Showing posts with label မွေးနေ့. Show all posts
Showing posts with label မွေးနေ့. Show all posts

မတ်လ မှာ မွေးဖွားသော သူများအတွက်



ဒီတစ်ခါ ကိုယ်ရေးချင်တာ ကတော့ လအလိုက် မွေးနေ့ရှင်တွေရဲ့ ထူးခြားတဲ့လက္ခဏာ တွေပါဘဲ။ ဒီ ပို့စ် လေးကို လစဉ် ၁ ရက်နေ့ သို့မဟုတ် လကုန် ရက်တွေမှာ ရေးသားသွားမှာ ဖြစ်ပါတယ်။ ၁ နှစ်ပြည့်တဲ့ အထိပေါ့။

Read More ->>

လက်တွဲဖော် မွေးနေ့

ဒီစက်တင်ဘာလမှာ မွေးနေ့တွေ အတော်များတယ်ထင်ပါ့။ ဘယ်ဘလော့ခ်ကြည့်ကြည့်မွေးနေ့ တွေ တော်တော်များများ တွေ့ရ တတ်တယ်။ ခုလည်း လာပြန်ပြီ လို့မပြောလိုက်ပါနဲ့နော်။

ကိုယ့်လက်တွဲဖော် လေးရဲ့ မွေးနေ့မို့လို့ အမှတ်တရ အနေနဲ့ အမြတ်တနိုး ပို့စ်တင်လိုက်ပါတယ်။

ပြီးတော့ ဒီစက်တင်ဘာလ ၆ ရက်နေ့ ကကိုယ်တို့ လက်မှတ်ထိုးတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်လေးပါ။ ၆ ရက်နေ့ က Johor Bahru သွားတာကလွဲလို့ ဘာမှ မှတ်မှတ်ရရ မလုပ် ဖြစ်ပါဘူး။ ဒါကြောင့် ဒီ နေ့ သူ့မွေးနေ့မှာ ကိုယ်တို့နှစ်ယောက်အမှတ်တရ လုပ်မယ်ဆိုပြီး နှစ်ယောက်တည်း သီးသန့် မွေးနေ့ပွဲလေး ကျင်းပဖြစ်ပါတယ်။

ကိုယ်တို့နှစ်ယောက် မှာ တော်တော်လေးတူတဲ့အချက်တွေရှိပါတယ်။ သူနဲ့ ကိုယ်နဲ့ နာမည် မှာ နောက်ဆုံးတစ်လုံး တူပါတယ်။ပြီးတော့ သူကလည်း တနင်္ဂနွေသား ဖြစ်သလို ကိုယ်ကလည်း
တနင်္ဂနွေသမီး ပါ။သူ ကသူ့မိသားစု အငယ်ဆုံးဖြစ်သလို ကိုယ်ကလည်း ကိုယ့်မိသားစု မှာ အငယ်ဆုံးပါ.။ ပြီးတော့ သူရဲ့ လက်မောင်းအောက်နား ဂျိုင်းအောက်မှာ အမှတ်ကလေးပါသလို ကိုယ့်မှာလည်း သူ့လိုဘဲ အဲဒီနေရာ မှာ အမှတ်လေးပါပါတယ်။ ထူးဆန်းတာတစ်ခုက အဲဒီအမှတ်ပုံစံလေးပါ တူနေတယ်။ ပြီးတော့ ကိုယ်လည်ပင်းမှာ အသားပို သေးသေးလေးနှစ်ခု ပါသလို သူဆီမှာ အဲဒီနေရာမှာ အဲလိုလေးပါတယ်။ ကဲ..မွေးနေ့ အကြောင်းလေးပြန်ဆက်ရအောင်နော်။

မနေ့ည ကတော့ နှစ်စဉ်နှစ်တိုင်း မွေးနေ့ ရောက်တိုင်းမှာ သူ့မေမေကို လှမ်းဖုန်းဆက် ကန်တော့ပြီး ကျပ် ၁၀၀၀၀၀ ကို ရဟန်းသံဃာတွေကို ကပ်လှူခိုင်းပါတယ်။ ပြီးတော့ ကိုယ်ဝယ်လာတဲ့ ကိတ်မုန့်ကို ၁၁း၄၅ မှာ ပြင်ဆင်ပါတယ်။ ၁၂ နာရီတိတိမှာ ခွဲနိုင်အောင်လို့ပါ။ ကိုယ်အရမ်းပျော်ပါတယ်။ ကဲ..မွေးနေ့ကိတ်ပုံလေးတွေကြည့်ရအောင်နော်။









ဒါကတော့ Google ထဲက ကြိုးစားပန်းစား ရှာဖွေထားတဲ့ မွေးနေ့ကိတ်လေးတွေပါ။







ကဲစား ကြနော်...အားမနာနဲ့။

ဒါက လက်တွဲဖော်လေးအတွက်မွေးနေ့လက်ဆောင်



ဒါ ကသူ့အတွက် ပန်းစည်း ( Google ကရှာထားတာ ဟီး၂)




ဒါက အားလုံးသောက်ဖို့ ၀ိုင်...၀အောင် သောက်ကြနော်









ကဲကျေနပ်ကြတော့နော် ...

နက်ဖြန်မှာ ကျရောက်မယ့် ၀က်ဝံလေး ရဲ့မွေးနေ့ ကိုလည်းတစ်ခါတည်း ဆုတောင်းပေးလိုက်တယ်နော်။။
Read More ->>

စက်တင်ဘာ မွေးဖွားသူများသို့

စက်တင်ဘာလရဲ့ပထမဆုံး ပို့စ်အဖြစ်မင်္ဂလာရှိစွာ မွေးနေ့ဆုတောင်းလေးနဲ့ စလိုက်ရအောင်။
ကိုယ်က မွေးနေ့ တွေကို အလေးထားတတ်သူပါ။ အဲဒီလိုဘဲ ကိုယ့်မွေးနေ့ဆိုရင်လည်း အလေးထားစေချင်တဲ့သူပါ။အရင်က ကိုယ့်မွေးနေ့ရောက်တာနဲ့ ကိုယ့်မိဘ ရယ် ကိုယ့်ရဲ့ မောင်နှမတွေရယ် က ကိုယ့်ကို ဘယ်နေရာကဘဲဖြစ်ဖြစ် ဖုံးဆက်ပြီး ည ၁၂ နာရီ ကျော်တာနဲ့ Birthday wish လုပ်တတ်ကြ ပါတယ်။ ခုတော့ ကိုယ့်လက်တွဲဖော်တစ်ယောက် တိုးလာပြီပေါ့။ ကိုယ်အရမ်းပျော်ပါတယ်။ အဲလို Birthday wish လုပ်တဲ့ အသံဟာ ဘယ်မွေးနေ့ လက်ဆောင်နဲ့မှ တန်ဖိုးဖြတ်လို့ မရလောက်အောင် ပျော်ရွှင်မှုကို ပေးပါတယ်။ကဲ..ထားပါတော့။

ခု စက်တင်ဘာလဟာ ကိုယ်နဲ့ ပတ်သတ်တဲ့ သူတော်တော်များများ မွေးနေ့ ဖြစ်တဲ့လပါ။ ဒါကြောင့် သူတို့တွေရဲ့ မွေးနေ့ကို ကိုယ်ဒီနေရာက ဆုတောင်း ပေးလိုက်ပါတယ်။


ပထမဆုံး စက်တင်ဘာ (၁) ရက်နေ့မှာ မွေးတဲ့ မမAir ပါ။ သူက ကိုယ်တို့ ဒီစင်ကာပူမှာ ကျောင်းစတက်တော့ ကိုယ်တို့နားမလည်သမျှ စာတွေ ကို ဒိုင်ခံ ရှင်းပြတဲ့ ကိုယ်တို့ရဲ့ဆရာမလေးပေါ့။ သူက အရမ်းကို စိတ်သဘောထားဖြူစင်ပါတယ်။ စာမေးပွဲ မနက်ဖြန်လို ဖြေရတော့မယ် ဆိုရင် ဒီနေ့အထိ ကိုယ်တို့ကို စာရှင်းပြတုန်းပါ။ သူကျေးဇူးကြောင့် ကိုယ်စာမေးပွဲ အောင်လာတာပါ။ ဒီနေရာမျိုးမှာ ရပ်တည်နိုင်တာပါ။
Happy Birthday ပါ မမ Air ရေ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်နှစ်ယောက် ကတော့ စက်တင်ဘာ (၇) ရက်မှာ မွေးတဲ့ ကိုယ့်အခင်ဆုံး သူငယ်ချင်းနှစ်ယာက်ဖြစ်တဲ့ သူရိန် နဲ့ သီတာ ပါ။ သူတို့ ကအမွှာမောင်နှမပါ။ ကိုယ်တို့ ၆တန်းလောက်ကတည်းက တွဲလာကြတာ ခုထိဘဲဆိုပါတော့ ။သီတာကတော့ အိမ်ထောင်ရှင်မဖြစ်သွားပြီ။ သူရိန်က ကြိုးစားတုန်း ဟဲဟဲ။ Happy Birthday ပါ သူရိန် နဲ့ သီတာရေ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


နောက် တစ်ယောက် က ၉ ရက် ၉ လ မှာမွေးတဲ့ ကိုယ့်ရဲ့ တစ်ဦးတည်းသော ကိုကိုဖြစ်တဲ့ ကိုသားကြီး ရဲ့ မွေးနေ့ပါ။ သူကမောင်နှမ အားလုံးထဲမှာ ကိုယ့်ကို အချစ်ဆုံးတဲ့။ ဟုတ်လားမဟုတ်လားမသိဘူးလေ။ သူပြောတာပဲ။ ဟီးဟီး ။ကိုကြီး သားကြီးရေ.. ပျော်ရွှင်သော မွေးနေ့မင်္ဂလာဖြစ်ပါစေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက် စက်တင်ဘာလ ၁၃ ရက်နေ့မှာ မွေးတဲ့ ကိုယ့် ရဲ့ မမကြီး ပါ။ ကိုယ့်ကို အမကြီး အမိရာပီသစွာ သွန်သင်ဆုံးမ ပညာသင်ပေးခဲ့တဲ့ သူ့ကျေးဇူးတွေဟာ ဆပ်လို့ကုန်နိုင်မယ်မထင်ပါဘူး။ ကိုယ်ငယ်ငယ်လေးထဲက သူ့လက်ပေါ်မှာကြီးပြင်းခဲ့တာပါ။ ကိုယ့်ကို ခုချိန်ထိ နည်းပေးလမ်းပြ လုပ်ပေးခဲ့ တဲ့ သူပါ။ ခုချိန်ထိ ကိုယ် ဘာလုပ်လုပ်သူ့ကို တိုင်ပင်ပြီးမှလုပ်နေဆဲပါ။ မကြီးရေ… Happy Birthday နော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မွေးတဲ့ ကိုယ့်ရဲ့ငယ်သူငယ်ချင်းလေး သူဇာပါ။ ခုတော့ သူလည်း ဘယ်တွေရောက်နေလည်းမသိဘူး။မတွေ့ဖြစ်တာ သူတို့ သုဝဏ ပြောင်းပြီးကတည်းက ဆိုပါတော့။ ကိုယ် ၁၀ တန်းလောက်ကတည်း ကမတွေ့တော့တာ။ Happy Birthday သူဇာ ရေ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟဲဟဲ။။။ စက်တင်ဘာ ၁၇ ရောက်တော့ ကိုယ့်ဖူးစာရှင်လေးကို သူ့မေမေက လူ့လောကထဲ ကို မွေးထုတ်ပေးခဲ့တယ်။ ကိုယ့်ဘ၀ရဲ့ လက်တွဲဖော် မွေးနေ့လေ။ ပျော်ရွှင်ပါစေ မွေးနေ့မှာ။ဘုန်းကြီးကျောင်းသွားမယ်။ အဲဒီနေ့ကျရင်…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်ဆုံး တစ်ယောက်ကတော့ စက်တင်ဘာ ၂၀ မှာ ကျရောက်မယ့် ကိုယ့်အစ်မ တစ်ယောက်လိုခင်မင်ရတဲ့ မထွေးပါ။ သူကကိုယ်တို့ အပေါ်မှာ အကြီးပီသခဲ့ပါတယ်။ မထွေး ရေ..ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေနော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကဲ။။။အားလုံးသော စက်တင်ဘာလမှာ မွေးတဲ့သူအပေါင်းကို ဒီနေရာကနေ Birthday Wish လုပ်ပါတယ်။

"HAPPY BIRTHDAY"

Read More ->>

တစ်ဦးတည်းသောတူတော်မောင်မွေးနေ့





ဇွဲရိန္ဒ တဲ့။
နှစ်နှစ်မြောက်မွေးနေ့ပါ။
အန်တီတော်ချင်သူများစာရင်းပေးသွင်းနိုင်ကြပါပြီရှင်။
Read More ->>

မေမေစု မွေးနေ့




မနေ့က ဇွန်လ ၁၉ ရက်နေ့။

ကိုယ်တို့မြန်မာနိုင်ငံကိုသူ့ကျွန်ဘ၀မှလွတ်မြောက်အောင်ကယ်တင်ပေးခဲ့တဲ့မြန်မာတစ်မျိုးသားလုံးရဲ့လွတ်လပ်ရေးဖခင်

ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ(သို့မဟုတ်)မြန်မာပြည်သူတွေရဲ့ဆင်းရဲစုတ်ပြတ်သတ်နေတဲ့ဘ၀ကိုမကြည့်ရက်မမြင်

ရက်လို့သူမဘ၀သူမမိသားစုတစ်စုလုံးနဲ့ရင်းကာလွတ်လပ်ခြင်းရဲ့အရသာဒီမိုကရေစီရရှိရေးအတွက်တိုက်ပွဲဝင်နေတဲ့ဒီမို

ကရေစီရဲ့ မိခင်မေမေစုရဲ့ ၆၄ နှစ်မြောက်မွေးနေ့မင်္ဂလာပါ။

သူမဟာကိုယ့်ဘ၀ရဲ့အားအကျရဆုံး၊လေးစားရဆုံးမိန်းမမြတ်တစ်ယောက်ပါ။သူ့ဘာသာသူအေးချမ်းစွာချစ်သော

ခင်ပွန်းနှင့်သားနှစ်ယောက်နဲ့အတူနေနိုင်ပါရက်နဲ့နိမ့်ကျနေတဲ့မြန်မာပြည်လူနေမှုအဆင့်အတန်း၊ငတ်ပြတ်နေတဲ့မြန်မာ

တွေရဲ့ဘ၀ကိုမကြည့်ရက်လို့မြန်မာနိုင်ငံကိုပြန်လာပြီးစစ်အုပ်ချုပ်မှုအောက်ကလွတ်မြောက်အောင်ကယ်တင်ဖို့

ရောက်ရှိလာတဲ့နတ်သမီးတစ်ပါးပါ။

ကိုယ်လေတံဆိပ်တွေအမျိုးမျိုး၊ရာထူးတွေအမျိုးမျိုးယူထားတဲ့စစ်ဗိုလ်ချုပ်တွေအစားအရမ်းကိုရှက်မိပါတယ်။တော်တော်

လည်းစက်ဆုပ်ရွံရှာမိပါတယ်။တပ်မတော်ဆိုတာကတိုင်းပြည်တစ်ခုမှာလိုကိုလိုအပ်ပါတယ်။ဒါပေမယ့်အဲဒီတပ်မတော်က

တိုင်းပြည်ကိုကာကွယ်ဖို့ပါ။တိုင်းပြည်ကိုရောင်းစားဖို့မဟုတ်ပါဘူး။အရင်ကအရမ်းချမ်းသာခဲ့တဲ့နိုင်ငံအခုလည်းသယံဇာတ

အနေနဲ့ချမ်းသာနေဆဲပါ။ဒါပေမဲ့ပြည်သူတွေကတော့ဒီစစ်အစိုးရလက်ထပ်မှာတော်တော်လေးငတ်ပြတ်တဲ့ဒဏ်ကိုခံနေရပါ

တယ်။အရင်ကရန်ကုန်တက္ကသိုလ်မှာတခြားနိုင်ငံကကျောင်းသားတွေတောင်လာတက်ရတယ်တဲ့။ခုများတော့အဲဒါတွေဟာ

ပုံပြင်လားလို့ထင်ရလောက်အောင်မြန်မာ့နိုင်ငံရဲ့ပညာရေးစနစ်ကတော်တော်ကိုဆိုးရွားပါတယ်။ပညာေ၇းစနစ်ဆိုး၇ွားတာ

ကအဆန်းမဟုတ်ပါဘူး။တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်နေတဲ့သူကအထက်တန်းကျောင်းထွက်တဲ့။အရမ်းကိုရှက်မိပါတယ်။

သူများတိုင်းပြည်တွေရဲ့ဝန်ကြီးတွေကအောက်စဖို့ဒ်ကဒေါက်တာဘွဲ့ရတာတို့ဘာတို့။

ကိုယ့်နိုင်ငံခေါင်းဆောင်တွေကတော့ရက်စက်တဲ့နေရာမှာဒေါက်တာဘွဲ့၇ထားတာလေ။

ကိုယ်တို့တွေလည်းသူများနိုင်ငံမှာဘယ်အလုပ်လုပ်ချင်ပါ့မလဲ။ကိုယ်ချစ်တဲ့ကိုယ့်နိုင်ငံမှာဘဲအလုပ်လုပ်ချင်တာပေါ့။ဒါပေ

မယ့်လည်းမိသားစုစားဝတ်နေေ၇းမှအဆင်မပြေတာ။


တော်ပါပြီ။ကျက်သရေယုတ်တာတွေမပြောတော့ဘူး။မေမေစုမွေးနေ့မှာ။

၆၄နှစ်မြောက်မွေးနေ့မှသည် မေမေစုအသက်ရာကျော်ရှည်ပါစေဆုတောင်းရင်း….


ပုံကို ဒီဆိုဒ် ကကူးယူပါတယ်ရှင်။

Read More ->>

မွေးနေ့

အမိဝမ်းကကျွတ်တဲ့နေ့

လူလောကကြီးထဲကို စတင်ရောက်တဲ့နေ့

မျက်လုံးနှစ်လုံးကို စတင်ဖွင့်ခွင့်ရတဲ့နေ့

အလင်းရောင်ကို စမြင်ရတဲ့နေ့

အမေ့နို့ချိုစတင်စို့ခွင့် ရတဲ့နေ့

အဖေ့အနမ်းကို စတင်ရတဲ့နေ့

အမေ့အနမ်းကို စတင်ရတဲ့နေ့

ကိုယ်နဲ့ တစ်ဘ၀တာ ပတ်သတ်မယ့်သူတွေကို စမြင်ရတဲ့နေ့

ဘုရား

တရား

သံဃာ

ဆရာ


ကိုယ့်ကိုလူ့လောကထဲရောက်အောင် အသက်ရင်းပြီးသယ်ဆောင် လာပေးတဲ့

လိမ္မာယဉ်ကျေးပြီး ပညာရေးမှာ ထူးချွန်အောင် ချော့တစ်ခါ ခြောက်တစ်လှည့်

ပြုပြင်ပဲ့ကိုင် ဆိုဆုံးမပေးတဲ့ မေမေ


ကိုယ့်ဘ၀ကို လူလောကထဲမှာ မျက်နှာမငယ်ရအောင် ရှာဖွေကျွေးမွေး ပညာတွေ

သင်ပေးတဲ့လောကကြီးအလယ်မှာ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်

ဒီကွေ့ရောက်ရင်ဒီတက်နဲ့လှော် နိုင်အောင် အရိပ်တကြည့်ကြည့်နဲ့

စောင့်ရှောက်ပေးခဲ့တဲ့ ဖေဖေ



ကိုယ့်ကိုငယ်ငယ်လေးထဲက အစ်မကြီးအမိရာ ပီသခဲ့ပြီး ဘုရားစာတွေသင်ပေး၊

ကိုယ်အတွက် အရာရာမှာ အနစ်နာခံပြီး နိုင်ငံရပ်ခြားရောက်တဲ့အထိ

ထီးသဖွယ် အမိုးမိုးပေးခဲ့တဲ့ အမိုးမိုးပေးဆဲ မကြီး



သူသာဆိုးပြီး ကိုယ့်ကို မဆိုးစေချင်ခဲ့တဲ့ နှစ်စဉ်နှစ်တိုင်း ကိုယ့်မွေးနေ့ဆိုရင်

ရှမ်းခေါက်ဆွဲတို့ ဆီချက်တို့ ချက်ကျွေးတတ်တဲ့ ကိုယ့်အတွက် ချစ်စရာကောင်းတဲ့တူလေး

တစ်ယောက်မွေးပေးထားတဲ့ မလတ်


မောင်နှမတွေထဲမှာ ကိုယ့်ကိုအချစ်ဆုံး ဆိုတဲ့ ၊သူ့ရည်းစားကိုတောင်မှ

ကိုယ်ဖြတ်ခိုင်းရင်ဖြတ်မယ်ဆိုတဲ့ ကိုယ့်ရဲ့ တစ်ဦးတည်းသော ကိုကို



ကိုယ့်အပေါ်ကို အမြဲ အနွံအတာခံ၊ ကျောင်းတက်တုန်းကလည်း ကိုယ်စားဖို့

ဟင်းတွေချက်လာ၊ အလုပ်လုပ်တော့လည်း အမြဲဂျီကျတတ်တဲ့ ကိုယ့်ကို

နားလည်ခွင့်လွှတ်ပြီး ကိုယ့်ကို အရမ်းချစ်တဲ့ ကဗျာမဆန်တတ်တဲ့

ကိုယ့်ဘ၀ လက်တွဲဖော်


အားလုံးတို့ကို ကိုယ်ဒီနေရာလေးကနေ ပြီးတော့ လက်အုပ်မိုးလျှက် ရှိခိုးကန်တော့ပါ၏ ။

ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် ပြစ်မှားမိခဲ့ပါက ထိုအပြစ်တို့ကို ခွင့်လွှတ်ပေးပါရန်

ကိုယ့်ရဲ့ ၂၈ နှစ်မြောက်မွေးနေ့ မှာရှိခိုးဦးချတောင်းပန်အပ်ပါသည်။
Read More ->>