ကျွန်မ ဘီလူးမ မဟုတ်ပါ

ကမ္ဘာပေါ်မှာ မျက်နှာ အစားထိုးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တာ ဒါနဲ့ဆိုရင်လေးကြိမ်မြောက်ပါ။ အရင်အကြိမ်တွေက

အခုလောက်ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့ပါဘူး။ မျက်နှာအစိတ်အပိုင်း ၈၀% လောက်ကို

အောင်မြင်စွာအစားထိုးကုသပေးခဲ့တာ ကတော့ Ohio ပြည်နယ်က Cleveland Clinic က Dr.Maria

Siemionow ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့ဖြစ်ပြီး ကုသခံလူနာကတော့ Connie Culp လို့ခေါ်ပါတယ်။



Connie Culp ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ခင်ပွန်း Thomas ကနေ သူ့ကို သေနတ်ဖြင့်ပစ်ခဲ့ပါတယ်။ ပြီးတော့

Thomas သူ့ကိုယ်သူလည်းပြန်ပစ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ Thomas ဟာ ထောင်ဒဏ် ၇ နှစ်ကျခံနေရပါတယ်။

Culp ကတော့ မသေဘဲ ဘ၀ကိုဆက်လက်ရှင်သန်ခဲ့ပါတယ်။ ဒါပေမဲ့ မျက်နှာကို ကျည်ဆံ ထိမှန်မှုကြောင့်

သူမရဲ့နှာခေါင်း၊ နှုတ်ခမ်းလွှာ ၊ပါးပြင် နဲ့ မျက်သားခွံတွေဟာပျက်စီးသွားခဲ့ပါတယ်။ အဲဒီ ယမ်းမှုန့်တွေ

ဟာသူမရဲ့မျက်နှာပြင်တစ်ခုလုံးမှာ ပြန့်နှံနေခဲ့ပါပြီ။ သူမရဲ့မျက်နှာပြင်မှကောင်းတာဆိုလို့

အပေါ်မျက်သားခွံ၊နဖူး၊အောက်နှုတ်ခမ်းနဲ့ မေးစေ့ သာကျန်ပါတော့တယ်။ တစ်ခါက

ကလေးလေးတစ်ယောက်က သူမကိုဘီလူးမဟု ခေါ်တာ Culpကြားလို့ အဲဒီကလေးကို သူမရဲ့

လိုင်စင်ကတ်ပြားထုတ်ပြပြီး သူမဟာ ဘီလူးမဟုတ်ပါဘူး၊ လူသားစင်စစ်ဖြစ်ပါတယ်လို့ ရှင်းပြခဲ့ရကြောင်း

သူမက ၀မ်းနည်းဖွယ် ပြောပြခဲ့ပါတယ်။ Culp ဟာအခါ ၃၀ လောက်ခွဲစိတ်မှုခံယူမှုပြုခဲ့ပါတယ်။

ဆရာဝန်တွေဟာ သူမရဲ့ နံရိုးက အစိတ်အပိုင်းတွေယူပြီး ပါးရိုးတွေ လုပ်၊ ခြေထောက်ကအရိုးတွေကနေ

အပေါ်မေးရိုးတွေလုပ် ကြိုးစားခဲ့ကြပါတယ်။ သူမရဲ့ပေါင်သားတွေိကိုလည်းလှီးတာ မရေတွက်နိုင်အောင်ပါဘဲ။

ဒါပေမဲ့ သူမဟာ အဖတ်စားလို့မရ၊ နှားခေါင်းပေါက်နဲ့ အသက်ရှူလို့မရ၊ အနံ့အသက်မရရှိသေးပါဘူး။

သူမအသက်ရှူဖို့ လည်ပင်းမှာ အပေါက်ဖောက်ထားပေးရပါတယ်။




အဲဒီလိုနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့၊ ခွဲစိတ်ချိန် ၂၂ နာရီ ကြာအပြီးမှာတော့… Cleveland Clinic က Dr.Maria

Siemionow ဦးဆောင်တဲ့ ဆရာဝန်များအဖွဲ့ဟာ Culp မျက်နှာ ၈၀% နဲ့အတူ အရိုး၊အကြော၊အရေပြား နဲ့

သွေးကြောတွေ ကို သေတာနာရီပိုင်းလောက်ပဲရှိဦးမယ့်၊သူရဲ့မျက်နှာကို လှူဖို့သဘောတူထားတဲ့ အမျိုသမီး

တစ်ဦးနဲ့ အစားထိုး ကုသမှုအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။



သူမမှာ နှာခေါင်းလည်းရှိလာပြီလို့ ၇ယ်ပြီးပြောပါတယ်။

ဇန်န၀ါရီလမှာတော့ Culp ဟာ ပီဇာနဲ့ ဘာကာ ကို ဒီ ၅ နှစ်အတွင်းမှာ ပထမဆုံး စားနိုင်လာပါပြီ။ သူမဟာ

ကွတ်ကီးနဲ့ ကော်ဖီ ကိုကြိုက်နှစ်သက်တယ်လို့လည်း Dr.Maria Siemionow ကပြောပါတယ်။ အခုထိတော့

သူမရဲ့မျက်နှာ ၈၀% အစားထိုးလိုက်ရလို့ သူမရဲ့စိတ်ခံစားမှုကို မျက်နှာမှာ

သိပ်ဖော်ပြလို့မရသေးဘူးဟုလည်းပြောပါတယ်။

* ပုံများကို ဒီဆိုဒ် ကနေကူးယူဖေါ်ပြပါတယ်။

2 comments:

Anonymous said...

ဆေးပညာတွေ ခေတ်မီ တိုးတက်လာလိုက်တာ အံ့မခန်းမယုံကြည်နိုင်စရာပါပဲ .. ဆရာဝန်တွေရဲ့ ဆေးပညာကို ချီးကျူးရမလို .. နဂိုဘဝမျိုး ပြန်ရောက်အောင် အထပ်ထပ် အကြိမ်ကြိမ်အခါခါ ကုသမှု ခံယူရဲတဲ့ သူ့စိတ်ဓာတ်ကိုလည်း လေးစားမိပါတယ် ...

ဝက်ဝံလေး said...

သနားပါတယ်နော် မမ တော်သေးတယ် မျက်နှာက နဂိုပုံစံမျိုး ပြန်ရလို့ မျှဝေပေးတာ ကျေးဇူးပါပဲ မမရေ