PHUKET ခရီးစဉ်

ဝdiv>ဒီခရီးသွားဖို့အတွက် မပြီးပြတ်သေးတဲ့အလုပ်တွေ ပြီးပြတ်အောင်လုပ်နေရတာရယ် ဒီခရီးအတွက် ပြင်ဆင်နေတာတွေရယ်ကြောင့် ဘယ်ဘလော့ခ်မှ တူးတူးထွေထွေ မရောက်ဖြစ်ခဲ့ပါဘူး။ အားလုံးကိုတောင်းပန်ပါတယ်နော်။ တောင်းပန်တဲ့အနေနဲ့ ခရီးစဉ်လေးအကြောင်း ပြောပြမယ်နော်။ဟီးဟီး။

ပထမဆုံး ကိုယ်နဲ့ ကိုယ့်လက်တွဲဖော် နှစ်ယောက်တည်း သွားဖို့ စီစဉ်ခဲ့တာပါ။ တစ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ပေါ့။ ဒါပေမယ့်လည်း သူငယ်ချင်းတွေ ကိုမင်တာကြောင့် သူတို့ကိုပါ လိုက်ခဲ့ဖို့ခေါ်ဖြစ်တယ်။ ဒါနဲ့ ဘဲသူတို့တွေလည်း လိုက်ဖြစ်ခဲ့တယ်ဆိုပါတော့။

Air Asia ကနေပြီးတော့ booking ကို ပထမ ယူပါတယ်။ သူက Flight+ Hotel ကို အပြီးအစီး တစ်ယောက်ကို S$ 250 တဲ့။ ဘိုကင်ယူပြီးတော့ ကိုယ်တို့တွေ ဒီခရီးစဉ်အတွက်ပြင်ဆင်ခဲ့ ပါတယ်။ အ၀တ်အစားတွေ တချို့ လိုအပ်မယ့်အသုံးအဆောင်ပစ္စည်းလေးတွေ ၀ယ်ပြီး ခရီးအတွက်ကြိုတင်စိတ်ကူးယဉ်ပျော်ရွှင်ခဲ့ကြပါတယ်။ ဒီလိုမျိုး နေ့ရက်ရှည် ခရီးတစ်ခု ကို မိဘတွေ မပါဘဲ ကိုယ့်အမ ကြီးမပါဘဲ သူငယ်ချင်းတွေဘဲ စုသွားတာ ကိုယ်အတွက်ဒါပထမဆုံး အကြိမ်ပါ။ ကိုယ့်ဘာသာကိုယ် လူကြီးလုပ်ပြီးသွားရတဲ့ ခရီးမို့ အရမ်းလည်း ရင်ခုန်ခဲ့ပါတယ်။ ကိုယ်နဲ့ လက်တွဲဖော်တိုင်ပင်ပြီး ဘာတွေထည့်ရမလည်း ဘာတွေ ၀ယ်ရမလည်း ဆိုတာတွေကို စာရင်းလုပ်ခဲ့ပါတယ်။ မသွားခင် နှစ်ည လောက်က ကိုယ့်သူငယ်ချင်းတွေ နဲ့ကိုယ့်အိမ်မှာစုပြီး ဟိုရောက်ရင်ဘယ်သွားသင့်တယ်။ ဘာလုပ်သင့်တယ်ဆိုတာတွေကို စာရင်းတို့ထားခဲ့ပါတယ်။ ကိုယ်တို့ခရီးသွားမယ့်နေ့ ကသောကြာနေ့ပါ။ တကယ်တော့သောကြာနေ့ဆိုတာ ကိုယ်တို့သူငယ်ချင်းတစ်စု စီးတီးဟောလ်မှာ အမြဲ ဆုံတဲ့နေ့ပါ။ ခု သောကြာနေ့ သွားရမယ်ဆိုတော့ ကြာသပတေးနေ့ ကို ပြောင်းချိန်းပြီး စီးတီးဟောလ်မှာ ဆုံ၊ လက်ဖက်ရည်လေးဘာလေးသောက်၊ ကွမ်းလေးဘာလေးစား နဲ့ စကားစမြည် ပြောဖြစ်ပါတယ်။ ပြီးတော့ ယိုးဒယားပိုက်ဆံ ကိုအောက်က money changer မှာသွားလဲခဲ့ပါတယ်။ စင်ကာပူ ၅၀၀ ကို ယိုးဒယား ဘက် ၁၁၇၀၀ ကြီးများတောင်ရပါတယ်။ ပြီးတော့ ရထားစီးပြီးအိမ်ပြန်လာခဲ့ကြပါတယ်။ ညဘက် အိမ်ကိုပြန်ရောက်တော့ ၁၀း၀၀ လောက်ရှိနေပြီ။ အ၀တ်အစားတွေထည့် ဆေးတွေထည့် သွားတိုက်ဆေး သွားတိုက်တံတွေ ထည့် နဲ့ ကိုယ်နဲ့ ကိုယ့်လက်တွဲဖော် အဲဒီညက ၁း၀၀ လောက်မှ အိပ်ရာဝင်ဖြစ်ပါတယ်။

လေယာဉ်က သောကြာနေ့ နေ့လည် ၁း၀၀ မှာ ထွက်မှာပါ။ အဲဒီတော့ ကိုယ်တို့သူငယ်ချင်းတွေ လေယာဉ်ကွင်းကို ၁၁း၀၀ အရောက်ချိန်းကြပါတယ်။လေယာဉ် check-in လုပ်ပြီးတော့ အရက်တစ်ပုလင်းရယ်၊ စီးကရက်တစ်ထောင့်ရယ်ကို Duty Free မှာ ၀င်ဝယ်ပြီး ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး လေယာဉ်ပေါ်တက်ပြီး ဖူးခက်မြို့ကို ထွက်လာခဲ့ကြပါတယ်။ သူငယ်ချင်းတွေအားလုံး အပြုံးကိုယ်စီနဲ့ပေါ့။ စက်ရုပ်မြို့လေးထဲက မွန်းကျပ်မှုတွေကိုခဏတာ မေ့ပျောက်နေခဲ့ကြတယ်။ ဘာဆိုဘာအလုပ်ကိစ္စမှ ခေါင်းထဲမှာ မရှိတော့တာ။













ဒါက သူငယ်ချင်းတစ်ယောက်လေယာဉ်ပေါ်ကနေ လှမ်းရိုက်ထားတဲ့ ပုံပါ။.


ဖူးခက်လေဆိပ်ရောက်တော့ Immigration ၀င်ပြီး Taxi ငှားဖို့ကြိုးပမ်းရပါတော့တယ်။ တက်စီက Mini Cab လေးပါ။ ကောင်းပါတယ်။ hotel ထိကို ၁၀၀၀ ဘက်တဲ့။ အဲဒါနဲ့ ဘဲ ငှားပြီး ခရီးနှင်လာတော့တယ်။ လေဆိပ်က နေ တစ်နာရီကျော်ကျောက်လောက်မောင်း ပြီးတဲ့နောက်မှာ တော့hotel ကိုရောက်လာပါတော့တယ်။ hotel က တောင်ကုန်းလေးပေါ်မှာရှိတာကြောင့် ကားသမားက အဲဒါကို သူမတက်ရဲဘူးတဲ့။ အဲဒါနဲ့ စကားနည်းနည်းများ၇သေးတယ်။ သူတို့ကလည်း အင်္ဂလိပ်လိုမတက် ကိုယ်တွေကလည်း ယိုးဒယားလိုမတက်နဲ့ တော်တော်လေးကြာကြာပြောရပါတယ်။ နောက်စင်ကာပူ ကသူငယ်ချင်းတစ်ယောက် ကဖူးခက်မှာ ရှိတဲ့ သူ့အစ်ကို ဖုံးနံပါတ်ကို ကိုယ်တို့ကို အကူအညီလိုရင်တောင်းဖို့ပေးလိုက်တာနဲ့ ကိုယ်တို့တွေ သူ့ဆီကို ဖုံးဆက်ပြီး ကားသမားနဲ့ပြောခိုင်းမှ အဆင်ပြေသွားတယ်။ နောက်တော့ အဲဒီ တောင်ကုန်းက တော်တော်လေး အတက်ကြမ်းတာကြောင့်ကိုယ်တို့ တွေခြေကျင်တက်ခဲ့ကြတယ်။ သိပ်မဝေးပါဘူး ။ reception ရောက်တော့ passport နဲ့ လက်မှတ်ပြပြီး ကိုယ်တို့ကို အခန်းလိုက်ပြတယ်။ အမလေး တက်လိုက်ရတာမောနေတာဘဲ။ ကွေ့ကာဝိုက်ကာနဲ့။ ဒါပေမယ့် အပေါ်လည်းရောက်ကော အမောလည်းပြေသွားပါတယ်။ ဘာလို့လည်း ဆိုတော့ phuket တစ်မြို့လုံးရဲ့ ရှူခင်းကို အဲဒီကလှမ်းမြင်ရတာ တော်တော်လေးစိတ်ချမ်းသာ ဖို့ကောင်းပါတယ်။ အဲဒါနဲ့နားပြုပြီး ညနေ ၅ နာရီလောက်ကျတော့ အပြင်ပြန်ထွက်ဖြစ်ခဲ့ကြပါတယ်။













ဒါက တော့ ဟိုတယ် ပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းပါ။

Pathong Beach ကို ဟိုတယ် ကကားနဲ့ လာခဲ့ကြတယ်။ အဲဒီ မှာ အဖြူမ တွေအဖြူကောင် တွေ များလိုက်တာ.။ ဆိုင်ကယ်တွေနဲ့။ ဘာလို့ အဲလောက်များမှန်းနောက်မှ သိခဲ့ရတယ်။ ဆိုင်ကယ် ငှားခ က ဈေးသက်သာတာကိုး။ တစ်ရက်လုံးမှ ဆိုင်ကယ်တစ်စီးကို ဘက် ၁၅၀ လောက်ဘဲပေးရတော့ ဆိုင်ကယ်ငှားပြီး သူတို့က လျှောက်သွားကြတာကိုး။ ကိုယ်တို့ အုပ်စုက ၆ ယောက်သွားပေမယ့် နှစ်ယောက်ဘဲ ဆိုင်ကယ်စီးတတ်တဲ့သူပါတာမို့ ငှားမစီးဖြစ်ခဲ့ပါဘူး။ သုံးယောက်တစ်စီး သူများနိုင်ငံမှာ စီးရမယ်ဆိုတော့ မငှားဖို့ဘဲ ဆုံးဖြတ်ချက်ချ ခဲ့ကြတယ်။

Patong Beach ကလူတော့စည်တယ်။ ကမ်းခြေအနေနဲ့ ဆိုရင် လှတယ်လို့မဆိုသာပါဘူး။ ဒါပေမဲ့ Pathong Night Life က အရမ်းမိုက်တယ်။ အဲလိုနဲ့ ဟိုမေးဒီစမ်းနဲ့ ဗိုက်ကလည်း ဆာပြီမို့ စားသောက်ဆိုင်တစ်ဆိုင်မှာ ၀င်စားဖြစ်တယ်။ အဲဒီ ဆိုင်မှာ မြန်မာအစ်မကြီးတစ်ယောက် အလုပ်လုပ်နေတယ်။ ပျော်သွားတာပေါ့။ မြန်မာတွေ့ပြီဆိုပြီး။ နောက်တော့မှ အဲဒီ တစ်လျှောက်လုံးမှာ မြန်မာတွေမှ အများကြီးဘဲ။အလုပ်လုပ်နေကြတာ။ အဲဒီမြန်မာ အစ်မကြီးကိုမေးတော့ Show တွေက Bengalar Road မှာ ရှိတယ် ဆိုပြီး Bengalar Road ကို ထွက်လာကြတယ်။





















ဒီလို လာရင်းနဲ့ မနက်ဖြန် အတွက် Tour Package တွေဝယ်ဖို့ ဟိုဟိုဒီဒီ စူးစမ်းကြည့်ခဲ့ကြတယ်။ Thai နိုင်ငံရဲ့ အဓိက စီးပွားရေး Tour လုပ်ငန်း ဖြစ်တဲ့အလျောက် နေရာတကာမှာ Tour packageေ၇ာင်းတဲ့ ဆိုင်လေးတွေ တွေ့နိုင်တယ်။ အဲဒီအထဲကမှ ဈေးအသက်သာဆုံးလို့ထင်ရတဲ့ ဆိုင်လေးတစ်ဆိုင်ကို ၀င်ပြီး ဈေးနှုန်းတွေမေးပြီး James Bond Island Tour Package ကို တစ်ယောက်ကို ဘက် တစ်ထောင်နဲ့ ၀ယ်ခဲ့ကြတယ်။ နောက် ညဘက်ကြည့်ဖို့ နာမည်အကြီးဆုံးဖြစ်တဲ့ Simon Cabaret Lady Boy Show ကို တစ်ယောက် ဘက် ၅၄၅ နဲ့ ၀ယ်ဖြစ်ခဲ့ကြတယ်။ အဲဒီနောက် Bengalar Road ကိုလျှောက်ခဲ့ကြတယ်။ အရမ်းစည်ကားပါတယ်။ လမ်းတစ်လျှောက်မှ Bar တွေနဲ့ ပြည့်နှက်နေတယ်။ နောက် Lady Boy လို့ခေါ်တဲ့ Gay ချောချော လှလှလေးတွေလည်း တွေ့ခဲ့ရတယ်။ လမ်းလျှောက်ရင်း စကားပြောရင်း ငေးရင်း နဲ့ ည ၁၁း၀၀ လောက်ကျတော့ ဘီယာ ၀ယ်ပြီး ဟိုတယ်ပြန်ခဲ့ကြတယ်။

နောက်နေ့အကြောင်းကို နောက်မှ ဆက်ရေးမယ်နော်။

13 comments:

ခြေလှမ်းသစ် said...

lady boy show တွေက ထိုင်းမှာ အရမ်းခေတ်စားနေတယ်ထင်တယ်နော် ...

Anonymous said...

i like the photos of island who taken from the high level......

Anonymous said...

i like the photos of island. who taken from the high level....

PhotoVigor said...

Hi..reading your post, love the colorful pictures..Cheers..

PhotoVigor said...

It is a pure travel blog and very much appreciate it if you could mention things more detail.. love to read.
Cheers..

Waing said...

ထိုင်းခရီးစဉ်လေးက ပျော်စရာကောင်းမှာအမှန်ပဲ
ဝိုင်းလည်း မရောက်ဖူးသေးပါ တခေါက်လောက်တော့ သွားချင်တယ် lady boy show တွေလည်း မြင်ချင်တယ်

ဗလာဗလာဗလာ said...

ဘာဆိုဘာမှကို အားနာဝူးးးး
ကြိုက်တာကိုမန့်ထည့်လိုက်တော့မှာ
ဟဲဟဲ.. မမမျက်မုန်လေးကိုသိတာကြာ
ပါပြီခုမှဝင်မန့်ဖြစ်တော့တယ်။ကျွန်တော်ရဲ့
ရေးချင်ရာလျှောက်ရေးထားတဲ့အိမ်လေး
ထဲကိုလာရောက်လည်ပတ်သွားတဲ့အတွက်
ကျေးဇူး။ ယိုးဒယားမှာသွားရောက်လည်ပတ်
နေတယ်ဆိုတော့တော်တော်ပျော်နေမှာပေါ့
နောက်ဆက်တွဲကိုမျော်နေမယ်နော်။

မြစ်ကျိုးအင်း said...

ဖူးခက် ကို မရောက်ဖူးဘူး အာရှမှာ နာမည်ကြီးနေရာ မို့ သွားချင်သေးတယ်။ တော်တော် ပျော်ခဲ့ပုံရတယ်နော်

နောက်အပိုင်းလေးတွေလည်း စောင့်ဖတ်မယ်

မင်းအိမ်ဖြူ Minn Eain Phyu said...

လာဖတ်သွားတယ်

ကျွန်တော်လည်း သွားချင်တယ်

ရောက်ဖူးသေးဘူး

သေချာပြောပြပါ

ဘယ်လောက်ကုန်မလဲဆိုတာပါ

ဟာဟ မျက်မှန်လေးလို လက်တွဲဖေါ်တော့ရှိဘူး တစ်ယောက်တည်းဒိုးရမှာ
ဟာဟ

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

PhotoVigor said...

Hi, sorry for late reply. To admit sincerely, I am not a professional photographer and thus I am not qualify enough to discuss on photography. Don't get me wrong. Many thanks for your kind understanding.

Or you may want to consider/join this photographer from Singapore if you are in singapore.

http://www.facebook.com/home.php?#/willyfoo?v=wall&ref=nf

လင်းကြယ်ဖြူ said...

Pattaya တော့ရောက်ဖြစ်ခဲ့တယ်
phuket တော့ရောက်ဖူးသေးဖူး
ကျေးဇူးပဲ ပုံတွေကြည့်ရတာ
ပျော်ပါစေ
*.*.*

PhotoVigor said...

Merry Christmas to you and your family.

Flower said...

စိတ်ဝင်စားစရာခရီးလေးဘဲနော်..
ပျော်စရာကောင်း၊ စိတ်လှုပ်ရှားဖို့လဲ ကောင်းမဲ့ ပုံလေးပါဘဲ.. တော်တော်ပျော်ခဲ့မယ်လို့ ထင်ပါတယ်..