အလောင်းတော်ကဿပ ခရီးစဉ် အပိုင်း ( ၂ )

မမှတ်မိတော့လို့ မေမေတို့ကိုပြန်မေးနေတာနဲ့ ဒုတိယပိုင်းဆက်တာ နောက်ကျသွားတာ။

ပထမပိုင်းမှာ ကားပေါ်မှာ အိပ်ခဲ့ရတဲ့ နေရာက ဆားလင်းကြီးတဲ့။

ပြီးတော့ ညောင်ဦးဆိပ်ကမ်းကနေ ပခုက္ကူ ဘက်ကို ဇက်နဲ့ ကူးရတယ်။ ပုခုက္ကူ ကနေ ခရီးဆက်လိုက်လာရာ

ညနေ ၃း၀၀ လောက်ကျတော့ တောင်ခြေရင်း ကိုရောက်ဖို့သွားတဲ့ ဖုန်လမ်းလေးကို စရောက်ခဲ့တယ်။

ခရီးသွားကားတွေကိုလည်းတွေ့နေရတယ်။ ကိုယ်ပိုင်ကားနဲ့က ကိုယ်တို့အပါအ၀င် ၅

စီးလောက်ရှိမယ်ထင်တယ်။ ကျန်တာတွေက Dodge တွေရယ် ဟီးနိုးကားတွေ ရယ်နဲ့ပေါ့။ ဖုန်လမ်းကလည်း

ဖုန်ထူချက်ကတော့ အံ့မခန်းဘဲဆရာ။ wiper တောင်မနိုင်လို့ ကျိုးသွားတယ်။ တော်တော်လေးမောင်းရတယ်။

အရမ်းထူတော့တစ်ခါတစ်လေ အရှေ့ မှာရှိတဲ့ ကားကိုတောင် မမြင်ရတော့ဘူး။ ဖြေးဖြေးနဲ့

မှန်မှန်လေးမောင်းလာတယ်။ ညနေ ၅း၀၀ လောက်ရောက်တော့ စမ်းချောင်းလေးတစ်ခုကိုဖြတ်ရတယ်။

ဘယ်လောက်နက်တယ်ဆိုတာ သိချင်လို့ မေမေက အဲဒီစမ်ချောင်းလေးကို လမ်းလျှောက်ဖြတ်တယ်။

ကိုယ်တို့ကတော့ ရေတွေ့ရင် ရေထဲကိုဆင်းချင်တာနဲ့ဘဲ မေမေ့နောက်က လိုက်ခဲ့တယ်။ သိပ်မကျယ်ပါဘူး ။

ဟိုဘက်ကမ်းရောက်တော့ မေမေက ဖေဖေကို လက်လှမ်းပြတော့ ဖေဖေလည်း ကားကို မောင်းလာခဲ့တယ်။

စမ်းချောင်းဟိုဘက်ရောက်တော့ ရွာလေးတွေဆက်တိုက်ဘဲ။ ကိုယ်တို့လည်း အဲဒီရွာလေးတွေကိုဖြတ်

တောင်တွေကို ကျော်နဲ့။ တောင်တွေက မတ်လိုက်တာ ၉၀ံ နီးပါးလောက်ကိုမတ်တာ။ တစ်ခါတစ်ခါ

ဂီယာကြီးနဲ့တောင် မနိုင်ချင်ဘူး။ ပိုတာမဟုတ်ဘူး ။သူကမတ်ပြီးတာနဲ့ ကွေ့ အဲဒီလိုမျိုးကြီး။ ကြောက်စရာကြီး ။

အဲဒီလိုနဲ့ တောင်တွေကို ဖြတ်ပြီး သွားလိုက်တာ ၆း၃၀ လောက်ကျတော့ ပြာပုံတောင်လို့ ခေါ်တဲ့

အမတော်တောင်ကို ရောက်တယ်။အမတော်တောင်မှာ ကားတွေကခဏတဖြုတ်နားလေ့ ရှိတယ်။

ကိုယ်တို့ကားလည်းနားတယ်။ ရေဆူချက်ကတော့ ကားဘောနက်ဖွင့်လိုက်တဲ့ အခါမှာ အငွေ့တွေထွက်လာတဲ့

အထိဘဲ။ အမတော်တောင်က အရမ်းနတ်ကြီးတယ်။ပါးစပ်စည်းစောင့်ရတယ်။ ပေါက်တတ်ကရ ပြောလို့မရဘူး။

ပြီးတော့ သမီးရည်းစားတွေ လည်း ပလူးပလဲ လုပ်လို့မရဘူးတဲ့ ။ ရး၀၀ လောက်ကျတော့

အဲဒီကနေထွက်ခဲ့တယ်။ နောက်စမ်းချောင်းလေးတစ်ခုတွေ့ပြန်တယ်။ ကားတစ်စီးကတော့ ကြောက်လို့တဲ့၊

မနက်မိုးလင်းမှဘဲခရီးဆက်မယ်တဲ့ ။ ကိုယ်တို့ကတော့ ညတွင်းချင်းဘဲ ခရီးဆက်ခဲ့တယ်။ ၈း၀၀

လောက်ကျတော့ ကားထားတဲ့ သစ်လုံးစခန်းကို ရောက်တယ်။ ကိုယ်တို့လည်း အဲဒီမှာရှိတဲ့

တစ်ခုတည်းသောတည်းခိုခန်းမှာဘဲ ညအိပ်ဖြစ်တယ်။ မနက်ကျတော့ ၉း၀၀ လောက်မှနိုးတယ်။ ပြီးတော့

အလောင်းတော်ကဿပရှိတဲ့ တောင်ပေါ်ကို တက်ဖို့ ဆင်ငှားဖို့ ထွက်လာတယ်။ အဲဒီတုန်းက ဆင်တစ်ခါစီး

၅၀၀ကျပ် လားမသိဘူး။ သေချာတော့မမှတ်မိတော့ဘူး။ ကိုယ်တို့မိသားစု ၅ ယောက်လုံး ဆင်သုံးစီးနဲ့

တက်လာခဲ့တယ်။ သိပ်တော့မဝေးပါဘူး။နာရီဝက်လောက်ဘဲ ဆင်စီးရတယ်။ တောင်ပေါ်ရောက်တော့

ဘုန်းကြီးကျောင်းမှာ တည်းတယ်။ အထုပ်အပိုးတွေဝင်ထားခဲ့တယ်။ အဲဒီဘုန်းကြီးကျောင်းကကျွေးတဲ့

သက်သက်လွတ်ထမင်းစားပြီး ဂူကိုသွားဖို့ထွက်လာခဲ့ကြတယ်။ လမ်းမှာ ရှင်သာမဏေ

ထွက်ပေါက်ကိုတွေ့တယ်။ အလောင်းတော်ကဿပ ဂူထဲကနေထွက်ဖို့ တစ်ခုတည်းသောလမ်းကြောင်းလို့

ပြောကြတယ်။

ဘာလို့ ရှင်သာမဏေ ထွက်ပေါက်လို့ခေါ်ရတာလဲဆိုတော့ ရွာခံလူတွေက ရှင်းပြလို့သိခဲ့ရတယ်။ ဟိုတုန်းက

ဘုရင်တစ်ပါးနဲ့ ရှင်သာမဏေ တစ်ပါးဟာ သူတို့ ကိုးကွယ်တဲ့ ကဿပ ရဟန္တာကို လိုက်ရှာရင်း ရွှေအတိပြီးတဲ့

ကဿပရဟန္တာရုပ်အလောင်းထားတဲ့ဂူထဲကို ရောက်သွားရော၊ အဲဒီမှာ ဘုရင်ကြီးက ဂူထဲမှာရှိတဲ့

ကျောက်သံပတ္တမြားတွေကို လည်းမြင်ရော မက်မောတဲ့စိတ် ဖြစ်မိတာနဲ့ တပြိုင်နက် ဘုရင်ကြီးက

အဲဒီဂူထဲမှာဘဲ ကျောက်ရုပ်တုကြီးဖြစ်နေသတဲ့။ ရှင်သာမဏေ လေးကတော့ မက်မောတဲ့စိတ်မဖြစ်မိဘဲ

လမ်းရှာရင်းရှာရင်းနဲ့ အဲဒီအပေါက်လေးက ပြန်ထွက်လို့ရလာသတဲ့။


အဲဒီ ရှင်သာမဏေ ထွက်ပေါက်လေးက လူ တစ်ယောက်ဘဲအများ ဆုံးဝင်လို့ရတယ်တဲ့။

အပေါက်လေးနားအထိဘဲသွားလို့ရတယ်။ အဲဒီထွက်ပေါက် ကလူသွားလမ်းကနေ ခြေလှမ်းကျယ်တစ်လှမ်း

လှမ်းရုံနဲ့ရောက်ပါတယ်။ဒါပေမဲ့ အဲဒီခြေလှမ်းကျယ်တစ်လှမ်းရဲ့အောက်မှာ ရေစီးသန်တဲ့ အရမ်းနက်တဲ့

ရေတံခွန်တစ်ခုရှိတယ်။ကိုယ်တို့တော့ ကြောက်လို့အဲဒီအပေါက်ဝလေးကိုမသွားရဲဘူး ။

ဖေဖေတစ်ယောက်ထဲဘဲ သွားပြီးပြန်လာတယ်။ နောက်တော့ အလောင်းတော်ကဿပဂူဝ ရှိတဲ့နေရာကို

ဆက်သွားတော့ လမ်းမှာရေတွင်းလေးတစ်တွင်းကိုတွေ့တယ်။ အဲဒီရေတွင်းက ခုနကဘုရင်ကြီး လှံစိုက်ရာကနေ

သူအလိုလိုဖြစ်လာတဲ့ရေတွင်းလေးလို့တော့ပြောကြတယ်။ အဲဒီရေတွင်းက

ရေကတော့ကြည်လင်ပြီးအေးစက်နေတာဘဲ။ အဲဒီရေတွင်းထဲကရေ ကိုသောက်ရင်းအန္တာရာယ်

ကင်းတယ်လို့ဆိုရိုးရှိခဲ့တယ်။ ကိုယ်လက်သန့်စင်ခြင်းခွင့်မပြု လို့ ရေတွင်းဘေးမှာ ရေးထားတာကိုတွေ့ရတယ်။

ပြီးတော့ ခရီးဆက်ခဲ့ပြန်တယ်။်

2 comments:

Anonymous said...

အလောင်းတော် ကဿပကို ကြားဖူး၊ ဖူးဘူးပေမယ့် အပြင်မှာတော့ ခုချိန်ထိ လက်တွေ့ မရောက်ခဲ့ဖူးသေးပါဘူး ... ဆင်တွေနဲ့ သွားရတယ်လို့ ရောက်ဖူးတဲ့ လူတိုင်း ပြောကြတယ်။ ခုထိရော ဆင်တွေ သုံးနေကြတုန်းပဲလား ... တကယ်ဆိုရင် ဆင်ကြီးတွေတော့ သနားမိတယ် .. သူတို့ ခေါက်တုံ့ခေါက်ပြန် သွားကြရမှာလေ .. ကိုယ်တွေက တစ်ကြိမ်လောက်ပဲ သွားတာ .. ဒါပေမယ့်လည်း ဆင်စီးခြင်းဆိုတဲ့ သဘာဝရသကို ခံစားရမှာမို့လို့ ဒီအတွေ့အကြုံက တန်ဖိုးဖျက်နိုင်မယ် မထင်ဘူး .. သူတို့တွေကလည်း ဘုရားဖူးတွေကို ကုသိုလ်ပြုပေးနေရတာဆိုတော့ ဒီဘဝ သယ်ပိုးပြီး သွားနေရတယ် ဆိုပေမယ့် နောက်ဘဝတွေအတွက်တော့ အများကြီး ကုသိုလ်ရမှာပါ။ နောက်ထပ်လည်း အလျဉ်းသင့်ရင် ပြောပြပေးပါဦး မရောက်ဖူးတဲ့ နေရာဆိုတော့ စိတ်ဝင်စားမိလို့ပါ .. နောက်တစ်ပိုင်း မျှော်နေမယ် .. May you be happy, healthy and blessed always.

ဝက်ဝံလေး said...

ကြားဖူးတယ် မမရေ မရောက်ဖူးဘူး နောက်ရန်ကုန်ပြန်ရင် ရောက်အောင်သွားလိုက်ဦးမယ် ဖုန်ထူတယ်လို့ပြောတော့ ညီမ က ကြောက်လို့ မျှဝေပေးတာ ကျေးဇူးပါ တာ့တာ