အကြီးဆုံးကြယ်များ ကြွေခဲ့တဲ့နေ့




လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ့်နှစ်နှစ် မနက် ၁၀း၄၅ အချိန်မှာ မြန်မာပြည်သူ့လူထုအား လုံးအတွက် ဘယ်လိုမှပြန်လည်အစားထိုးလို့ မရတော့တဲ့ နိုင်ငံအာဇာနည်များ နိုင်ငံကြယ်ပွင့်
၉ လုံးတစ်ပြိုင်နက်ကြွေကျခဲ့ရပါတယ်။ အရမ်းဝမ်းနည်းစရာ ကောင်းတဲ့ဖြစ်ရပ်တစ်ခုပါ။ ကိုယ့်နိုင်ငံ လူမျိုးတစ်မျိုးလုံးကို နယ်ချဲ့ဗြိတိသျှတွေလက်ထဲက လွတ်အောင်ရုန်းပေးခဲ့တဲ့ သူတွေကိုမှ ကိုယ့်လူမျိုးထဲကပဲ ပြန်သတ်လိုက်တာ။ဘယ်လိုစိတ်ဓါတ်တွေလည်း။မမေ့ပါဘူး။ တစ်သက်လုံးဘယ်တော့မှ မမေ့ပါဘူး။ ဘယ်လိုဘဲမေ့ပျောက်အောင် လုပ်လုပ် အရိုးထဲထိစွဲနေမှာပါ။

အောက်မှာ အာဇာနည် တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအကျဉ်းကို ရှာဖွေရသလောက် အလွမ်းပြေတင်ထားပါတယ်။

-ဗိုလ်ချုပ်အောင်ဆန်း
ရှေ့နေ ဦးဖာ နှင့် ဒေါ်စု တို့ က ၁၉၁၅ ခုနှစ်ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာဖွားမြင်ခဲ့ကြပါတယ်။
လွတ်လပ်ရေးကို နေမ၀င်အင်ပါယာကနေ ရအောင်ယူပေးခဲ့တဲ့သူပါ။ မြန်မာပြည်အတွက် ဒီမိုကရေစီ မျှော်လင့်ချက် သန်းစေအောင် သမီးတစ်ယောက်မွေးထုတ်ပေးခဲ့ပါတယ်။
မြန်မာတွေအတွက်အသက်ပေးခဲ့တဲ့ ဗိုလ်ချုပ် ကောင်းရာသုဂတိလားပါစေ.။

- ဦးဘ၀င်း
ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို အကြီးဆုံးဖြစ်ပြီး ၁၀ ရက် ဇွန် လ ၁၉၀၁ ခုနှစ်မှာ ရှေ့နေ ဦးဖာ နှင့် ဒေါ်စု တို့ က ဖွားမြင်ခဲ့ကြပါတယ်။ ငယ်နာမည်မှာ မောင်ဆန်းတင် ဖြစ်ပါတယ်။သူသည်ဆရာကြီးဦးဝကြီးကျောင်းတွင် သတ္တမတန်းအထိ ပညာဆည်းပူးခဲ့ပါတယ်။ဘီအက်စ်စီ ဘွဲ့ကိုရန်ကုန်တက္ကသိုလ်ကနေရရှိခဲ့ပါတယ်။သူသည် တောင်တွင်းကြီး အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာလုပ်နေစဉ်မှာဘဲ ၁၉၃၆ တွင် မြေပိုင်ရှင် ဦးအံ နှင့် ဒေါ်ရွှေမေတို့ဧ။်သမီးဖြစ်သူ ဒေါ်ခင်စောနှင့်အကြောင်းပါခဲ့ပါသည်။ဖြူးမြို့နယ် အမျိုးသားကျောင်းတွင် ၁၉၄၁ နှင့် ၁၉၄၂ တွင်ကျောင်းအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးအဖြစ်တာဝန် ထမ်းဆောင်ရင်း မြန်မာတွေအတွက်အသက်ပေးခဲ့တဲ့ ဦးဘ၀င်း ကောင်းရာသုဂတိလားပါစေ.။


-မန်းဘခိုင်
ကရင်အမျိုးသားကိုယ်စားလှယ် ပါ။ တိုင်းရင်းသားညီညွတ်မှုကို အသက်နဲ့ရင်းကာပြသခဲ့သူဖြစ်ပါတယ်။ကောင်းရာသုဂတိလားပါစေ။

-ဒီးဒုတ်ဦးဘချို
အာဇာနည်တစ်ဦးပါဘဲ။သူတင်မဟုတ် သူဇနီးက ဒေါ်လှမေ ကလည်းဗမာ့ အမျိုးသမီးလွတ်လပ်ရေး အဖွဲ့အစည်းကို ၁၉၃၆ ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ ဦးဘချိုကောင်းရာသုဂတိ လားပါစေ။

-ဦးရာဇတ် (ခ) Abdul Razak
၁၈၉၈ ဇန်န၀ါရီလ ၂၀ ရက်မှာ မိထ္ထိလာ မှာဖွားမြင်ခဲ့ပါတယ်။ မန္တလေး Wesleyan ကျောင်းမှာပညာဆည်းပူးခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဘွဲ့ရရှိခဲ့ပါတယ်။ ၁၉၂၀ တွင် ဗြိတိသျှကျွန်ပညာရေးစနစ်ကို တွန်းလှန်တဲ့ ကျောင်းသားလှုပ်ရှားမှုမှာ ခေါင်းဆောင်တစ်ယောက်အဖြစ်ပါဝင်လှုပ်ရှားခဲ့ပါတယ်။၁၉၂၁ မှာ မန္တလေးအမျိုးသားကျောင်း တွင်ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူသည် ပညာရေးဝန်ကြီးအဖြစ်တာဝန် ထမ်းဆောင်ရင်းနဲ့ အသက်ပေးခဲ့ရပါတယ်။ ဦးရာဇတိကောင်းရာသုဂတိ လားပါစေ။

-မိုင်ပွန်စော်ဘွားစ၀်စံထွန်း ကောင်းရာသုဂတိလားပါစေ။

-သခင်မြ ကောင်းရာသုဂတိ လားပါစေ။

-ဦးအုန်းမောင် ကောင်းရာသုဂတိ လားပါစေ။

-ရဲဘော်ကိုထွေး (ဦးရာဇတ်ရဲ့ သက်တော်စောင့်) ကောင်းရာသုဂတိ လားပါစေ။

အာဇာနည်ကြီးမျာနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်များကိုဦးညွတ်လျှက်.





အသေးစိတ် သိချင်ရင်တော့ မမသီရိ ကို သွားကြည့်လို့ရပါတယ်။
အပေါ်ဆုံးက ပုံကို ကြယ်ကလေး ကယူထားတာပါ။
အောက်ဆုံးက ပုံကို ဒီက ယူထားတာပါ.။

10 comments:

Yu Ya said...

မမျက်မှန်လေးနဲ့ ထပ်တူထပ်မျှ အလွမ်းမပြေ ဖြစ်ရပါတယ်ဗျာ...

yu ya

kiki said...

အာဇာနည် ခေါင်းဆောင်ကြီးများ အားလုံး ကို ဦးညွှတ်ပါ၏။
ဗိုလ်ချုပ် ၏ အဆို အမိန့် အတိုင်း လိုက်နာ ဆောင်ရွက်နိုင်ကြဖို့  မြန်မာနိုင်ငံ သားတိုင်းမှာ တာဝန်ရှိပါ၏

ဒီလို မှတ်သားစရာများကို ပြန်လည်တင်ပြပေးတဲ့ 
မျက်မှန်လေး ကိုလည်း ကျေးဇူးတင်ပါသည်.....

kyalkalay said...

လာဖတ်ရင်းနဲ့ကျဆုံးလေပြီးသော
အာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ

ကိုလူထွေး said...

မမေ့အပ်တဲ့နေ့ကို အထူးတလည်ဖော်ပြပေးလို့ ကျေးဇူးပါ ညီမရေ...

ခြေလှမ်းသစ် said...

အာဇာနည်နေ့ဆိုတာ .. ဘယ်တော့မှ မမေ့အပ်ပါဘူ... အာဇာနည်ခေါင်းဆောင်များကို ဤနေ၇ာမှ အလေးပြုသွားပါတယ်...

rose of sharon said...

အာဇာနည်နေ့ကိုဘယ်တော့မှမမေ့ဘူး.... အာဇာနည်နေ့ကိုမမေ့ဘဲမှတ်သားစရာတွေပါရေးပြီး မှတ်တမ်းတင်ထားလို့ လာလည်ရကျိုးနပ်သွားပြီး)

Steve Evergreen said...

ကျေးဇူး

ဝသန်မိုး said...

မမမျက်မှန်နဲ့အတူ
ဦးညွတ်အလေးပြုသွားပါတယ်
ခင်တဲ့
ဝသန်မိုး

ဧရာဝတီသား said...

အာဇာနည် တွေအကြောင်းလက်လှမ်း မှီသလောက်ဖေါ်ပြပေးတာ ကျေးဇူးပါဗျာ။ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လေးစားဦးညွတ်သလို၊ အာဇာနည်နေ့ မမေ့သူအားလုံးကိုလည်း လေးစားပါတယ်။

PhotoVigor said...

Love your post. Since 1947 July 19, rediscovery of Democracy is always ongoing....
Burma is beautiful & Burmese are cheerful..