နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ…

သြော် အချိန်တွေကုန်တာမြန်လိုက်တာ။ ရက်တွေတိုက်စား လတွေနှစ်ပြောင်း ခုဆိုရင် ဘာလိုလိုနဲ့ ၂၀၁၀ ရဲ့ ဒုတိယမြောက်လ ဖေဖေါ်ဝါရီ လတောင် တဖြေးဖြေးနဲ့ ကုန်လွန်တော့မှာပါလား။ ဆောင်းရနံ့တွေ ရွေ့ရွေ့ နဲ့ ကုန်ဆုံးပြီး ပူပြင်းလှတဲ့ နွေ ကို ဖိတ်ခေါ် တော့မယ် ဖေဖေါ်ဝါရီ အချမ်းပေါ့ အပူစမ်း ရာသီ ဥတု ကလည်း လူ ကို နေမထိ ထိုင်မသာ ဖြစ်စေပါတယ်။ ညတာ အတို နဲ့ အရှည် ကူးပြောင်းတဲ့ အခိုက်မှာ နှုတ်ဆက် ပါသည် ဖေဖေါ်ဝါရီ။


ဖေဖေါ်ဝါရီလ တစ်လလုံးမှာ ဘာတွေ အမှတ်တရရှိခဲ့လည်းဆိုတာ နဖူးပေါ်လက်တင် စဉ်းစားနေခဲ့ ပါတယ်။ ပြန်စဉ်းစား လိုက်တော့ ဒီဖေဖေါ်ဝါရီ မှာ မြန်မာပြည်ရဲ့ အရေးကြီးတဲ့ အထင်ကရ နေ့တွေကလည်း စုစည်းလို့ နေတယ် ။ ကျွန်တော်တို့ မြန်ပြည် ရဲ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို သူရဲ့ မိခင်ဒေါ်စုက ၁၃ ရက်နေ့ ဒီလမှာ ဘဲလောကကြီးထဲကို သယ်ဆောင်လာခဲ့တယ်။ မကွေးတိုင်း နတ်မောက်ခရိုင်လေးမှာ ပေါ့။ အဲဒီ တုန်းကတော့မထင်မရှားပါဘဲ။ ဒါပေမယ့် သူရဲ့ ကြိုးစားမှု၊ မျိုးချစ်စိတ်ဓါတ် ရှိမှု၊ တရား မျှတမှု တို့ကြောင့် ကမ္ဘာ့အလယ်မှာ သူ့ကြောင့် မြန်မာလူမျိုးစု ဂုဏ်တက်ခဲ့ ရတယ်။ ဗိုလ်ချုပ်ကပဲ တိုင်းရင်းသားစည်းလုံး ညီညွတ်အောင် ဆိုပြီး ပင်လုံစာချုပ် ကို ဒီ ၁၂ ရက်နေ့မှာဘဲ ချုပ်ဆိုခဲ့လို့ ပြည်ထောင်စုနေ့ လို့ခေါ်တွင်ခဲ့တယ်၊ မြန်မာ ပြည်သူတွေ အတွက် မမေ့နိုင်တဲ့ လမြတ် လေး တစ်လပေါ့။ခုတော့ နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ.။

မြန်မာပြည်မှာတင်မဟုတ် ကမ္ဘာမှာလည်း ဖေဖေါ်ဝါရီနဲ့ ပတ်သတ်လို့ အထိမ်းအမှတ်နေ့ တွေလည်း ရှိပါသေးရဲ့။ချစ်တက်သူ တွေအတွက်မရှိ မဖြစ်တဲ့ နေ့လေးတစ်ရက်ပေါ့။ ဒီနေ့လေးမှာ ချစ်တဲ့သူချင်း တစ်ယောက်နဲ့ တစ်ယောက်အချစ်တွေကို ဖလှယ်ကြတယ်။ လက်ဆောင်တွေလဲကြတယ်။ ပန်းစည်းတွေပို့ကြတယ်။ ဒီပန်းစည်းတွေ လက်ဆောင်တွေနဲ့ သူတို့ ရဲ့အချစ်ကို ပြသခဲ့ကြတယ်။ ဒီချစ်သူများနေ့ဖြစ်တဲ့ ၁၄ ရက်နေ့ကို အေဒီ ၅၀၀ လောက်က POPE တစ်ယောက်က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဖေဖေါ်ဝါရီလဟာ လူထူးလူချွန်တွေ မွေးတဲ့ လလို့ဘဲ ပြောရမလား ။ ဒီဖေဖေါ်ဝါရီလမှာ ဘဲ ဗိုလ်ချုပ်အပြင် နောက်ထပ် လူရည်ချွန်နှစ်ဦးက ကမ္ဘာလောကထဲ ရောက်လာခဲ့တယ။် အဲဒီလူတွေကတော့ အမေရိကန်သမ္မတ ဟောင်းတွေဖြစ်တဲ့ Abraham Lincoln နဲ့ George Washington တို့ဘဲဖြစ်တယ်။ သူတို့မွေးနေ့တွေ ကဖေဖေါ်ဝါရီလမှာဖြစ်ပေမယ့် မွေးရက် မတူကြတဲ့ အတွက် President Nixon က holiday ကို ကြားချပေးတဲ့ အနေနဲ့ ဖေဖေါ်ဝါရီ လတိုင်းရဲ့ တတိယမြောက် တနင်္လာနေ့တိုင်းကို “သမ္မတနေ့ -President day” လို့ ၁၉၇၁ ခုနှစ်မှာ သတ်မှတ်ပေးခဲ့ပါတယ်။

ကဲ ဘယ်လာက် သမိုင်းဝင်တဲ့ ဖေဖေါ်ဝါရီလဲ။ ဒါပေမယ့် ခုတော့လည်း အချိန်ရာသီရဲ့ စေခိုင်းမှုကြောင့် ဒီဖေဖေါ်ဝါရီလည်း ကုန်ဆုံးခဲ့ပြီလေ။ ကိုယ်ကော ဒီလမှာ ဘာတွေလုပ်ခဲ့လည်း။ အကျိုးရှိတာတွေ လုပ်ခဲ့လား ၊ အကျိုးမရှိတာ တွေလုပ်ခဲ့လား စဉ်းစားရင်း ၀မ်းနည်းစွာဖြင့််……….။


နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ…။



5 comments:

မေဓာဝီ said...

အမလဲ ဖေဖော်ဝါရီလလေးကို ချစ်တယ်။ ဒါပေမဲ့ သူက အကုန်မြန်လိုက်တာ ... ။ တခြားလတွေလို ကြာကြာ မနေရရှာဘူး။ ဘာပဲဖြစ်ဖြစ် ဖေဖော်ဝါရီ တခါကုန်ဆုံးသွားပေမဲ့ နောက်နှစ် ဖေဖော်ဝါရီတွေ အများကြီး ရှိပါသေးတယ် မျက်မှန်လေးရေ .. ။
အစစ အဆင်ပြေပါစေ ... ။

ခြေလှမ်းသစ် said...

ဟုတ်ပါ့ဗျာ ဒီဖေဖေါ်ဝါရီလလေးက တန်ဖိုးရှိမှုလေးတွေ ကို ရင်ဝယ်ပိုက်ရင်း ကုန်ဆုံးပြန်ပါပြီ ...

လင်းကြယ်ဖြူ said...

အချိန်တွေ က တော့ တရွေ့ရွေ့ နဲ့ သွားနေပြီ...
ဟုတ်တယ်နော်...
ပျော်ပါစေ
*.*.*

ကြည်ဖြူပိုင် said...

ဟုတ်ပါ့နော်
တတိတတိနဲ့အချိန်တွေကုန်တာမြန်လိုက်တာ
မမရေ
........................................

noblemoe said...

ဒီစာဖတ်ပြီးမှ တခြားလူရည်ချွန်နှစ်ယောက်လည်း
ဒီလမှာမွေးတယ်လို့ သိခွင့် ရလို့ ကျေးဇူးပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး