ရိုးသားဖြူစင် တဲ့ နှလုံးသားနဲ့ ငါ …
ဘ၀အတွက်ရင်ဆိုင်ဖို့ အားမာန်တွေအပြည့်နဲ့ ငါ…
လတ်ဆတ်တဲ့ ရင်ခုန်သံအသစ်စက်စက်တွေနဲ့ ငါ…
အထွေးဆုံးဖြစ်တဲ့ ငါ..
မိဘတွေရဲ့ ယုယကြင်နာမှု
အစ်ကိုတွေ အစ်မတွေရဲ့ အလိုလိုက်မှုတွေနဲ့
ပြည့်နှက်နေခဲ့တဲ့ ငါ …
လောကကြီးအကြောင်ကို ဘာမှမသိနားမလည်
ဟန်ဆောင်မှုတွေကင်းမဲ့တဲ့ ငါ…
မိဘမေတ္တာတစ်ခု ကလွဲလို့ ဘာဆိုဘာမှ
မခုံမင် မမက်မောခဲ့တဲ့ ငါ …
အရာရာကို မှန်ကန်စွာဆုံးဖြတ်ပေးနိုင်တဲ့
အစ်မတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ငါ…
သာယာမှုအတိပြီးတဲ့ လောကကြီးကို ပိုင်ဆိုင်ထားတဲ့ ငါ…
ဒီလိုနဲ့
မှုန်ဝါးဝါး ရေးတေးတေး ရည်ရွယ်ချက်တွေနဲ့
စင်ကာပူ ဆိုတဲ့ တိုးတက်နေတဲ့
ကျွန်းနိုင်ငံသေးသေးလေးထဲမှာ တစ်နေရာစာရဖို့
၂၀၀၇ ဖေဖေါ်ဝါရီလထဲက ကြိုးစားခဲ့တဲ့ ငါ…။
ခုဆိုရင် သုံးနှစ်စွန်းလို့ လေးနှစ်ပြည့်ခဲ့ ပြီပေါ့။
ဒီ လေးနှစ်အတွင်းမှာငါ…
အရင်က…
ဟန်ဆောင်မှုကင်းမဲ့ခဲ့တဲ့ ငါ
ဟန်ဆောင်တာကို သေလောက်အောင်မုန်းတဲ့ငါက
ဘ၀ကပေးတဲ့ အတွေ့အကြုံတွေကြောင့်
မျက်နှာဖုံးတွေ အမျိုးမျိုးပြောင်းတပ်လာခဲ့တဲ့ငါ…
ငါ့လိုဘဲ မျက်နှာဖုံးအောက် ကမျက်နှာတွေကို ငါ မြင်နေရတယ်။
ဒီ ဟန်ဆောင်မျက်နှာဖုံးတွေအောက် ကအကြိမ်ကြိမ် ရုန်းထွက်ဖို့လည်း
ကြိုးစားခဲ့ဖူးတဲ့ငါ…
လတ်ဆတ်ခဲ့တဲ့ ရင်ခုန်သံတွေ ပျက်သုန်းပြီး
ညစ်ပတ်စုတ်ပြတ် သတ်နေတဲ့ ရင်ခုန်သံတွေနဲ့ ငါ…
ဖြူစင်နေတဲ့ စိတ်ဓါတ်တွေလည်း
မျက်နှာဖုံးတွေကြောင့် မဲညစ်နေတဲ့ စိတ်ဓါတ်တွေသာရှိတော့တဲ့ငါ…
ဘာဆိုဘာမှ မသိ နားမလည်ပေမဲ့ ခုတော့
အရာရာကို ကြိုသိနေတတ်တဲ့ ငါ….
မျက်နှာဖုံးတွေအောက် ကလွတ်မြောက်ချင်တဲ့ငါ…
မျက်နှာဖုံးတွေကို သေလောက်အောင်မုန်းတဲ့ငါ….
ငါ….ငါ….ငါ…။
8 comments:
ဘာမှမသိသေးတဲ့ ကလေးဘဝက တကယ်အေးချမ်းပါတယ်...
လူဆိုတာ အသက်ကြီးမှ ဆံပင်မည်းကြရတာ...
ဘာလို့လည်းဆိုတော့ အညစ်အကြေးတွေ များလာလို့ပဲ...
(သမိန်ပေါသွပ်)
ဒီလိုပါပဲ ဗျာ
မင်းအိမ်ဖြူ
ကိုမင်းအိမ်ဖြူ စကား ငှားသုံးလိုက်မယ် ဒီလိုပါပဲ ရှင်
ကိုလူထွေး လျှောက်ပြော
ဘိုင် တာ့တာ မမ မှန်လေး
လူတွေထဲရောလေလေ.. မျက်နှာဖုံးတွေ တွေ့ရလေလေဘဲ... ဘယ်တတ်နိုင်မလဲလေ.. ဝေးဝေးရှောင်နေလို့မှမရတာ..း(
ဟုတ်တယ် မရေ...လူတိုင်းလိုလို အသက်အရွယ်အရ မျက်နှာဖုံးတွေ အလိုအလျှောက်ပေါ်လာတယ် ထင်ပါရဲ့။
ကိုယ်ချင်းစာမိပါတယ်....
မျက်နှာဖုံး ဒီဇိုင်းတွေ လှလှလေးဆွဲပြီး ရောင်းရင် အလုပ်ဖြစ်မယ်ထင်တယ် မျက်မှန်လေးရေ ..
ဘယ်လိုလဲ .. ဒီဇိုင်းနာ လုပ်ကြရအောင် ..ဟဲဟဲ ..
ဒဿဂီရိ တောင် ငိုချင်သွားမယ် ..
ဖြူစင်တဲ့ ကလေးလေး ဘ၀ကို တမ်းတမိတိုင်း
အဖြူရောင်အင်္ကျီ တောင်မ၀တ်ရဲတော့ဘူး
ရင်ဘတ်က အရောင်နွမ်းတွေ ပေကျံကုန်မှာဆိုးလို့...
ပျော်ပါစေ....
Post a Comment