Showing posts with label သိကောင်းစရာ. Show all posts
Showing posts with label သိကောင်းစရာ. Show all posts

စင်ကာပူ မှ အိမ်ပိုင်ရှင်များ အိမ်ခန်းပြန်ငှားရန် သိသင့်သည့် အချက်များ


စင်ကာပူမှာ အိမ်ဝယ်ပြီးတဲ့လူတိုင်းလိုလို အိမ်ခန်းတွေကို ပြန်ငှားကြတာ ထုံးစံလိုလိုပါဘဲ။ အဲဒီလိုပြန်ငှားတဲ့ အခါ စင်ကာပူ အိုးအိမ်ဖွံဖြိုးတည်ဆောက်ရေးအဖွဲ့ (HDB) ရဲ့ စည်းကမ်းချက်လေးတွေ သိရှိရအောင်လို့ ပြန်လည်မျှဝေရခြင်းဖြစ်ပါတယ်။ စည်းကမ်းချက် ၈ ချက်ရှိပါတယ်။ အဲဒါတွေက တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

              
၁. အိမ်ခန်းငှားခွင့် ရှိ၊မရှိ (အိမ်ရှင်)

၂. အများဆုံးငှားနိုင်ခွင့် အခန်းအရေအတွက်

၃. အိမ်ခန်းငှားခွင့် ရှိ၊မရှိ (အိမ်ငှား)

၎. အိမ်ငှားခွင့်ကို မှတ်ပုံတင်ခြင်း

၅. အိပ်ခန်း ငှားခွင့် ကာလ

၆. အိမ်ငှားခွင့် စည်းကမ်းချက်များ

၇. အွန်လိုင်းမှာ မှတ်ပုံတင်ခြင်း တို့ဖြစ်ပါတယ်။



Read More ->>

မတ်လ မှာ မွေးဖွားသော သူများအတွက်



ဒီတစ်ခါ ကိုယ်ရေးချင်တာ ကတော့ လအလိုက် မွေးနေ့ရှင်တွေရဲ့ ထူးခြားတဲ့လက္ခဏာ တွေပါဘဲ။ ဒီ ပို့စ် လေးကို လစဉ် ၁ ရက်နေ့ သို့မဟုတ် လကုန် ရက်တွေမှာ ရေးသားသွားမှာ ဖြစ်ပါတယ်။ ၁ နှစ်ပြည့်တဲ့ အထိပေါ့။

Read More ->>

ထိမ်းမြားမင်္ဂလာ နှင့် ဗေဒင်အတတ်ပညာ

အိမ်ထောင်ရေး ဆိုသည် မှာ လူတစ်ဦးနှင့် တစ်ဦး တစ်မိသားစု နှင့် တစ်မိသားစု ဘ၀တစ်သက်တာလုံး ပေါင်းဖက်ရမည့်အရေးဖြစ်ရ်ျ လွန်စွာမှ အရေးကြီးလှပါသည်။ အိမ်ထောင် ပြုခြင်း မှာ တနည်းအားဖြင့် ထီထိုးခြင်းနှင့်သာ ဆင်တူ သည်။ ကံကောင်းလျှင် မိမိအိမ်ထောင်ဖက် သည် မိမိနှင့်မရခင် ဆိုးပေချင်သလောက်ဆိုးပေရ်ျ မိမိနှင့် ရသော အခါတွင် ကောင်းသွား တတ်ပေ သည်။ ထို့အတူ မိမိနှင့်ရသောအခါတွင်မှ ဆိုးသွားသော အခါများလည်းရှိသည်။ မိမိရဲ့ အထိန်းအကွပ်သည်လည်း အရေးကြီးတဲ့ အပိုင်းမှာပါတာပေါ့လေ။ သို့ပေမယ့် "ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ " ဆိုတဲ့ စကားအတိုင်း ရှေးကတွက်ချက်ဖူးတဲ့ အိမ်ထောင်ဖက်ရွေးချယ်နည်းကို မှတ်သားမိသလောက် စုစည်းတင်ပြ လိုက်ပါတယ်ရှင်၊


အိမ်ထောင်ဖက်(အတွင်းမိတ်)
ဥဿာ၊ စိန်ပန်း၊ ဒန်းလှ၊ ကိုရှာ အိမ်ထောင်ဖက် အသက်ရှည်ဖို့ရာ “ ဟူသော လင်္ကာအရ
တနင်္ဂနွေ နှင့် သောကြာ၊ အင်္ဂါနှင့် ကြာသပတေး ၊ စနေ နှင် ဗုဒဟူး ၊ တင်္နလာ နှင့် ရာဟု ( ဗုဒဟူး ညနေဖွား) သားသမီးတို့ သည် အိမ်ထောင်ဖက်များဖြစ်ကြပါသည်။ လက်ထပ်မင်္ဂလာ ပြုသင့်ပါသည်ဟုဆိုပါသည်။
အိမ်ထောင်ရန်ဖက်
ဓမ္မာ ၊ သောက၊ အင်းဝ ၊ရာဇာ အိမ်ထောင်မဖက်ရာ ” ဟူသော စာဆိုအရ စနေ နှင့် ကြာသပတေး၊ သောကြာနှင့် တနင်္လာ၊ ဗုဒဟူး နှင့် တနင်္ဂနွေ ၊ ရာဟု နှင့် အင်္ဂါသားသမီး တို့သည် အများအားဖြင့် လက်မထပ်သင့် အိမ်ထောင်မပြုသင့် ဟု ဆိုထားပါသည်။

သို့သော် ထို အချက် များဖြင့် လူတစ်ယောက် ရဲ့ ဘ၀တစ်ခုလုံးအတွက် မမှန်ကန်နိုင်ပါ။ ထို့ကြောင့် အောက်ဖော်ပြပါ အချက်များကိုလည်း ထည့်သွင်း ဆုံးဖြတ်ရပါမည်။

၁။အိမ်ထောင်နေ့ထပ်
၂။နတ် လူ ဘီလူး (နက္ခတ်)
၃။မင်္ဂလာ ပြုသင့်သောလ
၎။နာမကူရတိုင်းအရ ရွေးနည်း
၅။မွေးရက်နှင့် တွက်ခြင်း


၁။အိမ်ထောင်နေ့ထပ် အဟောအလင်္ကာ
ဂဋုန်အချင်းချင်း မေတ္တာပြင်းရ်ျ ၊ ကျားခြင်းဖက်က ဥစ္စှာရဧ။် ။
သီဟချင်းနေ သောက ပွေ၊ ဆင်နေတူ ကပူလောင်လှ။
ကြွက်ခြင်းတို့မှာ ကိုယ်ချမ်းသာ ၊ ပူးမှာ ဆက်ရေး ကောင်းကျိုးပေး။
စနေချင်းဖက် စီးပွားပျက်သည် မှတ်ဖွယ် လူတို့အိမ်ထောင်တည်း။
အဓိပ္ပါယ်ကတော့
  • တနင်္ဂနွေ သားသမီးအချင်းချင်း အိမ်ထောင်ကျ ပါက ချစ်မေတ္တာ အလွန်ကြီး ရ်ျ အိမ်ထောင် ကြာရှည် ခိုင်မြဲ တတ်ပါတယ်။
  • တနင်္လာ သားသမီးအချင်းချင်း အိမ်ထောင်ကျပါက ပစ္စည်းဥစ္စာ ကြွယ်ဝ ပေါများပါသည်။
  • အင်္ဂါသားသမီး အချင်းချင်းအိမ်ထောင်ကျပါက ပူဆွေးသောက ဗျာပါဒရောက်ပြီး စိတ်ဆင်းရဲမှု အထွေထွေ ကြုံတွေ့ရတတ်ပါသည်။
  • ဗုဒဟူးသားသမီး အချင်းချင်းအိမ်ထောင်ကျပါက ပူပင် ရတတ်ပါသည်။
  • ကြာသပတေးသားသမီး အချင်းချင်း အိမ်ထောင်ကျပါက ချမ်းသာသုခရရှိတတ်ပါသည်။
  • သောကြာသားသမီးအချင်းချင်း အိမ်ထောင်ကျပါက ကောင်းကျိုးပေးတတ်ပါသည်။
  • စနေသားသမီး အချင်းချင်း အိမ်ထောင်ကျပါက စီးပွားရေးပျက်တတ်ပါသည်။

၂။နတ် လူ ဘီလူး(နက္ခတ်)
မိမိရဲ့ မြန်မာမွေးသက္ကရာဇ် ကို (၃) နှင့်စားပါ။

၁ ကြွင်းလျှင် နတ်နက္ခတ်
၂ ကြွင်းလျှင် လူနက္ခတ်
၃ ကြွင်းလျှင် ဘီလူး နက္ခတ်

  • လူ လူ ချင်းထိမ်းမြားမူ ချစ်မေတ္တော ကြီးအံ့။
  • ဘီလူးနှင့် နတ် လက်ထပ်မူ ဘေးရန်ကင်းအံ့။
  • နတ်နှင့် လူ ထိမ်းမြားမူ အေးချမ်းသာယာ အံ့။ (ချမ်းသာပြည့်စုံ အံ့)
  • ဘီးလူးအချင်းချင်း ထိမ်းမြားမူ တန်ခိုးကြီးအံ့။
  • လူနှင့် ဘီလူးထိမ်းမြားမူ ပျက်စီးအံ့။
  • နတ်အချင်းချင်းထိမ်းမြားမူ အသက် ရှည်အံ့။
    *****နံပါတ် (၂) အချက်တွင် လူနှင့် ဘီလူးနက္ခတ် သာ ရှောင်သင့်ပါသည်*****

၃။မင်္ဂလာ ပြုသင့်သောလ
တန်ခူး ကဆုန် နယုန် သီတင်းကျွတ် တန်ဆောင်မုန်း တပို့တွဲ လတို့တွင် လက်ထပ်မင်္ဂလာပြုသင့်ပါသည်။ ကျန်သော ခြောက်လကို ရှောင်ရပါမည်။ ထိုကောင်းသောလတွင် ကောင်းသော နေ့ရက် ကိုရွေးချက်ရ်ျ လက်ထပ်မင်္ဂလာပွဲပြု ပါကအိမ်ထောင်ရေး သာယာစေပါသည်။

တနင်္ဂနွေ အင်္ဂါ ကြာသပတေးနေ့ ပြုပါမင်္ဂလာ ၊ သမီးနှင့်သား ပွားစီးငြားများပြား ၀န်းရံခ။
တနင်္လာ သောကြာ ထိမ်းမြားပါ၊ ဥစ္စာ ပေါကြွယ်ဝ ၊ သမီးကညာ ရံများစွာ ၀န်းလာ မှန်ခယ။
ဗုဒဟူး ၊ စနေ ထိမ်းမြားပေ၊ ရံရွေသား ပုတ္တ၊ နည်းပါးခြံရံ ကိုယ်သည်းခံ မညံတိတ်ဆိတ်လှ။

ရသေ့ ရှစ်သောင်း ဆရာကောင်း မှတ်ကြောင်းမှာခဲ့ကြ ။
နေ့ (၇) ရက်စလုံးမကောင်းသော နေ့ဟူရ်ျ မရှိပါ။
သို့သော် နှစ်အလိုက် လ အလိုက် ပြက္ခဒိန် နှင့် ကျွမ်းကျင်သောဆရာများနှင့် တိုင်ပင်ညှိနှိုင်းလုပ်ဆောင်သင့်ပါတယ်။


၎။နမကူရ တိုင်အရ ရွေးခြင်း
မွေးသက္ကရာဇ် ကို ထောင်ဂဏန်းနှင့် ရာဂဏန်းပယ်ရ်ျ ၅ နှင့် ပေါင်းရပါသည်။ ၄င်းကို ၇ နှင့် ပြန်ရ်ျစားရသည်။ ရသောအကြွင်းကို မဟာဘုတ်တိုင် လကာင်္အရ ထူရပါသည်။

ဥပမာ အားဖြင့် ကိုယ့်မွေးသက္ကရာဇ် သည်
“၁၃၄၂ ခုနှစ် တန်ခူးလဆန်း ၁၀ ရက်နေ့ ” ဖြစ်ပါက

၄၂ + ၅ =၄၇
၄၇ ကို ၇ နှင့် စားပါက အကြွင်း ၅ ရပါသည်။

ပွဲ အောင် လံ ထူ စစ် သူ ကြီး
၅ ၁ ၄ ၇ ၃ ၆ ၂




မဟာဘုတ်တိုင် ထူခြင်းဖြင့် ကိုယ်ဘာဘွား လည်းဆိုတာ ကိုသိရှိနိုင်သည်။ သို့ပေမယ့် ထိမ်းမြားခြင်းနှင့်မ သက်ဆိုင်သည့်အတွက် မဖော်ပြတော့ပါ။

၁ ကြွင်းလျှင် တနင်္ဂနွေ နှင့် တနင်္လာ သားသမီးတို့ကို လက်မထပ်သင့်ပါ။
၂ ကြွင်းလျှင် တနင်္လာနှင့် အင်္ဂါ သားသမီးတို့ကို လက်မထပ်သင့်ပါ။
၃ ကြွင်းလျှင် အင်္ဂါနှင့် ဗုဒဟူး သားသမီးတို့ကို လက်မထပ်သင့်ပါ။
၎ ကြွင်းလျှင် ဗုဒဟူး နှင့် ကြာသပတေး သားသမီးတို့ကို လက်မထပ်သင့်ပါ။
၅ ကြွင်းလျှင် ကြာသပတေးနှင့် သောကြာ သားသမီးတို့ကို လက်မထပ်သင့်ပါ။
၆ ကြွင်းလျှင် သောကြာနှင့် စနေ သားသမီးတို့ကို လက်မထပ်သင့်ပါ။
ဝ ကြွင်းလျှင် စနေနှင့် တနင်္ဂနွေ သားသမီးတို့ကို လက်မထပ်သင့်ပါ။


၅။ မွေးရက်နှင့် တွက်ခြင်း
နေ့ရက် နှစ်ခုကို ပေါင်းပါ။
ဥပမာ သောကြာနှင့် ကြာသပတေး ဆိုပါစို့။
သောကြာ က ၆ ၊ ကြာသပတေးက ၅ ပေါင်းလျှင် ၁၁ ရပါသည်။
ရသော ၁၁ ကို ၅ နှင့် မြှောက် ရ်ျ ရ ဖြင့် စားပါ ။
၅၅ ကို ရ ဖြင့်စားသော် ၆ ကြွင်းပါသည်။

ဝ ကြွင်းပါ ကလုံးဝ မယူသင့်ပါ။ စီးပွားရေးကပ်ဆိုး ဆိုဒ်မည်။
၁ နှင့် ၂ ကြွင်းပါက စီးပွားရေး မှာ မရှိ မရှား အခြေအနေ ဖြစ်သည်။
၃ နှင့် ၄ ကြွင်းပါက စီးပွားရေးမှာ လူတန်းစေ့ စားနိုင်သောက်နိုင် ရ်ျ မတောင့်တရသော ဘ၀ကို ရမည်။
၅ နှင့် ၆ ကြွင်းပါ က ချမ်းသာ ကြွယ်ဝမည်။

အထက်ပါနည်းများထဲမှ တနည်းသာ မကောင်းဘဲ ကျန်တဲ့နည်းများနှင့် ကောင်းလျှင် အိမ်ထောင်ပြုနိုင်ပါကြောင်းအကြံပေးချင်ပါသည်။
အိမ်ထောင်ပြုသည်မှာဘ၀ တစ်သက်တာ ကိစ္စ ဖြစ်ရ်ျ သေချာတွက်ချက် စိစစ်ပြီးမှ ပြုသင့်ကြောင်း စေတနာ ထားရ်ျ ကိုးကားစာအုပ်ထဲများမှ လေ့လာမှတ်သားမိသလောက် ရေးသားတင်ပြထားပါသည်။

**ပုံကို ဒီက ကူးယူဖော်ပြပါတယ် **


Read More ->>

စင်ကာပူမှာလက်ထပ်ချင်တယ်ဆိုရင်…

ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကိုလာလာမေးကြတယ်။စင်ကာပူမှာလက်ထပ်ရင်ဘာတွေလိုမ
လဲ၊ဘယ်လိုလုပ်ရလဲစသည်ဖြင့်ပေါ့။အဲဒါကြောင့် ကိုယ့်သူငယ်ချင်းတွေရော ကိုယ့်ဘလော့ခ်လာဖတ်တဲ့သူတွေလည်း(စင်ကာပူက အပျိုလေးတွေလူပျိုလေးတွေ) လက်ထပ်မယ့်သူတွေ သိထားသင့်တယ် ထင်လို့ဒီပို့စ်ကိုရေးရခြင်း ဖြစ်ပါတယ်။

ပထမဆုံးလက်ထပ်တော့မယ်လို့ ဆုံးဖြတ်ပြီးရင် ဘယ်မှာလက်မှတ်ထိုးမလဲ ဘယ်နေ့ ဘယ်အချိန် လက်မှတ်ထိုးမလဲဆိုတာ နှစ်ဦးသားအရင်ဆုံးတိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ ဘယ်မှာဆိုတဲ့နေရာမှာ နှစ်မျိုးရှိပါတယ်။ Registry Of Marriage (ROM) မှာ နေရာယူပြီး ရှေ့နေနဲ့ လက်မှတ်ထိုးမှာလား၊ ဒါမှမဟုတ် ROM က License ရှိတဲ့ ရှေ့နေကိုချိန်းပြီးတော့ အပြင်တစ်နေရာရာမှာလက်မှတ်ထိုးမှာလား။ ပထမနည်းက ကိုယ်ဖောင်တင်တဲ့အချိန်နဲ့ သုံးလလောက် ကွာပြီးမှရက်ရပါတယ်။ ROM ကနေရာမရလို့ပါ။ ဒုတိယနည်းကတော့ သုံးပတ်လောက်ပဲ အချိန်ယူရပါတယ်။ ကိုယ်လက်မှတ်ထိုးမဲ့ရက်ကို သုံးပတ်ခွာပြီး ရှေ့နေကို ချိန်းရပါတယ်။

ပီအာ တစ်ယောက်အနေနဲ့ Work Permit ကိုင်ထားသူတစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် MOM က Work Permit ကိုင်ထားသူအတွက်လက်ထပ်ခွင့် Approval လိုပါတယ်။ S PASS နဲ့ Employment Pass ကိုင်ထားသူတွေ အတွက်တော့မလိုပါဘူး။အဲဒါတွေလုပ်ပြီးတာနဲ့ ရှေ့နေကို ဆက်သွယ်ပါ။ အရမ်းသဘောကောင်းတဲ့ ရှေ့နေတစ်ယောက်ရှိပါတယ်။ DR.PHUA TAN TEE လို့ခေါ်ပါတယ်။သူရဲ့ မေးလ်က PHUA_Tan_Tee@nea.gov.sg ပါ။ရွှေမြန်မာတွေအားလုံး သူနဲ့ ဘဲဆက်သွယ်တာများပါတယ်။ အကယ်ရ်ျများ အဲဒီရှေ့နေနဲ့မလုပ်ချင်ဘူးဆိုရင်လည်း http://app.rom.gov.sg/internet/reg_info/rom_interpreters.asp မှာ ကိုယ့်စိတ်ကြိုက်ရွေးယူနိုင်ပါတယ်။ အဲဒီလိုရွေးပြီးရင်တော့ အဲဒီရှေ့နေဆီကို မေးလ်ပို့ရပါတယ်။ မေးလ်ထဲမှာ သတို့သားနာမည် နဲ့ IC နံပါတ်( S Pass, E P,W P က Passport No) ၊ သတို့သမီးနာမည် IC နံပါတ်( S Pass,E.P,W.P က Passport No) ပြီးတော့
ကိုယ့်လုပ်မယ့်နေရာ နဲ့ အချိန်ကို သေချာရေးပြီး ရှေ့နေဆီကို ကိုယ့်ရဲ့ လက်မှတ်ထိုးပွဲအတွက် invite လုပ်ချင်လို့ပါဆိုပြီး မေးလ်ပို့ရပါတယ်။ကိုယ့်မေးလ်ပို့တဲ့နေ့နဲ့ ကိုယ်လက်မှတ်ထိုးမဲ့နေ့က အနည်းဆုံးသုံးပတ်ကွာရမယ်ဆိုတာ သတိပြုဖို့လိုပါတယ်။

အဲဒီလိုမေးလ်ပို့ပြီးတာနဲ့ ရှေ့နေဆီကပြန်စာကိုစောင့်ရပါတယ်။ သူဆီကပြန်စာထဲမှာမှ သူရဲ့ License နံပါတ်ပါမှာကိုး။ အများကြီးမစောင့်ရပါဘူး။အလွန်ဆုံးသုံးရက်လောက်ပါဘဲ။ သူ့ဆီကပြန်စာရပြီးတာနဲ့ ROM Web Site မှာ ကိုယ်တို့လက်မှတ်ထိုးမှာကို E Filing လုပ်ရပါတယ်။ E filing လုပ်တဲ့အခါမှာ Filing လုပ်တဲ့ fees ကို Credit Card နဲ့မှသာပေးချေ လို့ရမှာဖြစ်တဲ့ အတွက် ကိုယ့်ဆီမှာ ဒါမှမဟုတ်ကိုယ့် သူငယ်ချင်းတစ်ယောက်ယောက်ဆီ မှာ
ဖြစ်ဖြစ် Credit Card ရှိဖို့လိုပါတယ်။ Filing လုပ်တဲ့ Fees ကတော့ ဒီမှာပါ။

Marriage Fee *---------------- At least one S/Pink or S/Blue NRIC Holder ---------------- Both Foreigner
(a) Weekday ------------------------------------- --------------S$26.00 ------------------------- -------------S$128.00
(b) Sat, Sun and Public Holidays------------------------------- S$26.00 ------------------------- ---------S$198.00
(c) Popular dates ----------------------------------------------- S$26.00 --------------------------- ---------S$298.00


အဲဒါတွေပြည့်စုံပြီဆိုတာနဲ့ http://app.rom.gov.sg/internet/index.asp ကိုဝင်လိုက်ပါ။
ပြီးရင် အပေါ်ဆုံးက Services ဆိုတဲ့ menu ထဲမှာ File Notice of Marriage ဆိုတာကို click လုပ်လိုက်ပါ။ Step 1 ကနေ Step 5 အထိရှိပါတယ်။ Step1 မှာပါတဲ့အချက်အလက်ကို ဖတ်ပြီး အောက်ဆုံးမှာ Agree ဆိုတဲ့ နေရာကို click လုပ်ပါ။



အထက်ပါ Page ကိုရောက်သွားပါလိမ့်မယ်။



ကိုယ်နဲ့လက်ထပ်မယ့်သူ နှစ်ယောက်ဟာ ဆွေမျိုးသားချင်းတော်စပ်လို့မရပါဘူး။ ပြီးတော့ အသက် ၁၈ နှစ်ထက် ကြီးရပါ့မယ်။ ပြီးတော့ တခြားဥပဒေနဲ့ အကျုံးဝင်တဲ့ လက်ထပ်မှုမျိုးမရှိရပါဘူး ။ အဲဒီလိုမျိုးဖြစ်ခဲ့ရင် စင်ကာပူဥပဒေအရ လက်ထပ်ခွင့်မပြုပါဘူး။ ကွာရှင်းထားတယ်ဆိုရင်ဘဲဖြစ်ဖြစ်၊ လင်ယောကျာ်းဇနီးမယား သေဆုံးရင်ပဲဖြစ်ဖြစ် အဲဒီစာရွက်စာတမ်းကို ယူဆောင်ပြသပြီးမှသာ လက်ထပ်ခွင့်ပြုမှာ ဖြစ်ပါတယ်။

Step 2 မှာ ကိုယ့်ရဲ့ကိုယ်ရေးရာဇ၀င် နဲ့ ကိုယ်နဲ့လက်ထပ်မယ့်သူ ရဲ့ကိုယ်ရေးရာဇ၀င်ကို သေချာဖြည့်ပါ။မမှားအောင်တော့ဂရုစိုက်ပါ။



ကိုယ့်လက်မှတ်ထိုးပွဲမှာ အသိသက်သေနှစ်ယောက်လိုပါတယ်။ သူတို့တွေဟာ ပီအာ ဆိုရင်တော့ IC နဲ့ရတယ်။ SPASS, EP ဆိုရင် passport လိုအပ်ပါတယ်။ အဲဒီ information တွေထည့်ပြီးပြီဆိုရင် Submit ကို click လုပ်လိုက်ပါ။

Step 3 ကတော့ ကိုယ်လက်ထပ်မဲ့နေရာနဲ့ အချိန်နဲ့ကို ရွေးပေးရမှာပါ။ကိုယ်လက်ထပ်မယ့် အချိန်နဲ့နေရာက ရှေ့နေကိုပို့ထားတဲ့မေးလ်ထဲကအတိုင်း ဖြစ်ရပါမယ်။ ဒီ် Application Form ကိုတင်ပြီးမှ နေရာတွေဘာတွေပြန်ပြင်ချင်ရင် တစ်ခါပြင်ရင် S$ ၂၅ ပေးရပါတယ်။




ကဲ.အဲဒါတွေဖြည့်ပေးရင်တော့ ပိုက်ဆံပေးချေရမှာဖြစ်ပါတယ်။



e-Nets ဆိုတာကို click လုပ်လိုက်ရင် Credit Card နဲ့ပေးလို့ရတာပေါ်လာမှာ ဖြစ်ပြီး ပိုက်ဆံပေးလိုက်ရုံပါဘဲ။ ပေးပြီးတာနဲ့ တစ်ပြိုင်နက် Acknowledge စာရွက်ပေါ်လာမှာဖြစ်ပါတယ်။အဲဒီစာရွက်မှာ လက်မှတ်မထိုးမီ ROM ကိုကျမ်းသွားကျိန်ရမယ့်
ရက် ဖေါ်ပြထားမှာဖြစ်ပါတယ်။အဲဒီရက်က ကိုယ်လက်မှတ်ထိုးမယ့်ရက်မတိုင်မီ တစ်ရက် နှစ်ရက်မှာပါ။ အဲဒီစာရွက်ကို print ထုတ်ပြီး ကျမ်းကျိန်မယ့်နေ့မှာ ယူသွားရမှာပါ။

ကျမ်းကျိန်မယ့်ရက်ဟာ ကြားရက်ဖြစ်တတ်ပါတယ်။ အဲဒီနေ့ရောက်ရင် သတို့သား၊သတို့သမီး ဟာ သူတို့နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ အကုန်ယူသွားပါ။ Passport ကအစယူသွားပါ။ပြီးတော့ သက်သေနှစ်ယောက်ရဲ့ IC သို့မဟုတ် Passport ယူသွားရမှာဖြစ်ပါတယ်။ ကျမ်းကျိန်ပြီးတာနဲ့သူတို့ က လက်ထပ်စာချုပ် နှစ်စုံထုတ်ပေးပါတယ်။သေချာစစ်ဆေးပါ။ကိုယ့်နာမည်နဲ့ ကိုယ် IC တွေမှန်လားမှာလား ဆိုတာကို။နှစ်စုံမှာ တစ်စုံက Copy ဖြစ်ပြီး တစ်စုံကတော့ ကတ္တူ နဲ့ပါ။ ရှေ့နေလက်မှတ်မပါပါဘူး နှစ်စုံလုံးမှာ။ အဲဒါဆိုရင် ROM ကိစ္စပြီးပြီ။

လက်မှတ်ထိုးမယ့်နေ့ရောက်မှာတော့ လက်စွပ်နှစ်ကွင်းနဲ့ လက်ထပ်စာချုပ်နှစ်ခုလုံးကို မမေ့ဖို့ အရေးကြီးပါတယ်။လက်မှတ်ထိုးတဲ့အချိန်မှာ ကိုယ်နဲ့ လက်ထပ်မယ့်သူ ရဲ့ IC and Passport,
အသိသက်သေတွေရဲ့ IC and Passport ပါရပါမယ်။ရှေ့နေက original စာချုပ်မှာ လက်မှတ်ထိုးမှာဖြစ်ပြီး အဲဒီစာချုပ်က ကိုယ်တစ်သက်လုံးသိမ်းထားဖို့အတွက်ပါ။ copy မှာကတော့ အသိသက်သေတွေရယ်၊ သတို့သား၊သတို့သမီးရဲ့ လက်မှတ်တွေထိုးရမှာပါ။copy ကိုတော့ ရှေ့နေကပြန်ယူသွားပါတယ်။ပြီးတော့လက်စွပ်လဲရပါတယ်။ရှေ့နေခ ကို S$ 100 နဲ့ S$ 500 ကြားကြိုက်သလောက် စာအိတ်လေးနဲ့ထည့်ပေးလို့ရပါတယ်။အဲဒါဆိုရင် ပြီးပါပြီ။

ချစ်တဲ့သူတိုင်း ညားနိုင်ကြပါစေရှင်။
Read More ->>

သွေးအမျိုးအစားအလိုက် စားသင့် ရှောင်သင့်သော အစားအစာများ အပိုင်း (၁)

၁. O သွေးအမျိုးအစား

O သွေးဟာ အစာကိုလွယ်လွယ်ကူကူလုံလုံလောက်လောက် ချက်ပေးနိုင်တယ်၊

ဘာကြောင့်လဲဆိုတော့ O သွေးမှာStomach-acid ပါဝင်မှုများလို့ ဖြစ်တယ်။

O သွေးပိုင်ရှင်တွေဟာ အဆီနည်းသောအစားအစာ၊ဓါတုပစ္စည်းမပါဝင်တဲ့

အသား၊ ဥစားကြက်ဘဲ နှင့် ငါးတို့ကို စားသုံးသင့်ပါတယ်။

နို့နှင့်ပြုလုပ်သော အစားအစာများနှင့်ဂျုံ၊စပါးတို့နှင့် ပြုလုပ်သော

အစားအစာတွေကို လုံးဝမစားသုံးသင့်ပါဘူး။

အသေးစိတ် ကြည့်ချင်ရင်တော့အောက်ပါဇယားမှာ ကြည့်နိုင်ပါတယ်။


မှတ်ချက်

အစားသင့်ဆုံး

စားနိုင်သော


မစားသင့်သော



ပရိုတိန်း

အလုပ်ထဲမှာ စိတ်ဖိစီးမှုများလေ ပရိုးတိန်းဓါတ်ပါသော အစားအစာ များကို များများစားသင့်လေ ပါဘဲ။

အမဲသား၊ သိုးသား၊ ဆိတ်သား၊ နွားကလေးသား၊ သမင် ဒရယ် ချေငယ် စိုင် ဆတ်သား




O ဟာအသားဓါတ် ကို လွယ်လွယ်ကူကူ လုံလုံလောက်လောက် ချက်ပေးနိုင်တယ်၊

မစားသင့်သောထဲမှာ ပါတဲ့ အသားတွေက လွဲလို့ ကျန်တာ စားနိုင်ပါတယ်။


ဝက်သား ဆား

နယ်ခြောက်၊ ၀က်ပေါင်

ခြောက်၊ ငန်း၊ ၀က်သား



ငါးဟာ O သွေး ပိုင်ရှင် တွေ အတွက် အကောင်းဆုံး အစာဖြစ်တယ်။ ပင်လယ်စာတော်တော်

များများ ဟာ လည်ပင်းကြီး ရောဂါကို ကာကွယ် ပေးတဲ့ အိုင်အိုဒင်း ဓါတ်ကို ထုတ်ပေးတဲ့ အရင်းအမြစ်ဖြစ်တယ်

ပင်လယ်ငါးကြီး၊ ငါးသလောက်၊ မက်ကရယ်ငါး၊

မစားသင့်သောထဲမှာ ပါတဲ့ ငါးတွေက လွဲလို့ ကျန်တာ စားနိုင်ပါတယ်။


ငါးလွန်း၊ ငါးခူ၊

Salmon ငါး၊ ငါးဥဆားနယ်၊ ရေဘ၀ဲ၊ ခရုကြီးတစ်မျိုး



နို့ထွက်ပစ္စည်း

O သွေးပိုင်ရှင်များဟာ ဥနှင့် နို့ထွက်ပစ္စည်း

များ ကို လုံးဝလုံးဝ မစားသင့်ပါဘူး။

ထောပတ်၊ သိုးနို့ ဒိန်ခဲဖြူ၊ ဆိတ်နို့ ဒိန်ခဲ၊


အခြား နို့ထွက်ပစ္စည်း

များနှင့် ဒိန်ချဉ်



အဆီဓါတ်

O သွေးဟာ အဆီဓါတ်ကို တိုးစေပါတယ်။

သံလွင်ဆီ၊ နှမ်းကြတ်ဆီ

နှမ်းဆီ


ပြောင်းဖူးဆီ၊မြေပဲဆီ၊ နေကြာဆီ



Nuts

အဆီဓါတ်ကို တိုးစေပါတယ်။

ဖရုံစေ့၊

သစ်ကြားသီး

မစားသင့်သောထဲမှာ ပါတာတွေက လွဲလို့ ကျန်တာ စားနိုင်ပါတယ်။


သီဟိုဠ်စေ့၊ မြေပဲ၊ ဘိန်းစေ့



အသီးအရွက်များ

အသီးအရွက် များသည် လည်ပင်းကြီးရောဂါကိုဟန့်တားစေသည်။


ဂေါ်ဖီထုပ်၊ မုန်လာပန်းပွင့်

မုန်းညင်းစိမ်း



သွေးကို ပျစ်စေသည်။ ဗီတာမင် ကေ ကိုထုတ်ပေးသည့် အသီးအရွက်များ

မုန်လာပန်းပွင့်စိမ်း၊ ကိုက်လန်၊ဆလတ်ရွက်၊ဒေါက်ခွ




အဆစ်ရောင်နာ ရောဂါဖြစ်စေသော အသီးအရွက်များ


ခရမ်းသီး၊ အာလူး



အ၀လွန်ရောဂါ ၊ ဆီးချိုရောဂါ

ဖြစ်စေသော အသီးအရွက်များ


ပြောင်းဖူး



ခရမ်းချဉ်သီး




ပဲပိုးတီ၊ ချီကိုရီ၊ ဒုဓလီ၊ ကြက်သွန် ဖြူ၊ ဒန့်သလွန်၊ ကိုက်လန်၊ ရုံပတီသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ ရွက်စားမုန်လာ၊ အာလူးချို၊ ဖရုံသီး၊ ရေညှိ၊ တရုတ်မုန်လာ

မစားသင့်သောထဲမှာ ပါတာတွေက လွဲလို့ ကျန်တာ စားနိုင်ပါတယ်။


ထောပတ်သီး



အသီးအနှံများ

ဇီးသီး၊ မက်ခေါက်သီး၊ သဖန်းသီး၊ ကတွတ်သီး




၎င်းအသီးများသည်အစာခြေသော အက်ဆစ်များကို

လျော့နည်းစေသည်

Grapefruit, most berries


လိမ္မော်သီး၊ စတော်ဘယ်ရီ၊ သပျစ်သီး၊ ပီတမုန်လာ်



O သွေးပိုင်ရှင်များသည် ၄င်းအသီးများကို လုံးဝ ရှောင်ကြဉ်သင့်ပါသည်


အုန်းသီး နှင့်

အုန်းပါသောအစားအသောက်များ



ဟင်းခတ်အမွှေးအကြိုင်

လည်ပင်းကြီး ရောဂါကို ကာကွယ် ပေးရန် အိုင်အိုဒင်း ဓါတ်သည် အဓိက အရင်းအမြစ်ဖြစ်တယ်

အိုင်အိုဒင်းဆား




အစာချေဖျတ်မှုကိုအားပေးတယ်

တရုတ်နံနံ၊ငရုတ်သီးမှုန့်




အစာချေဖျတ်မှုကိုနှောင့်နှေးစေသည်


ငရုတ်ကောင်းမှုန့်၊ ရှာလကာ၊ဆူးကောက်၊ သစ်ကြပိုးကောက်၊ ပြောင်းဖူးမှုန့်)



သရေစာများ

ချောကလက်၊ ပျားရည်၊ ကိုကိုးလ်


Ketchup, pickles, mayonnaise, relish



အဖျော်ယမကာများ

ဆိုဒါ နှင့် လက်ဖက်ရည်

ဘီယာ၊ ၀ိုင်


Coffee, Distilled liquor, Black Tea


* Dr.Lam ကနေယူပြီး ဘာသာပြန်ထားတာပါ။(http://DRLam.com)

* ဘာသာပြန်တာ မှားခဲ့ရင်လည်း ခွင့်လွှတ်ပါနော်။

Read More ->>

How to prepare for good PRESENTATION

သူငယ်ချင်းရေ……………………

မင်းတို့ငါတို့တွေလည်း ကျောင်းတွေပြီးလို့ အလုပ်ခွင်ထဲဝင် လုပ်တွေလုပ်နဲ့…..လောကကြီးကို

ဖြတ်သန်းနေရတာ မလွယ်ဘူးနော်။ အခု မင်းလုပ်နေတဲ့ အလုပ်မှာ နေ့တိုင်း presentation

တွေလုပ်ရတယ်ဆိုတာကြားရတော့ ငါဝမ်းသာတယ်ကွာ။ presentation လုပ်တာ

ပြောတော့သာလွယ်တာ၊ တကယ်လုပ်ကြည့်ရင် မလွယ်ဘူးနော်။ မင်းကို ငါသိထားသလောက်

presentation နဲ့ ပတ်သက်တာလေးတွေ

ပြောပြချင်တယ်။ မင်းသိပြီးသားတွေဖြစ်ရင် လည်း ဖြစ်မှာပေါ့။ ok! …..

အခုပြောပြမယ့် အကြောင်းတွေက ငါ ကျောင်းမှာတုန်းက သင်ခဲ့ရတာတွေ၊

အလုပ်ထဲမှာ အထက်လူကြီးက ပြောတာတွေ တခြား စာတွေထဲက ဖတ်ထားတာတွေကို

စုစည်းပြီး ငါပြောတတ်သလို ပြောပြမယ်။

အရင်ဆုံး presentation ဆိုတာဘာလဲပေါ့။ presentation ဆိုတာ အမေးအဖြေ အပိုင်း မရောက်ခင်အထိ

တစ်လမ်းသွား စကားပြောခြင်းတစ်မျိုးပဲ။ ကြိုတင်ပြင်ဆင်မှုနဲ့ ဖွဲ့စည်းတည်ဆောက်တတ်မှုတွေလို အပ်တယ်။

presentation ကောင်းတစ်ခုဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့လုံးဝ မမေ့ပါနဲ့။ စကားတစ်ခုရှိတယ်

"Failing to prepare is preparing to fail" တဲ့။

presentation လုပ်တဲ့ နေရာမှာ ဘယ်လို ဖွဲ့စည်းပုံနဲ့ တင်ပြမယ်။ ဘာအကြောင်းအရာတွေကို

ပြောမယ်ဆိုတာကို အရင်ဆုံး စဉ်းစားရမယ်။ အကြမ်းဖျဉ်း ချရေးပြီး ဘယ်လိုအစီအစဉ်နဲ့ တင်ပြမလဲ

စဉ်းစားရမယ်။ Presentation Slide ကို စလုပ်တော့မယ်ဆိုရင် များသောအားဖြင့် မှားတတ်ကြတာက

ကိုယ်ပြောချင်တာတွေ အားလုံးကို slide ထဲမှာ သွားပြီးရေးမိကြတာပဲ။ အဲလို ရေးလိုက်ရင် slide တွေမှာ

စာတွေနဲ့ ပြည့်နေပြီး နားထောင်နေတဲ့ သူတွေကို ဆွဲဆောင်မှု လုံးဝ မပေးနိုင်တော့ သလို ကိုယ့်ရဲ့ 

impression ကလည်း ပျက်သွားမယ်။ ပါတာတွေ ဖတ်ပြနေသလို ဖြစ်ပြီး ပျင်းစရာကောင်းတဲ့ presentation

တစ်ခု ဖြစ်သွားမယ်။ အမှန်တကယ် ကောင်းမွန်တဲ့ slide တစ်ခုမှာ စာသားတွေက ရှင်းလင်းပြီး အဓိကကျ တဲ့

point တွေကို ပဲ ရေးထားပြီး အကျယ်တ၀င့် က ကိုယ့်ရဲ့  နှုတ်ကနေ ပြောပြသွားရမယ်။ ဖြည်းဖြည်းနဲ့

မှန်မှန်လေး ပြောဖို့လည်း လိုအပ်တယ်။

ငါအနေနဲ့ဆိုရင် slide မှာ ၀ါကျ အပြည့်အစုံ ရေးတာ မကောင်းဘူး။ ပြောချင်တဲ့ အကြောင်းအရာအတွက်

noun တစ်ခုကို ရှာပြီး အဲဒါကို ထင်ရှားအောင်ရေးတာပဲ။ စာလုံးတွေရဲ့  အရွယ်အစားရွေးချယ်မှုကလည်း

အရေးကြီးတယ်။ ထင်ထင်ရှားရှားဖြစ်နိုင်တဲ့ size ကို ရွေးချယ်တတ်ရမယ်။

ပါမောက္ခဒေါက်တာ အောင်ထွန်းသက်ကတော့ slide တွေမှာ 4*4 ဆိုတဲ့ နည်းနဲ့ ဖြေရှင်းတယ်တဲ့။ slide

တစ်ခုမှာ စာကြောင်းလေးကြောင်းပဲထားပြီး စာကြောင်းတစ်ကြောင်းမှာ စာလုံး လေးလုံး။ ဒါဆိုရင်

ရှင်းရှင်းလင်းလင်းနဲ့ ဖတ်ရလွယ်တယ်တဲ့။

Planning the Presentation

Plan the work

Presentation တစ်ခုလုပ်တော့မယ်ဆိုရင် ပြင်ဆင်ချိန်ဘယ်လောက်ယူရမှာလဲ။

Academic way of thinking အရဆိုရင် အချိုး 10:1 နဲ့တွက်တယ်။ ဘယ်လိုလဲ

ဆိုရင် presentation က ၅မိနစ်ဆိုရင် ပြင်ဆင်ချိန်က ၁နာရီအောက်ပဲ

ဖြစ်ရမယ်။ ၁နာရီ presentation ဆိုရင်တော့ ၁၀ နာရီလောက်ပြင်ဆင်ရမှာပေါ့။

Formulate the objective

ရည်ရွယ်ချက်ဆိုတာ အရေးကြီးတယ်။ presentation ကိုဘာအတွက်လုပ်တာလဲ။ အဲဒီ

ရည်ရွယ်ချက်ကို နားထောင်တဲ့သူတွေ လုံးဝနားလည်သွားအောင် တင်ပြနိုင်ဖို့လိုအပ်တယ်။

ကိုယ့်ပြောချင်တဲ့ ရည်ရွယ်ရာစီကို နားထောင်တဲ့သူတွေကို ဆွဲခေါ်သွားနိုင်ရမယ်။

အဲသတိထားရမှာက ရည်ရွယ်ချက်ကို အများကြီး မထားမိဖို့ပဲ ဘာလို့လဲဆိုရင်

နားထောင်နေတဲ့ သူတွေ စိတ်ရှုတ်သွားနိုင်တယ်။

ဒါ့ကြောင့် နှစ်ခုလောက်ပဲ ထားတာကောင်းတယ်။

presentation မှာ focus က key ပဲ။ ကိုယ်က သိသွားစေချင်တာကို focus လုပ်ပြီး

မပြောနိုင်ရင် နားထောင်တဲ့သူက ကိုယ်က ဘာကို ပြောချင်နေတယ်ဆိုတာ

သိနိုင်စရာမရှိတော့ဘူး။

Identify the audience

ကိုယ်က ဘယ်သူတွေကိုပြောမှာလည်းဆိုတာကို သိရင် ပိုပြီးတော့ ပြင်ဆင်ရတာ

ပိုကောင်းတယ်။ နားထောင်တဲ့ သူ အပေါ် မူတည်ပြီး ကိုယ့်ရဲ့  ပြင်ဆင်မှုက

ကွာခြားနိုင်တယ်လေ။

Define the structure and content

Structure ကျအောင် လုပ်နိုင်မှ စွဲဆောင်မှု ရှိမယ်လို့ ထင်တယ်။ ယေဘူယျအားဖြင့်

Introduction, Main Content, Conclusion တွေပါမယ်။ presentation မှာ

အစနဲ့ အဆုံးက အရေးကြီးတယ်။ ဘယ် presentation မှာပဲ ဖြစ်ဖြစ် အစက လုံးဝ key ပဲ။

နားထောင်တဲ့ သူတွေရဲ့  အာရုံကို စွဲဆောင်နိုင်ရမယ်။ အကြောင်းအရာတွေကို သေချာတင်ပြနိုင်ရမယ်။

ရှင်းလင်းပြတ်သားပြီး အတက်အကျရှိတဲ့ အသံနေအသံထားနဲ့ ပြောနိုင်ရင် ပိုကောင်းမယ်။

နောက်ဆုံးမှာ နားထောင်တဲ့ သူတွေရဲ့  ဦးနှောက်ထဲမှာ ဘာကျန်ထားခဲ့ စေချင်တာလဲ။

အဲဒါကို သိထားပြီး ကိုယ်က သိစေချင်သွားတဲ့ဟာကို လုံးဝဦးစားပေးပြီးပြောရမယ်။

Develop the slides

Slide တွေလုပ်ရင်လည်း စွဲဆောင်မှုကောင်းကောင်းနဲ့ လုပ်ရမယ်။

အရောင်ရွေးချယ်မှုက လည်း အရေးကြီးတယ်။ font size ရောပဲ။

အမြင် ရှင်းလင်းဖို့က အရေးကြီးတယ်။

Review the content

လုံးဝ မမေ့သင့်တဲ့ အရာပါ။ သေချာ ပြန်လည် သုံးသပ်ပါ။

* သူငယ်ချင်းတစ်ယောက်က Forward လိုက်လို့ပါ။
* အသုံးတည့်မယ်တင်တာရယ်၊ အများအတွက်အကျိုးပြုမယ်ထင်လို့ လက်ဆင့်ကမ်းပေးတာပါ။
Read More ->>