မျက်မှန်လေး
အခါများစွာမှာ ထိတွေ့နေမိတဲ့ ကိုယ့်ရဲ့ဒိုင်ယာရီ စာအုပ်လေး တစ်အုပ်ပါ။
မတ်လ မှာ မွေးဖွားသော သူများအတွက်
ဒီတစ်ခါ ကိုယ်ရေးချင်တာ ကတော့ လအလိုက် မွေးနေ့ရှင်တွေရဲ့ ထူးခြားတဲ့လက္ခဏာ တွေပါဘဲ။ ဒီ ပို့စ် လေးကို လစဉ် ၁ ရက်နေ့ သို့မဟုတ် လကုန် ရက်တွေမှာ ရေးသားသွားမှာ ဖြစ်ပါတယ်။ ၁ နှစ်ပြည့်တဲ့ အထိပေါ့။
Read More ->>
ဖြစ်ပျက်ခဲ့ သော နှင့် ရည်ရွယ်ထားသော (အတိတ် နှင့် အနာဂတ်)
ကိုယ် ဒီပို့စ် လေးမှာ ကိုယ် အတိတ်မှာ ဖြစ်ပျက် ခဲ့တာတွေ နဲ့ အနာဂတ် အတွက် ကိုယ်ရည်ရွယ်ထားတဲ့ အရာလေးတွေကို ချရေးချင်ပါတယ်။
ကိုယ် အသက် က ဒီ April ဆိုရင် ၃၂ နှစ်ပြည့်လို့ ၃၃ ထဲကို ချဉ်းနင်းဝင်ရောက် ပါတော့မည်။ ဒီစင်ကာပူ မှာ စပြီးနေထိုင်ခဲ့တာ ဒီနှစ် February ဆိုရင် ၇ နှစ် တင်းတင်းပြည့်ခဲ့ပြီ။ အချိန်တွေရယ် အကုန်မြန်ပါဘိနှယ်။ ကိုယ်မှတ်မိပါသေးသည်။ ကိုယ် ဒီစင်ကာပူကို စရောက်လာ တုန်းကပေါ့။
Read More ->>
Happy New Year 2013!!!!!!!
ဒီနေ့ ၂၀၁၂ ကုန်ဆုံးလို့ ၂၀၁၃ ကို ကူးပြောင်းဖို့ အားယူနေတဲ့ နေ့လေးတစ်နေ့ပေါ့။
ဟိုအရင်နေ့ တွေကလို မိုးကောင်းကင်ကြီးဟာ တိမ်လွှာစိုင်တွေနဲ့ ပိန်းပိတ်မနေအောင် နေမင်းကြီးက အစွမ်းကုန် လင်းလက်တောက်ပနေပါတယ်။ လေညှင်းလေးတွေကလည်း
နေမင်းရဲ့ အရှိန်ကြောင့် နွေးနွေးလေးဖြစ်ကာ ကိုယ့်ကို
ညင်သာစွာ ထိကပါး ရိကပါးနဲ့ လှုပ်ရှားသွားလာနေကြတယ်။
ကိုယ်… ၂၀၁၂ မှာ ဘာတွေ ဆိုးတာတွေလုပ်ခဲ့သလဲ။ ကောင်းတာတွေရော ဘာတွေလုပ်ခဲ့သလဲ။ ပြန်စဉ်းစားပြီး ကိုယ့်ရဲ့ အခါပေါင်းများစွာ မှာ ထိတွေ့နေမိတဲ့ ဒီ blog လေးပေါ်မှာ စာတစ်ပုဒ် အနေနဲ့ချရေးမိတယ်။
Read More ->>
လက်ဆောင်များ
ကျွန်မ ငယ်ငယ်လေးထဲ ကနှစ်သက်ခဲ့ရတဲ့ အကျင့်တစ်ခုက လက်ဆောင်ပေးရခြင်း နှင့် လက်ဆောင်ရယူခြင်းပါ။ အဲဒီ လက်ဆောင်တွေထဲကမှ ကျွန်မဘ၀မှာ မှတ်မှတ်ရရ ရရှိခဲ့ဖူးတဲ့ လက်ဆောင်လေးတွေ အကြောင်း ပြောပြချင်ပါတယ်။
ကျွန်မ ရဲ့ ဖေဖေ နဲ့မေမေ က ကျွန်မရဲ့ မွေးနေ့ ရောက်တိုင်းမှာ ကျွန်မ ကို လက်ဆောင်လေးတွေ ကို ပေးလေ့ရှိပါတယ်။
Read More ->>
ချစ်ရပါသောမောင်
ကျွန်မ ဘ၀မှာ ဒီနေ့ဟာ ၀မ်းအနည်းဆုံးနေ့တစ်နေ့ပါ။ ကျွန်မ သိပ်ချစ်ရတဲ့ သူက ကျွန်မနဲ့ အဝေးဆုံးကို ထွက်ပြေးသွားတော့မယ်လို့ ပြောတဲ့နေ့တစ်နေ့ပေါ့။ သူနဲ့ ကျွန်မနဲ့ အိမ်ထောင်သက် ၅ နှစ်မှာ သူဆီက မထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို ကျွန်မ ကြားခဲ့ရတယ်။ ကျွန်မ အရမ်းဝမ်းနည်းခဲ့ရပါတယ်။ ကျွန်မတို့နှစ်ယောက် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကိုယ်တိုင် တည်ဆောက်လာတဲ့ အဆောက်အအုံလေးကို ကျွန်မတကယ် မပျက်စီးစေချင်ပါဘူး။ ကျွန်မတို့ နှစ်ယောက်ရေးခဲ့ကြတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးတစ်ခု ပျက်စီးသွားမှာ မလိုလားဆုံး လူသားဟာ ကျွန်မဘဲဖြစ်ပါတယ်။
Read More ->>
အချစ်ဦး ၊ အချစ်စ ၊ အချစ်လယ်၊ အချစ်ဆုံး။
အချစ် ၁။
မမ တစ်ယောက်အိပ်ရာ မှ နိုးထတာနဲ့ အရင်နေ့ ကနဲ့ မတူဘဲ ကျောင်းသွားဖို့ လန်းဆန်းပြီး တက်ကြွနေတယ်။ တစ်သက်လုံး မှာ ကျောင်းသွားဖို့ တက်တက်ကြွကြွပြင်ဆင်တာ ဒီနေ့ တစ်နေ့ဘဲ ရှိတယ်။ အရင်နေ့တွေတုန်းကဆိုရင် မေမေလာနှိုးတာတောင် ၁၅ မိနစ်လောက် အိပ်ရာထဲမှာ ထပ်ကွေးတတ်တဲ့ မမတစ်ယောက် ဒီနေ့တော့ alarm မြည်တာနဲ့ ချက်ချင်း အိပ်ရာထ စောင်တွေ ခေါက်ပြီး ရေချိုးခန်းတန်းပြေးပြီး ရေမိုးချိုး ခေါင်းလျှော် နဲ့ အိမ်ကလူ တွေတောင် မမကို မမြင်စဖူး အထူးတဆန်းဖြစ်နေကြတယ်။ မမ ဘာကြောင့် ဒီလိုဖြစ်နေတာ ဆိုတာတော့ အိမ်ကလူတွေကတော့ မသိကြဘူးပေါ့။ မမ ရင်ထဲမှာတော့ သိမ့်သိမ့်လေး တုန်လို့ နေပါတယ်။
Read More ->>
တန်ဖိုး
တန်ဖိုးတဲ့ …. လေးဖြူဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ပါ။
ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လည်မရတောတဲ့ အကြောင်း။
အချိန်ကို အကျိုးရှိအောင် သုံးသင့်ကြောင်း စပ်ထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။
စင်ကာပူမှာ ရိုက်ထားတဲ့ VCD ကောင်းတစ်ပုဒ်ပါ။
Read More ->>
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)