Showing posts with label အမှတ်ရစရာများ. Show all posts
Showing posts with label အမှတ်ရစရာများ. Show all posts

နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ…

သြော် အချိန်တွေကုန်တာမြန်လိုက်တာ။ ရက်တွေတိုက်စား လတွေနှစ်ပြောင်း ခုဆိုရင် ဘာလိုလိုနဲ့ ၂၀၁၀ ရဲ့ ဒုတိယမြောက်လ ဖေဖေါ်ဝါရီ လတောင် တဖြေးဖြေးနဲ့ ကုန်လွန်တော့မှာပါလား။ ဆောင်းရနံ့တွေ ရွေ့ရွေ့ နဲ့ ကုန်ဆုံးပြီး ပူပြင်းလှတဲ့ နွေ ကို ဖိတ်ခေါ် တော့မယ် ဖေဖေါ်ဝါရီ အချမ်းပေါ့ အပူစမ်း ရာသီ ဥတု ကလည်း လူ ကို နေမထိ ထိုင်မသာ ဖြစ်စေပါတယ်။ ညတာ အတို နဲ့ အရှည် ကူးပြောင်းတဲ့ အခိုက်မှာ နှုတ်ဆက် ပါသည် ဖေဖေါ်ဝါရီ။


ဖေဖေါ်ဝါရီလ တစ်လလုံးမှာ ဘာတွေ အမှတ်တရရှိခဲ့လည်းဆိုတာ နဖူးပေါ်လက်တင် စဉ်းစားနေခဲ့ ပါတယ်။ ပြန်စဉ်းစား လိုက်တော့ ဒီဖေဖေါ်ဝါရီ မှာ မြန်မာပြည်ရဲ့ အရေးကြီးတဲ့ အထင်ကရ နေ့တွေကလည်း စုစည်းလို့ နေတယ် ။ ကျွန်တော်တို့ မြန်ပြည် ရဲ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို သူရဲ့ မိခင်ဒေါ်စုက ၁၃ ရက်နေ့ ဒီလမှာ ဘဲလောကကြီးထဲကို သယ်ဆောင်လာခဲ့တယ်။ မကွေးတိုင်း နတ်မောက်ခရိုင်လေးမှာ ပေါ့။ အဲဒီ တုန်းကတော့မထင်မရှားပါဘဲ။ ဒါပေမယ့် သူရဲ့ ကြိုးစားမှု၊ မျိုးချစ်စိတ်ဓါတ် ရှိမှု၊ တရား မျှတမှု တို့ကြောင့် ကမ္ဘာ့အလယ်မှာ သူ့ကြောင့် မြန်မာလူမျိုးစု ဂုဏ်တက်ခဲ့ ရတယ်။ ဗိုလ်ချုပ်ကပဲ တိုင်းရင်းသားစည်းလုံး ညီညွတ်အောင် ဆိုပြီး ပင်လုံစာချုပ် ကို ဒီ ၁၂ ရက်နေ့မှာဘဲ ချုပ်ဆိုခဲ့လို့ ပြည်ထောင်စုနေ့ လို့ခေါ်တွင်ခဲ့တယ်၊ မြန်မာ ပြည်သူတွေ အတွက် မမေ့နိုင်တဲ့ လမြတ် လေး တစ်လပေါ့။ခုတော့ နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ.။

မြန်မာပြည်မှာတင်မဟုတ် ကမ္ဘာမှာလည်း ဖေဖေါ်ဝါရီနဲ့ ပတ်သတ်လို့ အထိမ်းအမှတ်နေ့ တွေလည်း ရှိပါသေးရဲ့။ချစ်တက်သူ တွေအတွက်မရှိ မဖြစ်တဲ့ နေ့လေးတစ်ရက်ပေါ့။ ဒီနေ့လေးမှာ ချစ်တဲ့သူချင်း တစ်ယောက်နဲ့ တစ်ယောက်အချစ်တွေကို ဖလှယ်ကြတယ်။ လက်ဆောင်တွေလဲကြတယ်။ ပန်းစည်းတွေပို့ကြတယ်။ ဒီပန်းစည်းတွေ လက်ဆောင်တွေနဲ့ သူတို့ ရဲ့အချစ်ကို ပြသခဲ့ကြတယ်။ ဒီချစ်သူများနေ့ဖြစ်တဲ့ ၁၄ ရက်နေ့ကို အေဒီ ၅၀၀ လောက်က POPE တစ်ယောက်က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဖေဖေါ်ဝါရီလဟာ လူထူးလူချွန်တွေ မွေးတဲ့ လလို့ဘဲ ပြောရမလား ။ ဒီဖေဖေါ်ဝါရီလမှာ ဘဲ ဗိုလ်ချုပ်အပြင် နောက်ထပ် လူရည်ချွန်နှစ်ဦးက ကမ္ဘာလောကထဲ ရောက်လာခဲ့တယ။် အဲဒီလူတွေကတော့ အမေရိကန်သမ္မတ ဟောင်းတွေဖြစ်တဲ့ Abraham Lincoln နဲ့ George Washington တို့ဘဲဖြစ်တယ်။ သူတို့မွေးနေ့တွေ ကဖေဖေါ်ဝါရီလမှာဖြစ်ပေမယ့် မွေးရက် မတူကြတဲ့ အတွက် President Nixon က holiday ကို ကြားချပေးတဲ့ အနေနဲ့ ဖေဖေါ်ဝါရီ လတိုင်းရဲ့ တတိယမြောက် တနင်္လာနေ့တိုင်းကို “သမ္မတနေ့ -President day” လို့ ၁၉၇၁ ခုနှစ်မှာ သတ်မှတ်ပေးခဲ့ပါတယ်။

ကဲ ဘယ်လာက် သမိုင်းဝင်တဲ့ ဖေဖေါ်ဝါရီလဲ။ ဒါပေမယ့် ခုတော့လည်း အချိန်ရာသီရဲ့ စေခိုင်းမှုကြောင့် ဒီဖေဖေါ်ဝါရီလည်း ကုန်ဆုံးခဲ့ပြီလေ။ ကိုယ်ကော ဒီလမှာ ဘာတွေလုပ်ခဲ့လည်း။ အကျိုးရှိတာတွေ လုပ်ခဲ့လား ၊ အကျိုးမရှိတာ တွေလုပ်ခဲ့လား စဉ်းစားရင်း ၀မ်းနည်းစွာဖြင့််……….။


နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ…။



Read More ->>

မမေ့နိုင်တဲ့ အတိတ်.......၈၈၈၈ သပိတ်


အစဉ်အလာ ငါးဆယ့်ရှစ်
အများ မချစ်ခဲ့။

ခြောက်ဆယ့်နှစ်
အမြှောက်နဲ့ပစ်။

ဦးသန့် အရေး ခုနှစ်ဆယ့်လေး
ဒူးနှံပြီးတော့ သွေးအေးတယ်။

ရှစ်ဆယ့်ရှစ်
ပစ် ဆက်ပစ်။

နှစ်ထောင့်ခုနှစ်
ဓမ္မ န္တရာယ်များ ပစ်ဖောက်ပစ်။

နှစ်ထောင့်ရှစ်…နာဂစ်
ဘာဖြစ်ဖြစ် ဖွဲ့စည်းပုံကို ညစ်။

နှစ်ထောင့်ကိုး
အဆိုးမြင်ဝါဒီ တွေ
ရေသန့်ဗူးကို ရမယ်ရှာ
ငြိမ်းချမ်းရေး ငှက်ပြာကိုဖမ်း
အင်းစိန် ဂက်စတာပို စခန်းပို့တယ်။

နှစ်ထောင့်တစ်ဆယ်
ပြည်သူ့အသည်းကြားက မဲတစ်ပြား
လှံစွပ်ဖျားနဲ့ ကော်ထုတ်
တစ်သက်လုံး အုပ်ချုပ်သူလုပ်ဖို့အတွက်
စကောလောက်မှ ဇောက်မနက်
အကြံတွေ ပက်စက်။

တပ်က မတော်မှတော့
သူတို့အော် အော်နေတဲ့
တပ်မတော် ရဲ့ အစဉ်အလာ
အဲဒါ….။။


ဒါလေးက ဇူလိုင်လထုတ် မဇ္ဈိမ ဂျာနယ်မှာ ပါတဲ့ မောင်မောင်ငြိမ်းအေး ရေးသားတဲ့ အစဉ်အလာ ဆိုတဲ့ ကဗျာလေးပါ။

ဒီနေ့ဟာ ဘာနေ့လည်းဆိုတာ အထူးတလည်ရှင်းပြနေဖို့မလိုပါဘူး။ ကိုယ်ကအဲဒီ ၈လေးလုံး အရေးတော်ပုံဖြစ်တဲ့နှစ်မှာ နှစ်တန်းပါ။ ကိုယ်တို့မေမေဘက်က အဖိုးနဲ့ အဖွားဟာ ဗဟန်းရေတာရှည် လမ်းဟောင်းမှာနေပါတယ်။ အဖိုးတို့ ခြံရယ် ၊ညာဘက်က ဦးအောင်တို့ခြံရယ်နောက် ဘယ်ဘက်ကတော့ ရှေ့နေဦးကျော်ဇေယျ တို့နေတဲ့ခြံရယ် အဲဒီ သုံးခြံလုံးက ဗဟန်းမှာ တော်တော်ကျယ်တဲ့ ခြံတွေဖြစ်တဲ့ အပြင် ဘိုးဘွားပိုင်မြေ ဂရမ်တွေနဲ့ပါ။ အရေးအခင်းလည်း ဖြစ်ရော အဖိုးနဲ့ အဖွားနဲ့ က အနီးအဝေးမှာ ရှိတဲ့ သားသမီးနဲ့ မြေး တွေကို သူတို့တိုက်မှာဘဲ ခေါ်ထားပါတယ်။ အရေးအခင်းမဖြစ်ခင်း တုန်းကလည်း အဖွားက သားသမီး မြေးတွေကို တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်း အုန်းနို့ခေါက်ဆွဲ ၊ ဗူးသီးကြော် (ခြံထဲမှာဗူး စင်ရှိလို့ ဗူးသီး အလကားရပါသည်) တို့ မုန့်ဟင်းခါး
တို့ တမျိုးမဟုတ် တမျိုးမရိုးနိုင်အောင် လုပ်ကျွေးပါတယ်။ အရင်တပတ်တခါတွေ့ ရတော့ ခု မောင်နှမ တစ်ဝမ်းကွဲ တွေအများကြီးနဲ့ တူတူနေရတော့မယ်ဆိုတော့ ပျော်တာပေါ့နော်။ကလေးအတွေးနဲ့ပေါ့။ ကြောက်ရမယ်မှန်းလည်းမသိဘူးလေ။

အဖိုးတို့ခြံက ရွှေတိဂုံဘုရားနဲ့ နီးတော့ တစ်ခါတစ်ရံမှာ သေနတ်သံတွေကြားရတတ်တယ်။ အဖိုးနဲ့ သားတွေ သားမက်တွေက ခြံတံခါးတွေ လိုက်ပေးရတယ်။ ခြံကအရမ်းကျယ်တော့ လူသုံးယောက် လေးယောက်လောက် ပတ်ပိတ်မှ မြန်မြန်ပြီးမှာ။ သေနတ်သံကြားပြီးလို့ အေးအေးဆေးဆေးဖြစ်သွားပြီး ဆိုရင် ကိုယ်တို့တွေကပြတင်းပေါက်ကနေ အသာလေးချောင်းကြည့်တယ်။ အစ်ကိုကြီး တစ်ယောက်ပေါ့နော် သွေးသံရဲရဲ နဲ့ ပြေးလာတာတို့၊ အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတို့ တွေ့ရတယ်။ အဲလိုမျိုးကျရင် ပြတင်းတံခါးကိုမြန်မြန်ပိတ်ပြီး ကုတင်အောက်ထဲမှာသာ ပုန်းနေကြတော့တယ်။ ညဘက်တစ်ညမှာတော့ အဖိုးတို့ခြံကို ကျောင်းသားလို့ထင်ရတဲ့ လူလေးယောက် တံခါးလာခေါက်တယ်။ အဖိုးက ဘာကိစ္စလည်းမေးတော့ သူတို့က ကျွန်တော်တို့ ဒီခြံထဲမှာ ခဏ ခိုလှုံချင်လို့ပါတဲ့။ အဖိုးကလည်း ခိုလှုံခွင့်ပေးခဲ့တယ။် မနက်ကျတော့ ခြံထဲဆင်းကြည့်တော့ အဲဒီလူတွေမတွေ့ရတော့ဘူးလေ။

ကိုယ်တို့ အိမ်မှာအဲဒီတုန်းက Publica ကားလေးတစ်စီးရှိတယ်။ ဖေဖေက ကိုယ်တို့မောင်နှမ တစ်ဝမ်းကွဲတွေေ၇ာ၊ မေမေ့ညီမတွေရောခေါ်ပြီး မြို့ထဲကို ကားလျှောက်မောင်းပြီး တရားဟောတာတွေလိုက်ကြည့်ကြပါတယ်။ ကားခေါင်းမှာ ခွပ်ဒေါင်းအလံကြီးက တစ်လူလူပေါ့။ ကိုယ်တို့ တွေကလည်း နဖူးစီး တွေ လက်ပတ်တွေ ပတ်ထားလိုက်ကြတာ။ဘာမှကို ကြောက်စိတ်မရှိခဲ့ကြတာ။ အဲဒီတုန်းက တူးတူးတို့ ဘာတို့တောင်တွေ့ခဲ့သေးတယ်။ ထားပါတော့။ အဲလိုနဲ့နောက်ပိုင်း မဲစနစ် ဆိုတော့လည်း ကိုယ်တို့တစ်အိမ်လုံး NLD ကိုဘဲမဲပေးခဲ့ကြပါတယ်။ စပါးနှံ ဆိုတဲ့သူတွေကို မုန်းမှမုန်းဘဲ။ မဲနိုင်ပေမဲ့လည်း သူတို့ကတိမတည်ခဲ့ကြပါဘူး။

၁၉၉၁ ခုနှစ် ဘုန်းကြီး ဦးကောသံလခေတ်မှာ ကိုယ်တို့အရမ်းပျော်ခဲ့ကြတဲ့ ဗဟန်းအိမ်ကြီးကို အပြီးတိုင်စွန့်လွှတ်ခဲ့ရပါတယ်။ ဘိုးဘွားပိုင်မြေ ကို ဂရမ်မပေါက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သာသနာ့မြေ အဖြစ်သိမ်းပိုက်ခဲ့ပါတယ်။ ဖေဖေကဖိုးဖိုးကိုပြောပါတယ်။ အဲဒါလိုက်လုပ်ရင်ရတယ်တဲ့။ကိုယ်တို့ အဖိုးက ကောင်စီခေတ်မှာ တော်တော်အရာရောက်တဲ့ပုဂ္ဂိုလ်တစ်ဦးပါ။ တောင်တန်းသာသနာ ပြုအဖွဲ့ကိုလည်း သူဦးဆောင်ပြီး အကုန်လိုက်လုပ်ပေးပါတယ်။ လာဘ်လည်မစားပါဘူး။ အဲဒါကြောင့် ဗဟန်းမှာ ကိုယ်တို့အဖိုးကို ဆိုရိုသေကြပါတယ်။ လေးစားကြပါတယ်။ ကိုယ်တို့ အဖိုးက တကယ့်ကို စာအုပ်ကြီးသမား ဖြစ်တဲ့အတိုင်း ဖေဖေစကားကို လက်မခံခဲ့ပါဘူး။ ဖိုးဖိုးတို့ကို မြေနေရာအစားပြန်ပေးတော့ ဒဂုံမြို့သစ်တောင်ပိုင်းတဲ့။ ပြီးတော့ ဖိုးဖိုးတို့ခြံ အကျယ်ကြီးဟာကို ပြန်ပေးတော့ အိမ်နှစ်လုံးလောက်စာ။ နောက်တော့ဖိုးဖိုးလည်း အဲဒီစိတ်ကြောင့် အိပ်ယာထဲဘုန်းဘုန်းလဲ ခဲ့ပါတယ်။ သူကောင်းခဲ့သလောက် ပြန်မကောင်းဘူးဆိုပြီး။ ကိုယ်တို့တွေလည်းအရမ်းကိုမုန်းခဲ့ပါတယ်။

ဒါက ကိုယ်တို့အဲဒီအချိန်က အဖြစ်အပျက်လေးပါ။
ကျဆုံးသွားသော ကျောင်းသားများ ရဲဘော်များ အာဇာနည်များကို ဂုဏ်ပြုလျှက် ။။။။။။။
Read More ->>

မေ့နိုင်ဘူးလေ ရန်ကင်းမြို့က ကလေးဘ၀အချိန်လေးတွေ

ကိုယ်တို့မိဘတွေကမိုးကုတ်မှာနေရင်သားသမီးတွေပညာရေးမကောင်းမှာစိုးလို့ရန်ကုန်ရောက်

လာခဲ့ကြတယ်။ပထမဆုံးကိုယ်တို့နေရတာကဗဟန်းဖိုးဖိုးဖွားဖွားတို့အိမ်မှာ။နောက်တော့ဖွား

ဖွားရဲ့ကျေးဇူးကြောင့်ရန်ကင်းမှာကိုယ်တို့မိသားစုသီးသီးသန့်သန့်လေးနေနိုင်ခဲ့ကြတယ်။အခု

ထက်ထိနေခဲ့ကြတယ်ဆိုပါတော့။ဒါကြောင့်ရန်ကင်းကကိုယ်တို့မွေးရပ်မြေမဟုတ်ပေမဲ့ကိုယ့်ရဲ့

ဇာတိလိုမျိုးကိုဖြစ်နေပြီ။ကိုယ်သူငယ်တန်းကတည်းကအခုအချိန်ထိဆိုတော့စဉ်းစားကြည့်လေ

။အခုချိန်ရန်ကင်းကနေတခြားပြောင်းပါဆိုရင်တောင်မပြောင်းချင်တော့ဘူး။ကိုယ့်နယ်လိုဖြစ်နေ

တာဆိုတော့။

ရန်ကင်းဆိုတာနဲ့လူတွေကနှားခေါင်းရှုံချင်ကြပါတယ်။ဟုတ်လည်းဟုတ်နေတာဘဲ။ရန်ကင်းက

လူတွေကလဲတော်တော်လေးကိုဆိုးပါတယ်။ယောကျာ်းလေးဆိုရင်ရုပ်တွေကတော့များသော

အားဖြင့်ဖြောင့်ပါတယ်။ဒါပေမဲ့ မိုက်တီးလေးတွေကတော့ ကတော်တော်များတယ်။ပြီးတော့

အဖွဲ့လိုက် အားကိုးနဲ့ မိုက်ကြတာ။တစ်ယောက်တည်းဆိုရင်တော့ …ဟီးဟီး။ပြောပြရဦးမယ်

အစ်ကို အကြောင်း။ တစ်ရက် ကိုယ်ရယ်ကိုယ့်ဖေဖေရယ် ကိုယ့်ကိုကိုရယ် အ၀ိုင်းလေးနားက

ဆီဆိုင်မှာ ဆီသွားထုတ်ပြီးအပြန် ကိုယ်တို့လမ်းထဲကိုအကွေ့ ကားတစ်စီးနဲ့ငြိမလိုဖြစ်ကြတယ်။

အဲဒီကားက ရန်ကင်းကတော့မဟုတ်ဘူး။အဲဒါနဲ့ ကိုယ်တို့ကားရောသူတို့ကားရောရပ်ပြီး

စကားများကြတယ်။ကိုယ့်အစ်ကိုကလဲ ခင်ဗျားတို့ကလဲလွန်သေးတယ်။မတောင်းပန်တဲ့အပြင်

ဘာစကားပြောတာလဲဘာလဲညာလဲပေါ့။ကိုယ့်အဖေကလည်းသားကြီး ကောင်းကောင်း

မွန်မွန်ပြော၊လေအေးလေးနဲ့ပြောတာပေါ့။တဖက်ကလည်းသူတို့ကလည်းမှားသေးတယ်လာပြီး

အကြောကြီးနဲ့ပြောတော့ အစ်ကိုကဒေါကန်တာပေါ့။ဖေဖေကတော့နှစ်ဖက်လုံးကိုတားနေတာ။

အဲဒီအချိန်မှာ အစ်ကိုကဒေါနဲ့မောနဲ့ ခင်ဗျားတို့ခဏနေဦးကျုပ်ပြန်လာခဲ့မယ်လည်းဆိုရော

ကိုယ်ရော ကိုယ့်ဖေဖေကောလန့်သွားတာပေါ့။ဝါးရင်းတုတ်တွေများဓါးတွေများသွားယူလာ

မလားဆိုပြီး။ ဘယ်ဟုတ်မလဲသူကလက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့သူ့သူငယ်ချင်းတွေအုပ်စု

တွေ သွားခေါ်လာတာကိုး။အဲဒီမှာတဆက်တည်းဖေဖေကလည်းအုပ်စုတောင့်ပြီဆိုတာနဲ့

ခုနကလေပြေအေးနဲ့ ပြောနေတဲ့ဖေဖေအခုတော့ပုဆိုးတွေဘာတွေပြင်ဝတ်ပြီးခင်ဗျားတို့

မိုက်လား ဘာလားဆိုပြီးလုပ်တော့တာဘဲ။တဖက်လူတွေကလည်းအုပ်စုကိုမြင်ပြီးကျွတ်သွား

တယ်ထင်ပါရဲ့။တစ်ချိုးတည်းကိုလစ်တော့တာ။အဲဒီလောက်သတ္တိကောင်းတဲ့ကိုယ်အဖေနဲ့

ကိုယ့်အစ်ကိုလေ။

ကိုယ်ကရန်ကင်းမှာကလေးဗိုလ်လေ။ကိုယ့်ကိုရပ်ကွက်ထဲကအစ်ကိုကြီးတချို့ကနာမည်ပေး

ထားကြတယ်။သမီးဗိုလ်အောင်ဒင်တဲ့။ခုန်ပျံကျော်လွှားလာမလား၊ဂေါလီရိုက်မလား၊ကြွင်းစိမ်

မလား၊အရုပ်ကိုဖိနပ်နဲ့ပစ်မလား၊ဂျင်ပေါက်မလား စွယ်စုံရတဲ့အီဖေကိုယ်လေ။ကိုယ်ကကလေး

ခေါင်းဆောင်။ကိုယ်တို့တိုက်မှာရှိတဲ့ကလေးတွေစကားစပြောပြီဆိုတာနဲ့ကိုယ့်နာမည်အရင်ခေါ်

တတ်တာ။သီတင်းကျွတ်ကျောင်းပိတ်ခါနီးပြီးဆိုရင်ရသမျှမုန့်ဖိုးတွေမုန့်မစားတော့ဘူး။သတင်း

ကျွတ်ကျရင်ကိုယ်တို့နှစ်တိုက်နဲ့လမ်းမခြားထားတဲ့ ဟိုဘက်နှစ်တိုက်နဲ့ စစ်ဖြစ်ရင်ပစ်ဖို့

ဗျောက်အိုးတို့မီးရှူးတွေဝယ်ဖို့ ပိုက်ဆံစုထားရပြီ။

သတင်းကျွတ်ညဖက်ဆိုရင်လမ်းမတောင်မမြင်ရတော့ဘူး ဗျောက်အိုးတွေနဲ့

ဆော်ပြီ။ဘယ်တော့မှပြီးလည်းဆိုရင် ဓမ္မာရုံကကားနဲ့လိုက်ကြေငြာတော့မှ

ပြီးတယ်။ပြီးတော့နောက်ကစားနည်းတွေပြောင်းကစားတာပေါ့။ပြေးပုန်းတို့၊ စွန်ဖျတ်တာတို့၊

ကျောက်ရုပ်ကျောက်ဖျတ်တို့၊ စပ်မိစပ်လိုက်တို့ အစုံဘဲ။အဆော့ကောင်းလို့အရိုက်ခံရတာ

လည်းအကြိမ်ပေါင်းမရေတွက်နိုင်ဘူး။မေမေကသိပ်စည်းကမ်းကြီးတာ။ကိုယ်တို့ကိုညနေ

ကျောင်းပြန်လာတဲ့အချိန်ညနေ ၅ နာရီကနေ ၆ နာရီထိဘဲအောက်ဆင်းဆော့ခွင့်ပေးထားတာ။

ညနေ ၆ နာရီကျရင်အော်ပြီ။တက်ခဲ့တော့လို့။မတက်လို့ကတော့ ကြက်မွှေးစာမိပြီ သာမှတ်

တော့။အဲလိုမျိုး။ သင်္ကြန်ဆိုရင်လည်းအကြိုနေ့ဆိုတာနဲ့ ကိုယ်တို့တိုက်နှစ်တိုက်လုံးကကလေး

တွေကစားဖို့အတွက် ကိုယ့်အစ်ကိုတွေအုပ်စုကအမြဲတိုင်ကီတွေနဲ့ အုန်းလက်မဏ္ဍပ် တွေလုပ်

ပေးတယ်။ကိုယ်တို့ fighter အုပ်စုကတော့စတီးပြွတ်တစ်ယောက်တစ်ချောင်းစီနဲ့။

တစ်ဂါလံကော်ပုံးကိုကျောပိုးအိတ်နဲ့လွယ်ပြီး ထိုးပြီးဘဲဟိုဘက်တိုက်ကကလေးတွေကို။

ပြီးရင်ရေပူဖေါင်းတွေနဲ့ ပေါက်တယ်။ခွက်စောင်းခုတ်တယ်။ကလေးအားလေးဆိုတော့မ

နာတော့ ဘယ်သူမှတော့ဘာမှမပြောကြဘူး။အဲဒီလောက်ဆိုးတဲ့ ရန်ကင်းကကလေးတွေ ပါ။

အခုတော့ ပြောရာမှာမနေ တော်ရာမှာနေရတဲ့ စကားပုံအတိုင်းဘဲ ကိုယ်ဘယ်တော့မှ မနေချင်

တဲ့စင်ကာပူဆိုတာကြီးမှာနေနေရပြီလေ။တခါတခါရန်ကင်းကိုအရမ်းသတိရတယ်။ကိုင်ဇာသီ

ချင်းလေးလိုဘဲ။သီချင်းတော့ရှာတာမတွေ့ဘူး။စာသားတော့ကိုယ်ရသလောက်ထည့်ပေးလိုက်

တယ်နော်။ဒီဘလော့ခ်ဖတ်တဲ့သူထဲမှာရန်ကင်းကများပါခဲ့ရင်commentမှာemail

လေးရေးခဲ့ပေးပါနော်။

ညညအခါခါ လကသာသာ
အညီအညာတိုက်ခန်းလေးတွေ
အစီအလိုက် တန်းစီနေ
အရှေ့အနောက် နယ်နမိတ်စည်းကို
ပိုက်လုံးကြီးက အလယ်မှာချကာ
မေ့နိုင်ဘူးလေ
ရန်ကင်းမြို့ရဲ့ အလှအပဂုဏ်လေးတွေ

ကျောင်းပိတ်ချိန်ခါ
ကိုယ့်စိတ်မနေသာ အိမ်ကိုခွင့်တောင်းပြီးတော့
အောက်ဆင်းကစားပုံတွေ
သူခိုးပုလိပ်စိန်ပြေးတမ်းနဲ့ တူပုန်းကစားရင်း
ပျော်လာကြတာ မေ့နိုင်ဘူးလေ
ရန်ကင်းမြို့က ကလေးဘ၀အချိန်လေးတွေ


အဲဒါဘဲရတော့တယ်။သီချင်းလေးများသိတဲ့သူရှိရင်ဝေမျှပေးကြပါလို့
Read More ->>

ကိုယ်နဲ့ ကိုယ့်ရဲ့လက်တွဲဖော်အကြောင်း

ဒီပို့စ်လေးကို ကိုယ်တို့ချစ်သက်တမ်းသုံးနှစ်၊ အိမ်ထောင့်သက်တမ်း ၈ လနီးပါး ပြည့်တဲ့အထိမ်း

အမှတ်လေးအနေနဲ့ တင်ဖြစ်သွားတာပါ။

ကိုယ်က ဖေဖေါ်ဝါရီ လ ၂၆ ရက်နေ့မှာ အမိမြေကိုခွဲခွာပြီး ကိုယ့်ရဲ့ မမခေါ်ရာစင်ကာပူ ဆိုတဲ့

ခြင်္သေ့ကျွန်းကို ကျောင်းတက်ရင်း အလုပ်ရှာရအောင် လိုက်လာခဲ့တယ်။ ကိုယ့်ကို လေဆိပ်က

၁ လ နေထိုင်ခွင့် ပေးတယ်။ ကိုယ်လည်းနေတာပေါ့။ မြန်မာပြည်က စရောက်တဲ့သူဆိုတော့

သိတယ်မလား။ အလုပ်မရှာဘဲနဲ့ chatting ဘဲတက်နေတာပေါ့။ ဒီမှာက connection

ကလည်းအရမ်းကောင်းဆိုတော့ ။ အဲဒီတုန်းက ခင်ခဲ့တဲ့ online friend တွေတောင်

အခုသတိရသေးတယ်။ ပြင်သစ်က ပီဇာတို့ ၊ ထိုင်ဝမ်က မေမိုးတို့၊ ရုရှားက သူရဇ္ဇ တို့

အများကြီးဘဲ။ အရမ်းလဲခင်ဖို့ကောင်းတယ်။ လုံးဝဖြူဖြူစင်စင်ဘဲ။အဲလိုနဲ့ ချက်နေတာ

တစ်နေ့ကျတော့ ကောင်လေးတစ်ယောက်က ကိုယ့်ဆီကို invite လုပ်လာတယ်။ သူနဲ့

ချက်နေတာ တစ်ပတ်လောက်လည်းရှိရော သူကစင်ကာပူကဆိုတာ သိလိုက်ရတယ်။ အဲဒါနဲ့

သူနဲ့ကိုယ်နဲ့ ဖုန်းနံပါတ် အပြန်အလှန် ပေးဖြစ်လိုက်တယ်။ သူကတော့ မဆက်ပါဘူး။ ကိုယ်က

စဆက်လိုက်တော့ ကိုယ်နဲ့ ချက်တင်းဝင်တဲ့သူက သူ့ဖုန်းနံပါတ်မပေးဘဲ သူ့သူငယ်ချင်း

ဖုန်းနံပါတ်ကို ပေးလိုက်တာ။ အဲဒါနဲ့ဘဲ သူ့သူငယ်ချင်းနဲ့ ကိုယ်နဲ့ခင်သွားတယ်ဆိုပါစို့။

တိုက်တိုက်ဆိုင်ဆိုင် ကိုယ်နဲ့သူ့သူငယ်ချင်းဖြစ်တဲ့ သူနဲ့က နောက်ဆုံးနာမည် တစ်လုံး

သွားတူနေတယ်။ ပြီးတော့ အဲဒီနာမည်မျိုးက ယောကျာ်းလေးတွေရဲ့ နာမည်နောက်ဆုံးမှာ

ထည့်လေ့မရှိတဲ့ နာမည်မျိုး။

အဲဒီ အစ်ကိုကြီးရဲ့အသံ က အရမ်းနားထောင်လို့ကောင်းတယ်။ ပြီးတော့

ကိုယ့်ကိုလည်းအမြဲ ဆုံးမတယ်။သူ့အသံက အရမ်း ချိုမြိန်တယ်။ နောက်တော့ ကိုယ်လည်း

အဲဒီအသံလေးကို နှစ်ခြိုက်လာခဲ့တယ်။ အဲဒီလိုဘဲ အလုပ်မရှာဘဲဖုန်းပြောလိုက် ချက်နေတာနဲ့

၁ လ ကဘယ်လိုကုန်လို့ကုန်သွားမှန်းမသိဘူး။ ကိုယ်နဲ့ စခင်တဲ့ သူ ကတော့

အဲဒီထဲကပျောက်သွားလိုက်တာ။ နေထိုင်ခွင့်ပြည့်ပြီဆိုတော့ ဒိုးရပြန်ပြီပေါ့ ICA ကို။ အဲဒီမှာ ၂

ပတ်ထပ်ပေးတယ်။ မတ်လ ၂၈ ရက်နေ့မှာ ကိုယ်တို့ အပြင်မှာ တွေ့မယ်ဆိုပြီး အဲဒီတုန်းက

informatic သင်္ကြန်ကျနေတဲ့ အချိန်ပေါ့။ ကိုယ်မမ က ဒီကလုပ်တဲ့ သင်္ကြန်ပွဲတွေမှာ

သင်္ကြန်ကကတော့ ကိုယ်က ကိုယ်မမကို ကူလုပ်ပေးဖို့ လိုက်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ

လူတွေကလဲရှုပ် သူဖုန်းဆက်တဲ့ အချိန်မှာ ကိုယ့်မမကို ဆံထုံးထုံးပေးနေရလို့

ကိုယ်ထွက်လာလို့မရခဲ့ဘူး။ကိုယ်ထွက်လာလို့ရတဲ့အချိန်ကျတော့စိတ်ဘယ်တော့မှမရှည်

တတ်တဲ့ သူက ကိုယ့်ကိုစိတ်ဆိုးပြီးပြန်သွားရော။ ညနေကျတော့ ကိုယ့်ဆီဖုန်းပြန်ဆက်တယ်။

အဲဒီလိုနဲ့ ဖုန်းနဲ့ဘဲ ပြောနေကြတယ်၊ ဧပြီလ ၁၂ ရက်မှာ တိုးပါရိုး သင်္ကြန် ပြီးတော့ city hall

သင်္ကြန်မှာ ကိုယ်နဲ့ ကိုယ့်မမနဲ့ ကကြတယ်။ ဧပြီ ၁၃ မှာထပ်သက်တမ်းတိုးတယ်။ဒီတစ်ခါတော့

၁ လတောင်ပေးတယ်။ ဧပြီလ ၁၇ ရက်နေ့မှာ အပြင်မှာတွေ့မယ်ဆိုပြီးထပ်ချိန်းကြပြန်တယ်။

Clenmenti ဘူတာမှာ ချိန်းလိုက်တယ်။ ကိုယ်က အဲဒီတုန်းက Common Wealth

မှာနေတယ်။ တစ်ပတ်တစ်ခါ NTUC ကိုဈေးလိုက်ပေးရတယ်။ ကိုယ့်မမ က ကိုယ့်ကို

လိုက်ခိုင်းတာလေ။ ဘာအလုပ်မှလည်းမရှိဆိုတော့ ပျင်းတာပေါ့နော်။ (အလုပ် ကဘယ်ရမလဲ။

online တက်ပြီဆို ချက်တင်းလောက်ဘဲ အဓိကထားတာ၊)

ကိုယ်လည်းရင်းတထိတ်ထိတ်နဲ့ပေါ့နော်။ အ၀တ်အစားကလည်း သိပ်ကောင်းကောင်းက

ပါမလာဘူး(ရှိကိုမရှိတာ)။ အဲဒါနဲ့ ဘဲ သိပ်မကြာသေးခင်က ၀ယ်ထားတဲ့ IPZone က

တီရှပ်လေးရယ်၊ မမဘောင်းဘီရှည် တစ်ထည်ကို ခိုးဝတ်ပြီး Clenmenti ကိုသွားဖို့

ရထားစီးခဲ့တယ်။ ဟိုလည်းရောက်ရော ကိုယ်လည်းသူ့မမြင်ဖူး ၊သူလည်းကိုယ့်မမြင်ဖူးနဲ့ ။

လူတွေကလဲဘူတာမှာပြည့်ကျပ်နေတာဘဲ။


ကိုယ့်ဆီဖုန်းဝင်လာတယ်။ ဘာဝတ်လာလဲတဲ့။ ကိုယ်လည်းအကျီ င်္ကအနီ၊ဘောင်းဘီက

အပြာနုရောင်လေးလို့ ပြောလိုက်တယ်။ ဘူတာအောက်ကိုရောက်တော့ ပွဲဈေးက

ရှိနေပြန်ရော။ လူတွေက လည်းရှုပ်လိုက်တာမပြောနဲ့တော့။ သူကလဲဖုန်းတွေ တဂွမ်ဂွမ်

ဆက်နေတာနေတာဘဲ။ လူက ဒေါသကထွက်နေပြီ။ နောက်တော့ NTUC အ၀င်ဝကနေ

ပစ္စည်းထည့်ဖို့တောင်း တွန်းပြီးဝယ်စရာရှိတာဝယ်နေခဲ့တယ်။ သူကလည်းဖုန်းတွေဆက်။

ငါးတွေထားတဲ့ အတန်းရောက်တော့ ကိုယ်လည်းငါးဝယ်နေတုန်း လာပြန်ပြီ ဒီဖုန်း။

ကိုယ်လည်းဒေါကန်လို့အော်လိုက်တာ။ အဲဒီမှာကိုယ့်နောက်ကနေ လာရပ်ပြီးတော့

ဘာလို့ဒေါကန်နေတာတုန်းတဲ့။ ကိုယ်လည်းဖြတ်ခနဲ လှည့်ကြည့်လိုက်တော့

ကိုယ့်ကိုသူကပြုံးပြီးကြည့်နေတယ်။ သူကဦးထုပ်နဲ့။ ထိပ်ပြောင်လို့လားမသိဘူးလို့

စိတ်ညစ်သွားတယ်။ မျက်မှန်လေးနဲ့။ (ဒီနာမည်လေးကို ကိုယ်ကြိုက်လို့ ဒီဘလော့ခ်နာမည်

ပေးလိုက်တာ။) မိုးကာအကျီ င်္အမဲနဲ့။ ပြီးတော့ ကိုယ်တို့ဈေးဝယ်ကြတယ်။ ပြီးတော့ အဲဒီနားက

MAC Donald ဘာကာဆိုင်မှာစားဖြစ်ကြတယ်။ သူက အဲဒီတော့မှ ဦးထုပ်ချွတ်တယ်။

ဟူးတော်ပါသေးရဲ့… ထိပ်မပြောင်လို့။ သူနဲ့ပြောရင်းဆိုရင်းစားရင်းနဲ့ ပြီးတော့

ပြန်လာခဲ့ကြတယ်။ အဲဒီလိုနဲ့ ဖုန်းဘဲပြောဖြစ်တော့တယ်။ နောက်နှစ်ပတ်လောက်ကျတော့

ကိုယ့်မမက မလေးရှားသွားတယ်။ နှစ်ရက်ကြာတော့ပြန်လာတော့ ကိုယ့်မမကသူ့ကို

Woodland မှာလာကြိုဖို့ပြောတယ်။ အဲဒါနဲ့ သူနဲ့ Jurong East မှာချိန်းပြီးကိုယ့်မမကို

သွားကြိုတယ်။ မမကိုကြိုပြီးတော့ ပြန်လာတော့ သူနဲ့ ကိုယ်ကမသိသလိုနေလိုက်ကြတယ်။

မမသိသွားမှာစိုးလို့လေ။ ဒုတိယအကြိမ်သူနဲ့တွေ့ဆုံခြင်းပေါ့။

နောက် Stay ထပ်ကုန်တယ်။သွားတိုးတယ်။ နောက်ဆုံးအကြိမ်ဆိုပြီး ၁ လထပ်ရတယ်။

ကိုယ်လဲ အလုပ်ရှာတယ်။မရပါဘူး။ သူနဲ့လည်းဖုန်းတွေ ပြောနေတုန်းဘဲ။ အဲဒီမှာ ဘဲ မေလ

၂၀ ရက်နေ့ ညဘက်မှာ ပေါ့။ ည ၁၂ နာရီကျော်သွားပြီဆိုတော့ ၂၁ ပေါ့နော်။

ပြောရင်းပြောရင်းနဲ့ သူကဘာမဆိုင်ညာမဆိုင်နဲ့ ကိုယ့်ကို သ၀န်တိုပါလေရော။ ဘာလို့လဲ

လို့မေးတော့ ‘မင်းကို ကိုယ်ချစ်လို့ သ၀န်တိုတာ တဲ့ ။မချစ်ရင် ဘာမှဖြစ်နေစရာ

အကြောင်းမရှိဘူး’ တဲ့ ။ ကိုယ်ကလည်း မိန်းကလေးဆိုတော့ တော်တော်မူလိုက်တယ်။

ချက်ချင်းဘဲ ” ခင်ဗျားကို လည်း ကျွန်တော် ချစ်တယ်လို့” ပြန်ပြောလိုက်တယ်။ ဟီးဟီး။

စကြိုက်တုန်းကတော့ နှစ်ယောက်လုံးက အပျော်သဘောဘဲ။ နောက်တော့

တစ်ယောက်အပေါ် တစ်ယောက်အရမ်းသံယောဇဉ် ဖြစ်ခဲ့ကြတယ်။ နောက်မှ

လက်ထပ်ဖြစ်တဲ့ အကြောင်းလေးဆက်ရေးမယ်နော်။
Read More ->>

လွမ်းစရာ့ မြို့မ

ဒီနေ့မှ ဘယ်လိုဖြစ်မှန်းမသိဘူး။ ကိုယ် သူငယ်တန်းကနေ ဆယ်တန်းအထိ ပညာသင်ကြားခဲ့တဲ့ မြို့မကျောင်း

လို့လူသိများတဲ့ ဒဂုံ (၂) ကိုအရမ်းသတိရနေမိတယ်။ ဒါနဲ့ဘဲဒီပို့စ်လေးဖြစ်လာတယ်ဆိုပါတော့။

မိုးကုတ်မှာ နေရင်ပညာရေးမကောင်းဘူးဆိုလို့ ကိုယ်တို့ရန်ကုန်ပြောင်းလာကြတယ်။ ရန်ကုန်ရောက်တာ

နွေရာသီထင်တယ်။၁၉၈၆ ခုနှစ်ဇွန်လမှာ ကိုယ်ကသူငယ်တန်းစနေရမှာ။

မမကြီးက ၆ တန်း အစ်ကိုက ၂ တန်း အစ်မလတ်က ၃ တန်း။ ကျောင်းစနေတော့ ကျောင်းအုပ်ကြီးက

ဦးတင်ဝင်း။အရမ်းစည်းကမ်းကြီးတယ်။ အဲဒီတုန်းက ဒဂုံ ၂ က အတော်တွေ ထွက်သေးတယ်။

မှတ်မိသေးတယ်။ ကိုယ်ကျောင်းစတက်တော့ မကြီးက ၆ တန်းဆိုတော့ ကိုယ့်ကို

မုန့်စားဆင်းချိန်ကျရင်ထမင်းတွေလာလာကျွေးရတယ်။ ၁ တန်းရောက်တော့ အတန်းပိုင်ဆရာမက

ဒေါ်သိန်းစော။ အရမ်းကြောက်ရတယ်သူ့ကို။ တစ်ခါက ခဲဖျတ်မပါလို့ တံတွေးစွတ်ပြီးဖျတ်လို့တဲ့

လက်ခေါက်ကိုပေတံစောင်း နဲ့ ခေါက်တာ။ အဲဒီထဲက ခဲဖျတ်ဘယ်တော့မှ မမေ့တော့ဘူး။ ၁

တန်းကျောင်းဆောင်က ကျောင်းဝင်ပေါက်နဲ့ နီးပြီးတော့ အဲဒီကနေ အပြင်ကရောင်းတဲ့

မုန့်တွေဝယ်စားလို့ရတယ်။ ကိုယ်က အုန်းမွှေးလုံးတို့ ကပ်စေးနဲ တို့ နောက် ဟိုဟာလေ..စက်ကြီးထဲကို

တုတ်ထိုးပြီးလှည့်လိုက်ရင် ငှက်သိုက်မုန့် လိုမျိုးပဲလေ။ ပြောရင်းနဲ့ စားချင်လာပြီ၊ အရမ်းကြိုက်မှကြိုက်။

အဲဒါတွေစားလိုက်ကစားလိုက်နဲ့ ခေါင်းလောင်းတီးမှဘဲ ချွေးသံရွှဲရွှဲနဲ့ စာသင်ခန်းထဲလာဖို့သတိရတော့တယ်။ ၁

တန်းတုန်း က ကိုယ်အမြဲလုပ်တဲ့ အလုပ်တစ်ခုက ရုပ်ရှင်ကြည့်တာလေ။ ကျောင်းရှေ့မှာ ကင်မရာလိုမျိုး ကို

အောက်က ဖလင်နဲ့ ရုပ်သေဓါတ်ပုံထည့်ပြီးပြတာလေ။ ကိုယ်အရမ်းကြိုက်တာဘဲ၊ ကားသစ်ထွက်တာနဲ့

ကြည့်တာဘဲ။ တစ်ကားကို ငါးမူးလား တစ်မတ်လား မမှတ်မိတော့ဘူး။

၂ တန်းရောက်တော့ ကျောင်းဆောင်က အတူတူဘဲ။ အပေါ်ထပ်ရောက်သွားတယ်။ အဲဒီမှာ

အရေးအခင်းဖြစ်တာဘဲ၊ အဲဒီတုန်းကဆိုရင် ဆရာမတွေက အိမ်က အစ်မတွေ မိဘတွေလာခေါ်မှ

ကျောင်းသားကိုထည့်ပေးလိုက်တာ။အဲဒီလိုနဲ့ လာခေါ်သွားကြတာ နောက်ဆုံး ကိုယ်ရယ်

ကောင်မလေးတစ်ယောက်ရယ် အတန်းပိုင်ဆရာမရယ်ဘဲ ကျန်တယ်။ ကိုယ့်မကြီးက ကိုယ့်ရဲ့

အစ်ကိုတွေအစ်မတွေကိုဝင်ခေါ်ပြီးတော့ ကိုယ့်ကိုလာခေါ်တယ်။ ဖေဖေတို့ လာမကြိုသေးလို့

ခဏစောင့်နေရသေးတယ်။ ၁၅ မိနစ်လောက်နေတော့ မေရောဖေရောလာခေါ်တော့ ပြန်သွားတယ်။

ကျောင်းတနှစ်ပိတ်တယ်။ လူကြီးတွေကတော့ စိတ်ညစ်ကြတယ်။ ကိုယ်တို့ကတော့

ကျောင်းတွေပိတ်လို့ပျော်လိုက်တာအရမ်းဘဲ။ ကျောင်းပြန်ဖွင့်တော့ ၂ တန်းဘဲပြန်တက်ရတယ်။

ကိုယ်ကအရမ်းဆော့တာ။ဆော့လွန်းလို့လွယ်အိတ်ပျောက်တာတို့၊မိုးတွင်းဆိုရင်

ရေထဲမျောသွားတာမျိုးအမြဲဖြစ်တယ်။ အဲလိုနဲ့ ၃ တန်း ရောက်ရော။ ၃ တန်းဆောင်နဲ့ ၅

တန်းဆောင်ကမျက်နှာချင်းဆိုင်။အလယ်မှာ မုန့်ဈေးတန်းကို သွားတဲ့လမ်းလေးဘဲခြားတယ်။ ကိုယ်တို့

ကျောင်းကတစ်ချိန်ကျောင်းဖြစ်လို့ မုန့်စားဆင်းချိန်ဆိုရင် မုန့်ဈေးတန်းမှာအရမ်းလူများတယ်။

ကျောက်ကျောကိုစဉ့်အိုးကြီးနဲ့ထည့်ရောင်းတဲ့ မိသားစု အအေးဆိုင်ရယ်၊မစုအသုတ်ရယ် ကိုသတိရလိုက်တာ။


၎ တန်းရောက်တော့ အစိုးရစစ်လေ။ ကျောင်းအုပ်ကြီးလည်း

အသစ်ဖြစ်သွားတယ်။ဦးဟန်သိန်းတဲ့၊ကိုယ်ဆယ်တန်းရောက်တဲ့အထိအဲဒီဆရာကြီးဘဲ အုပ်ချုပ်တာ။

၎တန်းဆောင်က ဘောလုံးကွင်းနဲ့မျက်နှာချင်းဆိုင်။ အဲဒီဘောလုံးကွင်းက ခရေပင်ကြီးတွေက

စည်းအဖြစ်နေရာယူပေးတာ။ ၄ တန်းဆောင်မှာ အေတန်းတစ်ခုဘဲအပေါ်ထပ်မှာ။

ဘေးကဘုရားဝတ်ရွတ်ခန်း။ မှတ်မိသေးတယ်။ ကိုယ်တို့ကအပေါ်ထပ်မှာ အီစွတ်ကြိုးခုန်နေကြတာ။

အောက်က လူတွေက ၅ ယောက်လောက်စုပြီးကိုယ်တို့အတန်းပိုင်ကိုလာတိုင်ရော။ ကိုယ်တို့တွေ

ခုန်ပေါ်မှာတစ်ချိန်စာ မတ်တတ်ရပ်လိုက်ရတယ်။

၅တန်းဆောင်က ၇ တန်းဆောင်နဲ့ သုံးတန်းဆောင်ရဲ့အလယ်မှာ။

လုံချည်တွေစ၀တ်ခိုင်းနေပြီ။ ကိုယ့်ကို

မေမေကထမီစကတ်လေးတွေချုပ်ပေးတယ်။ရင်ဖုန်းနဲ့။ကောင်မလေးတစ်ယောက်အကြောင်းပြောပြမယ်။

အခုတော့သူက ဆရာဝန်မကြီးဖြစ်နေပြီ။ သူ့ကိုတော့ဒီဘလော့ခ်လင့်မပေးတော့ဘူး။ ကိုယ်တို့က

အိမ်သာသွားရင် ၂ ယောက်တတွဲသွားရတာလေ။ တတွဲပြန်လာမှနောက်တတွဲကသွားရတာ။

သူကအိမ်သာသွားဖို့ ကိုယ့်ကိုအဖော်ညှိတယ်။ ပထမတတွဲကပြန်မလာသေးတော့ ဆရာမက

မသွားခိုင်းသေးဘူး။ ပထမတတွဲလည်းပြန်လာရော ကိုယ်တို့သွားတာပေါ့။

ခုနှစ်တန်းဆောင်ဘေးနားလည်းရောက်ရော သူက ငါမနိုင်တော့ဘူးတဲ့ ထွက်ကုန်ပြီတဲ့ ။ အဲဒါနဲ့

အီးအီးတွေထွက်ကျပါလေရော။ ကိုယ်လည်းဆရာမကိုသွားပြောပြီးကျောင်းဝင်းထဲမှာနေတဲ့

ဆရာမတစ်ယောက်ဆီကလုံချည်ငှားပြီးသူ့ကို ပေးလိုက်ရတာ။ နောက်နှစ်ရက်လောက်

သူကျောင်းမလာဘူး။ရှက်လို့နဲ့တူပါတယ်။

၆တန်းရောက်တော့ အတန်းပိုင်ဆရာမကဒေါ်ခင်မြိုင်။ ဆရာမကသိပ်ပြီးတင်းကျပ်တယ်။

ကျောင်းရောက်ရောက်ချင်း အသင်းသားတွေက အသင်းခေါင်းဆောင်ဆီမှာ တနေ့စာတနေ့ စာပြန်ဆိုရတယ်။

အသင်းခေါင်းဆောင်တွေက ဆရာမ ရှေ့မှာဆိုရတယ်။ ကျောင်းနောက်ကျရင် နောက်ကျတဲ့သူက

တတန်းလုံးကြားအောင်စာပြန်ဆိုရတယ် ။ကိုယ်ကအလောင်းဘုရားအသင်းခေါင်းဆောင်။ ကိုယ်ဆို

စာအမြဲဝါးချတယ်။အမှတ်ရစရာတခုပြောပြမယ်။ အသင်းခေါင်းဆောင်တွေက အလှည့်ကျ

စကားများတဲ့သူတွေကိုနာမည်မှတ်ရပြီ။ အဲဒီခါကျ ကိုယ်နဲ့မတည့်တဲ့ကောင်တွေသေပြီသာမှတ်။

အရင်ဆုံးသူတို့နာမည်တွေချရေးထားတယ်။ ပြောပြော မပြောပြော။ သူတို့အလှည့်ကျရင်

ကိုယ်နာမည်ကရှေ့ဆုံးက။

ရတန်းရောက်တော့ နဲနဲပဲများတတ်လာပြီ။ ရတန်းမှာ နာမည်ကြီးတဲ့ဆရာမ ကဒေါ်ဆင့်ဆင့် တဲ့။သခ်ာၤ ၂

သင္တာ။ အပေါက်ဆိုးတယ်။ကောင်မလေးတစ်ယောက်က မိတ်ကပ်ပြင်လာလို့ပြောလိုက်တာ

အဲဒီကောင်မလေး နောက်နေ့ကစပြီးမိတ်ကပ်မပြင်ရဲတော့ဘူး။၈ တန်းရောက်တော့ အတန်းပိုင်ဆရာမက

ဒေါ်သန်းမြင့်။ အရမ်းချစ်ဖို့ကောင်းတယ်။ ကိုယ်တို့ အုပ်စု က ယောကျာ်းလေး ၆ ယောက်၊မိန်းကလေး ၆

ယောက်။ လုံချည်တွေကို ခြေမျက်စိဖုန်းအောင်ဝတ်။ အောကတ္တီပါ တွေစီး ၊ဗာဒံပင်လမ်းကနေ

မုန့်ဈေးတန်းကို ၂ ယောက်တတွဲဆင်း။ ကိုယ်တို့ အုပ်စု ကမိန်းကလေးတွေက အရမ်းအတွဲညီတာ။ ပုပုလေး ၂

ယောက်၊ အရပ်ရှည်ရှည် ၂ ယောက်၊ ၀၀ ၂ ယောက်။ ဗာဒံပင်လမ်းဆိုလို့

ကိုယ်တို့ကျောင်းမှာအဲဒီလမ်းလေးက အရမ်းသာယာတယ်၊ လမ်းလျှောက်လို့လည်း အရမ်းကောင်းတယ်။

၉ တန်းရောက်တော့ ကြောက်ရတဲ့ဆရာမကဒေါ်တင်တင်အုန်း။ သူပြောလိုက်ပြီဆိုရင်

နားမထောင်ဝံ့လောက်အောင်ကိုဆိုးတာ။ တစ်ခါက ကိုယ်တို့ အုပ်စုတွေ ဗာဒံသီးတွေထုစားလို့ဆိုပြီး

အရိုက်ကြမ်းတဲ့ PHYSIC ကရိုက်တာ ။ကိုယ်တို့တွေလည်း အရိုက်ခံရတယ်။ ယောကျာ်းလေးတယောက်က

ပုဆိုးအောက်မှာစာအုပ်ခုထားတာမိသွားတယ်။ သူ့ကိုနှစ်ဆရိုက်တယ်။ အရိုက်ခံရပေမယ့်အရမ်းပျော်တာဘဲ ။

၁၀ တန်းရောက်တော့ ကျောင်းလည်းသိပ်မတက်ဖြစ်တော့ဘူး။

လွမ်းလိုက်တာ ……

ဒီတခေါက်ရန်ကုန်ပြန်ရင်တော့ မြို့မကျောင်းကိုသွားကို သွားအုန်းမှာ.
Read More ->>