မမြင်ရဘူး ( ရေးသူ --> Isaac Steven Herschkopf)

ကလေးဆေးရုံတစ်ရုံတွင်ဆရာဝန်သည်အသက်(၁၀)နှစ်ခန့်ရှိသောကလေးရှိရာသို့

အားပေးရန်ချဉ်းကပ်လာသောအခါကလေးငယ်သည်တော်တော်လေးစိတ်ဆိုးနေ

သည်။ကလေးဧ။်မိခင်မှာကလေး၏ကုတင်ဘေးတွင်ထိုင်လျှက်ချည်လုံးထိုးနေလေ

သည်။ဆရာဝန်သည် သူ့ကိုယ်သူ အရင်ဆုံးမိတ်ဆက်သောအခါကလေးငယ်သည်

အလွန်စိတ်ဆိုးစွာဖြင့်ဆရာဝန်အားတစ်ချက်ကြည့်ပြီးလျှင်စူးဝါးသောအသံဖြင့်

“မမြင်ရဘူး၊မမြင်ရဘူး ”ဟုအော်ရ်ျ ငိုလေတော့သည်။

ဆရာဝန်လည်းကလေးငယ်အားအလွန်တစ်ရာဂရုဏာသက်သွားလေသည်။

မျက်လုံးမမြင်သောကလေးငယ်၏ခံစားချက်ကိုနားလည်သွားသည်။

ဆရာဝန်ကချည်လုံးထိုးနေသောကလေး၏မိခင်အားကလေးငယ်ဘယ်အရွယ်ထဲက

မျက်စိမမြင်ရတာလဲဟုမေးလိုက်ရာတွင်ကလေးအမေဖြေလိုက်ပုံမှာကား…

” ရှင်သူရှေ့ ကတီဗွီ ကိုစပြီးကွယ်လိုက် ကတည်းက တဲ့”

ဟီးဟီး
Read More ->>

မေမေပြောသော မေမေနှင့်ဖေဖေအကြောင်း

ဒီပို့စ်လေးကိုမရေးခင်မှာ..ကိုယ်ပြောချင်တာလေးတစ်ခုကိုပြောပါရစေ။

ကိုယ်ကစာအရေးအသားအရမ်းကောင်းလှတဲ့သူတစ်ယောက်လဲမဟုတ်ကြောင်း

အားလုံးကိုဝန်ခံပါရစေ။ကိုယ်ဒီခေါင်းစဉ်လေးနဲ့ကိုယ့်ရဲ့Blogကိုစတင်လိုက်ရတာက

တော့…ကိုယ်ကလူတော်တော်များများရဲ့အကြောင်းကိုအရမ်းကာရောစိတ်ဝင်စား

တယ်။တစ်နည်းပြောရရင်(အားမနားတမ်းကိုယ်ကိုယ်ကိုယ်ပြောရရင်)အရမ်းစပ်စု

တတ်တဲ့သူပါ။အဲဒီထဲမှာ..ကိုယ်စိတ်ဝင်တစားအရှိဆုံးက ကိုယ်ရဲ့ ဖေဖေ နဲ့မေမေ

အကြောင်းပါဘဲ။



ကိုယ်တို့မိသားစုမှာကိုယ်အကြိုက်ဆုံးအချက်ကအဖေရောအမေရာကကိုယ်တို့ကို

သူငယ်ချင်းပေါင်းပေါင်းပေးတာပါဘဲ။အဲဒါကိုအခွင့်ကောင်းယူပြီးကိုယ်တို့မောင်နှမ

လေးယောက်ကမေမေ့ကိုသူတို့ရဲ့ရည်းစားဦးကာလကစပြီးကိုယ်တို့မွေးလာခဲ့တဲ့ကာ

လအထိမေမေနဲ့ဖေဖေရဲ့အချစ်ဇာတ်လမ်းကိုခရေစေ့တွင်းကျမေးပါတော့တယ်..

မေမေပြောပုံအရမေမေနဲ့ဖေဖေကဘုန်းကြီးကျောင်းမှာတွေ့ကြတာဆိုဘဲ။ဖေဖေက

ရွာမှာကြီးပြင်းပြီးမေမေကတော့ရန်ကုန်မြို့ကြီးသူစစ်စစ်ပါ။မေမေကတော်တော်

လေးကိုလှပပြီးကိုယ်လုံးကိုယ်ထည်ကလဲတော်တော်တောင့်တောင့်ဖြောင့်ဖြောင့်ပါ

ဘဲ၊မိန်းမတို့ဘုန်းဆံထုံးဆိုတဲ့အတိုင်းမေမေဆံနွယ်တွေဟာရှည်လျားနက်မှောင်ပြီး

အတော်လေးရှည်ပါတယ်။သူများတွေကမေမေ့ကိုပြောကြတယ်၊ဒုတိယခင်သန်းနု

တဲ့။(ကိုယ်အမေမို့လိုကိုယ်မွှန်းတာမဟုတ်ပါ..အခုတော့ အတော်လေးဝနေပါပြီ)

ကိုယ်တို့ဖေဖေကလဲရွာမှာနေပေမဲ့ခေသူတစ်ယောက်တော့မဟုတ်ခဲ့ပါဘူး။

ရွာကအပျိုတွေဆိုဖေဖေကိုအရမ်းချစ်ကြတာ၊လူတိုင်းလိုလိုအဖေကိုချစ်ကြတာပါ၊

ဘာလို့လဲဆိုတော့ဖေဖေကအရမ်းမျက်နှာချိုတယ်၊ပြီးတော့လူတိုင်းပေါ်ကိုလဲအရမ်း

အနစ်နာခံတယ်၊အရမ်းလဲသဘောကောင်းတယ်၊ သြော်

ရီစရာတစ်ခုပြောရဦးမယ်၊ဖေဖေကရှပ်အကျီင်္ီရယ်ခေါင်းလောင်းဘောင်းဘီရယ်ဘိနပ်

ရယ်ကိုအရောင်ဆင်ဆင်လေးတွေဝတ်တတ်တယ်တဲ့။တစ်ခါကရှပ်အကျီင်္အစိမ်းရယ်

ဘောင်းဘီအစိမ်းရယ်ဘိနပ်အစိမ်းရယ်ဝတ်လာလို့မေမေသူငယ်ချင်းတွေကနောက်

ပြီးဖေဖေကိုနာမည်ပေးထားတယ်။ကိုတောက်တဲ့ တဲ့။

မေမေတို့လမ်းထိပ်ကဘုန်းကြီးကျောင်းမှာအဖေရဲ့အစ်ကိုကိုယ့်ရဲ့ဘကြီးဘုန်းကြီးက

ကျောင်းထိုင်ပါတယ်။တစ်နေ့တော့မေမေကသူအမေကိုယ့်ဖွားဖွားနှင့်အတူဆွမ်းချိုင့်

လာပို့တာကိုဖေဖေမြင်ပြီးကတည်းကမေမေ့ကိုအရမ်းစွဲလန်းသွားခဲ့ပါတယ်။ရွာကိုမ

ပြန်တော့ဘဲရန်ကုန်မှာဘဲနေမယ်လို့ဘဘဘုန်းကြီးကိုလျှောက်ပြီးရန်ကုန်ကဘဲည

ကျောင်းဆက်တက်ဖြစ်ပါတယ်။ကံကောင်းချင်တောမေမေရဲ့အစ်ကိုနဲ့ဖေဖေနဲ့ကည

ကျောင်းမှာတစ်ခန်းထဲလေ၊ဖေဖေကတော့သူယောက်ဖလောင်းကြီးကိုဖားရတာပေါ့။

မေမေအစ်ကိုကလည်းဖေဖေကိုအရမ်းချစ်တာ။မေမေကမရမ်းခြံကျောင်းသူလေ၊

နေ့လည်ဆိုရင်ဖေဖေကမေမေကြိုက်တဲ့ခရေပန်းလေးတွေသီပြီးမေမေဆီကိုအမြဲ

သွားသွားပေးတယ်။လက်သစ်ပန်းဆက်သမားကိုဗျတ္တပေါ့။

ကျောက်တိုင်ကျောက်တုတွေတောင်နှဲ့ပါများရင်နဲ့သေးတာဘဲ။မေမေနှလုံးသားက

ဘာသားနဲ့ထုထားတာမို့လို့လဲ။မေမေလဲယိုင်တာပေါ့။မေမေသူငယ်ချင်းတွေကတော့

တားတာ၊ဖေဖေ့ကိုဘုန်းကြီးကျောင်းသားတဲ့ဘာမက်နေတာလဲဆိုပြီးဒါပေမယ့်မေမေ

ကတော့ဖေဖေကိုချစ်အဖြေပေးပြီးပြီ။ချစ်သူဖြစ်စကလဲဖြစ်ပြန်အရမ်းချစ်ကြတဲ့သူ

တွေလဲဖြစ်ပြန်ဆိုတော့ကြားလေသွေးရင်တောင်ဝေးမှာဆိုးတယ်ဆိုတဲ့အချိန်ပေါ့၊

တစ်ရက်ဆွမ်းချိုင့်ပို့ရင်းဖေဖေနဲ့မေမေအကြောင်းကိုဖွားဖွားရောဘဘဘုန်းကြီးပါသိ

သွားတယ်။ဖွားဖွားကလဲမေမေကိုအပြင်ပေးမထွက်တော့ဘူး။ကျောင်းလဲပေးမတတ်

တော့ဘူး။အိမ်ကနေဘဲစာကျက်ပြီးအပြင်ဖြေဖြေခိုင်းတယ်၊ပြီးတော့အလုပ်တွေပဲဖိ

ခိုင်းတယ်၊အင်းအဲဒီအချိန်တုန်းကဆိုမေမေ့ဘ၀မီးလိုပူပြင်းနေမှာဘဲနော်။မေမေ့ကို

သနားလိုက်တာမေမေရယ်။ဖေဖေ့ကျတော့လည်းဘုန်းဘုန်းကဖေဖေကိုပညာရေး

တစ်ပိုင်းတစ်စနဲ့ဒီစိတ်တွေဝင်ရမလားဆိုပြီးသူ့ညီနဲ့မေမေ့ကိုသဘောမတူပြန်ဘူး။

အဲဒီမှာဖေဖေနဲ့မေမေအတွက်မြှားနတ်မောင်ကကြည့်မနေနိုင်ဘူးလေ၊ဖွားဖွားရဲ့အ

မေကိုယ်တို့ရဲ့ဘွားဘွားကဖေဖေကိုအရမ်းချစ်တာအဲဒါနဲ့ဘွားဘွားကဖွာဖွားမသိ

အောင် မေမေကိုခေါ်ထုတ် ရုပ်ရှင်တွေဘာတွေကြည့်

လျှောက်လည်ပြီးမှပြန်လာကြတာ..အဲဒီလိုနဲ့ဘဲနေလာကြတာ..တန်ဆောင်မုန်းလ

ပြည့်ကျော်တစ်ရက်နေ့သူခိုးကြီးနေ့ဟာဖေဖေတို့အတွက်အမှတ်တရဖြစ်ဖို့အချိန်

တန်လာခဲ့တယ်။အဲဒီနေ့ကဘွားဘွားကမေမေကို6း00လောက်လာခေါ်တယ်။ဖွား

ဖွားကလဲသိပေမယ့်သူ့အမေဆိုတော့မပြောရဲဘူးပေါ့။မေမေကလည်းအရင်လိုလည်

မယ်ဘဲထင်ပြီးလိုက်လာခဲ့တယ်။ဖေဖေကိုလဲဘွားဘွားကအဲဒီလိုဘဲပြောပြီးခေါ်လာ

ခဲ့တာ၊ပြီးတော့ဘူတာရုံကိုသွားတော့ဖေဖေနဲ့မေမေနဲ့ကလဲကြောင်နေတာပေါ့၊ဘယ်

လိုမှလဲမပြင်ဆင်ထားဘဲနဲ့။ပြီးတော့ဘွားဘွားကဘယ်လောက်သဘောကောင်း

လိုက်သလဲနော်။ပိုက်ဆံကိုလုံလုံလောက်လောက်ထည့်ပေးလိုက်သေးတယ်။ကိုယ့်

ဖွားဖွားကအခုထိပြောလို့မဆုံးဘူးလေ…ကျီးမနိုးညမှာသမီးတစ်ယောက်လုံးအခိုးခံရ

တယ်တဲ့...ဟိ ဟိ

မေမေတို့မိုးကုတ်ကိုရောက်လာခဲ့တယ်။မိုးကုတ်မှာဘဲစီးပွားရေးလုပ်ပြီးကိုယ်တို့ကို

ပညာတွေသင်ပေးခဲ့တယ်။ဖေဖေကယိုးဒယားကိုကျောက်သွားသွားရောင်းရတယ်။

အဲဒီတုန်းကရေးတဲ့စာတွေရောအရင်သမီးရည်းစားဘ၀ တုန်းကရေးခဲ့တဲ့စာတွေပါ

ပေါင်းလိုက်တာ Hand Bag

အိတ်(ခရီးသွားတဲ့အိတ်)အပြည့်ဘဲ၊ကိုယ်တို့ဆိုခုထက်ထိဖတ်တုန်း။ဖေဖေကစာအ

ရေးအသားအရမ်းကောင်းတယ်။မေမေကြွေတာလဲမဆန်းပါဘူး။တစ်ချို့စာတွေမှာရင်

ခရေပန်းခြောက်ကလေးတွေတောင်ရှိသေးတယ်။

အခုထက်ထိလဲဖေဖေကခရေပန်းတွေရရင်မေမေ့ကိုပေးနေဆဲပါဘဲ…အဲဒီအခါမေ

မေ့မျက်နှာကရှက်ပြုံးလေးတွေ ဟာကိုယ့်အတွက်မရိုးနိုင်တဲ့ အပြုံးလေးတစ်ခုပါဘဲ။
Read More ->>