စက်တင်ဘာ မွေးဖွားသူများသို့

စက်တင်ဘာလရဲ့ပထမဆုံး ပို့စ်အဖြစ်မင်္ဂလာရှိစွာ မွေးနေ့ဆုတောင်းလေးနဲ့ စလိုက်ရအောင်။
ကိုယ်က မွေးနေ့ တွေကို အလေးထားတတ်သူပါ။ အဲဒီလိုဘဲ ကိုယ့်မွေးနေ့ဆိုရင်လည်း အလေးထားစေချင်တဲ့သူပါ။အရင်က ကိုယ့်မွေးနေ့ရောက်တာနဲ့ ကိုယ့်မိဘ ရယ် ကိုယ့်ရဲ့ မောင်နှမတွေရယ် က ကိုယ့်ကို ဘယ်နေရာကဘဲဖြစ်ဖြစ် ဖုံးဆက်ပြီး ည ၁၂ နာရီ ကျော်တာနဲ့ Birthday wish လုပ်တတ်ကြ ပါတယ်။ ခုတော့ ကိုယ့်လက်တွဲဖော်တစ်ယောက် တိုးလာပြီပေါ့။ ကိုယ်အရမ်းပျော်ပါတယ်။ အဲလို Birthday wish လုပ်တဲ့ အသံဟာ ဘယ်မွေးနေ့ လက်ဆောင်နဲ့မှ တန်ဖိုးဖြတ်လို့ မရလောက်အောင် ပျော်ရွှင်မှုကို ပေးပါတယ်။ကဲ..ထားပါတော့။

ခု စက်တင်ဘာလဟာ ကိုယ်နဲ့ ပတ်သတ်တဲ့ သူတော်တော်များများ မွေးနေ့ ဖြစ်တဲ့လပါ။ ဒါကြောင့် သူတို့တွေရဲ့ မွေးနေ့ကို ကိုယ်ဒီနေရာက ဆုတောင်း ပေးလိုက်ပါတယ်။


ပထမဆုံး စက်တင်ဘာ (၁) ရက်နေ့မှာ မွေးတဲ့ မမAir ပါ။ သူက ကိုယ်တို့ ဒီစင်ကာပူမှာ ကျောင်းစတက်တော့ ကိုယ်တို့နားမလည်သမျှ စာတွေ ကို ဒိုင်ခံ ရှင်းပြတဲ့ ကိုယ်တို့ရဲ့ဆရာမလေးပေါ့။ သူက အရမ်းကို စိတ်သဘောထားဖြူစင်ပါတယ်။ စာမေးပွဲ မနက်ဖြန်လို ဖြေရတော့မယ် ဆိုရင် ဒီနေ့အထိ ကိုယ်တို့ကို စာရှင်းပြတုန်းပါ။ သူကျေးဇူးကြောင့် ကိုယ်စာမေးပွဲ အောင်လာတာပါ။ ဒီနေရာမျိုးမှာ ရပ်တည်နိုင်တာပါ။
Happy Birthday ပါ မမ Air ရေ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်နှစ်ယောက် ကတော့ စက်တင်ဘာ (၇) ရက်မှာ မွေးတဲ့ ကိုယ့်အခင်ဆုံး သူငယ်ချင်းနှစ်ယာက်ဖြစ်တဲ့ သူရိန် နဲ့ သီတာ ပါ။ သူတို့ ကအမွှာမောင်နှမပါ။ ကိုယ်တို့ ၆တန်းလောက်ကတည်းက တွဲလာကြတာ ခုထိဘဲဆိုပါတော့ ။သီတာကတော့ အိမ်ထောင်ရှင်မဖြစ်သွားပြီ။ သူရိန်က ကြိုးစားတုန်း ဟဲဟဲ။ Happy Birthday ပါ သူရိန် နဲ့ သီတာရေ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


နောက် တစ်ယောက် က ၉ ရက် ၉ လ မှာမွေးတဲ့ ကိုယ့်ရဲ့ တစ်ဦးတည်းသော ကိုကိုဖြစ်တဲ့ ကိုသားကြီး ရဲ့ မွေးနေ့ပါ။ သူကမောင်နှမ အားလုံးထဲမှာ ကိုယ့်ကို အချစ်ဆုံးတဲ့။ ဟုတ်လားမဟုတ်လားမသိဘူးလေ။ သူပြောတာပဲ။ ဟီးဟီး ။ကိုကြီး သားကြီးရေ.. ပျော်ရွှင်သော မွေးနေ့မင်္ဂလာဖြစ်ပါစေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက် စက်တင်ဘာလ ၁၃ ရက်နေ့မှာ မွေးတဲ့ ကိုယ့် ရဲ့ မမကြီး ပါ။ ကိုယ့်ကို အမကြီး အမိရာပီသစွာ သွန်သင်ဆုံးမ ပညာသင်ပေးခဲ့တဲ့ သူ့ကျေးဇူးတွေဟာ ဆပ်လို့ကုန်နိုင်မယ်မထင်ပါဘူး။ ကိုယ်ငယ်ငယ်လေးထဲက သူ့လက်ပေါ်မှာကြီးပြင်းခဲ့တာပါ။ ကိုယ့်ကို ခုချိန်ထိ နည်းပေးလမ်းပြ လုပ်ပေးခဲ့ တဲ့ သူပါ။ ခုချိန်ထိ ကိုယ် ဘာလုပ်လုပ်သူ့ကို တိုင်ပင်ပြီးမှလုပ်နေဆဲပါ။ မကြီးရေ… Happy Birthday နော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မွေးတဲ့ ကိုယ့်ရဲ့ငယ်သူငယ်ချင်းလေး သူဇာပါ။ ခုတော့ သူလည်း ဘယ်တွေရောက်နေလည်းမသိဘူး။မတွေ့ဖြစ်တာ သူတို့ သုဝဏ ပြောင်းပြီးကတည်းက ဆိုပါတော့။ ကိုယ် ၁၀ တန်းလောက်ကတည်း ကမတွေ့တော့တာ။ Happy Birthday သူဇာ ရေ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟဲဟဲ။။။ စက်တင်ဘာ ၁၇ ရောက်တော့ ကိုယ့်ဖူးစာရှင်လေးကို သူ့မေမေက လူ့လောကထဲ ကို မွေးထုတ်ပေးခဲ့တယ်။ ကိုယ့်ဘ၀ရဲ့ လက်တွဲဖော် မွေးနေ့လေ။ ပျော်ရွှင်ပါစေ မွေးနေ့မှာ။ဘုန်းကြီးကျောင်းသွားမယ်။ အဲဒီနေ့ကျရင်…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်ဆုံး တစ်ယောက်ကတော့ စက်တင်ဘာ ၂၀ မှာ ကျရောက်မယ့် ကိုယ့်အစ်မ တစ်ယောက်လိုခင်မင်ရတဲ့ မထွေးပါ။ သူကကိုယ်တို့ အပေါ်မှာ အကြီးပီသခဲ့ပါတယ်။ မထွေး ရေ..ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေနော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကဲ။။။အားလုံးသော စက်တင်ဘာလမှာ မွေးတဲ့သူအပေါင်းကို ဒီနေရာကနေ Birthday Wish လုပ်ပါတယ်။

"HAPPY BIRTHDAY"

10 comments:

ကိုလူထွေး said...

တော်သီလင်းလဖွားတွေ မနည်းပါလား...

းဝ)

Anonymous said...

မရေ..............
မြူးလေးလဲစက်တင်ဘာမှာမွေးတယ်သိလား
စက်တင်ဘာမွေးမောင်နှမတွေ အားလုံးကို
မွေးနေ့ မှာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်

လင်းကြယ်ဖြူ said...

ကိုလူထွေးပြောလည်းပြောစရာပဲ..
ကျွန်တော်လည်း ကိုသားကြီးနဲ့တစ်နေ့တည်းပဲ..ဟဲ..ဟဲ
၇ရက်နေ့ပွဲလုပ်မှာ လာခဲ့ပါလား...၉ ရက်နေ့မှာ မအားလို့လေ..ဟီး
ပျော်ပါစေ....
အားလုံးသော မွေးနေ့ရှင်ညီအစ်ကိုမောင်နှမတွေကိုလည်း
Happy Birthday ပါလို့...

မေဇင် said...

မမရေ....မမ က မွေးနေ့လေးတွေကို အရေးထားတယ်နော်... မှတ်မိတယ်...10 နှစ်ထဲကကွဲသွားတဲ့ သူငယ်ချင်းကိုတောင် မှတ်မိတာပဲ... မမရဲ့ မွေးနေ့လေးကိုလဲ ဖြစ်နိုင်ရင် သိချင်ရဲ့ birthday wish လုပ်ချင်လို့လေ... မမ နဲ့ အတူ ဆုတောင်းပေးပါတယ်... Happy birthday... နော်..။း))

ရွက်လွင့်ခြင်း said...

မွေးနေ့  ဆိုတော့ ဝါးတီးပါမှာပေါ့နော်
စောစောစီးစီး သံချောင်းခေါက်လိုက်နော်
း)

ယွန်း said...

ယွန်းလဲ မနဲ့အတူ စက်တင်ဘာဖွား မောင်နှမတွေ
အတွက် ဆုတောင်းပေးပါတယ်
" happy birthday " ပါလို့ ။

မြစ်ကျိုးအင်း said...

ဒီပို့စ်ထဲက လူတွေရဲ့ မွေးနေ့တွေရောက်ရင် မျက်မှန်လေးက တခုခုနဲ့ ဧည့်ခံမယ် ဆိုတဲ့
သဘောများလား။
ဝါးရချည်သေးရဲ့....။

ဝက်ဝံလေး said...

ထပ်ထည့်လိုက် ဦး မမမှန်လေး ရေ များက ၁၈ ရက်နေ့ ဖွားတယ် ဟဟဟဟ ဂယ်ပြောတာနော် နောက်ဘူး အတည်

Anonymous said...

ညြီမလဲ 9ရက် 9လ မှာ မွေးတာပဲ... ဒီထဲမှာ မွေးနေ့တူတဲ့လူတွေ့လို့.. ၀င်နှုတ်ဆက်တာပါ.... ပျော်ရွှင်ပါသော မွေးနေ့ဖြစ်ပါစေ... 09.09.09

ရွှေပြည်သူ (ShwePyiThu) said...

မွေးနေ့တွေ တန်းစီပြီး Wish လုပ်သွားတာ ချစ်စရာကောင်းလိုက်တား) မွေးနေ့ရှင်တွေလည်း ပျော်ကြမှာ...