Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

ကင်ပွန်းကြီးဆယ်ပါး ကန်တော့ခြင်း




 
တရား အားထုတ်တော့မယ် လို့စိတ်ဆုံးဖြတ်ပြီးတဲ့ လူတိုင်းလိုလို ထိုကင်ပွန်းကြီး ဆယ်ပါး ကို နေ့စဉ်နေ့တိုင်းလိုလို ရွတ်ဖတ်သင့်ပါတယ်။  ဘာလို့လဲဆိုတော့ ကိုယ်တရား အားထုတ်တဲ့ အခါ မဂ်ဥာဏ် ဖိုဥာဏ် ပေါ်ခါနီးလေးမှာဘဲ  အမှတ်တွေဟာ လျော့ကျသွားတတ်တယ်။ လမ်းလွဲသွားတတ်ပါတယ။် အဲဒါ ဟာ ကံတွေကြောင့်ဖြစ်တတ်ပါတယ်၊ ယခုပစ္စုပါန် ဘ၀မှာ မပစ်မှားခဲ့သော်လည်းဘဲ ဟိုး ကိုယ်မမြင်ရတဲ့ အတိတ်ကာလမှာ ပစ်မှားခဲ့ရင်လည်း အဲဒါဟာ ဒီဘ၀မှာလာပြီး အကျိုးသက်ရောက် စေပါတယ်။ ဒါကြောင့် ကိုယ်မှားခဲ့ရင်လည်း ကိုယ်အားထုတ်တဲ့တရား ကိုမထိခိုက်အောင် ကိုယ့်ဘက် က၀န်ချတောင်းပန် ကန်တော့သင့်ပါတယ်။ ထိုကင်ပွန်းကြီး ဆယ်ပါးကို ကန်တော့ရန် ဆရာတော်ဘုရားတော်တော်များများ ကသင်ကြားပေးကြပါတယ်။ ထိုအထဲကမှ မြောက်ဦးဆရာတော် ရဲ့ ကင်ပွန်းကြီးဆယ်ပါးကန်တော့ခန်းကို မျှဝေလိုက်ပါတယ်။ 
Read More ->>

လက်တွေ့ဘ၀တွင် အသုံးကျသော အသိတရား

သတိ စေတသိတ် သည် ကျွန်တော်တို့ သတိမပြုမိသော ကိုယ်ပိုင် စွမ်းအားတစ်ရပ် ဖြစ်သည်။ သတိဟူသော အရာသည် မိမိနှင့်အတူ တကွ ရှိနေကြသော စေတသိတ် တို့ကို အာရုံ တွင် ကပ်ေ၇ာက်စေရ်ျ အာရုံ ကို အမှတ်ရစေခြင်းသဘောဖြစ်သည်။

လက်တွေ့ဘ၀ လောကီေ၇းရာ ဘ၀တွင်လည်း သတိ ရှိဖို့မှာ အလွန်အမင်း အရေးကြီးလှ ပါသည်။ ဥပမာအားဖြင့် အလုပ် ကိစ္စဖြင့် အရေးကြီးတဲ့ လုတစ်ယောက်ကို တွေ့ဆုံရတဲ့ အခါ သူ့ရဲ့ နာမည် ကို ကိုယ် က သတိပေါ့လျော့စွာ မှတ်သား ထားပါက မေ့သွားတတ်ကြပါတယ် ။ သူ့အမည်ကို ပြန်ခေါ်ချင်တယ် ပြန်ခေါ်ရ်ျ မရတော့ပါ။

ကျွန်တော်တို့ အလုပ်ခွင်မှာလည်း အထက်ကပြောသည့်စကား များကို ဂရုတစ်စိုက်နားမထောင်ပါက သူဘာလုပ်ခိုင်းလည်း ဆိုတာကို ကြား ပဲကြားနိုင်ပါတယ်။ဘာလုပ်ရမယ်မှန်းကို ကားမသိ။ထို့အတွက် ဘယ်အခါ မဆို သတိတရား ရှိဖို့ ကားလိုအပ်ပါတယ်။

မဟာသတိပဋ္ဌာန် ၀ိပဿနာရှူမှတ်ခြင်းဆိုသည်မှာ မြင်တိုင်း၊ ကြားတိုင်း ၊နံတိုင်း ၊စားတိုင်း၊ ထိတိုင်း၊ သိတိုင်းမှာ အမှတ်သတိကပ်ပြီး သိအောင် ရှူမှတ်ရသော အလုပ်ဖြစ်သည်။

သတိဖြင့်စေတသိတ် တို့ကို အာရုံတွင် စွဲကပ်ထားသည့်အခါ စိတ်သည်မပျံ့လွင့်၊ စိတ်မပျံ့လွင့် လျှင် သမာဓိဖြစ်လာပါသည်။ သမာဓိဖြစ်လျှင် ထိုးထွင်းသိမြင်နိုင်ဧ။် ထိုးထွင်းသိမြင် ခြင်းသည် ပညာဖြစ်သည်။ ပညာဖြင့်မသိ မိုက်မဲ့မှုဟူသော မောဟအမှောင်ကို ဖြိုခွင်းနိုင်သည်။ မောဟ ကင်းစင်သွားလျှင် သန္တိသုခ ဟူသော ထာဝရငြိမ်းချမ်းမှုကိုရနိုင်သည်။

ထို့ကြောင့်ဝိပဿနာ အလုပ်သည် သတိဦးဆောင်သည့်အလုပ်ဖြစ်ပြီး အကြီးကျယ်ဆုံးသော အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသည့် အလုပ်လည်းဖြစ်ပေသည်။

စိတ်ကို ညစ်ညူးပူလောင်စေသည့် လောဘ ၊ဒေါသ ၊မောဟ စသော ကိလေသာ အညစ်အကြေး အားလုံးကို ၀ိပဿနာရေစင်ဖြင့်သာလျှင် ဆေးကြော သုတ်သင်နိုင်ဧ။်။
ထို့်ကြောင့် ၀ိပဿနာ အလုပ်ကို ပျင်းခြောက်ခြောက်အလုပ်ဟု မသတ်မှတ်ဘဲ အကျိုးကျေးဇူးအများ ဆုံးပေးသောအလုပ်ဟု သဘောပေါက်ရ်ျ အနည်းဆုံးတစ်လ ကြာမျှ ရှူမှတ်နိုင်အောင် ကြိုးစားကြပါကုန်။

(ဒေါက်တာမင်းတင်မွန်ရေးသော တော်ကူးဆရာတော် ဘ၀ဆည်းဆာနှင့် ကျင့်စဉ်တရားတို့ မှ ကောက်နှုတ်ဖော်ပြထားပါသည်။ )

ဘာသာရေးနှင့် သက်ဆိုင်သော ပို့စ်မှာ ရေးသားနိုင်အောင် လေ့လာနေပါသည်။
Read More ->>

သင်ဘယ်လောက်ကြီးသလဲ?



"သင်ဘယ်လောက်ကြီးသလဲ?
" တဲ့။

မေးခွန်လေးတစ်ခုကိုသဘောကျလွန်းလို့မှတ်ထားတယ်။ကိုယ့်ကိုယ်ကိုလည်းခဏခဏမေးမိပါတယ်။အဲဒါဘာလဲဆိုတော့

How BIG are you?BIG ဆိုတာ Capital B, Capital I, Capital G။

“သင်ဘယ်လောက်ကြီးသလဲ” တဲ့နော်။ ခန္ဓာကိုယ်ကြီးတာကိုမဆိုလိုဘူး။ရာထူးကြီးတာကို

လည်းပြောတာမဟုတ်ဘူး။စိတ်ဓါတ်နဲ့အသိဥာဏ်ဘယ်လောက်ကြီးသလဲ၊သဘောထားဘယ်

လောက်ကြီးသလဲတဲ့။အဲဒါမေးတာနော်။အင်မတန်လေးနက်တဲ့မေးခွန်းဘဲနော်။ကိုယ့်ကိုယ်ကို

မေးကြည့်ပါ။တကယ်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာသင်ဟာကြီးတဲ့လူတစ်ယောက်

ဖြစ်မှရမယ်။စိတ်ဓါတ်နဲ့အသိဥာဏ်ကြီးရမယ်။သဘောထားကြီးရမယ်။သဘောထားသေးတဲ့လူ

ဟာလုပ်ငန်းကြီးကြီးကိုအောင်မြင်အောင်မလုပ်နိုင်ပါဘူး။တာဝန်ကြီးကြီးမထမ်းဆောင်နိုင်ဘူး။

အများအကျိုးကိုထိထိရောက်ရောက်မဆောင်ရွက်နိုင်ပါဘူး။

ဘယ်အလုပ်ဟာကြီးကျယ်တယ်၊ဘယ်အလုပ်ဟာမြင့်မြတ်တယ်ဆိုတာသိဖို့ကိုမလွယ်ဘူး။အဲ

ဒါကိုသိဖို့ကိုပဲကြိုးစားနေတဲ့သူတွေဟာသူကိုယ်တိုင်ကြီးမှရမယ်။ကြီးတာကိုသိဖို့ရာသူကိုယ်

တိုင်ကကြီးမှဖြစ်မှာနော်။ကြီးတဲ့သူမှသာကြီးတာကိုသိနိုင်မှာ။

“ဘယ်အလုပ်ဟာငါ့ရဲ့စိတ်ဓါတ်တွေအပြည့်ပေးပြီးတော့လုပ်ဖို့ရာထိုက်တန်သလဲ”ဆိုတာကိုသိ

ဖို့ရာလည်းကိုယ်ကိုယ်တိုင်ကအသိဥာဏ်ကြီးတဲ့သူ၊စိတ်ဓါတ်ကြီးတဲ့သူဖြစ်ရဦးမယ်နော်။စိတ်

ဓါတ်မကြီးတဲ့သူအသိဥာဏ်မကြီးတဲ့သူဟာအသေးအမွှားမပြောပလောက်တဲ့ကိစ္စလေးတွေနဲ့ပဲ

သူ့ရဲ့emotional energy တွေဟာ waste ဖြစ်တယ်။ သူရဲ့စိတ်ဓါတ်အင်အားတွေဟာ

ပြုန်းတီးကုန်တယ်။သဘောထားမကြီးတဲ့သူဟာပြဿနာသေးသေးလေးနဲ့အချိန်ကုန်နေတယ်။

ပင်ပန်းတယ်နော်။သဘောထားကြီးတဲ့သူဟာပြဿနာသေးသေးလေးတွေနဲ့အချိန်ကုန်မခံဘူး။

သူ့မှာကြီးကြီးကျယ်ကျယ်လုပ်စရာတွေရှိသေးတယ်။အဲဒီတော့ဒီကိစ္စတစ်ခုဟာကြီးသလား၊

သေးသလားဆိုတာသိဖို့တောင်မှသူကတော်တော်လေးရင့်ကျက်မှရမယ်။နို့မဟုတ်ရင်ကြီးတာ

နဲ့သေးတာမခွဲနိုင်ဘူးနော်။

လူတော်တော်များများဟာအရေးကြီးတာနဲ့မကြီးတာကိုမခွဲနိုင်ဘဲများသောအားဖြင့်အရေးမကြီး

တဲ့ကိစ္စတွေနဲ့ဘဲတနေ့လုံးအချိန်ကုန်ပြီးတော့ဘာမှထိထိရောက်ရောက်အလုပ်မလုပ်ဖြစ်ဘူး။မိုး

လင်းကမိုးချုပ်ဘယ်သူကဘယ်လိုပြောတာ၊ဘယ်သူကဘာလုပ်တယ်ဘယ်သူကမကောင်းဘူး၊

ဘယ်သူကဘာဖြစ်တယ်နဲ့။အဲလိုဘဲသူများအကြောင်းတွေသူများအမှားတွေချွတ်ယွင်းချက်စ

သည်ဖြင့်ပေါ့။ဒါတွေကိုပြောပြီးတော့အချိန်ကုန်သွားတယ်။

အဲဒီတော့တကယ်အလုပ်ကြီးကြီးလုပ်မယ့်သူဟာသူများကိစ္စတွေအသေးအမွှားတွေပြောပြီး

တော့အချိန်ကုန်မခံသင့်ဘူး။


သူတစ်ပါးအပေါ်မုန်းတီးတာ၊နားကျည်းတာ၊ရန်လိုတာရန်ငြိုးထားတာအဲဒါတွေဟာကိုယ့်အ

တွက်ဘယ်လောက်ထိခိုက်သလဲဆိုတာသင်သိလို့ရှိရင်အဲဒီလိုမဖြစ်လောက်တဲ့အသေးအမွှား

စိတ်အနှောင့်အယှက်ဖြစ်စရာတွေကိုဖြစ်ဖြစ်ချင်းသိပြီးသွားပေတော့..တော်ပြီဆိုပြီးအတိတ်မှာ

ထားခဲ့နိုင်မယ်။

သတိနဲ့နေတဲ့သူဟာအသေးအမွှားကိစ္စတွေနဲ့စိတ်အနှောင့်အယှက်တာရှည်အဖြစ်မခံဘူး။ချက်

ချင်းဘဲသူ့ကိုအတိတ်မှာဘဲထားခဲ့တယ်။

ကိုယ့်ဘ၀မှာတွေ့ကြုံရတဲ့အရာတွေအားလုံး။ပျော်ရွှင်စရာတွေ၊စိတ်ညစ်စရာတွေ၊စိတ်ဆင်းရဲစ

ရာတွေအားလုံးဟာကိုယ့်ကိုတနည်းအားဖြင့်ပုံဖေါ်ပေးတယ်။ကိုယ့်ကိုဘယ်လိုလူဖြစ်မလဲဆို

တာကိုသူတို့ကပုံဖော်ပေးတာ။လောကဓံတရားကကိုယ့်ကိုပုံဖော်ပေးတာ။စိတ်ဆင်းရဲစရာတွေ

များများကြုံလာလို့ရှိရင်ဒီလူဟာစိတ်ဓါတ်တွေကျလာမယ်၊ကြမ်းတမ်းပြီးတော့ဘ၀ကိုအလကား

ဖြစ်အောင်လုပ်လိုက်မယ်လို့ပုံသေပြောလို့မရဘူးနော်။ပျော်စရာရွှင်စရာတွေကြုံရတဲ့သူဟာဘ

ဝကိုကျေနပ်ပြီးတော့အောင်မြင်တဲ့လူတစ်ယောက်လို့ပုံသေပြောလို့မရဘူး။ကိုယ်ကြုံတွေ့ရတဲ့

လောကဓံတွေဟာကိုယ့်ကိုဘယ်လိုပုံဖော်မလဲဆိုတာကိုယ့်အပေါ်မှာအများကြီးမူတည်ပါတယ်

။ကိုယ်ကအများကြီးcontrolလုပ်လို့ရတယ်။ဘယ်လိုလုပ်ရလဲဆိုတော့ကိုယ်ကသတိရှိနေလို့ရှိရ

င်အခက်အခဲတွေအများကြီးကြုံပေမဲ့သတိနဲ့ဥာဏ်လေးနဲ့ကြည့်ပြီးတော့ကိုယ့်စိတ်ကိုကိုယ်အေး

အောင်ထားပြီးတော့ကောင်းသည်ထက်ကောင်းအောင်ကြိုးစားသွားလို့ရှိရင်ကောင်းတဲ့သူတစ်

ယောက်ဖြစ်လာမှာပါ။အခက်အခဲတွေကြုံတွေ့ရတဲ့အခါမှာကိုယ်ကသတိနဲ့ဥာဏ်နဲ့မကြည့်ဘဲနဲ့

မကောင်းတဲ့နည်းနဲ့ဒီပြဿနာကိုဖြေရှင်းမယ်ဆိုရင်ကိုယ်ကဆိုးတဲ့သူတစ်ယောက်ဖြစ်သွားမှာ

ဘဲနော်။ဒါ့ကြောင့်အခက်အခဲတစ်ခုခုကြုံတဲ့အခါမှာလူနှစ်ယောက်တုန့်ပြန်မှုကမတူဘူး။

ဥပမာ.တစ်ယောက်ကသတိနဲ့နေတဲ့သူ၊ဥာဏ်ရှိတဲ့သူ၊သူ့စိတ်ကိုသူသိတဲ့သူတစ်ယောက်ဟာအ

ခက်တွေ့လာပြီဆိုရင်”မကောင်းတဲ့နည်းနဲ့မရိုးသားတဲ့နည်းနဲ့ဖြေရှင်းလိုက်ရင်ငါ့စိတ်ဓါတ်တွေ

ပျက်စီးသွားမယ်။ဒီနည်းနဲ့ငါမဖြေရှင်းဘူး၊ငါ့ရဲ့စိတ်ဓါတ်ကိုအပျက်စီးမခံနိုင်ဘူး။ငါရိုးရိုးသားသား

နဲ့ဥာဏ်ကြီးကြီးနဲ့ဖြေရှင်းမယ်။တကယ်လို့ဒီအခက်အခဲကြောင့်ငါ့မှာဆုံးရှုံးမှုနစ်နာမှုတွေရှိလာ

မယ်ဆိုရင်လည်းခံလိုက်မယ်။အခက်အခဲဆိုတာခဏပါ။တသက်လုံးမဟုတ်ပါဘူး။ခဏငါသည်း

ခံလိုက်ရင်တချိန်ကျရင်ပြေလည်သွားမှာဘဲ။”လို့တွေးပြီးဖြေရှင်းသွားတယ်။အဲဒီလိုသတိနဲ့ဖြေ

ရှင်းသွားရင်ဒီဒုက္ခပင်လျှင်သူ့ကိုလူကောင်းတယောက်ဖြစ်အောင်အထောက်အကူပြုပေးတယ်။

နောက်တယောက်ကျတော့အခက်အခဲတစ်ခုကြုံတိုင်း သူ့စိတ်ကိုသူမသိဘူးဆိုရင်

“အခက်အခဲတော့ကြုံပြီ၊ငါဘယ်လိုပရိယာယ်တွေသုံးရမလဲ။ဘယ်သူ့အပေါ်ပုံချလိုက်ရမလဲ။”

မရိုးသားတဲ့နည်းနဲ့တစ်ခုခုလုပ်ချင်လည်းလုပ်လိုက်မှာဘဲနော်။အဲဒီလိုမရိုးသားတဲ့နည်းနဲ့ပြဿ

နာကိုဖြေရှင်းလိုက်ကတည်းကိုကမရိုးသာတဲ့လူဖြစ်သွားပြီ။သူ့ရဲ့စိတ်ဓါတ်ပျက်စီးသွားပြီပေါ့။

လူတစ်ယောက်မှာတန်ဖိုးမဖြတ်နိုင်တဲ့စိတ်ဓါတ်ပျက်စီးသွားပြီဆိုရင်သူ့အတွက်ဘာမှကိုမကျန်

တော့တာ။မရိုးသားတဲ့နည်းနဲ့ထွက်ပေါက်ရှာတဲ့သူဟာကြာလေလေအဆင့်နိမ့်သွားလေလေဘဲ

။သူ့စိတ်ဓါတ်နဲ့အသိဥာဏ်ကဘယ်တော့မှမြင့်မြတ်တဲ့လူမဖြစ်နိုင်တော့ဘူး။အရည်အချင်းရှိတဲ့

သူဘယ်တော့မှမဖြစ်နိုင်တော့ဘူး။ယုတ်နိမ့်တဲ့သူဘဲဖြစ်တော့မှာ။အဲဒီတော့အခြေအနေတစ်ခု

ကြုံလာတိုင်းမှာဒီအခြေနေကကိုယ့်အပေါ်ဘယ်လောက်ထိဘယ်လိုလွှမ်းမိုးမလဲဆိုတာဟာ

ကိုယ့်အပေါ်မှာဘဲမူတည်ပါတယ်။

အဲဒါကိုဘယ်တော့မှမမေ့ပါနဲ့။

*ဆရာတော်ဦးဇောတိကရဲ့တရားစာအုပ်ဖတ်ရင်းနဲ့ အဲဒါလေးတွေ့လို့ အရမ်းသဘောကျလို့ ကိုယ်တိုင်

စာရိုက်ပြီးဝေမျှလိုက်ပါတယ်။ကူးယူဝေမျှလိုကဝေမျှနိုင်ပါတယ်ရှင့်။
Read More ->>

ဗုဒ္ဓနေ့


ဒီနေ့ ကဆုန်လပြည့်နေ့ ဖြစ်လို့ အိမ်ကဘုရား ကို

ရောင်တော်ဖွင့်ထားပါတယ်။

ကဆုန်လပြည့်ဟာ ဗုဒ္ဓဖွားတဲ့နေ့ ဖြစ်သလို ဘုရားဖြစ်တော်မူတဲ့နေ့

တစ်ရက်ဖြစ်လို့ ဗုဒ္ဓနေ့ လို့ခေါ်ပါတယ်။











Read More ->>

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းကတတ်နိုင်သလောက်

ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊

ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တိုတတ်တယ်။


• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။


• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကိုလွယ်လွယ်နဲ့မပေးပါနဲ့။

ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊စိတ်တိုရတယ်၊

ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။

ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။

အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှအရေးကြီးတာကိုလုပ်ရင်

ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကိုအရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင်

စိတ်ပေါ့ပါးသွားလို့သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။

စနစ်ရှိရင်အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။

အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့လုပ်လို့ဖြစ်တာမျိုးကို

သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်အကျင့်လုပ်ထားတာကောင်းတယ်။

အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့တွေးမနေရတော့ဘူး။

အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲသက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်သန့်ရှင်းသပ်ရပ်အောင်

် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့နေရာမျိုးမှာ

အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာမရှိပါစေနဲ့။

နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာစိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။

စိတ်တိုစရာကိစ္စ၊စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့

ပစ္စည်းမျိုးကိုမြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။

ကြည့်လိုက်တာနဲ့စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကိုမြင်သာတဲ့နေရာမှာ ထားပါ။

ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီးဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ

ကိုယ်ရောက် နေတယ်လို့မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ

ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ဝေးလေးကောင်းလေပဲ။

ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။

ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်လုပ်နိုင်ရင်ကောင်းတယ်။

မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီကအကူအညီတောင်းချင်သူတွေ

များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေကိုယ်မအားတုန်း အလုပ်များနေတုန်း

သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။

အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။

ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကိုအထူးရှောင်သင့်တယ်။

ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။

အဲဒါနဲ့ပဲကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကိုသူများကမကောင်းပြောရင်တောင်မှ

သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့

ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။

အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။

အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။

မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကိုဘယ်တော့မှ မပြောပါနဲ့။

စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။

စိတ်ပင်ပန်းမယ်။ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊

အတွေ့အကြုံများတဲ့သူမှသာကိုယ့်အခက်အခဲကိုနာလည်မယ်။

ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကိုသေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။

အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။

အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။

မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။

စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျလုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။

ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ဘယ်လိုအခွင့်အရေးတွေပေးမယ်

ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ချက်ချင်း

ဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီးတကယ်လုပ်တဲ့အခါ

ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်းကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။

အပြောနဲ့အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့

ဘယ်သူမှယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။

ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။

ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေတော်တော်များပါတယ်။

ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာအရေးမကြီးတာတွေကို ကိုသိတိုင်းလည်း

မပြောသင့်ဘူး။မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်စောင့်သင့်တယ်။

ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။

စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပါမျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။

ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။

ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။

ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။

လူနာရဲ့ အသက်ကိုလုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာတော်တော်ပင်ပန်းပါတယ်။

လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ

ပြင်းထန်တဲ့ ကရုဏာကိုဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။

စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်

သနားစရာကောင်းပါတယ်။ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။

မိဘတွေဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။

စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။

လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူကအပြစ်တင်မယ်၊

မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊စိတ်ဓါတ်ကျမယ်။ ဒါကြောင့်

ကိုယ့်အလုပ်နဲ့ပတ်သက်ပြီးဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး

တွေးထားပြီးတော့ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ခံရမှာသေချာတယ်၊

ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါစိတ်မပျက်ဘူး၊ စိတ်မညစ်ဘူး။

စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။သူတို့ကိုနားလည်ဖို့ကြိုးစားပါ။

ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။

ပြဿနာတော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။

တစ်ယောက်ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို

တစ်ယောက်နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက်

အဓိပ္ပါယ်မှန်အောင်မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။

ဒါကြောင့် ဆက်ဆံရေးအဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကိ

ု ဂရုတစိုက် နားထောင်ပါ။သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။

အထူးသဖြင့် အရေးကြီးတဲ့ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။

သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကိုမေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။

သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ်ဆိုတာကို သူသိအောင်ပြောပါ။

တစ်ယောက်ရဲ့ အခက်အခဲကိုတစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။

တစ်ယောက်နဲ့တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။

ကိုယ့်ဘ၀မှာအရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။

ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

* သူငယ်ချင်းတစ်ယောက်ဆီက Email ရလို့ Forward လုပ်တာပါရှင်။
Read More ->>