ကိုယ့်ရဲ့သူငယ်ချင်း

ကိုယ့်သူငယ်ချင်းတစ်ယောက်အကြောင်းရေးချင်ပါတယ်။ကိုယ်ကအပေါင်းအသင်းအရမ်းမင်ပါတယ်။မေမေတို့ဆိုကိုယ့်ကိုအပေါင်းအ

သင်းအရမ်းမင်လို့ခဏခဏဆူပါတယ်။ဒါပေမဲ့ကိုယ်ကလည်းမရပါဘူး။သူငယ်ချင်းမှမရှိရင်ကိုယ့်ဘ၀ကြီးကမပြည့်စုံသလိုလိုနဲ့။အဲဒီထဲက

မှကိုယ်ရဲ့အခင်ဆုံး၊အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အကြောင်းရေးချင်ပါတယ်။


သူ့နာမည်ကို ငယ်လေး လို့ဘဲမှတ်ထားရအောင်နော်။ငယ်လေးနဲ့ကိုယ်နဲ့ကကွန်ပျူတာရောက်မှခင်တယ်ဆိုပေမဲ့ ကိုယ်တို့တော်တော်

လေးခင်ခဲ့ကြတယ်။ ကိုယ်လည်းသူ့ကိုအရမ်းချစ်သလို သူလည်းဘဲကိုယ့်အပေါ်မှာ အရမ်းသံယောဇဉ်ရှိပါတယ်။ ဘယ်လောက်ထိချစ်

လည်းဆိုရင် ကိုယ်တို့နှစ်ယောက်ကို သူငယ်ချင်းတွေက အချစ်တော်တွေထင်ကြတယ်။ကိုယ်တို့နှစ်ယောက်ကလည်း အချစ်တော်တွေ

ထက်တောင်မှပိုချစ်ခဲ့ကြပါတယ်။ နှစ်ယောက်စလုံးလည်းရည်းစားမထားဖြစ်ခဲ့ကြဘူး။သူကအရမ်းကိုပွင့်လင်းရိုးသားတဲ့သူတစ်ယောက်ပါ။

ကိုယ်ကလည်းပွင့်ပွင့်လင်းလင်းရှိမှကြိုက်တဲ့သူစားမျိုး။တစ်ချို့သောမိန်းကလေးများကအရမ်းကိုလျို့ဝှက်ပါတယ်။ကိုယ်အဲဒီလိုလူမျိုးကို

မကြိုက်ဘူး။ကိုယ့်စိတ်ထဲမှာအဲဒီလိုမိန်းကလေးမျိုးကိုကုတ်ကမြင်းလို့ဘဲသဘောထားတယ်။ကိုယ့်ရဲ့ငယ်လေးကတော့အဲဒီလိုမျိုးမဟုတ်

ဘူးရှင့်။ကိုယ်လည်းအဲဒီလိုမျိုးမဟုတ်ဘူး။မကောင်းတာမဟုတ်တာလုပ်ဖြစ်ရင်တောင်မှပေါ်တင်ဘဲ။ကိုယ်လုပ်ထားတာဘဲ။အဲဒီကရလာတဲ့

အကျိုးဆက်ကိုတော့ကိုယ်ခံရမှာဘဲ။ဒါသဘာဝဘဲ။ကိုယ်နဲ့ငယ်နဲ့ကစိတ်တူကိုယ်တူပါဘဲ။ကိုယ်တို့တွေအရမ်းခင်အရမ်းချစ်ကြတာကိုကိုယ့်

တို့အိမ်ကောငယ်လေးတို့အိမ်ကောပါသိထားကြတယ်။အပေါင်းအသင်းမင်တာကိုဆူတဲ့မေမေကတောင်ကိုယ်နဲ့ငယ်လေးသံယောဇဉ်ကိုသိ

တော့ဘာမှမပြောဘူး။ငယ်လေးမှာမောင်လေးတစ်ယောက်ရှိတယ်။ဝိုင်းတဲ့။ပြီးတော့ငယ်လေးကခွေးလေးတွေဆိုသိပ်ချစ်သိပ်မြတ်နိုးတတ်

တာ။သူတို့တိုက်ခန်းလေးမှာအမွှေးစုတ်ဖွားခွေးလေးတွေငါးကောင်တောင်ရှိတယ်။ပြီးတော့ငယ်လေးအမြဲလုပ်တဲ့အကျင့်ကဆံပင်ပြုပြင်ခြင်

းပါဘဲ။သူရဲ့ဆံပင်ကအကြေကောက်လိုပုံစံမျိုး။အဲဒါကိုတပတ်တခါလောက်ဆံပင်ဆိုင်သွားရတယ်။ခေါင်းလျှော်စက်ဆွဲပေါင်းတင်၊မရိုးနိုင်

အောင်ကိုသွားတယ်။သူတို့မိဘနှစ်ပါးကအိမ်ထောင်ရေးသိပ်အဆင်မပြေပေမဲ့ဒီမောင်နှမယောက်ကိုတော့လိုလေသေးမရှိအောင်ထားပါ

တယ်။သူတို့စီးပွားရေးကတော်တော်လေးပြေလည်ပါတယ်။ငယ်လေးတို့ကပထမတော့မြို့ထဲမှာနေပါတယ်။နောက်တော့သူ့မေမေကမြို့

ထဲကလူများတယ်ဆိုပြီးမြောက်ဒဂုံကိုပြောင်းခဲ့ကြတယ်။အဲဒီမှာတော့ခြံလေးဝန်းလေးနဲ့။ပြီးတော့သူတို့နေတဲ့ရပ်ကွက်ကသန့်ပါတယ်။အဲဒီ

မှာဇာတ်လမ်းကစတော့တာဘဲ။သူတို့မြောက်ဒဂုံပြောင်းသွားတော့ကိုယ်သူတို့အိမ်ကိုသိပ်မရောက်ဖြစ်တော့ဘူး။သိပ်မရောက်ဘူးဆိုပေမဲ့

နေ့လည်ကျတော့ကျောင်းမှာတွေ့၊စနေနေ့ဆိုရင်သူတို့အိမ်သွား၊တပတ်တခါလောက်မှသွားဖြစ်တယ်။သူ့နဲ့ကိုယ်နဲ့ညနေပိုင်းသင်တန်းတစ်

ခုတူတူတက်ဖြစ်ကြတယ်။သူကိုကောင်လေးတစ်ယောက်ကအသည်းအသန်လိုက်တယ်။အဲဒီကောင်လေးကိုကိုယ်ကသိပ်ကြည့်လို့မရဘူး။

ကိုယ်ကကြည့်မရတော့ငယ်လေးကလည်းဝေါင်ဝေါင်ရှေးပေါ့။ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ငယ်လေးလည်းနော်။နောက်တော့အဲဒီကောင်

လေးလည်းစိတ်ပျက်သွားတယ်ထင်ပါတယ်။မလိုက်တော့ဘူး။အဲဒီလိုနဲ့နေလာလိုက်တာတနင်္ဂနွေနေ့တိုင်းသူ့အိမ်မရောက်ဖြစ်တာကိုယ်အ

တွက်နောင်တရစရာဖြစ်လာခဲ့တယ်။ငယ်လေးတို့ကခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့အတွက်ဘုရားရှိခိုးကျောင်းကိုတနင်္ဂနွေနေ့တိုင်းသွားရပါ

တယ်။အဲဒီမှာဒေါ်ငယ်လေးတို့ဇာတ်လမ်းကစတော့တာ။ဘာတွေဘယ်လိုဖြစ်ကုန်မှန်းမသိဘူး။ကိုယ်စနေနေ့သူတို့အိမ်ရောက်တော့ကိုယ်နဲ့

သူနဲ့လမ်းထိပ်မှာမုန့်သွားဝယ်စားကြတယ်။အဲဒီမှာဝက်သားကင်ရောင်းတဲ့ဆိုင်ကအစ်ကိုကြီးတစ်ယောက်နဲ့သူနဲ့မျက်လုံးချင်းတွေစကား

ပြောနေကြပြီလေ။ကိုယ်လည်းသိတာပေါ့။အရမ်းလည်းအံသြမိတယ်။ပွင့်လင်းတတ်တဲ့ငယ်လေး၊ဘာလို့ဒီကိစ္စကျတော့ကိုယ့်ကိုမပြောတာ

လဲ။ကိုယ်တော်တော်လေးဒေါသထွက်နေပြီ။အပြန်လမ်းမှာကိုယ်သူ့ကိုမေးရတော့တာပေါ့။နင်တို့ကဘယ်လိုလဲဘာလဲညာလဲပေါ့။သူကအ

ခုမှဇာတ်လမ်းအစဘဲရှိသေးတာတဲ့။ဘာမှမဟုတ်သေးဘူးတဲ့။ကိုယ်လည်းကြောင်သွားတယ်။အဲဒီလူပုံစံကမိန်းမကျမ်းကြေမဲ့လူပုံစံမျိုး။

ကိုယ်လည်းသူ့အမေကိုပြောပြလိုက်တယ်။သူအမေကလည်းသူတို့အိမ်ထောင်ရေးအဆင်မပြေတာကတဘက်၊စီးပွားရှာတာတဘက်နဲ့ဆို

တော့သူ့ကိုသိပ်ဂရုမစိုက်အားဘူး။အဲဒီမှာဒေါ်ငယ်လေးတို့လွတ်ချင်တာလွတ်ကုန်တော့တာဘဲ။ဒီလိုနဲ့နေလာကြတာသုံးလလောက်လည်း

ကြာရောငယ်လေးကကိုယ့်ကိုပြောပါတယ်။သူနဲ့အဲဒီကိုကျော်ကြီးဆိုတဲ့သူနဲ့ဖုံးပြောဖြစ်ကြတယ်တဲ့။ကိုယ်လည်းကြောင်သွားတာပေါ့။ဘယ်

လိုကနေဘယ်လိုရတယ်ဆိုတာမမေးတော့ပါဘူး။ကိုယ်လည်းငယ်လေးကိုဂရုစိုက်ရုံမှတပါးဘာမှမတတ်နိုင်ဘူးပေါ့။ကျောင်းလည်းပြီးသွား

တော့ကိုယ်နဲ့ငယ်လေးနဲ့သိပ်မတွေ့ဖြစ်ကြတော့ဘူး။ဖုံးနဲ့တော့အဆက်အသွယ်ရှိတာပေါ့။ကိုယ်လည်းလုပ်ငန်းခွင်ဝင်ရတယ်လေ။

ငယ်လေးကတော့သူ့အိမ်မှာဘဲ။ကိုယ်တစ်လလောက်နေတော့သူ့အိမ်သွားတော့သူကသူနဲ့ကိုကျော်ကြီးနဲ့ရည်းစားဖြစ်သွားပြီတဲ့။အရမ်းကို

ပွင့်လင်းရိုးသားတဲ့ငယ်လေး၊ကလေးတစ်ယောက်လိုအပြစ်ကင်းစင်တဲ့ငယ်လေး၊အဖိုဆိုလို့ယင်ဖိုတောင်မသန်းဖူးတဲ့ငယ်လေး။ကိုယ်လေ

အရမ်းစိတ်မကောင်းဖြစ်ခဲ့ရတယ်။ကိုယ်သူ့ကိုချော့တစ်ခါခြောက်တစ်လှည့်တားခဲ့ပါတယ်။မမြင်ဖူးတော့မူးမြစ်ထင်သလိုဖြစ်သွားတယ်ပဲလို့

ကိုယ်ယူဆတယ်။ကိုယ့်ကိုအဲဒီလူနဲ့မိတ်ဆက်ပေးတယ်။ကိုယ်လေစဉ်းစားလို့မရဘူး။ဘွဲ့နှစ်ဘွဲ့ရထားတဲ့ငယ်လေးဘယ်လိုဖြစ်သွားတာလဲလို့

။ထားပါတော့လေ။ရည်းစားဆိုတာပြတ်ချင်ရင်ပြတ်လို့ရသေးတယ်ဆိုပြီးကိုယ်လည်းနည်းမျိုးစုံနဲ့ကြိုးစားရတော့တာပေါ့။ကိုယ်ကြိုးစားနေ

ဆဲမှာဘဲသုံးလေးလလောက်ကျတော့ကိုယ်သူ့အိမ်ကိုရောက်တော့ကိုယ်တို့လမ်းလျှောက်ထွက်ရင်းနဲ့ကိုကျော်ကြီးနဲ့တွေ့ပြီးအဲဒီနားကလက်

ဘက်ရည်ဆိုင်ထိုင်ခဲ့ကြတယ်။အဲဒီမှာငယ်လေးကကိုယ့်ကိုပြောတယ်။သူတို့မနက်ဖြန်ခိုးပြေးတော့မယ်တဲ့။ဟာ။ဒီစကားကိုကြားလိုက်ရတဲ့

အချိန်မှာကိုယ့်နားထဲကိုအက်ဆစ်တွေရောသံရည်ပူတွေရောလောင်းခံလိုက်ရသလိုမျိုးပါဘဲ။ကိုယ်လည်းတားတယ်။မလုပ်ပါနဲ့ပေါ့။ကိုယ်အ

ရမ်းလည်းတားရောသူတို့ကအေးအေးအဲဒါဆိုလည်းမလုပ်တော့ဘူးပေါ့နော်။ကိုယ်အချိုသတ်တာကိုခံလိုက်ရတယ်။ကိုယ်လည်းယုံမိတာ

ကိုး။ငယ်လေးကကိုယ့်အပေါ်ကိုတစ်ခါမှမညာဘူးတာ။မနက်ဖြန်ကျတော့ကိုယ်နိုးတာမနက်၁၀နာရီ။နိုးနိုးချင်းသူ့အိမ်ကိုဖုံးလှမ်းဆက်

တော့သူ့အမေကကိုယ့်ကိုသမီးသူငယ်ချင်းတော့ထင်ရာစိုင်းသွားပြီတဲ့။သိသိချင်းကိုယ်နဲ့သူ့အမေနဲ့ကိုကျော်ကြီးတို့အိမ်လိုက်သွားတယ်။သူ

တို့အိမ်ကလည်းမသိဘူးတဲ့။ကိုယ်တို့တွေသိသမျှအိမ်တွေလိုက်သွားတယ်။သတင်းကြားတာကတော့ပဲခူးဘက်ကိုခိုးသွားတယ်တဲ့။ကိုယ်နဲ့

သူ့အမေလည်းလက်လျှော့လိုက်ရတော့တယ်။အဲဒီညကိုယ်သူတို့အိမ်မှာဘဲအိပ်ဖြစ်ခဲ့တယ်။သူ့အမေကိုချော့ရင်းပေါ့လေ။ကိုယ်နဲ့သူနဲ့လည်း

အဆက်အသွယ်တွေပြတ်သွားခဲ့တယ်။ကိုယ်လေခုချိန်ထိကိုယ့်ကိုယ်ကိုနောင်တရလို့မဆုံးဘူး။သူ့ကိုရအောင်မတားနိုင်ခဲ့ဘူးဆိုပြီး။သူ့အ

မေကသူ့ကိုသတင်းစာထဲမှာအမွေပြတ်ကြော်ငြာထည့်ခဲ့တယ်။နောက်ခြောက်လလောက်နေတော့ကိုယ့်ဆီကိုဖုံးဆက်တယ်။သူသူ့အမေကို

တောင်းပန်မလို့တဲ့။အဲဒါပြောပေးပါဦးဆိုလို့ကိုယ်သူ့အမေကိုပြောပေးခဲ့တယ်။သူလည်းမပေါ့မပါးကြီးနဲ့ဆိုတော့သူအမေကသူ့ကိုပြန်လက်ခံ

ခဲ့တယ်။သူအမျိုးသားကိုတော့ခုထက်ထိအသိအမှတ်မပြုခဲ့ဘူး။ကိုယ်လေသူ့ကိုမြင်တော့အရမ်းစိတ်မကောင်းဖြစ်ခဲ့ရတယ်။အရင်တုန်းက

ဆံပင်ကိုတပတ်တခါပြုပြင်တဲ့ငယ်လေးခုတော့…။အရင်ကအသန့်အပြန့်ကြိုက်တဲ့ငယ်လေး ခုတော့...။အရင်ကရိုးသားတဲ့မျက်လုံးတွေနဲ့

ငယ် လေး ခုတော့ ...။အရာရာဟာပြောင်းလဲခဲ့ပါပြီ။ဒီလိုနဲ့ ၂၀၀၅ ခုနှစ် ဇွန်လမှာ သူ့သားလေးကို အောင်မြင်စွာမွေးဖွားခဲ့တယ်။

ခုတော့ဖိုးသားလေးလည်းလေးနှစ်ထဲမှာပေါ့။ကိုယ်ကဒီကိုရောက်တာ ၂၀၀၆ ဖေဖေါ်ဝါရီလကပေါ့။ကိုယ်၂၀၀၉မတ်လမှာရန်ကုန်

ကိုတစ်ခါက်ပြန်တော့သူ့တို့အိမ်ကိုသွားခဲ့တယ်။ကံဆိုးစွာဘဲသူတို့အိမ်ပြောင်းသွားလို့ကိုယ်မတွေ့ခဲ့လိုက်ရဘူး။ကိုယ်ပြန်လာပြီးတစ်လ

လောက်ကြာတော့စီးတီးဟောမှာသူ့မောင်လေးဝိုင်းနဲ့အမှတ်မထင်တွေ့ဖြစ်ကြတယ်။သူဒီကိုရောက်နေတာ တစ်နှစ်လောက်ရှိပြီတဲ့။

သူ့ဆီကဖုံးနံပါတ်ရလိုက်တာနဲ့ဘဲအဆက်အသွယ်ပြန်ရခဲ့တယ်။ငယ်လေးဟာအချစ်နဲ့တွေ့တော့ဘာကိုမှမမြင်ဘူး။မွှန်နေတာ။ညီအမရင်း

တွေလိုချစ်တဲ့ကိုယ့်ကိုတောင်မှသူညာတတ်နေပြီ။နောက်တော့လည်းမိဘရင်ခွင်သည်သာအအေးမြဆုံးဆိုတာသူဘ၀နဲ့ရင်းပြီးမှ

လက်ခံလာတယ်။ခုတော့လည်းငယ်လေးဟာသူ့သားလေးနဲ့သူ့ရဲ့မိဘရင်ခွင်မှာဘဲနွေးထွေးစွာခိုလှုံနေပါပြီ။

ငယ်လေးကိုအရမ်းသတိရလျှက်ဒီပို့စ်ကိုရေးပါသည်။

6 comments:

Anonymous said...

အိမ်ထောင်ရေးကံဆိုတာကလည်း တော်တော်လေးကို အရေးပါပါတယ် ... ရွေးချယ်တတ်မှုကတော့ အခြေခံပေါ့လေ .. ဒီစကားကိုပြောလို့ ကိုယ်တွေက အိမ်ထောင်ရေးကျမ်းကျေနေလို့ မဟုတ်ပါဘူး ... ကိုယ်တွေလည်း ရွေးသာရွေးထားတာ နောက်ကာလမှာ ဘာတွေ ဖြစ်မလဲ မသိနိုင်သေးပါဘူး .... အကောင်းဆုံး ဖြစ်အောင် ဖန်တီးယူဖို့ကတော့ ကိုယ်တွေအားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူမိပါတယ် ...
နေဒေးသစ်။

မယ့်ကိုး said...

မရေ...သူငယ်ချင်လေးအကြောင်း တဖွဲ့ တနွဲ့ ရေးထားတာ သဘောကျလိုက်တာ။ ကျွန်မလည်း ရေးစရာသူငယ်ချင်းအကြောင်းတွေ အများကြီး ရေးမယ် ရေးမယ်နဲ့  အခုထိ မရေးဖြစ်သေးပါဘူး။

ဝက်ဝံလေး said...

ဇာတ်လမ်းတပုဒ် ဖတ်ရသလိုပါပဲ မမရေ ဝတ္ထုထဲမှာတင်မဟုတ်ဘူးနော် အပြင်မှာလဲ တကယ်ရှိတယ်နော် မမရေ ငယ်လေးအစားစိတ်မကောင်းလိုက်တာ မမရယ် အမ ချင်းစာနာပါတယ် အင်းလေ သူ့ကို သင်ခန်းစာယူရမှာပေါ့နော် မမ ရေးတာကောင်းတယ် မမရေ ပထမ မမန့်နိုင်တာ ခွင့်လွှတ်နော် မမရေ ဘိုင်
အော် ဒါနဲ့ပြှောုရဦးမယ် မမတို့ ကလေးမရှိဘူးဆိုရင်မွေးစားပါလား ညီမ ကို ဟဟဟဟ တိုင်ပင်လိုက်ဦး နော်
ဟဲဟဲ နဲနဲမေးချင်တယ် မမ အမျိုးသားကို ဘယ်လိုခေါ်လဲဟင် မောင် လား ကို လား ဟားဟားးး ငှက်ကလေး စပ်စုသွားတယ်နော် မမရေ ခစ်ခစ်

ကိုလူထွေး said...

ဆိုလိုတာက သူ့အမျိုးသားနဲ့ အတူမနေကြတော့ဘူးပေါ့...း(

အိမ်ထောင်တခုဖြစ်လာပြီဆိုရင်တော့ မိဘက သဘောကျသည် ဖြစ်စေ မကျသည်ဖြစ်စေ ဖြစ်လာတဲ့ ဘဝတခုကို ဆက်လက်ထိန်းသိမ်းပေးခဲ့ရင် ပိုကောင်းမလားလို့...

သားသမီးတွေကို ထောက်ထားတဲ့ အနေနဲ့ပေါ့...

(စာရေးရင် စာပိုဒ်ခွဲရေးကြည့်ပါလား... ဖတ်ရတာ ပိုရှင်းမလားလို့...)

ဝသန်မိုး said...

ငယ်လေး အတွက်တော့ သနားဂရုဏာသက်မိပါတယ်
အချစ်ကိုမှ ကိုးကွယ်ခဲ့တာကိုး
ဘာပဲဖြစ်ဖြစ် ကလေးလည်းရနေပြီ ဆိုတော့
ကိုကျော်ကြီး ကို အရင်ကလို ချစ်သည်ဖြစ်စေ
မချစ်တော့သည်ဖြစ်စေ
ကလေးရဲ့ မျက်နှာလေးကို မြင်ယောင်ပြီး
အတူတူ ပြန်နေပေးကြပါလားလို့ 
စာဖတ်ဖြစ်ရင်တွေ့ နိုင်ပါစေဗျား။

ခင်တဲ့
ဝသန်မိုး

မမမျက်မှန်ရေး word verification လေး ဖြုတ်ပေးပါလား
မန့် ရတာပို မြန်အောင်ပါ။ အကြံပေးတာပါနော်။

မိုးခါး said...

ဟူး
စိတ်မောစရာကြီးနော် ..