Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts

PHUKET ခရီးစဉ် (၂)

နောက် သဘောင်္စီးပြီး James Bond Island ကို ထွက်လာခဲ့ပါတော့တယ်။ တော်တော်ကြာကြာ သဘောင်္စီး ခဲ့ရပါတယ်။ ဒါပေမယ့်သဘောင်္ ပေါ်မှာ မပျင်းရပါဘူး။ ယိုးဒယားသား Tour Guide လေးရဲ့ အပြောကောင်းမှု၊ သဘောင်္မှာ ဧည့်ခံတဲ့ ကော်ဖီ လက်ဖက်ရည် အအေးနဲ့ ရေ က Free Flow, ပြီးတော့ ငှက်ပျောသီးနဲ့ လိမ္မော်သီး စားပြီးတော့ သူငယ်ချင်းတွေစကားပြောလိုက် ဓါတ်ပုံရိုက်လိုက်နဲ့ ရောက် လို့ရောက်မှန်းမသိဖြစ်ခဲ့ ပါတယ်။


ဒါနဲ့ ဘဲ နောက် ၃ နာရီလောက်ကြာတဲ့အခါမှာ ဟိုတုန်းက Hollywood မင်းသားကြီး James Bond က သူရုပ်ရှင်ကားတစ်ကားကို ဒီကျွန်းမှာ ရိုက်ခဲ့လို့ James Bond ကျွန်းလို့ နာမည်တွင်တဲ့ ကျွန်းလေးကိုရောက်ပါပြီ။ ကျောက်ဆောင်ကြီးတစ်ခုတည်းထီးထီးကြီး တည်နေတဲ့ ကျောက်တုန်းကို James Bond Rock လို့ခေါ်ပါတယ်။ မှတ်မိကြမလားမသိဘူး။ ကိုယ်က တော့အဲဒီနားရောက်တော့ ဘာကိုသတိရလည်းဆိုတော့ ဒွေးနဲ့ ထက်ထက်မိုးဦး ကြော်ငြာတဲ့ မီကို ကွေကာဘဲသတိရတယ်း)။ ပြီးတော့ အဲနားက ကျွန်းပေါ် ဟိုကြည့် ဒီကြည့်ဖို့ ၄၅ မိနစ် အချိန်ပေးပါတယ်။ ကိုယ်တို့ သူငယ်ချင်းတစ်သိုက်လည်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် နဲ့ ၄၅ မိနစ်က ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိပါဘူး။ သူတို့သဘောင်္က လူတွေခေါ်မှဘဲ ကိုယ်တို့သဘောင်္ပေါ်ပြန်တက်ခဲ့ကြပါတယ်။







အရမ်းကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် သက် ကယ်အကျီ င်္တော့ဝတ်ထားပါတယ်။ သဘောင်္မှာလူဆင်းတဲ့ လှေကားကို ကိုင်ထားရင်း ဟိုနားဒီနား ကူးခဲ့ပါတယ်။ တစ်ခါတစ်ခါ ပါးစပ်ထဲ ပင်လယ်ရေ၀င်လို့ကတော့ မွန်းနေတာပါဘဲ။ရေထဲမှာ တော်တော်လေးကြာနေပြီးတော့ သဘောင်္ပေါ်ပြန်တက် နောက်တစ်နေရာကို ခရီးဆက်ခဲ့ပါတယ်။ နောက်တစ်နေရာရောက်တော့ ကနူးလှေ စီးရပါတယ်။ တစ်စီးကို နှစ်ယောက် ပါ။ ဟန်နီးမွန်းဂူ လို့ခေါ်တဲ့ သူတို့ပြောတဲ့အခန်းလေး တွေပါတဲ့ ဂူထဲကို စီးရပါတယ်။ ဂူထဲကို လှေလေးနဲ့ လှည့်ပတ်စီးကြပါတယ်။ လှေ လှော်ပေးတဲ့ ကောင်လေးကသဘောအရမ်းကောင်းပါတယ်။


အချိန်ကြည့်ကြည့် တော့ နေ့လည် ၁း၃၀ ကျော်ကျော်ရှိနေပြီ်။ သဘောင်္စီးရင်းနဲ့ နေ့လည်စာကို သူတို့ကျွေးတဲ့ ဘူဖေး စားပါတယ် ။ ငါးဟင်းရယ်၊ ကြက်သားကြော်တွေရယ်၊ နောက် ပုစွန်၊ ပင်လယ်စာ တွေရယ် အရွက်ကြော်တွေရယ် အများကြီးပါဘဲ။တန်းစီတော့ Lady first လို့ယိုးဒယားသား ဂိုက်လေးရဲ့ အော်သံကြောင့် ကိုယ်နဲ့ ကိုယ့်သူငယ်ချင်း လေးပြေးပြီးတော့ ဟင်းတွေယူကြပါတယ်။ သဘောင်္ပေါ်က ကိုးတောင်ဝတ် ယောကျာ်းတွေကတော့ မျက်စောင်းတွေတခဲခဲနဲ့။ မိန်းကလေးတွေ ပြီးတော့မှ ယောကျာ်လေးတွေက ယူရပါတယ်။ ဟင်းတွေကလည်း စားလို့အ၇မ်းကောင်းတာဘဲ၊ ဗိုက်ဆာနေလို့ လားတော့မသိပါဘူး။ တော်တော်လေးစားလို့ကောင်းခဲ့ပါတယ။် စားပြီးသောက်ပြီး ၁ နာရီလောက်ကြာတော့ သဘောင်္ကြီးက ကျွန်းတစ်ကျွန်းနဲ့ မနီးမဝေးမှာ ရပ်လိုက်ပါတော့တယ်။ ရေဆော့ဖို့တဲ့ ။ ပင်လယ်ထဲမှာ ရေကလည်းအနက်ကြီးဘဲ။ နောက် နိုင်ငံခြားသားအဖြူကောင် တစ်ယောက်က ယိုးဒယားသားဂိုက်လေးကို သဘောင်္ပေါ်ကနေ ဒိုင်ဗင်ထိုးလို့ ရလားလို့မေးတော့ မရဘူးဆိုပြီး အဲဒီဂိုက်လေးက သူအရင်ခုန်ချပြပါတယ်။ နောက်အဲဒီနိုင်ငံခြားသားကြီးခုန်ချပါတယ်။ နောက်တော့ ကိုယ့်တို့အဖွဲ့ထဲ ကကိုယ့်သူငယ်ချင်းယောကျာ်းလေးတွေခုန်ချပါတယ်။ ကိုယ့်လက်တွဲဖော်က မျက်မှန်တပ်ထားလို့ ခုန်လို့မရပါဘူး။ ကိုယ်တို့ ကတော့ ဒိုင်ဗင်မဟုတ်ဘဲ သဘောင်္ထဲကနေ ရိုးရိုးရေထဲကို ဆင်းပါတယ်။ ခြေထောက်မမီပါဘူး.။ ပင်လယ်ထဲမှာ ကူးတာ ပထမဆုံးဘဲ။






အရမ်းကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် သက် ကယ်အကျီ င်္တော့ဝတ်ထားပါတယ်။ သဘောင်္မှာလူဆင်းတဲ့ လှေကားကို ကိုင်ထားရင်း ဟိုနားဒီနား ကူးခဲ့ပါတယ်။ တစ်ခါတစ်ခါ ပါးစပ်ထဲ ပင်လယ်ရေ၀င်လို့ကတော့ မွန်းနေတာပါဘဲ။ရေထဲမှာ တော်တော်လေးကြာနေပြီးတော့ သဘောင်္ပေါ်ပြန်တက် နောက်တစ်နေရာကို ခရီးဆက်ခဲ့ပါတယ်။ နောက်တစ်နေရာရောက်တော့ ကနူးလှေ စီးရပါတယ်။ တစ်စီးကို နှစ်ယောက် ပါ။ ဟန်နီးမွန်းဂူ လို့ခေါ်တဲ့ သူတို့ပြောတဲ့အခန်းလေး တွေပါတဲ့ ဂူထဲကို စီးရပါတယ်။ ဂူထဲကို လှေလေးနဲ့ လှည့်ပတ်စီးကြပါတယ်။ လှေ လှော်ပေးတဲ့ ကောင်လေးကသဘောအရမ်းကောင်းပါတယ်။

ပြီးတော့ Bird Cave လို့ခေါ်တဲ့ ငှက်တွေပေါတဲ့ ဂူကို သွားဖို့ သဘောင်္စီးရပြန်တယ်။ Bird Cave သွားတော့ တစ်လှေကို ဓါတ်မီးတစ်လက် ပေးပါတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီဂူကဘာမှ မမြင်ရအောင်မှောင်မည်း နေလို့ပါ။ ဓါတ်မီးနဲ့ ထိုးကြည့်ရင် ဂူနံရံတွေမှာ နေရာလွတ်မရှိအောင်ပြည့်နှက်နေတဲ့ လင်းနို့တွေကိုတွေ့ရပါတယ်။ လင်းနို့ချေးစော်တွေ ကလည်း နံလိုက်တာ ။အသက်အောင့်ထားရပါတယ။်

























အဲဒီဂူကနေပြန် လာပြီးတော့ နောက်တစ်နေရာကို သွားခဲ့ကြပြန်ပါတယ်။နောက်တစ်ဂူက ကျတော့ သူက ရေနဲ့ ကျောက် ဆောင်နဲ့ ထိတော့မယ်။ လူတွေတောင်လှေပေါ်မှာ ထိုင်လို့မရဘူး ပက်လက်ကလေး အိပ်မှ ၀င်လို့ရတယ်၊ အဲလိုမှ မနေရင် ကျောက်ဆောင်နဲ့ ခေါင်းနဲ့ ထိမိတော့မယ်။ နောက် သဘောင်္ပေါ်ပြန်တက်ပြီး ပြန်လာခဲ့ကြတယ်။ အပြန်ခရီးမှာ မပျင်းရအောင်ဆိုပြီး အခြောက်အက ကပြခဲ့ တယ်။ ပျော်ဖို့ကောင်းပါတယ်။



















ဟော်တယ်ကို ညနေ 6 နာရီလောက်ပြန်ရောက်ခဲ့ကြတယ်။ နောက် နားပြုပြီး ည ၉ နာရီ မှာ lady boy show ကြည့်ဖို့ကား လာခေါ်တာနဲ့ အဲဒီကို ထွက်ခဲ့ကြတယ်။ အပြင်မှာ ဓါတ်ပုံအရိုက်ခံနေတဲ့ lady boy ချောချောလေးတွေကို တွေ့ခဲ့ရပါတယ်။ ချောတာကတော့မိန်းကလေးတွေတောင် အရှုံးပေးရလောက်ပါပေတယ်.။ အသားအရေ လေးကလည်း ကိုင်ရက်စရာမရှိအောင် ချောမွတ်နေတာပါဘဲ။ ရင်ညွန့်ကလေး တွေများ ယောကျာ်းလေးတွေကြည့်ရင် အသည်းထိစရာ။ ကိုယ့်လက်တွဲဖော်တောင်သူတို့ နားဘဲကပ်နေလို့ မနည်း ဆွဲထားရတယ်။ သူတို့သလုံးသားလေးတွေများ ကိုယ်တို့မိန်းမတွေထက်တောင်လှသေးတယ်။ သူတို့က၀င်ငွေတော့ အဖြောင့်သားလား။ပွဲမစမီ ဓါတ်ပုံအရိုက်ခံတယ်။ အဲလိုဓါတ်ပုံ ရိုက်ရင် ပိုက်ဆံ ဘက် 100 ပေးရတယ်။ တစ်ယောက်ကိုနော်။ သူတို့က ကိုယ်ရကိုယ်ယူဘဲ။ အုပ်စုလိုက် အရိုက်ခံလို့ တစ်ယောက်တည်းကို ပိုက်ဆံပေးလိုက်ရင် ကျန်တဲ့သူတွေက တောင်းတယ်။ ကိုယ်ပေးလိုက်တဲ့ သူကဘဲကျန်တဲ့သူကို ခွဲမပေးဘူး။


ဓါတ်ပုံတွေရိုက်ပြုပြီး ပွဲချိန်နီးတော့ ရုံထဲဝင်လာကြတယ်။ ထုံးစံအတိုင်း ကင်မရာမရိုက်ရ ဘာမရိုက်ရ ပေါ့။ တော်တော်ကောင်းတယ်။ ပွဲက ။ ဆက်တင်အခမ်းအနားအပြင်အဆင်ကလည်း အရမ်းကောင်းတယ်။ ရန်ကုန် မှာ မိုးကြိုငှက်ငယ်လေးများကလည်း ထိုင်းက ပွဲတွေလိုလိုက် လုပ်တာပါဘဲ။ ဒါပေမယ့် ဆက်တင်အခမ်းအနား၊ ၀တ်စားဆင်ယင်မှု၊ မိတ်ကပ် ပြင်မှု စတဲ့ဟာတွေ က ထိုင်းနဲ့ယှဉ်ရင် ဘာမှမဆိုင်ပါဘူး။ တစ်ခုတော့ရှိတာပေါ့လေ။ ထိုင်းနိုင်ငံကတော့ ဒါက အဓိက ဆိုတော့ သူတို့က တကယ်လုပ်ကြတာပေါ့။ အိန္ဒိယ အက၊ ကိုးရီးယားအက ၊ တရုတ်အက၊ Nobody Group Song၊ ဟာသ မယ် အက ၊ အီဂျစ်ဘုရင်မတွေ ရဲ့ သရုပ်ဖော်အက၊ ပန်းဝတ်မှုန်အက တွေနဲ့ ပွဲကို ည ၉း၀၀ ကနေ ၁၁း၃၀ လောက်အထိ မရိုးနိုင်အောင် တင်ဆက်သွားပါတယ်။ကြည့်ရတာအရမ်းတန်ပါတယ်။ အဲနောက်တော့ သူတို့အစီအစဉ်နဲ့ မြို့ထဲပြန်လာခဲ့ကြတယ်။ သူတို့ က Bengalar လမ်းမှာ ချပေးပါတယ်။ ကိုယ်တို့လည်း မနေ့က Package Tour ၀ယ်တဲ့ဆိုင်မှာ ဘဲ PHI PHI ISLAND ကို speed boat နဲ့ သွားမယ့်ခရီးစဉ်ကို တစ်ယောက်ဘက် 1000 နဲ့ဝယ်ပြီး hotel ကို Taxi နဲ့ပြန်ခဲ့ကြပါတယ်။

အပိုင်း(၃)ကိုနောက်မှဆက်ရေးမယ်နော်။
Read More ->>

PHUKET ခရီးစဉ်

ဝdiv>ဒီခရီးသွားဖို့အတွက် မပြီးပြတ်သေးတဲ့အလုပ်တွေ ပြီးပြတ်အောင်လုပ်နေရတာရယ် ဒီခရီးအတွက် ပြင်ဆင်နေတာတွေရယ်ကြောင့် ဘယ်ဘလော့ခ်မှ တူးတူးထွေထွေ မရောက်ဖြစ်ခဲ့ပါဘူး။ အားလုံးကိုတောင်းပန်ပါတယ်နော်။ တောင်းပန်တဲ့အနေနဲ့ ခရီးစဉ်လေးအကြောင်း ပြောပြမယ်နော်။ဟီးဟီး။

ပထမဆုံး ကိုယ်နဲ့ ကိုယ့်လက်တွဲဖော် နှစ်ယောက်တည်း သွားဖို့ စီစဉ်ခဲ့တာပါ။ တစ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ပေါ့။ ဒါပေမယ့်လည်း သူငယ်ချင်းတွေ ကိုမင်တာကြောင့် သူတို့ကိုပါ လိုက်ခဲ့ဖို့ခေါ်ဖြစ်တယ်။ ဒါနဲ့ ဘဲသူတို့တွေလည်း လိုက်ဖြစ်ခဲ့တယ်ဆိုပါတော့။

Air Asia ကနေပြီးတော့ booking ကို ပထမ ယူပါတယ်။ သူက Flight+ Hotel ကို အပြီးအစီး တစ်ယောက်ကို S$ 250 တဲ့။ ဘိုကင်ယူပြီးတော့ ကိုယ်တို့တွေ ဒီခရီးစဉ်အတွက်ပြင်ဆင်ခဲ့ ပါတယ်။ အ၀တ်အစားတွေ တချို့ လိုအပ်မယ့်အသုံးအဆောင်ပစ္စည်းလေးတွေ ၀ယ်ပြီး ခရီးအတွက်ကြိုတင်စိတ်ကူးယဉ်ပျော်ရွှင်ခဲ့ကြပါတယ်။ ဒီလိုမျိုး နေ့ရက်ရှည် ခရီးတစ်ခု ကို မိဘတွေ မပါဘဲ ကိုယ့်အမ ကြီးမပါဘဲ သူငယ်ချင်းတွေဘဲ စုသွားတာ ကိုယ်အတွက်ဒါပထမဆုံး အကြိမ်ပါ။ ကိုယ့်ဘာသာကိုယ် လူကြီးလုပ်ပြီးသွားရတဲ့ ခရီးမို့ အရမ်းလည်း ရင်ခုန်ခဲ့ပါတယ်။ ကိုယ်နဲ့ လက်တွဲဖော်တိုင်ပင်ပြီး ဘာတွေထည့်ရမလည်း ဘာတွေ ၀ယ်ရမလည်း ဆိုတာတွေကို စာရင်းလုပ်ခဲ့ပါတယ်။ မသွားခင် နှစ်ည လောက်က ကိုယ့်သူငယ်ချင်းတွေ နဲ့ကိုယ့်အိမ်မှာစုပြီး ဟိုရောက်ရင်ဘယ်သွားသင့်တယ်။ ဘာလုပ်သင့်တယ်ဆိုတာတွေကို စာရင်းတို့ထားခဲ့ပါတယ်။ ကိုယ်တို့ခရီးသွားမယ့်နေ့ ကသောကြာနေ့ပါ။ တကယ်တော့သောကြာနေ့ဆိုတာ ကိုယ်တို့သူငယ်ချင်းတစ်စု စီးတီးဟောလ်မှာ အမြဲ ဆုံတဲ့နေ့ပါ။ ခု သောကြာနေ့ သွားရမယ်ဆိုတော့ ကြာသပတေးနေ့ ကို ပြောင်းချိန်းပြီး စီးတီးဟောလ်မှာ ဆုံ၊ လက်ဖက်ရည်လေးဘာလေးသောက်၊ ကွမ်းလေးဘာလေးစား နဲ့ စကားစမြည် ပြောဖြစ်ပါတယ်။ ပြီးတော့ ယိုးဒယားပိုက်ဆံ ကိုအောက်က money changer မှာသွားလဲခဲ့ပါတယ်။ စင်ကာပူ ၅၀၀ ကို ယိုးဒယား ဘက် ၁၁၇၀၀ ကြီးများတောင်ရပါတယ်။ ပြီးတော့ ရထားစီးပြီးအိမ်ပြန်လာခဲ့ကြပါတယ်။ ညဘက် အိမ်ကိုပြန်ရောက်တော့ ၁၀း၀၀ လောက်ရှိနေပြီ။ အ၀တ်အစားတွေထည့် ဆေးတွေထည့် သွားတိုက်ဆေး သွားတိုက်တံတွေ ထည့် နဲ့ ကိုယ်နဲ့ ကိုယ့်လက်တွဲဖော် အဲဒီညက ၁း၀၀ လောက်မှ အိပ်ရာဝင်ဖြစ်ပါတယ်။

လေယာဉ်က သောကြာနေ့ နေ့လည် ၁း၀၀ မှာ ထွက်မှာပါ။ အဲဒီတော့ ကိုယ်တို့သူငယ်ချင်းတွေ လေယာဉ်ကွင်းကို ၁၁း၀၀ အရောက်ချိန်းကြပါတယ်။လေယာဉ် check-in လုပ်ပြီးတော့ အရက်တစ်ပုလင်းရယ်၊ စီးကရက်တစ်ထောင့်ရယ်ကို Duty Free မှာ ၀င်ဝယ်ပြီး ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး လေယာဉ်ပေါ်တက်ပြီး ဖူးခက်မြို့ကို ထွက်လာခဲ့ကြပါတယ်။ သူငယ်ချင်းတွေအားလုံး အပြုံးကိုယ်စီနဲ့ပေါ့။ စက်ရုပ်မြို့လေးထဲက မွန်းကျပ်မှုတွေကိုခဏတာ မေ့ပျောက်နေခဲ့ကြတယ်။ ဘာဆိုဘာအလုပ်ကိစ္စမှ ခေါင်းထဲမှာ မရှိတော့တာ။













ဒါက သူငယ်ချင်းတစ်ယောက်လေယာဉ်ပေါ်ကနေ လှမ်းရိုက်ထားတဲ့ ပုံပါ။.


ဖူးခက်လေဆိပ်ရောက်တော့ Immigration ၀င်ပြီး Taxi ငှားဖို့ကြိုးပမ်းရပါတော့တယ်။ တက်စီက Mini Cab လေးပါ။ ကောင်းပါတယ်။ hotel ထိကို ၁၀၀၀ ဘက်တဲ့။ အဲဒါနဲ့ ဘဲ ငှားပြီး ခရီးနှင်လာတော့တယ်။ လေဆိပ်က နေ တစ်နာရီကျော်ကျောက်လောက်မောင်း ပြီးတဲ့နောက်မှာ တော့hotel ကိုရောက်လာပါတော့တယ်။ hotel က တောင်ကုန်းလေးပေါ်မှာရှိတာကြောင့် ကားသမားက အဲဒါကို သူမတက်ရဲဘူးတဲ့။ အဲဒါနဲ့ စကားနည်းနည်းများ၇သေးတယ်။ သူတို့ကလည်း အင်္ဂလိပ်လိုမတက် ကိုယ်တွေကလည်း ယိုးဒယားလိုမတက်နဲ့ တော်တော်လေးကြာကြာပြောရပါတယ်။ နောက်စင်ကာပူ ကသူငယ်ချင်းတစ်ယောက် ကဖူးခက်မှာ ရှိတဲ့ သူ့အစ်ကို ဖုံးနံပါတ်ကို ကိုယ်တို့ကို အကူအညီလိုရင်တောင်းဖို့ပေးလိုက်တာနဲ့ ကိုယ်တို့တွေ သူ့ဆီကို ဖုံးဆက်ပြီး ကားသမားနဲ့ပြောခိုင်းမှ အဆင်ပြေသွားတယ်။ နောက်တော့ အဲဒီ တောင်ကုန်းက တော်တော်လေး အတက်ကြမ်းတာကြောင့်ကိုယ်တို့ တွေခြေကျင်တက်ခဲ့ကြတယ်။ သိပ်မဝေးပါဘူး ။ reception ရောက်တော့ passport နဲ့ လက်မှတ်ပြပြီး ကိုယ်တို့ကို အခန်းလိုက်ပြတယ်။ အမလေး တက်လိုက်ရတာမောနေတာဘဲ။ ကွေ့ကာဝိုက်ကာနဲ့။ ဒါပေမယ့် အပေါ်လည်းရောက်ကော အမောလည်းပြေသွားပါတယ်။ ဘာလို့လည်း ဆိုတော့ phuket တစ်မြို့လုံးရဲ့ ရှူခင်းကို အဲဒီကလှမ်းမြင်ရတာ တော်တော်လေးစိတ်ချမ်းသာ ဖို့ကောင်းပါတယ်။ အဲဒါနဲ့နားပြုပြီး ညနေ ၅ နာရီလောက်ကျတော့ အပြင်ပြန်ထွက်ဖြစ်ခဲ့ကြပါတယ်။













ဒါက တော့ ဟိုတယ် ပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းပါ။

Pathong Beach ကို ဟိုတယ် ကကားနဲ့ လာခဲ့ကြတယ်။ အဲဒီ မှာ အဖြူမ တွေအဖြူကောင် တွေ များလိုက်တာ.။ ဆိုင်ကယ်တွေနဲ့။ ဘာလို့ အဲလောက်များမှန်းနောက်မှ သိခဲ့ရတယ်။ ဆိုင်ကယ် ငှားခ က ဈေးသက်သာတာကိုး။ တစ်ရက်လုံးမှ ဆိုင်ကယ်တစ်စီးကို ဘက် ၁၅၀ လောက်ဘဲပေးရတော့ ဆိုင်ကယ်ငှားပြီး သူတို့က လျှောက်သွားကြတာကိုး။ ကိုယ်တို့ အုပ်စုက ၆ ယောက်သွားပေမယ့် နှစ်ယောက်ဘဲ ဆိုင်ကယ်စီးတတ်တဲ့သူပါတာမို့ ငှားမစီးဖြစ်ခဲ့ပါဘူး။ သုံးယောက်တစ်စီး သူများနိုင်ငံမှာ စီးရမယ်ဆိုတော့ မငှားဖို့ဘဲ ဆုံးဖြတ်ချက်ချ ခဲ့ကြတယ်။

Patong Beach ကလူတော့စည်တယ်။ ကမ်းခြေအနေနဲ့ ဆိုရင် လှတယ်လို့မဆိုသာပါဘူး။ ဒါပေမဲ့ Pathong Night Life က အရမ်းမိုက်တယ်။ အဲလိုနဲ့ ဟိုမေးဒီစမ်းနဲ့ ဗိုက်ကလည်း ဆာပြီမို့ စားသောက်ဆိုင်တစ်ဆိုင်မှာ ၀င်စားဖြစ်တယ်။ အဲဒီ ဆိုင်မှာ မြန်မာအစ်မကြီးတစ်ယောက် အလုပ်လုပ်နေတယ်။ ပျော်သွားတာပေါ့။ မြန်မာတွေ့ပြီဆိုပြီး။ နောက်တော့မှ အဲဒီ တစ်လျှောက်လုံးမှာ မြန်မာတွေမှ အများကြီးဘဲ။အလုပ်လုပ်နေကြတာ။ အဲဒီမြန်မာ အစ်မကြီးကိုမေးတော့ Show တွေက Bengalar Road မှာ ရှိတယ် ဆိုပြီး Bengalar Road ကို ထွက်လာကြတယ်။





















ဒီလို လာရင်းနဲ့ မနက်ဖြန် အတွက် Tour Package တွေဝယ်ဖို့ ဟိုဟိုဒီဒီ စူးစမ်းကြည့်ခဲ့ကြတယ်။ Thai နိုင်ငံရဲ့ အဓိက စီးပွားရေး Tour လုပ်ငန်း ဖြစ်တဲ့အလျောက် နေရာတကာမှာ Tour packageေ၇ာင်းတဲ့ ဆိုင်လေးတွေ တွေ့နိုင်တယ်။ အဲဒီအထဲကမှ ဈေးအသက်သာဆုံးလို့ထင်ရတဲ့ ဆိုင်လေးတစ်ဆိုင်ကို ၀င်ပြီး ဈေးနှုန်းတွေမေးပြီး James Bond Island Tour Package ကို တစ်ယောက်ကို ဘက် တစ်ထောင်နဲ့ ၀ယ်ခဲ့ကြတယ်။ နောက် ညဘက်ကြည့်ဖို့ နာမည်အကြီးဆုံးဖြစ်တဲ့ Simon Cabaret Lady Boy Show ကို တစ်ယောက် ဘက် ၅၄၅ နဲ့ ၀ယ်ဖြစ်ခဲ့ကြတယ်။ အဲဒီနောက် Bengalar Road ကိုလျှောက်ခဲ့ကြတယ်။ အရမ်းစည်ကားပါတယ်။ လမ်းတစ်လျှောက်မှ Bar တွေနဲ့ ပြည့်နှက်နေတယ်။ နောက် Lady Boy လို့ခေါ်တဲ့ Gay ချောချော လှလှလေးတွေလည်း တွေ့ခဲ့ရတယ်။ လမ်းလျှောက်ရင်း စကားပြောရင်း ငေးရင်း နဲ့ ည ၁၁း၀၀ လောက်ကျတော့ ဘီယာ ၀ယ်ပြီး ဟိုတယ်ပြန်ခဲ့ကြတယ်။

နောက်နေ့အကြောင်းကို နောက်မှ ဆက်ရေးမယ်နော်။
Read More ->>

အလောင်းတော်ကဿပခရီးစဉ် အပိုင်း ၃

ရေတွင်းလေးရောက်ပြီးခရီးဆက်ခဲ့ပြန်တော့သဘာဝအလျောက်ဖြစ်နေတဲ့ကျောက်လှေကားတစ်ခုကိုတွေ့တယ်။

အဲဒီကျောက်လှေကားအဆုံးမှာတော့ ရှင်မဟာကဿပအလောင်းတော်ရုပ်အလောင်းထားရှိရာဂူပေါက်ဝကိုတွေ့ခဲ့ရတော့တယ်။

ဂူပေါက်ဝမှာရွှေဆိုင်းများချထာပြီးကျောက်တုံးကြီးတစ်ခုဂူတံခါးလိုပုံစံမျိုးဂူပေါက်ကိုပိတ်ထားတယ်။

ဟိုတလောကကတောင်သတင်းတစ်ခုကြားမိလိုက်သေးတယ်။အဲဒီဂူတံခါးကငလျင်လှုပ်သလိုဖြစ်ပြီးနည်းနည်းဟသွားတာ၁၅

မိနစ်လောက်ကြာတော့သူအလိုအလျောက်ပြန်ပိတ်သွားတယ်တဲ့။တကယ့်ကိုထူးဆန်းပါတယ်။

နောက်တစ်ခုကတော့ကိုယ်တို့အသိတစ်ယောက်ကအဲဒီမှာတရားသွားထိုင်တာအရမ်းထူးဆန်းတာတွေနဲ့ကြုံတွေ့ခဲ့ရတယ်။

တရားထိုင်နေတုန်းအာရုံထဲမှာဂူထဲဝင်လို့ရတာတို့၊နောက်ပြီးနန်းဝ်နန်းစားနဲ့အမျိုးသမီးတစ်ယောက်ရှေ့မှာလာရပ်တာမျိုးတို့ကြုံရတယ်တဲ့။

နောက်လူပြောများတာတစ်ခုကတော့အဲဒီအလောင်းတော်ကဿပဂူထဲကိုစီးပြီးပြန်ထွက်လာတဲ့မြောင်းလေးတစ်ခုရှိတယ်။အဲဒီကနေဆွမ်း

တွေဘာတွေထည့်ပြီးလှူလို့ရှိရင်ခွက်ကတော့ပြန်မျောလာတယ်တဲ့။ဆွမ်းတွေတော့ပြန်ပါမလာတော့ဘူးလို့တော့ပြောတယ်။ကိုယ်တွေ

တော့မကြုံခဲ့ရပါဘူး။ရှေးယခင်ကရှင်မဟာကဿပအလောင်းတော်မထရ်မြတ်ငယ်စဉ်တောင်ကျေးကလေးဘ၀ကကြက်ငယ်

ကလေးတစ်ကောင်ကိုဖိုခနောက်ဆိုင်မှာထည့်ပြီးပိတ်ထားခဲ့မိလို့အဲဒီကြက်ငယ်ကလေးကအသက်ဆုံးခဲ့ရတယ်။အရှင်မြတ်ကရဟ

န္တာဖြစ်တဲ့အချိန်မှာအဲဒီအပြစ်ကိုပြန်မြင်ပြီးသူခန္ဓာဝန်ချတဲ့အခါမှာဒီတောင်သုံးလုံးဆိုင်ဖြစ်နေတဲ့နေရာမှာလာပြီးချရတာဖြစ်ပါတယ်ရှင်။

ရဟန္တာတစ်ပါးတောင်မှသူလုပ်ခဲ့တဲ့ဝဋ်ကြွေးကိုပြန်ပြီးဆပ်ရတယ်။ဝဋ်ကြွေးပါရင်ဆပ်ကိုဆပ်ရမှာဘဲ။


ကိုယ်တို့မိသားစုအလောင်းတော်ကဿပဂူပေါက်ကိုရွှေဆိုင်းတွေဘာတွေကပ်ပြီးအပေါ်ကိုပြန်တက်ခဲ့ကြတယ်။ပြီးတော့ကိုယ်တို့မိသားစု

သုံးယောက်ဆင်နှစ်စီးနဲ့တောထဲမှာရှိတဲ့လွမ်းစေတီကိုသွားခဲ့ကြတယ်။ခုနကဘုရင်ကြီးကသူ့မိဖုရားကိုလွမ်းလို့တည်ခဲ့တဲ့စေတီမို့လိုလွမ်းစေ

တီလို့သိရပါတယ်။အဲဒီစေတီလေးကအဖြူရောင်ထုံးသင်္ကန်းနဲ့ပါ။စိတ်ကိုကြည်လင်စေပါတယ်။အရမ်းလည်းလွမ်းချင့်စဖွယ်ကောင်းပါတယ်

။ဆည်းလည်းသံလေးတွေနဲ့စိတ်ကိုလန်းဆန်းစေပါတယ်။နောက်တော့ကိုယ်တို့အဲဒီကနေပြန်လာကြတယ်။နေတော်တော်စောင်းနေပြီ။

တောင်ပေါ်မှာရှိတဲ့ဘုန်းကြီးကျောင်းမှာဘဲညအိပ်ဖြစ်တယ်။အဲဒီကဘုန်းကြီးကပြောတယ်။မိုးတွင်းဘက်ဆိုရင်ညကျရင်တောထဲမှာရှိတဲ့

ကျားတွေကအဲဒီဘုန်းကြီးကျောင်းခြေရင်းမှာလာလာအိပ်တယ်တဲ့။ကိုယ်တို့တော့အဲဒါတွေမသိပါဘူး။အဲဒီဘုန်းကြီးကျောင်းကကျွေးတဲ့

သတ်သတ်လွတ်ထမင်းနဲ့ဟင်းကကောင်းတာဘဲသိတယ်။ဟီးဟီး။


နောက်ရက်ကျတော့ကိုယ်တို့တောင်ပေါ်ကနေပြန်ဆင်းခဲ့ကြတယ်။သစ်လုံးစခန်းမှာကားယူပြီးခရီးကနေပြန်လာခဲ့ကြတယ်။အပြန်လမ်းမှာ

တော့ “ ကိုကြီးကျော်၊တို့ကိုကြီးကျော်” လို့နာမည်ကြီးတဲ့ ကိုကြီးကျော်စံမြန်းတဲ့ပခန်းနတ်နန်းကိုဝင်ခဲ့ကြတယ်။ပခန်းနတ်နန်းကိုဝင်ဖို့

ချောင်းတစ်ခုကိုဖြတ်ရတယ်။အဲဒီချောင်းကကားဖြတ်လို့မရလို့ဒီဘက်ကမ်းမှာကားထားပြီးလှေနဲ့ကူးခဲ့ကြတယ်။အဲဒီအချိန်က

ပခန်းပွဲရာသီမို့လူတွေကကြက်ပျံမကျစည်ကားလှပါတယ်။ချောင်းတစ်ဖက်ကမ်းရောက်တော့နွားလှည်းလေးနဲ့တူပျော်ပျော်ပခန်းပွဲတော်

သွားစို့နော်ဆိုသလိုဘဲဖုန်တစ်ထောင်းထောင်းလမ်းကိုနွားလှည်းနဲ့လာခဲ့ကြတယ်။ပခန်းကိုကြီးကျော်ရုပ်တုမှာပိုက်ဆံတွေဘာတွေဆက်ပြီး

ပြန်လာခဲ့ကြတယ်။

ပခန်းရောက်ပြီးတော့အပြန်ပုခုက္ကူဘက်ကမ်းမှာရှိတဲ့တန့်ကြည်တောင်ကိုဝင်ဖူးခဲ့ကြတယ်။ပြီးတော့ညောင်ဦးဘက်ကိုဇာတ်နဲ့

ပြန်ကူးခဲ့ကြတယ်။ပုဂံမှာဘုရားတွေဖူးရင်းသုံးညလောက်အိပ်ခဲ့ကြတယ်။ပုဂံဘုရားတွေဆိုကိုယ်ကအဲဒီအတွင်းဘက်

လှေကားကနေအပေါ်ကိုအရမ်းတက်ချင်တာ။ငယ်ငယ်တုန်းကတော့တက်ခွင့်ပေးတယ်။အခုတ၀က်လောက်ထိဘဲတက်လို့ရတော့တယ်

။ပုဂံကဘုရားတွေအကြောင်းနည်းနည်းပြန်ပြောပြမယ်နော်။မှတ်မိသလောက်ပေါ့။ကိုယ်တို့ပထမဆုံးဖူးတာရွှေစည်းခုံဘုရား။အရမ်းတန်ခိုး

ကြီးပြီးအရမ်းလည်းဆုတောင်းပြည့်တဲ့ဘုရားပါ။နောက်အာနန္ဒာဘု၇ား။မတ်တပ်ရပ်ရုပ်ပွားတော်၎ဆူရဲ့တစ်ဆူချင်းတိုင်းမှာ

ထူးခြားချက်လေးတွေရှိတယ်။ပြီးတော့လေးဆူလုံးကအနီးကကြည့်ရင်တစ်မျိုး၊အဝေးကကြည့်ရင်တစ်မျိုးသိပ်ထူးဆန်းတယ်။

ရှေးပုဂံခောတ်ကနည်းပညာရှင်တွေများတော်တော်ကိုအံသြဖို့ကောင်းလောက်အောင်တော်ကြတာကိုအာနန္ဒာဘုရားကြီးကသက်သေပြနေ

တယ်။နောက်တစ်ဆူကတော့ ထုမှာဓမ္မာရံလို့နာမည်ကြီးတဲ့ဓမ္မာရံဘုရားပါဘဲ။ပုဂံကဘုရားတွေထဲမှာထုထည်အကြီးဆုံးလို့ပြောပါတယ်။

နောက်လောကနန္ဒာဘုရားပါဘဲ။အဲဒီဘုရားပေါ်တက်လိုက်တာနဲ့မဟော်ဂနီပွင့်ရဲ့အနံ့ကလူကိုဆွဲဆောင်နေပါတယ်။နောက်ဗူးဘုရား။

ဧရာဝတီမြစ်ကမ်းပေါ်မေးတင်ထားပြီးတည်ထားခဲ့တဲ့ဘုရားပါ။ဘုရားပေါ်ကနေလှမ်းကြည့်လိုက်လို့မြင်ရတဲ့ရှူခင်းအလှက

တသက်မမေ့နိုင်စရာပါ။နောက်ဥာဏ်တော်အမြင့်ဆုံးဘုရားဖြစ်တဲ့သဗ္ဗေညုဘုရားပါ။ကိုယ်အရမ်းကိုမှတ်မိနေတဲ့၊အရမ်းကိုစိတ်မကောင်း

ဖြစ်ခဲ့ရတဲ့ဘုရားတစ်ဆူရှိပါတယ်။မနုဟာဘုရားလို့ခေါ်ပါတယ်။ဘုရားဆင်းတုတော်ကြီးကခန်းလုံးပြည့်ကြီးမားပြီးတော့ရင်ဘတ်တော်ဟာ

မို့မောက်နေတဲ့ပုံစံပါ။မနုဟာဘုရင်စစ်ရှုံးလို့အကျဉ်းစံတာကိုဖေါ်ပြတဲ့သဘောပါ။အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။ဘုရားကို

ဖူးရင်းနဲ့အရမ်းကိုစိတ်လေးနေတဲ့ပုံစံမျိုးပါ။နောက်ရှိပါသေးတယ်။မမှတ်မိတော့လို့ပါ။

ပုဂံကနေကိုယ်တို့ပြန်လာခဲ့ကြပါတယ်။လူတွေလည်းအရမ်းကိုမောပန်းနေပါပြီ။ခရီးတစ်လျှောက်လုံးကားမောင်းရတဲ့ဖေဖေကလည်းတော်

တော်လေးမောနေပါပြီ။နောက်ကျရင်လည်းကြုံရင်ကြုံသလို “မျက်မှန်လေး ခရီးသွားနေသည်”

ကိုတင်ပါ့မယ်။ဟီးဟီး။ကျေးဇူးတင်ပါတယ်။
Read More ->>

အလောင်းတော်ကဿပ ခရီးစဉ် အပိုင်း ( ၂ )

မမှတ်မိတော့လို့ မေမေတို့ကိုပြန်မေးနေတာနဲ့ ဒုတိယပိုင်းဆက်တာ နောက်ကျသွားတာ။

ပထမပိုင်းမှာ ကားပေါ်မှာ အိပ်ခဲ့ရတဲ့ နေရာက ဆားလင်းကြီးတဲ့။

ပြီးတော့ ညောင်ဦးဆိပ်ကမ်းကနေ ပခုက္ကူ ဘက်ကို ဇက်နဲ့ ကူးရတယ်။ ပုခုက္ကူ ကနေ ခရီးဆက်လိုက်လာရာ

ညနေ ၃း၀၀ လောက်ကျတော့ တောင်ခြေရင်း ကိုရောက်ဖို့သွားတဲ့ ဖုန်လမ်းလေးကို စရောက်ခဲ့တယ်။

ခရီးသွားကားတွေကိုလည်းတွေ့နေရတယ်။ ကိုယ်ပိုင်ကားနဲ့က ကိုယ်တို့အပါအ၀င် ၅

စီးလောက်ရှိမယ်ထင်တယ်။ ကျန်တာတွေက Dodge တွေရယ် ဟီးနိုးကားတွေ ရယ်နဲ့ပေါ့။ ဖုန်လမ်းကလည်း

ဖုန်ထူချက်ကတော့ အံ့မခန်းဘဲဆရာ။ wiper တောင်မနိုင်လို့ ကျိုးသွားတယ်။ တော်တော်လေးမောင်းရတယ်။

အရမ်းထူတော့တစ်ခါတစ်လေ အရှေ့ မှာရှိတဲ့ ကားကိုတောင် မမြင်ရတော့ဘူး။ ဖြေးဖြေးနဲ့

မှန်မှန်လေးမောင်းလာတယ်။ ညနေ ၅း၀၀ လောက်ရောက်တော့ စမ်းချောင်းလေးတစ်ခုကိုဖြတ်ရတယ်။

ဘယ်လောက်နက်တယ်ဆိုတာ သိချင်လို့ မေမေက အဲဒီစမ်ချောင်းလေးကို လမ်းလျှောက်ဖြတ်တယ်။

ကိုယ်တို့ကတော့ ရေတွေ့ရင် ရေထဲကိုဆင်းချင်တာနဲ့ဘဲ မေမေ့နောက်က လိုက်ခဲ့တယ်။ သိပ်မကျယ်ပါဘူး ။

ဟိုဘက်ကမ်းရောက်တော့ မေမေက ဖေဖေကို လက်လှမ်းပြတော့ ဖေဖေလည်း ကားကို မောင်းလာခဲ့တယ်။

စမ်းချောင်းဟိုဘက်ရောက်တော့ ရွာလေးတွေဆက်တိုက်ဘဲ။ ကိုယ်တို့လည်း အဲဒီရွာလေးတွေကိုဖြတ်

တောင်တွေကို ကျော်နဲ့။ တောင်တွေက မတ်လိုက်တာ ၉၀ံ နီးပါးလောက်ကိုမတ်တာ။ တစ်ခါတစ်ခါ

ဂီယာကြီးနဲ့တောင် မနိုင်ချင်ဘူး။ ပိုတာမဟုတ်ဘူး ။သူကမတ်ပြီးတာနဲ့ ကွေ့ အဲဒီလိုမျိုးကြီး။ ကြောက်စရာကြီး ။

အဲဒီလိုနဲ့ တောင်တွေကို ဖြတ်ပြီး သွားလိုက်တာ ၆း၃၀ လောက်ကျတော့ ပြာပုံတောင်လို့ ခေါ်တဲ့

အမတော်တောင်ကို ရောက်တယ်။အမတော်တောင်မှာ ကားတွေကခဏတဖြုတ်နားလေ့ ရှိတယ်။

ကိုယ်တို့ကားလည်းနားတယ်။ ရေဆူချက်ကတော့ ကားဘောနက်ဖွင့်လိုက်တဲ့ အခါမှာ အငွေ့တွေထွက်လာတဲ့

အထိဘဲ။ အမတော်တောင်က အရမ်းနတ်ကြီးတယ်။ပါးစပ်စည်းစောင့်ရတယ်။ ပေါက်တတ်ကရ ပြောလို့မရဘူး။

ပြီးတော့ သမီးရည်းစားတွေ လည်း ပလူးပလဲ လုပ်လို့မရဘူးတဲ့ ။ ရး၀၀ လောက်ကျတော့

အဲဒီကနေထွက်ခဲ့တယ်။ နောက်စမ်းချောင်းလေးတစ်ခုတွေ့ပြန်တယ်။ ကားတစ်စီးကတော့ ကြောက်လို့တဲ့၊

မနက်မိုးလင်းမှဘဲခရီးဆက်မယ်တဲ့ ။ ကိုယ်တို့ကတော့ ညတွင်းချင်းဘဲ ခရီးဆက်ခဲ့တယ်။ ၈း၀၀

လောက်ကျတော့ ကားထားတဲ့ သစ်လုံးစခန်းကို ရောက်တယ်။ ကိုယ်တို့လည်း အဲဒီမှာရှိတဲ့

တစ်ခုတည်းသောတည်းခိုခန်းမှာဘဲ ညအိပ်ဖြစ်တယ်။ မနက်ကျတော့ ၉း၀၀ လောက်မှနိုးတယ်။ ပြီးတော့

အလောင်းတော်ကဿပရှိတဲ့ တောင်ပေါ်ကို တက်ဖို့ ဆင်ငှားဖို့ ထွက်လာတယ်။ အဲဒီတုန်းက ဆင်တစ်ခါစီး

၅၀၀ကျပ် လားမသိဘူး။ သေချာတော့မမှတ်မိတော့ဘူး။ ကိုယ်တို့မိသားစု ၅ ယောက်လုံး ဆင်သုံးစီးနဲ့

တက်လာခဲ့တယ်။ သိပ်တော့မဝေးပါဘူး။နာရီဝက်လောက်ဘဲ ဆင်စီးရတယ်။ တောင်ပေါ်ရောက်တော့

ဘုန်းကြီးကျောင်းမှာ တည်းတယ်။ အထုပ်အပိုးတွေဝင်ထားခဲ့တယ်။ အဲဒီဘုန်းကြီးကျောင်းကကျွေးတဲ့

သက်သက်လွတ်ထမင်းစားပြီး ဂူကိုသွားဖို့ထွက်လာခဲ့ကြတယ်။ လမ်းမှာ ရှင်သာမဏေ

ထွက်ပေါက်ကိုတွေ့တယ်။ အလောင်းတော်ကဿပ ဂူထဲကနေထွက်ဖို့ တစ်ခုတည်းသောလမ်းကြောင်းလို့

ပြောကြတယ်။

ဘာလို့ ရှင်သာမဏေ ထွက်ပေါက်လို့ခေါ်ရတာလဲဆိုတော့ ရွာခံလူတွေက ရှင်းပြလို့သိခဲ့ရတယ်။ ဟိုတုန်းက

ဘုရင်တစ်ပါးနဲ့ ရှင်သာမဏေ တစ်ပါးဟာ သူတို့ ကိုးကွယ်တဲ့ ကဿပ ရဟန္တာကို လိုက်ရှာရင်း ရွှေအတိပြီးတဲ့

ကဿပရဟန္တာရုပ်အလောင်းထားတဲ့ဂူထဲကို ရောက်သွားရော၊ အဲဒီမှာ ဘုရင်ကြီးက ဂူထဲမှာရှိတဲ့

ကျောက်သံပတ္တမြားတွေကို လည်းမြင်ရော မက်မောတဲ့စိတ် ဖြစ်မိတာနဲ့ တပြိုင်နက် ဘုရင်ကြီးက

အဲဒီဂူထဲမှာဘဲ ကျောက်ရုပ်တုကြီးဖြစ်နေသတဲ့။ ရှင်သာမဏေ လေးကတော့ မက်မောတဲ့စိတ်မဖြစ်မိဘဲ

လမ်းရှာရင်းရှာရင်းနဲ့ အဲဒီအပေါက်လေးက ပြန်ထွက်လို့ရလာသတဲ့။


အဲဒီ ရှင်သာမဏေ ထွက်ပေါက်လေးက လူ တစ်ယောက်ဘဲအများ ဆုံးဝင်လို့ရတယ်တဲ့။

အပေါက်လေးနားအထိဘဲသွားလို့ရတယ်။ အဲဒီထွက်ပေါက် ကလူသွားလမ်းကနေ ခြေလှမ်းကျယ်တစ်လှမ်း

လှမ်းရုံနဲ့ရောက်ပါတယ်။ဒါပေမဲ့ အဲဒီခြေလှမ်းကျယ်တစ်လှမ်းရဲ့အောက်မှာ ရေစီးသန်တဲ့ အရမ်းနက်တဲ့

ရေတံခွန်တစ်ခုရှိတယ်။ကိုယ်တို့တော့ ကြောက်လို့အဲဒီအပေါက်ဝလေးကိုမသွားရဲဘူး ။

ဖေဖေတစ်ယောက်ထဲဘဲ သွားပြီးပြန်လာတယ်။ နောက်တော့ အလောင်းတော်ကဿပဂူဝ ရှိတဲ့နေရာကို

ဆက်သွားတော့ လမ်းမှာရေတွင်းလေးတစ်တွင်းကိုတွေ့တယ်။ အဲဒီရေတွင်းက ခုနကဘုရင်ကြီး လှံစိုက်ရာကနေ

သူအလိုလိုဖြစ်လာတဲ့ရေတွင်းလေးလို့တော့ပြောကြတယ်။ အဲဒီရေတွင်းက

ရေကတော့ကြည်လင်ပြီးအေးစက်နေတာဘဲ။ အဲဒီရေတွင်းထဲကရေ ကိုသောက်ရင်းအန္တာရာယ်

ကင်းတယ်လို့ဆိုရိုးရှိခဲ့တယ်။ ကိုယ်လက်သန့်စင်ခြင်းခွင့်မပြု လို့ ရေတွင်းဘေးမှာ ရေးထားတာကိုတွေ့ရတယ်။

ပြီးတော့ ခရီးဆက်ခဲ့ပြန်တယ်။်
Read More ->>

အလောင်းတော်ကဿပ ခရီးစဉ် အပိုင်း ( ၁ )

ကိုယ်တို့ အလောင်းတော်ကဿပ သွားတဲ့အကြောင်းလေး ရေးချင်လို့ပါ။

ကိုယ်တို့ငယ်ငယ်လေးထဲက ကိုယ်တို့ အတန်းတင်စာမေးပွဲ ပြီးပြီးချင်း မေမေနဲ့ဖေဖေ တို့က ကိုယ်တို့ကို

ခရီးတစ်ခုမဟုတ် တစ်ခုလိုက်ပို့နေတာ ကိုယ်တို့ ပထမနှစ်ရောက်တဲ့အထိပါ။ ဒါပေမဲ့ အစ်ကိုက

ကိုယ်ဒုတိယနှစ် အလယ်လောက်မှာ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်တာမို့ ဒုတိယနှစ်အပြီး ထွက်တဲ့

ဒီအလောင်းတော်ကဿပ ခရီးစဉ်မှာ သူလိုက်ခွင့် မရခဲ့ပါဘူး။

ကိုယ်စာမေးပွဲဖြေလို့ပြီးပြီးချင်း နေ့လည်ဘက်မှာ ဖေဖေက အထုပ်အပိုးတွေကို ကားနောက်ဖုံးထဲမှာ ထည့်၊

မေမေက ညကကြော်လှော်ထားတဲ့ ကြက်သားပြုတ်ကြော်ရယ်၊ ငပိကြော်ရယ်၊ ၀က်သားနီကြော်ရယ်

ကိုစတီးချိုင့် လေးဆင့်ချိုင့်နဲ့ ထည့်၊ ထမင်းကိုအပေါ်အဆင့်မှာ အပြည့်အသိပ်ထည့်ပြီး ခရီးသွားရင်းစားဖို့

ပြင်ဆင်နေခဲ့ပါတယ်။ ကိုယ်တို့ညီအစ်မ သုံးယောက်ကလည်း ကိုယ်ခရီးဆောင်အိတ်ထဲ ကိုယ်အ

ဝတ်အစားများကို ထည့်ရင်း ခရီးသွားဖို့တက်ကြွနေခဲ့ကြပါတယ်။ အားလုံးပြင်ဆင်ပြီးတော့

အိမ်ကနေစထွက်ပါတော့တယ်။ ညနေ ၅း၀၀ လောက်တော့ရှိမယ်ထင်ပါရဲ့။ ပြီးတော့ ဓါတ်ဆီ ၀င်ထည့်ပြီးတာနဲ့

ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်ကို ကားဘီးစချခဲ့ပြီ။ အားလုံးသိကြတဲ့အတိုင်း ခရီးသွားမယ်ဆိုရင်

ပထမဆုံးဦးဆုံး ကားဦးတိုက်ရတာက ရွှေညောင်ပင်ဘိုးဘိုးကြီးပါ။ အဲဒီမှာ ဖေဖေက ကားဦးတိုက်ပြီး အဲဒီက

ပေးလိုက်တဲ့ စံပယ်ပန်းကို နောက်ကြည့်မှန်မှာဆွဲ ၊ သပြေပန်းကို ကားဘောနက်မှာ ထိုးပြီး

မောင်းနှင်လာခဲ့တယ်။ ပြီးတော့ တောက်လျှောက် ပဲခူးအထိ ကားကိုမောင်းခဲ့တယ်။ ပဲခူးရောက်တော့ ည ၉း၀၀

နီးပါးရှိနေပြီ။ စားနေကျ ဖြစ်တဲ့ ပဲခူးတံတားကြီးနားက ကျော်စွာ စားသောက်ဆိုင်မှာဘဲ ညစာကိုစားပြီး

ပြန်ထွက်ခဲ့ကြတယ်။ ကိုယ်တို့ ညီအစ်မသုံးယောက်ကတော့ တစ်ယောက်တစ်လှည့်စီ အိပ်ရင်း၊ မေမေကတော့

ပုတီးစိပ် ရင်း ဖေဖေကို မအိပ်ချင်အောင်စကားတွေ ပြောပေးနေတယ်။ ဒီလိုနဲ့မောင်းလာလိုက်တာ မနက်

၎း၀၀ လောက်ကျတော့တောင်ငူကို ရောက်တယ်။ ဖေဖေကလဲ အရမ်းအိပ်ချင်နေတာနဲ့ မေမေက

ဆက်မမောင်းခိုင်းတော့ဘဲ နီးတဲ့တည်းခိုခန်းရှာပြီး အိပ်ခဲ့ကြတယ်။

မနက်နိုးတော့ ၁၀း၀၀ လောက်ရှိမယ်ထင်ပါရဲ့၊ ဟိုလုပ်ဒီလုပ်နဲ့ ၁၁း၀၀ လောက်မှ တည်းခိုခန်းကထွက်

မနက်စာကို ဆိုင်တစ်ဆိုင်မှာ ၀င်စားပြီး ခရီးဆက်ခဲ့ကြတယ်။ ဆာရင် စားလိုက်၊ ပေါက်တောလိုက် နဲ့

၊ကားရပ်ပြီးအိမ်ကယူလာတာတွေစားလိုက် နဲ့ ။ မင်းအောင်သီချင်းကလည်း ကားထဲမှာဆူညံလို့နေတယ်။

ကိုယ်တို့ခရီးထွက်တိုင်း CD တစ်ထပ်အမြဲပါနေကျ။ မနက်ဆိုရင် တရားခွေဖွင့်၊ နေ့လည်ဆိုရင် မင်းအောင်တို့၊

ပိုးအိစံ တို့တွေဖွင့် နဲ့ ဟုတ်လို့။ အဲဒီလိုနဲ့ လာလိုက်ကြတာ ယောနယ်ကိုရောက်ပါလေရော ညနေ ၄း၀၀ ၅း၀၀

လောက်ရှိမယ်ထင်တယ်။ ယောနယ်ရဲ့ အကျော်ကြားဆုံးဖြစ်တဲ့ အမေရေယာဉ် ပွဲတော်ရက်နဲ့ တိုက်နေတာမို့

အဲဒီကို တစ်ခါတည်း ၀င်ခဲ့ကြတယ်။အမေရေယာဉ်ရဲ့ နန်းထဲမှာလည်း နတ်ချော့တဲ့ နတ်ကတော်တွေရယ်၊

ပြီးတော့ နတ်ကတော်နောက်ကလိုက်တဲ့သူတွေရယ် နဲ့ရှုပ်ရှပ်ခတ်လို့နေတယ်။ ကြားဖူးနားဝရှိတာတော့

ပွဲတော်ရက်ကြရင် အမေရေယာဉ်ရဲ့ အသက်ကိုထည့်ထားတဲ့ ရွှေကြုတ်လေးက လှုပ်တယ်ဆိုဘဲ။

ကိုယ်တိုင်တော့ မမြင်ခဲ့ရပါဘူး။ အသက်ဘူးလေးနားတောင် မရောက်ခဲ့ဘူး။ လူတွေတိုးတာနဲ့ဘဲ။ အဲဒီမှာ

မေမေ့အသိနတ်ကတော်နဲ့တွေ့တော့ ဒီနယ်ကညနေဘက်ပြန်လို့ မကောင်းဘူး၊ အဲဒါ သူတို့တည်းတဲ့ ဆီမှာဘဲ

အိပ်လို့ပြောတာနဲ့ အဲဒီမှာဘဲ အိပ်ဖြစ်တယ်။

မေမေကတော့ သူအသိနဲ့ စကားစမြည် မပျက်တာနဲ့ဘဲ တော်တော်နဲ့ အိပ်မရဘူးဖြစ်နေတယ်။

ဖေဖေကတော့ မော်တော်မောင်းနေလေရဲ့။ အိပ်ရင်းနဲ့ဟောက်တာကို ပြောတာပါ။

မနက်ကတော့ ထုံးစံအတိုင်း ၁၀း၀၀ မှနိုး။ ဖေဖေကတော့ ကားကိုရေတွေဘာတွေဖြည့် အင်ဂျင်ဝိုင်တွေစစ် နဲ့

အလုပ်ရှုပ်နေတယ်။ ကိုယ်တို့ညီအစ်မတွေကတော့ သူတို့နယ်ကျွေးတဲ့ ပဲပြုတ်ဆီစမ်း ထမင်းကို ကာဖီရည်နဲ့

ကောင်းကောင်းကြီး လွေးနေတယ်။ နောက်တော့ စကားပြောဆိုနှုတ်ဆက်ပြီး ၁၂း၀၀ လောက်မှာ ယောကနေ

ပြန်ထွက်ခဲ့တယ်။ ယောနယ်လည်းကျော်ပြီးတော့ လမ်းတစ်လျှောက် ဘေးဘီဝဲယာမှာ ကြည့်လိုက်တော့

ပူပြင်းဒေသ ဖြစ်တဲ့အတိုင်း ဆူးပင် တို့၊ တစောင်းပင်တို့ နောက် ဆူးပါတဲ့ အပင်တွေတော်တော်များများ

ပေါက်နေတာ တွေ့ရတယ်။ အဲဒီလိုနဲ့ တစ်ရွာဝင်တစ်ရွာထွက်၊ တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ လာလိုက်ကြတာ

9း00 လောက်ရောက်တော့ မြို့လေးတစ်မြို့တွေ့တယ်။ အဲဒီမှာဘဲထမင်းဝင်စားဖြစ်တယ်။ ပြီးတော့ ၁၀း၀၀

လောက်ကျတော့ ပြန်ပြီးခရီး ဆက်ခဲ့တယ်။ မီးတွေကလည်းမှောင်မဲနေတာဘဲ။ လမ်းကအရမ်းကြမ်းတာဘဲ။

ကျောက်ခင်းလမ်းလိုမျိုးဘဲ။ ပြီးတော့ လမ်းကကျဉ်းကျဉ်းလေး။ မေမေတို့လည်း လမ်းရောမှန်ရဲ့လားမသိဘူး

ဆိုပြီးဇဝေဇ၀ါဖြစ်နေခဲ့တယ်။ လူကလဲပျက်လိုက်တာ အရမ်းဘဲ။ နာရီကြည့်လိုက်တော့ မနက် ၁း၀၀ ထိုးနေပြီ။

အဲဒီလိုနဲ့ ဖြေးဖြေးချင်မောင်းလာတာ ကံကြီးပေလို့ လူတစ်ယောက်နဲ့တွေ့တယ်။ အဲဒီလူကို မေးကြည့်တော့မှ

ခင်ဗျားတို့လမ်းမှားနေပြီ။ တည့်တည့်ဆက်သွားရင် ဖလမ်းရောက်ဖို့ဘဲ ရှိတော့တာတဲ့ ။ အဲဒါနဲ့

လာလမ်းအတိုင်းပြန်လာခဲ့ကြတယ်။ ပြန်လာရင်းနဲ့ဘဲ လမ်းအရမ်းကြမ်းတော့ ကားဘီးပေါက်သွားတယ်။

ကဲအဲဒါနဲ့ မထူးဘူးဆိုပြီး ကားပေါ်မှာဘဲ အိပ်မယ်ဆိုပြီး ကားမှန်တွေအလုံပိတ် AIR CON ဖွင့်ပြီး

အိပ်လိုက်တော့တယ်။ မနက် ၈း၀၀ လောက်မှ ကိုယ်ကနိုးတာ။ ကိုယ်တို့ထင်တာက အဝေးပြေးလမ်းမထင်တာ

ဘယ်ဟုတ်ပါ့မလဲ။ မြို့လေးတစ်မြို့ ဖြစ်နေတာ။ ကိုယ်တို့ ကားကဈေးဘေးနားမှာ ရပ်ထားတာဗျ။

ကိုယ်တို့ရပ်တဲ့နေရာရဲ့ မျက်စောင်းထိုးမှာ လေထိုးကျွတ်ဖာ ဆိုင်လေ။ အဲဒီရဲ့ဘေးမှာ လက်ဘက်ရည်ဆိုင်လေး

။ မေမေတို့ကအဲဒီမှာတောင်ထိုင်နေကြပြီ။ ကိုယ်နိုးတော့ မကြီးက ကိုယ့်ကိုလာခေါ်တယ်။ မေမေပြန်ပြောပြတာ

က သူနိုးတော့တဲ့ လူတွေအများကြီးက ကားနားမှာအုံပြီးကြည့်နေကြတယ်တဲ့။ သူတို့ကတော့

ထူးဆန်းနေမှာပေါ့။ ကားပေါ်မှာ အိပ်နေတယ်ဆိုပြီး။ အဲလိုနဲ့ လက်ဘက်ရည်သောက်ရင်း ကျွတ်ဖာတဲ့ဆိုင်က

မဖွင့်သေးလို့ စောင့်နေရတယ်။ ဖွင့်တာနဲ့ ဖာပြီး ခရီးဆက်ကြပြန်တယ်။

Read More ->>