ကိုယ်အဖြစ်ချင်ဆုံးဆန္ဒ

ဇွန်လရဲ့ပထမဆုံးပို့စ်အဖြစ်တဂ်ပို့စ်လေးနဲ့စလိုက်ရအောင်။

ကိုယ်အဖြစ်ချင်ဆုံးဆန္ဒကဘာလဲတဲ့။ ယွန်း တဂ်ထားတဲ့ပို့စ်လေးပါ။ တဂ်ပေးတဲ့ယွန်းကိုလည်း အရမ်းကျေးဇူးတင်ပါတယ်နော်။

ငယ်ငယ်ကတည်းကနေအခုထက်ထိကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ ပြောရရင်တော့အများကြီးဘဲ။ ငယ်ငယ်ကတော့ကိုယ်အရမ်း

ရူးသွပ်ခဲ့ရတာစာရေးဆရာမကြီး ပေါ့။နောက်တော့လည်း အဲဒါကြီးကိုဝါသနာမပါတော့ပြန်ဘူး။ငါးတန်းရောက်တော့ဝါသနာ

ကရုပ်ရှင်မင်းသမီးလေ။ဟဟ။ရုပ်ကအရမ်းလှတယ်ဆိုတော့လေ။သရုပ်ဆောင်တွေကျင့်လိုက်ရတာအမော။နောက်တော့လည်း

မဖြစ်နိုင်မှန်းသိလို့မပါတော့ပါဘူး။ကိုးတန်းဆယ်တန်းရောက်ပြန်တော့ဆရာဝန်မကြီးဖြစ်အရေးဒို့အရေးလေ။တကယ်ပါ။

အဲဒီတုန်းကတော့ကိုယ်အဖြစ်ချင်ဆုံးဆန္ဒကဆရာဝန်မကြီးလေ။လူတွေကိုအသက်ကယ်ပေးရင်းနဲ့လူသားအကျိုးပြုချင်တာပေါ့။

အောင်စာရင်းထွက်တော့ဆရာဝန်လိုင်းကအမှတ်မမှီဘူးလေ။အင်ဂျင်နီယာကတော့အစကတည်းကမဖြစ်ချင်တာ။

အဲဒါနဲ့ဘဲကွန်ပျူတာဘဲတက်ဖြစ်ခဲ့တယ်ဆိုပါတော့။ဟဲဟဲ။အဲဒါကငယ်ငယ်တုန်းကဆန္ဒတွေပေါ့။


အခုလောလောဆယ်တော့ကိုယ်ဖြစ်ချင်တဲ့ဆန္ဒသုံးခုရှိတယ်။ပထမဆုံးကိုယ်အဖြစ်ချင်ဆုံးဆန္ဒကကိုယ့်ရဲ့ဖေဖေနဲ့မေမေကိုဒီမှာ

ခေါ်ထားချင်တာပါဘဲ။ဘာလို့လဲဆိုတော့ကိုယ်စိတ်မချဘူး။ဟိုမှာကိုယ့်အမလတ်နဲ့ကိုယ့်အကိုနဲ့တော့ရှိပါတယ်။သူတို့ကသူတို့

အိမ်ထောင်နဲ့သူတို့ဆိုတော့မေမေနဲ့ဖေဖေကိုသိပ်ဂရုမစိုက်နိုင်ကြဘူး။ပြီးတော့ကိုယ့်မေမေကလေဖြန်းထားဖူးတော့သူကကျန်း

မာရေးသိပ်မကောင်းဘူး။ တခါတရံမှာသူများအဖေအမေတွေတစ်ခုခုဖြစ်ပြီဆိုရင် အရမ်း စိတ်ထိခိုက်တယ်။

ကိုယ်လည်းသိပါတယ်။ဒါတွေဟာတစ်နေ့ကြုံရမယ့်လောကဓံတွေဆိုတာ။ကိုယ်ရင်ဆိုင်နိုင်ပါ့မလားမသိဘူး။အဲဒါကြောင့်ကိုယ်

လေကိုယ်မျက်စိရှေ့မှောက်မှာဘဲသူတို့တွေကိုခေါ်ထားချင်တယ်။လောကဓံတရားကသိပ်ကြောက်ဖို့ကောင်းတယ်။ကိုယ်မထင်

မှတ်ထားတဲ့အချိန်မှာထင်မှတ်မထားတဲ့အရာတွေဟာဖြစ်ဖြစ်လာတတ်တယ်။ဒီမှာနေတော့လောကဓံတရားကိုပိုသတိပြုမိလာ

တယ်။အဖြစ်အပျက်တွေကအရမ်းမြန်ဆန်တယ်။အချိန်ကုန်တာလည်းအရမ်းမြန်တယ်။မနက်မိုးလင်းတာနဲ့ရုံးသွားဖို့ပြင်ဆင်၊

ရုံးရောက်ပြန်တော့လည်းအလုပ်လုပ်နေရတာမို့အချိန်ကဘယ်လိုဘယ်လိုကုန်သွားမှန်းမသိ။ရုံးကအိမ်ကိုပြန်ရောက်တော့ည

၉နာရီ လောက်ရှိပြီ။ရေမိုးချိုး၊ထမင်းစား၊သတင်းကြည့် ကုန်ပြန်ပြီတစ်ရက်။ရုံးပိတ်ရက်ကျတော့တစ်ပတ်စာအ၀တ်တွေကိုလျှော်၊

အိမ်သန့်ရှင်းရေးလုပ်နဲ့ဘလော့ခ်တွေကိုလိုက်လည်ပြီးကွန်မန့်လေးဘာလေးပေး၊ကိုယ့်ဘလော့ခ်လေးဘာလေးဝင်ပို့စ်လေးဘာ

လေးအသစ်တင်နဲ့ကုန်သွားတာဘဲ။အဲဒီလိုနဲ့ကိုယ်လည်းစင်ကာပူရောက်တာသုံးနှစ်ပြည့်မှန်းမသိပြည့်သွားတယ်။

အသက်လည်း၃၀ပြည့်တော့မယ်။မလွယ်ပါဘူးတကယ်။ရေးရင်းနဲ့ပို့စ်ကခေါင်းစဉ်ပြောင်းတော့မယ်။စင်ကာပူရောက်ငြီးချင်းဖြစ်တော့မယ်။


ကိုယ်ဖြစ်ချင်တဲ့ဆန္ဒဒုတိယတစ်ခုကတော့ကိုယ်နဲ့ကိုယ့်မျက်မှန်လေးရဲ့အချစ်မှတ်တိုင်တစ်ခုအဖြစ်သားလေးသို့မဟုတ်သမီးလေး

တစ်ယောက်လိုချင်တာပါဘဲ။ဒါပေမယ့်ကိုယ်တို့နှစ်ယောက်မှာအခုချိန်ထိပြည့်ပြည့်စုံစုံမရပ်တည်နိုင်သေးဘူး။ရုန်းကန်နေရတုန်းပါဘဲ။

ကိုယ့်သားသမီးအတွက်ဘာကိုမှပြီးပြည့်စုံအောင်ထားနိုင်အောင်ဦးမှာမဟုတ်သေးပါဘူး။ဒါကြောင့်နှစ်ယောက်လုံးကသားသမီးလိုချင်

ပေမယ့်မယူရဲသေးဘူး။ကိုယ်ကမိသားစုဘ၀လေးကိုအရမ်းအားကျတာ။အဲဒီလိုအားကျတတ်အောင်လည်းကိုယ့်ဖေဖေနဲ့ကိုယ့်

မေမေရဲ့အိမ်ထောင်ရေးကတကယ့်ကိုမှစံပြအိမ်ထောင်ရေးဖြစ်ခဲ့တာကိုး။ကိုယ်ကကိုယ့်ဖေဖေနဲ့ကိုယ့်မေမေကိုအရမ်းအားကျတယ်။

သူတို့တွေကသားသမီးတွေကိုတကယ့်ကိုလိုလေသေးမရှိအောင်ပြုစုပျိုးထောင်ပေးခဲ့တယ်။ကိုယ့်သားသမီးကျရင်ကိုယ်ဖေဖေနဲ့ကိုယ့်

မေမေလိုကိုယ်တို့နှစ်ယောက်ပျိုးထောင်ပေးနိုင်ပါ့မလား။မသေချာသေးပါဘူး။ကိုယ်ကတော့ကိုယ့်ရဲ့ကိုယ်ပွားလေးသို့မဟုတ်ကိုယ့်မျက်မှန်

လေးရဲ့ကိုယ်ပွားလေးတစ်ယောက်ကိုလူ့လောကထဲကိုရောက်အောင်ခေါ်ဆောင်ချင်တာပါဘဲ။မိသားစုဘ၀လေးကိုအရမ်းလိုချင်တာ

ဘဲ။သာယာတဲ့မိသားစုလေးတစ်ခုကိုတည်ဆောက်ချင်တယ်။


နောက်ဆုံးတစ်ခုကတော့မဖြစ်နိုင်တဲ့ဆန္ဒလို့ဘဲပြောရမလား။ငပျင်းဆန္ဒလို့ဘဲပြောရမလား။ဟီးဟီး။လစဉ်လစဉ်အလုပ်မလုပ်ဘဲနဲ့ကိုယ့်

အကောင့်ထဲကိုပိုက်ဆံတွေဝင်လာရင်သိပ်ကောင်းမှာဘဲ။အလုပ်လည်းမလုပ်ချင်တော့ဘူး။အရမ်းစိတ်ညစ်စရာကောင်းတာဘဲ။

ကိုယ်လုပ်ရတဲ့အလုပ်ပတ်ဝန်းကျင်ကအရမ်းကောင်းပါတယ်။ဒါပေမယ့်ကိုယ်ကအလုပ်ကိုမလုပ်ချင်တော့တာ။လစဉ်သာကိုယ့်

အကောင့်ထဲကိုသူ့အလိုအလျောက်ပိုက်ဆံတွေဝင်နေမယ်ဆိုရင်ကိုယ်အလုပ်လုပ်စရာလည်းမလိုတော့ဘူး။

ဘယ်လောက်ကောင်းလိုက်လဲနော်။

ကဲ.ယွန်းရေ..ကိုယ်ရေးပြီးပြီနော်။ဟီးဟီး။ကိုယ့်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆီးပေးပါလား။ဟီးဟီး

။နောက်တာနော်။တကယ်ဖြည့်ပေးနေမှာစိုးလို့။

6 comments:

ဝသန်မိုး said...

ဖြစ်ချင်တဲ့ဆန္ဒတွေ
ပြည့်ဝပါစေ
မမမျက်မှန်ရေးးးးးးးးးးးး
း)

မယ့်ကိုး said...

နောက်ဆုံးဆန္ဒကို အကြိုက်ဆုံးပဲ :D
လိုအင်ဆန္ဒပြည့်ပါစေ မရေ...

ဝက်ဝံလေး said...

မမရေ သားလေး သို့ သမီးလေး လိုချင်တယ် ဆိုတာ ဟို မသိလို့မေးမယ်နော် စိတ်မဆိုးနဲ့ မမတို့က လက်ထပ်ပြီးပြီလား မမ ရေးတဲ့အထဲမှာ လက်ထပ်တာ မဖတ်လိုက်ရသလိုပဲ

မိန်းကလေးတိုင်း မိန်းကလေးတိုင်း သာယာတဲ့ အိမ်ထောင်ရေးကို ဖန်တီးချင်ကြတာပါပဲ မမ အပေါ်က ဆန္ဒ ၂ ခုတော့ ပြည့်ဝမှာပါ အောက်ဆုံး ဆန္ဒကတော့ မမရယ် ဘီလျံနာ ရှာယူရင် ဖြစ်ပါတယ် လွယ်လွယ်လေးပါ ခိခိ

စကားမစပ် မမသူငယ်ချင်းတွေက ခင်ချင်တယ် ဆိုတာဘယ်လိုခင်ချင်တာလဲ မေးလ်လိုချင်တယ် ပြောတာလား ဒါဆိုလဲ ပေးလိုက်မယ်လေ invite လုပ်လိုက်ပါလို့နော် ကျေးဇူးလဲတင်ပါတယ်လို့ ဘလော့ဂ်လာလည်တဲ့အတွက် ပြောပေးပါ

chucky.funseeker.nadal09@gmail.com က ညီမအကောင့်ပါ

တာ့တာနော်မမ အခုမှ မမလက်ရာတွေ ပြန်တွေ့ရတယ် ပျောက်ချက်သားကောင်းနေတယ် နော် နားလည်ပါတယ် မမရာ လူတိုင်း မအားကြဘူးလေ သူ့အလုပ်နဲ့ သူရှုပ်နေတာ လေ

Anonymous said...

ဆန္ဒနှင့် ဘဝများ ထပ်တူကျနိုင်ပါစေ မျက်မှန်လေးရေ ... သားသားမီးမီး တီတီတာတာလေးတွေနဲ့ ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ မိသားစုဘဝကိုလည်း အမြန်ဆုံး ဖန်တီးတည်ဆောက်နိုင်ပါစေ ...

မေလေး said...

မမရေ
နောက်ဆုံးဆန္ဒ ကိုမေလေးအတွက်ပါ ပိုဆုတောင်းပေးပါလား..အဟီး
မမ စကားမစပ် ဘယ်မှာနေလဲဟင်...မေလေးက boonlay မှာနေတာ.....လမ်းတွေ့ရင်ခေါ်နော်
မမကိုချစ်တဲ့
မေလေး

ကိုလူထွေး said...

လင့်ယူသွားတယ်.. နောက်အေးအေးဆေးဆေးမှ စာလာဖတ်ဦးမယ်...

းဝ)