Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ချစ်သူသို့



တို့နှစ်ယောက်လမ်း
မဖြောင့်တန်းလည်း
လက်များမြဲမြံ
ခိုင်ခိုင်တွဲလျက်
ခရီးဆုံးတိုင်
လျှောက်ကြမယ်။

တိှု့နှစ်ယောက်ကြား
ဘယ်လိုတားဆီး
ဝင်ဖျတ်ဆီးလည်း
နှစ်ယောက်ရင်ဆိုင်
တူကျော်ဖြတ်မယ်။

ကိုယ့်ရဲ့နံဘေးဝယ်
မင်းရှိနေရင်
ဆူးခင်းလမ်းပင်ဖြစ်လင့်ကစား
ကိုယ်လျှောက်လှမ်းမယ်။
ခရီးလမ်းကြမ်း
မမှုစတမ်း
လက်တွေဆုပ်ကိုင်သွားကြမယ်။
Read More ->>

ရင်ခွင်တံခါး

ငါ့ ရဲ့ ရင်ခွင်တံခါး ကို
တိတ်တဆိတ်လာခေါက်
တိတ်တိတ်လေး ငါ့ရင်ခွင်မှာ ခိုအောင်းနေပြီး
တိတ်တိတ်လေး ပြန်ထွက်သွားခဲ့
ငါ့ရင်ခွင်တံခါးကိုတော့
သူက သော့ခတ်ခဲ့တယ်လေ။
တခြားသူတွေ လာမှာစိုးလို့တဲ့။

ခြောက်သွေ့နေတဲ့ မင်းမျက်ရည်တွေ
ထင်နေသေးတဲ့ မင်းရဲ့ခြေရာတွေ
မင်းရဲ့ ပြာလွင်လွင် ရယ်သံတွေ
အပြစ်ကင်းစင်တဲ့ မင်းရဲ့ အပြုံးနုနုတွေ
မင်းကို သတိရစေနိုင်မယ့် အရာတွေကို
မင်းက ချန်ထားခဲ့တယ်လေ။

ဒီလိုနဲ့ ရာသီတွေပြောင်း
ရက်ကို လစား . လကိုနှစ်စား
ပြက္ခဒိန်တစ်ခု ပြီးတစ်ခု ကုန်လို့
ဖုန်တက်နေတဲ့ ငါ့ရင်ခွင်က
သော့ပိုင်ရှင်ကို စောင့်မျှော်နေလေရဲ့။

တစ်ရက်တော့…
ညစ်နွမ်းနွမ်း နဲ့ ကောင်းလေးတစ်ယောက်
ဘယ်လိုမှ မမှတ်မိနိုင်လောက် အောင်
စုတ်ပြတ်သတ်နေတဲ့ ပုံစံနဲ့ သူ…
သံချေးတွေအထပ်ထပ်တပ်နေတဲ့
ရင်ခွင်သော့ ကို ကြိုးစားဖွင့်
နောက်နောင် ငါ့ရင်ခွင်ကနေ
သူဘယ်မှ မသွားတော့ပါဘူးလို့
အခါခါ ဆိုရင်း…
လောက ကြီးတစ်ခုလုံးကို
နှုတ်ဆက် ကျောခိုင်းလို့…….
Read More ->>