လက်တွဲဖော် မွေးနေ့

ဒီစက်တင်ဘာလမှာ မွေးနေ့တွေ အတော်များတယ်ထင်ပါ့။ ဘယ်ဘလော့ခ်ကြည့်ကြည့်မွေးနေ့ တွေ တော်တော်များများ တွေ့ရ တတ်တယ်။ ခုလည်း လာပြန်ပြီ လို့မပြောလိုက်ပါနဲ့နော်။

ကိုယ့်လက်တွဲဖော် လေးရဲ့ မွေးနေ့မို့လို့ အမှတ်တရ အနေနဲ့ အမြတ်တနိုး ပို့စ်တင်လိုက်ပါတယ်။

ပြီးတော့ ဒီစက်တင်ဘာလ ၆ ရက်နေ့ ကကိုယ်တို့ လက်မှတ်ထိုးတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်လေးပါ။ ၆ ရက်နေ့ က Johor Bahru သွားတာကလွဲလို့ ဘာမှ မှတ်မှတ်ရရ မလုပ် ဖြစ်ပါဘူး။ ဒါကြောင့် ဒီ နေ့ သူ့မွေးနေ့မှာ ကိုယ်တို့နှစ်ယောက်အမှတ်တရ လုပ်မယ်ဆိုပြီး နှစ်ယောက်တည်း သီးသန့် မွေးနေ့ပွဲလေး ကျင်းပဖြစ်ပါတယ်။

ကိုယ်တို့နှစ်ယောက် မှာ တော်တော်လေးတူတဲ့အချက်တွေရှိပါတယ်။ သူနဲ့ ကိုယ်နဲ့ နာမည် မှာ နောက်ဆုံးတစ်လုံး တူပါတယ်။ပြီးတော့ သူကလည်း တနင်္ဂနွေသား ဖြစ်သလို ကိုယ်ကလည်း
တနင်္ဂနွေသမီး ပါ။သူ ကသူ့မိသားစု အငယ်ဆုံးဖြစ်သလို ကိုယ်ကလည်း ကိုယ့်မိသားစု မှာ အငယ်ဆုံးပါ.။ ပြီးတော့ သူရဲ့ လက်မောင်းအောက်နား ဂျိုင်းအောက်မှာ အမှတ်ကလေးပါသလို ကိုယ့်မှာလည်း သူ့လိုဘဲ အဲဒီနေရာ မှာ အမှတ်လေးပါပါတယ်။ ထူးဆန်းတာတစ်ခုက အဲဒီအမှတ်ပုံစံလေးပါ တူနေတယ်။ ပြီးတော့ ကိုယ်လည်ပင်းမှာ အသားပို သေးသေးလေးနှစ်ခု ပါသလို သူဆီမှာ အဲဒီနေရာမှာ အဲလိုလေးပါတယ်။ ကဲ..မွေးနေ့ အကြောင်းလေးပြန်ဆက်ရအောင်နော်။

မနေ့ည ကတော့ နှစ်စဉ်နှစ်တိုင်း မွေးနေ့ ရောက်တိုင်းမှာ သူ့မေမေကို လှမ်းဖုန်းဆက် ကန်တော့ပြီး ကျပ် ၁၀၀၀၀၀ ကို ရဟန်းသံဃာတွေကို ကပ်လှူခိုင်းပါတယ်။ ပြီးတော့ ကိုယ်ဝယ်လာတဲ့ ကိတ်မုန့်ကို ၁၁း၄၅ မှာ ပြင်ဆင်ပါတယ်။ ၁၂ နာရီတိတိမှာ ခွဲနိုင်အောင်လို့ပါ။ ကိုယ်အရမ်းပျော်ပါတယ်။ ကဲ..မွေးနေ့ကိတ်ပုံလေးတွေကြည့်ရအောင်နော်။









ဒါကတော့ Google ထဲက ကြိုးစားပန်းစား ရှာဖွေထားတဲ့ မွေးနေ့ကိတ်လေးတွေပါ။







ကဲစား ကြနော်...အားမနာနဲ့။

ဒါက လက်တွဲဖော်လေးအတွက်မွေးနေ့လက်ဆောင်



ဒါ ကသူ့အတွက် ပန်းစည်း ( Google ကရှာထားတာ ဟီး၂)




ဒါက အားလုံးသောက်ဖို့ ၀ိုင်...၀အောင် သောက်ကြနော်









ကဲကျေနပ်ကြတော့နော် ...

နက်ဖြန်မှာ ကျရောက်မယ့် ၀က်ဝံလေး ရဲ့မွေးနေ့ ကိုလည်းတစ်ခါတည်း ဆုတောင်းပေးလိုက်တယ်နော်။။

18 comments:

မေလေး said...

Happy Birthday !!!!!!!!! မမရဲ့  လက်တွဲဖော် အကို
ဒီနှစ်မွေးနေ့မှသည် နောင်လာမဲ့ မွေးနေ့ပေါင်းများစွာကို ချစ်ခင်သောသူများနဲ့ အတူတကွ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။

မေလေး said...

ဟယ် နာ့ ၁ တော့

Anonymous said...

မရေ...
မမရဲ့ လက်တွဲဖော်ကြီး ထာဝရ
ပျော်ရွှင်သောမွေးနေ့ ပေါင်းများစွာ ကို
မမနဲ့အတူဆင်နွဲ နိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်သိလား

မိုးခါး said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ..း))

PhotoVigor said...

Happy Birthday...:)

kiki said...

Happy Birthday to Your Hubby ! !

စိတ်တူ ကိုယ်တူ ချစ်တဲ့သူ နှင့်
သက်ဆုံးတိုင် ပြုံးပျော်နိုင်ပါစေ .....

maylay said...

ဟတ်ပီးဘတ်ဒေးပါ မမမျက်မှန်လေးရဲ့ လက်တွဲဖော် အစ်ကိုရေနော်။ ဒီနေ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်သောသူများနဲ့အတူ ကျန်းမာပျော်ရွှင်တဲ့ ဘဝလမ်းကို လျှောက်လှမ်းနိုင်ပါစေ လို့နော်။

နေဒေးသစ် said...

ပျော်ရွှင်စရာ မွေးနေ့နဲ့ အတူ ပျော်ရွှင်ကြည်နူးဖွယ်ရာ ဇနီးမောင်နှံ ( ၂ ) ဦး သက်ဆုံးထိတိုင် တွဲလက်မြဲခိုင် နိုင်ကြပါစေ ..

နေဒေးသစ်။

ThuHninSee said...

Happy birthday နော်။

Unknown said...

အလည်လာရင်းနဲ့
လာအားပေးသွားပါတယ်နော်
မမနဲ့ကိုကိုတို့မွေးနေ့မှာပျော်ရွင်ပါစေ
အားပေးလျက်ပါနော်

သုခုမလေဒီ said...

နှစ်ယောက်တည်းကျင်းပလို့ တော့မရဘူးလေ။ မကျွေးလည်းကိတ်မုန့် တော့လုစားသွားပြီ ။ ကိုယ်လည်း တနင်္ဂနွေသမီးပဲး)
ဝိုင်ကတော့မသောက်တတ်လို့ ၊ ချော့ကလက်ကိတ်မုန့်  စားသွားတယ်။ စိတ်မဆိုးကြေးးး

နှစ်ကိုယ်တူသက်ဆုံးတိုင်ပျော်ရွှင်ကြပါစေလို့ .. ဆုတောင်းပေးလိုက်တယ်နော်။
နောက်နှစ် နောက်နှစ်များမှာ ဒီထက်ပိုကျွေးနိုင်ပါစေလို့  လည်းဆုတောင်းတယ်။း)

အနာဂတ်အလင်းရောင် said...

Happy Birthday, mama myat mhan's hubby!!!!

မယ့်ကိုး said...

Happy birthday ပါနော် မ။
နောင်လာမဲ့ နှစ်ပေါင်းများစွာကို ချစ်သော(ကို) မျက်မှန်လေး နဲ့ မခွဲမခွာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ...

ကိုလူထွေး said...

ရုပ်ရှင်တခုထဲမှာ ကြည့်ဖူးတယ်...
ကိုယ့်ကြင်ဖက်ဆိုတာ ဟိုးဘဝက ကိုယ့်အပိုင်းတခြမ်းပဲတဲ့...
မျက်မှန်လေးတို့မှာတော့ တည့်တည့်ကြီးကို မှန်နေတာပေါ့...

HAPPY BIRTHDAY !!!!

းဝ)

Yu Ya said...

HAPPY BIRTHDAY!!!!

MANY HAPPY RETURNS!!!

Best Wishes,
yu ya

ကောင်းကင်ပြာ said...

Happy Birthday ပါ မျက်မှန်လေးရဲ့ ကိုကိုရေး)

လင်းကြယ်ဖြူ said...

လက်တွဲဖော် မွေးနေ့ရှင် ရော
သူ့ရဲ့လက်တွဲဖော် မွေးနေ့လုပ်ပေးသူရော
စိတ်ချမ်းသာပါစေခင်ဗျာ..

rose of sharon said...

happy birthday လက်တွဲဖော်လေးကို birthday wish လေး လက်ဆင့်ကမ်းလိုက်ပါနော်