သူ....


အချိန် ကား ၁၉၉၇ ခုနှစ် … ဇူလိုင်လ။

နော့်နာမည် အရင်း က မိုးနဒီဦး ပါ။ နော် က မိသားစု ထဲမှာ အငယ်ဆုံး သမီးထွေးလေးဆိုပါ တော့။ အားလုံးက နော့်ကို ငယ်ငယ်လို့ ဘဲခေါ်ပါတယ်။ နော် တို့မှာ မောင်နှမ နှစ်ယောက်တည်း ရှိတာဆိုတော့ အကို ကဘဲ ထမင်းကျွေး အကို ကဘဲသိပ် အဲဒီ အကို ကဘဲ နော့် အ၀တ်တွေ လျော်ပေး နဲ့ အကို့ လက်ထဲမှာဘဲ ကြီးပြင်းခဲ့ ပါတယ်.။ ဖေဖေ နဲ့ မေမေ တို့ ကစီးပွားရေး အတွက်အချိန်ပေးနေရလို့ နော်တို့မောင်နှမ နှစ်ယောက်ကို လှည့်မကြည့်နိုင်ခဲ့ ပါဘူး။ ငယ်ငယ်ကတည်းက အကို နဲ့ဘဲ အနေများလို့ စကားပြော ရင် ကျနော် ကျနော် လို့ ကိုယ့်ကိုယ်ကို နာမ်စားသုံးတာ အကျင့်ပါနေခဲ့ပါတယ်။ အဲလိုနဲ့ ကြာလာတော့ ကျနော် က ‘ကျ’ ပျောက်ပြီး နော် နော် ဖြစ်သွားပါတယ်။

Read More ->>

ဖေဖေ့ဆိုပြခဲ့သော ညအိပ်ရာဝင် တေးတစ်ပုဒ်

ဒီနေ့ စနေနေ့။ စနေ တနင်္ဂနွေ မအားတဲ့ ရက်သတ္တပတ်များလာတော့ ဒီတစ်ရက်လေးနားရတာ ကိုယ့်အတွက်တော်တော်လေး ထူးဆန်းဖြစ်နေပါတယ်။ လက်တွဲဖော်က လည်း အချိန်ပို အလုပ်ဆင်းနေတော့ ကိုယ်တစ်ယောက်တည်း အခန်းထဲမှာ ယောင်ချာချာနဲ့ ပေါ့။ ရုံး အလုပ်ရှိတာကလည်း ပျင်းပျင်းရှိလို့မလုပ်ချင်ပြန်ဘူး။ မနက် ကတော့ မနက်စာ စားဖြစ်ကြတယ်။ ခုတလောက Singapore National Day နီးလာပြီဆိုတော့ သူတို့ရဲ့နိုင်ငံတော်သီချင်း ကို နေရာအနှံဖွင့်ပြီးတော့ National Day Parade အတွက် ကလေးတွေ ကောလူကြီးတွေပါ လေ့ကျင့်နေကြတယ်။ အဲဒါကို ကိုယ့်မေမေက ကြားပြီးတော့ အဲဒီသီချင်းက လာရှိုးသိန်းအောင် ငယ်ငယ်က သီချင်းတစ်ပုဒ်နဲ့ သံစဉ်ဆင်တယ် တဲ့။ အိမ်ရောက်တော့ ကိုယ်လည်း လာရှိုးသိန်အောင် သီချင်း တွေကို YouTube ကနေ နားထောင်ခဲ့တယ်။ အဲဒီမှာ သီချင်းတစ်ပုဒ်ကိုသွားသတိထားမိတယ်။ “လွမ်းဘွယ်” တဲ့ ။ ဖေဖေ က ကိုယ်တို့ငယ်ငယ်လေးတုန်းက ကာတွန်းတွေငှားပြီး အသံထွက်ဖတ်ပြတတ်တယ်။ အဲခါကျ ကိုယ်တို့မောင်နှမတွေက ဖေဖေ့နားကို ခေါင်းလေးတွေတိုးကပ်ပြီး အလုအယက် နားထောင်နေကျ။ ဖေဖေ က ကားတွန်းဇာတ်လမ်းတွေကို အသံနေအသံထား တွေနဲ့ဖတ်ပြတတ်တော့ အရမ်းနားထောင် လို့ ကောင်းတာဘဲ။ ခုထိလည်း ဘုရားစာတွေ ဘာတွေ ဖတ်ရင် အဲလို အသံနေအသံထားနဲ့ဘဲ ဖတ်တတ်တာ။ ညဘက်ဆိုရင်လည်း ဖေဖေ က သီချင်းဆိုပြီးသိပ်တတ်တယ်လေ။ လွမ်းဘွယ် သီချင်းလေးက ဖေဖေဆိုနေကျ သီချင်းလေးတွေထဲက တစ်ပုဒ်ပေါ့။ ငယ်ငယ် ကလေးတည်းက လားရှိုး သိန်းအောင် သီချင်းတွေနဲ့ ရင်းနိးခဲ့ တော့ ခုလည်း အဲဒီသီချုင်းလေးကို နားထောင်ရင်း ငယ်ဘ၀ ကို သတိရမိလို့ အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။


Read More ->>

နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ…

သြော် အချိန်တွေကုန်တာမြန်လိုက်တာ။ ရက်တွေတိုက်စား လတွေနှစ်ပြောင်း ခုဆိုရင် ဘာလိုလိုနဲ့ ၂၀၁၀ ရဲ့ ဒုတိယမြောက်လ ဖေဖေါ်ဝါရီ လတောင် တဖြေးဖြေးနဲ့ ကုန်လွန်တော့မှာပါလား။ ဆောင်းရနံ့တွေ ရွေ့ရွေ့ နဲ့ ကုန်ဆုံးပြီး ပူပြင်းလှတဲ့ နွေ ကို ဖိတ်ခေါ် တော့မယ် ဖေဖေါ်ဝါရီ အချမ်းပေါ့ အပူစမ်း ရာသီ ဥတု ကလည်း လူ ကို နေမထိ ထိုင်မသာ ဖြစ်စေပါတယ်။ ညတာ အတို နဲ့ အရှည် ကူးပြောင်းတဲ့ အခိုက်မှာ နှုတ်ဆက် ပါသည် ဖေဖေါ်ဝါရီ။


ဖေဖေါ်ဝါရီလ တစ်လလုံးမှာ ဘာတွေ အမှတ်တရရှိခဲ့လည်းဆိုတာ နဖူးပေါ်လက်တင် စဉ်းစားနေခဲ့ ပါတယ်။ ပြန်စဉ်းစား လိုက်တော့ ဒီဖေဖေါ်ဝါရီ မှာ မြန်မာပြည်ရဲ့ အရေးကြီးတဲ့ အထင်ကရ နေ့တွေကလည်း စုစည်းလို့ နေတယ် ။ ကျွန်တော်တို့ မြန်ပြည် ရဲ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို သူရဲ့ မိခင်ဒေါ်စုက ၁၃ ရက်နေ့ ဒီလမှာ ဘဲလောကကြီးထဲကို သယ်ဆောင်လာခဲ့တယ်။ မကွေးတိုင်း နတ်မောက်ခရိုင်လေးမှာ ပေါ့။ အဲဒီ တုန်းကတော့မထင်မရှားပါဘဲ။ ဒါပေမယ့် သူရဲ့ ကြိုးစားမှု၊ မျိုးချစ်စိတ်ဓါတ် ရှိမှု၊ တရား မျှတမှု တို့ကြောင့် ကမ္ဘာ့အလယ်မှာ သူ့ကြောင့် မြန်မာလူမျိုးစု ဂုဏ်တက်ခဲ့ ရတယ်။ ဗိုလ်ချုပ်ကပဲ တိုင်းရင်းသားစည်းလုံး ညီညွတ်အောင် ဆိုပြီး ပင်လုံစာချုပ် ကို ဒီ ၁၂ ရက်နေ့မှာဘဲ ချုပ်ဆိုခဲ့လို့ ပြည်ထောင်စုနေ့ လို့ခေါ်တွင်ခဲ့တယ်၊ မြန်မာ ပြည်သူတွေ အတွက် မမေ့နိုင်တဲ့ လမြတ် လေး တစ်လပေါ့။ခုတော့ နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ.။

မြန်မာပြည်မှာတင်မဟုတ် ကမ္ဘာမှာလည်း ဖေဖေါ်ဝါရီနဲ့ ပတ်သတ်လို့ အထိမ်းအမှတ်နေ့ တွေလည်း ရှိပါသေးရဲ့။ချစ်တက်သူ တွေအတွက်မရှိ မဖြစ်တဲ့ နေ့လေးတစ်ရက်ပေါ့။ ဒီနေ့လေးမှာ ချစ်တဲ့သူချင်း တစ်ယောက်နဲ့ တစ်ယောက်အချစ်တွေကို ဖလှယ်ကြတယ်။ လက်ဆောင်တွေလဲကြတယ်။ ပန်းစည်းတွေပို့ကြတယ်။ ဒီပန်းစည်းတွေ လက်ဆောင်တွေနဲ့ သူတို့ ရဲ့အချစ်ကို ပြသခဲ့ကြတယ်။ ဒီချစ်သူများနေ့ဖြစ်တဲ့ ၁၄ ရက်နေ့ကို အေဒီ ၅၀၀ လောက်က POPE တစ်ယောက်က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဖေဖေါ်ဝါရီလဟာ လူထူးလူချွန်တွေ မွေးတဲ့ လလို့ဘဲ ပြောရမလား ။ ဒီဖေဖေါ်ဝါရီလမှာ ဘဲ ဗိုလ်ချုပ်အပြင် နောက်ထပ် လူရည်ချွန်နှစ်ဦးက ကမ္ဘာလောကထဲ ရောက်လာခဲ့တယ။် အဲဒီလူတွေကတော့ အမေရိကန်သမ္မတ ဟောင်းတွေဖြစ်တဲ့ Abraham Lincoln နဲ့ George Washington တို့ဘဲဖြစ်တယ်။ သူတို့မွေးနေ့တွေ ကဖေဖေါ်ဝါရီလမှာဖြစ်ပေမယ့် မွေးရက် မတူကြတဲ့ အတွက် President Nixon က holiday ကို ကြားချပေးတဲ့ အနေနဲ့ ဖေဖေါ်ဝါရီ လတိုင်းရဲ့ တတိယမြောက် တနင်္လာနေ့တိုင်းကို “သမ္မတနေ့ -President day” လို့ ၁၉၇၁ ခုနှစ်မှာ သတ်မှတ်ပေးခဲ့ပါတယ်။

ကဲ ဘယ်လာက် သမိုင်းဝင်တဲ့ ဖေဖေါ်ဝါရီလဲ။ ဒါပေမယ့် ခုတော့လည်း အချိန်ရာသီရဲ့ စေခိုင်းမှုကြောင့် ဒီဖေဖေါ်ဝါရီလည်း ကုန်ဆုံးခဲ့ပြီလေ။ ကိုယ်ကော ဒီလမှာ ဘာတွေလုပ်ခဲ့လည်း။ အကျိုးရှိတာတွေ လုပ်ခဲ့လား ၊ အကျိုးမရှိတာ တွေလုပ်ခဲ့လား စဉ်းစားရင်း ၀မ်းနည်းစွာဖြင့််……….။


နှုတ်ဆက်ပါသည် ဖေဖေါ်ဝါရီ…။



Read More ->>

ထိမ်းမြားမင်္ဂလာ နှင့် ဗေဒင်အတတ်ပညာ

အိမ်ထောင်ရေး ဆိုသည် မှာ လူတစ်ဦးနှင့် တစ်ဦး တစ်မိသားစု နှင့် တစ်မိသားစု ဘ၀တစ်သက်တာလုံး ပေါင်းဖက်ရမည့်အရေးဖြစ်ရ်ျ လွန်စွာမှ အရေးကြီးလှပါသည်။ အိမ်ထောင် ပြုခြင်း မှာ တနည်းအားဖြင့် ထီထိုးခြင်းနှင့်သာ ဆင်တူ သည်။ ကံကောင်းလျှင် မိမိအိမ်ထောင်ဖက် သည် မိမိနှင့်မရခင် ဆိုးပေချင်သလောက်ဆိုးပေရ်ျ မိမိနှင့် ရသော အခါတွင် ကောင်းသွား တတ်ပေ သည်။ ထို့အတူ မိမိနှင့်ရသောအခါတွင်မှ ဆိုးသွားသော အခါများလည်းရှိသည်။ မိမိရဲ့ အထိန်းအကွပ်သည်လည်း အရေးကြီးတဲ့ အပိုင်းမှာပါတာပေါ့လေ။ သို့ပေမယ့် "ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ " ဆိုတဲ့ စကားအတိုင်း ရှေးကတွက်ချက်ဖူးတဲ့ အိမ်ထောင်ဖက်ရွေးချယ်နည်းကို မှတ်သားမိသလောက် စုစည်းတင်ပြ လိုက်ပါတယ်ရှင်၊


အိမ်ထောင်ဖက်(အတွင်းမိတ်)
“ ဥဿာ၊ စိန်ပန်း၊ ဒန်းလှ၊ ကိုရှာ အိမ်ထောင်ဖက် အသက်ရှည်ဖို့ရာ “ ဟူသော လင်္ကာအရ
တနင်္ဂနွေ နှင့် သောကြာ၊ အင်္ဂါနှင့် ကြာသပတေး ၊ စနေ နှင် ဗုဒဟူး ၊ တင်္နလာ နှင့် ရာဟု ( ဗုဒဟူး ညနေဖွား) သားသမီးတို့ သည် အိမ်ထောင်ဖက်များဖြစ်ကြပါသည်။ လက်ထပ်မင်္ဂလာ ပြုသင့်ပါသည်ဟုဆိုပါသည်။
အိမ်ထောင်ရန်ဖက်
“ ဓမ္မာ ၊ သောက၊ အင်းဝ ၊ရာဇာ အိမ်ထောင်မဖက်ရာ ” ဟူသော စာဆိုအရ စနေ နှင့် ကြာသပတေး၊ သောကြာနှင့် တနင်္လာ၊ ဗုဒဟူး နှင့် တနင်္ဂနွေ ၊ ရာဟု နှင့် အင်္ဂါသားသမီး တို့သည် အများအားဖြင့် လက်မထပ်သင့် အိမ်ထောင်မပြုသင့် ဟု ဆိုထားပါသည်။

သို့သော် ထို အချက် များဖြင့် လူတစ်ယောက် ရဲ့ ဘ၀တစ်ခုလုံးအတွက် မမှန်ကန်နိုင်ပါ။ ထို့ကြောင့် အောက်ဖော်ပြပါ အချက်များကိုလည်း ထည့်သွင်း ဆုံးဖြတ်ရပါမည်။

၁။အိမ်ထောင်နေ့ထပ်
၂။နတ် လူ ဘီလူး (နက္ခတ်)
၃။မင်္ဂလာ ပြုသင့်သောလ
၎။နာမကူရတိုင်းအရ ရွေးနည်း
၅။မွေးရက်နှင့် တွက်ခြင်း


၁။အိမ်ထောင်နေ့ထပ် အဟောအလင်္ကာ
ဂဋုန်အချင်းချင်း မေတ္တာပြင်းရ်ျ ၊ ကျားခြင်းဖက်က ဥစ္စှာရဧ။် ။
သီဟချင်းနေ သောက ပွေ၊ ဆင်နေတူ ကပူလောင်လှ။
ကြွက်ခြင်းတို့မှာ ကိုယ်ချမ်းသာ ၊ ပူးမှာ ဆက်ရေး ကောင်းကျိုးပေး။
စနေချင်းဖက် စီးပွားပျက်သည် မှတ်ဖွယ် လူတို့အိမ်ထောင်တည်း။
အဓိပ္ပါယ်ကတော့
  • တနင်္ဂနွေ သားသမီးအချင်းချင်း အိမ်ထောင်ကျ ပါက ချစ်မေတ္တာ အလွန်ကြီး ရ်ျ အိမ်ထောင် ကြာရှည် ခိုင်မြဲ တတ်ပါတယ်။
  • တနင်္လာ သားသမီးအချင်းချင်း အိမ်ထောင်ကျပါက ပစ္စည်းဥစ္စာ ကြွယ်ဝ ပေါများပါသည်။
  • အင်္ဂါသားသမီး အချင်းချင်းအိမ်ထောင်ကျပါက ပူဆွေးသောက ဗျာပါဒရောက်ပြီး စိတ်ဆင်းရဲမှု အထွေထွေ ကြုံတွေ့ရတတ်ပါသည်။
  • ဗုဒဟူးသားသမီး အချင်းချင်းအိမ်ထောင်ကျပါက ပူပင် ရတတ်ပါသည်။
  • ကြာသပတေးသားသမီး အချင်းချင်း အိမ်ထောင်ကျပါက ချမ်းသာသုခရရှိတတ်ပါသည်။
  • သောကြာသားသမီးအချင်းချင်း အိမ်ထောင်ကျပါက ကောင်းကျိုးပေးတတ်ပါသည်။
  • စနေသားသမီး အချင်းချင်း အိမ်ထောင်ကျပါက စီးပွားရေးပျက်တတ်ပါသည်။

၂။နတ် လူ ဘီလူး(နက္ခတ်)
မိမိရဲ့ မြန်မာမွေးသက္ကရာဇ် ကို (၃) နှင့်စားပါ။

၁ ကြွင်းလျှင် နတ်နက္ခတ်
၂ ကြွင်းလျှင် လူနက္ခတ်
၃ ကြွင်းလျှင် ဘီလူး နက္ခတ်

  • လူ လူ ချင်းထိမ်းမြားမူ ချစ်မေတ္တော ကြီးအံ့။
  • ဘီလူးနှင့် နတ် လက်ထပ်မူ ဘေးရန်ကင်းအံ့။
  • နတ်နှင့် လူ ထိမ်းမြားမူ အေးချမ်းသာယာ အံ့။ (ချမ်းသာပြည့်စုံ အံ့)
  • ဘီးလူးအချင်းချင်း ထိမ်းမြားမူ တန်ခိုးကြီးအံ့။
  • လူနှင့် ဘီလူးထိမ်းမြားမူ ပျက်စီးအံ့။
  • နတ်အချင်းချင်းထိမ်းမြားမူ အသက် ရှည်အံ့။
    *****နံပါတ် (၂) အချက်တွင် လူနှင့် ဘီလူးနက္ခတ် သာ ရှောင်သင့်ပါသည်*****

၃။မင်္ဂလာ ပြုသင့်သောလ
တန်ခူး ကဆုန် နယုန် သီတင်းကျွတ် တန်ဆောင်မုန်း တပို့တွဲ လတို့တွင် လက်ထပ်မင်္ဂလာပြုသင့်ပါသည်။ ကျန်သော ခြောက်လကို ရှောင်ရပါမည်။ ထိုကောင်းသောလတွင် ကောင်းသော နေ့ရက် ကိုရွေးချက်ရ်ျ လက်ထပ်မင်္ဂလာပွဲပြု ပါကအိမ်ထောင်ရေး သာယာစေပါသည်။

တနင်္ဂနွေ အင်္ဂါ ကြာသပတေးနေ့ ပြုပါမင်္ဂလာ ၊ သမီးနှင့်သား ပွားစီးငြားများပြား ၀န်းရံခ။
တနင်္လာ သောကြာ ထိမ်းမြားပါ၊ ဥစ္စာ ပေါကြွယ်ဝ ၊ သမီးကညာ ရံများစွာ ၀န်းလာ မှန်ခယ။
ဗုဒဟူး ၊ စနေ ထိမ်းမြားပေ၊ ရံရွေသား ပုတ္တ၊ နည်းပါးခြံရံ ကိုယ်သည်းခံ မညံတိတ်ဆိတ်လှ။

ရသေ့ ရှစ်သောင်း ဆရာကောင်း မှတ်ကြောင်းမှာခဲ့ကြ ။
နေ့ (၇) ရက်စလုံးမကောင်းသော နေ့ဟူရ်ျ မရှိပါ။
သို့သော် နှစ်အလိုက် လ အလိုက် ပြက္ခဒိန် နှင့် ကျွမ်းကျင်သောဆရာများနှင့် တိုင်ပင်ညှိနှိုင်းလုပ်ဆောင်သင့်ပါတယ်။


၎။နမကူရ တိုင်အရ ရွေးခြင်း
မွေးသက္ကရာဇ် ကို ထောင်ဂဏန်းနှင့် ရာဂဏန်းပယ်ရ်ျ ၅ နှင့် ပေါင်းရပါသည်။ ၄င်းကို ၇ နှင့် ပြန်ရ်ျစားရသည်။ ရသောအကြွင်းကို မဟာဘုတ်တိုင် လကာင်္အရ ထူရပါသည်။

ဥပမာ အားဖြင့် ကိုယ့်မွေးသက္ကရာဇ် သည်
“၁၃၄၂ ခုနှစ် တန်ခူးလဆန်း ၁၀ ရက်နေ့ ” ဖြစ်ပါက

၄၂ + ၅ =၄၇
၄၇ ကို ၇ နှင့် စားပါက အကြွင်း ၅ ရပါသည်။

ပွဲ အောင် လံ ထူ စစ် သူ ကြီး
၅ ၁ ၄ ၇ ၃ ၆ ၂




၂
၄၇၃
၁၅၆

မဟာဘုတ်တိုင် ထူခြင်းဖြင့် ကိုယ်ဘာဘွား လည်းဆိုတာ ကိုသိရှိနိုင်သည်။ သို့ပေမယ့် ထိမ်းမြားခြင်းနှင့်မ သက်ဆိုင်သည့်အတွက် မဖော်ပြတော့ပါ။

၁ ကြွင်းလျှင် တနင်္ဂနွေ နှင့် တနင်္လာ သားသမီးတို့ကို လက်မထပ်သင့်ပါ။
၂ ကြွင်းလျှင် တနင်္လာနှင့် အင်္ဂါ သားသမီးတို့ကို လက်မထပ်သင့်ပါ။
၃ ကြွင်းလျှင် အင်္ဂါနှင့် ဗုဒဟူး သားသမီးတို့ကို လက်မထပ်သင့်ပါ။
၎ ကြွင်းလျှင် ဗုဒဟူး နှင့် ကြာသပတေး သားသမီးတို့ကို လက်မထပ်သင့်ပါ။
၅ ကြွင်းလျှင် ကြာသပတေးနှင့် သောကြာ သားသမီးတို့ကို လက်မထပ်သင့်ပါ။
၆ ကြွင်းလျှင် သောကြာနှင့် စနေ သားသမီးတို့ကို လက်မထပ်သင့်ပါ။
ဝ ကြွင်းလျှင် စနေနှင့် တနင်္ဂနွေ သားသမီးတို့ကို လက်မထပ်သင့်ပါ။


၅။ မွေးရက်နှင့် တွက်ခြင်း
နေ့ရက် နှစ်ခုကို ပေါင်းပါ။
ဥပမာ သောကြာနှင့် ကြာသပတေး ဆိုပါစို့။
သောကြာ က ၆ ၊ ကြာသပတေးက ၅ ပေါင်းလျှင် ၁၁ ရပါသည်။
ရသော ၁၁ ကို ၅ နှင့် မြှောက် ရ်ျ ရ ဖြင့် စားပါ ။
၅၅ ကို ရ ဖြင့်စားသော် ၆ ကြွင်းပါသည်။

ဝ ကြွင်းပါ ကလုံးဝ မယူသင့်ပါ။ စီးပွားရေးကပ်ဆိုး ဆိုဒ်မည်။
၁ နှင့် ၂ ကြွင်းပါက စီးပွားရေး မှာ မရှိ မရှား အခြေအနေ ဖြစ်သည်။
၃ နှင့် ၄ ကြွင်းပါက စီးပွားရေးမှာ လူတန်းစေ့ စားနိုင်သောက်နိုင် ရ်ျ မတောင့်တရသော ဘ၀ကို ရမည်။
၅ နှင့် ၆ ကြွင်းပါ က ချမ်းသာ ကြွယ်ဝမည်။

အထက်ပါနည်းများထဲမှ တနည်းသာ မကောင်းဘဲ ကျန်တဲ့နည်းများနှင့် ကောင်းလျှင် အိမ်ထောင်ပြုနိုင်ပါကြောင်းအကြံပေးချင်ပါသည်။
အိမ်ထောင်ပြုသည်မှာဘ၀ တစ်သက်တာ ကိစ္စ ဖြစ်ရ်ျ သေချာတွက်ချက် စိစစ်ပြီးမှ ပြုသင့်ကြောင်း စေတနာ ထားရ်ျ ကိုးကားစာအုပ်ထဲများမှ လေ့လာမှတ်သားမိသလောက် ရေးသားတင်ပြထားပါသည်။

**ပုံကို ဒီက ကူးယူဖော်ပြပါတယ် **


Read More ->>

လက်တွေ့ဘ၀တွင် အသုံးကျသော အသိတရား

သတိ စေတသိတ် သည် ကျွန်တော်တို့ သတိမပြုမိသော ကိုယ်ပိုင် စွမ်းအားတစ်ရပ် ဖြစ်သည်။ သတိဟူသော အရာသည် မိမိနှင့်အတူ တကွ ရှိနေကြသော စေတသိတ် တို့ကို အာရုံ တွင် ကပ်ေ၇ာက်စေရ်ျ အာရုံ ကို အမှတ်ရစေခြင်းသဘောဖြစ်သည်။

လက်တွေ့ဘ၀ လောကီေ၇းရာ ဘ၀တွင်လည်း သတိ ရှိဖို့မှာ အလွန်အမင်း အရေးကြီးလှ ပါသည်။ ဥပမာအားဖြင့် အလုပ် ကိစ္စဖြင့် အရေးကြီးတဲ့ လုတစ်ယောက်ကို တွေ့ဆုံရတဲ့ အခါ သူ့ရဲ့ နာမည် ကို ကိုယ် က သတိပေါ့လျော့စွာ မှတ်သား ထားပါက မေ့သွားတတ်ကြပါတယ် ။ သူ့အမည်ကို ပြန်ခေါ်ချင်တယ် ပြန်ခေါ်ရ်ျ မရတော့ပါ။

ကျွန်တော်တို့ အလုပ်ခွင်မှာလည်း အထက်ကပြောသည့်စကား များကို ဂရုတစ်စိုက်နားမထောင်ပါက သူဘာလုပ်ခိုင်းလည်း ဆိုတာကို ကြား ပဲကြားနိုင်ပါတယ်။ဘာလုပ်ရမယ်မှန်းကို ကားမသိ။ထို့အတွက် ဘယ်အခါ မဆို သတိတရား ရှိဖို့ ကားလိုအပ်ပါတယ်။

မဟာသတိပဋ္ဌာန် ၀ိပဿနာရှူမှတ်ခြင်းဆိုသည်မှာ မြင်တိုင်း၊ ကြားတိုင်း ၊နံတိုင်း ၊စားတိုင်း၊ ထိတိုင်း၊ သိတိုင်းမှာ အမှတ်သတိကပ်ပြီး သိအောင် ရှူမှတ်ရသော အလုပ်ဖြစ်သည်။

သတိဖြင့်စေတသိတ် တို့ကို အာရုံတွင် စွဲကပ်ထားသည့်အခါ စိတ်သည်မပျံ့လွင့်၊ စိတ်မပျံ့လွင့် လျှင် သမာဓိဖြစ်လာပါသည်။ သမာဓိဖြစ်လျှင် ထိုးထွင်းသိမြင်နိုင်ဧ။် ထိုးထွင်းသိမြင် ခြင်းသည် ပညာဖြစ်သည်။ ပညာဖြင့်မသိ မိုက်မဲ့မှုဟူသော မောဟအမှောင်ကို ဖြိုခွင်းနိုင်သည်။ မောဟ ကင်းစင်သွားလျှင် သန္တိသုခ ဟူသော ထာဝရငြိမ်းချမ်းမှုကိုရနိုင်သည်။

ထို့ကြောင့်ဝိပဿနာ အလုပ်သည် သတိဦးဆောင်သည့်အလုပ်ဖြစ်ပြီး အကြီးကျယ်ဆုံးသော အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသည့် အလုပ်လည်းဖြစ်ပေသည်။

စိတ်ကို ညစ်ညူးပူလောင်စေသည့် လောဘ ၊ဒေါသ ၊မောဟ စသော ကိလေသာ အညစ်အကြေး အားလုံးကို ၀ိပဿနာရေစင်ဖြင့်သာလျှင် ဆေးကြော သုတ်သင်နိုင်ဧ။်။
ထို့်ကြောင့် ၀ိပဿနာ အလုပ်ကို ပျင်းခြောက်ခြောက်အလုပ်ဟု မသတ်မှတ်ဘဲ အကျိုးကျေးဇူးအများ ဆုံးပေးသောအလုပ်ဟု သဘောပေါက်ရ်ျ အနည်းဆုံးတစ်လ ကြာမျှ ရှူမှတ်နိုင်အောင် ကြိုးစားကြပါကုန်။

(ဒေါက်တာမင်းတင်မွန်ရေးသော တော်ကူးဆရာတော် ဘ၀ဆည်းဆာနှင့် ကျင့်စဉ်တရားတို့ မှ ကောက်နှုတ်ဖော်ပြထားပါသည်။ )

ဘာသာရေးနှင့် သက်ဆိုင်သော ပို့စ်မှာ ရေးသားနိုင်အောင် လေ့လာနေပါသည်။
Read More ->>

စာဖတ်သူ များအားတောင်းပန်ခြင်း(မေတ္တာ)

ခုဘဲ ရန်ကုန်ကို ဖုံးဆက်မေးခဲ့ပါတယ်။ မေတ္တာသတင်းကို ။။။

မဟုတ်ဘူး တဲ့။မေတ္တာ တော့မေတ္တာ ဘဲ။ ဒါပေမယ့် လူရွှင်တော် မေတ္တာ မဟုတ်ပါဘူးတဲ့ဗျာ။

ဇာတ်ထဲကလို့ ပြောပါတယ်။ သတင်းအမှားတင်မိတဲ့ အတွက် အားလုံးကို အနူးညွတ်တောင်းပန်ပါတယ် ။

အဲဒီ ပို့စ်ကို လည်းဖြုတ်လိုက်ပါပြီနော်။

သူမသေတဲ့အတွက် လည်းဝမ်းသာမိပါတယ်ဗျာ။
Read More ->>

PHUKET ခရီးစဉ် (၂)

နောက် သဘောင်္စီးပြီး James Bond Island ကို ထွက်လာခဲ့ပါတော့တယ်။ တော်တော်ကြာကြာ သဘောင်္စီး ခဲ့ရပါတယ်။ ဒါပေမယ့်သဘောင်္ ပေါ်မှာ မပျင်းရပါဘူး။ ယိုးဒယားသား Tour Guide လေးရဲ့ အပြောကောင်းမှု၊ သဘောင်္မှာ ဧည့်ခံတဲ့ ကော်ဖီ လက်ဖက်ရည် အအေးနဲ့ ရေ က Free Flow, ပြီးတော့ ငှက်ပျောသီးနဲ့ လိမ္မော်သီး စားပြီးတော့ သူငယ်ချင်းတွေစကားပြောလိုက် ဓါတ်ပုံရိုက်လိုက်နဲ့ ရောက် လို့ရောက်မှန်းမသိဖြစ်ခဲ့ ပါတယ်။


ဒါနဲ့ ဘဲ နောက် ၃ နာရီလောက်ကြာတဲ့အခါမှာ ဟိုတုန်းက Hollywood မင်းသားကြီး James Bond က သူရုပ်ရှင်ကားတစ်ကားကို ဒီကျွန်းမှာ ရိုက်ခဲ့လို့ James Bond ကျွန်းလို့ နာမည်တွင်တဲ့ ကျွန်းလေးကိုရောက်ပါပြီ။ ကျောက်ဆောင်ကြီးတစ်ခုတည်းထီးထီးကြီး တည်နေတဲ့ ကျောက်တုန်းကို James Bond Rock လို့ခေါ်ပါတယ်။ မှတ်မိကြမလားမသိဘူး။ ကိုယ်က တော့အဲဒီနားရောက်တော့ ဘာကိုသတိရလည်းဆိုတော့ ဒွေးနဲ့ ထက်ထက်မိုးဦး ကြော်ငြာတဲ့ မီကို ကွေကာဘဲသတိရတယ်း)။ ပြီးတော့ အဲနားက ကျွန်းပေါ် ဟိုကြည့် ဒီကြည့်ဖို့ ၄၅ မိနစ် အချိန်ပေးပါတယ်။ ကိုယ်တို့ သူငယ်ချင်းတစ်သိုက်လည်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် နဲ့ ၄၅ မိနစ်က ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိပါဘူး။ သူတို့သဘောင်္က လူတွေခေါ်မှဘဲ ကိုယ်တို့သဘောင်္ပေါ်ပြန်တက်ခဲ့ကြပါတယ်။







အရမ်းကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် သက် ကယ်အကျီ င်္တော့ဝတ်ထားပါတယ်။ သဘောင်္မှာလူဆင်းတဲ့ လှေကားကို ကိုင်ထားရင်း ဟိုနားဒီနား ကူးခဲ့ပါတယ်။ တစ်ခါတစ်ခါ ပါးစပ်ထဲ ပင်လယ်ရေ၀င်လို့ကတော့ မွန်းနေတာပါဘဲ။ရေထဲမှာ တော်တော်လေးကြာနေပြီးတော့ သဘောင်္ပေါ်ပြန်တက် နောက်တစ်နေရာကို ခရီးဆက်ခဲ့ပါတယ်။ နောက်တစ်နေရာရောက်တော့ ကနူးလှေ စီးရပါတယ်။ တစ်စီးကို နှစ်ယောက် ပါ။ ဟန်နီးမွန်းဂူ လို့ခေါ်တဲ့ သူတို့ပြောတဲ့အခန်းလေး တွေပါတဲ့ ဂူထဲကို စီးရပါတယ်။ ဂူထဲကို လှေလေးနဲ့ လှည့်ပတ်စီးကြပါတယ်။ လှေ လှော်ပေးတဲ့ ကောင်လေးကသဘောအရမ်းကောင်းပါတယ်။


အချိန်ကြည့်ကြည့် တော့ နေ့လည် ၁း၃၀ ကျော်ကျော်ရှိနေပြီ်။ သဘောင်္စီးရင်းနဲ့ နေ့လည်စာကို သူတို့ကျွေးတဲ့ ဘူဖေး စားပါတယ် ။ ငါးဟင်းရယ်၊ ကြက်သားကြော်တွေရယ်၊ နောက် ပုစွန်၊ ပင်လယ်စာ တွေရယ် အရွက်ကြော်တွေရယ် အများကြီးပါဘဲ။တန်းစီတော့ Lady first လို့ယိုးဒယားသား ဂိုက်လေးရဲ့ အော်သံကြောင့် ကိုယ်နဲ့ ကိုယ့်သူငယ်ချင်း လေးပြေးပြီးတော့ ဟင်းတွေယူကြပါတယ်။ သဘောင်္ပေါ်က ကိုးတောင်ဝတ် ယောကျာ်းတွေကတော့ မျက်စောင်းတွေတခဲခဲနဲ့။ မိန်းကလေးတွေ ပြီးတော့မှ ယောကျာ်လေးတွေက ယူရပါတယ်။ ဟင်းတွေကလည်း စားလို့အ၇မ်းကောင်းတာဘဲ၊ ဗိုက်ဆာနေလို့ လားတော့မသိပါဘူး။ တော်တော်လေးစားလို့ကောင်းခဲ့ပါတယ။် စားပြီးသောက်ပြီး ၁ နာရီလောက်ကြာတော့ သဘောင်္ကြီးက ကျွန်းတစ်ကျွန်းနဲ့ မနီးမဝေးမှာ ရပ်လိုက်ပါတော့တယ်။ ရေဆော့ဖို့တဲ့ ။ ပင်လယ်ထဲမှာ ရေကလည်းအနက်ကြီးဘဲ။ နောက် နိုင်ငံခြားသားအဖြူကောင် တစ်ယောက်က ယိုးဒယားသားဂိုက်လေးကို သဘောင်္ပေါ်ကနေ ဒိုင်ဗင်ထိုးလို့ ရလားလို့မေးတော့ မရဘူးဆိုပြီး အဲဒီဂိုက်လေးက သူအရင်ခုန်ချပြပါတယ်။ နောက်အဲဒီနိုင်ငံခြားသားကြီးခုန်ချပါတယ်။ နောက်တော့ ကိုယ့်တို့အဖွဲ့ထဲ ကကိုယ့်သူငယ်ချင်းယောကျာ်းလေးတွေခုန်ချပါတယ်။ ကိုယ့်လက်တွဲဖော်က မျက်မှန်တပ်ထားလို့ ခုန်လို့မရပါဘူး။ ကိုယ်တို့ ကတော့ ဒိုင်ဗင်မဟုတ်ဘဲ သဘောင်္ထဲကနေ ရိုးရိုးရေထဲကို ဆင်းပါတယ်။ ခြေထောက်မမီပါဘူး.။ ပင်လယ်ထဲမှာ ကူးတာ ပထမဆုံးဘဲ။






အရမ်းကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် သက် ကယ်အကျီ င်္တော့ဝတ်ထားပါတယ်။ သဘောင်္မှာလူဆင်းတဲ့ လှေကားကို ကိုင်ထားရင်း ဟိုနားဒီနား ကူးခဲ့ပါတယ်။ တစ်ခါတစ်ခါ ပါးစပ်ထဲ ပင်လယ်ရေ၀င်လို့ကတော့ မွန်းနေတာပါဘဲ။ရေထဲမှာ တော်တော်လေးကြာနေပြီးတော့ သဘောင်္ပေါ်ပြန်တက် နောက်တစ်နေရာကို ခရီးဆက်ခဲ့ပါတယ်။ နောက်တစ်နေရာရောက်တော့ ကနူးလှေ စီးရပါတယ်။ တစ်စီးကို နှစ်ယောက် ပါ။ ဟန်နီးမွန်းဂူ လို့ခေါ်တဲ့ သူတို့ပြောတဲ့အခန်းလေး တွေပါတဲ့ ဂူထဲကို စီးရပါတယ်။ ဂူထဲကို လှေလေးနဲ့ လှည့်ပတ်စီးကြပါတယ်။ လှေ လှော်ပေးတဲ့ ကောင်လေးကသဘောအရမ်းကောင်းပါတယ်။

ပြီးတော့ Bird Cave လို့ခေါ်တဲ့ ငှက်တွေပေါတဲ့ ဂူကို သွားဖို့ သဘောင်္စီးရပြန်တယ်။ Bird Cave သွားတော့ တစ်လှေကို ဓါတ်မီးတစ်လက် ပေးပါတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီဂူကဘာမှ မမြင်ရအောင်မှောင်မည်း နေလို့ပါ။ ဓါတ်မီးနဲ့ ထိုးကြည့်ရင် ဂူနံရံတွေမှာ နေရာလွတ်မရှိအောင်ပြည့်နှက်နေတဲ့ လင်းနို့တွေကိုတွေ့ရပါတယ်။ လင်းနို့ချေးစော်တွေ ကလည်း နံလိုက်တာ ။အသက်အောင့်ထားရပါတယ။်

























အဲဒီဂူကနေပြန် လာပြီးတော့ နောက်တစ်နေရာကို သွားခဲ့ကြပြန်ပါတယ်။နောက်တစ်ဂူက ကျတော့ သူက ရေနဲ့ ကျောက် ဆောင်နဲ့ ထိတော့မယ်။ လူတွေတောင်လှေပေါ်မှာ ထိုင်လို့မရဘူး ပက်လက်ကလေး အိပ်မှ ၀င်လို့ရတယ်၊ အဲလိုမှ မနေရင် ကျောက်ဆောင်နဲ့ ခေါင်းနဲ့ ထိမိတော့မယ်။ နောက် သဘောင်္ပေါ်ပြန်တက်ပြီး ပြန်လာခဲ့ကြတယ်။ အပြန်ခရီးမှာ မပျင်းရအောင်ဆိုပြီး အခြောက်အက ကပြခဲ့ တယ်။ ပျော်ဖို့ကောင်းပါတယ်။



















ဟော်တယ်ကို ညနေ 6 နာရီလောက်ပြန်ရောက်ခဲ့ကြတယ်။ နောက် နားပြုပြီး ည ၉ နာရီ မှာ lady boy show ကြည့်ဖို့ကား လာခေါ်တာနဲ့ အဲဒီကို ထွက်ခဲ့ကြတယ်။ အပြင်မှာ ဓါတ်ပုံအရိုက်ခံနေတဲ့ lady boy ချောချောလေးတွေကို တွေ့ခဲ့ရပါတယ်။ ချောတာကတော့မိန်းကလေးတွေတောင် အရှုံးပေးရလောက်ပါပေတယ်.။ အသားအရေ လေးကလည်း ကိုင်ရက်စရာမရှိအောင် ချောမွတ်နေတာပါဘဲ။ ရင်ညွန့်ကလေး တွေများ ယောကျာ်းလေးတွေကြည့်ရင် အသည်းထိစရာ။ ကိုယ့်လက်တွဲဖော်တောင်သူတို့ နားဘဲကပ်နေလို့ မနည်း ဆွဲထားရတယ်။ သူတို့သလုံးသားလေးတွေများ ကိုယ်တို့မိန်းမတွေထက်တောင်လှသေးတယ်။ သူတို့က၀င်ငွေတော့ အဖြောင့်သားလား။ပွဲမစမီ ဓါတ်ပုံအရိုက်ခံတယ်။ အဲလိုဓါတ်ပုံ ရိုက်ရင် ပိုက်ဆံ ဘက် 100 ပေးရတယ်။ တစ်ယောက်ကိုနော်။ သူတို့က ကိုယ်ရကိုယ်ယူဘဲ။ အုပ်စုလိုက် အရိုက်ခံလို့ တစ်ယောက်တည်းကို ပိုက်ဆံပေးလိုက်ရင် ကျန်တဲ့သူတွေက တောင်းတယ်။ ကိုယ်ပေးလိုက်တဲ့ သူကဘဲကျန်တဲ့သူကို ခွဲမပေးဘူး။


ဓါတ်ပုံတွေရိုက်ပြုပြီး ပွဲချိန်နီးတော့ ရုံထဲဝင်လာကြတယ်။ ထုံးစံအတိုင်း ကင်မရာမရိုက်ရ ဘာမရိုက်ရ ပေါ့။ တော်တော်ကောင်းတယ်။ ပွဲက ။ ဆက်တင်အခမ်းအနားအပြင်အဆင်ကလည်း အရမ်းကောင်းတယ်။ ရန်ကုန် မှာ မိုးကြိုငှက်ငယ်လေးများကလည်း ထိုင်းက ပွဲတွေလိုလိုက် လုပ်တာပါဘဲ။ ဒါပေမယ့် ဆက်တင်အခမ်းအနား၊ ၀တ်စားဆင်ယင်မှု၊ မိတ်ကပ် ပြင်မှု စတဲ့ဟာတွေ က ထိုင်းနဲ့ယှဉ်ရင် ဘာမှမဆိုင်ပါဘူး။ တစ်ခုတော့ရှိတာပေါ့လေ။ ထိုင်းနိုင်ငံကတော့ ဒါက အဓိက ဆိုတော့ သူတို့က တကယ်လုပ်ကြတာပေါ့။ အိန္ဒိယ အက၊ ကိုးရီးယားအက ၊ တရုတ်အက၊ Nobody Group Song၊ ဟာသ မယ် အက ၊ အီဂျစ်ဘုရင်မတွေ ရဲ့ သရုပ်ဖော်အက၊ ပန်းဝတ်မှုန်အက တွေနဲ့ ပွဲကို ည ၉း၀၀ ကနေ ၁၁း၃၀ လောက်အထိ မရိုးနိုင်အောင် တင်ဆက်သွားပါတယ်။ကြည့်ရတာအရမ်းတန်ပါတယ်။ အဲနောက်တော့ သူတို့အစီအစဉ်နဲ့ မြို့ထဲပြန်လာခဲ့ကြတယ်။ သူတို့ က Bengalar လမ်းမှာ ချပေးပါတယ်။ ကိုယ်တို့လည်း မနေ့က Package Tour ၀ယ်တဲ့ဆိုင်မှာ ဘဲ PHI PHI ISLAND ကို speed boat နဲ့ သွားမယ့်ခရီးစဉ်ကို တစ်ယောက်ဘက် 1000 နဲ့ဝယ်ပြီး hotel ကို Taxi နဲ့ပြန်ခဲ့ကြပါတယ်။

အပိုင်း(၃)ကိုနောက်မှဆက်ရေးမယ်နော်။
Read More ->>