မေ၃၁

ဒီနေ့ မေ ၃၁ မို့လို့ မျိုးကျော့မြိုင်ရဲ့ သီချင်းလေးကို အမှတ်တရ တင်ပေးပါတယ်။

ဒီမှာက မေ ၃၁ မိုးမရွာဘူး။ရန်ကုန်မှာတော့ ရွာတယ်။


မေ၃၁ မိုးတွေ ရွာသွန်းနေဆဲ
လမ်းမတစ်လျှောက် လမ်းလျှောက်နေလည်း
ကိုယ့်စိတ်က ဘာလိုလိုပဲ
ကိုယ့်စိတ်တွေဟာ ဟိုးအမြင့်ကြီးမှာ
မင်းမလိုချင်တဲ့ ကိုယ့်အချစ်တွေနဲ့
စိတ်ကူးလို့ရူးနေမိတယ် အချစ်ရယ်

လှလွန်းတဲ့ မင်းမျက်နှာလေး လှည့်လို့ ပြုံးပါဦး
မင်းမမြင်ချင်တဲ့ ကိုယ့်မျက်နှာဟာ မင်းကိုသိပ်တွေ့နေချင်တယ်
အနှောင့်အယှက်ပေးလွန်းတဲ့ ကိုယ့်ရဲ့အကြောင်းတွေ မစဉ်းစားနဲ့တော့
မင်းဦးနှောက်နုနုလေး ကိုယ့်ကြောင့် စိတ်ဆင်းရဲသွားရင်
မစဉ်းစားနဲ့ ကိုယ်ဘာပဲဖြစ်ဖြစ်

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ

အိပ်မက်တာတွေ အလကားဖြစ် မေ၃၁
လမ်းလျှောက်ရင်းနဲ့ စိတ်ညစ် မေ၃၁
ကိုယ့်ရဲ့အချစ်တွေအားလုံး မင်းလေးလွှင့်ပစ်သွားတုန်း
သည်းမည်း ဒီမိုးစက်တွေထဲ
မင်းလေးနားလည် မင်းလေးသိမယ်
လွှင့်ပစ်ထားတဲ့ အနှောက့်အယှက်များထဲ
ကိုယ့်အချစ် မေ၃၁
ကိုယ်လေ မင်းအနား ဟိုဖက်ဝေးဝေး ရွာနေမိုးလေး
ကြင်နာခြင်းများ သည်းမည်း ဒီမိုးစက်လိုပဲ

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁

ကိုယ့်အပြစ်တွေ များလွန်းပါတယ်
ကိုယ့်ရဲ့အဖြေဟာ ဒါနောက်ဆုံး
ကြင်နာတတ်တဲ့ မင်းနှလုံးသားနဲ့ ကိုယ့်ကို အပြစ်ပေးပါဦး

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ

သီချင်းကို ဒီမှာ ရယူနိုင်ပါတယ်။


သီချင်းစာသားကိုတော့ မျိုးကျော့မြိုင် ဘလော့ခ်ကယူထားပါတယ်ရှင်။

5 comments:

ဝက်ဝံလေး said...

မမရေ အဲဒီ မေ ၃၁ ရက်နေ့က တကယ်မိုးရွာလား ဟင် ဒီမှာတော့ အိုက်လို့ သေတော့မယ် ဖူးးးးးးးး

Unknown said...

လာလည်တာ ကျေးဇူးပါဗျာ။ သူလဲ ဒီသီချင်း ကြိုက်တယ်ကိုး။ စာသားကော သံစဉ်ပါ ကောင်းတယ်ဗျ။ ဟောင်းပေမယ့် ကောင်းနေဆဲ သီချင်းလေးပါ။

ဝသန်မိုး said...

ကြိုက်တယ်
မေ၃၁
မျိုးကျော့ သီချင်းတွေ အကုန်လုံးလိုလို
ကြိုက်တယ်
ကာရန်လေး ကို တော့အကြိုက်ဆုံးပဲ

Anonymous said...

ဒီသီချင်းကို ယုဇနဆိုထားတာလား မသိဘူး ကြားဖူးတယ် .. သီချင်းလေးက သံစဉ်လှလှလေး .. မိုးတွေရွာနေတုန်း ဝရန်တာတစ်ဘက်မှာ ကော်ဖီပူလေး တစ်ခွက်နဲ့ ရပ်နေပြီး မိုးစက်တစ်ချို့နဲ့ ထိတွေ့ကျီစယ်ခွင့် ရမယ် ဆိုရင်တော့ သီချင်းလေးက ပိုပြီး အသက်ဝင်ခဲ့မလားပဲ ... လောလောဆယ်တော့ အပြင်မှာ နေပူနေသေးတယ် ...

သီဟသစ် said...

မေ ၃၁ ကတော့ စိတ်ကူးတူ သွားပြီဗျ
အဲဒီနေ့က သတိရတယ် သီချင်းကို..

mood မ၀င်လို့ မတင်ဖြစ်တာ..