အလှူခံခြင်း


နိုဝင်ဘာလအတွက်ပထမဆုံးပို့စ်လေးကို လူမှုရေးပို့စ်လေးနဲ့စလိုက်ရအောင်နော်။

လူရယ်လို့ဖြစ်လာရင် လူ့ပတ်ဝန်းကျင်ဆိုတာနဲ့ ကင်းလို့မရပါဘူး။ မြန်မာပြည်မှာနေ တဲ့သူ များအဖို့ သိပ်မသိသာပေမဲ့ သူများနိုင်ငံရောက်နေတဲ့ လူတိုင်း လိုလို ကိုယ့်လူမျိုး အသိုင်းအ၀ိုင်းကို ခုံမင်နှစ်သက်ကြမှာပါဘဲ။ အဲဒီတော့ ကိုယ့်လူမျိုးတွေ စုတတ်တဲ့နေရာတွေ ဆိုရင် သွားကြလာကြတာ ဓမ္မတာပါဘဲ။ မဆန်းပါဘူး။ အဲလိုနဲ့ ဘဲ community လေးတွေရှိလာတယ် ဆိုပါတော့။ လူမှုရေး အဖွဲ့အစည်းလေးတွေပေါ့။ ကိုယ်ကတော့ အဖွဲ့ ထဲမှာ မပါဝင်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ မမကြီးကတော့ အဲဒီလူမှုရေးအဖွဲ့အစည်းမှာ အဓိက နေရာကနေ ပါဝင်ဆောင်ရွက်နေပါတယ်။ သူတို့ က စက်မှုတက္ကသိုလ် ကျောင်းသား ဟောင်းများ အဖွဲ့ အစည်းပါ။ သူတို့ အဖွဲ့က သူတို့ကျောင်း အာစရိယ ပူဇော်ပွဲတွေ နောက် ကျောင်းသားဟောင်းများ သင်္ကြန်ကပွဲတွေ .အမြဲလုပ်နေကျပါ။ တခြားသော လူမှုရေး ကိစ္စတွေမှာလည်း သူတို့ အဖွဲ့ ပါဝင်လှုပ်ရှားလေ့ရှိပါတယ်။ ဥပမာ အားဖြင့် နာဂစ်မုန်တိုင်းဖြစ်တုန်းကလည်း အလှူခံလို့ ရတဲ့ ပိုက်ဆံတွေကို ကိုယ်တိုင်မြန်မာပြည်သွား ရောက် အကျိုးဆောင်းပေးတာတို့၊ နောက်ဒီမှာ Software Engineer ကို Master Degree တက်ရင်း ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ မစန္ဒာဖြိုးဝေ ကိစ္စမှာလည်း သူတို့ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

ကဲ..ခုတစ်ခုကတော့ လတ်တလောဖြစ်သွားတဲ့ ကိစ္စအတွက် အလှူခံမှာပါ။ ကိုယ့်မမကြီး ကဒီလောက် လူမှုရေးတွေလုပ်နေတာဆိုတော့ သူ့ညီမတစ်ယောက်အနေနဲ့ ပါဝင်ကူညီ အလှူခံပေးခြင်းဖြစ်ပါတယ်။ Straits Time သတင်းမှာလည်းပါပါတယ် ။ ကားတိုက်မှုဖြစ်ပွားခဲ့တဲ့ ကိစ္စလေးပါ။ အသေးစိတ်ကို အောက်မှာ မူရင်းအတိုင်းတင်ပေးလိုက်ပါတယ် ။ နည်းသည်များသည်မဟုတ်ပါဘူး.။ 1 $ လှူ လှူ 5$ လှူ လှူ 10$ လှူ လှူ 50$ လှူ လှူ အလှူက အလှူပါဘဲ။ ကိုယ့်အတွက်ဘာမှ မဖြစ်လောက်တဲ့ ပိုက်ဆံလေးဟာ လူ့တစ်ဘက်သားဘ၀ အတွက်သေရေးရှင်ရေးတမျှ အရေးကြီးလို့လှူလိုက်ရတဲ့ ပီတိဟာ အနှိုင်းအဆမရှိ ပါဘူး.။အသေးစိတ်ကို အောက်မှာ ဖတ်နိုင်ပါတယ်ရှင့်။



Dear all,

The two Myanmar Students (Maung Zaw Myo Lwin and Ma Phyo Thida Tun) had a hit and

run accident by lorry on the middle of October. Maung Zaw Myo Lwin is studying at

ITE and Ma Phyo Thida Tun is an ACCA student from N2P2 Professional Training Centre.

Due to the accident, Maung Zaw Myo Lwin has minor injury despite his leg has been

broken. He has been discharged from hospital a few days later.

However, Ma Phyo Thida Tun is having serious and numerous injuries on lower part of

her body where she can not move totally. The doctors at Tan Tock Seng Hospital are

trying their best to avoid her to be amputed. She has been admitted at Ward 12D, Bed

109 since then. Her brother (also a student) from Malaysia has come to Singapore to

look after her since the accident has taken place.

Yesterday, Ko Zaw Zaw Cho (Ex-RIT member + Myanmar Club member), Ko Thant Zin Myo

(Ex-RIT) and Moh Moh Minn (Ex-RIT) went to hospital and met with Ma Phyo Thidar Tun,

her brother, and Maung Zaw Myo Lwin.

Here are the scopes we are trying to help them:

1. Regarding the insurance claim from Car owner’s company and other law

related matters, Ko Zaw Tun (Myanmar Club, VP) and Ko Zaw Zaw Cho are in the process

of negotiating. For your information, Maung Zaw Myo Lwin’s hospital bill is about S$

20,000 and that of Ma Phyo Thida Tun is about S$ 70,000 as on today. We heard that

the hospital doesn’t want to continue her treatment if the bill is not paid. She

seems to be in hospital for another one month, at least.


2. Regarding her brother’s visa extension in Singapore, Ko Zaw Zaw Cho will

try to request to ICA.


3. Since they are just students and their family has difficulty to support

them for long term medication bill, we would like to request help from all Myanmar

communities in Singapore to support them as much as we can.

AC No. : 038-84088-6 POSB Saving

Please notify me if you have credited to the above account.

Thanks and Best wishes,

Shwe Zin Ma (Ex-RIT, Ec 2000) -- Phone (93245885) (ဒါ ကကိုယ့်ရဲ့မမကြီးပါရှင့်)

Zaw Zaw Cho (Myanmar Club + Ex-RIT, Mech 1998) - Phone (92702925)

U Zaw Tun (Myanmar Club + Ex-RIT, Ec 1981) ---- Phone (90105910)

Thant Zin Myo (Ex-RIT, Civil 2003) - Phone (92381646)


6 comments:

Pwint Myue Zin said...

Hi sis... I had read the news in paper... and felt very sad for them... Appreciate those who are helping them to clear the bills... I'll also contribute as much as i can. Let me put the post in my blog also.... thanks...

Anonymous said...

မမရေ....
စိတ်မကောင်းစရာနော်
ဒီလိုကူညီတတ်တာကောင်းတာပေါ့
ရုံလေးလည်းတတ်နိုင်သလောက်လေးကူညီပါ့မယ်
ဖုန်းနံပတ်တွေ ယူသွားပြီနော်
ဘယ်သူ့ အကောတ်မှာ လွဲပေးရမှာလဲ မသိဖူး

ခင်မင်စွာဖြင့်
မြူးသျှရီ

ThuHninSee said...

wow.. မရွှေစင်မကိုး။ မမွန်တို့ရှေ့နှစ်တစ်နှစ်ကပဲ။
ကျောင်းမှာ စာအရမ်းတော်လို့ နာမည်ကြီးတယ်လေ။ မမြတ်နှင်းပွင့်ထွန်းတိုနဲ့နှစ်ကထင်တယ်။

ahphyulay said...

လာရောက် အားပေးခဲ့ တဲ့  အတွက်ကျေးဇူးကမ္ဘာပါဗျာ။
ပြီးခဲ့ တဲ့  စာလေးတွေပါဖတ်မိသွားပါတယ်။ စာကို စာနဲ့ တူ
အောင် ရေးဖို့  ကြိုးစားနေရသူတစ်ယောက် အနေနဲ့  အမစာလေး
တွေ ဖတ်ပြီး နှစ်သက် ပီတိဖြစ်မိပါတယ်လို့ ..။
မျက်မှန်လေး တပ်ပြီး အဲဒီမျက်မှန်ဘောင်လေးထဲကနေပဲ
လောကကြီးကို ဘောင်ခတ်ကြည့် မနေ နဲ့ နော..ဟဲဟဲ..နောက်
တာပါ။ကျွန်တော်လဲမျက်မှန် မတတ်ရင်စာရိုက်လို့ မရဘူးလေ။

မျက်မှန်လေး said...

ဟုတ်တယ်..မနှင်းဆီရေ....

ခြေလှမ်းသစ် said...

အလွန်ပဲ မွန်မြတ်လှတဲ့ အလုပ်တွေဖြစ်ပါတယ်ဗျာ .. လေးစားမိပါတယ်ဗျာ ...