မမြင်ရဘူး ( ရေးသူ --> Isaac Steven Herschkopf)

ကလေးဆေးရုံတစ်ရုံတွင်ဆရာဝန်သည်အသက်(၁၀)နှစ်ခန့်ရှိသောကလေးရှိရာသို့

အားပေးရန်ချဉ်းကပ်လာသောအခါကလေးငယ်သည်တော်တော်လေးစိတ်ဆိုးနေ

သည်။ကလေးဧ။်မိခင်မှာကလေး၏ကုတင်ဘေးတွင်ထိုင်လျှက်ချည်လုံးထိုးနေလေ

သည်။ဆရာဝန်သည် သူ့ကိုယ်သူ အရင်ဆုံးမိတ်ဆက်သောအခါကလေးငယ်သည်

အလွန်စိတ်ဆိုးစွာဖြင့်ဆရာဝန်အားတစ်ချက်ကြည့်ပြီးလျှင်စူးဝါးသောအသံဖြင့်

“မမြင်ရဘူး၊မမြင်ရဘူး ”ဟုအော်ရ်ျ ငိုလေတော့သည်။

ဆရာဝန်လည်းကလေးငယ်အားအလွန်တစ်ရာဂရုဏာသက်သွားလေသည်။

မျက်လုံးမမြင်သောကလေးငယ်၏ခံစားချက်ကိုနားလည်သွားသည်။

ဆရာဝန်ကချည်လုံးထိုးနေသောကလေး၏မိခင်အားကလေးငယ်ဘယ်အရွယ်ထဲက

မျက်စိမမြင်ရတာလဲဟုမေးလိုက်ရာတွင်ကလေးအမေဖြေလိုက်ပုံမှာကား…

” ရှင်သူရှေ့ ကတီဗွီ ကိုစပြီးကွယ်လိုက် ကတည်းက တဲ့”

ဟီးဟီး
Read More ->>

မေမေပြောသော မေမေနှင့်ဖေဖေအကြောင်း

ဒီပို့စ်လေးကိုမရေးခင်မှာ..ကိုယ်ပြောချင်တာလေးတစ်ခုကိုပြောပါရစေ။

ကိုယ်ကစာအရေးအသားအရမ်းကောင်းလှတဲ့သူတစ်ယောက်လဲမဟုတ်ကြောင်း

အားလုံးကိုဝန်ခံပါရစေ။ကိုယ်ဒီခေါင်းစဉ်လေးနဲ့ကိုယ့်ရဲ့Blogကိုစတင်လိုက်ရတာက

တော့…ကိုယ်ကလူတော်တော်များများရဲ့အကြောင်းကိုအရမ်းကာရောစိတ်ဝင်စား

တယ်။တစ်နည်းပြောရရင်(အားမနားတမ်းကိုယ်ကိုယ်ကိုယ်ပြောရရင်)အရမ်းစပ်စု

တတ်တဲ့သူပါ။အဲဒီထဲမှာ..ကိုယ်စိတ်ဝင်တစားအရှိဆုံးက ကိုယ်ရဲ့ ဖေဖေ နဲ့မေမေ

အကြောင်းပါဘဲ။



ကိုယ်တို့မိသားစုမှာကိုယ်အကြိုက်ဆုံးအချက်ကအဖေရောအမေရာကကိုယ်တို့ကို

သူငယ်ချင်းပေါင်းပေါင်းပေးတာပါဘဲ။အဲဒါကိုအခွင့်ကောင်းယူပြီးကိုယ်တို့မောင်နှမ

လေးယောက်ကမေမေ့ကိုသူတို့ရဲ့ရည်းစားဦးကာလကစပြီးကိုယ်တို့မွေးလာခဲ့တဲ့ကာ

လအထိမေမေနဲ့ဖေဖေရဲ့အချစ်ဇာတ်လမ်းကိုခရေစေ့တွင်းကျမေးပါတော့တယ်..

မေမေပြောပုံအရမေမေနဲ့ဖေဖေကဘုန်းကြီးကျောင်းမှာတွေ့ကြတာဆိုဘဲ။ဖေဖေက

ရွာမှာကြီးပြင်းပြီးမေမေကတော့ရန်ကုန်မြို့ကြီးသူစစ်စစ်ပါ။မေမေကတော်တော်

လေးကိုလှပပြီးကိုယ်လုံးကိုယ်ထည်ကလဲတော်တော်တောင့်တောင့်ဖြောင့်ဖြောင့်ပါ

ဘဲ၊မိန်းမတို့ဘုန်းဆံထုံးဆိုတဲ့အတိုင်းမေမေဆံနွယ်တွေဟာရှည်လျားနက်မှောင်ပြီး

အတော်လေးရှည်ပါတယ်။သူများတွေကမေမေ့ကိုပြောကြတယ်၊ဒုတိယခင်သန်းနု

တဲ့။(ကိုယ်အမေမို့လိုကိုယ်မွှန်းတာမဟုတ်ပါ..အခုတော့ အတော်လေးဝနေပါပြီ)

ကိုယ်တို့ဖေဖေကလဲရွာမှာနေပေမဲ့ခေသူတစ်ယောက်တော့မဟုတ်ခဲ့ပါဘူး။

ရွာကအပျိုတွေဆိုဖေဖေကိုအရမ်းချစ်ကြတာ၊လူတိုင်းလိုလိုအဖေကိုချစ်ကြတာပါ၊

ဘာလို့လဲဆိုတော့ဖေဖေကအရမ်းမျက်နှာချိုတယ်၊ပြီးတော့လူတိုင်းပေါ်ကိုလဲအရမ်း

အနစ်နာခံတယ်၊အရမ်းလဲသဘောကောင်းတယ်၊ သြော်

ရီစရာတစ်ခုပြောရဦးမယ်၊ဖေဖေကရှပ်အကျီင်္ီရယ်ခေါင်းလောင်းဘောင်းဘီရယ်ဘိနပ်

ရယ်ကိုအရောင်ဆင်ဆင်လေးတွေဝတ်တတ်တယ်တဲ့။တစ်ခါကရှပ်အကျီင်္အစိမ်းရယ်

ဘောင်းဘီအစိမ်းရယ်ဘိနပ်အစိမ်းရယ်ဝတ်လာလို့မေမေသူငယ်ချင်းတွေကနောက်

ပြီးဖေဖေကိုနာမည်ပေးထားတယ်။ကိုတောက်တဲ့ တဲ့။

မေမေတို့လမ်းထိပ်ကဘုန်းကြီးကျောင်းမှာအဖေရဲ့အစ်ကိုကိုယ့်ရဲ့ဘကြီးဘုန်းကြီးက

ကျောင်းထိုင်ပါတယ်။တစ်နေ့တော့မေမေကသူအမေကိုယ့်ဖွားဖွားနှင့်အတူဆွမ်းချိုင့်

လာပို့တာကိုဖေဖေမြင်ပြီးကတည်းကမေမေ့ကိုအရမ်းစွဲလန်းသွားခဲ့ပါတယ်။ရွာကိုမ

ပြန်တော့ဘဲရန်ကုန်မှာဘဲနေမယ်လို့ဘဘဘုန်းကြီးကိုလျှောက်ပြီးရန်ကုန်ကဘဲည

ကျောင်းဆက်တက်ဖြစ်ပါတယ်။ကံကောင်းချင်တောမေမေရဲ့အစ်ကိုနဲ့ဖေဖေနဲ့ကည

ကျောင်းမှာတစ်ခန်းထဲလေ၊ဖေဖေကတော့သူယောက်ဖလောင်းကြီးကိုဖားရတာပေါ့။

မေမေအစ်ကိုကလည်းဖေဖေကိုအရမ်းချစ်တာ။မေမေကမရမ်းခြံကျောင်းသူလေ၊

နေ့လည်ဆိုရင်ဖေဖေကမေမေကြိုက်တဲ့ခရေပန်းလေးတွေသီပြီးမေမေဆီကိုအမြဲ

သွားသွားပေးတယ်။လက်သစ်ပန်းဆက်သမားကိုဗျတ္တပေါ့။

ကျောက်တိုင်ကျောက်တုတွေတောင်နှဲ့ပါများရင်နဲ့သေးတာဘဲ။မေမေနှလုံးသားက

ဘာသားနဲ့ထုထားတာမို့လို့လဲ။မေမေလဲယိုင်တာပေါ့။မေမေသူငယ်ချင်းတွေကတော့

တားတာ၊ဖေဖေ့ကိုဘုန်းကြီးကျောင်းသားတဲ့ဘာမက်နေတာလဲဆိုပြီးဒါပေမယ့်မေမေ

ကတော့ဖေဖေကိုချစ်အဖြေပေးပြီးပြီ။ချစ်သူဖြစ်စကလဲဖြစ်ပြန်အရမ်းချစ်ကြတဲ့သူ

တွေလဲဖြစ်ပြန်ဆိုတော့ကြားလေသွေးရင်တောင်ဝေးမှာဆိုးတယ်ဆိုတဲ့အချိန်ပေါ့၊

တစ်ရက်ဆွမ်းချိုင့်ပို့ရင်းဖေဖေနဲ့မေမေအကြောင်းကိုဖွားဖွားရောဘဘဘုန်းကြီးပါသိ

သွားတယ်။ဖွားဖွားကလဲမေမေကိုအပြင်ပေးမထွက်တော့ဘူး။ကျောင်းလဲပေးမတတ်

တော့ဘူး။အိမ်ကနေဘဲစာကျက်ပြီးအပြင်ဖြေဖြေခိုင်းတယ်၊ပြီးတော့အလုပ်တွေပဲဖိ

ခိုင်းတယ်၊အင်းအဲဒီအချိန်တုန်းကဆိုမေမေ့ဘ၀မီးလိုပူပြင်းနေမှာဘဲနော်။မေမေ့ကို

သနားလိုက်တာမေမေရယ်။ဖေဖေ့ကျတော့လည်းဘုန်းဘုန်းကဖေဖေကိုပညာရေး

တစ်ပိုင်းတစ်စနဲ့ဒီစိတ်တွေဝင်ရမလားဆိုပြီးသူ့ညီနဲ့မေမေ့ကိုသဘောမတူပြန်ဘူး။

အဲဒီမှာဖေဖေနဲ့မေမေအတွက်မြှားနတ်မောင်ကကြည့်မနေနိုင်ဘူးလေ၊ဖွားဖွားရဲ့အ

မေကိုယ်တို့ရဲ့ဘွားဘွားကဖေဖေကိုအရမ်းချစ်တာအဲဒါနဲ့ဘွားဘွားကဖွာဖွားမသိ

အောင် မေမေကိုခေါ်ထုတ် ရုပ်ရှင်တွေဘာတွေကြည့်

လျှောက်လည်ပြီးမှပြန်လာကြတာ..အဲဒီလိုနဲ့ဘဲနေလာကြတာ..တန်ဆောင်မုန်းလ

ပြည့်ကျော်တစ်ရက်နေ့သူခိုးကြီးနေ့ဟာဖေဖေတို့အတွက်အမှတ်တရဖြစ်ဖို့အချိန်

တန်လာခဲ့တယ်။အဲဒီနေ့ကဘွားဘွားကမေမေကို6း00လောက်လာခေါ်တယ်။ဖွား

ဖွားကလဲသိပေမယ့်သူ့အမေဆိုတော့မပြောရဲဘူးပေါ့။မေမေကလည်းအရင်လိုလည်

မယ်ဘဲထင်ပြီးလိုက်လာခဲ့တယ်။ဖေဖေကိုလဲဘွားဘွားကအဲဒီလိုဘဲပြောပြီးခေါ်လာ

ခဲ့တာ၊ပြီးတော့ဘူတာရုံကိုသွားတော့ဖေဖေနဲ့မေမေနဲ့ကလဲကြောင်နေတာပေါ့၊ဘယ်

လိုမှလဲမပြင်ဆင်ထားဘဲနဲ့။ပြီးတော့ဘွားဘွားကဘယ်လောက်သဘောကောင်း

လိုက်သလဲနော်။ပိုက်ဆံကိုလုံလုံလောက်လောက်ထည့်ပေးလိုက်သေးတယ်။ကိုယ့်

ဖွားဖွားကအခုထိပြောလို့မဆုံးဘူးလေ…ကျီးမနိုးညမှာသမီးတစ်ယောက်လုံးအခိုးခံရ

တယ်တဲ့...ဟိ ဟိ

မေမေတို့မိုးကုတ်ကိုရောက်လာခဲ့တယ်။မိုးကုတ်မှာဘဲစီးပွားရေးလုပ်ပြီးကိုယ်တို့ကို

ပညာတွေသင်ပေးခဲ့တယ်။ဖေဖေကယိုးဒယားကိုကျောက်သွားသွားရောင်းရတယ်။

အဲဒီတုန်းကရေးတဲ့စာတွေရောအရင်သမီးရည်းစားဘ၀ တုန်းကရေးခဲ့တဲ့စာတွေပါ

ပေါင်းလိုက်တာ Hand Bag

အိတ်(ခရီးသွားတဲ့အိတ်)အပြည့်ဘဲ၊ကိုယ်တို့ဆိုခုထက်ထိဖတ်တုန်း။ဖေဖေကစာအ

ရေးအသားအရမ်းကောင်းတယ်။မေမေကြွေတာလဲမဆန်းပါဘူး။တစ်ချို့စာတွေမှာရင်

ခရေပန်းခြောက်ကလေးတွေတောင်ရှိသေးတယ်။

အခုထက်ထိလဲဖေဖေကခရေပန်းတွေရရင်မေမေ့ကိုပေးနေဆဲပါဘဲ…အဲဒီအခါမေ

မေ့မျက်နှာကရှက်ပြုံးလေးတွေ ဟာကိုယ့်အတွက်မရိုးနိုင်တဲ့ အပြုံးလေးတစ်ခုပါဘဲ။
Read More ->>

စတင်ခြင်း

ဘလော့ခ်ကာများများ ရဲ့ Blog ကို ဖတ်မိခြင်းဟာ ဒီ Blog လေးစတင် ဖြစ်ပေါ် လာရ

တဲ့အကြောင်းအ ရင်းတစ်ရပ်ပါဘဲ.. ဒီ ဘလော့ခ် လေးဟာ ကိုယ်ရင်ထဲက ယုံကြည်မှု

လက်ခံ ထားမှု ခံစားချက် အစစ် တွေကို အမှန်အတိုင်း ၀န်ခံထားတဲ့

နေရာ လေးတစ်ခုဆိုရင်လဲမမှားပါဘူး..

အများကို အကျိုးပြုမယ် ထင်တဲ့ စာလေးတွေ တွေ့မိတဲ့အခါ…

ရင်ထဲက ခံစားချက်တွေကို အမှန် အတိုင်းပြောပြလို့မရတဲ့အခါ…

ရင်ထဲမှာအရမ်းတင်းကျပ်လာတဲ့အခါ…

ကိုယ့်စကားကိုဘယ်သူကမှလက်မခံတဲ့အခါ…

အရမ်းကိုဝမ်းနည်းတဲ့အခါ…

အရမ်းပျော်မိတဲ့အခါ…

တစ်ယောက်ယောက်ကိုနာကျည်းမိတဲ့အခါ…

တစ်ယောက်ယောက်ကို ချစ်မိတဲ့အခါ…

နာကျင်စွာပေါက်ကွဲချင်တဲ့အခါ…

အဖေ နဲ့ အမေ့ ကိုသတိရတဲ့အခါ…

ရင်ခုန်သံတွေကိုထိန်းချုပ်လို့မရတော့တဲ့အခါ…

အခါပေါင်းများစွာမှာ ကိုယ်ဒီ ဘလော့ခ် လေးကိုထိတွေ့ဖြစ်မှာပါ…

ကိုယ်က အခု မှ ဘလော့ခ် ကိုစတင်ဖန်တီးတဲ့အတွက် ဘလော့ခ်ကာ တွေရဲ့

စည်းမျဉ်းတွေကို အမှတ်မထင် ချိုးဖေါက်မိခဲ့ရင် ကိုယ့်ကိုနားလည်ပေးကြပါ လို့…


ကိုယ့်ရဲ့ ကိုယ်ခွဲလေးဖြစ်တဲ့ဒီ Blog လေး ကို

ကိုယ်အစွမ်းကုန်ကြိုးစားပြီးဖန်တီးသွားမယ်လို့…

Read More ->>