ရင်ခွင်တံခါး

ငါ့ ရဲ့ ရင်ခွင်တံခါး ကို
တိတ်တဆိတ်လာခေါက်
တိတ်တိတ်လေး ငါ့ရင်ခွင်မှာ ခိုအောင်းနေပြီး
တိတ်တိတ်လေး ပြန်ထွက်သွားခဲ့
ငါ့ရင်ခွင်တံခါးကိုတော့
သူက သော့ခတ်ခဲ့တယ်လေ။
တခြားသူတွေ လာမှာစိုးလို့တဲ့။

ခြောက်သွေ့နေတဲ့ မင်းမျက်ရည်တွေ
ထင်နေသေးတဲ့ မင်းရဲ့ခြေရာတွေ
မင်းရဲ့ ပြာလွင်လွင် ရယ်သံတွေ
အပြစ်ကင်းစင်တဲ့ မင်းရဲ့ အပြုံးနုနုတွေ
မင်းကို သတိရစေနိုင်မယ့် အရာတွေကို
မင်းက ချန်ထားခဲ့တယ်လေ။

ဒီလိုနဲ့ ရာသီတွေပြောင်း
ရက်ကို လစား . လကိုနှစ်စား
ပြက္ခဒိန်တစ်ခု ပြီးတစ်ခု ကုန်လို့
ဖုန်တက်နေတဲ့ ငါ့ရင်ခွင်က
သော့ပိုင်ရှင်ကို စောင့်မျှော်နေလေရဲ့။

တစ်ရက်တော့…
ညစ်နွမ်းနွမ်း နဲ့ ကောင်းလေးတစ်ယောက်
ဘယ်လိုမှ မမှတ်မိနိုင်လောက် အောင်
စုတ်ပြတ်သတ်နေတဲ့ ပုံစံနဲ့ သူ…
သံချေးတွေအထပ်ထပ်တပ်နေတဲ့
ရင်ခွင်သော့ ကို ကြိုးစားဖွင့်
နောက်နောင် ငါ့ရင်ခွင်ကနေ
သူဘယ်မှ မသွားတော့ပါဘူးလို့
အခါခါ ဆိုရင်း…
လောက ကြီးတစ်ခုလုံးကို
နှုတ်ဆက် ကျောခိုင်းလို့…….

10 comments:

မြစ်ကျိုးအင်း said...

ကောင်လေးကဘာကြောင့်ညစ်နွမ်းနွမ်းဖြစ်နေတာလဲ
သေသေချာချာဖြန့်ရေးရင် ဇာတ်လမ်းလေးတပုဒ်နဲ့
တူတယ်။
စောင့်နေတဲ့သူမှန်ရင်တော့ ၀င်ခွင့်ပေးသင့်ပါတယ်။

ဝက်ဝံလေး said...

ဟုတ်ကဲ့ ရင်ခွင်တံခါးလေးကို ဖွင့်သွားပါတယ် ရှင့် ဟိဟိ

လင်းကြယ်ဖြူ said...

ဒီလိုနဲ့ ရာသီတွေပြောင်း
ရက်ကို လစား . လကိုနှစ်စား
ပြက္ခဒိန်တစ်ခု ပြီးတစ်ခု ကုန်လို့....

အချိန်တွေ အကုန်မြန်လွန်းတယ်....
ပျော်စရာတွေကို တွေး နေရင်း ကုန်နိုင်ပါစေ...
ကဗျာက ကောင်းတယ်..
ဆက်လက်အောင်မြင်ပါစေ...

chitpalone said...

ကဗျာတပုဒ်နဲ့ ဇာတ်လမ်းလေးတခု ဖြစ်သွားတယ်တော့။ သံချေးတတ်နေတယ်ဆိုရင် ဆီသုတ်လိုက်ပါလားဟင်။ အဟိ နောက်တာ။ ပျော်ရွှင်ပါစေ
ခင်မင်လျှက်
ညီမလေး ပါးလုံး

ကိုလူထွေး said...

ဘာလို့ လောကကြီးကို နှုတ်ဆက်ရတာလဲ...
ဒါစိတ်ဓာတ်ကျစရာမှမဟုတ်ဘဲ...
အားတင်းပြီးရင်ဆိုင်မှပေါ့...
ရဲမှမင်ဖြစ်ဆိုတဲ့စကားလဲ ရှိသားပဲ...

းဝ)

ယွန်း said...

မရေးးးးးးးးးးးးးကဗျာလေးကမိုက်တယ်...
ကြိုက်တယ်....ခိုက်တယ်...အဟဲ

မျက်မှန်လေး said...

သိဘူး...

ရေးတတ်သလိုရေးထားတာ..
ကဗျာ စမ်းရေးကြည့်မယ်ဆိုပြီး

စန္ဒကူး said...

နောက်ဆုံးပိုင်းလေးနားမလည်ဘူး..
စောင့်နေတဲ့ကောင်လေးပြန်လာပီး...
ဘာလို့ကျောခိုင်းသွားတာလဲ..
ရှင်းပြအုံးနော်..
ကူးစ်က နဲနဲပိန်းတယ်..း)

မယ့်ကိုး said...

ကဗျာလေးက တစ်မျိုးလေး...မိုက်တယ်။

သုခုမလေဒီ said...

မျက်မှန်လေးရေ.. အစမ်းရေးတာတောင်ကောင်းနေပါလား။ တကယ့်ခံစားချက်လေးများလားလို့ ..။
အဆင်ပြေပျော်ရွှင်ပါစေ။