မတ်လ မှာ မွေးဖွားသော သူများအတွက်



ဒီတစ်ခါ ကိုယ်ရေးချင်တာ ကတော့ လအလိုက် မွေးနေ့ရှင်တွေရဲ့ ထူးခြားတဲ့လက္ခဏာ တွေပါဘဲ။ ဒီ ပို့စ် လေးကို လစဉ် ၁ ရက်နေ့ သို့မဟုတ် လကုန် ရက်တွေမှာ ရေးသားသွားမှာ ဖြစ်ပါတယ်။ ၁ နှစ်ပြည့်တဲ့ အထိပေါ့။

 မတ်လ မှာ မွေးဖွားသူများဧ။် အမူအကျင့်များ


များသောအားဖြင့် ဒီလမှာ မွေးဖွားတဲ့သူများဟာ လူတွေကို စွဲဆောင်နိုင်တဲ့ လက္ခဏာ မျိုး ရှိတတ်ကြတယ်။ သူတို့တွေဟာ သူတစ်ပါးအပေါ် ကြင်နာတတ်တယ်၊ ယုယတတ်တယ်၊ ခင်မင်ရင်းနှီးစွာ ဆက်ဆံတတ်ကြတယ်။ အဲဒီလို ခင်မင်ရင်းနှီးလွယ် မှုကြောင့် တစ်ခါတစ်ရံ မှာ လူတွေရဲ့ အသုံးချခြင်း၊ လိမ်လည်လှည့်ဖြားတတ်ခြင်းတို့ကို ကြုံရတတ်တယ်။ သူတို့ ဟာ လျှို့ ၀ှက်တတ်တဲ့ သဘောသဘာဝ ရှိတတ်ကြတယ်။ ဒီလမွေးဖွားသူများဟာ သူငယ်ချင်းတွေအတွက် ယုံကြည်စိတ်ချရသော တိုင်ပင်လို့ ကောင်းသော သူငယ်ချင်း များဖြစ်ကြတယ်။ သူငယ်ချင်းတွေ ရင်ဖွင့်သမျှ ဒိုင်ခံနားထောင်ပေးတတ်သူ များလည်း ဖြစ်တယ်။ တစ်ခြားသူ များအပေါ် စိတ်ဆိုးစိတ်ကောက်ခဲတယ်။ သူတို့ကို စိတ်နာအောင် ပြုမိလျှင်လည်း သူတို့က ပြန်ပြီးကလဲ့စားချေရမှ ကျေနပ်တဲ့သူမျိုးဖြစ်တယ်။ သူတို့တွေဟာ အနုပညာ ဘက်မှာ အားသာတတ်ကြတယ်။


သူတို့ရဲ့ဝါသနာ 

ခရီးထွက်ခြင်း
စိတ်ကူးယဉ်ခြင်း
အိမ်ကို ပြုပြင်ခြင်း

မတ်လအတွင်း နေ့အလိုက် မွေးဖွားသူတွေရဲ့ လက္ခဏာများ

မတ်လ ၁ ရက်နေ့ မှ ၁၂ ရက်နေ့ -
သူတို့ဟာ မျောက် ရဲ့ စရိုက်တွေရှိတယ်လို့ ဆိုကြတယ်။ သူတို့တွေဟာ အကြောင်းအရာတစ်ခု ကို ရှည်ရှည်ဝေးဝေး သိပ်စဉ်းစား မနေဘဲ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက် ချတတ်ကြတယ်။ သူတပါးက သူတို့ကို အလိုလိုက် အကြိုက်ဆောင်တာကို နှစ်သက်ကြတယ်။ သူတို့တွေဟာ ကိုယ့်ကိုယ်ကိုယ် ထောင့်ပေါင်းစုံက နေ ကာကွယ်ချင်ကြတယ်။ နာမည်ပျက်ခြင်း ဟာ သူတို့အတွက် ဘ၀မှာ အကြောက်ဆုံး သောအရာဖြစ်တယ်။ ဒါကြောင့် သူတို့တွေဟာ ကြိုတင်ကာကွယ် မှုတွေပြုလုပ်တတ်ကြတယ်။ 

မတ်လ ၁၃ ရက်နေ့မှ ၁၅  ရက်နေ့-
သူတို့ကိုခြင်္သေ့ လို့တင်စားကြတယ်။ သူတို့တွေဟာ မွေးကတည်းက ခေါင်းဆောင်စရိုက်ပါလာကြတယ်။ လိမ္မာ ပါးနပ် စွာ လူတွေကို အုပ်ချုပ်နိုင်တဲ့ သူတွေလည်းဖြစ်တယ်။ လူတွေကို ယုံလွယ် ခင်လွယ် လို့ လူတွေရဲ့ လှည့်ပတ်ခြင်းကို ခံရတတ်ပါတယ်။ သူတို့တွေဟာ ငြိမ်းချမ်းမှုကိုလိုလားတတ်ကြတယ်။ ခိုက်ရန်ဖြစ်ပွားမှု ကိစ္စကို အတတ်နိုင်ဆုံးရှောင် ရှားကြတယ် ။ 

မတ်လ ၁၆ ရက်နေ့မှ ၂၃  ရက်နေ့-
ဒီရက်ပိုင်းမွေးဖွားသူတွေကတော့ အကျီစားသန်ကြတယ်။ အရမ်းကို ပျော်ပျော်နေတတ်သူ များဖြစ်တယ်။ ဟာသဥာဏ် ရွှင်သူများလည်းဖြစ်တယ်။ ဒါကြောင့်လူတွေက သူတို့ နဲ့ အဖော်ပြုနေထိုင်ချင်ကြတယ်။ ဒါပေမယ့် သူတို့တွေဟာ စိတ်ထိခိုက်လွယ် တဲ့သူများဖြစ်တယ်။ ဒါကြောင့်လူတွေက သူတို့ နဲ့ စကားပြောရင် စကာလုံး ရွေးပြောဖို့ လိုအပ်တယ်။ ဒါဟာ ကြွက်ရဲ့ စရိုက်လို့ပြောကြတယ်။ 

မတ်လ ၂၄ ရက်နေ့မှ ၃၁  ရက်နေ့-
မတ်လ ရဲ့ နောက်ဆုံး အပတ်မွေးဖွားသူ တွေဟာ ကြောင်ရဲ့ စရိုက်မျိုး ရှိတယ်တဲ့။ အရမ်းကို ချစ်ဖို့ကောင်းပြီး အရမ်းကို အရှက်သိက္ခာကြီးတဲ့ လူတွေဖြစ်တတ်ကြပါတယ်။ သူတို့တွေဟာ တိတ်ဆိတ်မှုကို မြတ်နိုးတယ်။ လေ့လာစူးစမ်းချင်တဲ့ အလေ့အထရှိတယ်။ သူတို့တွေဟာ စတိုင်လ်ကျကျ ၀တ်စားဆင်ယင်တတ်ကြတယ်။ ကိုယ်မခင်မင်တဲ့ လူတွေနဲ့ စကားပြောရတာကို မနှစ်သက်ဘူး။ သူငယ်ချင်းတွေကိုလည်း ရွေးချယ်ပြီးမှ ပေါင်းတတ်တဲ့ စရိုက်ရှိတယ်။

မတ်လမွေးဖွားသူတွေအတွက် ပန်း
မြစ်ဥမှပေါက်သော ဒက်ဖဒိလ် ခေါ် အဝါရောင်ပန်း သို့မဟုတ် ဂမုန်းပန်းပင်တစ်မျိုး။









 

 မတ်လ မွေးဖွားသူတွေအတွက် ကျောက်မျက်ရတနာ
မြပြာ








မတ်လ မွေးဖွားသူတွေအတွက် ဆယ့်နှစ်ရာသီခွင် အမှတ်အသား (Zodiac Sign)

 မိန်ရာသီ ဖွား (မတ်လ ၁ ရက်နေ့မှ မတ်လ ၂၀ ရက်)





      မိဿရာသီဖွား (မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၁ရက်)


References :
 

No comments: