Showing posts with label နားထောင်ဖြစ်တဲ့သီချင်းများ. Show all posts
Showing posts with label နားထောင်ဖြစ်တဲ့သီချင်းများ. Show all posts

တန်ဖိုး

တန်ဖိုးတဲ့ …. လေးဖြူဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ပါ။

ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လည်မရတောတဲ့ အကြောင်း။

အချိန်ကို အကျိုးရှိအောင် သုံးသင့်ကြောင်း စပ်ထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။

စင်ကာပူမှာ ရိုက်ထားတဲ့ VCD ကောင်းတစ်ပုဒ်ပါ။


Read More ->>

ဖေဖေ့ဆိုပြခဲ့သော ညအိပ်ရာဝင် တေးတစ်ပုဒ်

ဒီနေ့ စနေနေ့။ စနေ တနင်္ဂနွေ မအားတဲ့ ရက်သတ္တပတ်များလာတော့ ဒီတစ်ရက်လေးနားရတာ ကိုယ့်အတွက်တော်တော်လေး ထူးဆန်းဖြစ်နေပါတယ်။ လက်တွဲဖော်က လည်း အချိန်ပို အလုပ်ဆင်းနေတော့ ကိုယ်တစ်ယောက်တည်း အခန်းထဲမှာ ယောင်ချာချာနဲ့ ပေါ့။ ရုံး အလုပ်ရှိတာကလည်း ပျင်းပျင်းရှိလို့မလုပ်ချင်ပြန်ဘူး။ မနက် ကတော့ မနက်စာ စားဖြစ်ကြတယ်။ ခုတလောက Singapore National Day နီးလာပြီဆိုတော့ သူတို့ရဲ့နိုင်ငံတော်သီချင်း ကို နေရာအနှံဖွင့်ပြီးတော့ National Day Parade အတွက် ကလေးတွေ ကောလူကြီးတွေပါ လေ့ကျင့်နေကြတယ်။ အဲဒါကို ကိုယ့်မေမေက ကြားပြီးတော့ အဲဒီသီချင်းက လာရှိုးသိန်းအောင် ငယ်ငယ်က သီချင်းတစ်ပုဒ်နဲ့ သံစဉ်ဆင်တယ် တဲ့။ အိမ်ရောက်တော့ ကိုယ်လည်း လာရှိုးသိန်အောင် သီချင်း တွေကို YouTube ကနေ နားထောင်ခဲ့တယ်။ အဲဒီမှာ သီချင်းတစ်ပုဒ်ကိုသွားသတိထားမိတယ်။ “လွမ်းဘွယ်” တဲ့ ။ ဖေဖေ က ကိုယ်တို့ငယ်ငယ်လေးတုန်းက ကာတွန်းတွေငှားပြီး အသံထွက်ဖတ်ပြတတ်တယ်။ အဲခါကျ ကိုယ်တို့မောင်နှမတွေက ဖေဖေ့နားကို ခေါင်းလေးတွေတိုးကပ်ပြီး အလုအယက် နားထောင်နေကျ။ ဖေဖေ က ကားတွန်းဇာတ်လမ်းတွေကို အသံနေအသံထား တွေနဲ့ဖတ်ပြတတ်တော့ အရမ်းနားထောင် လို့ ကောင်းတာဘဲ။ ခုထိလည်း ဘုရားစာတွေ ဘာတွေ ဖတ်ရင် အဲလို အသံနေအသံထားနဲ့ဘဲ ဖတ်တတ်တာ။ ညဘက်ဆိုရင်လည်း ဖေဖေ က သီချင်းဆိုပြီးသိပ်တတ်တယ်လေ။ လွမ်းဘွယ် သီချင်းလေးက ဖေဖေဆိုနေကျ သီချင်းလေးတွေထဲက တစ်ပုဒ်ပေါ့။ ငယ်ငယ် ကလေးတည်းက လားရှိုး သိန်းအောင် သီချင်းတွေနဲ့ ရင်းနိးခဲ့ တော့ ခုလည်း အဲဒီသီချုင်းလေးကို နားထောင်ရင်း ငယ်ဘ၀ ကို သတိရမိလို့ အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။


Read More ->>

မေ၃၁

ဒီနေ့ မေ ၃၁ မို့လို့ မျိုးကျော့မြိုင်ရဲ့ သီချင်းလေးကို အမှတ်တရ တင်ပေးပါတယ်။

ဒီမှာက မေ ၃၁ မိုးမရွာဘူး။ရန်ကုန်မှာတော့ ရွာတယ်။


မေ၃၁ မိုးတွေ ရွာသွန်းနေဆဲ
လမ်းမတစ်လျှောက် လမ်းလျှောက်နေလည်း
ကိုယ့်စိတ်က ဘာလိုလိုပဲ
ကိုယ့်စိတ်တွေဟာ ဟိုးအမြင့်ကြီးမှာ
မင်းမလိုချင်တဲ့ ကိုယ့်အချစ်တွေနဲ့
စိတ်ကူးလို့ရူးနေမိတယ် အချစ်ရယ်

လှလွန်းတဲ့ မင်းမျက်နှာလေး လှည့်လို့ ပြုံးပါဦး
မင်းမမြင်ချင်တဲ့ ကိုယ့်မျက်နှာဟာ မင်းကိုသိပ်တွေ့နေချင်တယ်
အနှောင့်အယှက်ပေးလွန်းတဲ့ ကိုယ့်ရဲ့အကြောင်းတွေ မစဉ်းစားနဲ့တော့
မင်းဦးနှောက်နုနုလေး ကိုယ့်ကြောင့် စိတ်ဆင်းရဲသွားရင်
မစဉ်းစားနဲ့ ကိုယ်ဘာပဲဖြစ်ဖြစ်

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ

အိပ်မက်တာတွေ အလကားဖြစ် မေ၃၁
လမ်းလျှောက်ရင်းနဲ့ စိတ်ညစ် မေ၃၁
ကိုယ့်ရဲ့အချစ်တွေအားလုံး မင်းလေးလွှင့်ပစ်သွားတုန်း
သည်းမည်း ဒီမိုးစက်တွေထဲ
မင်းလေးနားလည် မင်းလေးသိမယ်
လွှင့်ပစ်ထားတဲ့ အနှောက့်အယှက်များထဲ
ကိုယ့်အချစ် မေ၃၁
ကိုယ်လေ မင်းအနား ဟိုဖက်ဝေးဝေး ရွာနေမိုးလေး
ကြင်နာခြင်းများ သည်းမည်း ဒီမိုးစက်လိုပဲ

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁

ကိုယ့်အပြစ်တွေ များလွန်းပါတယ်
ကိုယ့်ရဲ့အဖြေဟာ ဒါနောက်ဆုံး
ကြင်နာတတ်တဲ့ မင်းနှလုံးသားနဲ့ ကိုယ့်ကို အပြစ်ပေးပါဦး

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ

သီချင်းကို ဒီမှာ ရယူနိုင်ပါတယ်။


သီချင်းစာသားကိုတော့ မျိုးကျော့မြိုင် ဘလော့ခ်ကယူထားပါတယ်ရှင်။
Read More ->>

ကမ္ဘာမြေအဆုံးထိ

ကိုယ်သီချင်းတွေကို ချစ်ပါတယ်။ ဒါပေမဲ့အင်္ဂလိပ်သီချင်းတွေတော့မကြိုက်တတ်ဘူး။ သိပ်လဲ နားမထောင်

တတ်ဘူး။ မြန်မာသီချင်းဆိုရင် ကော်ပီဖြစ်နေလဲကောင်းတဲ့သီချင်းဆို အရမ်း ကြိုက်တယ်။ အခု ကိုယ်

အရမ်း ကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ကို ကိုယ်အကြိုက်ဆုံးအဆိုတော် မျိုးကျော့မြိုင်က ဖြူနဲ့တွဲပြီး ဆို

ထားတာ။ ကိုယ်အမြဲ နားထောင်နေကျ သီချင်းလေးပါ။ အရမ်း ငြိမ့်တယ်။ နားထောင်ကြည့်နော်။

စာသားပါထည့်ပေးလိုက်တယ်။

( ရှင်သန်ရာအချိန်လေးတော့ မင်းရဲ့အနားနေချင်လို့ပါ
အတူတူဆို အိပ်မက်တိုင်းဟာ တို့ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းကျ ဘ၀သစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေအဆုံးအထိ မခွဲချင်ဘူး။) 2

ကိုယ်နေချင်တာကမင်းရဲ့အနား
ကိုယ်လိုချင်တာကမင်းရဲ့အချစ်များ
မြင်ချင်ပါတယ် မင်းအပြုံးလေး
ကိုယ့်နေ့ညတွေကို အဓိပ္ပါယ်ပေး
ကိုယ့်ရဲ့ဘ၀အမှတ်တရ
ကိုယ့်ရဲ့ဘ၀ထာဝရ
Yeah..မင်းစကားတွေကိုသိပ်ချစ်လွန်းလို့
အခုမင်းပြုံးတာကိုသိပ်ချစ်မိလို့
ရှင်သန်ရာဒီဘ၀လေးတစ်ခုမှာ ကိုယ်တို့နှစ်ယောက်ဟာ
အနီးဆုံးချစ်သူတွေပါ။


ရှင်သန်ရာအချိန်လေးတော့ မင်းရဲ့အနားနေချင်လို့ပါ
အတူတူဆို အိပ်မက်တိုင်းဟာ တို့ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းကျ ဘ၀သစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေအဆုံးအထိ မခွဲချင်ဘူး။

ကြင်နာသူလေး မင်းစိတ်ဆင်းရဲမှာ
ကလေးလေးတစ်ယောက်လို ပြုံးတတ်တဲ့မျက်နှာ
ညှိုးနွမ်းရမဲ့ အချိန်များ
ခံစားသွားရမဲ့အချိန်များ
ကိုယ့်ရဲ့ဘ၀မှာ တကယ်မရှိချင်တော့လိုပါ။
လူတွေအပြင်မှာ ပြောတဲ့စကား
ကိုယ်တို့ဘ၀အတွက် စိတ်အနှောင့်အယှက်တွေလား
တကယ်သေချာ မင်းဆုံးဖြတ်ထား
ကိုယ်တို့နှစ်ယောက်ဟာ ကမ္ဘာမှာတကယ်အဓိကဘဲမဟုတ်လား


ရှင်သန်ရာအချိန်လေးတော့ မင်းရဲ့အနားနေချင်လို့ပါ
အတူတူဆို အိပ်မက်တိုင်းဟာ တို့ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းကျ ဘ၀သစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေအဆုံးအထိ မခွဲချင်ဘူး။

အမြဲတမ်းကြင်နာခွင့်ပေးပါ။
အစွဲအလမ်းသူယုံကြည်ပေးပါ။
မခွဲတမ်းနေချင်တာ မင်းအနားနား။
အမြဲတမ်းကြင်နာခွင့်ပေးပါ။
အစွဲအလမ်းသူယုံကြည်ပေးပါ။
မခွဲတမ်းနေချင်တာ မင်းအနားနား။

(ရှင်သန်ရာအချိန်လေးတော့ မင်းရဲ့အနားနေချင်လို့ပါ
အတူတူဆို အိပ်မက်တိုင်းဟာ တို့ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းကျ ဘ၀သစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေအဆုံးအထိ မခွဲချင်ဘူး။)3





Read More ->>