မြတ်စွာဘုရားသာသနာတော်ကို ယနေ့ထိတိုင် တည်တန့်နေသည်မှာ ၀ိနည်းကျင့်ဝတ်များကြောင့်ဖြစ်
မြတ်စွာဘုရားက သာသနာတော်ရဲ့ အသက်သည် ၀ိနည်းပဲလို့ ဟောခဲ့ပါတယ်၊ စည်းကမ်းမလိုက်နာပဲ ၀ိနည်းစည်းကမ်း ဖောက်ဖျက်မလိုက်နာရင် လက်ရှိဘ၀မှာ ဒဏ်ပေးရမယ်၊ ဒီဘ၀သေလို့ရှိရင်လည်း ငရဲရောက်မည်ဟုဘုရားရှင်က ဟောခဲ့သည်မို့ အခုလို သာသနာ့ဘောင်မှာ မင်းမော်ကွန်းနှင့် အနုပညာသမားများ အုပ်စုရဲ့ သင်္ကန်းဝတ်ပြီး ဆေးမင်ချောင် အရုပ်တွေထိုးခြင်း အပေါ်ပိုင်း ဧကသီ အပေါ်ရုံမပါဘဲ သရုပ်ပျက်စရိုက်ဆိုးကို ဘာသာတရားကို မြတ်နိုးသူတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်၊ သင်္ကန်း အောက်ပိုင်းအ၀တ်ကို ဒူးနှင့် အောက်ကို လက်လေးသစ်၊ကွာအောင်ဝတ်ရမယ်၊ အပေါ်ရုံက လက်ရှစ်သစ် အကွာဝေးရုံရမယ်၊ သင်္ကန်းကို ရိုသေစွာ ၀တ်ရုံရမည်ဟု စည်းကမ်းချက်ရှိပါတယ်၊ အခုဟာက လုံးဝကို သင်္ကန်းမပါသည့်ပြင် အရုပ်တွေက တကိုယ်လုံးထိုး စတိုင်မျိုးစုံနှင့် ရိုက်တာကို အားလုံးမြင်နိုင်ပါတယ်၊၊ ရဟန်းသံဃာဆိုတာ မကြည်ညိုသေးသော ဒကာ ဒကာမများကို သာသနာတော်ကို ကြည်ညိုလာအောင် နေရမယ်၊ကြည်ညိုပြီးသား ဒကာ ဒကာမများကိုလည်း ပိုမိုကြည်ညိုလာအောင် နေထိုင်ရတာပါ၊ အကျင့်ကောင်းတွေနှင့် ကိုယ်မူအရာ၊ နုတ်အမှုအရာ တွေက မြင်ရသူတိုင်း ကုသိုလ်ရအောင် နေထိုင်ပြောဆိုတတ်မှသာ သင်္ကန်းခေတ္တ၀တ်တဲ့သူနှင့် စီစဉ်ပေးတဲ့ ကိုယ့်မိဘဆရာသမားလည်း အကျိုးများမှာပါ၊၊
မြန်မာနိုင်ငံမှာ မတရားအာဏာကိုယူလာတဲ့ စစ်အစိုးရကလည်း ရဟန်းသံဃာများကို အထင်သေး အမြင်သေးဖြစ်အောင် နည်းပေါင်းစုံနှင့် ဖန်တီးနေတာပါ၊ သံဃာထုထဲဝင်ပြီး စနစ်တကျဝင်ရောက်ဖျက်ဆီးနေခြင်း
ဒါတွေကို အရမ်းရိုးသားတဲ့ လူထုက စစ်အစိုးရက ဒီလိုဖြစ်လာအောင် နောက်ကွယ်က လုပ်နေတယ်ဆိုတာ သိမယ်မဟုတ်ပါဘူး၊ သာသနာတော် သန့်ရှင်းချင်ရင် မသန့်ရှင်းတဲ့ စစ်အုပ်ချုပ်ရေး ယန္တယားကို အဆုံးသတ်မှ ဖြစ်မှာပါ၊ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အာဏာမြဲရေးအတွက် သာသနာကို အသုံးချနေလို့ပါပဲ၊ ဒါတွေကို ပြောမယ်ဆိုရင် ရှည်နေမယ်၊ ဘုန်းဘုန်းပြောချင်တာက အနုပညာသမားတွေပါ၊ အနုပညာသမားရဲ့ ဂုဏ်သိက္ခာနှင့် တန်ဘိုးဆိုတာ ရှိပါတယ်၊၊ ဒါရိုက်တာ ဦးသုခရိုက်တဲ့ တပါးသီလ ဇတ်လမ်းမျိုးဟာ မြန်မာပြည်နှင့်တကွ နိုင်ငံခြားရောက် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာများအားလုံးရဲ့ စိတ်မှာ တပါးသီလ ဆောက်တည်ရုံနှင့် ဒီလောက် ဘ၀မှာအေးချမ်းရင် ငါးပါးစလုံးသာ ဆောက်တည်ရင် ဘယ်လောက်ထိ ဘ၀တွေမှာ ငြိမ်းချမ်းမလဲဆိုတဲ့ အသိဥာဏ်များ ရပြီး ဇတ်ကားကြည့်တဲ့ အကျိုးက အနှစ်ချုပ်လိုက်တော့ သူတော်ကောင်းဖြစ်သွားတယ်၊၊
အနုပညာသမားဆိုတာ လူထုကို လေးစားရတယ်၊ မှန်ကန်တဲ့ အသိတွေပေးရတယ် တပြိုင်တည်းမှာပင် မှားတဲ့ အရာတွေကို ရှောင်ရတယ်၊ မင်းမော်ကွန်းနှင့် အပေါင်းပါတွေက အခုလို ကြည်ညိုဖွယ် မဖြစ်တဲ့ သရုပ်ပျက် စရိုက်မျိုးကို လုပ်ခြင်းအားဖြင့် သူရဲ့ တန်ဘိုးဘာမှမရှိတော့ပါဘူး၊ သူရဲ့အဖေ ဇင်ဝိုင်းမှာလည်း တာဝန်ရှိတယ် သားသမီးမကောင်းတော့ မိဘခေါင်းဆိုသလို၊ သူတို့အုပ်စုကို သင်္ကန်းဝတ်ပေးတဲ့ ဘုန်းကြီးနှင့် ကျောင်းတိုက်ကလည်း တော်တော် အသုံးမကျဘဲ ညံ့ဖျင်းတယ်၊ ၀တ်ပေးတဲ့ ဘုန်းကြီးက ဒါတွေအခုလို သရုပ်ပျက် ဖြစ်ခဲ့တာကို သိချင်မှ သိမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သာသနာတော်မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စဆိုတာ အသိဥာဏ်ရှိတဲ့ လူတိုင်း နားလည်သဘောပေါက်မှာပါ၊ လူထုကို အသိဥာဏ်ပေး ဇာတ်ကားရိုက်နေတဲ့ မင်းမော်ကွန်းဟာ ဘယ်လို လူမျိုးလည်းဆိုတာ သူရဲ့ လုပ်ရပ်က သက်သေပြနေပါတယ်၊ စလေ ဦးပုည ပြောသလို ယခုခါမှု၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊လူလည်းမရှား၊ သို့ပါလျက်သားနှင့်မှု အမိုက်တကာဗိုလ်မင်း၊ အဖျင်းတကာ့ ဗိုလ်ချုပ်၊ အပါယ်လေးဆီ၊ မြစ်နဒီတွင်၊ ပလုံမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ဆိုသလို လူဘ၀ခေတ္တရောက်နေချိန်မှာ လူယုတ်ကြီးတွေ မဖြစ်ရအောင် နေရမယ်၊ မိမိသူတပါး နှစ်ဦးသားစလုံး အကုသိုလ်တွေမဖြစ်စေပဲ ကုသိုလ်တွေသာ ဖြစ်ရန် နေထိုင်ကျင့်သုံးရန် အထူးလိုပါတယ်၊၊ အနုပညာသမားတိုင်းဟာ ကိုယ့်ကောင်းသလို ကိုယ့်လို ဘ၀တူသမား အနုပညာသမားများကိုယ်လည်း ထိန်းသိမ်းပေးရမယ်၊ အနုပညာသမား အမှားတခုဟာ သာမာန်မဟုတ် မှတ်တမ်းဗီဒီယိုရိုက်ထားသည်မို့
မင်းမော်ကွန်းအနေနဲ့ အခုလိုမျိုး အမှားတွေကို ဆက်လက်မလုပ်မိရန် သတိထားစေချင်တယ်၊ အနုပညာ သမားသိုင်းအ၀ိုင်းကလည်း ကိုယ့်လူထဲက မသင့်တော်တဲ့ အပြုအမှုတွေကို လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်စေချင်တယ်၊ မဟုတ်တာတွေလုပ်ပြီး ဖုံးကွယ်တယ်ဆိုတာ ရေရှည်မရပါဘူး အင်တာနက်ပေါ်မှာ ပေါ်ထွက်လာမှာပါ၊ တတိုင်းပြည်လုံးက အလေးမြတ်ပြုနေသည့် သာသနာတော်ကို ဆော်ကားရင် ဆော်ကားသူကို သံဃာထုအနေဖြင့် အရေးယူရမှာပါ၊ မင်းမော်ကွန်းဇတ်ကားတိုင်းကို တိုင်းနှင့်ပြည်နယ် (၁၄)ခုစလုံး လက်မခံပဲ သံဃာထုနှင့် လူထုက သပိတ်မှောက်မှုတွေ လုပ်သွားရပါလိမ့်မယ်၊ အမှားတခုကို ကျူးလွန်ပြီးရင် တောင်းပန်ဝန်ချရပါတယ်၊ ဒါကြောင့် မင်းမော်ကွန်းနှင့် အပေါင်းအဖော်အားလုံးက ပြည်တွင်း ပြည်ပဆရာတော်များနှင့် သာသနာကို မြတ်နိုးကြသော ပြည်သူလူထုကို ကျေနှပ်အောင် ပြန်လုပ်ပေးရပါမယ်၊ မလုပ်ရင်တော့ ဒီလို သာသနာတော်ကို ဆော်ကားတဲ့ မှတ်တမ်းဟာ ဆက်လက်တည်ရှိနေမှာပါ၊၊
အရှင်စန္ဒောဘာသာစာရ
ashincandobhasacara@gmail.com
ဖုံး ( 502) 749- 8066
အမေရိက
မေးလ်ထဲက ရလို့ Forward လုပ်တာပါ။
နောက်ဆက်တွဲ အနေနဲ့ နာမည်တစ်ချို့ကိုသိရပါတယ်.။
ငမိုက်သားတွေထဲကအချို့ကတော့ ပြည့်စုံ၊ ဖျာကြီး (ခ)မြင့်သိန်း၊ မိုးကျော်ကျော်၊ ၀ဏ္ဏခွာနီး၊ မင်းမော်ကွန်း၊ ဗန်ဒိန်း၊ တရုတ်ကြီး ၊ သူရ လို့သိရပါတယ်။
20 comments:
အဲ့ဒီလို ဓာတ်ပုံကြီးမျိုးကတော့ တကယ်မဖြစ်သင့်တာပါ။ ဆေးမှင်ကြောင်ရှိတယ်ဆိုရင်လဲ အတတ်နိုင်ဆုံးတောင် ဖုံးထားရမှာ အခုဟာက တမင်တကာကိုပဲ ပြနေကြတယ်။ ဒီလောက်ပြချင်ရင် studio ထဲမှာ အကျီမဝတ်ဘဲနဲ့ ဓာတ်ပုံရိုက်ပေါ့ဗျာ
တောက် ...
ရာဇဝင်ရိုင်းလိုက်လေခြင်း ။
အပယ်လားကြဖို့  အင်အားပြနေကြတာပေါ့ ။
သူ့ ထိုက် နဲ့  သူ့ ကံ သွားကြပါလိမ့်မယ် ။။။
အဲဒါဘာအတွက်ရိုက်ထားတဲ့ပုံလဲဟင်... အခုမှမြင်ဘူးတာ... ကြော်ငြာလား... ပိုစတာလား... ဘယ်သူမှအဲလိုမလုပ်ခဲ့ကြဖူးဘူးထင်ပါတယ်... ဘာတွေဖြစ်ကုန်တာလဲ?
အဲလိုမေးလ်မျိုးကို ကျွန်မတို့ မြန်မြန် ဖြန့် ဝေပေးသင့်ပါတယ်..မိုက်ရိုင်းချက်ကတော့ ကမ်းကုန်ဘဲလို့ ပြောရမယ်...
ဟုတ်တယ် မမရေ
အဲ့ဒီမေလ်းကို ရတော့...အသားတောင်တုန်တယ် ဒေါသထွက်လို့ မျက်ရည်လဲ ၀ဲရတယ်... ပြီးတော့မှ သူတို့တွေ အဲ့ဒီအပြစ် သူတို့ပြန်ခံရမယ်လို့ မနဲမှတ်လိုက်ရတယ်..။
သြော် အဲ့ဒါ အဆိုတော် သရုပ်ဆောင် မင်းမော်ကွန်းတို့ အုပ်စု ပါ.... အရမ်း...မိုက်ရိုင်းတယ် သူ့ကို အားမပေးတော့ဘူးဘယ်တော့မှ
ဟယ် ဓာတ်ပုံကို မကြည့်မိဘူး နောက်မှ စာကို ၂ ခေါက်လောက် ပြန်ဖတ်ပြီးမှ ကြည့်မိတယ် တောက်... မတ်ရိုင်းလိုက်တာကွာ ဗုဒ္ဓဘာသာ မဟုတ်တာ ကျနေတာပဲ ငရဲအိုးဇောက်ထိုး ကျမယ့် ဟာတွေ ဟွန်းးးးးးးးး
သူတို့တွေဟာ နိုင်ငံခြားကို အတုယူတဲ့နေရာမှာ...
အဆင့်မြင့် တိုးတတ်မှု... စီမံခန့်ခွဲမှု ... အုပ်ချုပ်မှု... တီထွင်မှု... လူံစည်းကမ်းရှိမှု စတာတွေကိုအတုမယူပဲ...
မိုက်ရိုင်းခြင်း... အလွန်အကျုး လုပ်ခြင်း...လူသားမပီသခြင်း... စော့င့်လေမျိုးနွယ် မရှိခြင်းစတာတွေပဲ အတုယူနေကြပါတယ်...
အလွန်လွဲနေကြတာပါ...
သူတို့သာ နိုင်ငံခြားမှာ လေ့လာကြည့်မယ် ဆိုရင်... နိုင်ငံတိုင်းမှာ ရှိနေတဲ့ လူ့အလွှာ အသီးသီးထဲကမှ အောက်တန်းအကျဆုံး အလွှာမှာရှိတဲ့ လူတွေ ပြုမူသလိုအတုယူနေတယ် ဆိုတာ ရှက်ဖွယ် သိလာပါလိမ့်မယ်...
နိုင်ငံခြားဆန်တယ် ဆိုတိုင်းဒီလိုလုပ်ရမယ် လို့ထင်နေကြပါတယ်...
နိုင်ငံတိုင်းမှာရှိတဲ့ နိုင်ငံသားတွေဟာ... သူတို့ရဲ့ မျိုးရိုးဂုဏ်ကိုစောင့်ထိန်းတဲ့သူတွေ အများကြီးရှိပါတယ်...
အဲလို ရိုင်းစိုင်းကြမ်းတမ်းတဲ့လူတွေက လူနည်းစုပါ...အဆင့်တန်းနိမ့်တယ်လို့ သတ်မှတ်ခံရတဲ့သူတွေပါ....
နားလည်ပြီးနောက်မလုပ်ရဲအောင် ဖော်ထုတ်ပြီး စံပြ အဖြစ် အရေးတယူ လုပ်သင့်ပါတယ်...
မြတ်စွာဘုရား ၏သာသနာကို ရိုသေလေးမြတ်မပြုနိုင်လျှင်... (သို့) ယုံကြည်မှု သဒ္ဒါတရားနည်းပါးလျှင်... ဘုန်းကြီးကျောင်းလဲ မလာပါနှင့်... ဘုန်းကြီး လဲ မဝတ်ပါနှင့်... ကင်းကင်းနေပါ..
ဟုတ်တယ်ဗျို့။ တော်တော်လေးဒေါသထွက်ရတယ်။
ဒီကောင်တွေဘာသဘောနဲ့ ဒီလိုလုပ်တာလည်းဆိုတာကို စဉ်းစားလို့မရဘူး။
တော်တော် စော်ကားတဲ့ကောင်တွေ။
pathetic people!
စိတ်ကုန်တယ်ဗျာ၊မစောင့်ထိမ်းနိုင်ရင်မ၀တ်နဲ့ ပေါ့
တော်တော် အဆင့်မရှိတဲ့ဟာတွေ ..၇ိုင်း၇ိုင်ပြော၇၇င် အလို့လုပ်စ၇ာလား မိမဆုံးမ ဖမဆုံးမဟာတွေ ဟွန်းစိတ်ဆိုးတယ်အရမ်းဘဲ သူတို့ကို
မြင်ရတာ ဆိုးလိုက်တာဗျာ။ ဒါပေသိ ဘုရားဟောလည်း ရှိတာပဲ။ သာသနာတော်ကို ဗုဒ္ဓဘာသာဝင်တွေကပဲ ဖျက်လိမ့်မတဲ့။ ဒုတ်နဲ့ ရိုက်တဲ့ သူကတောင် ရိုက်သေးတာ.. ရွှေမင်းသားလေးက ပြောင်ရုံတင်လေးလို့ ဆိုလာရင်တော့...
ဒါဘီလူးကောင်းဆောင်းထားတဲ့ ဗမာတွေရဲ့စရိုက်လေ............
အင်း..ရင်ခံစရာပဲခင်ဗျာ...
ကိုယ့်ရာဇ၀င် ကို နောက်ဆုံးတော့ ကိုယ်ပဲရေးတာပါပဲခင်ဗျာ....
သူ့ထိုက်နဲ့သူ့ကံပေါ့လေ...
ဆိုဒ်တစ်ခုကနေ ဟိုတစ်နေ့ကတည်းက တွေ့တာဗျ.. ပထမတော့ effect လားလို့တွေးမိသေးတယ်.. ကိုယ့်ဘာသာကိုယ် စတန့်ထွင်ပြီးရိုက်ပေမယ့် အနုပညာသမားဆိုတာ သတိထားသင့်တယ် ထင်တာပဲ ဒီလိုမျိုးအင်တာနက်ပေါ်ထိ ရောက်လာမှာကို နားလည်သင့်တယ်... ကမ္ဘာကသာ သိသွားရင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးဆိုတာ ဒီလိုပါလားလို့ ထင်သွားနိုင်တယ်
ု်နိုင်ငံခြားကို အတုခိုးမှနာမည်ကြီးမှာလား...နားကပ်ပန်..ဆေးမင်ကြောင်ထိုး..လိမ်တူဆက်ဆံ...သူများလုပ်ရှောက်လုပ်..အကျိုးအကြောင်းအဆိုးအကောင်းဝေဘန်မပိုင်းခြားနိုင်တော့ တဲ့ အပြင် ဘ၀ကိုအလေးအနက်ထားမစဉ်းစားတတ်တော့တဲ့ လူအမည်ခံလူသားများလား........တိုင်းပြည်ကြီးဘာတွေဖြစ်ကုန်ပြီလဲ..........ဒယ်အိုးဆရာတော်ပြောတာအမှန်တွေပဲ.....ဒါမျိုးတွေများလာရင်ဘယ်လိုလုပ်ကြမလဲ.....စဉ်းစားသင့် ကြပြီနော်................
မရေ..မြင်ရတာ ရင်နာလိုက်တာ။
သူတို့က ဘာသာတရားရှိတဲ့ သူတွေ မဟုတ်ဘူး ထင်ပါရဲ့.
Post a Comment