ရပ်ကွက်ထဲမှာဗျာ

ဒီခေါင်းစဉ်လေးကိုကြည့်ပြီးတော့ ကြည်နူးစရာဇာတ်လမ်းလို့တော့ မထင်လိုက်ပါနဲ့။ တကယ့်ကို ရင်နင့်စရာဇာတ်လမ်းလေးတစ်ပုဒ်ပါ။

ကိုယ်ဒီဇာတ်လမ်းလေးကို ကောင်လေးဘက်က ခံစားပြီးရေးထားတာပါ။

ဇာတ်လမ်းစပြီနော်။

ကျွန်တော့် နာမည်အပြည့်အစုံက ဇော်ရဲနိုင်ပါ။ ကျွန်တော့ မှာ အစ်မ နှစ်ယောက် နဲ့ ဆွေဆွေ ဆိုတဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။ ကျွန်တော့မိဘ တွေက ကျွန်တော်တို့မောင်နှမတွေ ငယ်ငယ်လေးကတည်းက ကွဲသွားပါတယ်။ကျွန်တော်တို့ကတော့ မေမေဘက် လိုက်ခဲ့ကြပါတယ်။ ကျွန်တော်မေမေ ကရှေ့နေပါ။ မေမေက ပြောပါတယ်။ ကျွန်တော်မေမေ နဲ့ဖေဖေ ကွဲပြီးနှစ်နှစ်လောက်ကြာတော့ ကျွန်တော်ဖေဖေ နောက်မိန်းမယူသွားပြီတဲ့။ ကျွန်တော့်မေမေ ကို ကျွန်တော်အရမ်းသနားပါတယ်။ ကျွန်တော်တို့မောင်နှမ လေးယောက်လုံးကို လူတန်းစေ့အောင် မတောင့်မတ မကြောင့်မကြနေနိုင်အောင် ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မောင်နှမ တွေအားလုံးမှာ ကျွန်တော်မမအကြီးဆုံးက လွဲလို့ ကျန်တဲ့ သူတွေဟာ တစ်ယောက်တစ်မျိုးမရိုးနိုင်အောင်ဆိုးခဲ့ကြပါတယ်။ ကျွန်တော် ၈ တန်းနှစ်ရောက်တော့ ကျွန်တော် အမအလတ်က ယောကျာ်းနောက် လိုက်ပြေးပါတယ်။ ကျွန်တော် ကတော့ ၉ တန်းမှာ ပြဿနာ စရှာတော့တာဘဲ။ ကျွန်တော်မှာ ၈ တန်းကတည်းက ကြိုက်လာတဲ့ လုလု ဆိုတဲ့ ရည်းစားလေးတစ်ယောက်ရှိပါတယ်။ လုလုတို့ ကကိုယ်တို့ထက်စာရင်တော်တော်ပိုက်ဆံရှိပါတယ်။ လုလုက ကျွန်တော့်ကို အရမ်းချစ်ပါတယ်။ ၉ တန်းရောက်တော့ ကျွန်တော် ဆေးလိပ်တွေဘာတွေ စသောက်တက်နေပြီ။ ကလပ်တွေ သွားတတ်နေပြီလေ။ အပေါင်းအသင်းကလည်း စုံလာပြီလေ။ ကလပ်သွားရင်းနဲ့ ခင်လာတဲ့သူငယ်ချင်းတွေတောင် ရှိနေပြီလေ။ ကိုကျော် ရယ် နော်နော် ရယ် ကိုထွဋ်ကြီး ရယ်သုံးယောက်နဲ့ ကျွန်တော် ခင်လာခဲ့တယ်။ သူတို့သုံးယောက် ကနည်းနည်းအကောင်းကြီးကြီးရဲ့သားတွေပေါ့နော်။ ကားတွေဘာတွေကိုယ်တိုင်မောင်းပြီး ကလပ်လာကြတယ်ဆိုပါတော့။ ကျွန်တော်တို့အိမ်မှာလည်း စလွန်းကားလေးတစ်စီးရှိပါတယ်။
ဒါပေမယ့် ကျွန်တော့်မေမေ က ကျွန်တော့ကို ငယ်သေးလို့ဆိုပြီးပေးမမောင်းဘူး။ ကျွန်တော်က ကိုကျော် တို့ကိုအားကျမိတော့တာပေါ့။

ဒီနေ့ဟာ ကျွန်တော့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲမယ့်နေ့ပါဘဲ။ ကျောင်းဆင်းတဲ့ ညနေခင်းတစ်ခုမှာပေါ့။ ကျွန်တော်ကအဖြူအစိမ်းနဲ့ ။ လုလုကလည်းအဖြူအစိမ်းနဲ့။ ကိုထွဋ်ကြီးက ကျွန်တော့်ကို ကားနဲ့ လာခေါ်တယ်။ ကလပ်သွားမယ်ပေါ့။ ကျွန်တော်လည်း အိမ်ပြန် အ၀တ်အစားလဲပြီး မှလိုက်မယ်ပေါ့။ ဒါနဲ့ ကိုထွဋ်ုကြီးက ကျွန်တော့်ကို ည ၇ နာရီလောက် အိမ်အောက်ကိုလာခေါ်တယ်။ ကျွန်တော်လည်းလိုက်လာပြီး လုလုကို ၀င်ခေါ်ဖို့ လသာ လမ်းကို ကိုထွဋ်ကြီးကိုမောင်းခိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့တွေ ကလပ်သွားကြတယ်ဆိုပါတော့ဗျာ။ အပြန်ကျတော့ ကိုကျော် ကရှေ့မှာထိုင်တယ်။ ကျွန်တော် ရယ် လုလုရယ် နော်နော်ရယ်က ကားနောက်ခန်းမှာ ပေါ့။ ကျွန်တော်အရမ်းမူးနေပါပြီ။ လုလု လည်းနည်းနည်း သောက်ထားပါတယ်။ ဒါပေမယ့်အသိတော့မလွတ်သေးပါဘူး။ သူတို့တွေရက်စက်တယ်ဗျာ။မင်္ဂလာဈေးနားမှာ ကားရပ်ပြီး လုလု ကို စိတ်ကြွ ဆေးပြားတွေ တိုက်နေကြတယ်။ ကျွန်တော်သူ့တို့ကိုတားပါတယ်။ သူတို့က သုံးယောက်၊ကျွန်တော်က တစ်ယောက်တည်း။ကိုထွဋ်ကြီး နဲ့ ကိုကျော်တို့က ကျွန်တော်ကိုချုပ်ထားပါတယ်။ နော်နော်က လုလု ကိုပါးစပ်ထဲ အတင်းဆေးပြားတွေ ထိုးထည့်နေပါတယ်။ ပြီးတော့ဗျာ သူတို့လုလုကို တစ်ယောက်တစ်လှည့်စီ မုဒိန်းကျင့်ကြပါတယ်။ လုလုခမျာမှာ မျော့မျော့ဘဲကျန်ပါတော့တယ်။

ပြီးတော့ လုလုနေတဲ့ လသာလမ်းကိုမောင်းပြီး လုလု ရဲ့အိမ်ရှေ့မှာ လုလုကို ကားပေါ်ကနေ တွန်းချခဲ့ပါတယ။် လုလုတို့ဖေဖေထွက်လာပြီး လုလုကိုမပြီး ညတွင်းချင်းဘဲဆေးရုံတင်လိုက် ပါတယ်။ ကျွန်တော်လာခေါ်သွားတာ သိတဲ့ သူ့မေမေက မနက်ရောက်တော့ ကျွန်တော့်ကို မုဒိန်းမှုနဲ့ ရဲစခန်းမှာ တရားစွဲထားပါတယ်။ ပထမဆုံး အထက်တန်းကျောင်းသား မုဒိန်းကောင်အဖြစ် ကျွန်တော် မှုခင်းဂျာနယ်တွေထဲမှာ ပါခဲ့ပါတယ်။ ကျွန်တော်ကို ကျောင်းထုတ်ခဲ့ပါတယ်။ လုလုကတော့ ရှက်လို့ ကျောင်းကထွက်သွားပါတယ်။ ကျွန်တော်အချုပ်ထဲမှာ သုံးလလောက်နေရပါတယ်။ ကိုကျော်တို့ နော်နော်တို့ ကိုထွဋ်ကြီးတို့ က အကောင်းကြီးကြီးရဲ့သားတွေဆိုတော့ သူတို့ကအထဲမှာမနေရပါဘူး။ ကျွန်တော်ဘဲ နေရပါတယ်။ ဒါပေမယ့် ကျွန်တော့်မေမေကရှေ့နေဆိုတော့ လုလုနဲ့ ကျွန်တော်နဲ့ကို ပေးစားမယ်ဆိုပြီး လုလုတို့ဘက်ကို အမှုပိတ်ခိုင်းလိုက်ပါတယ်။ ကျွန်တော်လည်း လုလု ဘာဖြစ်ဖြစ်ယူမယ်ဆိုပြီး ပျော်နေခဲ့ပါတယ်။ ဒါပေမယ့်မေမေ ကကျွန်တော့်ကို လုလုကို အိမ်တစ်ဆောင်မီးတစ်ပြောင်ထားနိုင်အောင် နိုင်ငံခြား မှာ အလုပ်သွားလုပ်ခိုင်းပါတယ။် ကျွန်တော့်နိုင်ငံခြားမှာ ရှိနေစဉ်မှာ မေမေကလုလုနဲ့ ကိစ္စကို ဖျတ်သိမ်းခဲ့ပါတယ်။ အဲဒါတွေ ကျွန်တော်ပြန်လာမှသိတာပါ။ လုလုကို လသာလမ်းမှာ သွားရှာတော့လည်းမတွေ့ ဘူး။

ကျွန်တော်စိတ်တွေ တော်တော်လေခဲ့ပါတယ်။ ဒါနဲ့ ဘဲကျွန်တော် နံပါတ်ဖိုး သုံးဖြစ်တယ်ဆိုပါတော့။ရန်ကင်းမှာ က နံပါတ်ဖိုးက အရမ်းပေါတယ်။ ဘယ်ကနေ ဘယ်လိုရကြလည်းတော့မသိဘူး။ ရန်ကင်းက အလုပ်မရှိ အကိုင်မရှိ တဲ့ လူငယ်တော်တော်များ များဟာ နံပါတ်ဖိုး သုံးကြပါတယ်။ အဲဒီလိုနဲ့ ရန်ကင်းမှာ ကျွန်တော်လေနေတုန်း ကျွန်တော်တို့အိမ်ရှေ့ကိုပြောင်းလာတဲ့ မမကြီးတစ်ယောက်နဲ့ ကျွန်တော် ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ ဒီမမကြီးကလည်း ဖိုးသုံးတယ်လေ။ ဒီမမကြီးက ပိုက်ဆံရှိတော့ ကျွန်တော်လည်း သူ့ဘက်ကို ယိုင်မိတာပေါ့။နောက်သူ့အိမ်သွားရင် ကျွန်တော်ညီမလေးကို ပါကျွန်တော်ခေါ်ခေါ်သွားမိတယ်။ အဲဒီမှာတင် ကျွန်တော့်ညီမလေး ဆွေဆွေပါ ပျက်စီးခြင်းလမ်းစရောက်တော့တာဘဲ။ ဆွေဆွေ့ကို မမကြီးက ဖိုးရှူနည်းတွေ သင်ပေးပြီး ဆွေဆွေရှူဖို့အတွက် ဖိုးဖိုးပါ သူကပေးတော့ စွဲပြီလေ ဆွေဆွေလည်း။

ကျွန်တော်တို့ အဲဒီလိုဖိုးရှူ နေတဲ့ အချိန်မှာ ကျွန်တော်အစ်မလတ်က သူယောကျာ်းနဲ့ကွဲပြီး ကလေးတစ်ယောက်အဖတ်တင်နေခဲ့တယ်။ တစ်ရက်ကျွန်တော့် ကိုဘယ်သူကလက်တို့လိုက်လည်းမသိဘူး ။သက်ဆိုင်ရာက လာဖမ်းတယ်။ နံပါတ်ဖိုးမှုဆိုတော့ ကျွန်တော့်မေမေလည်း ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ကျွန်တော် အထဲမှာ သုံးနှစ်လောက်နေရတယ်။ ကျွန်တော်အထဲမှာ နေနေတုန်း ဆွေဆွေ ကနံပါတ်ဖိုးသမား တစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ်။ ကျွန်တော့် အမလတ်က နောက်ယောကျာ်း တစ်ယောက်ယူလိုက်တယ် လို့သိရပါတယ်။ ကျွန်တော့် အမေနဲ့ ကျွန်တော်အမကြီးကတော့ ဒီအတိုင်းပါဘဲ။ ကျွန်တော့် အမကြီးက အရမ်းအေးပါတယ်။ ကျွန်တော်တို့ အငယ်သုံးယောက်နဲ့ တစ်ခြားစီပါဘဲ။ သူ့ခမျာ မောင်တွေ ညီမတွေကြောင့် ပတ်ဝန်းကျင်မှာ အရှက်ရခဲ့ရပေါင်းလည်းများပါပြီ။
ကျွန်တော် ဒီကလွတ်ရင်တော့ လိမ္မာတော့မယ် လို့ အထဲမှာ သံန္ဒိဌာန် ချလိုက်ပါတယ်။

ဒါဟာ ကိုယ့် တို့ရပ်ကွက်ထဲက တကယ့်ဖြစ်ရပ်မှန်လေးပါ။
ဇော်ရဲနိုင်လည်း လွတ်လာပြီး သူ့အမေအတွက်တော်တော် လေးအားကိုးရမယ့်သားတစ်ယောက်ဖြစ်လို့လာခဲ့ပါပြီ။
အမည် တွေကိုတော့ပြောင်းလဲရေးသားထားပါတယ်ရှင်။

12 comments:

မင်းအိမ်ဖြူ said...

ဟိုးတုန်းက နာမည်ကြီးစာရေးဆရာမတစ်ယောက်က ရန်ကင်းတိုက်ခန်းတွေ ပေါ်ကာစမှာ အဲဒီလို ပြသနာ တွေ ကို ရေးဖူးတယ်လေ ၊၊ ကျွန်တော်တော့ မဖတ်လိုက် ရဘူး ကျွန်တော့်အစ်မပြောပြတာပါ

အခုလည်း မျက်မှန်လေးစာကို သေချာကိုဖတ်သွား ပါတယ်၊၊

လူဆိုတာ ကျွတ်ချိန်တန်မှ ကျွတ်ပါတယ် ၊၊ အခုလို ကျွတ်သွားတယ် ဆိုတော့လည်း ၀မ်းသာပါတယ်ဗျာ၊၊

ကိုလူထွေး said...

ဟူး... ရင်မောစွာနဲ့ ဖတ်ရပါလား မျက်မှန်လေးရေ...

ကိုယ့်ညီတွေ ညီမတွေဆိုရင်ဆိုပြီး စိတ်ထဲဖြစ်မိတော့ ပိုပြီး ယူကျုံးမရ ဖြစ်ရပါတယ်...

ရပ်ကွက်ထဲက အဖြစ်ကလဲ ဆိုးလိုက်တာကွာ...

ဒီနေ့ခေတ်က ကိုယ့်ကိုကိုယ် ထိန်းနိုင်သိမ်းနိုင်မှ တော်ကာကျမယ်လေ...

နိုင်ငံတော်ဆိုတာကြီးနဲ့ တရားဥပဒေဆိုတာတွေ က ဘယ်ပြည်သူကို မှ အကာအကွယ်ပေးတာ မဟုတ်လေတော့...

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးး

နဒီမိုးညို said...

သူငယ်ချင်းတစ်ယောက်ရှိတယ်
အဲလိုပဲ..နံပါတ်ဖိုးရောင်းတဲ့..မိန်းမတစ်ယောက်က..
လူငယ်လေး..တစ်ယောက်ကို..လာကြိုက်တယ်
ပြီးတော့.ရန်ကုန်ရောက်ရင်ရောင်းဖို့ .ဖိုးတွေ..သိမ်းထားခိုင်း.ပြီး.
သူ့ ကိုလဲ..ရူခိုင်းရင်းနဲ့ ..စွဲခဲ့ဖူးတယ်တဲ့
နောက်ဆုံး.သတိတရား..အချိန်မှီရလို့ 
လမ်းခွဲပြီး..ခုတော့.ဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းနေပါပြီ

subuueain said...

စာကိုသေချာလာဖတ်သွားပါတယ်။ ပြန်ပြီးလိမ္မာသွားတယ်ဆိုတော့ဝမ်းသာစရာပါဘဲ

စန္ဒကူး said...

အဲလိုဇတ်လမ်းတွေခဏခဏကြားဖူးတယ်၊ ဖြစ်ရပ်မှန်ဆိုပီးရေးထားတာတွေရော၊ သူများတဆင့်ပြောပြတာတွေရော..အသေးစိတ်ကွဲတာ ကလွဲလို့အားလုံးအတူတူပါဘဲ.. ဒါကိုကြည့်မယ်ဆိုရင်တော့ လူတော်တော်များများ မတရားမှုတွေခံနေရတယ်ဆိုတာ ခံစားမိပါတယ်..
စိတ်မကောင်းပါဘူး...

kiki said...

ရှောင်လေဝေးဝေး မူးယစ်ဆေး ။(ဆောင်ပုဒ်)

ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ် ။(သီချင်း )

လူကြီးသားသမီး ပိုပျက်စီး ။
မိဘ ရှိန်ဝါ ကာဗာ ယူတာ ။
မဟုတ်တာ လုပ်ပြီး သူများလွှဲချ ။
ခုခေတ်ဥပဒေ သုံးမရ ။ (ကိုယ့် အမြင် )

ရွက်လွင့်ခြင်း said...

စိတ်မကောင်းစွာနဲ့  ဖတ်သွားပါတယ်

နွေးနေခြည် said...

မှတ်သားစရာတွေ ရသွားတယ်။
မိန်းကလေးတယောက် အနေနဲ့လည်း ကိုယ့်ကိုယ်ကို ထိန်းနိုင်ဖို့ အရေးကြီးတယ်။ အရက်တို့ ကလပ်တို့ဆိုတာ အထက်တန်းကျောင်းသူအနေနဲ့ လုံးဝမပတ်သက်သင့်တဲ့နေရာတွေပါ။
လိမ္မာပါးနပ်ဖို့ စာများများဖတ်ဖို့နဲ့၊ ဘာသာရေး အဆုံးအမတွေ လိုတယ်။ ရင်မောစရာကြီးဟယ်။ ဒီလိုအဖြစ်မျိုး အများကြီးရှိဦးမှာသေချာတယ်။

ခုချိန်မှာ ဇော်ရဲနိုင်တယောက် လိမ္မာနေပြီဆိုတော့ ၀မ်းသာပါတယ်။ အရင်ဘ၀ ပြန်မရောက်ဖို့လည်း ဆုတောင်းပါတယ်။

မျက်မှန်လေး said...

တကယ်ပါ။
ဒါဟာ တကယ့်ဖြစ်ရပ်မှန်လေးတစ်ပုဒ်ပါ။

JulyDream said...

ဘယ်သူ့ကိုမှ လက်ညိုးမထိုးချင်တော့ပါဘူး...

တခါတလေတော့လည်း ဟမ္မူရာဘီရဲ့ ကိုဓ ဥပဒေကို သုံးပစ်လိုက်ချင်တယ်။ ဒီလောက် ဈေးပေါနေတဲ့ ပေါများလှတဲ့ မားကတ်ကြီး ရှိရဲ့သားနဲ့ မုဒိန်းကျင့်တယ် ဆိုတာကြီးက နားလည်ရ ခက်လှပါတယ်။

ငှက်ကလေး said...

ဟယ် သနားလိုက်တာ နော် ဖတ်ပြီး မောသွားတာပဲ မမမှန်လေးရေ ဖူးးးးးးးးးး ရင်ထဲမကောင်းဘူးကွယ်

ရွှေပြည်သူ (ShwePyiThu) said...

မူးယစ်ဆေးရဲ့ ဆိုးကျိုးတွေကတော့ ပြောလို့မကုန်အောင်ပါပဲ မျက်မှန်လေးရေ... ဖြစ်ရပ်မှန်လို့သိရတော့ ပိုစိတ်မကောင်း ဖြစ်မိတယ်။ အရေးအသားကောင်းသလို ဖတ်မိသူတွေအတွက်လည်း အကျိုးများမယ့် ပို့စ်ပါ။