Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

Happy New Year 2013!!!!!!!

ဒီနေ့ ၂၀၁၂ ကုန်ဆုံးလို့ ၂၀၁၃ ကို ကူးပြောင်းဖို့ အားယူနေတဲ့ နေ့လေးတစ်နေ့ပေါ့။  ဟိုအရင်နေ့ တွေကလို မိုးကောင်းကင်ကြီးဟာ တိမ်လွှာစိုင်တွေနဲ့ ပိန်းပိတ်မနေအောင် နေမင်းကြီးက အစွမ်းကုန် လင်းလက်တောက်ပနေပါတယ်။ လေညှင်းလေးတွေကလည်း  နေမင်းရဲ့ အရှိန်ကြောင့် နွေးနွေးလေးဖြစ်ကာ ကိုယ့်ကို  ညင်သာစွာ ထိကပါး ရိကပါးနဲ့ လှုပ်ရှားသွားလာနေကြတယ်။

ကိုယ်… ၂၀၁၂ မှာ ဘာတွေ ဆိုးတာတွေလုပ်ခဲ့သလဲ။ ကောင်းတာတွေရော ဘာတွေလုပ်ခဲ့သလဲ။ ပြန်စဉ်းစားပြီး ကိုယ့်ရဲ့ အခါပေါင်းများစွာ မှာ ထိတွေ့နေမိတဲ့ ဒီ blog လေးပေါ်မှာ စာတစ်ပုဒ် အနေနဲ့ချရေးမိတယ်။

Read More ->>

ချစ်ရပါသောမောင်

ကျွန်မ ဘ၀မှာ ဒီနေ့ဟာ ၀မ်းအနည်းဆုံးနေ့တစ်နေ့ပါ။ ကျွန်မ သိပ်ချစ်ရတဲ့ သူက ကျွန်မနဲ့ အဝေးဆုံးကို ထွက်ပြေးသွားတော့မယ်လို့ ပြောတဲ့နေ့တစ်နေ့ပေါ့။ သူနဲ့ ကျွန်မနဲ့ အိမ်ထောင်သက် ၅ နှစ်မှာ သူဆီက မထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို ကျွန်မ ကြားခဲ့ရတယ်။ ကျွန်မ အရမ်းဝမ်းနည်းခဲ့ရပါတယ်။ ကျွန်မတို့နှစ်ယောက် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကိုယ်တိုင် တည်ဆောက်လာတဲ့ အဆောက်အအုံလေးကို ကျွန်မတကယ် မပျက်စီးစေချင်ပါဘူး။ ကျွန်မတို့ နှစ်ယောက်ရေးခဲ့ကြတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးတစ်ခု ပျက်စီးသွားမှာ မလိုလားဆုံး လူသားဟာ ကျွန်မဘဲဖြစ်ပါတယ်။

Read More ->>

တန်ဖိုး

တန်ဖိုးတဲ့ …. လေးဖြူဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ပါ။

ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လည်မရတောတဲ့ အကြောင်း။

အချိန်ကို အကျိုးရှိအောင် သုံးသင့်ကြောင်း စပ်ထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။

စင်ကာပူမှာ ရိုက်ထားတဲ့ VCD ကောင်းတစ်ပုဒ်ပါ။


Read More ->>

အိမ်ထောင်ရေး နဲ့ ပညာရေး

ကိုယ် ဒီပို့စ်ကို ရေးချင်နေတာ ကြာပါပြီ။ ဒါပေမယ့် အချိန်မရှိတဲ့ အတွက် ရေးဖို့ နှောင့်နှေး သွားရတာပါ။

ကိုယ် ဒီပို့စ်မရေးခင်မှာ ကိုယ့်အကြောင်းလေးနည်းနည်း ပြောပါရစေ။ ကိုယ်က ဒီစင်ကာပူနိုင်ငံကို ၂၀၀၆ ခုနှစ် မှာ ရောက်ပါတယ်။ ၂၀၀၆ ခုနှစ် သြဂုတ်လမှာ ကိုယ် ဒီနိုင်ငံက ဘွဲ့လွန် ဒီပလိုမာတစ်ခု တက်ပါတယ်။ ၂၀၀၇ ခုနှစ် မှာ အလယ်အလတ် အဆင့်နဲ့ အောင်ခဲ့ပါတယ်။ ပြီးတော့ ကိုယ် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ကိုယ့်လက်တွဲဖော်နဲ့ ဘ၀တိုက်ပွဲ မှန်သမျှကို ရင်ဆိုင်ဖို့ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီချက်နဲ့ အညီ နှစ်ဖက်သော အစ်မများကို အသိသက်သေနေရာမှာ ထားပြီး လက်မှတ်ထိုးခဲ့ကြပါတယ်။ ကိုယ်တို့နှစ်ယောက် တူတူစပြီးနေခဲ့တာကတော့ ၂၀၀၉ မတ်လမှပါ။ အဲဒီ ထဲက ကိုယ့်ရဲ့ အားလပ်ချိန် တစ်ဝက်နီးပါးလောက်ဟာ သူ့ထံကိုပေးအပ်လိုက်ပါတယ်။ သူ့ဘက်ကို ကြည့်ရင်လည်း အဲဒီအတိုင်းပါဘဲ။ ဒါကတော့ အိမ်ထောင်ရှင်တိုင်းလိုလို သိပါတယ်။
Read More ->>

မျက်နှာဖုံးကို သေလောက်အောင်မုန်းတဲ့ မျက်နှာဖုံးနဲ့ ငါ

ဟိုး…လွန်ခဲ့တဲ့ငါးနှစ်လောက်ကငါ…

ရိုးသားဖြူစင် တဲ့ နှလုံးသားနဲ့ ငါ …

ဘ၀အတွက်ရင်ဆိုင်ဖို့ အားမာန်တွေအပြည့်နဲ့ ငါ…

လတ်ဆတ်တဲ့ ရင်ခုန်သံအသစ်စက်စက်တွေနဲ့ ငါ…

အထွေးဆုံးဖြစ်တဲ့ ငါ..

မိဘတွေရဲ့ ယုယကြင်နာမှု
အစ်ကိုတွေ အစ်မတွေရဲ့ အလိုလိုက်မှုတွေနဲ့
ပြည့်နှက်နေခဲ့တဲ့ ငါ …

လောကကြီးအကြောင်ကို ဘာမှမသိနားမလည်
ဟန်ဆောင်မှုတွေကင်းမဲ့တဲ့ ငါ…

မိဘမေတ္တာတစ်ခု ကလွဲလို့ ဘာဆိုဘာမှ
မခုံမင် မမက်မောခဲ့တဲ့ ငါ …

အရာရာကို မှန်ကန်စွာဆုံးဖြတ်ပေးနိုင်တဲ့
အစ်မတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ငါ…

သာယာမှုအတိပြီးတဲ့ လောကကြီးကို ပိုင်ဆိုင်ထားတဲ့ ငါ…

ဒီလိုနဲ့
မှုန်ဝါးဝါး ရေးတေးတေး ရည်ရွယ်ချက်တွေနဲ့
စင်ကာပူ ဆိုတဲ့ တိုးတက်နေတဲ့
ကျွန်းနိုင်ငံသေးသေးလေးထဲမှာ တစ်နေရာစာရဖို့
၂၀၀၇ ဖေဖေါ်ဝါရီလထဲက ကြိုးစားခဲ့တဲ့ ငါ…။

ခုဆိုရင် သုံးနှစ်စွန်းလို့ လေးနှစ်ပြည့်ခဲ့ ပြီပေါ့။

ဒီ လေးနှစ်အတွင်းမှာငါ…

အရင်က…
ဟန်ဆောင်မှုကင်းမဲ့ခဲ့တဲ့ ငါ
ဟန်ဆောင်တာကို သေလောက်အောင်မုန်းတဲ့ငါက
ဘ၀ကပေးတဲ့ အတွေ့အကြုံတွေကြောင့်
မျက်နှာဖုံးတွေ အမျိုးမျိုးပြောင်းတပ်လာခဲ့တဲ့ငါ…

ငါ့လိုဘဲ မျက်နှာဖုံးအောက် ကမျက်နှာတွေကို ငါ မြင်နေရတယ်။
ဒီ ဟန်ဆောင်မျက်နှာဖုံးတွေအောက် ကအကြိမ်ကြိမ် ရုန်းထွက်ဖို့လည်း
ကြိုးစားခဲ့ဖူးတဲ့ငါ…

လတ်ဆတ်ခဲ့တဲ့ ရင်ခုန်သံတွေ ပျက်သုန်းပြီး
ညစ်ပတ်စုတ်ပြတ် သတ်နေတဲ့ ရင်ခုန်သံတွေနဲ့ ငါ…

ဖြူစင်နေတဲ့ စိတ်ဓါတ်တွေလည်း
မျက်နှာဖုံးတွေကြောင့် မဲညစ်နေတဲ့ စိတ်ဓါတ်တွေသာရှိတော့တဲ့ငါ…

ဘာဆိုဘာမှ မသိ နားမလည်ပေမဲ့ ခုတော့
အရာရာကို ကြိုသိနေတတ်တဲ့ ငါ….

မျက်နှာဖုံးတွေအောက် ကလွတ်မြောက်ချင်တဲ့ငါ…
မျက်နှာဖုံးတွေကို သေလောက်အောင်မုန်းတဲ့ငါ….

ငါ….ငါ….ငါ…။
Read More ->>

သို့ ...မေမေ


သမီး မေ့မေ့ကို အရမ်းသတိရနေလို့ ဒီပို့စ်လေး ရေးဖြစ်တာပါ။

မေမေ နဲ့ ဖေဖေ အိမ်ထောင်ပြုပြီး မိုးကုတ်ကိုပြောင်းလာခဲ့ပါတယ်။်အမကြီးရယ် ၊ အစ်ကို ရယ် နဲ့ သမီးရယ်ကို မေမေက မိုးကုတ်မှာမွေးပြီး အမလတ်ကိုတော့ ရန်ကုန်မှာမွေးပါတယ်။သမီးတို့သုံးယောက် ကမိုးကုတ်မှာမွေးလို့လားတော့ မသိဘူး၊ အသား ဖြူတယ်နော် မေမေ ။အမလတ်တစ်ယောက်ဘဲ အသားညိုတယ်။ ဒါပေမယ့်အမလတ်က သမီးတို့မောင်နှမ တွေထဲမှာ အချောဆုံး။ မေမေနဲ့ တူလို့လားတော့သိဘူးနော်။

သမီးတို့မောင်နှမလေးယောက်လုံး ကတစ်ယောက်တစ်မျိုးစီ ဆိုးခဲ့ကြတယ်နော်။ ဖေဖေကလည်း လူတဖက်သားကို အရမ်းအားနာတတ်ခဲ့တဲ့သူပေါ့။ ဒီလို မျိုးတွေကြားထဲမှာ မေမေ ဘယ်လိုများစီမံကွပ်ကဲခဲ့ပါသလဲ? သမီးသိချင်တယ်မေမေရယ်။ဖေဖေ ဘယ်လောက်ထိအားနာတတ်သလဲဆိုရင် မေမေပြန်ပြောတာ သမီးနားထဲမှာအမြဲကြားနေရတယ်။ အစ်မလတ်မွေးပြီးတော့ မေမေတို့မိုးကုတ်ကို ပြန်လာခဲ့ တယ်။ ဖေဖေ ကကျောက်ကြည့်တာ အရမ်းကျွမ်းကျင်ပါတယ်။ ဘယ်လောက်ထိကျွမ်းသလဲဆိုရင် ယိုးဒယားတို့ဘာတို့ ဘက်က သူငှေးတွေဆိုရင် ဖေ့ဖေ့ ကို ရာဖြတ် အနေနဲ့ ခေါ်ပြီး သူ့တို့ကျောက်တွေကို ဈေးဖြတ်ပေးရပါတယ်။ ဖေဖေရဲ့ အားနည်းတဲ့ အချက်က သူများကို အားနာတတ်လို့ သမီးတို့မချမ်းသာတာပါ။ လိမ်တဲ့သူမှန်းသိသိကြီးလည်း ကျောက်ကိုထည့်လိုက်တာဘဲ။ အဲလို အားနာတတ်တဲ့သူမျိုးလေ။ အရင်တုန်းကတော့ မေမေ ကစီးပွားရေးထဲမှာ ၀င်မလုပ်ပါဘူး။ ဒါပေမယ့် သမီးကိုမွေးပြီးတဲ့ အချိန်ကစလို့ အားနာတတ်တဲ့ ဖေဖေရဲ့ အကျင့်ကြောင့် မေမေ စီးပွားရေးထဲ မ၀င်လို့ မရတဲ့ အခြေအနေ ကိုရောက်ရှိခဲ့ပါတယ်။ မေမေ စီးပွားရေးထဲ ၀င်လာပြီဆိုမှဘဲ ဖေဖေ့ကိုလည်း ဘယ်သူမှ မလိမ်ရဲတော့ပါဘူး။မေမေ့ ပါးစပ်ကို ကြောက်လို့ထင်ပါရဲ့။

မိုးကုတ်မှာနေတုန်းကဆိုရင် သမီးကမူကြိုဘဲရှိသေးတာ။ သမီးကငယ်ငယ်လေးထဲက လက်ဖက်ရည်ဆိုရင် အရမ်းကြိုက်တာ။ မေမေ ကသမီးကိုအမြဲကျောင်းလိုက်ပို့တယ်။ မေမေမှတ်မိတယ်မလားဟင်။ ကျောင်းသွားရင် လက်ဖက်ရည် ဓါတ်ဘူးတစ်လုံး အပြည့်ဖျော်ပေးလိုက်တာ။ ပြီးတော့ကျောင်း သွားတဲ့လမ်းမှာ ပေါက်စီဆိုင်ရှိတယ်။ ပေါက်စီကတစ်လုံးမနက်တိုင်း စားနေကျ။ စားပြီးရင် မေမေက သမီးကို မူကြိုပို့ပေးပြီး ထပွဲထဲသွားပြီ။ထပွဲ ဆိုတာက ကျောက်ဈေးလိုသဘောမျိုးပါ။ မေမေကဖေဖေ့ လောက်ကျောက်ကြည့်တာမကျွမ်းဘူး။ ဒါပေမယ့် သားသမီးဇောတွေနဲ့ မေမေရဲ့ အားမနာတတ်တာရယ် အတိအကျလုပ်တာရယ် ဖေဖေရဲ့ ကျောက်ကျွမ်းကျင်မှူနဲ့ စီးပွားရေးနယ်ပယ်မှာ ဖေဖေနဲ့ မေမေ ရပ်တည်လာနိုင်ခဲ့တယ်။ ဖေဖေကတော့သူ့မိန်းမအောင်မြင်တာတွေကြည့် ပြီး ဂုဏ်ယူနေလေရဲ့။ ဒီလိုနဲ့ ဖေဖေက မေမေ့ကိုကျောက်ပညာတွေသင်ပေးခဲ့တယ်။ မေမေက သူယူလာတဲ့ကျောက်တွေ ကောင်းမကောင်းဖေဖေ့ကိုပြ တယ်။ပြီးတော့နှစ်ယောက်သားတိုင်ပင်ပြီး အရောင်းအ၀ယ်လုပ်တာခုချိန်ထိဘဲ ဆိုပါတော့။

သမီး ခေါင်းထဲမှာ မှတ်မိသေးတယ် မေမေ။သမီးတို့ ခြံထဲမှာ မာလကာပင်တစ်ပင်ရှိတယ်။ အဲဒီမာလကာပင်က မာလကာသီးတွေကို သမီးတို့က အမြဲခူးစားနေကျလေ။ တစ်ရက် ဖေဖေနဲ့ မေမေ အပြင်သွားနေတုန်း မောင်နှမလေးယောက် မာလကာသီးတွေခူးစားပါရော။ အသီးကမမှည့်သေးတော့ မာကျစ်ကျစ်နဲ့။ စားပြီးည ဘက်လည်းရောက်ရော ကျန်တဲ့ မောင်နှမတွေက ဘာမှမဖြစ်ဘဲ သမီးက (ကန်တော့နော်) အီးအီးတွေတစ်ပါလေရော။ မေမေကလေ ပြန်ရောက်တော့ ကျန်တဲ့ မောင်နှမတွေကို ဆူပြီး သမီးရဲ့မစင်ကို လက်နဲ့ ထုတ်ပေးပါတယ်။ မရွံမရှာနော်။ အော်။သူလည်း မိခင်မေတ္တာတွေ နဲ့ဆိုတော့ ဘယ်ရွံမလည်းနော်။ သမီးလေ အဲဒီအကြောင်းပြန်စဉ်းစားတိုင်း မေမေ့ကို အရမ်းအားနာတာပဲမေမေရယ်။

အစ်ကိုတုန်းက ကျတော့ ဒီလို။ တစ်ရက် အစ်ကို အပြင်းဖျားတယ်လေ။ဘယ်လောက်ထိဖျားလည်း ဆိုရင် ဆေးရုံတောင်တက်ရတယ်။ မေမေက အဲဒီတုန်းက ဆေးရုံမှာ တစ်ညလုံးစောင့်အိပ်ခဲ့တယ်နော်။မပင်ပန်းဘူးလားမေမေရယ် လို့မေးတော့ ဟဲ့သားဇောနဲ့ဆိုတော့ အိပ်ပါဆိုရင်တောင် မအိပ်ချင်ဘူးလို့မေမေပြန်ဖြေခဲ့တယ်နော်။ သုံးညလေးညလောက်မေမေ မအိပ်ရဘူးတဲ့။ သားဇောတွေနဲ့ လေ။ ဒီကြားထဲ အစ်ကို ကုတင်ဘေးက ကောင်လေးက ဆုံးသွားသေးတယ်။ မေမေပိုပြီး စိတ်ပူတာပေါ့။ သူ့သားအတွက်။

အမကြီးကျတော့ မေမေချစ်ပုံကတစ်မျိုး ။ မကြီး ကငယ်ငယ်လေးထဲက မေမေ့လက်ထွက်မို့လို့လားမသိဘူးနော် တစ်ခုခုလုပ်ပြီဆိုရင် သူကအရမ်းထူးချွန်တယ်။ သမီးတို့နဲ့များတော့ ကွာပါ့။ မေမေက မကြီးငယ်ငယ်တုန်းကဆိုရင် အတန်းထဲမှာ ပထမ မရရင်ထမင်းမကျွေးဘူး ။အဲလိုမျိုး။ မကြီးက အဲဒါကိုကြောက်ပြီး အတင်းကြိုးစားတာ။ သမီးတို့အလှည့်ကျတော့ မေမေကစာမပြပေးနိုင်တော့ဘူး။ စီးပွားရေးလုပ်နေရလို့။

မေမေ့ကို လူတွေက အတ္တကြီးတယ် တဲ့။ အပေါက်ဆိုးတယ်တဲ့။ မေမေကတော့ အဲဒီလူတွေကို ဘာပြန်ပြောတယ် မှတ်သလဲ။ ဟုတ်တယ် ကျွန်မက အတ္တကြီးတယ်တဲ့။ ကိုယ့်သားသမီးအတွက် ကျွန်မ အတ္တကြီးတာ ဘာဖြစ်သလဲလို့ ပြန်ပြောခဲ့တယ်။ မေမေ့အပေါ်မှာ သူ့မောင်နှမတွေ ကအစ အမြင်မကြည်ဘူး။ မေမေက သူမိသားစု တစ်ခုကိုဘဲသူ့ကမ္ဘာလို့ယုံ ကြည်တဲ့သူလေ။သူများအပေါ်စိတ်ထား မကောင်းဘူလားဆိုတာတော့ မဟုတ်ဘူး။ မေမေက သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲလုပ်တတ်တဲ့သူပေါ့၊ တစ်ခါတစ်ရံမှာ မေမေက သူ့ဘ၀နဲ့ရင်းပြီး ရလာတဲ့သင်ခန်းစာတွေကြောင့် စကားပြောတာဆိုးချင်ဆိုးမယ်။ ဒါပေမယ့် သူများ အပေါ်မှာ မကောက်ကျစ်ဘူး။ မယုတ်မာဘူး။မေမေ ရေ. သမီး အမှန်အတိုင်း ၀န်ခံရရင် သမီး အထင်ကြီးရတဲ့မိန်းမ လေးစားရတဲ့ မိန်းမ တွေထဲမှာ မေမေ ကဒုတိယပါ။ ပထမက တော့ အန်တီ စုပါ။

ခုချိန်မှာ မေမေ့ကို သမီးအရမ်းသတိရနေပါတယ်။ သမီး အရမ်းစိတ်ညစ်လာတဲ့အခါ၊ အဆင်မပြေမှုတွေများလာတဲ့အခါ မှာမေမေကို သမီး အနားမှာရှိစေချင်တယ်။ မေမေ့ကိုအရမ်းလွမ်းပါတယ်။ မေမေက နိုဝင်ဘာ လလယ်လောက် သမီးနဲ့ မကြီး ရှိတဲ့ ဒီနိုင်ငံကို လာမယ်တဲ့။ သမီးအရမ်းပျော်တာဘဲ။မေမေချက်ကျွေးတဲ့ ဟင်းတွေလည်းမစားရတာ ကြာနေပြီ။ မေမေ့ ရင်ခွင်မှာလည်း မအိပ်စက်ရတာကြာပြီ။

မေမေ နေကောင်းပါစေ ဒီသားသမီးတွေရယ် ဒီဖေဖေရယ် ဒီမေမေရယ် နောင်နှစ်ပေါင်း ၁၀၀ တိုင် အေးချမ်းပျော်ရွှင်တဲ့မိသားစု လေးအတိုင်း နေထိုင်သွားနိုင်ပါစေလို့ဆန္ဒပြုရင်း။

မေမေနဲ့ ဖေဖေကို အရမ်းလွမ်းတဲ့
မျက်မှန်လေး

* ပုံကို ဒီက ယူထားပါတယ်။

* အားလုံးဘဲဆော်ရီးပါနော်။ ခုတလောကနည်းနည်း အလုပ်များနေလို့ ဘယ်သူ့ဘလော့ခ်မှလည်း မရောက်ဖြစ်၊ ဝေဖန်ချက်လည်း မပေးနိင်ဖြစ်သွားပါတယ်။ အနှူးညွှတ်တောင်းပန်ပါတယ်။။
အားလုံးကို ခင်တဲ့
မျက်မှန်လေး
Read More ->>

ထွေရာလေးပါး

ကိုယ်ရဲ့ထွေရာလေးပါး ပေါက်ကွဲသံစဉ်တွေကို ဖတ်ပေးကြပါဦးနော်။

အပိုင်း(က)

ကိုယ်တို့ရုံးက စီးတီးဟောလ်နဲ့ အရမ်းနီးတာကြောင့် နေ့လည်စာကို အဲဒီမှာဘဲ သွားစားဖြစ်ပါတယ်။ရုံးက လူတွေနဲ့ လည်းလိုက်မစားဖြစ်ဘူးဆိုရင်ပေါ့လေ။ ဒီနေ့ထမင်းဘူး ပါတော့ ရုံးမှာ ထမင်းဗူးဖွင့်စားပြီး အပျင်းပြေ ရေနွေးကြမ်းလေး လက်ဘက်ရည်လေးသောက်ရအောင် စီးတီးဟောလ်ကိုထွက်လာတယ်ဆိုပါတော့။ ကိုယ် ရဲရင့်မှာ လက်ဘက်ရည်သောက်နေတုန်း ကိုယ်ရှေ့က၀ိုင်း မှာလူသုံးယောက်လာထိုင်တယ်။ ကိုယ်လည်းပျင်းတာနဲ့ သူတို့ပြောတဲ့စကားတွေကို ဘာရယ်မဟုတ်နားစွင့်မိတယ်ဆိုပါတော့။ သူတို့ထဲက တစ်ယောက်က SPASS နဲ့ လုပ်နေတာ။သူစကားပြောပုံ ကြည့်ရတာ ကတော့ ရခိုင်လို့တော့ ထင်တယ်။နောက်တစ်ယောက် ကတော့ အသက် ၄၀ နီးပါးလောက်ရှိမယ်ထင်ရတဲ့ ဦးလေးကြီးတစ်ယောက်ရယ်။နောက် ကောင်လေးတစ်ယောက်ကတော့ အဲဒီရခိုင်လို့ထင်ရတဲ့ ကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်ပါ။ သူတို့ဘာအကြောင်းပြောနေလည်း နားထောင်ကြီးတော့ လား…လား…ဦးလေးကြီးက ရခိုင်ကိုဂွင်ရိုက်တော့မယ် ထင်တယ်။ အဲဒီရခိုင်ကလည်း အူတူတူနဲ့ ။စဉ်းစားကြည့်လေဗျာ။ PR တင်ပေးမယ်တဲ့ ။SPASS ကနေ ။ အဲဒီ ရခိုင်ကဒီမှာ လုပ်တာ ၆ လလောက်ဘဲရှိသေးတယ်တဲ့။ အဲဒါကို ဟိုဦးလေးကြီးက ပီအာရ် တင်ပေးမယ်တဲ့ ။မဖြစ်နိုင်တာ။ခု လောလောဆယ် မှာ နှစ်နှစ်ပြည့်လို့ PR တင်ထားတဲ့ ကိုယ့်သူငယ်ချင်း တစ်ချို့တောင် မရဘူးလို့ပြောနေတယ်။ ကိုယ်လည်းတော်တော် အံ့သြပါတယ်။ ပြီးတော့ ဘယ်လောက်ဘဲပေးတို့ ညာလောက်ဘဲပေးတို့ ။ သူကအလုပ်ရှင်လည်းမဟုတ်ဘာမဟုတ်နဲ့။ ရခိုင်ကတော့ စဉ်းစားဦးမယ်လို့တော့ ပြောလိုက်တယ်လေ။ အဲလိုလူမျိုးတွေတွေ့ရင် ဝေါင်ဝေါင်ရှေးကြဗျို့……


အပိုင်း(ခ)

“ စဉ်းစားကြည့်စမ်းပါဟာ။ အဓိပ္ပါယ်မရှိတာ။ ငါတို့လည်းသူ့လိုဘဲ ရှာရတာဘဲ။ နဖူးက ချွေးခြေမထိ မကျဘူးဆိုပေမဲ့ ခေါင်းတစ်ခုလုံး ပူထူနေအောင် စဉ်းစားပြီးမှ အလုပ်ရှင်ကပေးတဲ့ လစာကို ရတာဘဲ။ သူလည်းဒီလိုဘဲ လုပ်ရပြီးမှ ရတာဘဲ။ လစာချင်း ယှဉ်ရင်လည်း သူမသာ ကိုယ် အသုဘ ဘဲ။ အဲဒါကို သူ့အလှည့်ကျတော့ ပိုက်ဆံတစ်ပြားမှ မထုတ်ဘူး။ သူများကျွေးရင်တော့ စားမယ် တစ်ဖြဲ နှစ်ဖြဲ။ လူဆိုတာ တစ်ခါ နှစ်ခါ ဘဲကောင်းတယ်။ ကိုယ့်အလှည့်ဆိုတာမရှိဘူး။ သူ့အလှည့်ချည်းဘဲ ဆိုရင်တော့ မကောင်းတော့ဘူးလေ။ ခုဟာက သူ့ကျတော့ ၀တ်လို့ရှိရင်တော့ ဘာမှ ညာမှ နဲ့ ။ Branded မဟုတ်ရင် မ၀တ်ဘူး။ ကြွားကလည်းကြွားသေးတယ်.။ ပြီးရင် သူများဆီက ကပ်ကပ်စားတယ်။ အဲဒါစေ့စပ်တာ မဟုတ်ဘူး။ကိုယ်ချင်းမစာတာ တစ်ကိုယ်ကောင်းဆန်တာ စီးပိုးတာ။”

အဲဒီလိုမျိုး ဆိုလည်း ဝေးဝေးရှောင်ကြပါဗျို့……

အပိုင်း(ဂ)

ဟိုနေ့က သတင်းတစ်ပုဒ်ကြားမိပါတယ်။ စင်ကာပူ မှာ တဲ့.။ သူ မဟာမုဆိုးမပါတဲ့ ။သားသမီး ၅ ယောက်ရှိပါတယ် ။သူမအသက်ကြီးလာတဲ့ အခါသူမ ၀ယ်ထားတဲ့ အိမ်ကိုရောင်းခိုင်းပြီး သူသားသမီးတွေ ကတစ်ပုံစီ ယူပါတယ်။သူမကိုတော့ပစ်ထားကြပါတယ်။ ကြောက်စရာကောင်းလိုက်တာနော်။ အဲ..ဒို့ များ ဗမာလူမျိုးတွေထဲမှာ အဲလိုမျိုးအဖြစ်အပျက်တွေ မရှိသလောက်ကို နည်းပါးပါတယ်။ အဲဒါဟာ မာတာပိတု ဆိုတဲ့ ဘုရားဟောထားလို့ပါ။ ကိုယ်အခုကြည့်ရသလောက်မိဘကို လုပ်ကျွေးတဲ့သားသမီး တွေဟာလုပ်ငန်းကိုင်ငန်းမှာပိုအဆင်ပြေတတ်ပါတယ်။ လုပ်ငန်းအဆင်ပြေအောင်လို့ မိဘကို လုပ်ကျွေးတာတော့ မဟုတ်ပါဘူး။ မိဘကို လုပ်ကျွေးလို့သာ လုပ်ငန်းက အဆင်ပြေလာတာပါ။ကိုယ်ကတော့ မိဘကိုလုပ်ကျွေးနေတာ တစ်ခါမှ မငြိုငြင်ခဲ့ပါဘုူး။မှန်တာပြော သစ္စာပါ။ တစ်ခုတော့ စဉ်းစားမိပါတယ်။ ကိုယ်မွေးတဲ့ သားသမီးကို ဒီမှာထားသင့်မထားသင့်ပါ။ ဒီမှာထားရင်တော့ ပညာတတ် မယ်။လူနေမှုအဆင့်အတန်းမြင့်မယ်။ ဒါပေမယ့် လူ့မှုပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုဟာ အနည်းဆုံး အဲဒီကလေးငယ်ရဲ့  စိတ်ဓါတ်ကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းကတော့ လွှမ်းမိုးတာပါဘဲ။ မိဘကို မသိတတ်မှု တွေဘာတွေ ပေါ်လာရင် ကိုယ်ဘဲစိတ်ဆင်းရဲရမှာပါဘဲ။ အဲဒါဟာလည်း မိဘရဲ့ဆုံးမမှုပေါ်မှာလည်း မူတည်ပါတယ်လေ။


အားလုံးမိဘကို လုပ်ကျွေးတဲ့သားသမီးအလိမ္မာဖြစ်ကြပါစေရှင်။
Read More ->>

စိတ်ကောက်

ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိပေမယ့် နားမထောင်ဖြစ်တဲ့သီချင်းလေးတစ်ပုဒ်ကို ဒီနေ့ စီးတီးဟောလ်မှာ ထမင်းစားရင်း ထမင်းဆိုင်ကဖွင့်လို့ နားတောင်ဖြစ်ခဲ့တယ်။သီချင်းက အနဂ္ဂ နဲ့ ဘာဘူ ဆိုထားတဲ့ ပြိုင်ဘက် ဆိုတဲ့အခွေထဲကပါ။ သီချင်းနာမည်က စိတ်ကောက် တဲ့။

ကိုယ်ကတနင်္ဂနွေသမီးလေ။အဲဒီတော့ အဲဒီနေ့ဖွားတွေရဲ့ထုံးစံအတိုင်း အရမ်းစိတ်ကောက် တတ်တဲ့သူတစ်ယောက်ပေါ့။ တနင်္ဂနွေသားသမီး တွေဟာ
စိတ်ကောက်ရင်ကောက်မကောက် ရင်ဆံပင်ကောက်တယ်တဲ့။ ကိုယ်ကတော့ စိတ်လည်းကောက်တတ်တယ်။ ဆံပင် ကလည်းကောက်လိုက်သမှ လမ်ကွေးနေတာ။

အရင်တုန်းကတော့ ကိုယ့်ဖေဖေရယ် ကိုယ့်မေမေရယ် ကိုယ့်မကြီးရယ်ကို စိတ်ကောက်နေကျလေ။ ကိုယ်ကမိသားစု ထဲမှာ အငယ်ဆုံးလေ။ မေမေတို့ အပြင်သွားလို့ အကြီးတွေအတွက်တစ်ခုခုပါလာပြီး ကိုယ့်အတွက်ပါမလာလို့ကတော့ သောင်းကျန်းပြီဘဲ။ ပြီးရင်နှစ်ရက်လောက်ကစကားမပြောဘူး။အဲဒီတော့သူတို့ကနောက်ဆိုရင် အကြီးတွေအ
တွက်မပါရင်သာနေမယ်။ ကိုယ့်အတွက်ကတော့ တစ်ခုခုဝယ်လာနေကျလေ။

ကိုယ်တို့ရဲ့ရန်ကင်းတိုက်ခန်းလေးမှာကထပ်ခိုးလေးပါတယ်။အဲဒီမှာလူတစ်ယောက်နေလို့ရ တယ်။ နောက်ဖေးလှေကားကနေ တက်ရတာ။ မျက်မှန်လေးတို့စိတ်ကောက်ပြီဆိုတာနဲ့ အဲဒီ ထပ်ခိုးလေးမှာဘဲ ပေတေပြီးနေတော့တာ။ထမင်းလည်းဆင်းမစားဘူး။ အောက်ကိုမဆင်းဘူး (သူတို့ အပြင်သွားမှ တိုးတိုးလေးဆင်းစားတာ) ။ဖေဖေနဲ့မေမေ တို့ ပြန်လာချော့မှ အောက်ကို ဆင်းတာ။ အခုတော့လည်း ဖေဖေနဲ့မေမေတို့ကို စိတ်မကောက်ရတာ ကြာပေါ့။

ဒီရောက်ပြီး အိမ်ထောင်မကျခင်တုန်းကတော့ မကြီးကိုစိတ်ကောက်ရင် မကြီးကချော့သေးတယ်။ ခုတော့သူကမချော့တော့ဘူ။ ဟင့်ဟင့်။ သူမချော့တော့လည်း သူ့ကိုစိတ်မကောက် ဖြစ်တော့ပါဘူး။ သူမချော့ဘဲကောက်နေရင် ကိုယ်သာလျှင်အရူး ဖြစ်တော့မယ်လေ။ ဒါကြောင့်မကောက်တော့ဘူး။

နောက်ဆုံး target ကတော့ ကိုယ့်ဘ၀ရဲ့ လက်တွဲဖော်လေးကိုဘဲ အတိုးချပြီး စိတ်ကောက်ရတော့တာပေါ့နော်။ ဘယ်သူ့ကိုမှ စိတ်ကောက်လို့မရတိုင်း သူကိုဘဲ စိတ်ကောက်နေတာ။ သူလည်း ကိုယ်စိတ်ကောက်တိုင်းမှာ အတတ်နိုင်ဆုံးကြိုးစားပြီးချော့ပါတယ်။ကိုယ့်အပေါ်မှာ သူအရမ်းအလိုလိုက်မှန်း သိတော့ ဆိုးချင်နေမိတယ်။သူ့ကြောင့် ကိုယ်တစ်ခါမှ စိတ်မဆင်းရဲခဲ့ရဘူး။ သူကအနေအထိုင်အေးဆေးတဲ့လူတစ်ယောက်ပါ။ ကိုယ်ဘယ်သွားသွား ဘေးကနေ ကိုယ့်ကို အဖော်အဖြစ် မငြိုမငြင်လိုက်ပေးတယ်။ တစ်ချို့နေရာတွေဆို သူသွားချင်စိတ်မရှိပေမယ့် ကိုယ် မျက်နှာညိုမှာစိုးလို့ လိုက်ပေးခဲ့တယ်။ သူကအလုပ်ကပြန်လာတာစောလေ့ရှိတယ်။ ကိုယ်ကသူ့ထက်နောက်ကျတယ်။ ကိုယ်ကအလုပ်ကပြန်လာပြီးရင်ေ၇မိုးချိုးပြီးတာနဲ့ ကော်ဖီ လေးတစ်ခွက်လောက်သောက်လိုက်ရမှ နေသာထိုင်သာရှိသွားတယ်။ အဲဒီအချိန်ဆိုရင် ကိုယ့်အတွက်ကော်ဖီက အဆင်သင့်။ ဒါတောင်မှ ကော်ဖီဖျော်တာ မကောင်းရင်းကိုယ်က စိတ်ကောက်သေးတာ။ သူက ပါးစပ်ပြောနဲ့ချစ်တာမဟုတ်ဘူး။ ကိုယ့်ကိုသူသိပ်ချစ်ပါတယ်။ သူချစ်တာကို ဘယ်တော့မှလည်း ပါးစပ်ကထုတ်ပြောတတ်တဲ့ လူမျိုးလည်းမဟုတ်ပါဘူး။ မနိုင်းနိုင်းဘာသာ ပြန်ထားတဲ့ စာပိုဒ်လေးတစ်ခု သတိရမိပါတယ်.။

နင့်ကို ငါပြောတယ် "နင်နဲ့ရခဲ့လို့ ငါဝမ်းသာတယ်။ နင်ဟာ ငါရဲ့
ခင်ပွန်းကောင်းတစ်ဦးပါ"

"အင်း.. ငါလည်း ဝမ်းသာတယ်။ နင်က ငါရဲ့ဇနီးကောင်းတစ်ဦးပါ" ဆိုတဲ့
ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ယူတောင်ယူပြီးပြီပဲ မကောင်းတော့ ဘယ်လိုလုပ်မလဲ" လို့ နင်ပြောခဲ့တယ်။
နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။

နောက်တော့ ညညမအိပ်ခင် တစ်ရူးနဲ့ ၄ဝလက်မရှိတဲ့ မင်္ဂလာဓာတ်ပုံကို
နင်ပွတ်တိုက်တတ်တာကို ငါသတိထားခဲ့မိတယ်။ ဓာတ်ပုံကိုကြည့်ပြီး
နင်ပြုံးနေခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက
တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

ကိုယ်တို့နှစ်ယောက်အတွက်ဂုဏ်ပကာသနတွေ မလိုပါဘူး။ပိုက်ဆံတွေ မလိုပါဘူး။ ကိုယ့်အတွက် သူဟာအရေးကြီးဆုံး လူဖြစ်သလို သူ့အတွက်လည်း ကိုယ်ကအရေးကြီးဆုံး လူပါဘဲရှင့်။

ကိုယ်နားထောင်ဖြစ်တဲ့သီချင်းလေးကို အောက်မှာနားထောင်သွားလို့ရပါတယ်ရှင်။
Read More ->>

စိတ်

လူ့စိတ်ဆိုတာအင်မတန့်အင်မတန်မှဆန်းကြယ်ပါတယ်။ဒီစိတ်ဆိုတဲ့ခေါင်းစဉ်ကိုဆွေးနွေးဖို့၊တကယ်သိအောင်နားလည်နိုင်ဖို့ဆိုတာအချိန်

တော်တော်ယူရဦးမှာပါ။ကမ္ဘာပေါ်မှလူဦးရေသန်းပေါင်းများစွာရှိပါတယ်။အဲဒီလူတွေရဲ့စိတ်တွေဟာလည်းသူအချိုးအတိုင်းဘဲရှိပါတယ်။လူ

တစ်ဦးနဲ့တစ်ဦးစိတ်တူတာတော့ရှိမယ်။အများဆုံးတူနိုင်တာဘဲရှိမယ်။ဒါပေမဲ့အတိအကျကြီးတော့ဘယ်သူဘယ်သူကမှမတူညီကြပါဘူး။အ

ခုကိုယ်ရေးမှာကကိုယ့်စိတ်အကြောင်းပါဘဲ။



ကိုယ့်စိတ်ကိုကိုယ်အားမနားတမ်းဝေဖန်ရမယ်ဆိုရင်၊

ဒါမှမဟုတ်ကိုယ်တစ်သက်လုံးမှတ်ယူထားတာဆိုရင်ဒါမှမဟုတ်ကိုယ့်ပတ်ဝန်းကျင်အမြင်အရဆိုရင်တော့

ကိုယ်ကအရမ်းကိုစိတ်ပျော့တတ်တဲ့လူတစ်ယောက်ပါ။ကိုယ့်အပေါ်ကိုသေလောက်အောင်စော်ကားတာတော

င်မှသူကပြုံးပြရင်မပြုံးရမနေနိုင်အောင်ဖြစ်မိတဲ့ကိုယ့်စိတ်ကိုလည်းတော်တော်လေးအံ့သြမိပါတယ်။

နောက်ပြီးကိုယ့်စိတ်ထဲမှာခံစားရတဲ့နောက်တစ်ခုကတော့ငါဒါကိုဒီလိုလုပ်လိုက်ရင်သူတော့ကိုယ့်ကိုမုန်းသွားမှာဘဲဆိုပြီးကိုယ့်ဘက်ကမှန်ေ

နရင်တောင်မှအားနာတတ်တဲ့စိတ်ကြောင့်သူများအပြောအဆိုခံခဲ့ရတာမျိုးတွေလည်းဘဝ

မှာကြိမ်ဖန်များစွာကြုံခဲ့ဖူးပါတယ်။အဲဒီအားနာတတ်တဲ့စိတ်ဟာကိုယ့်ကိုတော်တော်လေးဒုက္ခပေးပါတယ်။ဘာလို့လဲဆိုတော့ကိုယ်ဘယ်လိုမှ

မလုပ်ချင်တဲ့ကိစ္စတစ်ခုကိုတစ်ယောက်ယောက်ကများဒါလုပ်ကြရအောင်ဆိုလို့ကတော့အဲဒီအားနာတတ်တဲ့စိတ်ကြီးကတစ်ချိန်လုံးခေါင်း

ညိမ့်နေတော့တာဘဲ။ကိုယ်မလုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတဲ့အတွက်ကိုယ်လည်းပင်ပန်းတယ်။ကိုယ့်စိတ်လည်းပင်ပန်းပါတယ်။ကိုယ်ပြော

ချင်တာကတော့အားနာသင့်တဲ့နေရာမှာအားနာ၊အားမနာသင့်ရင်တော့….။ပြောသာပြောနေရတာပါ။

ကိုယ်ကိုယ်တိုင်ကဒီအားနားတတ်တဲ့စိတ်ကိုဘယ်လိုပျောက်အောင်ကုသရမလဲဆိုတာအဖြေမပေါ်သေးဘူး။



နောက်တစ်ခုကကျတော့ကိုယ့်စိတ်ကိုသူတစ်ပါးကလွှမ်းမိုးထားခြင်းပါဘဲ။ကိုယ်ငယ်ငယ်တုန်းကမေမေနဲ့ကိုယ့်ရဲ့ကိုကိုကကိုယ့်က

ိုယောကျာ်းလေးသိပ်ဖြစ်စေချင်ခဲ့တာ။ဒါကြောင့်ကိုယ့်ကိုသူတို့ကယောကျာ်းလေးလိုဆင်၊ယောကျာ်းလေးလိုဘဲနေခိုင်းတယ်။ကိုယ်လည်းအ

ရင်ကတော့ကိုယ့်ကိုယ်ကိုယ်ယောကျာ်လေးစိတ်ဆိုပြီးရှင်းရှင်းပြောရရင်ယောကျာ်လျာတောင်ဖြစ်ခဲ့သေးတာ ။၈

တန်းတုန်းကအတန်းထဲကကောင်မလေးတစ်ယောက်နဲ့အချစ်တော်တွေဖြစ်ခဲ့ကြဖူးတယ်။ဘယ်လိုပြောမလဲ။ပတ်ဝ

န်းကျင်ရဲ့ရိုက်ခတ်မှုဟာကိုယ့်စိတ်ကိုယ်တောင်မသိတော့ဘူး။ကိုယ်ဘာစိတ်ဖြစ်နေတယ်ဆိုတာ။ကိုယ့်စိတ်ကိုကိုယ်ပြန်သိလိုက်တာကကို

ယ်ပထမနှစ်စတက်မှပါ။ကိုယ့်စိတ်ဟာမိန်းကလေးစိတ်ဆိုတာကိုကိုယ်တက္ကသိုလ်ပထမနှစ်စတက်မှပြန်သိလာတယ်။ကိုယ်အလှကြိုက်တ

တ်လာတယ်။ကောင်လေးတွေကိုစိတ်ဝင်စားတတ်လာတယ်။တကယ်တော့ကိုယ့်ကိုယ်ကိုယ်သတိမထားမိတာပါ။

ကိုယ့်စိတ်ကိုအဲဒီလိုလွှမ်းမိုးခံထားရတာတော်တော်ဆိုးတယ်။



နောက်တစ်ခုကမေ့ပျောက်လွယ်တတ်တဲ့စိတ်ပါ။လူတစ်ယောက်ကိုယ့်ကိုနှိမ်ပြီးပြောဆိုပြုမူဆက်ဆံသွားတယ်ဆိုပါစို့။ကိုယ်စိတ်ထဲမှာမခံချ

င်စိတ်ဖြစ်တာကြိုးစားချင်စိတ်ဖြစ်တာခဏဘဲ။နောက်ရက်ကျရင်ဒုံရင်းဒုံရင်းပါဘဲ။အဲဒီကိစ္စကိုမေ့ကိုမေ့ပစ်လိုက်တာ။အဲဒီလိုမျိုး။

နောက်တစ်ချက်ကတော့သနားစိတ်နဲ့ကိုယ်ချင်းစာစိတ်ပါ။ကိုယ်ကကိုယ့်ထက်နိမ့်ကျတယ်သူဆိုအရမ်းသနားတတ်တယ်။ပြီးတော့ကိုယ်လ

ည်းသူတို့လိုမျိုးဆိုရင်ဆိုတဲ့အတွေးမျိုးကိုအမြဲတွေးနေမိတယ်။ဘောလုံးပွဲတစ်ပွဲကြည့်ပြီဆိုရင်လူတွေတော်တော်များများအားပေးတဲ့အသင်

းဆိုရင်အားမပေးဘဲသိပ်အားမပေးတဲ့အသင်းကိုအားပေးနေကျပါ။အားနည်းတဲ့သူဘက်ကရပ်တည်ချင်တယ်။ဘေးမှာဘယ်သူမှမရှိတော့

တဲ့သူဘေးမှာရပ်တည်ပေးချင်တဲ့ကိုယ့်ရဲ့အဲဒီစိတ်ကို တော့ကိုယ်သဘောကျမိတယ်။



နောက်ဆုံးတချက်ကတော့ယုံလွယ်တတ်တဲ့ကိုယ့်ရဲ့ဥာဉ်အဆိုးဆုံးစိတ်ပါဘဲ။ကိုယ်ကကိုယ့်ကိုလာပြောတာဆိုရင်ယုံကြည်လွယ်တယ်။အဲဒါ

ကြောင့်သူများဘတ်တာခဏခဏခံရတယ်။အဲဒီယုံလွယ်တတ်တဲ့စိတ်ကြောင့်ဘဲပထမနှစ်မှာရည်းစားတစ်ယောက်ရခဲ့တယ်။သူကကိုယ်တို့

ထက်အဆတရာချို့တဲ့ပါတယ်။ကိုယ်ကဆင်းရဲတာချမ်းသာတာကိုပြောနေတာမဟုတ်ပါဘူး။လူဆင်းရဲရင်ဆင်းရဲပါစေ။ကိုယ့်လက်တွဲဖော်ဖြ

စ်ဖို့ကအရေးကြီးတာကအကျင့်စာရိတ္တကောင်းဖို့ပါဘဲ။သူကအကျင့်စာရိတ္တလည်းမကောင်းခဲ့ဘူး။အဲဒါကိုကိုယ်သိနေခဲ့တာသူနဲ့ရည်းစားဖြစ်ြ

ပီး ၁ နှစ်နီးပါးလောက်မှာပါ။ဒါပေမဲ့ကိုယ့်ရဲ့အားနားတတ်တဲ့စိတ်၊သနားတတ်တဲ့စိတ်၊ယုံလွယ်တတ်တဲ့စိတ်တွေကြောင့်ကိုယ်သူကိုမဖြတ်ခဲ့

ပါဘူး။ကိုယ်စင်ကာပူကိုရောက်ပြီးကိုယ့်လက်တွဲဖော်နဲ့တွေ့တော့မှသူကကိုယ့်ကိုအဲဒီဝဲဂယက်ထဲကနေဆွဲထုတ်ပေးခဲ့ပါတယ်။



အဲဒါကြောင့်တစ်ခါတစ်ရံမှာတစ်ချို့သောသူတွေဟာသနားတဲ့စိတ်နဲ့မတန်သလိုကိုယ်ချင်းစာဖို့လည်းမတန်ပါဘူး။ဘယ်သူ့ကိုမှလည်းယုံဖို့မ

ထိုက်တန်ပါဘူး။ဒါပေမဲ့ကိုယ့်စိတ်ကိုယ်မလိမ်ဖို့ရယ်၊အတတ်နိုင်ဆုံးစင်ကြယ်အောင်ထားနိုင်ဖို့အရေးကြီးပါတယ်ရှင်။
Read More ->>