တရား အားထုတ်တော့မယ် လို့စိတ်ဆုံးဖြတ်ပြီးတဲ့ လူတိုင်းလိုလို ထိုကင်ပွန်းကြီး ဆယ်ပါး ကို နေ့စဉ်နေ့တိုင်းလိုလို ရွတ်ဖတ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တရား အားထုတ်တဲ့ အခါ မဂ်ဥာဏ် ဖိုဥာဏ် ပေါ်ခါနီးလေးမှာဘဲ အမှတ်တွေဟာ လျော့ကျသွားတတ်တယ်။ လမ်းလွဲသွားတတ်ပါတယ။် အဲဒါ ဟာ ကံတွေကြောင့်ဖြစ်တတ်ပါတယ်၊ ယခုပစ္စုပါန် ဘ၀မှာ မပစ်မှားခဲ့သော်လည်းဘဲ ဟိုး ကိုယ်မမြင်ရတဲ့ အတိတ်ကာလမှာ ပစ်မှားခဲ့ရင်လည်း အဲဒါဟာ ဒီဘ၀မှာလာပြီး အကျိုးသက်ရောက် စေပါတယ်။ ဒါကြောင့် ကိုယ်မှားခဲ့ရင်လည်း ကိုယ်အားထုတ်တဲ့တရား ကိုမထိခိုက်အောင် ကိုယ့်ဘက် က၀န်ချတောင်းပန် ကန်တော့သင့်ပါတယ်။ ထိုကင်ပွန်းကြီး ဆယ်ပါးကို ကန်တော့ရန် ဆရာတော်ဘုရားတော်တော်များများ ကသင်ကြားပေးကြပါတယ်။ ထိုအထဲကမှ မြောက်ဦးဆရာတော် ရဲ့ ကင်ပွန်းကြီးဆယ်ပါးကန်တော့ခန်းကို မျှဝေလိုက်ပါတယ်။
Read More ->>


