စိတ်ကောက်

ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိပေမယ့် နားမထောင်ဖြစ်တဲ့သီချင်းလေးတစ်ပုဒ်ကို ဒီနေ့ စီးတီးဟောလ်မှာ ထမင်းစားရင်း ထမင်းဆိုင်ကဖွင့်လို့ နားတောင်ဖြစ်ခဲ့တယ်။သီချင်းက အနဂ္ဂ နဲ့ ဘာဘူ ဆိုထားတဲ့ ပြိုင်ဘက် ဆိုတဲ့အခွေထဲကပါ။ သီချင်းနာမည်က စိတ်ကောက် တဲ့။

ကိုယ်ကတနင်္ဂနွေသမီးလေ။အဲဒီတော့ အဲဒီနေ့ဖွားတွေရဲ့ထုံးစံအတိုင်း အရမ်းစိတ်ကောက် တတ်တဲ့သူတစ်ယောက်ပေါ့။ တနင်္ဂနွေသားသမီး တွေဟာ
စိတ်ကောက်ရင်ကောက်မကောက် ရင်ဆံပင်ကောက်တယ်တဲ့။ ကိုယ်ကတော့ စိတ်လည်းကောက်တတ်တယ်။ ဆံပင် ကလည်းကောက်လိုက်သမှ လမ်ကွေးနေတာ။

အရင်တုန်းကတော့ ကိုယ့်ဖေဖေရယ် ကိုယ့်မေမေရယ် ကိုယ့်မကြီးရယ်ကို စိတ်ကောက်နေကျလေ။ ကိုယ်ကမိသားစု ထဲမှာ အငယ်ဆုံးလေ။ မေမေတို့ အပြင်သွားလို့ အကြီးတွေအတွက်တစ်ခုခုပါလာပြီး ကိုယ့်အတွက်ပါမလာလို့ကတော့ သောင်းကျန်းပြီဘဲ။ ပြီးရင်နှစ်ရက်လောက်ကစကားမပြောဘူး။အဲဒီတော့သူတို့ကနောက်ဆိုရင် အကြီးတွေအ
တွက်မပါရင်သာနေမယ်။ ကိုယ့်အတွက်ကတော့ တစ်ခုခုဝယ်လာနေကျလေ။

ကိုယ်တို့ရဲ့ရန်ကင်းတိုက်ခန်းလေးမှာကထပ်ခိုးလေးပါတယ်။အဲဒီမှာလူတစ်ယောက်နေလို့ရ တယ်။ နောက်ဖေးလှေကားကနေ တက်ရတာ။ မျက်မှန်လေးတို့စိတ်ကောက်ပြီဆိုတာနဲ့ အဲဒီ ထပ်ခိုးလေးမှာဘဲ ပေတေပြီးနေတော့တာ။ထမင်းလည်းဆင်းမစားဘူး။ အောက်ကိုမဆင်းဘူး (သူတို့ အပြင်သွားမှ တိုးတိုးလေးဆင်းစားတာ) ။ဖေဖေနဲ့မေမေ တို့ ပြန်လာချော့မှ အောက်ကို ဆင်းတာ။ အခုတော့လည်း ဖေဖေနဲ့မေမေတို့ကို စိတ်မကောက်ရတာ ကြာပေါ့။

ဒီရောက်ပြီး အိမ်ထောင်မကျခင်တုန်းကတော့ မကြီးကိုစိတ်ကောက်ရင် မကြီးကချော့သေးတယ်။ ခုတော့သူကမချော့တော့ဘူ။ ဟင့်ဟင့်။ သူမချော့တော့လည်း သူ့ကိုစိတ်မကောက် ဖြစ်တော့ပါဘူး။ သူမချော့ဘဲကောက်နေရင် ကိုယ်သာလျှင်အရူး ဖြစ်တော့မယ်လေ။ ဒါကြောင့်မကောက်တော့ဘူး။

နောက်ဆုံး target ကတော့ ကိုယ့်ဘ၀ရဲ့ လက်တွဲဖော်လေးကိုဘဲ အတိုးချပြီး စိတ်ကောက်ရတော့တာပေါ့နော်။ ဘယ်သူ့ကိုမှ စိတ်ကောက်လို့မရတိုင်း သူကိုဘဲ စိတ်ကောက်နေတာ။ သူလည်း ကိုယ်စိတ်ကောက်တိုင်းမှာ အတတ်နိုင်ဆုံးကြိုးစားပြီးချော့ပါတယ်။ကိုယ့်အပေါ်မှာ သူအရမ်းအလိုလိုက်မှန်း သိတော့ ဆိုးချင်နေမိတယ်။သူ့ကြောင့် ကိုယ်တစ်ခါမှ စိတ်မဆင်းရဲခဲ့ရဘူး။ သူကအနေအထိုင်အေးဆေးတဲ့လူတစ်ယောက်ပါ။ ကိုယ်ဘယ်သွားသွား ဘေးကနေ ကိုယ့်ကို အဖော်အဖြစ် မငြိုမငြင်လိုက်ပေးတယ်။ တစ်ချို့နေရာတွေဆို သူသွားချင်စိတ်မရှိပေမယ့် ကိုယ် မျက်နှာညိုမှာစိုးလို့ လိုက်ပေးခဲ့တယ်။ သူကအလုပ်ကပြန်လာတာစောလေ့ရှိတယ်။ ကိုယ်ကသူ့ထက်နောက်ကျတယ်။ ကိုယ်ကအလုပ်ကပြန်လာပြီးရင်ေ၇မိုးချိုးပြီးတာနဲ့ ကော်ဖီ လေးတစ်ခွက်လောက်သောက်လိုက်ရမှ နေသာထိုင်သာရှိသွားတယ်။ အဲဒီအချိန်ဆိုရင် ကိုယ့်အတွက်ကော်ဖီက အဆင်သင့်။ ဒါတောင်မှ ကော်ဖီဖျော်တာ မကောင်းရင်းကိုယ်က စိတ်ကောက်သေးတာ။ သူက ပါးစပ်ပြောနဲ့ချစ်တာမဟုတ်ဘူး။ ကိုယ့်ကိုသူသိပ်ချစ်ပါတယ်။ သူချစ်တာကို ဘယ်တော့မှလည်း ပါးစပ်ကထုတ်ပြောတတ်တဲ့ လူမျိုးလည်းမဟုတ်ပါဘူး။ မနိုင်းနိုင်းဘာသာ ပြန်ထားတဲ့ စာပိုဒ်လေးတစ်ခု သတိရမိပါတယ်.။

နင့်ကို ငါပြောတယ် "နင်နဲ့ရခဲ့လို့ ငါဝမ်းသာတယ်။ နင်ဟာ ငါရဲ့
ခင်ပွန်းကောင်းတစ်ဦးပါ"

"အင်း.. ငါလည်း ဝမ်းသာတယ်။ နင်က ငါရဲ့ဇနီးကောင်းတစ်ဦးပါ" ဆိုတဲ့
ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ယူတောင်ယူပြီးပြီပဲ မကောင်းတော့ ဘယ်လိုလုပ်မလဲ" လို့ နင်ပြောခဲ့တယ်။
နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။

နောက်တော့ ညညမအိပ်ခင် တစ်ရူးနဲ့ ၄ဝလက်မရှိတဲ့ မင်္ဂလာဓာတ်ပုံကို
နင်ပွတ်တိုက်တတ်တာကို ငါသတိထားခဲ့မိတယ်။ ဓာတ်ပုံကိုကြည့်ပြီး
နင်ပြုံးနေခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက
တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

ကိုယ်တို့နှစ်ယောက်အတွက်ဂုဏ်ပကာသနတွေ မလိုပါဘူး။ပိုက်ဆံတွေ မလိုပါဘူး။ ကိုယ့်အတွက် သူဟာအရေးကြီးဆုံး လူဖြစ်သလို သူ့အတွက်လည်း ကိုယ်ကအရေးကြီးဆုံး လူပါဘဲရှင့်။

ကိုယ်နားထောင်ဖြစ်တဲ့သီချင်းလေးကို အောက်မှာနားထောင်သွားလို့ရပါတယ်ရှင်။

22 comments:

ရွက်လွင့်ခြင်း said...

မျက်မှန်လေးရေ သိပ်လည်းမကောက်နေနဲ့ ဦး
တော်ကြာ စိတ်ကုန်သွားဦးမယ်...း)
နောက်တာနော် စိတ်မဆိုးနဲ့ 

နဒီမိုးညို said...

တနင်္ဂနွေ.သားသမီးများ.စိတ်ကောက်တတ်တယ်ဆိုတာ
အရမ်း.မှန်တာပဲ.သိလား..နဒီ့ချစ်သူက..တနင်္ဂနွေသားဆိုတော့.
ကိုယ်ကမကောက်ရတော့ပါဖူး.သူချည်းကောက်နေတာ..
မျက်မှန်လေး..ကောက်သလိုပဲ...ဟီးးးး

နွေးနေခြည် said...

ကောက်သာကောက်မမ
မကောက်ရင် သူပျင်းနေမှာပေါ့
ဟိဟိ စတာ
သိပ်မကောက်ပါနဲ့ သနားပါတယ်း)

မေဇင် said...

မမ မျက်မှန်လေး ရေ... စိတ်ကောက်တာတော့ကောက်ပေါ့ နော်..ဒါပေမယ့် ကိုယ့်ကိုချစ်တဲ့ ချစ်သူ ကို စိတ်ညစ်သွားအောင် တော့ မကောက်နဲ့နော်... တကယ်တော့ အချစ်ဆိုတာ ပါးစပ်က ထုတ်ပြောမှ မဟုတ်ပါဘူး...အမူအရာတွေ ကိုယ့်အပေါ်ထားတဲ့ စေတနာတွေကနေ သိနိုင်ပါတယ်လေ..။ မမျက်မှန်လေး က ကံကောင်းတာပေါ့...စိတ်ကောက်တိုင်းချော့မယ့်သူ အဆင်သင့်ရှိတယ်လေ...း)

မျက်မှန်လေး said...

ရွက်လွှင့်ခြင်း ရေ..စိတ်ကုန်အောင်တော့မကောက်ပါဘူး။ဟီး၂

ဟဟ...သူ့ကိုဆံပင်ကောက်ပေးလိုက်..နဒီရေ။အဲဒါဆိုရင်စိတ်သိပ်
ကောက်မှာမဟုတ်တော့ဘူး။ဟီးဟီး ဒို့ကတော့ဆံပင်လည်းကောက် စိတ်လည်းကောက်

နွေးရေ...သူပျင်းမှာစိုးလို့ကောက်ပေးတာတောင်လူကိုကျေး
ဇူးမတင်ချင်ဘူး.ဟွန့်

မေဇင်ရေ.. စိတ်ညစ်အောင်တော့မကောက်ပါဘူး။
ဟီးဟီး

အားလုံးဘဲ စိတ်ကောက်နိုင်ကြပါစေ။
ဟီး၂

လူရိုင်းလေး said...

မမမျက်မှန်လေးတောင် အရှုံးပေးရလောက်တယ် လူရိုင်းလေး ငယ်ငယ်တုန်းက ကောက်ပုံမျိုးနဲ့ဆိုရင် အခုတော့လဲ မကောက်တော့ပါဘူးဗျာ။

avocado said...

ငယ်ငယ်တုန်းကတော့ခဏခဏစိတ်ကောက်ဖူးတယ် တက္ကသိုလ်ရောက်ထဲကမကောက်တော့တာ တခါတလေတော့လည်းကောက်ပါတယ် မိဘအပေါ်တော့ဟုတ်ဘူး ချစ်သူအပေါ်ကို စိတ်မကောက်တတ်ဘူးထင်နေတတ်လို့ နဲနဲကောက်ပြ ခဏခဏကောက်ပြရင်းနဲ့ ခုအကျင့်တောင်ဖြစ်တော့မယ် ဟီးးးးး

Yu Ya said...

ကျွန်တော် မဟေသီကတော့ ကျွန်တော်ကို အိမ်ထောင်သက် ၂ နှစ်ကျော်ကျော်မှာ တစ်ကြိမ်တစ်ခါသာ စိတ်ကောက်ဖူးပါတယ်ဗျာ။ ဒါဆို ကျွန်တော်က တော်တော်ကံကောင်းတဲ့သူထဲမှာ ပါနေပြီနဲ့ တူတယ်နော်...အဟီး။..

yu ya

မေလေး said...

မမမျက်မှန်
ပျော်စရာကြီးနော်။ ချော့မဲ့သူရှိတာဘဲ မမရာ။ကောက်သာကောက်။ ဒါပေမဲ့ နည်းနည်းခြားခြားပြီး ကောက်နော်။ဒါမှ သူလဲချော့ဖို့ အိုင်ဒီယာ အသစ်ထွက်လာမှာ သိလား။

မယ့်ကိုး said...

မတို့  အကြောင်းလေး ဖတ်ရတာ ကြည်နူးဖို့ ကောင်းလိုက်တာ။ ချစ်စရာကောင်းအောင် ကောက်ရင် ကောင်းပါတယ်။
သုမောင်ရဲ့  ကားတောင် သတိရမိတယ်။

ဝက်ဝံလေး said...

အယ် အပျိုကြီးကိုနော် ဟင့် ဘာတွေ လာပြောနေတာတုံးးးး ဒါက ဟိဟိ စ တာ မမရေ ဖတ်ရတာ ကြည်နူးရတယ်
သိပ်လဲ မကောက်ပါနဲ့ မမရာ ကိုယ်က လျှော့သင့်ရင်လဲ လျှော့လိုက်ပါ မဟုတ်ရင် ကြာရင် သူ စိတ်ပျက်သွားမှာစိုးလို့ပါ
အဟီးးး အညင်ကတ်သွားလားမသိဘူး ကလေးက လူကြီးစကားပြောလို့ ဟဟဟ သွားမယ်နော် ဘိုင်

ကိုလူထွေး said...

ကောက်တဲ့သူကကောက်..
ပြန်ချောတဲ့သူကချော့နဲ့ ...
အပေးအယူတည့်ရင် ပြီးတာပဲ...

းဝ)

မင်းအိမ်ဖြူ said...

စိတ်ကောင်းတော့ရှိပါတယ်ဗျ

တနင်္ဂနွေဖွားတွေက ၊တကယ်ပါ

လမ်းမှာတွေ့ရင်မုန့်ဝယ်ကျွေးပါ အဟ

chitpalone said...

ဖလားဖလား တနင်္ဂနွေသားနဲ့ မတွေ့ပါစေနဲ့။ အဟိ နောက်တာ။ ပျော်စရာကြီးနော် ဖတ်ရတာ။ အမြဲတမ်း ချော့မယ်သူရှိတယ်။ ပါးလုံးလည်း စိတ်ကောက်တတ်ချင်လိုက်တာ။ အဟိ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

rose of sharon said...

စိတ်ကောက်တတ်သူနဲ့ချော့တတ်သူ ဆုံကြတာဖူးစာ ပေါ့နော်

မမသီရိ said...

ညီမလေး က ကံကောင်းလိုက်တာ နော်

ကောင်းကင်ပြာ said...

ကောက်ပါလေ စိတ်ဆိုတာ ကောက်ဖို့ပဲ ၊ အားပေးပါတယ် ကောက်ပါ၊(ခပ်လန့်လန့်ပဲ ဇွတ်ကောက်ခိုင်းနေမိတယ် ကောက်နော်:P)

subuueain said...

သဘောတကျဖတ်သွားပါတယ်။ :D

ကြည်ဖြူပိုင် said...

မမမျက်မှန်လေးရေ...ကိုယ်ကချစ်လို့ကောက်တာပဲလေ။ကောက်သာကောက်။စိတ်ပျက်အောင်မကောက်ရင်ပြီးတာပဲ။မချစ်တဲ့လူဆို အချိန်ကုန်ခံပြီးကောက်နေပါ့မလားနော်။

ဒါပေမယ့်စိတ်ပျက်အောင်တော့ကောက်ရဘူးနော်။
(စကားချပ်။ မမမျက်မှန်လေးကိုလေ...တယောက်တည်းဘ၀ခရီးကို လျှောက်နေဆဲလို့ထင်ထားတယ်..တကယ်ကြီးရယ်မှတကယ်ရယ်) :D

မသိ said...

ဇင်နဲ့ စိတ်ကောက်ချင်တော့တူတယ်.. ဒါပေမဲ့ ဇင်က အဂါင်္ သမီးလေး ...တနင်္ဂနွေတော့ဟုတ်ဘူး ....ကောက်တာမှ တော်တော်ဆိုးပြီကောက်တာ .....မဆိုးဘူး ကောက်ဖေါ်ကောက်ဖက် သူငယ်ချင်းရတာပေါ့နော် ဟီဟီ

ဇင် said...

ဇင်နဲ့ စိတ်ကောက်ချင်တော့တူတယ်.. ဒါပေမဲ့ ဇင်က အဂါင်္ သမီးလေး ...တနင်္ဂနွေတော့ဟုတ်ဘူး ....ကောက်တာမှ တော်တော်ဆိုးပြီကောက်တာ .....မဆိုးဘူး ကောက်ဖေါ်ကောက်ဖက် သူငယ်ချင်းရတာပေါ့နော် ဟီဟီ

ဇင် said...

မှားသွားလို့ ပို့တာနှစ်ခါဖြစ်သွားပီ ဟီဟီ