ကင်ပွန်းကြီးဆယ်ပါး ကန်တော့ခြင်း




 
တရား အားထုတ်တော့မယ် လို့စိတ်ဆုံးဖြတ်ပြီးတဲ့ လူတိုင်းလိုလို ထိုကင်ပွန်းကြီး ဆယ်ပါး ကို နေ့စဉ်နေ့တိုင်းလိုလို ရွတ်ဖတ်သင့်ပါတယ်။  ဘာလို့လဲဆိုတော့ ကိုယ်တရား အားထုတ်တဲ့ အခါ မဂ်ဥာဏ် ဖိုဥာဏ် ပေါ်ခါနီးလေးမှာဘဲ  အမှတ်တွေဟာ လျော့ကျသွားတတ်တယ်။ လမ်းလွဲသွားတတ်ပါတယ။် အဲဒါ ဟာ ကံတွေကြောင့်ဖြစ်တတ်ပါတယ်၊ ယခုပစ္စုပါန် ဘ၀မှာ မပစ်မှားခဲ့သော်လည်းဘဲ ဟိုး ကိုယ်မမြင်ရတဲ့ အတိတ်ကာလမှာ ပစ်မှားခဲ့ရင်လည်း အဲဒါဟာ ဒီဘ၀မှာလာပြီး အကျိုးသက်ရောက် စေပါတယ်။ ဒါကြောင့် ကိုယ်မှားခဲ့ရင်လည်း ကိုယ်အားထုတ်တဲ့တရား ကိုမထိခိုက်အောင် ကိုယ့်ဘက် က၀န်ချတောင်းပန် ကန်တော့သင့်ပါတယ်။ ထိုကင်ပွန်းကြီး ဆယ်ပါးကို ကန်တော့ရန် ဆရာတော်ဘုရားတော်တော်များများ ကသင်ကြားပေးကြပါတယ်။ ထိုအထဲကမှ မြောက်ဦးဆရာတော် ရဲ့ ကင်ပွန်းကြီးဆယ်ပါးကန်တော့ခန်းကို မျှဝေလိုက်ပါတယ်။ 


၁) သဗ္ဗေညုတဥာဏ်ပိုင်ရှင် မြတ်စွာဘုရားရှင်များအပေါ်၌ လည်းကောင်း၊


၂) ပစ္စေက ဗုဒ္ဓါ အရှင်သူမြတ်များအပေါ်၌ လည်းကောင်း၊

၃) ရဟန္တာ အရှင်သူမြတ်များအပေါ်၌ လည်းကောင်း၊

၎) အဂ္ဂသာဝက မဟာသာဝက အရှင်သူမြတ်များအပေါ်၌ လည်းကောင်း၊

) ယခုဘ၀၌ တော်စပ်လျှက်ရှိသော မွးသမိခင်ကြီးနှင့် သံသရာ အဆက်ဆက်က တော်စပ်ခဲ့ဖူးသော 
 မွေးသမိခင်ကြီးများ နှင့် ကျွေးသမိခင် များအပေါ်၌ လည်းကောင်း၊

၆) ယခုဘ၀၌ တော်စပ်လျှက်ရှိသော ဖခင်ကြီးနှင့် သံသရာအဆက်ဆက် က တော်စပ်ခဲ့ဖူးသော ဖခင် များအပေါ်၌ လည်းကောင်း၊

 
ရ) မိမိတို့ကို လောကုတ္တရာ တရားအသိထူးရအောင် ဟောပြောပေးကြကုန်သော သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာတော် များအပေါ်၌ လည်းကောင်း၊

၈) မိမိတို့ကို လောကီ ပညာရပ်များကို သင်ကြားပေးကြကုန်သော သင်ဆရာ မြင်ဆရာ ကြားဆရာ  များအပေါ်၌ လည်းကောင်း၊

၉) သီလ၀န္တ သူတော်စဉ် များအပေါ်၌ လည်းကောင်း၊
သီလ၀န္တ ဆိုသည်မှာ - အကျင့်သီလ၊ စောင့်စည်းအပ်သော ၀ိနည်း တို့ဖြင့်ပြည့်စုံသော လို့ အဓိပ္ပါယ် ရပါသည်။

၁၀) မိမိတို့ အခက်အခဲရှိစဉ်က စကားတစ်ခွန်း၊ ရေတစ်ခွက်၊ ထမင်းတလုတ် ကျွေးခဲ့ ဖူးသော ကျေးဇူး ရှင် များအပေါ်၌ လည်းကောင်း၊

တပည့်တော်တို့သည် ယခုဘ၀၌ဖြစ်စေ၊ သံသရာအဆက်ဆက်က ဖြစ်စေ၊ သိရ်ျ ဖြစ်စေ မသိရ်ျဖြစ်စေ ကာယကံ ၀စီကံ မနောကံ စသည်တို့ဖြင့် ပြစ်မှား ကျူးလွန် ပြုလုပ် ကြံစည် ရှိခဲ့ဖူးပါသည်။ ထိုရှိခဲ့ခြင်းကို တပည့်တော်တို့သည် သိရှိနားလည် သဘောပေါက်စွာဖြင့် ၀န်ခံပါဧ။်။ ၀န်ချပါဧ။် ၊ တောင်းပန်ပါဧ။် ၊ကန်တော့ပါဧ။် အရှင်ဘုရား။

ထိုကုသိုလ်ကြောင့် ဆိုးကျိုးပေးဆဲ ဆိုးကျိုးပေးလတ္တံသော အနိငှ ဘေးဒဏ် ရန်စွယ်အပေါင်းတို့သည် ပိန်းကြာဖတ်တွင် ရေမတင်သကဲ့သို့ ကင်းစင်လွင့်ပျောက် ရရ်ျကောင်းကျိုးအနန္တ ဖြစ်ထွန်းရပါလို ဧ။် ၊ ကောင်းကျိုးအနန္တခံစား ရပါလို ဧ။် ၊ကာင်းကျိုးအနန္တ မျက်မှောက် ပြုရပါလို ဧ။် ၊အရှင်ဘုရား။

ထိုကဲ့သို့ ရွတ်ဆို ကန်တော့ပြီးလျှင် ကိုယ်က လည်းပြန်ပြီး ကိုယ့်ကို ပြစ်မှားမိတဲ့သူများ အား ခွင့်လွှတ်ပါသည် ဟုဘုရားရှေ့ထံ ရွတ်ဆိုရပါမည်။

ထိုကင်ပွန်းကြီး ဆယ်ပါးကို နေ့စဉ် ရှိခိုးကန်တော့တောင်းပန်သင့်ပြီးမှ တရားအားထုတ်ရင် ပိုပြီးခရီးရောက်နိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင် သူတော်စဉ်များ အားလုံး အို၊နာ၊သေ၊ဖွား စသည်တို့ ဆိတ်သုဉ်းရာ မြတ်နိဗ္ဗာန်ကို လျင်မြန်စွာ ရောက်နိုင်ကြပါစေ။




No comments: