မျက်နှာဖုံးကို သေလောက်အောင်မုန်းတဲ့ မျက်နှာဖုံးနဲ့ ငါ

ဟိုး…လွန်ခဲ့တဲ့ငါးနှစ်လောက်ကငါ…

ရိုးသားဖြူစင် တဲ့ နှလုံးသားနဲ့ ငါ …

ဘ၀အတွက်ရင်ဆိုင်ဖို့ အားမာန်တွေအပြည့်နဲ့ ငါ…

လတ်ဆတ်တဲ့ ရင်ခုန်သံအသစ်စက်စက်တွေနဲ့ ငါ…

အထွေးဆုံးဖြစ်တဲ့ ငါ..

မိဘတွေရဲ့ ယုယကြင်နာမှု
အစ်ကိုတွေ အစ်မတွေရဲ့ အလိုလိုက်မှုတွေနဲ့
ပြည့်နှက်နေခဲ့တဲ့ ငါ …

လောကကြီးအကြောင်ကို ဘာမှမသိနားမလည်
ဟန်ဆောင်မှုတွေကင်းမဲ့တဲ့ ငါ…

မိဘမေတ္တာတစ်ခု ကလွဲလို့ ဘာဆိုဘာမှ
မခုံမင် မမက်မောခဲ့တဲ့ ငါ …

အရာရာကို မှန်ကန်စွာဆုံးဖြတ်ပေးနိုင်တဲ့
အစ်မတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ငါ…

သာယာမှုအတိပြီးတဲ့ လောကကြီးကို ပိုင်ဆိုင်ထားတဲ့ ငါ…

ဒီလိုနဲ့
မှုန်ဝါးဝါး ရေးတေးတေး ရည်ရွယ်ချက်တွေနဲ့
စင်ကာပူ ဆိုတဲ့ တိုးတက်နေတဲ့
ကျွန်းနိုင်ငံသေးသေးလေးထဲမှာ တစ်နေရာစာရဖို့
၂၀၀၇ ဖေဖေါ်ဝါရီလထဲက ကြိုးစားခဲ့တဲ့ ငါ…။

ခုဆိုရင် သုံးနှစ်စွန်းလို့ လေးနှစ်ပြည့်ခဲ့ ပြီပေါ့။

ဒီ လေးနှစ်အတွင်းမှာငါ…

အရင်က…
ဟန်ဆောင်မှုကင်းမဲ့ခဲ့တဲ့ ငါ
ဟန်ဆောင်တာကို သေလောက်အောင်မုန်းတဲ့ငါက
ဘ၀ကပေးတဲ့ အတွေ့အကြုံတွေကြောင့်
မျက်နှာဖုံးတွေ အမျိုးမျိုးပြောင်းတပ်လာခဲ့တဲ့ငါ…

ငါ့လိုဘဲ မျက်နှာဖုံးအောက် ကမျက်နှာတွေကို ငါ မြင်နေရတယ်။
ဒီ ဟန်ဆောင်မျက်နှာဖုံးတွေအောက် ကအကြိမ်ကြိမ် ရုန်းထွက်ဖို့လည်း
ကြိုးစားခဲ့ဖူးတဲ့ငါ…

လတ်ဆတ်ခဲ့တဲ့ ရင်ခုန်သံတွေ ပျက်သုန်းပြီး
ညစ်ပတ်စုတ်ပြတ် သတ်နေတဲ့ ရင်ခုန်သံတွေနဲ့ ငါ…

ဖြူစင်နေတဲ့ စိတ်ဓါတ်တွေလည်း
မျက်နှာဖုံးတွေကြောင့် မဲညစ်နေတဲ့ စိတ်ဓါတ်တွေသာရှိတော့တဲ့ငါ…

ဘာဆိုဘာမှ မသိ နားမလည်ပေမဲ့ ခုတော့
အရာရာကို ကြိုသိနေတတ်တဲ့ ငါ….

မျက်နှာဖုံးတွေအောက် ကလွတ်မြောက်ချင်တဲ့ငါ…
မျက်နှာဖုံးတွေကို သေလောက်အောင်မုန်းတဲ့ငါ….

ငါ….ငါ….ငါ…။
Read More ->>

ဗုဒ္ဓ ဘာသာ ကို Apple ကုမ္ပဏီမှ ဒီဇိုင်နာ က စော်ကားလိုက်ခြင်း


We have assembled a heavenly design team. By keeping the core team small and investing significantly in tools and process we can work with a level of collaboration that seems particularly rare. Our physical environment reflects and enables that collaborative approach. The large open studio and massive sound system support a number of communal design areas. We have little exclusively personal space. In fact, the memory of how we work will endure beyond the products of our work.
-Jonathan Ive, senior vice president of industrial design at Apple

http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote
အဲဒီ link ကို ၀င်ကြည့်ကြပါ ...Jonathan Ive (senior vice president of industrial design at Apple) ဆိုသူက ဗုဒ္ဓ ရဲ့ ပုံတော်က မျက်နှာတော်ကို သူ့မျက်နှာနဲ့ အစားထိုးရုံတင်မက ဗုဒ္ဓရဲ့ လက်တော်ထဲမှာပါ Apple logo နဲ့ ipod တို့ကို ထည့်ထားပြီး စော်ကားချင်တိုင်း စော်ကားထားပါတယ်။
အဲဒီလူရဲ့ ဓာတ်ပုံကို အောက်ပါ link မှာ တွေ့နိုင်ပါတယ်။

http://www.123people.com/s/jonathan+ive

Read More ->>

သို့ ...မေမေ


သမီး မေ့မေ့ကို အရမ်းသတိရနေလို့ ဒီပို့စ်လေး ရေးဖြစ်တာပါ။

မေမေ နဲ့ ဖေဖေ အိမ်ထောင်ပြုပြီး မိုးကုတ်ကိုပြောင်းလာခဲ့ပါတယ်။်အမကြီးရယ် ၊ အစ်ကို ရယ် နဲ့ သမီးရယ်ကို မေမေက မိုးကုတ်မှာမွေးပြီး အမလတ်ကိုတော့ ရန်ကုန်မှာမွေးပါတယ်။သမီးတို့သုံးယောက် ကမိုးကုတ်မှာမွေးလို့လားတော့ မသိဘူး၊ အသား ဖြူတယ်နော် မေမေ ။အမလတ်တစ်ယောက်ဘဲ အသားညိုတယ်။ ဒါပေမယ့်အမလတ်က သမီးတို့မောင်နှမ တွေထဲမှာ အချောဆုံး။ မေမေနဲ့ တူလို့လားတော့သိဘူးနော်။

သမီးတို့မောင်နှမလေးယောက်လုံး ကတစ်ယောက်တစ်မျိုးစီ ဆိုးခဲ့ကြတယ်နော်။ ဖေဖေကလည်း လူတဖက်သားကို အရမ်းအားနာတတ်ခဲ့တဲ့သူပေါ့။ ဒီလို မျိုးတွေကြားထဲမှာ မေမေ ဘယ်လိုများစီမံကွပ်ကဲခဲ့ပါသလဲ? သမီးသိချင်တယ်မေမေရယ်။ဖေဖေ ဘယ်လောက်ထိအားနာတတ်သလဲဆိုရင် မေမေပြန်ပြောတာ သမီးနားထဲမှာအမြဲကြားနေရတယ်။ အစ်မလတ်မွေးပြီးတော့ မေမေတို့မိုးကုတ်ကို ပြန်လာခဲ့ တယ်။ ဖေဖေ ကကျောက်ကြည့်တာ အရမ်းကျွမ်းကျင်ပါတယ်။ ဘယ်လောက်ထိကျွမ်းသလဲဆိုရင် ယိုးဒယားတို့ဘာတို့ ဘက်က သူငှေးတွေဆိုရင် ဖေ့ဖေ့ ကို ရာဖြတ် အနေနဲ့ ခေါ်ပြီး သူ့တို့ကျောက်တွေကို ဈေးဖြတ်ပေးရပါတယ်။ ဖေဖေရဲ့ အားနည်းတဲ့ အချက်က သူများကို အားနာတတ်လို့ သမီးတို့မချမ်းသာတာပါ။ လိမ်တဲ့သူမှန်းသိသိကြီးလည်း ကျောက်ကိုထည့်လိုက်တာဘဲ။ အဲလို အားနာတတ်တဲ့သူမျိုးလေ။ အရင်တုန်းကတော့ မေမေ ကစီးပွားရေးထဲမှာ ၀င်မလုပ်ပါဘူး။ ဒါပေမယ့် သမီးကိုမွေးပြီးတဲ့ အချိန်ကစလို့ အားနာတတ်တဲ့ ဖေဖေရဲ့ အကျင့်ကြောင့် မေမေ စီးပွားရေးထဲ မ၀င်လို့ မရတဲ့ အခြေအနေ ကိုရောက်ရှိခဲ့ပါတယ်။ မေမေ စီးပွားရေးထဲ ၀င်လာပြီဆိုမှဘဲ ဖေဖေ့ကိုလည်း ဘယ်သူမှ မလိမ်ရဲတော့ပါဘူး။မေမေ့ ပါးစပ်ကို ကြောက်လို့ထင်ပါရဲ့။

မိုးကုတ်မှာနေတုန်းကဆိုရင် သမီးကမူကြိုဘဲရှိသေးတာ။ သမီးကငယ်ငယ်လေးထဲက လက်ဖက်ရည်ဆိုရင် အရမ်းကြိုက်တာ။ မေမေ ကသမီးကိုအမြဲကျောင်းလိုက်ပို့တယ်။ မေမေမှတ်မိတယ်မလားဟင်။ ကျောင်းသွားရင် လက်ဖက်ရည် ဓါတ်ဘူးတစ်လုံး အပြည့်ဖျော်ပေးလိုက်တာ။ ပြီးတော့ကျောင်း သွားတဲ့လမ်းမှာ ပေါက်စီဆိုင်ရှိတယ်။ ပေါက်စီကတစ်လုံးမနက်တိုင်း စားနေကျ။ စားပြီးရင် မေမေက သမီးကို မူကြိုပို့ပေးပြီး ထပွဲထဲသွားပြီ။ထပွဲ ဆိုတာက ကျောက်ဈေးလိုသဘောမျိုးပါ။ မေမေကဖေဖေ့ လောက်ကျောက်ကြည့်တာမကျွမ်းဘူး။ ဒါပေမယ့် သားသမီးဇောတွေနဲ့ မေမေရဲ့ အားမနာတတ်တာရယ် အတိအကျလုပ်တာရယ် ဖေဖေရဲ့ ကျောက်ကျွမ်းကျင်မှူနဲ့ စီးပွားရေးနယ်ပယ်မှာ ဖေဖေနဲ့ မေမေ ရပ်တည်လာနိုင်ခဲ့တယ်။ ဖေဖေကတော့သူ့မိန်းမအောင်မြင်တာတွေကြည့် ပြီး ဂုဏ်ယူနေလေရဲ့။ ဒီလိုနဲ့ ဖေဖေက မေမေ့ကိုကျောက်ပညာတွေသင်ပေးခဲ့တယ်။ မေမေက သူယူလာတဲ့ကျောက်တွေ ကောင်းမကောင်းဖေဖေ့ကိုပြ တယ်။ပြီးတော့နှစ်ယောက်သားတိုင်ပင်ပြီး အရောင်းအ၀ယ်လုပ်တာခုချိန်ထိဘဲ ဆိုပါတော့။

သမီး ခေါင်းထဲမှာ မှတ်မိသေးတယ် မေမေ။သမီးတို့ ခြံထဲမှာ မာလကာပင်တစ်ပင်ရှိတယ်။ အဲဒီမာလကာပင်က မာလကာသီးတွေကို သမီးတို့က အမြဲခူးစားနေကျလေ။ တစ်ရက် ဖေဖေနဲ့ မေမေ အပြင်သွားနေတုန်း မောင်နှမလေးယောက် မာလကာသီးတွေခူးစားပါရော။ အသီးကမမှည့်သေးတော့ မာကျစ်ကျစ်နဲ့။ စားပြီးည ဘက်လည်းရောက်ရော ကျန်တဲ့ မောင်နှမတွေက ဘာမှမဖြစ်ဘဲ သမီးက (ကန်တော့နော်) အီးအီးတွေတစ်ပါလေရော။ မေမေကလေ ပြန်ရောက်တော့ ကျန်တဲ့ မောင်နှမတွေကို ဆူပြီး သမီးရဲ့မစင်ကို လက်နဲ့ ထုတ်ပေးပါတယ်။ မရွံမရှာနော်။ အော်။သူလည်း မိခင်မေတ္တာတွေ နဲ့ဆိုတော့ ဘယ်ရွံမလည်းနော်။ သမီးလေ အဲဒီအကြောင်းပြန်စဉ်းစားတိုင်း မေမေ့ကို အရမ်းအားနာတာပဲမေမေရယ်။

အစ်ကိုတုန်းက ကျတော့ ဒီလို။ တစ်ရက် အစ်ကို အပြင်းဖျားတယ်လေ။ဘယ်လောက်ထိဖျားလည်း ဆိုရင် ဆေးရုံတောင်တက်ရတယ်။ မေမေက အဲဒီတုန်းက ဆေးရုံမှာ တစ်ညလုံးစောင့်အိပ်ခဲ့တယ်နော်။မပင်ပန်းဘူးလားမေမေရယ် လို့မေးတော့ ဟဲ့သားဇောနဲ့ဆိုတော့ အိပ်ပါဆိုရင်တောင် မအိပ်ချင်ဘူးလို့မေမေပြန်ဖြေခဲ့တယ်နော်။ သုံးညလေးညလောက်မေမေ မအိပ်ရဘူးတဲ့။ သားဇောတွေနဲ့ လေ။ ဒီကြားထဲ အစ်ကို ကုတင်ဘေးက ကောင်လေးက ဆုံးသွားသေးတယ်။ မေမေပိုပြီး စိတ်ပူတာပေါ့။ သူ့သားအတွက်။

အမကြီးကျတော့ မေမေချစ်ပုံကတစ်မျိုး ။ မကြီး ကငယ်ငယ်လေးထဲက မေမေ့လက်ထွက်မို့လို့လားမသိဘူးနော် တစ်ခုခုလုပ်ပြီဆိုရင် သူကအရမ်းထူးချွန်တယ်။ သမီးတို့နဲ့များတော့ ကွာပါ့။ မေမေက မကြီးငယ်ငယ်တုန်းကဆိုရင် အတန်းထဲမှာ ပထမ မရရင်ထမင်းမကျွေးဘူး ။အဲလိုမျိုး။ မကြီးက အဲဒါကိုကြောက်ပြီး အတင်းကြိုးစားတာ။ သမီးတို့အလှည့်ကျတော့ မေမေကစာမပြပေးနိုင်တော့ဘူး။ စီးပွားရေးလုပ်နေရလို့။

မေမေ့ကို လူတွေက အတ္တကြီးတယ် တဲ့။ အပေါက်ဆိုးတယ်တဲ့။ မေမေကတော့ အဲဒီလူတွေကို ဘာပြန်ပြောတယ် မှတ်သလဲ။ ဟုတ်တယ် ကျွန်မက အတ္တကြီးတယ်တဲ့။ ကိုယ့်သားသမီးအတွက် ကျွန်မ အတ္တကြီးတာ ဘာဖြစ်သလဲလို့ ပြန်ပြောခဲ့တယ်။ မေမေ့အပေါ်မှာ သူ့မောင်နှမတွေ ကအစ အမြင်မကြည်ဘူး။ မေမေက သူမိသားစု တစ်ခုကိုဘဲသူ့ကမ္ဘာလို့ယုံ ကြည်တဲ့သူလေ။သူများအပေါ်စိတ်ထား မကောင်းဘူလားဆိုတာတော့ မဟုတ်ဘူး။ မေမေက သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲလုပ်တတ်တဲ့သူပေါ့၊ တစ်ခါတစ်ရံမှာ မေမေက သူ့ဘ၀နဲ့ရင်းပြီး ရလာတဲ့သင်ခန်းစာတွေကြောင့် စကားပြောတာဆိုးချင်ဆိုးမယ်။ ဒါပေမယ့် သူများ အပေါ်မှာ မကောက်ကျစ်ဘူး။ မယုတ်မာဘူး။မေမေ ရေ. သမီး အမှန်အတိုင်း ၀န်ခံရရင် သမီး အထင်ကြီးရတဲ့မိန်းမ လေးစားရတဲ့ မိန်းမ တွေထဲမှာ မေမေ ကဒုတိယပါ။ ပထမက တော့ အန်တီ စုပါ။

ခုချိန်မှာ မေမေ့ကို သမီးအရမ်းသတိရနေပါတယ်။ သမီး အရမ်းစိတ်ညစ်လာတဲ့အခါ၊ အဆင်မပြေမှုတွေများလာတဲ့အခါ မှာမေမေကို သမီး အနားမှာရှိစေချင်တယ်။ မေမေ့ကိုအရမ်းလွမ်းပါတယ်။ မေမေက နိုဝင်ဘာ လလယ်လောက် သမီးနဲ့ မကြီး ရှိတဲ့ ဒီနိုင်ငံကို လာမယ်တဲ့။ သမီးအရမ်းပျော်တာဘဲ။မေမေချက်ကျွေးတဲ့ ဟင်းတွေလည်းမစားရတာ ကြာနေပြီ။ မေမေ့ ရင်ခွင်မှာလည်း မအိပ်စက်ရတာကြာပြီ။

မေမေ နေကောင်းပါစေ ဒီသားသမီးတွေရယ် ဒီဖေဖေရယ် ဒီမေမေရယ် နောင်နှစ်ပေါင်း ၁၀၀ တိုင် အေးချမ်းပျော်ရွှင်တဲ့မိသားစု လေးအတိုင်း နေထိုင်သွားနိုင်ပါစေလို့ဆန္ဒပြုရင်း။

မေမေနဲ့ ဖေဖေကို အရမ်းလွမ်းတဲ့
မျက်မှန်လေး

* ပုံကို ဒီက ယူထားပါတယ်။

* အားလုံးဘဲဆော်ရီးပါနော်။ ခုတလောကနည်းနည်း အလုပ်များနေလို့ ဘယ်သူ့ဘလော့ခ်မှလည်း မရောက်ဖြစ်၊ ဝေဖန်ချက်လည်း မပေးနိင်ဖြစ်သွားပါတယ်။ အနှူးညွှတ်တောင်းပန်ပါတယ်။။
အားလုံးကို ခင်တဲ့
မျက်မှန်လေး
Read More ->>

ချစ်သူသို့



တို့နှစ်ယောက်လမ်း
မဖြောင့်တန်းလည်း
လက်များမြဲမြံ
ခိုင်ခိုင်တွဲလျက်
ခရီးဆုံးတိုင်
လျှောက်ကြမယ်။

တိှု့နှစ်ယောက်ကြား
ဘယ်လိုတားဆီး
ဝင်ဖျတ်ဆီးလည်း
နှစ်ယောက်ရင်ဆိုင်
တူကျော်ဖြတ်မယ်။

ကိုယ့်ရဲ့နံဘေးဝယ်
မင်းရှိနေရင်
ဆူးခင်းလမ်းပင်ဖြစ်လင့်ကစား
ကိုယ်လျှောက်လှမ်းမယ်။
ခရီးလမ်းကြမ်း
မမှုစတမ်း
လက်တွေဆုပ်ကိုင်သွားကြမယ်။
Read More ->>

ကြောက်စိတ် (ခ) PHOBIA



မနေ့ က ကိုယ်နဲ့ ကိုယ်လက်တွဲဖော်နဲ့ ရန်တွေဖြစ်ကြပါတယ်။ ဒီနေ့ကျတော့ ကိုယ့်လက်တွဲဖော်က ကိုယ့်ကိုချော့တဲ့ အနေနဲ့ ရုပ်ရှင်လိုက်ပြပါတယ်။ ဒါနဲ့ ဘဲ PHOBIA 2 ဇာတ်လမ်းလေးကို ကြည့်ဖြစ်ခဲ့ပါတယ်။

ယိုးဒယား က ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ကြောက်ဖို့ ကောင်းသလို သူ ပြတဲ့ ရည်ရွယ်ချက် ကတော်တော်လေးကောင်းမွန်ပါတယ် ။ ကိုယ့်စိတ်က ကိုယ့်ကို ဘယ်လိုခြောက်လှန့်တယ် ဆိုတာကို အပိုင်းတိုလေးတွေနဲ့ ပြသ သွားပါတယ်.။ ကိုယ်မဟုတ်တာ တစ်ခုလုပ်ထားပြီ ဆို ရင် အဲဒီ လိပ်ပြာ ကကိုယ့်ကို ခြောက်လှန့်နေတာပါဘဲ။ တော်တော်လေး စိတ်ဝင်းစားဖို့ကောင်းပါတယ်။ ကြောက်တတ်တဲ့သူများ တော့ သွားမကြည့်ပါနဲ့။ စိတ်ခြောက်ခြား စရာ တော်တော်လေးကောင်းပါတယ်။

ကိုယ်က PHOBIA စကားလုံးနဲ့ ရင်းနီးနေတာ ကြာပါပြီ။ စင်ကာပူ က ပိုလီ ကျောင်းတစ်ခုရဲ့ ပြဇာတ်တစ်ခု မှာ လည်း အဲဒီ PHOBIA အကြောင်း တင်ဆက်ခဲ့ဖူးပါတယ်။ သူကကျတော့ တစ်မျိုးပါ။ သူ့ဇာတ်လမ်းလေးက ကျတော့ ဒီလို။

ကျောင်းဆရာတစ်ယောက်က သူတပည့်ကျောင်းသားတွေကို ပုံပြင်တစ်ပုဒ်ပြောပြနေပါတယ်။

တစ်ခါက ဘုန်းတော်ကြီးတစ်ပါးတည်း သီတင်းသုံးနေတဲ့ကျောင်းမှာ မောင်ငယ် (နာမည်သေချာမမှတ်မိတော့လို့ တခြားနာမည် ထည့်လိုက်ပါတယ်) ဆိုတဲ့ ဘုန်းကြီးကျောင်းသားလေး တစ်ယောက်ရှိပါတယ်။ တစ်ရက်ကျတော့ ဘုန်းကြီးအတွက် လာပို့ထားတဲ့ ဆွမ်းကို မောင်ငယ်က ခိုးစားမိပါတယ်။ ဘုန်းတော်ကြီး ကသူဆွမ်းစားချိန်ရောက် တော့ ဆွမ်းတွေ လျော့နေလို့မောင်ငယ် ကို ဒေါသတကြီးနဲ့ ရိုက်နှက်ပါတော့တယ်။ အဲဒါ ဘုန်းတော်ကြီး လွန်သလား ၊ မောင်ငယ်လွန်သလား?

အဲဒီအကြောင်းကို ကျောင်းဆရာက ကိုယ့်ထင်မြင်ချက်ကို ကျောင်းသားတွေကို စာစီစာကုံးတစ်ပုဒ်ေ၇းလာဖို့ မှာလိုက်ပါတယ်။ နောက်ရက်ကျတော့ ကျောင်းသာတွေက ကျောင်းဆရာ ကို ပြပါတယ်။ အဲဒီ မှာ မောင်သီဟ ဆိုတဲ့ ကျောင်းသားတစ်ယောက်ကလွဲလို့ ကျန်တဲ့ကျောင်းသားတွေက ဘုန်းတော်ကြီး က မောင်ငယ် မခိုးတတ်အောင်ဆုံးမ တာလို့ ရေးကြပါတယ်။ မောင်သီဟကတော့ တရား ပြည့်တဲ့ဘုန်းတော်ကြီး ဒီလောက်ဒေါသ မကြီးသင့်ကြောင်း၊ ဆွမ်းခိုးစားတာလေးနဲ့ မရိုက်သင့်ကြောင်း၊ပါးစပ်နဲ့ ဘဲပြောဆိုဆုံးမသင့်ကြောင်း ရေးထားပါတယ်။ အဲဒီထင်မြင်ချက်ကို ကျောင်းဆရာလည်း ဖတ်ရရော မောင်သီဟကို ရိုက်ပါတော့တယ်။ ကျန်တဲကျောင်းသာတွေကို ဆရာ ကိုယ့်ကို ရိုက်တော့မယ်ဆိုတဲ့ ကြောက်စိတ် အမှန်ကို မပြောရဲတာကို သရုပ်ပေါ်အောင် ပြသသွားပါတယ်။ မောင်သီဟ တစ်ယောက်သာ ကိုယ့် ထင်မြင်ချက်ကို ကိုယ်ရဲရဲဝင့်ဝင့်နဲ့ ရေးသားရဲတဲ့သူပါ။

ခုလက်ရှိ ကိုယ်တို့နိုင်ငံမှာ လည်းဒီလိုပါဘဲ။ တစ်ခုခုလုပ်မယ်ဆိုရင် မိဘတွေရောမောင်နှမတွေ ရောကို ပါတစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ ကြောက်စိတ်နဲ့ သူတို့အုပ်စိုးတိုင်းခံနေရတာပါ။ တကယ်လည်းအဲဒီလိုဖြစ်အောင်သူတို့ လုပ်နေကြတာပါ။ ဘလော့တောင် မရေးရဲလောက်အောင် ပြည်သူတွေရဲ့စိတ်ထဲမှာ အဲဒီ ကြောက်စိတ် ဆိုတာကြီးကို သူတို့ ထည့်ပေးလိုက်တာပါ။ ပြည်သူလူထု ရဲ့စိတ်မှာ အဲဒီ ကြောက်စိတ် မရှိတော့ဘူးဆိုရင် သူတို့တွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကိုယ်လည်း အဲဒီ ကြောက်စိတ် တွေ မရှိတော့အောင်ကြိုးစားရမယ့်အထဲမှာ ပါပါတယ်။

အားလုံး ဒီ PHOBIA ဆိုတဲ့ ကြောက်ရွံတဲ့စိတ်က ကင်းဝေးနိုင်ကြပါစေ ရှင်။
ပုံကို ဒီက ယူထားပါတယ်ရှင်။
Read More ->>

နတ်ကတော်

နတ်ကတော်လုပ်နည်း နိဿျည်း

နတ်ကတော်လောကတွင်ကျင်လည်ရိုက်စား နတ်ကတော်ကြီးများရှေ့
ထွန်ကျူးသည်မဟုတ်ပါ။
သိသမျှရေးရသော် နတ်ကတော်လုပ်နည်း နိသရည်းကား ..

၁) အရူးထောင်လဲ အရောက်လှမ်းရမည် ၊ မမူးအောင်လဲအသောက်ကျွမ်းရမည် ။

၂) ကနားထိန်းကိုလဲ အဖားရမည် ၊ အသားစိမ်းကိုလဲ စားရမည် ။

၃) နတ်ဆိုင်းဆရာကိုလဲ အတီးကောင်းအောင်ကပ်ရမည် ၊ နတ်သမိုင်းစာကိုလဲ
အရွီးကောင်းအောင် ဖတ်ရမည် ။

၎) လျှာထွက်အောင်လဲ အပြောမြိုင်ရမည် ၊ အသပြာထွက်အောင်လဲ အဟောပိုင်ရမည် ။

၅) အပြောကျင့်က တစ်မနက်တည်းနှင့် မောနိုင်သည် ၊ အဟော သင့်က
တစ်ချက်တည်းနှင့်ထောနိုင်သည် ။

၆) လေချဉ်ဆိုးကိုလဲ မထအောင် ကြံတတ်ရမည် ၊ ရေစင်ဖိုးကိုလဲ ရအောင် ဖန်တတ်ရမည် ။

၇) သရဲလိုခြောက်ပြီး ကျားလောက်လဲ လျင်ရမည် ၊ ဆဲဆိုငေါက်ပြီး စားပေါက်လဲထွင်ရမည် ။

၈) အဆန်းထွှင်ကာ ဓါးစတန့်လဲ ပြရမည် ၊ ရှမ်း ကရင် ဗမာ ကုလား ဒန့်စ်လဲ ကရမည် ။

၉) ပွေးမန်းလဲ တတ်ရမည် ၊ အပေးအကမ်းလဲ ဖြတ်ရမည် ။

၁၀) လောင်းကစားလဲ နွှဲရမည် ၊ အတောင်းအစားလဲ ရဲရမည် ။

၁၁) ဇာတ်ခုံပေါ်လဲ ကြောင်ရဲရမည် ၊ နတ်ပုံတော်လဲ ပေါင်ရဲရမည် ။

၁၂) ယတြာကိုလဲ ဆောင်ရမည် ၊ ပ၀ါကိုလဲ ပေါင်ရမည် ။

၁၃) ဒေါင်းဖဲကိုလဲ ကပ်ထားရမည် ၊ ဗလောင်းဗလဲကိုလဲ တတ်ထားရမည် ။

၁၄) ဂါတ်စာရေးလာမှ အာမခံရသည် ၊ နတ်မေးလာမှ ဆာသမျှနှံရသည် ။

၁၅) အရပ်နူး ကိုလဲ အတည့်တွေးရမည် ၊ နတ်ရူးကိုလဲ တပည့်မွေးရမည် ။

ဒါ့ကလောက် တတ်လျှင်ဖြင့် ဘ၀တစ်သက်တာ ငတ်စရာမရှိ ကြီးပွားဖို့သာရှိကြောင်း
ကျွန်ုပ်က ရဲရဲကြီး အာမခံပါသည်။

နတ်ကတော်လောကတွင်ကျင်လည်ကျက်စား သာမန်နတ်ကတော်များထက် တစ်ကွက်သာစေရန်
ဆောင်ရန်နည်းလမ်းများကိုလဲ အရူးချေးပန်း ပရမ်းပတာ ရှင်းပြပါဦးမည် ။

၁) ကြက်သားကိုလဲ အုပ်ရမည် ၊ ၀က်သားကိုလဲတုတ်ရမည် ။
ကြက်သားကို အုပ်မှ ကြက်ငှက်တုပ်ကွေးဖြစ်နိုင်သည် ၊ ၀က်သားကို တုတ်မှ ၀က်ပုပ်ကလေးဖြစ်နိုင်သည် ။

၂) ပရမ်းပတာလဲ ပြောရမည် ၊ လမ်းမှာလဲဟောရမည် ။
ပရမ်းပတာ ပြောမှ အဟုတ်ထင်သည် ၊ လမ်းမှာ ဟောမှအလုပ်တွင်သည်။

၃) ငါးခြောက်ကိုလဲ ကြော်ရမည် ၊ အခြောက်လိုလဲ ပျော်ရမည် ။
ငါးခြောက်ကိုကြော်မှညှော်မိသည် ၊ အခြောက်လိုပျော်မှ အဖေါ်ရှိသည် ။

၎) လင်ကိုလဲ ညာတတ်ရမည် ၊ အချဉ်ကိုလဲ ရှာတတ်ရမည် ။
လင်ကိုညာတတ်မှ မိုက်လို့ကောင်းသည် ၊ အချဉ်ကို ရှာတတ်မှ ရိုက်လို့ကောင်းသည်။

၅) ဒိုင်ခံစရာ ကျပ်ငွေ အပိုလဲရှိရမည် ၊ နိုင်ငံတကာ နတ်တွေကိုလဲ သိရမည် ။
ဒိုင်ခံစရာ ကျပ်ငွေ အပိုရှိမှ အလျော်အစားမြိုင်သည် ၊ နိုင်ငံတကာ နတ်တွေကိုသိမှ ကျော်ကြားနိုင်သည် ။

၆) တောအရက်လဲ သောက်ရမည် ၊ ဟောချက်လဲပေါက်ရမည် ။
တောအရက်သောက်မှ ခံတွင်းသန့်ပြီး လျှောက်လည်ဟောနိုင်သည် ၊ ဟောချက်ပေါက်မှ သတင်းပျံ့ပြီးဖောက်သည်ပေါနိုင်သည် ။

၇) အပျော်ကိုလဲ ကြိုက်ရမည် ၊ စားတော်ကိုလဲ တိုက်ရမည် ။
အပျော်ကြိုက်မှ အတွဲအသစ်ထားနိုင်သည် ၊ စားတော် တိုက်မှ အသည်းအမြစ်စားနိုင်သည် ။

၈) မြွေတောကိုလဲ ဖြတ်ရမည် ၊ ကြွေဟောကိုလဲ တတ်ရမည် ။
မြွေတောကိုဖြတ်မှ မြွေပြီးနိုင်သည် ၊ ကြွေဟောကိုတတ်မှ လေကြီးနိုင်သည် ။

၉)ဘူတာကတိုလဲ တစ်ရက်ကြိုပြေးရမည် ၊ လူတကာကိုလဲ မျက်နှာချိုသွေးရမည် ။
တစ်ရက်ကြိုပြေးမှာ သွားစရာ တီးကတ်ရသည် ၊ မျက်နှာချိုသွေးမှ စားစရာဖရီးနှက်ရသည် ။

၁၀) အကြွေးလဲ ဆန်ဆီ မကျန်ဖြဲရမည် ၊ အပြေးလဲ ချန်ပီယံ ဆွဲရမည် ။
ဆန်ဆီမကျန်ဖြဲမှ အမြတ်ထွက်ချေသည် ၊ ချန်ပီယံဆွဲမှ နတ်သက်ရှည်သည် ။

တတ်မှစားရသည်မဟုတ်ပါ ၊ နပ် လျှင်လဲ စားရပါသည်။
ငတ်မှလာဘ်မျှော်ဖြစ်သည် ၊ နပ်မှ နတ်ကတော်စစ်သည်။
လိပ်ပြာသိပ်မှ နတ်ကတော်ဖြစ်သည်မဟုတ်ပါ၊ ရိတ်စရာ ရိတ်လျှင်လဲ နတ်ကတော်ဖြစ်ပါသည် ။
ရေစင်သောက်မှဖြစ်သည်လဲမဟုတ်ပါ ၊ ရေသန့်သောက်လဲ ဖြစ်ပါသည် ။
လူလိုမှ နတ်လိုပါသည် ၊ အူစိုမှ အငတ်ပိုပါသည်။

* သူငယ်ချင်း တစ်ယောက်ရဲ့ forward မေးလ်မှ ရပါသည်။
စာဖတ်သူ တွေကို ရီစေချင်လို့တင်ပါသည်။
တခြား ဘလော့ဂါ ရေးထားတာဆိုလျှင်လည်း အဲဒီ forward မေးလ် မှာ ဘာနာမည်မှမပါလို့ မဖော်ပြခြင်းဖြစ်ပါသည်။
Read More ->>

လက်တွဲဖော် မွေးနေ့

ဒီစက်တင်ဘာလမှာ မွေးနေ့တွေ အတော်များတယ်ထင်ပါ့။ ဘယ်ဘလော့ခ်ကြည့်ကြည့်မွေးနေ့ တွေ တော်တော်များများ တွေ့ရ တတ်တယ်။ ခုလည်း လာပြန်ပြီ လို့မပြောလိုက်ပါနဲ့နော်။

ကိုယ့်လက်တွဲဖော် လေးရဲ့ မွေးနေ့မို့လို့ အမှတ်တရ အနေနဲ့ အမြတ်တနိုး ပို့စ်တင်လိုက်ပါတယ်။

ပြီးတော့ ဒီစက်တင်ဘာလ ၆ ရက်နေ့ ကကိုယ်တို့ လက်မှတ်ထိုးတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်လေးပါ။ ၆ ရက်နေ့ က Johor Bahru သွားတာကလွဲလို့ ဘာမှ မှတ်မှတ်ရရ မလုပ် ဖြစ်ပါဘူး။ ဒါကြောင့် ဒီ နေ့ သူ့မွေးနေ့မှာ ကိုယ်တို့နှစ်ယောက်အမှတ်တရ လုပ်မယ်ဆိုပြီး နှစ်ယောက်တည်း သီးသန့် မွေးနေ့ပွဲလေး ကျင်းပဖြစ်ပါတယ်။

ကိုယ်တို့နှစ်ယောက် မှာ တော်တော်လေးတူတဲ့အချက်တွေရှိပါတယ်။ သူနဲ့ ကိုယ်နဲ့ နာမည် မှာ နောက်ဆုံးတစ်လုံး တူပါတယ်။ပြီးတော့ သူကလည်း တနင်္ဂနွေသား ဖြစ်သလို ကိုယ်ကလည်း
တနင်္ဂနွေသမီး ပါ။သူ ကသူ့မိသားစု အငယ်ဆုံးဖြစ်သလို ကိုယ်ကလည်း ကိုယ့်မိသားစု မှာ အငယ်ဆုံးပါ.။ ပြီးတော့ သူရဲ့ လက်မောင်းအောက်နား ဂျိုင်းအောက်မှာ အမှတ်ကလေးပါသလို ကိုယ့်မှာလည်း သူ့လိုဘဲ အဲဒီနေရာ မှာ အမှတ်လေးပါပါတယ်။ ထူးဆန်းတာတစ်ခုက အဲဒီအမှတ်ပုံစံလေးပါ တူနေတယ်။ ပြီးတော့ ကိုယ်လည်ပင်းမှာ အသားပို သေးသေးလေးနှစ်ခု ပါသလို သူဆီမှာ အဲဒီနေရာမှာ အဲလိုလေးပါတယ်။ ကဲ..မွေးနေ့ အကြောင်းလေးပြန်ဆက်ရအောင်နော်။

မနေ့ည ကတော့ နှစ်စဉ်နှစ်တိုင်း မွေးနေ့ ရောက်တိုင်းမှာ သူ့မေမေကို လှမ်းဖုန်းဆက် ကန်တော့ပြီး ကျပ် ၁၀၀၀၀၀ ကို ရဟန်းသံဃာတွေကို ကပ်လှူခိုင်းပါတယ်။ ပြီးတော့ ကိုယ်ဝယ်လာတဲ့ ကိတ်မုန့်ကို ၁၁း၄၅ မှာ ပြင်ဆင်ပါတယ်။ ၁၂ နာရီတိတိမှာ ခွဲနိုင်အောင်လို့ပါ။ ကိုယ်အရမ်းပျော်ပါတယ်။ ကဲ..မွေးနေ့ကိတ်ပုံလေးတွေကြည့်ရအောင်နော်။









ဒါကတော့ Google ထဲက ကြိုးစားပန်းစား ရှာဖွေထားတဲ့ မွေးနေ့ကိတ်လေးတွေပါ။







ကဲစား ကြနော်...အားမနာနဲ့။

ဒါက လက်တွဲဖော်လေးအတွက်မွေးနေ့လက်ဆောင်



ဒါ ကသူ့အတွက် ပန်းစည်း ( Google ကရှာထားတာ ဟီး၂)




ဒါက အားလုံးသောက်ဖို့ ၀ိုင်...၀အောင် သောက်ကြနော်









ကဲကျေနပ်ကြတော့နော် ...

နက်ဖြန်မှာ ကျရောက်မယ့် ၀က်ဝံလေး ရဲ့မွေးနေ့ ကိုလည်းတစ်ခါတည်း ဆုတောင်းပေးလိုက်တယ်နော်။။
Read More ->>