ခုရေးမယ့်တဂ်ပို့စ်ကတော့ ၀က်ဝံလေးတဂ်ထားတဲ့ ကိုယ့်ကြိုက်နှစ်သက်တဲ့ ဘလော့ခ်ငါးခုတဲ့။
သူ့ကိုတော့ ပြောထားတယ်။ ကြိုက်တာ ငါးခုမကဘူးလို့ ဟီး၂။
၁. ကိုယ် ဘလော့ခ်စေ၇းဖြစ်တာ မရွှေပြည်သူ ကိုအားကျလို့ပါ။ သူဘလော့ခ်လေးကို အားကျလွန်းလို့ ဒီဘလော့ခ်ကို စတင်တည်ဆောက်ဖြစ်တာပါ။ သူ့ရဲ့စာလေးတွေ ဖတ်ရတာ ရင်ထဲမှာ တစ်မျိုးလေးခံစားရတယ်။ စာဖတ်တဲ့သူကို စွဲဆောင်နိုင်တယ်။ စာဖတ်တဲ့သူ ကလည်း ငြိမ့်ငြိမ့်လေး စာထဲမှာ မျောသွားတယ်။ ကိုယ်တို့ဆို စာရေးရင်တုံးတိကြီး။ဘယ်လိုမှ ကိုဖတ်လို့မကောင်းတာ။ မရွှေပြည်သူ ဘလော့ခ်ကို အ၇မ်းကြိုက်တယ်။
၂. ဟဲဟဲ…ဒါကတော့ ကိုယ့်ကို တဂ်တဲ့ စက်တင်ဘာ ရဲ့ ကောင်းကင် (ခ) ၀က်ဝံလေးရဲ့စံမြန်းရာ (ခ) ငှက်ကလေးရဲ့စာမျက်နှာ ကိုပါဘဲ။ သူစာလေးတွေကျတော့ ဖတ်ရတဲ့သူရဲ့စိတ်ကို ရွှင်မြူးစေတယ်။ ပျော်ရွှ့င်စေတယ်။ ကိုယ်တော့ စိတ်ညစ်ရင် ငှက်ကလေးရဲ့ ဘလော့ခ်ကိုသွားလည် လိုက်တာဘဲ။ ကိုယ့်ဘလော့ခ် ရဲ့ပထမဆုံးပရိတ်သတ် တစ်ဦးပါဘဲ။အဲဒီအတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ အာဘွား ..၀က်ဝံလေးေ၇…၁၈ ရက်နေ့ စက်တင်ဘာမှာ ကျရောက်မယ့် ညီမလေးရဲ့ မွေးနေ့မှသည်နောင်နှစ်ပေါင်း တစ်ရာတိုင် ပျော်ရွင်ဖွယ်မွေးနေ့များစွာ ဖြတ်သန်းနိုင်ပါစေနော်။
၃. နောက်တစ်ယောက်ကတော့ ခုဘ၀တစ်ပါး ပို့စ်ကိုရေးနေတဲ့ ကိုလူထွေး ရဲ့ဘလော့ခ်ပါ။ ကိုလူထွေး ကဟာသဥာဏ်ရွှင်တယ်လို့ဘဲ ပြောရမလား။ စာအရေးအသားကောင်းတယ်လို့ ဘဲပြောရမလား။ သူ့ပို့စ်တွေ ဖတ်ပြီးရင် ကိုယ့်အတွက်တစ်ခုခု ရင်ထဲမှာကျန်ခဲ့သလို အမြဲခံစားရပါတယ်။ခု လည်းသူရဲ့ဘ၀တစ်ပါး ကိုစောင့်မျှော်ပြီး ဖတ်နေပါတယ်။
၎. နောက် ဖွားကိလို့ခေါ်တဲ့ ကိကိဖန်တီးတဲ့ Idiot Love ဆိုတဲ့ဘလော့ခ်ပါ။ သူ့ကျတော့ တစ်မျိုး ။ကျန်းမာရေးနဲ့ပတ်သတ်ရင် သူ့ကိုဖတ်လို့ညွှန်းရမလောက်အောင် ကျန်းမာရေး ဗဟုသုတ တွေကိုပေးပါတယ်။ သူ့ဘလော့ခ်ကိုလည်း ပို့စ်အသစ်တက်တာနဲ့ဝင်ဖတ်ဖြစ်ပါတယ်။
၅. နောက် မနောဖြူတဲ့ ဂျိန်းဖောသူလေး မြုးသျှရီ ရဲ့ဘလော့ခ်ပါ။ ဟင်းမချက်တတ်တဲ့ ကိုယ့်အဖို့ သူ့ဘလော့ခ်ကတင်ထားတဲ့ ဟင်းတွေကြည့်ပြီး သရေယိုခဲ့ရပေါင်းလည်းမနည်း တော့ပါဘူး။ ဟင်းချက်နည်းပါတဲ့ ဟင်းတွေဆို လိုက်ချက်ကြည့်တာ ဘယ်လိုမှကို မရတာ။ဟီး၂ တော်တယ်နော် အရမ်းဘဲ။
၆. မေလေး ရဲ့ ဘလော့ခ်ကလည်းကိုယ်ကြိုက်နှစ်သက်တဲ့ ဘလော့ခ်မှာ တစ်ခုပါဝင်ပါတယ်။ စင်ကာပူ မှာနေထိုင်တဲ့သူတွေအတွက် တကယ်အထောက်အကူပြုတဲ့ ဘလော့ခ်လေးတစ်ခုမို့ အရမ်း ကြိုက်ပါတယ်။
၇. နောက်တစ်ခုက ချစ်ခြင်းသင်္ကေတကို ဖော်ညွန်းတဲ့ အနမ်း ရဲ့ ဘလော့ခ်ပါ။သူ့ကိုကျတော့ ဘာလို့မှန်းမသိ ကြိုက်ကိုကြိုက်တယ်။ တစ်ခါတစ်လေ စိတ်တွေအရမ်းရှုပ်လာရင် သူ့ဘလော့ခ်လေးထဲ ၀င်သွားရင် အဲဒီစိတ်ရှုပ်ထွေးတာတွေပျောက်သွားရော။။
၈. ကိုသီဟသစ်ရဲ့အားမာန်သစ် မှာကျတော့ နောက်ဆုံးက bonus ထည့်ပေးတာကိုအကြိုက်ဆုံးဘဲ။ စာတွေဖတ်ပြီးသွားရင် အဲဒါလေးဖတ်ရတာ စိတ်ချမ်းသာစရာ။
၉. နောက်တစ်ခု က ကိုရင်နော် ခင်လေးငယ်ရဲ့ စာတိုပေစများ တဲ့။ ပထမ သူတို့ကို စုံတွဲလို့ထင်ထားတာ ။ နောက်မှ မဟုတ်ဘူးဆိုတာ သိ၇တယ်။ သူတို့ရဲ့အပြိုင်အဆိုင် စာတွေကမိုက်တယ်။ ရေးသားပုံကလည်း ထိမိတယ်။
၁၀. မယ်ကိုး ရဲ့ အေ၇းအသားကိုလည်းကြိုက်တယ်။ သူများနဲ့ မတူဘဲ တစ်မူကွဲထွက်နေလို့။ဖတ်လို့လည်းကောင်းတယ်။
ဟာ။။ရေးရင်းရေးရင်းနဲ့အများကြီးဖြစ်သွားပြီ။
ကိုမြစ်ကျိုးအင်း တို့ ။လင်းကြယ်ဖြူ တို့ ၊ချစ်ပါးလုံး တို့ ဘလော့ခ်ဆိုရင်းလည်း အမြဲေ၇ာက်ဖြစ်တယ်။ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ ဘလော့ခ်တွေဆိုလည်း အမြဲသွားဖြစ်တယ်။
ကျန်သေးတယ်။ကြိုက်တဲ့ဘလော့ခ်တွေအများကြီး ။
ဆော်ရီးပါဗျိုး…..
12 comments:
နောက်ဆုံးက တစ်ဆယ်ပေမယ့် မန့်တဲ့အခါမှာ တစ်ပါရှင် =)
မယ်လည်း မ စာတွေကို တင်တိုင်းဖတ်ပါတယ်။ ရိုးရှင်းပြီး စာကောင်းလေးတွေ မို့လို့ပါ။
လာဖတ် သွားပါတယ်
မမမျက်မှန်ရေ
ဝသန်မိုး
ဟီးဟီ ပျော်တယ်သိလား
မြူးလေးဘလော့ကိုချစ်တယ်ဆိုလို့ 
မမဘလော့ကိုလဲချစ်တယ်သိလား
မမကိုရောပဲ
အဟီးလစ်ပြီ ကိုကြီးသိရင် သတ်မှာဆိုးလို့ လေ
ဟဲဟဲ...
ကိုလူထွေးက မြှောက်ပေးရင်...
ကွေးးးနေအောင်ကို ကတတ်တယ်...
းဝ)
မျက်မှန်လေးရေ..
ကျနော်တို့ ဘလော့လေးကို နှစ်သက်တယ်ဆိုလို့ ဝမ်းသာကြည်နူးမိပါတယ်..း)
ပေါ့ပေါ့ပါးပါး စာတိုပေစလေးများ လို့သာ ခေါင်းစဉ်တတ်ထားတာ ခုတော့ စာရှည်ကြီးတွေ ရေးနေမိတယ်..း)
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
ဘလော့ဂ်လေးကို ကြိုက်တယ်ဆိုလို့ ကျေးဇူးးတင်မိပါတယ် တကယ်တော့ ညီမလဲ မမ တင်တိုင်း လာဖတ်ဖြစ်ပါတယ် ညီမ စာ စ ရေးကတည်းက လာအားပေးတဲ့ မမတို့ကို ကျေးဇူးးးအရမ်းတင်ပါတယ်
ဟိဟိ ၅ ခုလို့ပြောလို့ ရေးလိုက်ရပေမယ့် စိတ်မကောင်းပါဘူး ဒါပေမယ့် မမတို့က လူကြီးပီပီ ခွင့်လွှတ်ကြတော့ မျက်နှာဘယ်နားထားရမှန်းတောင်သိတော့ဘူး ဟားဟားးးးးးးးးးး
လာခဲ့ပါ ဟင်းမချက်တတ်ရင် ချက်ကျွေးမယ် ယောင်းလောက်နီးနီး တတ်ပါတယ်နော် ဟွင်းးး (ယောင်းကြားရင် ထိုင်ငိုဦးမယ် ဟဟ)
မွေးနေ့ဆုတောင်းလေး အတွက် ကျေးဇူးးးပါနော်
ဘိုင်တာ့တာ
လိမ့်ပြီဗျိုးးးးးး ဒုန်းးးးးးးးးးဒုန်းးးးးးးးးးးးး
ပေါက်တတ်ကရ .. မထိတထိ ..ဟိုရိဒီရိ စာတွေရေးတာ လာဖတ်တယ် ..ကြိုက်တယ် ဆိုလို့  ဝမ်းနာပါတယ် ..အဲလေ .. ဝမ်းသာပါတယ် ..
ရှေ့ ဆက် ပြီး စောင်းမြောင်းဖို့  အားနဲနဲ ရှိသွားပြီ မျက်မှန်လေးရေ .. ပါဝါ တိုးဖို့သာ ပြင်ပေရော့ဟေးး ..ခိခိ..
(ဦးလူထွင်းကြီး ကွေးအောင်က နေတာ ကြည့်ချင်လိုက်တာ ..း)) ...
အမြဲလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပိုကျေးဇူးတင်တာကတော့ ဘလော့ကောင်းလေးတွေကို ဖော်ပြပေးတဲ့အတွက် ကျေးဇူးပိုတင်တယ်ဗျို့။
ခင်မင်လျှက်
ညီမလေး ပါးလုံး
မမရေ မမကြိုက်တဲ့ ဘလော့ထဲပါဝင်ခွင့် ရလို့ ဝမ်းသာမိပါတယ်။
မမဘလော့ကိုလဲ အမြဲရောက်ဖြစ်ပါတယ်။
တခါတလေတော့ မလစ်လို့(သူဌေးကတော်) မမန့်ခဲ့ရဘူးးး
ပျော်ရွှင်ပါစေ။
ခင်တဲ့
မေလေး(ဆုံနိုင်ခွင့်)
လာရောက်ပါကြောင်း
ချစ်သောဘလော့ဂါများလည်း မှတ်သားသွားပါကြောင်း
မင်းအိမ်ဖြူ
အခုမှ ဒီပို့စ်ကို ဖတ်မိတယ် ညီမ မျက်မှန်လေးရေ။ ကိုယ့်နာမည်ကို မြင်မြင်ချင်း အံသြဝမ်းသာ သွားမိပါတယ်။ အစ်မ ဘလော့ကြောင့် စာစရေးဖြစ်သွားတာဆိုတော့ ပိုဝမ်းသာရပါတယ်။ ပွင့်လင်းခင်မင်စရာ မျက်မှန်လေးရဲ့ အငွေ့အသက်တွေက အရေးအသားတွေမှာ ထင်ဟပ်နေတဲ့ ဘလော့လေး စာကောင်းပေမွန်များစွာနဲ့ ပျော်ပျော်ကြီး ဆက်လက်ချီတက်နိုင်ပါစေ...း)
Post a Comment