အချစ်ဦး ၊ အချစ်စ ၊ အချစ်လယ်၊ အချစ်ဆုံး။


အချစ် ၁။

မမ တစ်ယောက်အိပ်ရာ မှ နိုးထတာနဲ့ အရင်နေ့ ကနဲ့ မတူဘဲ ကျောင်းသွားဖို့ လန်းဆန်းပြီး တက်ကြွနေတယ်။ တစ်သက်လုံး မှာ ကျောင်းသွားဖို့ တက်တက်ကြွကြွပြင်ဆင်တာ ဒီနေ့ တစ်နေ့ဘဲ ရှိတယ်။ အရင်နေ့တွေတုန်းကဆိုရင် မေမေလာနှိုးတာတောင် ၁၅ မိနစ်လောက် အိပ်ရာထဲမှာ ထပ်ကွေးတတ်တဲ့ မမတစ်ယောက် ဒီနေ့တော့ alarm မြည်တာနဲ့ ချက်ချင်း အိပ်ရာထ စောင်တွေ ခေါက်ပြီး ရေချိုးခန်းတန်းပြေးပြီး ရေမိုးချိုး ခေါင်းလျှော် နဲ့ အိမ်ကလူ တွေတောင် မမကို မမြင်စဖူး အထူးတဆန်းဖြစ်နေကြတယ်။ မမ ဘာကြောင့် ဒီလိုဖြစ်နေတာ ဆိုတာတော့ အိမ်ကလူတွေကတော့ မသိကြဘူးပေါ့။ မမ ရင်ထဲမှာတော့ သိမ့်သိမ့်လေး တုန်လို့ နေပါတယ်။
Read More ->>