မွေးနေ့

အမိဝမ်းကကျွတ်တဲ့နေ့

လူလောကကြီးထဲကို စတင်ရောက်တဲ့နေ့

မျက်လုံးနှစ်လုံးကို စတင်ဖွင့်ခွင့်ရတဲ့နေ့

အလင်းရောင်ကို စမြင်ရတဲ့နေ့

အမေ့နို့ချိုစတင်စို့ခွင့် ရတဲ့နေ့

အဖေ့အနမ်းကို စတင်ရတဲ့နေ့

အမေ့အနမ်းကို စတင်ရတဲ့နေ့

ကိုယ်နဲ့ တစ်ဘ၀တာ ပတ်သတ်မယ့်သူတွေကို စမြင်ရတဲ့နေ့

ဘုရား

တရား

သံဃာ

ဆရာ


ကိုယ့်ကိုလူ့လောကထဲရောက်အောင် အသက်ရင်းပြီးသယ်ဆောင် လာပေးတဲ့

လိမ္မာယဉ်ကျေးပြီး ပညာရေးမှာ ထူးချွန်အောင် ချော့တစ်ခါ ခြောက်တစ်လှည့်

ပြုပြင်ပဲ့ကိုင် ဆိုဆုံးမပေးတဲ့ မေမေ


ကိုယ့်ဘ၀ကို လူလောကထဲမှာ မျက်နှာမငယ်ရအောင် ရှာဖွေကျွေးမွေး ပညာတွေ

သင်ပေးတဲ့လောကကြီးအလယ်မှာ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်

ဒီကွေ့ရောက်ရင်ဒီတက်နဲ့လှော် နိုင်အောင် အရိပ်တကြည့်ကြည့်နဲ့

စောင့်ရှောက်ပေးခဲ့တဲ့ ဖေဖေ



ကိုယ့်ကိုငယ်ငယ်လေးထဲက အစ်မကြီးအမိရာ ပီသခဲ့ပြီး ဘုရားစာတွေသင်ပေး၊

ကိုယ်အတွက် အရာရာမှာ အနစ်နာခံပြီး နိုင်ငံရပ်ခြားရောက်တဲ့အထိ

ထီးသဖွယ် အမိုးမိုးပေးခဲ့တဲ့ အမိုးမိုးပေးဆဲ မကြီး



သူသာဆိုးပြီး ကိုယ့်ကို မဆိုးစေချင်ခဲ့တဲ့ နှစ်စဉ်နှစ်တိုင်း ကိုယ့်မွေးနေ့ဆိုရင်

ရှမ်းခေါက်ဆွဲတို့ ဆီချက်တို့ ချက်ကျွေးတတ်တဲ့ ကိုယ့်အတွက် ချစ်စရာကောင်းတဲ့တူလေး

တစ်ယောက်မွေးပေးထားတဲ့ မလတ်


မောင်နှမတွေထဲမှာ ကိုယ့်ကိုအချစ်ဆုံး ဆိုတဲ့ ၊သူ့ရည်းစားကိုတောင်မှ

ကိုယ်ဖြတ်ခိုင်းရင်ဖြတ်မယ်ဆိုတဲ့ ကိုယ့်ရဲ့ တစ်ဦးတည်းသော ကိုကို



ကိုယ့်အပေါ်ကို အမြဲ အနွံအတာခံ၊ ကျောင်းတက်တုန်းကလည်း ကိုယ်စားဖို့

ဟင်းတွေချက်လာ၊ အလုပ်လုပ်တော့လည်း အမြဲဂျီကျတတ်တဲ့ ကိုယ့်ကို

နားလည်ခွင့်လွှတ်ပြီး ကိုယ့်ကို အရမ်းချစ်တဲ့ ကဗျာမဆန်တတ်တဲ့

ကိုယ့်ဘ၀ လက်တွဲဖော်


အားလုံးတို့ကို ကိုယ်ဒီနေရာလေးကနေ ပြီးတော့ လက်အုပ်မိုးလျှက် ရှိခိုးကန်တော့ပါ၏ ။

ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် ပြစ်မှားမိခဲ့ပါက ထိုအပြစ်တို့ကို ခွင့်လွှတ်ပေးပါရန်

ကိုယ့်ရဲ့ ၂၈ နှစ်မြောက်မွေးနေ့ မှာရှိခိုးဦးချတောင်းပန်အပ်ပါသည်။

6 comments:

ဝက်ဝံလေး said...

Happy Birthday ပါ မျက်မှန်လေးရေ တို့ထက်တော့ အများကြီးကြီးပါတယ် (အသက်) တခုလောက်မေးချင်တယ် မရှင်းမရှင်းဖြစ်နေလို့ ယောက်ျားလေးလား မိန်းမလေးလားဟင် မျက်မှန်လေးက
တို့ကတော့ ဘယ်သူပဲဖြစ်ဖြစ် အားပေးပါတယ် ဒါပေမယ့် သိချင်လို့ပါ C box မှာလေ ကျေးဇူးတင်ပါတယ် ရှင့်လို့ရေးထားလို့ :P

မျက်မှန်လေး said...

ဟီး ဟီး

ဒို့ကနှစ်ယောက်ရေးတာရှင့်/ဗျ. သြော်...ရှင်းပြမှ ပိုရှုပ်ကုန်ပြီ။

အလကားနောက်တာ...မိန်းခလေးပါရှင့်။
အားပေးတယ်ဆိုလို့ ၀မ်းသာပါတယ်ရှင့်။

Anonymous said...

ကံကောင်းသူလေးပါလား၊
မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့။

Anonymous said...

Birthday အပြောနောက်ကျသွားပေမယ့် ကောမန့်တော့ ပေးလို့ ရဦးမယ်ထင်လို့ ပေးခဲ့ပါတယ် ... မိခင်ကနေစပြီး လက်တွဲဖော်မှာ ဆုံးခဲ့တဲ့ ဒီ ပို့စ်လေးက သာမာန်ပို့စ်လေး တစ်ပုဒ်ဆိုပေမယ့် သိတတ်တဲ့ နားလည်တတ်သူရဲ့ အကျင့်သိက္ခာကို ဖော်ပြထားတာမို့လို့ ကြည်နူးမိခဲ့ပါရဲ့

ဝက်ဝံလေး said...

ဟယ်ဒါဆိုရင် ရည်းစားက ဟင်းချက်တတ်တယ်ပေါ့ ဟုတ်လား ကံကောင်းတာနော် အဟိ

ရွှေပြည်သူ (ShwePyiThu) said...

မွေးနေ့ဆိုတာ မပြောဘဲနဲ့ မုန့်ညာကျွေးလိုက်တဲ့ တစ်ယောက်ကိုတော့ သိတယ် ;) Belated Birthday wish လေးကို လက်ခံပါနော် မျက်မှန်လေးရေ...