ချစ်သူသို့



တို့နှစ်ယောက်လမ်း
မဖြောင့်တန်းလည်း
လက်များမြဲမြံ
ခိုင်ခိုင်တွဲလျက်
ခရီးဆုံးတိုင်
လျှောက်ကြမယ်။

တိှု့နှစ်ယောက်ကြား
ဘယ်လိုတားဆီး
ဝင်ဖျတ်ဆီးလည်း
နှစ်ယောက်ရင်ဆိုင်
တူကျော်ဖြတ်မယ်။

ကိုယ့်ရဲ့နံဘေးဝယ်
မင်းရှိနေရင်
ဆူးခင်းလမ်းပင်ဖြစ်လင့်ကစား
ကိုယ်လျှောက်လှမ်းမယ်။
ခရီးလမ်းကြမ်း
မမှုစတမ်း
လက်တွေဆုပ်ကိုင်သွားကြမယ်။

11 ယောက် စိတ်ဝင်တစားဖတ်ရှူ့အကြံပြုသွားပါတယ်ရှင်။:

မြူးသျှရီ said...

ကိုယ့်ရဲ့နံဘေးဝယ်
မင်းရှိနေရင်
ဆူးခင်းလမ်းပင်ဖြစ်လင့်ကစား
ကိုယ်လျှောက်လှမ်းမယ်။
ခရီးလမ်းကြမ်း
မမှုစတမ်း
လက်တွေဆုပ်ကိုင်သွားကြမယ်...တဲ့လား
ထာဝရ ပန်းခင်းလမ်းကိုပဲ လျှောက်နိုင်ပါစေ
လို့ ဆုတောင်းပေးတယ်သိလာ......မမ

Anonymous said...

အယ်လဲ့ ဘာလဲ စိတ်ကောက်ပြီးသကာလ ရုပ်ရှင်ရုံလိုက်ပြပြီးသကာလ ဒီလို ဒီလိုတွေ ဖြစ်သွားပြီလား ဟိဟိ

ဒါပဲနော် စိတ်သိပ်မကောက်နဲ့ ဦးဦးမှန်လေးကို ဟွင်းးးးးးး

ပြန်မယ် လိုက်ထော်နဲ့တော့ ဘိုင်တာ့တာ

ညီမငယ်
ဝံလေး

ကိုလူထွေး said...

ကောင်းလိုက်တဲ့ သဘောထား...
ချိုလိုက်တဲ့ စကားလုံးလေးတွေ လို့အောက်မေ့နေတာ...
စိတ်ကောက်ပြေလို့ ပြန်ချော့နေတာကိုး...

အဆင်ပြေ ပျော်ရွှင်ကြပါစေ...

းဝ)

Shwe Ta said...

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ (၁)

ဝသန်မိုး said...

စိတ်ကောက်ပြေသွားလို့ 
တင်တဲ့ပို့ စ် ပေါ့လေ ဟုတ်လား
မမမျက်မှန်
ဘာပဲပြောပြော
ကဗျာလေးကောင်းပါတယ်
ထာဝရ ပန်းခင်းလမ်းလေးကို ၂ယောက်အတူ
ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်လျှောက်လှမ်းနိင်ပါစေလို့ 

မယ်ကိုး said...

မိုက်တယ် မ =)

rose of sharon said...

ကဗျာလေးဖတ်လို့ ကောင်းတယ်

ရွှေပြည်သူ said...

အပြန်အလှန် မေတ္တာတွေအပြည့်၊ ဆက်လျှောက်ဖို့ အင်အားတွေအပြည့်နဲ့ ချစ်သူတွေကို မြင်ရတာ စိတ်ချမ်းသာမိပါတယ်း) ကဗျာလေးက နူးနူးညံ့ညံ့လေးနဲ့ အားပါတယ်...

ThuHninSee said...

:)

လင်းကြယ်ဖြူ said...

ဒီလိုဆိုတော့လည်း ပျော်စရာကြီးပါပဲခင်ဗျာ..
ပျော်ကြပါစေ....

maylay said...

ဆူးခင်းတဲ့လမ်း လက်တွေ ဆုပ်ကိုင်လို့ သွားကြမယ်တဲ့ ကောင်းလိုက်တာ ကဗျာလေးက။ အဆင်ပြေ ပျော်ရွှင်ပါစေနော်။