Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

တုတ်ကြမယ်ဟေ့....အတင်း/သတင်း



ကဲ…ဒီတခါတော့ တို့များ မိန်းကလေးပီပီ အတင်းတုတ်လိုက်ကြရအောင်။
ဒီထဲမှာ ပါဝင်ဆင်နွှဲ တုတ်လို့ရတာကတော့ စင်ကာပူက လူငယ် လူကြီး လူလတ်မရွေးဘဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ စင်ကာပူ ကမြန်မာဆိုင်တွေ အကြောင်းအတင်းတုတ် အဲ သတင်းထုတ်မလို့ ပါဘဲ။

အဟမ်း…အဟမ်း…. ကမ္ဘာကြီးက ရွာကြီးတရွာဆိုရင် စင်ကာပူနဲ့ မြန်မာကတော့ တံတားလေးဘဲ ခြားတဲ့ ဘေးချင်းကပ် ရွာလေး နှစ်ရွာ ပေါ့နော်။ မြန်မာ တွေတော်တော်များ များ စင်ကာပူကို အခြေချ လာတဲ့ နဲ့ အမျှ little Myanmar လို့ခေါ်တွင်တဲ့ Pennisula Plaza ကြီှးမှာလည်း သူ့ထက်ငါ အလုအယက် ဆိုင်လေးတွေဖွင့်လာ လိုက်ကြတာ ခုဆိုရင် ဆိုင်ခန်း တစ်ခန်း ထဲတောင်မှ နှစ်ခန်းခွဲ ငှား၊ ခွဲပြီးသားတခန်းကို လည်း အရှေ့ကို ဖုံးကဒ် သို့ ကွမ်းယာဆိုင်ကို ငှား အနောက်ကို ရုံးခန်း တခုကို ငှားနဲ့ တစ်ဆိုင်ထဲကို owner လေးယောက်လောက် ရှိတဲ့ အထိကို များပြားလာပါတယ်။ အဲလို များပြားလာတဲ့ အတွက် ကိုယ်တို့ အတွက်လည်း အတင်းတုတ်စရာတွေ များ ပြားလာတာပေါ့နော်။ အတင်းတုတ်ရုံတင် မဟုတ်ပါဘူး။ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာလေး တွေလည်း ဖော်ပြချင်လို့ပါ။

ပထမဆုံး စားသောက်ဆိုင်တွေနဲ့ စလိုက်ရအောင်။

Read More ->>

ကြောက်လိုက်တာလည်းလွန်ရော

ကြပ်ပြေးဘက်က လှိုဏ်ခေါင်းထဲသို့ အ၀င် (Photo: Yale Online Magazine)

မြန်မာစစ်ဗိုလ်ချုပ်ကြီးများဟာ ပေ ၂၀ ခန့် အမြင့်ရှိပြီးကုန်တင်ကားကြီးများ အလွယ်တကူ ၀င်ထွက်နိုင်တဲ့လှိုဏ်ခေါင်းများကို ကြပ်ပြေးနေပြည်တော်နဲ့ တောင်ကြီးဒေသမှာ တည်ဆောက်နေကြောင်း ဆောင်းပါးရှင် ဘာ့တေးလစ်တနာက ဓါတ်ပုံများနဲ့တကွ ရေးလ်နိုင်ငံတကာ မဂ္ဂဇင်းအင်တာနက်စာမျက်နှာမှာ ဆောင်းပါးတပုဒ် ရေးသားထားပါတယ်။ မြောက်ကိုရီးယားအကြောင်း ရေးထားတဲ့ Tunnels, Gunsand Kimchi: North Korea's Quest of Dollars Part1ဆောင်းပါးမှာ မြောက်ကိုရီးယားတွေဟာ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေအတွက် လှိုဏ်ခေါင်းတွေ တည်ဆောက်ပေးနေကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ယနေ့မြန်မာသတင်းဌာနအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ကြပ်ပြေးဒေသမှာ မြို့တော်သစ် တည်ဆောက် နေကြောင်းသတင်းများကို ၂၀၀၃၊ ၂၀၀၄ ခုနှစ်များက စတင် သိရှိခဲ့ရသလို ကြပ်ပြေးဒေသမှာ လှိုဏ်ခေါင်းများ တည်ဆောက်နေတဲ့သတင်းကိုလည်း၂၀၀၅ ခုနှစ်မှာ ကြားသိခဲ့ရပါတယ်။
သို့သော် လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ ဓါတ်ပုံများနဲ့တကွ သတင်းများ ပေါ်ထွက်ခဲ့တာကတော့ ဒီတခါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။


လှိုဏ်ခေါင်းတွင်းက ခန်းမကျယ်တခု
ထို လှိုဏ်ခေါင်းများဟာ ညူးကလီးယား စမ်းသပ်မှုများအတွက် (သို့မဟုတ်)ဗိုလ်ချုပ်ကြီးတွေ ခိုလှုံဖို့အတွက် စသည်ဖြင့် ဘာ့ကြောင့် တည်ဆောက် ထားတယ်ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ ၂၀၀၃အီရတ်စစ်ပွဲမှာ အမေရိကန်တွေက ဆာဒမ်ဟူစိန်ကို ရက်အနည်းငယ်အတွင်းဖြုတ်ချနိုင်ခဲ့တဲ့နောက် လှိုဏ်ခေါင်း တည်ဆောက်ဖို့ အပြီးသတ် ဆုံးဖြတ်ခဲ့ပုံရပါတယ်။ လှိုဏ်ခေါင်းများထဲမှာ အစည်းဝေးခန်းမများ၊ ရိက္ခာခန်းမကြီးများစသည်ဖြင့် ပါဝင်တဲ့အတွက် ကြပ်ပြေးနေပြည်တော်ကို ဗုံးကြဲတိုက်ခိုက်ရင်(ဒါမှမဟုတ်) တပြည်လုံး ဆူပူအုံကြွရင်တောင် စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့လှိုဏ်ခေါင်းတွေထဲမှာ လအနည်းငယ်ကြာအောင် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။တောင်ကိုရီးယားသမတ ချွန်ဒူးဝမ်ရဲ့အဖွဲ့ကို ရန်ကုန်မြို့ အာဇာနည်ကုန်းမှာမြောက်ကိုရီးယားသူလျှိုတွေက ဗုံးခွဲသတ်ဖြတ်ခဲ့တဲ့ ၁၉၈၃ ခုနှစ် ကာလက စတင်ပြီးမြန်မာအာဏာပိုင်တွေဟာ မြောက်ကိုရီးယားနဲ့ သံတမန်အဆက်အသွယ်ဖြတ်တောက်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၀၃ ဇူလိုင် ၁၀ ရက်နေ့ထုတ် အရှေ့ဖျားအာရှ စီးပွားရေးရာ သုံးသပ်မှုစာစောင် (Far Eastern Econimic Review) မှာ မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂၀ ဦးခန့်ကိုရန်ကုန်မြို့မှာ တွေ့ရကြောင်း ဖော်ပြခဲ့ပါတယ်။ သုံးသပ်သူတဦးကတော့ “မြန်မာစစ်အစိုးရဟာ ၂၀၀၀ ခုနှစ်မတိုင်မီကာလလောက်ကတည်းကရုရှားနဲ့ နီးစပ်ဖို့ စဉ်းစားခဲ့ပုံ ရပါတယ်။ ၂၀၀၃ ခုနှစ်ကာလတွေမှာ မြန်မာစစ်ဗိုလ်လောင်းတွေ ရုရှားမှာ ပညာတော်သင်သွားရောက်နေတယ်
ဆိုတဲ့သတင်းများ ရရှိခဲ့ပါတယ်။၂၀၀၀ နှစ်လွန်ကာလက မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်အောင်ရဲ့ ရုရှားခရီးစဉ်မှာ ရုရှားဆီကစွမ်းအင်ဆိုင်ရာ ညူးကလီးယားနည်းပညာ ယူလိုကြောင်း ရုရှားအာဏာပိုင်တွေကို အသိပေးခဲ့ပါတယ်။ အဲဒီနောက်မှာ မြောက်ကိုရီးယား
တွေဆီက မြေအောက်လှိုဏ်ခေါင်း တည်ဆောက်တဲ့နည်းပညာ ရနိုင်ကြောင်းနည်းလမ်း ရုရှားက နည်းပေးလမ်းပြ လုပ်ခဲ့ပုံရပါတယ်။“ လို့သုံးသပ်ပါတယ်။လက်ရှိ မြန်မာစစ်အစိုးရဟာ ယောဒေသက မီးရထားလမ်း တည်ဆောက်စဉ်လှိုဏ်ခေါင်းဖောက်ခြင်းကို ဂျပန်နည်းပညာနဲ့ ၁၉၉၀ လွန်ကာလက စတင် ပြုလုပ်ခဲ့ပါတယ်။ သို့သော် ကာလအတော်ကြာတဲ့အထိ အောင်မြင်မှု မရရှိခဲ့ဘူး။ သို့ပေမယ့်အခု မြောက်ကိုရီးယားနဲ့ လှိုဏ်ခေါင်းများ တည်ဆောက်တဲ့အခါမှာတော့အချိန်တိုအတွင်းမှာ လျှင်လျှင်မြန်မြန်နဲ့ အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့တာတွေ့ရပါတယ်။ ၁၉၉၀ လွန်ကာလက လှိုဏ်ခေါင်း ဖောက်လုပ်မှုဟာ အစိုးရဆောက်လုပ်ရေးလုပ်ငန်းနဲ့ တည်ဆောက်ရတာ ဖြစ်ပြီး အခုအခါမှာတော့ စစ်အင်ဂျင်နီယာတပ် (သို့) စစ်ဗိုလ်ချုပ်များနဲ့ နီးစပ်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီများကတည်ဆောက်ခဲ့ပုံရပါတယ်။

ကုန်သေတ္တာတင်ကားကြီးများ ၀င်ရောက်နိုင်တဲ့ တောင်ကြီးဘက်က ဥမင်လှိုဏ်ခေါင်း အ၀င်ဝကို
စစ်ဗိုလ်ချုပ်ကြီးများ စစ်ဆေးနေပုံ
(Photo: Yale Online Magazine)


ဆောင်းပါးရှင် ဘာ့တေးလစ်တနာကတော့ မြန်မာစစ်အစိုးရဟာ ၁၉၉၀ လွန်ကာလကတည်းက မြောက်ကိုရီးယားကိုယ်စားလှယ်တွေနဲ့ ဘန်ကောက်မှာတွေ့ဆုံခဲ့ကြောင်း သူ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ၂၀၀၀ ကျော်နှစ်များက မြောက်ကိုရီးယားဟာ မြန်မာစစ်အစိုးရအတွက်လက်နက်ကြီးများ ဖြည့်တင်းပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ကမ္ဘာမှာ အတော်ဆုံး ဥမင်လှိုဏ်ခေါင်း တည်ဆောက်သူတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံ ပါဝင်တာမို့ မြန်မာစစ်အစိုးရအနေနဲ့ အဲဒီနည်းပညာတွေကို ဈေးပေါပေါနဲ့တော့ ရခဲ့ဟန် မတူပါဘူး။ သို့သော်လည်း အခုလို တည်ဆောက်မှုတွေအတွက် ဘယ်လိုပုံနဲ့ ငွေပေးချေတယ်ဆိုတာကိုတော့ ဘယ်သူမှ အသေအချာ မသိကြသေးကြောင်း၊ ကုန်ပစ္စည်းချင်း လဲလှယ်တဲ့စနစ်နဲ့ ငွေပေးချေမှု ပြုလုပ်ဟန် ရှိကြောင်းသုံးသပ်ကြပါတယ်။
စစ်အစိုးရ တည်ဆောက်ထားတဲ့ လှိုဏ်ခေါင်းများဟာ ကုန်သေတ္တာတင်ကားကြီးများ ၀င်ရောက်နိုင်တဲ့အထိ ကြီးမားတာကို တေ့ရွ ပြီး တံတား၊ လမ်း၊ စက်ရုံ၊မီးရထားလမ်း၊ ရေကာတာ တည်ဆောက်မှု လုပ်ငန်းများနဲ့ ဖွင့်ပဲမျွားအကြောင်းဝေေ၀ဆာဆာ တင်ပြတတ်တဲ့ စစ်အစိုးရအာဘော်သတင်းစာများမှာ ကြပ်ပြေးနဲ့တောင်ကြီးက လှိုဏ်ခေါင်းကြီးများအကြောင်း ဖော်ပြတာကိုတော့ မတွေ့ရပါဘူး။မြန်မာစစ်ဗိုလ်ချုပ်ကြီးများရဲ့ လှိုဏ်ခေါင်းများနဲ့ ပတ်သက်ပြီး နယူးယောက်နေမြန်မာတဦးက “ဒီ လှိုဏ်ခေါင်းတွေ တည်ဆောက်တဲ့အတွက် စစ်ဗိုလ်ချုပ်တွေအတွက်တော့ အနည်းဆုံး ငွေကြေးအရ အကျိုးရှိမှာ သေချာတယ်။စစ်အင်ဂျင်နီယာတပ်နဲ့ တည်ဆောက်ရင်လည်း အဲဒီတပ်က သက်ဆိုင်ရာစစ်အရာရှိတွေကို ပေးရကမ်းရမှာပဲ။ ဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သက်တဲ့ ပုဂ္ဂလိက
ကုမ္ပဏီတွေနဲ့ တည်ဆောက်ရင်လည်း တိုင်းပြည်ဘဏ္ဍာတွေ သူတို့အိတ်ထဲကိုရောက်မှာပဲ။ ပြည်သူပြည်သားတွေအကျိုးအတွက်တော့ ဘာမှ ရှိဟန် မတူဘူး။“လို့ ပြောပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ အခုလို လှိုဏ်ခေါင်းကြီးများ တည်ဆောက်ခြင်း အပါအ၀င် စစ်စားရိတ်များစွာ အသုံးပြုခြင်းဟာ မြန်မာပြည် ဆင်းရဲမွဲတေခြင်းရဲ့ အကြောင်းတခုလေလားလို့ စဉ်းစားစရာ ဖြစ်နေပါတယ်။

သူငယ်ချင်းတစ်ယောက် ဆီကရတဲ့မေးလ်ပါ။
သူလည်း Burma Today ထဲကကူးယူထားတယ်တင်တယ်။
Read More ->>

ကျွန်မ ဘီလူးမ မဟုတ်ပါ

ကမ္ဘာပေါ်မှာ မျက်နှာ အစားထိုးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တာ ဒါနဲ့ဆိုရင်လေးကြိမ်မြောက်ပါ။ အရင်အကြိမ်တွေက

အခုလောက်ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့ပါဘူး။ မျက်နှာအစိတ်အပိုင်း ၈၀% လောက်ကို

အောင်မြင်စွာအစားထိုးကုသပေးခဲ့တာ ကတော့ Ohio ပြည်နယ်က Cleveland Clinic က Dr.Maria

Siemionow ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့ဖြစ်ပြီး ကုသခံလူနာကတော့ Connie Culp လို့ခေါ်ပါတယ်။



Connie Culp ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ခင်ပွန်း Thomas ကနေ သူ့ကို သေနတ်ဖြင့်ပစ်ခဲ့ပါတယ်။ ပြီးတော့

Thomas သူ့ကိုယ်သူလည်းပြန်ပစ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ Thomas ဟာ ထောင်ဒဏ် ၇ နှစ်ကျခံနေရပါတယ်။

Culp ကတော့ မသေဘဲ ဘ၀ကိုဆက်လက်ရှင်သန်ခဲ့ပါတယ်။ ဒါပေမဲ့ မျက်နှာကို ကျည်ဆံ ထိမှန်မှုကြောင့်

သူမရဲ့နှာခေါင်း၊ နှုတ်ခမ်းလွှာ ၊ပါးပြင် နဲ့ မျက်သားခွံတွေဟာပျက်စီးသွားခဲ့ပါတယ်။ အဲဒီ ယမ်းမှုန့်တွေ

ဟာသူမရဲ့မျက်နှာပြင်တစ်ခုလုံးမှာ ပြန့်နှံနေခဲ့ပါပြီ။ သူမရဲ့မျက်နှာပြင်မှကောင်းတာဆိုလို့

အပေါ်မျက်သားခွံ၊နဖူး၊အောက်နှုတ်ခမ်းနဲ့ မေးစေ့ သာကျန်ပါတော့တယ်။ တစ်ခါက

ကလေးလေးတစ်ယောက်က သူမကိုဘီလူးမဟု ခေါ်တာ Culpကြားလို့ အဲဒီကလေးကို သူမရဲ့

လိုင်စင်ကတ်ပြားထုတ်ပြပြီး သူမဟာ ဘီလူးမဟုတ်ပါဘူး၊ လူသားစင်စစ်ဖြစ်ပါတယ်လို့ ရှင်းပြခဲ့ရကြောင်း

သူမက ၀မ်းနည်းဖွယ် ပြောပြခဲ့ပါတယ်။ Culp ဟာအခါ ၃၀ လောက်ခွဲစိတ်မှုခံယူမှုပြုခဲ့ပါတယ်။

ဆရာဝန်တွေဟာ သူမရဲ့ နံရိုးက အစိတ်အပိုင်းတွေယူပြီး ပါးရိုးတွေ လုပ်၊ ခြေထောက်ကအရိုးတွေကနေ

အပေါ်မေးရိုးတွေလုပ် ကြိုးစားခဲ့ကြပါတယ်။ သူမရဲ့ပေါင်သားတွေိကိုလည်းလှီးတာ မရေတွက်နိုင်အောင်ပါဘဲ။

ဒါပေမဲ့ သူမဟာ အဖတ်စားလို့မရ၊ နှားခေါင်းပေါက်နဲ့ အသက်ရှူလို့မရ၊ အနံ့အသက်မရရှိသေးပါဘူး။

သူမအသက်ရှူဖို့ လည်ပင်းမှာ အပေါက်ဖောက်ထားပေးရပါတယ်။




အဲဒီလိုနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့၊ ခွဲစိတ်ချိန် ၂၂ နာရီ ကြာအပြီးမှာတော့… Cleveland Clinic က Dr.Maria

Siemionow ဦးဆောင်တဲ့ ဆရာဝန်များအဖွဲ့ဟာ Culp မျက်နှာ ၈၀% နဲ့အတူ အရိုး၊အကြော၊အရေပြား နဲ့

သွေးကြောတွေ ကို သေတာနာရီပိုင်းလောက်ပဲရှိဦးမယ့်၊သူရဲ့မျက်နှာကို လှူဖို့သဘောတူထားတဲ့ အမျိုသမီး

တစ်ဦးနဲ့ အစားထိုး ကုသမှုအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။



သူမမှာ နှာခေါင်းလည်းရှိလာပြီလို့ ၇ယ်ပြီးပြောပါတယ်။

ဇန်န၀ါရီလမှာတော့ Culp ဟာ ပီဇာနဲ့ ဘာကာ ကို ဒီ ၅ နှစ်အတွင်းမှာ ပထမဆုံး စားနိုင်လာပါပြီ။ သူမဟာ

ကွတ်ကီးနဲ့ ကော်ဖီ ကိုကြိုက်နှစ်သက်တယ်လို့လည်း Dr.Maria Siemionow ကပြောပါတယ်။ အခုထိတော့

သူမရဲ့မျက်နှာ ၈၀% အစားထိုးလိုက်ရလို့ သူမရဲ့စိတ်ခံစားမှုကို မျက်နှာမှာ

သိပ်ဖော်ပြလို့မရသေးဘူးဟုလည်းပြောပါတယ်။

* ပုံများကို ဒီဆိုဒ် ကနေကူးယူဖေါ်ပြပါတယ်။
Read More ->>