ကောင်းကင်ပြိုခြင်း



စာအုပ်အမြည်းလေးပေးလိုက်ပါတယ်။

အကယ်၍များသာ အမေရိကန်ပြည်ထောင်စု

မှာတော်ဝင်မိသားစုရှိခဲ့မယ်ဆိုရင် Winthrop မိသားစုက တော်ဝင်မိသားစု

ဖြစ်မှာ ဧကန်မလွဲပါဘဲ။ သူတို့တွေကို တကမ္ဘာလုံးက

အရမ်းချစ်ကြပြီးတန်ဖိုးထားကြပါတယ်။ သူတို့မိသားစု က

ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီမှုအသင်းများ များကိုထောက်ပံ့ပေးပြီး

သူတို့ကိုယ်တိုင်ကလည်း ပြည်သူလူထုအကျိုးပြုတဲ့ လူမှုရေးအသင်းတွေမှာ

အားတက်သရော ပါဝင်လုပ်ကိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်နှစ်အတွင်းမှာဘဲ မိသားစုဝင် ငါးယောက်လုံးဟာ

တစ်ယောက်တစ်မျိုး accidents တွေဖြစ်ပြီး သေဆုံးခဲ့ရလို့ သူတို့မျိုးဆက် ပျက်သုဉ်းခဲ့ရပါတယ်။



Dana Evans တဲ့။ သူမကတော့ Washington TV Network မှာ စိုးရိမ်ထိတ်လန့်စေတဲ့၊ Sarajevo

စစ်သတင်းနဲ့ နာမည်ကျော်လူသိများတဲ့ ချောမောလှပတဲ့ သတင်းကြေငြာတဲ့ မိန်းကလေးတစ်ယောက်ပါ။

သူမက ဒီဇာတ်လမ်းမှာ ဇာတ်လိုက်ပါ။ Dana Evan ဟာ Winthrop မိသားစု သေဆုံးမှုနဲ့ ပတ်သတ်ပြီး

accidents တွေကြောင့်လို့ မထင်ဘဲ သူတို့မိသားစု ကို တစ်ယောက်ယောက်က မကျေနပ်လို့

မျိုးဆက်ပျက်အောင် သတ်လိုက်တာ လို့နက်နက်နဲနဲ ယုံကြည်ခဲ့တဲ့သူပါ။ ဒါကြောင့် သူမဟာ

အဲဒီကိစ္စကိုဖေါ်ထုတ်ဖို့ လူသတ်တရားခံကိုမိဖို့ Winthrop မိသားစုနဲ့ အလုပ်လုပ်ကိုင်ဖူးတဲ့သူတွေကို ရှာဖွေပြီး

သူတို့ရှိတဲ့ နိုင်ငံမျိုးစုံကို လှည့်ပြီးလေ့လာစစ်ဆေးမှုတွေ

ပြုလုပ်ခဲ့ပါတယ်။သူမရဲ့ယုံကြည်မှုတွေနီးစပ်လာလေလေ သူမ နဲ့ သူမရဲ့

မွေးစားသား လေးအပေါ် အန္တာရာယ်ကြားထဲ ရောက်လေလေပါဘဲ။ နောက် Dana မမျှော်လင့်ထားတဲ့

အရာတွေဖြစ်လာတဲ့အခါမှာ၊ သူမဟာ..

ဒီစာအုပ်ကို စာရေးဆရာကြီး Sidney Sheldon ရေးသားထားပါတယ်။ English စာအရေးအသားရိုးရှင်းပြီး

ဖတ်လိုက်တာနဲ့ လက်ကမချချင်လောက်အောင်ကို ကောင်းတဲ့ စာအုပ်လေးပါ။

* ပုံကို ဒီဆိုဒ် ကကူးယူပါတယ်။
Read More ->>

ကျွန်မ ဘီလူးမ မဟုတ်ပါ

ကမ္ဘာပေါ်မှာ မျက်နှာ အစားထိုးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တာ ဒါနဲ့ဆိုရင်လေးကြိမ်မြောက်ပါ။ အရင်အကြိမ်တွေက

အခုလောက်ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့ပါဘူး။ မျက်နှာအစိတ်အပိုင်း ၈၀% လောက်ကို

အောင်မြင်စွာအစားထိုးကုသပေးခဲ့တာ ကတော့ Ohio ပြည်နယ်က Cleveland Clinic က Dr.Maria

Siemionow ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့ဖြစ်ပြီး ကုသခံလူနာကတော့ Connie Culp လို့ခေါ်ပါတယ်။



Connie Culp ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ခင်ပွန်း Thomas ကနေ သူ့ကို သေနတ်ဖြင့်ပစ်ခဲ့ပါတယ်။ ပြီးတော့

Thomas သူ့ကိုယ်သူလည်းပြန်ပစ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ Thomas ဟာ ထောင်ဒဏ် ၇ နှစ်ကျခံနေရပါတယ်။

Culp ကတော့ မသေဘဲ ဘ၀ကိုဆက်လက်ရှင်သန်ခဲ့ပါတယ်။ ဒါပေမဲ့ မျက်နှာကို ကျည်ဆံ ထိမှန်မှုကြောင့်

သူမရဲ့နှာခေါင်း၊ နှုတ်ခမ်းလွှာ ၊ပါးပြင် နဲ့ မျက်သားခွံတွေဟာပျက်စီးသွားခဲ့ပါတယ်။ အဲဒီ ယမ်းမှုန့်တွေ

ဟာသူမရဲ့မျက်နှာပြင်တစ်ခုလုံးမှာ ပြန့်နှံနေခဲ့ပါပြီ။ သူမရဲ့မျက်နှာပြင်မှကောင်းတာဆိုလို့

အပေါ်မျက်သားခွံ၊နဖူး၊အောက်နှုတ်ခမ်းနဲ့ မေးစေ့ သာကျန်ပါတော့တယ်။ တစ်ခါက

ကလေးလေးတစ်ယောက်က သူမကိုဘီလူးမဟု ခေါ်တာ Culpကြားလို့ အဲဒီကလေးကို သူမရဲ့

လိုင်စင်ကတ်ပြားထုတ်ပြပြီး သူမဟာ ဘီလူးမဟုတ်ပါဘူး၊ လူသားစင်စစ်ဖြစ်ပါတယ်လို့ ရှင်းပြခဲ့ရကြောင်း

သူမက ၀မ်းနည်းဖွယ် ပြောပြခဲ့ပါတယ်။ Culp ဟာအခါ ၃၀ လောက်ခွဲစိတ်မှုခံယူမှုပြုခဲ့ပါတယ်။

ဆရာဝန်တွေဟာ သူမရဲ့ နံရိုးက အစိတ်အပိုင်းတွေယူပြီး ပါးရိုးတွေ လုပ်၊ ခြေထောက်ကအရိုးတွေကနေ

အပေါ်မေးရိုးတွေလုပ် ကြိုးစားခဲ့ကြပါတယ်။ သူမရဲ့ပေါင်သားတွေိကိုလည်းလှီးတာ မရေတွက်နိုင်အောင်ပါဘဲ။

ဒါပေမဲ့ သူမဟာ အဖတ်စားလို့မရ၊ နှားခေါင်းပေါက်နဲ့ အသက်ရှူလို့မရ၊ အနံ့အသက်မရရှိသေးပါဘူး။

သူမအသက်ရှူဖို့ လည်ပင်းမှာ အပေါက်ဖောက်ထားပေးရပါတယ်။




အဲဒီလိုနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့၊ ခွဲစိတ်ချိန် ၂၂ နာရီ ကြာအပြီးမှာတော့… Cleveland Clinic က Dr.Maria

Siemionow ဦးဆောင်တဲ့ ဆရာဝန်များအဖွဲ့ဟာ Culp မျက်နှာ ၈၀% နဲ့အတူ အရိုး၊အကြော၊အရေပြား နဲ့

သွေးကြောတွေ ကို သေတာနာရီပိုင်းလောက်ပဲရှိဦးမယ့်၊သူရဲ့မျက်နှာကို လှူဖို့သဘောတူထားတဲ့ အမျိုသမီး

တစ်ဦးနဲ့ အစားထိုး ကုသမှုအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။



သူမမှာ နှာခေါင်းလည်းရှိလာပြီလို့ ၇ယ်ပြီးပြောပါတယ်။

ဇန်န၀ါရီလမှာတော့ Culp ဟာ ပီဇာနဲ့ ဘာကာ ကို ဒီ ၅ နှစ်အတွင်းမှာ ပထမဆုံး စားနိုင်လာပါပြီ။ သူမဟာ

ကွတ်ကီးနဲ့ ကော်ဖီ ကိုကြိုက်နှစ်သက်တယ်လို့လည်း Dr.Maria Siemionow ကပြောပါတယ်။ အခုထိတော့

သူမရဲ့မျက်နှာ ၈၀% အစားထိုးလိုက်ရလို့ သူမရဲ့စိတ်ခံစားမှုကို မျက်နှာမှာ

သိပ်ဖော်ပြလို့မရသေးဘူးဟုလည်းပြောပါတယ်။

* ပုံများကို ဒီဆိုဒ် ကနေကူးယူဖေါ်ပြပါတယ်။
Read More ->>

ဗုဒ္ဓနေ့


ဒီနေ့ ကဆုန်လပြည့်နေ့ ဖြစ်လို့ အိမ်ကဘုရား ကို

ရောင်တော်ဖွင့်ထားပါတယ်။

ကဆုန်လပြည့်ဟာ ဗုဒ္ဓဖွားတဲ့နေ့ ဖြစ်သလို ဘုရားဖြစ်တော်မူတဲ့နေ့

တစ်ရက်ဖြစ်လို့ ဗုဒ္ဓနေ့ လို့ခေါ်ပါတယ်။











Read More ->>

ကမ္ဘာ့ အသက်ရှည်ဆုံး ခွေးကလေး


ဒီနေ့ သတင်းကြည့်ရင်းနဲ့ ထူးဆန်းတာလေးတွေ့လို့ေ0
မျှလိုက်ပါတယ်။

ခွေးကလေး "Chanel" ဟာအသက်(၂၁)နှစ် နဲ့
ကမ္ဘာ့အသက်ရှည်ဆုံးခွေးမလေးအဖြစ် ကမ္ဘာ့စံချိန်ဝင်သွားခဲ့ပါတယ်။










* ပုံကို http://dachshundlove.blogspot.com ကယူထားတာပါ။
Read More ->>

အလောင်းတော်ကဿပ ခရီးစဉ် အပိုင်း ( ၂ )

မမှတ်မိတော့လို့ မေမေတို့ကိုပြန်မေးနေတာနဲ့ ဒုတိယပိုင်းဆက်တာ နောက်ကျသွားတာ။

ပထမပိုင်းမှာ ကားပေါ်မှာ အိပ်ခဲ့ရတဲ့ နေရာက ဆားလင်းကြီးတဲ့။

ပြီးတော့ ညောင်ဦးဆိပ်ကမ်းကနေ ပခုက္ကူ ဘက်ကို ဇက်နဲ့ ကူးရတယ်။ ပုခုက္ကူ ကနေ ခရီးဆက်လိုက်လာရာ

ညနေ ၃း၀၀ လောက်ကျတော့ တောင်ခြေရင်း ကိုရောက်ဖို့သွားတဲ့ ဖုန်လမ်းလေးကို စရောက်ခဲ့တယ်။

ခရီးသွားကားတွေကိုလည်းတွေ့နေရတယ်။ ကိုယ်ပိုင်ကားနဲ့က ကိုယ်တို့အပါအ၀င် ၅

စီးလောက်ရှိမယ်ထင်တယ်။ ကျန်တာတွေက Dodge တွေရယ် ဟီးနိုးကားတွေ ရယ်နဲ့ပေါ့။ ဖုန်လမ်းကလည်း

ဖုန်ထူချက်ကတော့ အံ့မခန်းဘဲဆရာ။ wiper တောင်မနိုင်လို့ ကျိုးသွားတယ်။ တော်တော်လေးမောင်းရတယ်။

အရမ်းထူတော့တစ်ခါတစ်လေ အရှေ့ မှာရှိတဲ့ ကားကိုတောင် မမြင်ရတော့ဘူး။ ဖြေးဖြေးနဲ့

မှန်မှန်လေးမောင်းလာတယ်။ ညနေ ၅း၀၀ လောက်ရောက်တော့ စမ်းချောင်းလေးတစ်ခုကိုဖြတ်ရတယ်။

ဘယ်လောက်နက်တယ်ဆိုတာ သိချင်လို့ မေမေက အဲဒီစမ်ချောင်းလေးကို လမ်းလျှောက်ဖြတ်တယ်။

ကိုယ်တို့ကတော့ ရေတွေ့ရင် ရေထဲကိုဆင်းချင်တာနဲ့ဘဲ မေမေ့နောက်က လိုက်ခဲ့တယ်။ သိပ်မကျယ်ပါဘူး ။

ဟိုဘက်ကမ်းရောက်တော့ မေမေက ဖေဖေကို လက်လှမ်းပြတော့ ဖေဖေလည်း ကားကို မောင်းလာခဲ့တယ်။

စမ်းချောင်းဟိုဘက်ရောက်တော့ ရွာလေးတွေဆက်တိုက်ဘဲ။ ကိုယ်တို့လည်း အဲဒီရွာလေးတွေကိုဖြတ်

တောင်တွေကို ကျော်နဲ့။ တောင်တွေက မတ်လိုက်တာ ၉၀ံ နီးပါးလောက်ကိုမတ်တာ။ တစ်ခါတစ်ခါ

ဂီယာကြီးနဲ့တောင် မနိုင်ချင်ဘူး။ ပိုတာမဟုတ်ဘူး ။သူကမတ်ပြီးတာနဲ့ ကွေ့ အဲဒီလိုမျိုးကြီး။ ကြောက်စရာကြီး ။

အဲဒီလိုနဲ့ တောင်တွေကို ဖြတ်ပြီး သွားလိုက်တာ ၆း၃၀ လောက်ကျတော့ ပြာပုံတောင်လို့ ခေါ်တဲ့

အမတော်တောင်ကို ရောက်တယ်။အမတော်တောင်မှာ ကားတွေကခဏတဖြုတ်နားလေ့ ရှိတယ်။

ကိုယ်တို့ကားလည်းနားတယ်။ ရေဆူချက်ကတော့ ကားဘောနက်ဖွင့်လိုက်တဲ့ အခါမှာ အငွေ့တွေထွက်လာတဲ့

အထိဘဲ။ အမတော်တောင်က အရမ်းနတ်ကြီးတယ်။ပါးစပ်စည်းစောင့်ရတယ်။ ပေါက်တတ်ကရ ပြောလို့မရဘူး။

ပြီးတော့ သမီးရည်းစားတွေ လည်း ပလူးပလဲ လုပ်လို့မရဘူးတဲ့ ။ ရး၀၀ လောက်ကျတော့

အဲဒီကနေထွက်ခဲ့တယ်။ နောက်စမ်းချောင်းလေးတစ်ခုတွေ့ပြန်တယ်။ ကားတစ်စီးကတော့ ကြောက်လို့တဲ့၊

မနက်မိုးလင်းမှဘဲခရီးဆက်မယ်တဲ့ ။ ကိုယ်တို့ကတော့ ညတွင်းချင်းဘဲ ခရီးဆက်ခဲ့တယ်။ ၈း၀၀

လောက်ကျတော့ ကားထားတဲ့ သစ်လုံးစခန်းကို ရောက်တယ်။ ကိုယ်တို့လည်း အဲဒီမှာရှိတဲ့

တစ်ခုတည်းသောတည်းခိုခန်းမှာဘဲ ညအိပ်ဖြစ်တယ်။ မနက်ကျတော့ ၉း၀၀ လောက်မှနိုးတယ်။ ပြီးတော့

အလောင်းတော်ကဿပရှိတဲ့ တောင်ပေါ်ကို တက်ဖို့ ဆင်ငှားဖို့ ထွက်လာတယ်။ အဲဒီတုန်းက ဆင်တစ်ခါစီး

၅၀၀ကျပ် လားမသိဘူး။ သေချာတော့မမှတ်မိတော့ဘူး။ ကိုယ်တို့မိသားစု ၅ ယောက်လုံး ဆင်သုံးစီးနဲ့

တက်လာခဲ့တယ်။ သိပ်တော့မဝေးပါဘူး။နာရီဝက်လောက်ဘဲ ဆင်စီးရတယ်။ တောင်ပေါ်ရောက်တော့

ဘုန်းကြီးကျောင်းမှာ တည်းတယ်။ အထုပ်အပိုးတွေဝင်ထားခဲ့တယ်။ အဲဒီဘုန်းကြီးကျောင်းကကျွေးတဲ့

သက်သက်လွတ်ထမင်းစားပြီး ဂူကိုသွားဖို့ထွက်လာခဲ့ကြတယ်။ လမ်းမှာ ရှင်သာမဏေ

ထွက်ပေါက်ကိုတွေ့တယ်။ အလောင်းတော်ကဿပ ဂူထဲကနေထွက်ဖို့ တစ်ခုတည်းသောလမ်းကြောင်းလို့

ပြောကြတယ်။

ဘာလို့ ရှင်သာမဏေ ထွက်ပေါက်လို့ခေါ်ရတာလဲဆိုတော့ ရွာခံလူတွေက ရှင်းပြလို့သိခဲ့ရတယ်။ ဟိုတုန်းက

ဘုရင်တစ်ပါးနဲ့ ရှင်သာမဏေ တစ်ပါးဟာ သူတို့ ကိုးကွယ်တဲ့ ကဿပ ရဟန္တာကို လိုက်ရှာရင်း ရွှေအတိပြီးတဲ့

ကဿပရဟန္တာရုပ်အလောင်းထားတဲ့ဂူထဲကို ရောက်သွားရော၊ အဲဒီမှာ ဘုရင်ကြီးက ဂူထဲမှာရှိတဲ့

ကျောက်သံပတ္တမြားတွေကို လည်းမြင်ရော မက်မောတဲ့စိတ် ဖြစ်မိတာနဲ့ တပြိုင်နက် ဘုရင်ကြီးက

အဲဒီဂူထဲမှာဘဲ ကျောက်ရုပ်တုကြီးဖြစ်နေသတဲ့။ ရှင်သာမဏေ လေးကတော့ မက်မောတဲ့စိတ်မဖြစ်မိဘဲ

လမ်းရှာရင်းရှာရင်းနဲ့ အဲဒီအပေါက်လေးက ပြန်ထွက်လို့ရလာသတဲ့။


အဲဒီ ရှင်သာမဏေ ထွက်ပေါက်လေးက လူ တစ်ယောက်ဘဲအများ ဆုံးဝင်လို့ရတယ်တဲ့။

အပေါက်လေးနားအထိဘဲသွားလို့ရတယ်။ အဲဒီထွက်ပေါက် ကလူသွားလမ်းကနေ ခြေလှမ်းကျယ်တစ်လှမ်း

လှမ်းရုံနဲ့ရောက်ပါတယ်။ဒါပေမဲ့ အဲဒီခြေလှမ်းကျယ်တစ်လှမ်းရဲ့အောက်မှာ ရေစီးသန်တဲ့ အရမ်းနက်တဲ့

ရေတံခွန်တစ်ခုရှိတယ်။ကိုယ်တို့တော့ ကြောက်လို့အဲဒီအပေါက်ဝလေးကိုမသွားရဲဘူး ။

ဖေဖေတစ်ယောက်ထဲဘဲ သွားပြီးပြန်လာတယ်။ နောက်တော့ အလောင်းတော်ကဿပဂူဝ ရှိတဲ့နေရာကို

ဆက်သွားတော့ လမ်းမှာရေတွင်းလေးတစ်တွင်းကိုတွေ့တယ်။ အဲဒီရေတွင်းက ခုနကဘုရင်ကြီး လှံစိုက်ရာကနေ

သူအလိုလိုဖြစ်လာတဲ့ရေတွင်းလေးလို့တော့ပြောကြတယ်။ အဲဒီရေတွင်းက

ရေကတော့ကြည်လင်ပြီးအေးစက်နေတာဘဲ။ အဲဒီရေတွင်းထဲကရေ ကိုသောက်ရင်းအန္တာရာယ်

ကင်းတယ်လို့ဆိုရိုးရှိခဲ့တယ်။ ကိုယ်လက်သန့်စင်ခြင်းခွင့်မပြု လို့ ရေတွင်းဘေးမှာ ရေးထားတာကိုတွေ့ရတယ်။

ပြီးတော့ ခရီးဆက်ခဲ့ပြန်တယ်။်
Read More ->>

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းကတတ်နိုင်သလောက်

ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊

ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တိုတတ်တယ်။


• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။


• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကိုလွယ်လွယ်နဲ့မပေးပါနဲ့။

ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊စိတ်တိုရတယ်၊

ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။

ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။

အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှအရေးကြီးတာကိုလုပ်ရင်

ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကိုအရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင်

စိတ်ပေါ့ပါးသွားလို့သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။

စနစ်ရှိရင်အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။

အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့လုပ်လို့ဖြစ်တာမျိုးကို

သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်အကျင့်လုပ်ထားတာကောင်းတယ်။

အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့တွေးမနေရတော့ဘူး။

အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲသက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်သန့်ရှင်းသပ်ရပ်အောင်

် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့နေရာမျိုးမှာ

အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာမရှိပါစေနဲ့။

နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာစိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။

စိတ်တိုစရာကိစ္စ၊စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့

ပစ္စည်းမျိုးကိုမြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။

ကြည့်လိုက်တာနဲ့စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကိုမြင်သာတဲ့နေရာမှာ ထားပါ။

ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီးဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ

ကိုယ်ရောက် နေတယ်လို့မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ

ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ဝေးလေးကောင်းလေပဲ။

ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။

ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်လုပ်နိုင်ရင်ကောင်းတယ်။

မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီကအကူအညီတောင်းချင်သူတွေ

များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေကိုယ်မအားတုန်း အလုပ်များနေတုန်း

သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။

အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။

ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကိုအထူးရှောင်သင့်တယ်။

ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။

အဲဒါနဲ့ပဲကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကိုသူများကမကောင်းပြောရင်တောင်မှ

သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့

ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။

အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။

အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။

မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကိုဘယ်တော့မှ မပြောပါနဲ့။

စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။

စိတ်ပင်ပန်းမယ်။ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊

အတွေ့အကြုံများတဲ့သူမှသာကိုယ့်အခက်အခဲကိုနာလည်မယ်။

ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကိုသေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။

အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။

အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။

မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။

စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျလုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။

ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ဘယ်လိုအခွင့်အရေးတွေပေးမယ်

ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ချက်ချင်း

ဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီးတကယ်လုပ်တဲ့အခါ

ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်းကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။

အပြောနဲ့အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့

ဘယ်သူမှယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။

ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။

ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေတော်တော်များပါတယ်။

ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာအရေးမကြီးတာတွေကို ကိုသိတိုင်းလည်း

မပြောသင့်ဘူး။မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်စောင့်သင့်တယ်။

ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။

စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပါမျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။

ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။

ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။

ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။

လူနာရဲ့ အသက်ကိုလုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာတော်တော်ပင်ပန်းပါတယ်။

လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ

ပြင်းထန်တဲ့ ကရုဏာကိုဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။

စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်

သနားစရာကောင်းပါတယ်။ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။

မိဘတွေဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။

စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။

လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူကအပြစ်တင်မယ်၊

မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊စိတ်ဓါတ်ကျမယ်။ ဒါကြောင့်

ကိုယ့်အလုပ်နဲ့ပတ်သက်ပြီးဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး

တွေးထားပြီးတော့ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ခံရမှာသေချာတယ်၊

ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါစိတ်မပျက်ဘူး၊ စိတ်မညစ်ဘူး။

စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။သူတို့ကိုနားလည်ဖို့ကြိုးစားပါ။

ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။

ပြဿနာတော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။

တစ်ယောက်ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို

တစ်ယောက်နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက်

အဓိပ္ပါယ်မှန်အောင်မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။

ဒါကြောင့် ဆက်ဆံရေးအဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကိ

ု ဂရုတစိုက် နားထောင်ပါ။သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။

အထူးသဖြင့် အရေးကြီးတဲ့ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။

သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကိုမေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။

သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ်ဆိုတာကို သူသိအောင်ပြောပါ။

တစ်ယောက်ရဲ့ အခက်အခဲကိုတစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။

တစ်ယောက်နဲ့တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။

ကိုယ့်ဘ၀မှာအရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။

ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

* သူငယ်ချင်းတစ်ယောက်ဆီက Email ရလို့ Forward လုပ်တာပါရှင်။
Read More ->>

မန္တလေး မဟာမြတ်မုနိ မျက်လုံးတော် တစ်ဖက်ပွင့်နေခြင်း


မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး
မျက်လုံးတော်တစ်ဘက် ပွင့်တော် မူနေသည်ဟု
မန္တလေး မြို့သူ မြို့သားများကြားတွင် ကောလဟလများ
ထွက်ပေါ်နေပြီး ဘုရားကြီးအား သွားရောက် ဖူးမျှော်သူများဖြင့်

စည်ကားနေကြောင်းသိရပါသည်...


* သူငယ်ချင်းတစ်ယောက်ဆီက Email ရလို့ Forward လုပ်တာပါရှင်။
Read More ->>