ရထားပေါ်က အချဉ်လေး

ပြောရမှာနည်းနည်းတော့ရှက်တယ်။ဒါပေမယ့်လည်းပြောချင်တယ်။

တစ်ရက်ကိုယ်ရယ်၊ကိုယ့်ရဲ့မျက်မှန်လေးရယ်၊နောက်ကိုယ့်သူငယ်ချင်းကောင်လေးနှစ်ယောက်ရယ်စီးတီးဟောလ်မှာထမင်းစားသောက်ပြီး

ရထားနဲ့ပြန်လာကြတယ်။ကိုယ်တို့ကရထားစီးရင်အမြဲတမ်းအရှေ့ဆုံးအတွဲမှာဘဲစီးတယ်။နေရာရလို့လေ။အဲဒီနေ့ကလည်းအရှေ့ဆုံးတွဲကို

လာခဲ့ကြတယ်။ရထားကမလာသေးဘူး။လာဖို့နှစ်မိနစ်လိုတော့တယ်။စောင့်တဲ့လူကလည်းများလာပြီ။နှစ်မိနစ်လောက်နေတော့ရထားဆိုက်

တယ်။ကိုယ်တို့လေးယောက်လည်းအပြေးတက်တာပေါ့။အဲမှာထိုင်ခုံမှာထိုင်တဲ့ကောင်လေးတစ်ယောက်ကိုကိုယ်တွေ့တယ်။အဲဒီကောင်

လေးကလည်းချောလိုက်တာမှငါးရှဉ့်ကတောင်အဖေခေါ်ရမလို။ကိုယ့်မျက်စိထဲမှာပြောတာနော်။ကိုယ်နဲ့ကိုယ့်မျက်မှန်လေးကတစ်ခုတော့

ကောင်းတယ်။သူလည်းကောင်မလေးချောချောတွေ့ရင်ငမ်းနိုင်သလို၊ကိုယ့်ကိုလည်းသူကငမ်းခွင့်ပေးထားတော့ကိုယ့်အတွက်ကဂွင်လေ။ဒါ

ပေမယ့်ခက်တာကစင်ကာပူမှာကများသောအားဖြင့်ကောင်မလေးတွေမှသာလှတာ။ကောင်လေးတွေကြည့်လိုက်ရင်မျက်မှန်တပ်ရင်တပ်၊မ

တပ်ရင်မျက်နှာမှာဝက်ခြံဗလပစ်နဲ့၊အဲဒါမှမဟုတ်ရင်မီးချောင်းတွေမီးချောင်းတွေဆိုတာတစ်ခေါင်းလုံးကိုထွန်းထားတာ။အဲ..

တစ်ချို့အဲဒါတွေတစ်ခုမှမဖြစ်ဘဲတော်တော်လေးချောနေရင်ဂျော်တကီးတွေဖြစ်ပြန်ရော။ငမ်းရတာတော်တော်မလွယ်တာ။အဲဒီကောင်က

လေးကတော့မျက်မှန်လည်းမတပ်၊၀က်ခြံလည်းမရှိ၊ဆံပင်ကလည်းနီညိုရင့်ရောင်လေးနဲ့။အရမ်းကိုကြည့်လို့အဆင်ပြေပါတယ်။

ဖြစ်ချင်တော့ကိုယ်တို့ကထိုင်စရာမရဘူးအဲဒါနဲ့အဲဒီကောင်လေးရဲ့ထိုင်ခုံနားမှာမတ်တပ်လေးရပ်နေမိတယ်။ကိုယ်ကကိုယ့်သူငယ်ချင်း

ကောင်လေးနှစ်ယောက်နဲ့ကိုယ့်ရဲ့မျက်မှန်လေးကို ” ဟေ့ဟိုမှာကြည့်စမ်း။ အချဉ်လေး အချဉ်လေး” ဆိုပြီးပြလိုက်တယ်။ အချဉ်လေး

ဆိုတာက တော်တော်လေးသန့်လို့ဆင်လို့ အဆင်လေး လို့ပြောတာပါ။အဲဒီမှာ အသံတစ်သံထွက်လာတယ်။

မချဉ်ပါဘူး။ချိုပါတယ်တဲ့။ဟာ။။အဲဒီကိုယ်တော်ကကိုယ့်ကိုပြန်ပြောတယ်။

ကိုယ်လေအရမ်းရှက်သွားတယ်။သူ့ပုံစံလေးကလုံးဝမြန်မာလို့မထင်ရဘူး။သူချောတဲ့ပုံစံကစင်ကာပူချော

နည်းမျိုးကိုယ်လည်းဘယ်လိုမျက်နှာထားရမှန်းမသိဘူး။တစ်လမ်းလုံးဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ကောင်လေးကတော့

ပြုံးစိပြုံးစိနဲ့။နောက်တော့သူကအရင်ဆင်းသွားတယ်။မဆင်းခင်ကိုယ်တို့ကိုနှုတ်ဆက်သွားတယ်။ဟီးဟီး။ရှက်လိုက်တာနော်။

တကယ်။တကယ်။

11 comments:

Anonymous said...

အဟီးးးးးးးး
ဖြစ်ရမယ် မျက်မှန်တို့ကတော့ .... :D
နောက်တစ်ခါ ပြောချင်ရင် အချဉ်ထုပ်ဆောင်သွား .. အဲလိုလာပြောရင်
ဘာတွေလာပြောနေတာလဲ ... ကိုယ့်အချဉ်ထုပ်ကိုယ့်ဘာသာပြောတာလို့ ပြောပစ် ...
haha
တော်သေးတာပေါ့ မျက်မှန်းလေးရဲ့ ယောက်ယောက် မျက်မှန်ကြီးက ဘာမှ မပြောတာ .. အာမလေးးးးး
ပြောရင်းနဲ့တောင် ရှက်လာပြီ ...
ရှက်လိုက်တာနော် .. မျက်နှာ မထားတတ်တော့ဘူး ..
:D
နေဒေးသစ်။

မယ့်ကိုး said...

ရယ်ရတယ် မရေ...ရေးထားတာ ချစ်စရာလေး... :D

ကိုလူထွေး said...

အပြောအဆို ချင်ချဉ်မှပေါ့...းဝ)

(ချင်ချဉ်=ဆင်ခြင်)

မီးချောင်းတွေမီးချောင်းတွေဆိုတာ
တစ်ခေါင်းလုံးကိုထွန်း ထားတာ...
ဆိုတာ ဘာကိုဆိုလိုတာလဲ ???

မေလေး said...

မမရယ်
မေလေးသတိပေးထားရက်နဲ့ ဖစ်မှဖစ်ရတယ်လို့။ နောက်တခါ မေလေးကို လက်တို့လိုက် သိလား။ဒီကလဲ အချဉ်လေး ဆို စိတ်ဝင်စားတယ်။သိလား။ရှူးတိုးတိုးနော်။သူများတွေမသိစေနဲ့နော်
မမကိုချစ်တဲ့
မေလေး

kaungkinpyar said...

တို့ တွေ့ခဲ့ သူလေးများလားကွယ်:)

ဝက်ဝံလေး said...

ဟဟဟ မမတို့ကတော့လုပ်ချလိုက်ပြန်ပြီ ခိခိ ဟုတ်တယ် အဲလိုမျိုးကြုံဖူးတယ် တခါပြောဖူးပါတယ် ကိုသားကြီး ဘလော့ဂ်မှာလေ ခိခိ ကုလားလို့ခေါ်လိုက်တာ အဲဒါကို ဘာပြန်ပြောလဲဆိုတော့ ကုလားလို့မခေါ်ပါနဲ့တဲ့ အသားလေး မည်းနေတာပါတဲ့ ကုလားမဟုတ်ပါဘူး အဟီးးးးးး စကားပြောတာ နောက်ဆို၇င် ဆင်ခြင်မှမမေ၇ ဟားးးဟားးးးးး

rose of sharon said...

စင်္ကာပူမှာမြန်မာတွေများလို့ဒီလိုဖြစ်ရတာပေါ့နော်..
ကျမ နေတဲ့ဗီယက်နမ်မှာ မြန်မာရှားတော့ဒါမျိုးမကြုံ
ဖူးဘူး....
တော်တော်မျက်နှာပူသွားမှာဘဲနော်..:)

မျက်မှန်လေး said...

ဟုတ်တယ်မမနှင်းဆီရေ..
မျက်နှာပူချက်ကတော့ ရေခဲတင်ထားရင်ေ၇ခဲပျော်ကျလောက်တယ်။
တကယ်ဘဲ။း)))

lucas said...

aww... woman role model again n again..... no more surprise .....

မြစ်ကျိုးအင်း said...

စောတီးပါဗျာ ကျွန်တော်လည်း ရှက်ရှက်နဲ့ မချဉ်ပါဘူး ပြန်ပြောလိုက်မိတာ...ဟဲဟဲ

ကြည်ဖြူပိုင် said...

ဟားဟား...ကွန့်မန့်တွေရေးထားတာလဲ ရီရတယ်။ မမလေး ရေးထားတာလဲ ရီရတယ်။ သဘောကျတယ်ဗျာ