ကြောက်စိတ် (ခ) PHOBIA



မနေ့ က ကိုယ်နဲ့ ကိုယ်လက်တွဲဖော်နဲ့ ရန်တွေဖြစ်ကြပါတယ်။ ဒီနေ့ကျတော့ ကိုယ့်လက်တွဲဖော်က ကိုယ့်ကိုချော့တဲ့ အနေနဲ့ ရုပ်ရှင်လိုက်ပြပါတယ်။ ဒါနဲ့ ဘဲ PHOBIA 2 ဇာတ်လမ်းလေးကို ကြည့်ဖြစ်ခဲ့ပါတယ်။

ယိုးဒယား က ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ကြောက်ဖို့ ကောင်းသလို သူ ပြတဲ့ ရည်ရွယ်ချက် ကတော်တော်လေးကောင်းမွန်ပါတယ် ။ ကိုယ့်စိတ်က ကိုယ့်ကို ဘယ်လိုခြောက်လှန့်တယ် ဆိုတာကို အပိုင်းတိုလေးတွေနဲ့ ပြသ သွားပါတယ်.။ ကိုယ်မဟုတ်တာ တစ်ခုလုပ်ထားပြီ ဆို ရင် အဲဒီ လိပ်ပြာ ကကိုယ့်ကို ခြောက်လှန့်နေတာပါဘဲ။ တော်တော်လေး စိတ်ဝင်းစားဖို့ကောင်းပါတယ်။ ကြောက်တတ်တဲ့သူများ တော့ သွားမကြည့်ပါနဲ့။ စိတ်ခြောက်ခြား စရာ တော်တော်လေးကောင်းပါတယ်။

ကိုယ်က PHOBIA စကားလုံးနဲ့ ရင်းနီးနေတာ ကြာပါပြီ။ စင်ကာပူ က ပိုလီ ကျောင်းတစ်ခုရဲ့ ပြဇာတ်တစ်ခု မှာ လည်း အဲဒီ PHOBIA အကြောင်း တင်ဆက်ခဲ့ဖူးပါတယ်။ သူကကျတော့ တစ်မျိုးပါ။ သူ့ဇာတ်လမ်းလေးက ကျတော့ ဒီလို။

ကျောင်းဆရာတစ်ယောက်က သူတပည့်ကျောင်းသားတွေကို ပုံပြင်တစ်ပုဒ်ပြောပြနေပါတယ်။

တစ်ခါက ဘုန်းတော်ကြီးတစ်ပါးတည်း သီတင်းသုံးနေတဲ့ကျောင်းမှာ မောင်ငယ် (နာမည်သေချာမမှတ်မိတော့လို့ တခြားနာမည် ထည့်လိုက်ပါတယ်) ဆိုတဲ့ ဘုန်းကြီးကျောင်းသားလေး တစ်ယောက်ရှိပါတယ်။ တစ်ရက်ကျတော့ ဘုန်းကြီးအတွက် လာပို့ထားတဲ့ ဆွမ်းကို မောင်ငယ်က ခိုးစားမိပါတယ်။ ဘုန်းတော်ကြီး ကသူဆွမ်းစားချိန်ရောက် တော့ ဆွမ်းတွေ လျော့နေလို့မောင်ငယ် ကို ဒေါသတကြီးနဲ့ ရိုက်နှက်ပါတော့တယ်။ အဲဒါ ဘုန်းတော်ကြီး လွန်သလား ၊ မောင်ငယ်လွန်သလား?

အဲဒီအကြောင်းကို ကျောင်းဆရာက ကိုယ့်ထင်မြင်ချက်ကို ကျောင်းသားတွေကို စာစီစာကုံးတစ်ပုဒ်ေ၇းလာဖို့ မှာလိုက်ပါတယ်။ နောက်ရက်ကျတော့ ကျောင်းသာတွေက ကျောင်းဆရာ ကို ပြပါတယ်။ အဲဒီ မှာ မောင်သီဟ ဆိုတဲ့ ကျောင်းသားတစ်ယောက်ကလွဲလို့ ကျန်တဲ့ကျောင်းသားတွေက ဘုန်းတော်ကြီး က မောင်ငယ် မခိုးတတ်အောင်ဆုံးမ တာလို့ ရေးကြပါတယ်။ မောင်သီဟကတော့ တရား ပြည့်တဲ့ဘုန်းတော်ကြီး ဒီလောက်ဒေါသ မကြီးသင့်ကြောင်း၊ ဆွမ်းခိုးစားတာလေးနဲ့ မရိုက်သင့်ကြောင်း၊ပါးစပ်နဲ့ ဘဲပြောဆိုဆုံးမသင့်ကြောင်း ရေးထားပါတယ်။ အဲဒီထင်မြင်ချက်ကို ကျောင်းဆရာလည်း ဖတ်ရရော မောင်သီဟကို ရိုက်ပါတော့တယ်။ ကျန်တဲကျောင်းသာတွေကို ဆရာ ကိုယ့်ကို ရိုက်တော့မယ်ဆိုတဲ့ ကြောက်စိတ် အမှန်ကို မပြောရဲတာကို သရုပ်ပေါ်အောင် ပြသသွားပါတယ်။ မောင်သီဟ တစ်ယောက်သာ ကိုယ့် ထင်မြင်ချက်ကို ကိုယ်ရဲရဲဝင့်ဝင့်နဲ့ ရေးသားရဲတဲ့သူပါ။

ခုလက်ရှိ ကိုယ်တို့နိုင်ငံမှာ လည်းဒီလိုပါဘဲ။ တစ်ခုခုလုပ်မယ်ဆိုရင် မိဘတွေရောမောင်နှမတွေ ရောကို ပါတစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ ကြောက်စိတ်နဲ့ သူတို့အုပ်စိုးတိုင်းခံနေရတာပါ။ တကယ်လည်းအဲဒီလိုဖြစ်အောင်သူတို့ လုပ်နေကြတာပါ။ ဘလော့တောင် မရေးရဲလောက်အောင် ပြည်သူတွေရဲ့စိတ်ထဲမှာ အဲဒီ ကြောက်စိတ် ဆိုတာကြီးကို သူတို့ ထည့်ပေးလိုက်တာပါ။ ပြည်သူလူထု ရဲ့စိတ်မှာ အဲဒီ ကြောက်စိတ် မရှိတော့ဘူးဆိုရင် သူတို့တွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကိုယ်လည်း အဲဒီ ကြောက်စိတ် တွေ မရှိတော့အောင်ကြိုးစားရမယ့်အထဲမှာ ပါပါတယ်။

အားလုံး ဒီ PHOBIA ဆိုတဲ့ ကြောက်ရွံတဲ့စိတ်က ကင်းဝေးနိုင်ကြပါစေ ရှင်။
ပုံကို ဒီက ယူထားပါတယ်ရှင်။

7 comments:

လူရိုင်းလေး said...

မှန်လိုက်တာဗျာ
ရေးထားတာလေးက တကယ်ကို ဟုတ်ပါတယ်
ကြောက်စိတ်ဆိုတာကြီးနဲ့ ငါဆိုတဲ့ အတ္တစိတ်သာ မရှိရင် မြန်မာပြည်သားတွေ လွတ်လပ်နေတာကြာပါပြီ

PhotoVigor said...

Yeah, it is great post. Really meaning full.
Cheers..

ဝက်ဝံလေး said...

ဟယ် မမမှန်လေးရယ် သွေးထွက် အောင် မှန်ပါပေတယ် ဟုတ်တယ် နော် ဘာမှ တောင် မပြောချင်တော့ဘူး မောတယ်

ရွှန်းမီ said...

ဟုတ်တယ်.. စီနီယာတွေ Phobia ကို ကပြခဲ့တာ 2004 Singapore Polytechnic သင်္ကြန်တုန်းကပေါ့..
ကြောက်စိတ် ဆိုတာကြောင့် သူငယ်ချင်းတစ်ယောက် ပျောက်သွားတဲ့အကြောင်း..
ပြီးတော့ အဲ့ဒါ မင်းတုန်းမင်းငယ်ငယ်တုန်းက အကြောင်းလေ.. ငယ်မည်“မောင်လွင်” ထင်တယ်..

မှတ်မှတ်ရရရှိနေသေးတာ ကခဲ့တဲ့သူတွေသိရင် သိပ်ဝမ်းသာမှာပဲ..

လင်းကြယ်ဖြူ said...

အရိပ်ကလှန့်တယ်..
ကြောက်စိတ်တွေပျောက်နေနိုင်ကြပါစေ

ဝသန်မိုး said...

အရမ်းအရမ်းကို မှန်တာပါပဲ
မမမှန်လေး ရေ
ကြောက်စိတ်မရှိအောင်
မကြောက်တတ်အောင်
လေ့ကျင့်ယူရမယ်ဗျို့ 

maylay said...

မမရေ မှန်တယ်နော် ကြောက်စိတ်မရှိအောင် လုပ်ရမယ်. လုပ်ပါ့မယ့် ကျေးဇူးလည်းတင်သွားပါတယ်။