THE HOLIDAY

theholidayposter

အင်္ဂလန်နိုင်ငံ နှင်းတွေဖုံးလွှမ်းနေတဲ တောင်ကုန်းလေးပေါ်က ချစ်စရာကောင်းတဲ့ အိမ်လေးတစ်အိမ်မှာ Iris Simpkins ဆိုတဲ့ အမျိုးသမီးတစ်ယောက်နေထိုင်ပါတယ်။ သူမဟာ သတင်းစာမှာ မင်္ဂလာဆောင်တဲ့သတင်း အမျိုးအစားကို ရေးသားရတဲ့သူပါ။သူမမှာ သူမသိပ်ချစ်ရတဲ့ သူမရဲ့လုပ်ဖော်ကိုင်ဖက် ချစ်သူတစ်ယောက်ရှိပါတယ်။Iris ရဲ့ရည်းစာဟာ Iris သူ့အပေါ်မှာထားတဲ့ အချစ်ကို အခွင့်ကောင်းယူပြီး သူ့ကို လိုရင်ခေါ်သုံးပြီး တကယ့်တမ်းကျတော့ တစ်ခြားသူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စေ့စပ် သွားခဲ့ပါတယ်။ အဲဒီအတွက် Iris ကအရမ်းကိုခံစားခဲ့ရပါတယ်။ဒါပေမယ့် သူ့ရဲ့ရည်းစားကိုတော့ မေ့ပျောက်လို့ မရနိုင်ဖြစ်ခဲ့ပါတယ်။ဒါကြောင့် သူဟာစိတ်ပြေလက်ပျောက် ခရီးထွက်ချင်နေခဲ့မိပါတယ်။

အမေရိကန်နိုင်ငံ Los Angeles မှာ တကယ့်ကိုအဆင့်အတန်းမြင့်မားတဲ့ တိုက်တစ်လုံးမှာကျတော့ Amenda လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နေထိုင်ပါတယ်။ သူမဟာလည်း သူရဲ့ ရည်းစာကို သူမအပေါ် လိမ်ညာလို့ လမ်းခွဲထားတဲ့သူပါ။သူမဟာလည်းခရီးတစ်ခု ထွက်ချင်တာနဲ့ အင်တာနက်ပေါ်မှာ လိုက်ရှာရင်းနဲ့ အိမ်ကို နှစ်ပတ်တာ လည်ပြီးနေဖို့ကြော်ငြာထားတဲ့ Iris ရဲ့ကြော်ငြာကိုတွြေ့ပီး

စိတ်ဝင်စားပြီး အိမ်လည်ဖို့ဆုံးဖြတ်ပြီး Iris ဆီကို အီးမေးလ်နဲ့ဆက်သွယ်ပြီး အိမ်လဲလှယ်လိုက် ကြပါတော့တယ်။

အင်္ဂလန်ရောက်သွားတဲ့ Amenda က Iris ရဲ့ အစ်ကိုတစ်ဝမ်းကွဲ မုဆိုးဖိုနဲ့တွေ့ပြီး အချစ်စစ်ကိုတွေ့ ခဲ့သလို အမေရိကားရောက်သွားတဲ့ Iris ကလည်း Amenda ရဲ့မိတ်ဆွေတစ် ယောက်နဲ့တွေ့တော့မှ အချစ်စစ်ကိုတွေ့ခဲ့ တာကို ရိုက်ပြသွားတာပါ။တော်တော်လေး ရိုမန်တစ်ဖြစ်ပြီး ကြည့်လို့ကောင်းပါတယ်။

Iris အဖြစ် Titanic မင်းသမီးချောလေး Kate Winslet ကသရုပ်ဆောင် ထားပြီး Amenda အဖြစ် Cameron Diaz ကသရုပ်ဆောင်ထားပါတယ်။ ကိုယ်အဲဒီမှာ အကြိုက်ဆုံးကတော့ Iris ရဲ့အစ်ကို တစ်ဝမ်းကွဲအဖြစ်သရုပ်ဆောင်ထားတဲ့ Jude Law ပါဘဲ။ နောက် Jack Black ကတော့ Amenda ရဲ့ မိတ်ဆွေအဖြစ်သရုပ်ဆောင်ထားပါတယ်။

ကြည့်ချင်ရင်တော့ http://www.ppstream.com ကိုသွားပြီး PPStream Software ကို download ပါ။

ပြီးတာနဲ့ High Resolution ထဲမှာ ဆိုကြည့်လို့ရပါပြီ။ PPStream အကြောင်း အသေးစိတ်သိချင်ရင် myatmhanlay@gmail.com ကို invite လုပ်ပြီး မေးမြန်းနိုင်ပါတယ်။(ကြော်ငြာဝင်ခြင်းဖြစ်ပါတယ် ဟီး၂)

ပုံကို http://chameleon-interiors.blogspot.com က ယူထားပါတယ်ရှင်။

5 comments:

ဝက်ဝံလေး said...

ဟဟဟဟ မမရေ အင်္ဂလိပ်ကားပဲ လက်စသတ်တော့ ဟွန်းးး များက အင်္ဂလိပ်စာ အင်္ဂလိပ်သံမြင်ရင် ခေါင်းကိုက်တယ် ဟိဟိ စ တာ အားရင် ဝင်ကြည့်မယ်အခုတော့လင့်ခ် ယူသွားမယ်

ဘိုင်

ကိုလူထွေး said...

ကြည့်ဖူးတယ် ထင်တာပဲ... သိပ်တော့ မမှတ်မိတော့ဘူး...

ကိတ်ဝင်းစလက်နဲ့ မျက်မှန်လေး... အဲ.. ကာမရွန် တို့ကိုတော့ မှတ်မိတယ်...

းP

ရွှေပြည်သူ (ShwePyiThu) said...

အဲဒီဇာတ်လေးလေးကို တော်တော်လေး သဘောကျပါတယ်။ မင်းသမီး၂ယောက်စလုံးကိုလည်း ချစ်တယ်။ အကြိုက်ဆုံးက ဇာတ်လမ်းအစမှာ တီးသွားတဲ့ သံစဉ်လေးပါ...း)

သုခုမလေဒီ said...

အဲဒီဇာတ်ကားထဲကမင်းသမီးတွေကိုကြိုက်တယ်။ ကြည့် ချင်တယ် ဒေါင်းလို့ တော့မရဘူး။ ဒီမှာဌားလို့ ရ မလားမသိဘူးမေးကြည့်အုံးမယ်။

စန္ဒကူး said...

ကျေးဇူးပါမျက်မှန်လေးရေ.. ppstream အကြောင်းတော့မသိသေးဘူး.. ညမှ dl လုပ်ကြည့်အုံးမယ်