်။ နားထောင်ကြည့်နော်။

စာသားပါထည့်ပေးလိုက်တယ်။

( ရှင်သန်ရာအချိန်လေးတော့ မင်းရဲ့အနားနေချင်လို့ပါ
အတူတူဆို အိပ်မက်တိုင်းဟာ တို့ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းကျ ဘ၀သစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေအဆုံးအထိ မခွဲချင်ဘူး။) 2

ကိုယ်နေချင်တာကမင်းရဲ့အနား
ကိုယ်လိုချင်တာကမင်းရဲ့အချစ်များ
မြင်ချင်ပါတယ် မင်းအပြုံးလေး
ကိုယ့်နေ့ညတွေကို အဓိပ္ပါယ်ပေး
ကိုယ့်ရဲ့ဘ၀အမှတ်တရ
ကိုယ့်ရဲ့ဘ၀ထာဝရ
Yeah..မင်းစကားတွေကိုသိပ်ချစ်လွန်းလို့
အခုမင်းပြုံးတာကိုသိပ်ချစ်မိလို့
ရှင်သန်ရာဒီဘ၀လေးတစ်ခုမှာ ကိုယ်တို့နှစ်ယောက်ဟာ
အနီးဆုံးချစ်သူတွေပါ။


ရှင်သန်ရာအချိန်လေးတော့ မင်းရဲ့အနားနေချင်လို့ပါ
အတူတူဆို အိပ်မက်တိုင်းဟာ တို့ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းကျ ဘ၀သစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေအဆုံးအထိ မခွဲချင်ဘူး။

ကြင်နာသူလေး မင်းစိတ်ဆင်းရဲမှာ
ကလေးလေးတစ်ယောက်လို ပြုံးတတ်တဲ့မျက်နှာ
ညှိုးနွမ်းရမဲ့ အချိန်များ
ခံစားသွားရမဲ့အချိန်များ
ကိုယ့်ရဲ့ဘ၀မှာ တကယ်မရှိချင်တော့လိုပါ။
လူတွေအပြင်မှာ ပြောတဲ့စကား
ကိုယ်တို့ဘ၀အတွက် စိတ်အနှောင့်အယှက်တွေလား
တကယ်သေချာ မင်းဆုံးဖြတ်ထား
ကိုယ်တို့နှစ်ယောက်ဟာ ကမ္ဘာမှာတကယ်အဓိကဘဲမဟုတ်လား


ရှင်သန်ရာအချိန်လေးတော့ မင်းရဲ့အနားနေချင်လို့ပါ
အတူတူဆို အိပ်မက်တိုင်းဟာ တို့ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းကျ ဘ၀သစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေအဆုံးအထိ မခွဲချင်ဘူး။

အမြဲတမ်းကြင်နာခွင့်ပေးပါ။
အစွဲအလမ်းသူယုံကြည်ပေးပါ။
မခွဲတမ်းနေချင်တာ မင်းအနားနား။
အမြဲတမ်းကြင်နာခွင့်ပေးပါ။
အစွဲအလမ်းသူယုံကြည်ပေးပါ။
မခွဲတမ်းနေချင်တာ မင်းအနားနား။

(ရှင်သန်ရာအချိန်လေးတော့ မင်းရဲ့အနားနေချင်လို့ပါ
အတူတူဆို အိပ်မက်တိုင်းဟာ တို့ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းကျ ဘ၀သစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေအဆုံးအထိ မခွဲချင်ဘူး။)3





Read More ->>

သင်ဘယ်လောက်ကြီးသလဲ?



"သင်ဘယ်လောက်ကြီးသလဲ?
" တဲ့။

မေးခွန်လေးတစ်ခုကိုသဘောကျလွန်းလို့မှတ်ထားတယ်။ကိုယ့်ကိုယ်ကိုလည်းခဏခဏမေးမိပါတယ်။အဲဒါဘာလဲဆိုတော့

How BIG are you?BIG ဆိုတာ Capital B, Capital I, Capital G။

“သင်ဘယ်လောက်ကြီးသလဲ” တဲ့နော်။ ခန္ဓာကိုယ်ကြီးတာကိုမဆိုလိုဘူး။ရာထူးကြီးတာကို

လည်းပြောတာမဟုတ်ဘူး။စိတ်ဓါတ်နဲ့အသိဥာဏ်ဘယ်လောက်ကြီးသလဲ၊သဘောထားဘယ်

လောက်ကြီးသလဲတဲ့။အဲဒါမေးတာနော်။အင်မတန်လေးနက်တဲ့မေးခွန်းဘဲနော်။ကိုယ့်ကိုယ်ကို

မေးကြည့်ပါ။တကယ်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာသင်ဟာကြီးတဲ့လူတစ်ယောက်

ဖြစ်မှရမယ်။စိတ်ဓါတ်နဲ့အသိဥာဏ်ကြီးရမယ်။သဘောထားကြီးရမယ်။သဘောထားသေးတဲ့လူ

ဟာလုပ်ငန်းကြီးကြီးကိုအောင်မြင်အောင်မလုပ်နိုင်ပါဘူး။တာဝန်ကြီးကြီးမထမ်းဆောင်နိုင်ဘူး။

အများအကျိုးကိုထိထိရောက်ရောက်မဆောင်ရွက်နိုင်ပါဘူး။

ဘယ်အလုပ်ဟာကြီးကျယ်တယ်၊ဘယ်အလုပ်ဟာမြင့်မြတ်တယ်ဆိုတာသိဖို့ကိုမလွယ်ဘူး။အဲ

ဒါကိုသိဖို့ကိုပဲကြိုးစားနေတဲ့သူတွေဟာသူကိုယ်တိုင်ကြီးမှရမယ်။ကြီးတာကိုသိဖို့ရာသူကိုယ်

တိုင်ကကြီးမှဖြစ်မှာနော်။ကြီးတဲ့သူမှသာကြီးတာကိုသိနိုင်မှာ။

“ဘယ်အလုပ်ဟာငါ့ရဲ့စိတ်ဓါတ်တွေအပြည့်ပေးပြီးတော့လုပ်ဖို့ရာထိုက်တန်သလဲ”ဆိုတာကိုသိ

ဖို့ရာလည်းကိုယ်ကိုယ်တိုင်ကအသိဥာဏ်ကြီးတဲ့သူ၊စိတ်ဓါတ်ကြီးတဲ့သူဖြစ်ရဦးမယ်နော်။စိတ်

ဓါတ်မကြီးတဲ့သူအသိဥာဏ်မကြီးတဲ့သူဟာအသေးအမွှားမပြောပလောက်တဲ့ကိစ္စလေးတွေနဲ့ပဲ

သူ့ရဲ့emotional energy တွေဟာ waste ဖြစ်တယ်။ သူရဲ့စိတ်ဓါတ်အင်အားတွေဟာ

ပြုန်းတီးကုန်တယ်။သဘောထားမကြီးတဲ့သူဟာပြဿနာသေးသေးလေးနဲ့အချိန်ကုန်နေတယ်။

ပင်ပန်းတယ်နော်။သဘောထားကြီးတဲ့သူဟာပြဿနာသေးသေးလေးတွေနဲ့အချိန်ကုန်မခံဘူး။

သူ့မှာကြီးကြီးကျယ်ကျယ်လုပ်စရာတွေရှိသေးတယ်။အဲဒီတော့ဒီကိစ္စတစ်ခုဟာကြီးသလား၊

သေးသလားဆိုတာသိဖို့တောင်မှသူကတော်တော်လေးရင့်ကျက်မှရမယ်။နို့မဟုတ်ရင်ကြီးတာ

နဲ့သေးတာမခွဲနိုင်ဘူးနော်။

လူတော်တော်များများဟာအရေးကြီးတာနဲ့မကြီးတာကိုမခွဲနိုင်ဘဲများသောအားဖြင့်အရေးမကြီး

တဲ့ကိစ္စတွေနဲ့ဘဲတနေ့လုံးအချိန်ကုန်ပြီးတော့ဘာမှထိထိရောက်ရောက်အလုပ်မလုပ်ဖြစ်ဘူး။မိုး

လင်းကမိုးချုပ်ဘယ်သူကဘယ်လိုပြောတာ၊ဘယ်သူကဘာလုပ်တယ်ဘယ်သူကမကောင်းဘူး၊

ဘယ်သူကဘာဖြစ်တယ်နဲ့။အဲလိုဘဲသူများအကြောင်းတွေသူများအမှားတွေချွတ်ယွင်းချက်စ

သည်ဖြင့်ပေါ့။ဒါတွေကိုပြောပြီးတော့အချိန်ကုန်သွားတယ်။

အဲဒီတော့တကယ်အလုပ်ကြီးကြီးလုပ်မယ့်သူဟာသူများကိစ္စတွေအသေးအမွှားတွေပြောပြီး

တော့အချိန်ကုန်မခံသင့်ဘူး။


သူတစ်ပါးအပေါ်မုန်းတီးတာ၊နားကျည်းတာ၊ရန်လိုတာရန်ငြိုးထားတာအဲဒါတွေဟာကိုယ့်အ

တွက်ဘယ်လောက်ထိခိုက်သလဲဆိုတာသင်သိလို့ရှိရင်အဲဒီလိုမဖြစ်လောက်တဲ့အသေးအမွှား

စိတ်အနှောင့်အယှက်ဖြစ်စရာတွေကိုဖြစ်ဖြစ်ချင်းသိပြီးသွားပေတော့..တော်ပြီဆိုပြီးအတိတ်မှာ

ထားခဲ့နိုင်မယ်။

သတိနဲ့နေတဲ့သူဟာအသေးအမွှားကိစ္စတွေနဲ့စိတ်အနှောင့်အယှက်တာရှည်အဖြစ်မခံဘူး။ချက်

ချင်းဘဲသူ့ကိုအတိတ်မှာဘဲထားခဲ့တယ်။

ကိုယ့်ဘ၀မှာတွေ့ကြုံရတဲ့အရာတွေအားလုံး။ပျော်ရွှင်စရာတွေ၊စိတ်ညစ်စရာတွေ၊စိတ်ဆင်းရဲစ

ရာတွေအားလုံးဟာကိုယ့်ကိုတနည်းအားဖြင့်ပုံဖေါ်ပေးတယ်။ကိုယ့်ကိုဘယ်လိုလူဖြစ်မလဲဆို

တာကိုသူတို့ကပုံဖော်ပေးတာ။လောကဓံတရားကကိုယ့်ကိုပုံဖော်ပေးတာ။စိတ်ဆင်းရဲစရာတွေ

များများကြုံလာလို့ရှိရင်ဒီလူဟာစိတ်ဓါတ်တွေကျလာမယ်၊ကြမ်းတမ်းပြီးတော့ဘ၀ကိုအလကား

ဖြစ်အောင်လုပ်လိုက်မယ်လို့ပုံသေပြောလို့မရဘူးနော်။ပျော်စရာရွှင်စရာတွေကြုံရတဲ့သူဟာဘ

ဝကိုကျေနပ်ပြီးတော့အောင်မြင်တဲ့လူတစ်ယောက်လို့ပုံသေပြောလို့မရဘူး။ကိုယ်ကြုံတွေ့ရတဲ့

လောကဓံတွေဟာကိုယ့်ကိုဘယ်လိုပုံဖော်မလဲဆိုတာကိုယ့်အပေါ်မှာအများကြီးမူတည်ပါတယ်

။ကိုယ်ကအများကြီးcontrolလုပ်လို့ရတယ်။ဘယ်လိုလုပ်ရလဲဆိုတော့ကိုယ်ကသတိရှိနေလို့ရှိရ

င်အခက်အခဲတွေအများကြီးကြုံပေမဲ့သတိနဲ့ဥာဏ်လေးနဲ့ကြည့်ပြီးတော့ကိုယ့်စိတ်ကိုကိုယ်အေး

အောင်ထားပြီးတော့ကောင်းသည်ထက်ကောင်းအောင်ကြိုးစားသွားလို့ရှိရင်ကောင်းတဲ့သူတစ်

ယောက်ဖြစ်လာမှာပါ။အခက်အခဲတွေကြုံတွေ့ရတဲ့အခါမှာကိုယ်ကသတိနဲ့ဥာဏ်နဲ့မကြည့်ဘဲနဲ့

မကောင်းတဲ့နည်းနဲ့ဒီပြဿနာကိုဖြေရှင်းမယ်ဆိုရင်ကိုယ်ကဆိုးတဲ့သူတစ်ယောက်ဖြစ်သွားမှာ

ဘဲနော်။ဒါ့ကြောင့်အခက်အခဲတစ်ခုခုကြုံတဲ့အခါမှာလူနှစ်ယောက်တုန့်ပြန်မှုကမတူဘူး။

ဥပမာ.တစ်ယောက်ကသတိနဲ့နေတဲ့သူ၊ဥာဏ်ရှိတဲ့သူ၊သူ့စိတ်ကိုသူသိတဲ့သူတစ်ယောက်ဟာအ

ခက်တွေ့လာပြီဆိုရင်”မကောင်းတဲ့နည်းနဲ့မရိုးသားတဲ့နည်းနဲ့ဖြေရှင်းလိုက်ရင်ငါ့စိတ်ဓါတ်တွေ

ပျက်စီးသွားမယ်။ဒီနည်းနဲ့ငါမဖြေရှင်းဘူး၊ငါ့ရဲ့စိတ်ဓါတ်ကိုအပျက်စီးမခံနိုင်ဘူး။ငါရိုးရိုးသားသား

နဲ့ဥာဏ်ကြီးကြီးနဲ့ဖြေရှင်းမယ်။တကယ်လို့ဒီအခက်အခဲကြောင့်ငါ့မှာဆုံးရှုံးမှုနစ်နာမှုတွေရှိလာ

မယ်ဆိုရင်လည်းခံလိုက်မယ်။အခက်အခဲဆိုတာခဏပါ။တသက်လုံးမဟုတ်ပါဘူး။ခဏငါသည်း

ခံလိုက်ရင်တချိန်ကျရင်ပြေလည်သွားမှာဘဲ။”လို့တွေးပြီးဖြေရှင်းသွားတယ်။အဲဒီလိုသတိနဲ့ဖြေ

ရှင်းသွားရင်ဒီဒုက္ခပင်လျှင်သူ့ကိုလူကောင်းတယောက်ဖြစ်အောင်အထောက်အကူပြုပေးတယ်။

နောက်တယောက်ကျတော့အခက်အခဲတစ်ခုကြုံတိုင်း သူ့စိတ်ကိုသူမသိဘူးဆိုရင်

“အခက်အခဲတော့ကြုံပြီ၊ငါဘယ်လိုပရိယာယ်တွေသုံးရမလဲ။ဘယ်သူ့အပေါ်ပုံချလိုက်ရမလဲ။”

မရိုးသားတဲ့နည်းနဲ့တစ်ခုခုလုပ်ချင်လည်းလုပ်လိုက်မှာဘဲနော်။အဲဒီလိုမရိုးသားတဲ့နည်းနဲ့ပြဿ

နာကိုဖြေရှင်းလိုက်ကတည်းကိုကမရိုးသာတဲ့လူဖြစ်သွားပြီ။သူ့ရဲ့စိတ်ဓါတ်ပျက်စီးသွားပြီပေါ့။

လူတစ်ယောက်မှာတန်ဖိုးမဖြတ်နိုင်တဲ့စိတ်ဓါတ်ပျက်စီးသွားပြီဆိုရင်သူ့အတွက်ဘာမှကိုမကျန်

တော့တာ။မရိုးသားတဲ့နည်းနဲ့ထွက်ပေါက်ရှာတဲ့သူဟာကြာလေလေအဆင့်နိမ့်သွားလေလေဘဲ

။သူ့စိတ်ဓါတ်နဲ့အသိဥာဏ်ကဘယ်တော့မှမြင့်မြတ်တဲ့လူမဖြစ်နိုင်တော့ဘူး။အရည်အချင်းရှိတဲ့

သူဘယ်တော့မှမဖြစ်နိုင်တော့ဘူး။ယုတ်နိမ့်တဲ့သူဘဲဖြစ်တော့မှာ။အဲဒီတော့အခြေအနေတစ်ခု

ကြုံလာတိုင်းမှာဒီအခြေနေကကိုယ့်အပေါ်ဘယ်လောက်ထိဘယ်လိုလွှမ်းမိုးမလဲဆိုတာဟာ

ကိုယ့်အပေါ်မှာဘဲမူတည်ပါတယ်။

အဲဒါကိုဘယ်တော့မှမမေ့ပါနဲ့။

*ဆရာတော်ဦးဇောတိကရဲ့တရားစာအုပ်ဖတ်ရင်းနဲ့ အဲဒါလေးတွေ့လို့ အရမ်းသဘောကျလို့ ကိုယ်တိုင်

စာရိုက်ပြီးဝေမျှလိုက်ပါတယ်။ကူးယူဝေမျှလိုကဝေမျှနိုင်ပါတယ်ရှင့်။
Read More ->>

လွမ်းစရာ့ မြို့မ

ဒီနေ့မှ ဘယ်လိုဖြစ်မှန်းမသိဘူး။ ကိုယ် သူငယ်တန်းကနေ ဆယ်တန်းအထိ ပညာသင်ကြားခဲ့တဲ့ မြို့မကျောင်း

လို့လူသိများတဲ့ ဒဂုံ (၂) ကိုအရမ်းသတိရနေမိတယ်။ ဒါနဲ့ဘဲဒီပို့စ်လေးဖြစ်လာတယ်ဆိုပါတော့။

မိုးကုတ်မှာ နေရင်ပညာရေးမကောင်းဘူးဆိုလို့ ကိုယ်တို့ရန်ကုန်ပြောင်းလာကြတယ်။ ရန်ကုန်ရောက်တာ

နွေရာသီထင်တယ်။၁၉၈၆ ခုနှစ်ဇွန်လမှာ ကိုယ်ကသူငယ်တန်းစနေရမှာ။

မမကြီးက ၆ တန်း အစ်ကိုက ၂ တန်း အစ်မလတ်က ၃ တန်း။ ကျောင်းစနေတော့ ကျောင်းအုပ်ကြီးက

ဦးတင်ဝင်း။အရမ်းစည်းကမ်းကြီးတယ်။ အဲဒီတုန်းက ဒဂုံ ၂ က အတော်တွေ ထွက်သေးတယ်။

မှတ်မိသေးတယ်။ ကိုယ်ကျောင်းစတက်တော့ မကြီးက ၆ တန်းဆိုတော့ ကိုယ့်ကို

မုန့်စားဆင်းချိန်ကျရင်ထမင်းတွေလာလာကျွေးရတယ်။ ၁ တန်းရောက်တော့ အတန်းပိုင်ဆရာမက

ဒေါ်သိန်းစော။ အရမ်းကြောက်ရတယ်သူ့ကို။ တစ်ခါက ခဲဖျတ်မပါလို့ တံတွေးစွတ်ပြီးဖျတ်လို့တဲ့

လက်ခေါက်ကိုပေတံစောင်း နဲ့ ခေါက်တာ။ အဲဒီထဲက ခဲဖျတ်ဘယ်တော့မှ မမေ့တော့ဘူး။ ၁

တန်းကျောင်းဆောင်က ကျောင်းဝင်ပေါက်နဲ့ နီးပြီးတော့ အဲဒီကနေ အပြင်ကရောင်းတဲ့

မုန့်တွေဝယ်စားလို့ရတယ်။ ကိုယ်က အုန်းမွှေးလုံးတို့ ကပ်စေးနဲ တို့ နောက် ဟိုဟာလေ..စက်ကြီးထဲကို

တုတ်ထိုးပြီးလှည့်လိုက်ရင် ငှက်သိုက်မုန့် လိုမျိုးပဲလေ။ ပြောရင်းနဲ့ စားချင်လာပြီ၊ အရမ်းကြိုက်မှကြိုက်။

အဲဒါတွေစားလိုက်ကစားလိုက်နဲ့ ခေါင်းလောင်းတီးမှဘဲ ချွေးသံရွှဲရွှဲနဲ့ စာသင်ခန်းထဲလာဖို့သတိရတော့တယ်။ ၁

တန်းတုန်း က ကိုယ်အမြဲလုပ်တဲ့ အလုပ်တစ်ခုက ရုပ်ရှင်ကြည့်တာလေ။ ကျောင်းရှေ့မှာ ကင်မရာလိုမျိုး ကို

အောက်က ဖလင်နဲ့ ရုပ်သေဓါတ်ပုံထည့်ပြီးပြတာလေ။ ကိုယ်အရမ်းကြိုက်တာဘဲ၊ ကားသစ်ထွက်တာနဲ့

ကြည့်တာဘဲ။ တစ်ကားကို ငါးမူးလား တစ်မတ်လား မမှတ်မိတော့ဘူး။

၂ တန်းရောက်တော့ ကျောင်းဆောင်က အတူတူဘဲ။ အပေါ်ထပ်ရောက်သွားတယ်။ အဲဒီမှာ

အရေးအခင်းဖြစ်တာဘဲ၊ အဲဒီတုန်းကဆိုရင် ဆရာမတွေက အိမ်က အစ်မတွေ မိဘတွေလာခေါ်မှ

ကျောင်းသားကိုထည့်ပေးလိုက်တာ။အဲဒီလိုနဲ့ လာခေါ်သွားကြတာ နောက်ဆုံး ကိုယ်ရယ်

ကောင်မလေးတစ်ယောက်ရယ် အတန်းပိုင်ဆရာမရယ်ဘဲ ကျန်တယ်။ ကိုယ့်မကြီးက ကိုယ့်ရဲ့

အစ်ကိုတွေအစ်မတွေကိုဝင်ခေါ်ပြီးတော့ ကိုယ့်ကိုလာခေါ်တယ်။ ဖေဖေတို့ လာမကြိုသေးလို့

ခဏစောင့်နေရသေးတယ်။ ၁၅ မိနစ်လောက်နေတော့ မေရောဖေရောလာခေါ်တော့ ပြန်သွားတယ်။

ကျောင်းတနှစ်ပိတ်တယ်။ လူကြီးတွေကတော့ စိတ်ညစ်ကြတယ်။ ကိုယ်တို့ကတော့

ကျောင်းတွေပိတ်လို့ပျော်လိုက်တာအရမ်းဘဲ။ ကျောင်းပြန်ဖွင့်တော့ ၂ တန်းဘဲပြန်တက်ရတယ်။

ကိုယ်ကအရမ်းဆော့တာ။ဆော့လွန်းလို့လွယ်အိတ်ပျောက်တာတို့၊မိုးတွင်းဆိုရင်

ရေထဲမျောသွားတာမျိုးအမြဲဖြစ်တယ်။ အဲလိုနဲ့ ၃ တန်း ရောက်ရော။ ၃ တန်းဆောင်နဲ့ ၅

တန်းဆောင်ကမျက်နှာချင်းဆိုင်။အလယ်မှာ မုန့်ဈေးတန်းကို သွားတဲ့လမ်းလေးဘဲခြားတယ်။ ကိုယ်တို့

ကျောင်းကတစ်ချိန်ကျောင်းဖြစ်လို့ မုန့်စားဆင်းချိန်ဆိုရင် မုန့်ဈေးတန်းမှာအရမ်းလူများတယ်။

ကျောက်ကျောကိုစဉ့်အိုးကြီးနဲ့ထည့်ရောင်းတဲ့ မိသားစု အအေးဆိုင်ရယ်၊မစုအသုတ်ရယ် ကိုသတိရလိုက်တာ။


၎ တန်းရောက်တော့ အစိုးရစစ်လေ။ ကျောင်းအုပ်ကြီးလည်း

အသစ်ဖြစ်သွားတယ်။ဦးဟန်သိန်းတဲ့၊ကိုယ်ဆယ်တန်းရောက်တဲ့အထိအဲဒီဆရာကြီးဘဲ အုပ်ချုပ်တာ။

၎တန်းဆောင်က ဘောလုံးကွင်းနဲ့မျက်နှာချင်းဆိုင်။ အဲဒီဘောလုံးကွင်းက ခရေပင်ကြီးတွေက

စည်းအဖြစ်နေရာယူပေးတာ။ ၄ တန်းဆောင်မှာ အေတန်းတစ်ခုဘဲအပေါ်ထပ်မှာ။

ဘေးကဘုရားဝတ်ရွတ်ခန်း။ မှတ်မိသေးတယ်။ ကိုယ်တို့ကအပေါ်ထပ်မှာ အီစွတ်ကြိုးခုန်နေကြတာ။

အောက်က လူတွေက ၅ ယောက်လောက်စုပြီးကိုယ်တို့အတန်းပိုင်ကိုလာတိုင်ရော။ ကိုယ်တို့တွေ

ခုန်ပေါ်မှာတစ်ချိန်စာ မတ်တတ်ရပ်လိုက်ရတယ်။

၅တန်းဆောင်က ၇ တန်းဆောင်နဲ့ သုံးတန်းဆောင်ရဲ့အလယ်မှာ။

လုံချည်တွေစ၀တ်ခိုင်းနေပြီ။ ကိုယ့်ကို

မေမေကထမီစကတ်လေးတွေချုပ်ပေးတယ်။ရင်ဖုန်းနဲ့။ကောင်မလေးတစ်ယောက်အကြောင်းပြောပြမယ်။

အခုတော့သူက ဆရာဝန်မကြီးဖြစ်နေပြီ။ သူ့ကိုတော့ဒီဘလော့ခ်လင့်မပေးတော့ဘူး။ ကိုယ်တို့က

အိမ်သာသွားရင် ၂ ယောက်တတွဲသွားရတာလေ။ တတွဲပြန်လာမှနောက်တတွဲကသွားရတာ။

သူကအိမ်သာသွားဖို့ ကိုယ့်ကိုအဖော်ညှိတယ်။ ပထမတတွဲကပြန်မလာသေးတော့ ဆရာမက

မသွားခိုင်းသေးဘူး။ ပထမတတွဲလည်းပြန်လာရော ကိုယ်တို့သွားတာပေါ့။

ခုနှစ်တန်းဆောင်ဘေးနားလည်းရောက်ရော သူက ငါမနိုင်တော့ဘူးတဲ့ ထွက်ကုန်ပြီတဲ့ ။ အဲဒါနဲ့

အီးအီးတွေထွက်ကျပါလေရော။ ကိုယ်လည်းဆရာမကိုသွားပြောပြီးကျောင်းဝင်းထဲမှာနေတဲ့

ဆရာမတစ်ယောက်ဆီကလုံချည်ငှားပြီးသူ့ကို ပေးလိုက်ရတာ။ နောက်နှစ်ရက်လောက်

သူကျောင်းမလာဘူး။ရှက်လို့နဲ့တူပါတယ်။

၆တန်းရောက်တော့ အတန်းပိုင်ဆရာမကဒေါ်ခင်မြိုင်။ ဆရာမကသိပ်ပြီးတင်းကျပ်တယ်။

ကျောင်းရောက်ရောက်ချင်း အသင်းသားတွေက အသင်းခေါင်းဆောင်ဆီမှာ တနေ့စာတနေ့ စာပြန်ဆိုရတယ်။

အသင်းခေါင်းဆောင်တွေက ဆရာမ ရှေ့မှာဆိုရတယ်။ ကျောင်းနောက်ကျရင် နောက်ကျတဲ့သူက

တတန်းလုံးကြားအောင်စာပြန်ဆိုရတယ် ။ကိုယ်ကအလောင်းဘုရားအသင်းခေါင်းဆောင်။ ကိုယ်ဆို

စာအမြဲဝါးချတယ်။အမှတ်ရစရာတခုပြောပြမယ်။ အသင်းခေါင်းဆောင်တွေက အလှည့်ကျ

စကားများတဲ့သူတွေကိုနာမည်မှတ်ရပြီ။ အဲဒီခါကျ ကိုယ်နဲ့မတည့်တဲ့ကောင်တွေသေပြီသာမှတ်။

အရင်ဆုံးသူတို့နာမည်တွေချရေးထားတယ်။ ပြောပြော မပြောပြော။ သူတို့အလှည့်ကျရင်

ကိုယ်နာမည်ကရှေ့ဆုံးက။

ရတန်းရောက်တော့ နဲနဲပဲများတတ်လာပြီ။ ရတန်းမှာ နာမည်ကြီးတဲ့ဆရာမ ကဒေါ်ဆင့်ဆင့် တဲ့။သခ်ာၤ ၂

သင္တာ။ အပေါက်ဆိုးတယ်။ကောင်မလေးတစ်ယောက်က မိတ်ကပ်ပြင်လာလို့ပြောလိုက်တာ

အဲဒီကောင်မလေး နောက်နေ့ကစပြီးမိတ်ကပ်မပြင်ရဲတော့ဘူး။၈ တန်းရောက်တော့ အတန်းပိုင်ဆရာမက

ဒေါ်သန်းမြင့်။ အရမ်းချစ်ဖို့ကောင်းတယ်။ ကိုယ်တို့ အုပ်စု က ယောကျာ်းလေး ၆ ယောက်၊မိန်းကလေး ၆

ယောက်။ လုံချည်တွေကို ခြေမျက်စိဖုန်းအောင်ဝတ်။ အောကတ္တီပါ တွေစီး ၊ဗာဒံပင်လမ်းကနေ

မုန့်ဈေးတန်းကို ၂ ယောက်တတွဲဆင်း။ ကိုယ်တို့ အုပ်စု ကမိန်းကလေးတွေက အရမ်းအတွဲညီတာ။ ပုပုလေး ၂

ယောက်၊ အရပ်ရှည်ရှည် ၂ ယောက်၊ ၀၀ ၂ ယောက်။ ဗာဒံပင်လမ်းဆိုလို့

ကိုယ်တို့ကျောင်းမှာအဲဒီလမ်းလေးက အရမ်းသာယာတယ်၊ လမ်းလျှောက်လို့လည်း အရမ်းကောင်းတယ်။

၉ တန်းရောက်တော့ ကြောက်ရတဲ့ဆရာမကဒေါ်တင်တင်အုန်း။ သူပြောလိုက်ပြီဆိုရင်

နားမထောင်ဝံ့လောက်အောင်ကိုဆိုးတာ။ တစ်ခါက ကိုယ်တို့ အုပ်စုတွေ ဗာဒံသီးတွေထုစားလို့ဆိုပြီး

အရိုက်ကြမ်းတဲ့ PHYSIC ကရိုက်တာ ။ကိုယ်တို့တွေလည်း အရိုက်ခံရတယ်။ ယောကျာ်းလေးတယောက်က

ပုဆိုးအောက်မှာစာအုပ်ခုထားတာမိသွားတယ်။ သူ့ကိုနှစ်ဆရိုက်တယ်။ အရိုက်ခံရပေမယ့်အရမ်းပျော်တာဘဲ ။

၁၀ တန်းရောက်တော့ ကျောင်းလည်းသိပ်မတက်ဖြစ်တော့ဘူး။

လွမ်းလိုက်တာ ……

ဒီတခေါက်ရန်ကုန်ပြန်ရင်တော့ မြို့မကျောင်းကိုသွားကို သွားအုန်းမှာ.
Read More ->>

ကောင်းကင်ပြိုခြင်း



စာအုပ်အမြည်းလေးပေးလိုက်ပါတယ်။

အကယ်၍များသာ အမေရိကန်ပြည်ထောင်စု

မှာတော်ဝင်မိသားစုရှိခဲ့မယ်ဆိုရင် Winthrop မိသားစုက တော်ဝင်မိသားစု

ဖြစ်မှာ ဧကန်မလွဲပါဘဲ။ သူတို့တွေကို တကမ္ဘာလုံးက

အရမ်းချစ်ကြပြီးတန်ဖိုးထားကြပါတယ်။ သူတို့မိသားစု က

ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီမှုအသင်းများ များကိုထောက်ပံ့ပေးပြီး

သူတို့ကိုယ်တိုင်ကလည်း ပြည်သူလူထုအကျိုးပြုတဲ့ လူမှုရေးအသင်းတွေမှာ

အားတက်သရော ပါဝင်လုပ်ကိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်နှစ်အတွင်းမှာဘဲ မိသားစုဝင် ငါးယောက်လုံးဟာ

တစ်ယောက်တစ်မျိုး accidents တွေဖြစ်ပြီး သေဆုံးခဲ့ရလို့ သူတို့မျိုးဆက် ပျက်သုဉ်းခဲ့ရပါတယ်။



Dana Evans တဲ့။ သူမကတော့ Washington TV Network မှာ စိုးရိမ်ထိတ်လန့်စေတဲ့၊ Sarajevo

စစ်သတင်းနဲ့ နာမည်ကျော်လူသိများတဲ့ ချောမောလှပတဲ့ သတင်းကြေငြာတဲ့ မိန်းကလေးတစ်ယောက်ပါ။

သူမက ဒီဇာတ်လမ်းမှာ ဇာတ်လိုက်ပါ။ Dana Evan ဟာ Winthrop မိသားစု သေဆုံးမှုနဲ့ ပတ်သတ်ပြီး

accidents တွေကြောင့်လို့ မထင်ဘဲ သူတို့မိသားစု ကို တစ်ယောက်ယောက်က မကျေနပ်လို့

မျိုးဆက်ပျက်အောင် သတ်လိုက်တာ လို့နက်နက်နဲနဲ ယုံကြည်ခဲ့တဲ့သူပါ။ ဒါကြောင့် သူမဟာ

အဲဒီကိစ္စကိုဖေါ်ထုတ်ဖို့ လူသတ်တရားခံကိုမိဖို့ Winthrop မိသားစုနဲ့ အလုပ်လုပ်ကိုင်ဖူးတဲ့သူတွေကို ရှာဖွေပြီး

သူတို့ရှိတဲ့ နိုင်ငံမျိုးစုံကို လှည့်ပြီးလေ့လာစစ်ဆေးမှုတွေ

ပြုလုပ်ခဲ့ပါတယ်။သူမရဲ့ယုံကြည်မှုတွေနီးစပ်လာလေလေ သူမ နဲ့ သူမရဲ့

မွေးစားသား လေးအပေါ် အန္တာရာယ်ကြားထဲ ရောက်လေလေပါဘဲ။ နောက် Dana မမျှော်လင့်ထားတဲ့

အရာတွေဖြစ်လာတဲ့အခါမှာ၊ သူမဟာ..

ဒီစာအုပ်ကို စာရေးဆရာကြီး Sidney Sheldon ရေးသားထားပါတယ်။ English စာအရေးအသားရိုးရှင်းပြီး

ဖတ်လိုက်တာနဲ့ လက်ကမချချင်လောက်အောင်ကို ကောင်းတဲ့ စာအုပ်လေးပါ။

* ပုံကို ဒီဆိုဒ် ကကူးယူပါတယ်။
Read More ->>

ကျွန်မ ဘီလူးမ မဟုတ်ပါ

ကမ္ဘာပေါ်မှာ မျက်နှာ အစားထိုးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တာ ဒါနဲ့ဆိုရင်လေးကြိမ်မြောက်ပါ။ အရင်အကြိမ်တွေက

အခုလောက်ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့ပါဘူး။ မျက်နှာအစိတ်အပိုင်း ၈၀% လောက်ကို

အောင်မြင်စွာအစားထိုးကုသပေးခဲ့တာ ကတော့ Ohio ပြည်နယ်က Cleveland Clinic က Dr.Maria

Siemionow ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့ဖြစ်ပြီး ကုသခံလူနာကတော့ Connie Culp လို့ခေါ်ပါတယ်။



Connie Culp ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ခင်ပွန်း Thomas ကနေ သူ့ကို သေနတ်ဖြင့်ပစ်ခဲ့ပါတယ်။ ပြီးတော့

Thomas သူ့ကိုယ်သူလည်းပြန်ပစ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ Thomas ဟာ ထောင်ဒဏ် ၇ နှစ်ကျခံနေရပါတယ်။

Culp ကတော့ မသေဘဲ ဘ၀ကိုဆက်လက်ရှင်သန်ခဲ့ပါတယ်။ ဒါပေမဲ့ မျက်နှာကို ကျည်ဆံ ထိမှန်မှုကြောင့်

သူမရဲ့နှာခေါင်း၊ နှုတ်ခမ်းလွှာ ၊ပါးပြင် နဲ့ မျက်သားခွံတွေဟာပျက်စီးသွားခဲ့ပါတယ်။ အဲဒီ ယမ်းမှုန့်တွေ

ဟာသူမရဲ့မျက်နှာပြင်တစ်ခုလုံးမှာ ပြန့်နှံနေခဲ့ပါပြီ။ သူမရဲ့မျက်နှာပြင်မှကောင်းတာဆိုလို့

အပေါ်မျက်သားခွံ၊နဖူး၊အောက်နှုတ်ခမ်းနဲ့ မေးစေ့ သာကျန်ပါတော့တယ်။ တစ်ခါက

ကလေးလေးတစ်ယောက်က သူမကိုဘီလူးမဟု ခေါ်တာ Culpကြားလို့ အဲဒီကလေးကို သူမရဲ့

လိုင်စင်ကတ်ပြားထုတ်ပြပြီး သူမဟာ ဘီလူးမဟုတ်ပါဘူး၊ လူသားစင်စစ်ဖြစ်ပါတယ်လို့ ရှင်းပြခဲ့ရကြောင်း

သူမက ၀မ်းနည်းဖွယ် ပြောပြခဲ့ပါတယ်။ Culp ဟာအခါ ၃၀ လောက်ခွဲစိတ်မှုခံယူမှုပြုခဲ့ပါတယ်။

ဆရာဝန်တွေဟာ သူမရဲ့ နံရိုးက အစိတ်အပိုင်းတွေယူပြီး ပါးရိုးတွေ လုပ်၊ ခြေထောက်ကအရိုးတွေကနေ

အပေါ်မေးရိုးတွေလုပ် ကြိုးစားခဲ့ကြပါတယ်။ သူမရဲ့ပေါင်သားတွေိကိုလည်းလှီးတာ မရေတွက်နိုင်အောင်ပါဘဲ။

ဒါပေမဲ့ သူမဟာ အဖတ်စားလို့မရ၊ နှားခေါင်းပေါက်နဲ့ အသက်ရှူလို့မရ၊ အနံ့အသက်မရရှိသေးပါဘူး။

သူမအသက်ရှူဖို့ လည်ပင်းမှာ အပေါက်ဖောက်ထားပေးရပါတယ်။




အဲဒီလိုနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့၊ ခွဲစိတ်ချိန် ၂၂ နာရီ ကြာအပြီးမှာတော့… Cleveland Clinic က Dr.Maria

Siemionow ဦးဆောင်တဲ့ ဆရာဝန်များအဖွဲ့ဟာ Culp မျက်နှာ ၈၀% နဲ့အတူ အရိုး၊အကြော၊အရေပြား နဲ့

သွေးကြောတွေ ကို သေတာနာရီပိုင်းလောက်ပဲရှိဦးမယ့်၊သူရဲ့မျက်နှာကို လှူဖို့သဘောတူထားတဲ့ အမျိုသမီး

တစ်ဦးနဲ့ အစားထိုး ကုသမှုအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။



သူမမှာ နှာခေါင်းလည်းရှိလာပြီလို့ ၇ယ်ပြီးပြောပါတယ်။

ဇန်န၀ါရီလမှာတော့ Culp ဟာ ပီဇာနဲ့ ဘာကာ ကို ဒီ ၅ နှစ်အတွင်းမှာ ပထမဆုံး စားနိုင်လာပါပြီ။ သူမဟာ

ကွတ်ကီးနဲ့ ကော်ဖီ ကိုကြိုက်နှစ်သက်တယ်လို့လည်း Dr.Maria Siemionow ကပြောပါတယ်။ အခုထိတော့

သူမရဲ့မျက်နှာ ၈၀% အစားထိုးလိုက်ရလို့ သူမရဲ့စိတ်ခံစားမှုကို မျက်နှာမှာ

သိပ်ဖော်ပြလို့မရသေးဘူးဟုလည်းပြောပါတယ်။

* ပုံများကို ဒီဆိုဒ် ကနေကူးယူဖေါ်ပြပါတယ်။
Read More ->>

ဗုဒ္ဓနေ့


ဒီနေ့ ကဆုန်လပြည့်နေ့ ဖြစ်လို့ အိမ်ကဘုရား ကို

ရောင်တော်ဖွင့်ထားပါတယ်။

ကဆုန်လပြည့်ဟာ ဗုဒ္ဓဖွားတဲ့နေ့ ဖြစ်သလို ဘုရားဖြစ်တော်မူတဲ့နေ့

တစ်ရက်ဖြစ်လို့ ဗုဒ္ဓနေ့ လို့ခေါ်ပါတယ်။











Read More ->>

ကမ္ဘာ့ အသက်ရှည်ဆုံး ခွေးကလေး


ဒီနေ့ သတင်းကြည့်ရင်းနဲ့ ထူးဆန်းတာလေးတွေ့လို့ေ0
မျှလိုက်ပါတယ်။

ခွေးကလေး "Chanel" ဟာအသက်(၂၁)နှစ် နဲ့
ကမ္ဘာ့အသက်ရှည်ဆုံးခွေးမလေးအဖြစ် ကမ္ဘာ့စံချိန်ဝင်သွားခဲ့ပါတယ်။










* ပုံကို http://dachshundlove.blogspot.com ကယူထားတာပါ။
Read More ->>

အလောင်းတော်ကဿပ ခရီးစဉ် အပိုင်း ( ၂ )

မမှတ်မိတော့လို့ မေမေတို့ကိုပြန်မေးနေတာနဲ့ ဒုတိယပိုင်းဆက်တာ နောက်ကျသွားတာ။

ပထမပိုင်းမှာ ကားပေါ်မှာ အိပ်ခဲ့ရတဲ့ နေရာက ဆားလင်းကြီးတဲ့။

ပြီးတော့ ညောင်ဦးဆိပ်ကမ်းကနေ ပခုက္ကူ ဘက်ကို ဇက်နဲ့ ကူးရတယ်။ ပုခုက္ကူ ကနေ ခရီးဆက်လိုက်လာရာ

ညနေ ၃း၀၀ လောက်ကျတော့ တောင်ခြေရင်း ကိုရောက်ဖို့သွားတဲ့ ဖုန်လမ်းလေးကို စရောက်ခဲ့တယ်။

ခရီးသွားကားတွေကိုလည်းတွေ့နေရတယ်။ ကိုယ်ပိုင်ကားနဲ့က ကိုယ်တို့အပါအ၀င် ၅

စီးလောက်ရှိမယ်ထင်တယ်။ ကျန်တာတွေက Dodge တွေရယ် ဟီးနိုးကားတွေ ရယ်နဲ့ပေါ့။ ဖုန်လမ်းကလည်း

ဖုန်ထူချက်ကတော့ အံ့မခန်းဘဲဆရာ။ wiper တောင်မနိုင်လို့ ကျိုးသွားတယ်။ တော်တော်လေးမောင်းရတယ်။

အရမ်းထူတော့တစ်ခါတစ်လေ အရှေ့ မှာရှိတဲ့ ကားကိုတောင် မမြင်ရတော့ဘူး။ ဖြေးဖြေးနဲ့

မှန်မှန်လေးမောင်းလာတယ်။ ညနေ ၅း၀၀ လောက်ရောက်တော့ စမ်းချောင်းလေးတစ်ခုကိုဖြတ်ရတယ်။

ဘယ်လောက်နက်တယ်ဆိုတာ သိချင်လို့ မေမေက အဲဒီစမ်ချောင်းလေးကို လမ်းလျှောက်ဖြတ်တယ်။

ကိုယ်တို့ကတော့ ရေတွေ့ရင် ရေထဲကိုဆင်းချင်တာနဲ့ဘဲ မေမေ့နောက်က လိုက်ခဲ့တယ်။ သိပ်မကျယ်ပါဘူး ။

ဟိုဘက်ကမ်းရောက်တော့ မေမေက ဖေဖေကို လက်လှမ်းပြတော့ ဖေဖေလည်း ကားကို မောင်းလာခဲ့တယ်။

စမ်းချောင်းဟိုဘက်ရောက်တော့ ရွာလေးတွေဆက်တိုက်ဘဲ။ ကိုယ်တို့လည်း အဲဒီရွာလေးတွေကိုဖြတ်

တောင်တွေကို ကျော်နဲ့။ တောင်တွေက မတ်လိုက်တာ ၉၀ံ နီးပါးလောက်ကိုမတ်တာ။ တစ်ခါတစ်ခါ

ဂီယာကြီးနဲ့တောင် မနိုင်ချင်ဘူး။ ပိုတာမဟုတ်ဘူး ။သူကမတ်ပြီးတာနဲ့ ကွေ့ အဲဒီလိုမျိုးကြီး။ ကြောက်စရာကြီး ။

အဲဒီလိုနဲ့ တောင်တွေကို ဖြတ်ပြီး သွားလိုက်တာ ၆း၃၀ လောက်ကျတော့ ပြာပုံတောင်လို့ ခေါ်တဲ့

အမတော်တောင်ကို ရောက်တယ်။အမတော်တောင်မှာ ကားတွေကခဏတဖြုတ်နားလေ့ ရှိတယ်။

ကိုယ်တို့ကားလည်းနားတယ်။ ရေဆူချက်ကတော့ ကားဘောနက်ဖွင့်လိုက်တဲ့ အခါမှာ အငွေ့တွေထွက်လာတဲ့

အထိဘဲ။ အမတော်တောင်က အရမ်းနတ်ကြီးတယ်။ပါးစပ်စည်းစောင့်ရတယ်။ ပေါက်တတ်ကရ ပြောလို့မရဘူး။

ပြီးတော့ သမီးရည်းစားတွေ လည်း ပလူးပလဲ လုပ်လို့မရဘူးတဲ့ ။ ရး၀၀ လောက်ကျတော့

အဲဒီကနေထွက်ခဲ့တယ်။ နောက်စမ်းချောင်းလေးတစ်ခုတွေ့ပြန်တယ်။ ကားတစ်စီးကတော့ ကြောက်လို့တဲ့၊

မနက်မိုးလင်းမှဘဲခရီးဆက်မယ်တဲ့ ။ ကိုယ်တို့ကတော့ ညတွင်းချင်းဘဲ ခရီးဆက်ခဲ့တယ်။ ၈း၀၀

လောက်ကျတော့ ကားထားတဲ့ သစ်လုံးစခန်းကို ရောက်တယ်။ ကိုယ်တို့လည်း အဲဒီမှာရှိတဲ့

တစ်ခုတည်းသောတည်းခိုခန်းမှာဘဲ ညအိပ်ဖြစ်တယ်။ မနက်ကျတော့ ၉း၀၀ လောက်မှနိုးတယ်။ ပြီးတော့

အလောင်းတော်ကဿပရှိတဲ့ တောင်ပေါ်ကို တက်ဖို့ ဆင်ငှားဖို့ ထွက်လာတယ်။ အဲဒီတုန်းက ဆင်တစ်ခါစီး

၅၀၀ကျပ် လားမသိဘူး။ သေချာတော့မမှတ်မိတော့ဘူး။ ကိုယ်တို့မိသားစု ၅ ယောက်လုံး ဆင်သုံးစီးနဲ့

တက်လာခဲ့တယ်။ သိပ်တော့မဝေးပါဘူး။နာရီဝက်လောက်ဘဲ ဆင်စီးရတယ်။ တောင်ပေါ်ရောက်တော့

ဘုန်းကြီးကျောင်းမှာ တည်းတယ်။ အထုပ်အပိုးတွေဝင်ထားခဲ့တယ်။ အဲဒီဘုန်းကြီးကျောင်းကကျွေးတဲ့

သက်သက်လွတ်ထမင်းစားပြီး ဂူကိုသွားဖို့ထွက်လာခဲ့ကြတယ်။ လမ်းမှာ ရှင်သာမဏေ

ထွက်ပေါက်ကိုတွေ့တယ်။ အလောင်းတော်ကဿပ ဂူထဲကနေထွက်ဖို့ တစ်ခုတည်းသောလမ်းကြောင်းလို့

ပြောကြတယ်။

ဘာလို့ ရှင်သာမဏေ ထွက်ပေါက်လို့ခေါ်ရတာလဲဆိုတော့ ရွာခံလူတွေက ရှင်းပြလို့သိခဲ့ရတယ်။ ဟိုတုန်းက

ဘုရင်တစ်ပါးနဲ့ ရှင်သာမဏေ တစ်ပါးဟာ သူတို့ ကိုးကွယ်တဲ့ ကဿပ ရဟန္တာကို လိုက်ရှာရင်း ရွှေအတိပြီးတဲ့

ကဿပရဟန္တာရုပ်အလောင်းထားတဲ့ဂူထဲကို ရောက်သွားရော၊ အဲဒီမှာ ဘုရင်ကြီးက ဂူထဲမှာရှိတဲ့

ကျောက်သံပတ္တမြားတွေကို လည်းမြင်ရော မက်မောတဲ့စိတ် ဖြစ်မိတာနဲ့ တပြိုင်နက် ဘုရင်ကြီးက

အဲဒီဂူထဲမှာဘဲ ကျောက်ရုပ်တုကြီးဖြစ်နေသတဲ့။ ရှင်သာမဏေ လေးကတော့ မက်မောတဲ့စိတ်မဖြစ်မိဘဲ

လမ်းရှာရင်းရှာရင်းနဲ့ အဲဒီအပေါက်လေးက ပြန်ထွက်လို့ရလာသတဲ့။


အဲဒီ ရှင်သာမဏေ ထွက်ပေါက်လေးက လူ တစ်ယောက်ဘဲအများ ဆုံးဝင်လို့ရတယ်တဲ့။

အပေါက်လေးနားအထိဘဲသွားလို့ရတယ်။ အဲဒီထွက်ပေါက် ကလူသွားလမ်းကနေ ခြေလှမ်းကျယ်တစ်လှမ်း

လှမ်းရုံနဲ့ရောက်ပါတယ်။ဒါပေမဲ့ အဲဒီခြေလှမ်းကျယ်တစ်လှမ်းရဲ့အောက်မှာ ရေစီးသန်တဲ့ အရမ်းနက်တဲ့

ရေတံခွန်တစ်ခုရှိတယ်။ကိုယ်တို့တော့ ကြောက်လို့အဲဒီအပေါက်ဝလေးကိုမသွားရဲဘူး ။

ဖေဖေတစ်ယောက်ထဲဘဲ သွားပြီးပြန်လာတယ်။ နောက်တော့ အလောင်းတော်ကဿပဂူဝ ရှိတဲ့နေရာကို

ဆက်သွားတော့ လမ်းမှာရေတွင်းလေးတစ်တွင်းကိုတွေ့တယ်။ အဲဒီရေတွင်းက ခုနကဘုရင်ကြီး လှံစိုက်ရာကနေ

သူအလိုလိုဖြစ်လာတဲ့ရေတွင်းလေးလို့တော့ပြောကြတယ်။ အဲဒီရေတွင်းက

ရေကတော့ကြည်လင်ပြီးအေးစက်နေတာဘဲ။ အဲဒီရေတွင်းထဲကရေ ကိုသောက်ရင်းအန္တာရာယ်

ကင်းတယ်လို့ဆိုရိုးရှိခဲ့တယ်။ ကိုယ်လက်သန့်စင်ခြင်းခွင့်မပြု လို့ ရေတွင်းဘေးမှာ ရေးထားတာကိုတွေ့ရတယ်။

ပြီးတော့ ခရီးဆက်ခဲ့ပြန်တယ်။်
Read More ->>

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းကတတ်နိုင်သလောက်

ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊

ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တိုတတ်တယ်။


• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။


• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကိုလွယ်လွယ်နဲ့မပေးပါနဲ့။

ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊စိတ်တိုရတယ်၊

ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။

ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။

အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှအရေးကြီးတာကိုလုပ်ရင်

ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကိုအရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင်

စိတ်ပေါ့ပါးသွားလို့သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။

စနစ်ရှိရင်အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။

အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့လုပ်လို့ဖြစ်တာမျိုးကို

သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်အကျင့်လုပ်ထားတာကောင်းတယ်။

အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့တွေးမနေရတော့ဘူး။

အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲသက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်သန့်ရှင်းသပ်ရပ်အောင်

် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့နေရာမျိုးမှာ

အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာမရှိပါစေနဲ့။

နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာစိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။

စိတ်တိုစရာကိစ္စ၊စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့

ပစ္စည်းမျိုးကိုမြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။

ကြည့်လိုက်တာနဲ့စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကိုမြင်သာတဲ့နေရာမှာ ထားပါ။

ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီးဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ

ကိုယ်ရောက် နေတယ်လို့မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ

ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ဝေးလေးကောင်းလေပဲ။

ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။

ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်လုပ်နိုင်ရင်ကောင်းတယ်။

မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီကအကူအညီတောင်းချင်သူတွေ

များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေကိုယ်မအားတုန်း အလုပ်များနေတုန်း

သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။

အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။

ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကိုအထူးရှောင်သင့်တယ်။

ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။

အဲဒါနဲ့ပဲကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကိုသူများကမကောင်းပြောရင်တောင်မှ

သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့

ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။

အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။

အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။

မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကိုဘယ်တော့မှ မပြောပါနဲ့။

စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။

စိတ်ပင်ပန်းမယ်။ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊

အတွေ့အကြုံများတဲ့သူမှသာကိုယ့်အခက်အခဲကိုနာလည်မယ်။

ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကိုသေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။

အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။

အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။

မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။

စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျလုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။

ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ဘယ်လိုအခွင့်အရေးတွေပေးမယ်

ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ချက်ချင်း

ဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီးတကယ်လုပ်တဲ့အခါ

ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်းကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။

အပြောနဲ့အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့

ဘယ်သူမှယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။

ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။

ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေတော်တော်များပါတယ်။

ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာအရေးမကြီးတာတွေကို ကိုသိတိုင်းလည်း

မပြောသင့်ဘူး။မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်စောင့်သင့်တယ်။

ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။

စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပါမျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။

ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။

ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။

ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။

လူနာရဲ့ အသက်ကိုလုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာတော်တော်ပင်ပန်းပါတယ်။

လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ

ပြင်းထန်တဲ့ ကရုဏာကိုဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။

စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်

သနားစရာကောင်းပါတယ်။ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။

မိဘတွေဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။

စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။

လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူကအပြစ်တင်မယ်၊

မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊စိတ်ဓါတ်ကျမယ်။ ဒါကြောင့်

ကိုယ့်အလုပ်နဲ့ပတ်သက်ပြီးဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး

တွေးထားပြီးတော့ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ခံရမှာသေချာတယ်၊

ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါစိတ်မပျက်ဘူး၊ စိတ်မညစ်ဘူး။

စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။သူတို့ကိုနားလည်ဖို့ကြိုးစားပါ။

ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။

ပြဿနာတော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။

တစ်ယောက်ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို

တစ်ယောက်နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက်

အဓိပ္ပါယ်မှန်အောင်မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။

ဒါကြောင့် ဆက်ဆံရေးအဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကိ

ု ဂရုတစိုက် နားထောင်ပါ။သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။

အထူးသဖြင့် အရေးကြီးတဲ့ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။

သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကိုမေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။

သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ်ဆိုတာကို သူသိအောင်ပြောပါ။

တစ်ယောက်ရဲ့ အခက်အခဲကိုတစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။

တစ်ယောက်နဲ့တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။

ကိုယ့်ဘ၀မှာအရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။

ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

* သူငယ်ချင်းတစ်ယောက်ဆီက Email ရလို့ Forward လုပ်တာပါရှင်။
Read More ->>

မန္တလေး မဟာမြတ်မုနိ မျက်လုံးတော် တစ်ဖက်ပွင့်နေခြင်း


မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး
မျက်လုံးတော်တစ်ဘက် ပွင့်တော် မူနေသည်ဟု
မန္တလေး မြို့သူ မြို့သားများကြားတွင် ကောလဟလများ
ထွက်ပေါ်နေပြီး ဘုရားကြီးအား သွားရောက် ဖူးမျှော်သူများဖြင့်

စည်ကားနေကြောင်းသိရပါသည်...


* သူငယ်ချင်းတစ်ယောက်ဆီက Email ရလို့ Forward လုပ်တာပါရှင်။
Read More ->>