ထွေရာလေးပါး

ကိုယ်ရဲ့ထွေရာလေးပါး ပေါက်ကွဲသံစဉ်တွေကို ဖတ်ပေးကြပါဦးနော်။

အပိုင်း(က)

ကိုယ်တို့ရုံးက စီးတီးဟောလ်နဲ့ အရမ်းနီးတာကြောင့် နေ့လည်စာကို အဲဒီမှာဘဲ သွားစားဖြစ်ပါတယ်။ရုံးက လူတွေနဲ့ လည်းလိုက်မစားဖြစ်ဘူးဆိုရင်ပေါ့လေ။ ဒီနေ့ထမင်းဘူး ပါတော့ ရုံးမှာ ထမင်းဗူးဖွင့်စားပြီး အပျင်းပြေ ရေနွေးကြမ်းလေး လက်ဘက်ရည်လေးသောက်ရအောင် စီးတီးဟောလ်ကိုထွက်လာတယ်ဆိုပါတော့။ ကိုယ် ရဲရင့်မှာ လက်ဘက်ရည်သောက်နေတုန်း ကိုယ်ရှေ့က၀ိုင်း မှာလူသုံးယောက်လာထိုင်တယ်။ ကိုယ်လည်းပျင်းတာနဲ့ သူတို့ပြောတဲ့စကားတွေကို ဘာရယ်မဟုတ်နားစွင့်မိတယ်ဆိုပါတော့။ သူတို့ထဲက တစ်ယောက်က SPASS နဲ့ လုပ်နေတာ။သူစကားပြောပုံ ကြည့်ရတာ ကတော့ ရခိုင်လို့တော့ ထင်တယ်။နောက်တစ်ယောက် ကတော့ အသက် ၄၀ နီးပါးလောက်ရှိမယ်ထင်ရတဲ့ ဦးလေးကြီးတစ်ယောက်ရယ်။နောက် ကောင်လေးတစ်ယောက်ကတော့ အဲဒီရခိုင်လို့ထင်ရတဲ့ ကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်ပါ။ သူတို့ဘာအကြောင်းပြောနေလည်း နားထောင်ကြီးတော့ လား…လား…ဦးလေးကြီးက ရခိုင်ကိုဂွင်ရိုက်တော့မယ် ထင်တယ်။ အဲဒီရခိုင်ကလည်း အူတူတူနဲ့ ။စဉ်းစားကြည့်လေဗျာ။ PR တင်ပေးမယ်တဲ့ ။SPASS ကနေ ။ အဲဒီ ရခိုင်ကဒီမှာ လုပ်တာ ၆ လလောက်ဘဲရှိသေးတယ်တဲ့။ အဲဒါကို ဟိုဦးလေးကြီးက ပီအာရ် တင်ပေးမယ်တဲ့ ။မဖြစ်နိုင်တာ။ခု လောလောဆယ် မှာ နှစ်နှစ်ပြည့်လို့ PR တင်ထားတဲ့ ကိုယ့်သူငယ်ချင်း တစ်ချို့တောင် မရဘူးလို့ပြောနေတယ်။ ကိုယ်လည်းတော်တော် အံ့သြပါတယ်။ ပြီးတော့ ဘယ်လောက်ဘဲပေးတို့ ညာလောက်ဘဲပေးတို့ ။ သူကအလုပ်ရှင်လည်းမဟုတ်ဘာမဟုတ်နဲ့။ ရခိုင်ကတော့ စဉ်းစားဦးမယ်လို့တော့ ပြောလိုက်တယ်လေ။ အဲလိုလူမျိုးတွေတွေ့ရင် ဝေါင်ဝေါင်ရှေးကြဗျို့……


အပိုင်း(ခ)

“ စဉ်းစားကြည့်စမ်းပါဟာ။ အဓိပ္ပါယ်မရှိတာ။ ငါတို့လည်းသူ့လိုဘဲ ရှာရတာဘဲ။ နဖူးက ချွေးခြေမထိ မကျဘူးဆိုပေမဲ့ ခေါင်းတစ်ခုလုံး ပူထူနေအောင် စဉ်းစားပြီးမှ အလုပ်ရှင်ကပေးတဲ့ လစာကို ရတာဘဲ။ သူလည်းဒီလိုဘဲ လုပ်ရပြီးမှ ရတာဘဲ။ လစာချင်း ယှဉ်ရင်လည်း သူမသာ ကိုယ် အသုဘ ဘဲ။ အဲဒါကို သူ့အလှည့်ကျတော့ ပိုက်ဆံတစ်ပြားမှ မထုတ်ဘူး။ သူများကျွေးရင်တော့ စားမယ် တစ်ဖြဲ နှစ်ဖြဲ။ လူဆိုတာ တစ်ခါ နှစ်ခါ ဘဲကောင်းတယ်။ ကိုယ့်အလှည့်ဆိုတာမရှိဘူး။ သူ့အလှည့်ချည်းဘဲ ဆိုရင်တော့ မကောင်းတော့ဘူးလေ။ ခုဟာက သူ့ကျတော့ ၀တ်လို့ရှိရင်တော့ ဘာမှ ညာမှ နဲ့ ။ Branded မဟုတ်ရင် မ၀တ်ဘူး။ ကြွားကလည်းကြွားသေးတယ်.။ ပြီးရင် သူများဆီက ကပ်ကပ်စားတယ်။ အဲဒါစေ့စပ်တာ မဟုတ်ဘူး။ကိုယ်ချင်းမစာတာ တစ်ကိုယ်ကောင်းဆန်တာ စီးပိုးတာ။”

အဲဒီလိုမျိုး ဆိုလည်း ဝေးဝေးရှောင်ကြပါဗျို့……

အပိုင်း(ဂ)

ဟိုနေ့က သတင်းတစ်ပုဒ်ကြားမိပါတယ်။ စင်ကာပူ မှာ တဲ့.။ သူ မဟာမုဆိုးမပါတဲ့ ။သားသမီး ၅ ယောက်ရှိပါတယ် ။သူမအသက်ကြီးလာတဲ့ အခါသူမ ၀ယ်ထားတဲ့ အိမ်ကိုရောင်းခိုင်းပြီး သူသားသမီးတွေ ကတစ်ပုံစီ ယူပါတယ်။သူမကိုတော့ပစ်ထားကြပါတယ်။ ကြောက်စရာကောင်းလိုက်တာနော်။ အဲ..ဒို့ များ ဗမာလူမျိုးတွေထဲမှာ အဲလိုမျိုးအဖြစ်အပျက်တွေ မရှိသလောက်ကို နည်းပါးပါတယ်။ အဲဒါဟာ မာတာပိတု ဆိုတဲ့ ဘုရားဟောထားလို့ပါ။ ကိုယ်အခုကြည့်ရသလောက်မိဘကို လုပ်ကျွေးတဲ့သားသမီး တွေဟာလုပ်ငန်းကိုင်ငန်းမှာပိုအဆင်ပြေတတ်ပါတယ်။ လုပ်ငန်းအဆင်ပြေအောင်လို့ မိဘကို လုပ်ကျွေးတာတော့ မဟုတ်ပါဘူး။ မိဘကို လုပ်ကျွေးလို့သာ လုပ်ငန်းက အဆင်ပြေလာတာပါ။ကိုယ်ကတော့ မိဘကိုလုပ်ကျွေးနေတာ တစ်ခါမှ မငြိုငြင်ခဲ့ပါဘုူး။မှန်တာပြော သစ္စာပါ။ တစ်ခုတော့ စဉ်းစားမိပါတယ်။ ကိုယ်မွေးတဲ့ သားသမီးကို ဒီမှာထားသင့်မထားသင့်ပါ။ ဒီမှာထားရင်တော့ ပညာတတ် မယ်။လူနေမှုအဆင့်အတန်းမြင့်မယ်။ ဒါပေမယ့် လူ့မှုပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုဟာ အနည်းဆုံး အဲဒီကလေးငယ်ရဲ့  စိတ်ဓါတ်ကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းကတော့ လွှမ်းမိုးတာပါဘဲ။ မိဘကို မသိတတ်မှု တွေဘာတွေ ပေါ်လာရင် ကိုယ်ဘဲစိတ်ဆင်းရဲရမှာပါဘဲ။ အဲဒါဟာလည်း မိဘရဲ့ဆုံးမမှုပေါ်မှာလည်း မူတည်ပါတယ်လေ။


အားလုံးမိဘကို လုပ်ကျွေးတဲ့သားသမီးအလိမ္မာဖြစ်ကြပါစေရှင်။

14 comments:

ဝက်ဝံလေး said...

ဟုတ်ကဲ့ အကုန်လုံးကို ဖက်သွား အဲ ဖတ်သွားပါတယ် ရှင့် မမမှန်လေးရှင့်

ဝက်ဝံလေး said...

အော် ဝက်က ရောက်နှင့်နေတာကိုးးး များက ၁ လားလို့ ဒီဝက်တော့နာတော့မယ် ဝက်သားတုတ်ထိုးဖြစ်တော့မယ် ဟွန်းးးး ချိတ်နာတယ် လစ်ပြီ ဘိုင် တာ့တာ

Anonymous said...

နံပါတ် ၃ ပေါ့

Anonymous said...

အပေါ်က နံပါတ် ၃ က ကျွန်တော်ပါ
ထွေရာလေးပါးလေးတွေ
ဖတ်သွားတယ်နော် မမမျက်မှန်ရေးးးးး
အဆင်ပြေပါစေဗျာ

ဝသန်မိုး

မယ့်ကိုး said...

မရဲ့ ထွေရာလေးပါးလေးတွေကို တရားတိုတိုလေးလို နာသွားပါတယ်...

Yu Ya said...

အစ်မ မျက်မှန်လေးရေ..
အပိုင်း(က)- အဲဒီမှာပါနေတဲ့ ရခိုင်ကို ဘလော့မောင်နှမတွေ ဖနောင့်နဲ့ တစ်ယောက် တစ်ချက်လောက်စီ ပေါက်ဖို့ ကောင်းတယ်။ အဲဒီလောက်တောင် ဒူရလားဆိုပြီး။ Singapore မှာ အလုပ်လုပ်နေတာ ၆ လကျော်ပြီဆို တော်ရုံ ဗဟုသုတတော့ ရှိသင့်တာပေါ့နော်။ သိချင်တာတွေ အားလုံး အင်တာနက်ကနေတဆင့် သက်ဆိုင်ရာ Website တွေမှာ ရှာလို့ရ၊ ဖုန်းနံပါတ်တွေပါရင် စုံစမ်းလို့ရနေတဲ့ဟာကိုး။ အော်.. အဲဒီလိုလူမျိုးတွေကြောင့် yu ya စိတ်မောရပါလားဗျာ။

အပိုင်း(ခ) - အဲဒီလို လူမျိုးကတော့ အော့နှလုံးနာပါတယ်ဗျာ။ ကျွန်တော်ဘ၀မှာ အပုံအပင်တွေ့ခဲ့ဘူးတယ်။

အပိုင်း (ဂ) - အဲ..ဒါနဲ့ ပက်သက်လို့ကတော့ အခု သိပ်မသိသေးဘူးဗျ.။ နောင် ၄ နှစ်လောက်ဆိုရင်တော့ မမျက်မှန်လေးနဲ့ ကောင်းကောင်းဆွေးနွေးနိုင်မယ်နဲ့ တူပါတယ်ဗျာ။

ကျေးဇူးတင်စွာဖြင့်
yu ya

လင်းကြယ်ဖြူ said...

မိဘကျေးဇူးက ဆပ်လို့မကုန်နိုင်ပါလေ..
ခုလိုသိတတ်တာ ကောင်းတယ်..
အဆင်ပြေပါစေ..

kiki said...

(က) နဲ့ (ခ) လူစားတော့ တကယ် ကို ဝေးဝေးရှောင်သင့်ပါတယ်

(ဂ) လို အစားမျိုး ကိုတော့ စ လုံး မှာ ရှိနေတဲ့
ကြိမ်လုံးစာ အချက် ၁၀၀ လောက်ကျွေးပြီး ဒါဏ်ရာ ကို ဆားနဲ့ ပက် ပေးချင်တယ် ..

(နေရင်း ထိုင်ရင်း ကိုယ့်ဟာကိုယ် အ ကုသိုလ်
လာယူသွားတယ် ။ ဒေါကန် လို့ လေ.. ။ ဟိဟိ )

နောက်တခါ ထွေရာ ၅ ပါး ဆက်ရေးပါဦး။ မျှော်နေတယ်နော်...

ကြည်ဖြူပိုင် said...

မမမှန်..အမှန်တွေချည်းပဲ...မှန်လိုက်တာမှ
မပြောနဲ့တော့
ဟုတ်ပါ့ဒီမှာကလေးတွေထားဖို့တော့မစဉ်းစားဘူး
ဒီကစရိုက်တွေစိတ်ဓာတ်တွေဝင်ကုန်ရင် ဒုက္ခ
၂၀ကျော်ရင်တော့ထိန်းတတ်ပြီ
အဲဒိကျမှထားတော့မယ် (အလဲ့ ကလေးရှိပုံနဲ့ပြောသွားသည်:P)

Unknown said...

အတုတွေ သိပ်များတော့ ရှားပါးတဲ့ အမှန်တရားကို အကျဉ်းထောင်ထဲ ထည့်ထားတာပါ..... HAHAHAH.....

Anonymous said...

အတုတွေ သိပ်များတော့ ရှားပါးတဲ့ အမှန်တရားကို အကျဉ်းထောင်ထဲ ထည့်ထားတာပါ..... HAHAHAH.....

chitpalone said...

အင်း ထွေရာက လေးပါးးပြောပြီး သုံးပါးတည်းပါလား။ အဟိ နောက်တာ။ အင်း အပိုင်းကကို ပြောရမယ်ဆိုရင်တော့ ထူထူထုံထုံတုံးဆိုတာ ဖြစ်မယ်။ ပတ်ဝန်းကျင်လေ့လာမှု ဇီးရိုးလေ အဟိ။ စဉ်းစားမယ်ဆိုကတည်းက သူလည်း သိတော့သိမယ်ထင်တယ်။ အပိုင်း (ခ)ကို ပြောရမယ်ဆိုရင်တော့ အဲ့လိုလူမျိုးကို ကိုကလည်း မျက်နှာပြောင် ပြန်တိုက်ရမယ်ထင်တယ်နော်။ ဥပမာ စားခါနီး (အမေရိကန် system)ဟေ့ လို့ အော်ပြောပြီးမှ စားရမယ့်ပုံပဲ။ မဟုတ်ရင် ဒင်းက လူပါးဝနေမှာ။ အင်း အပိုင်း (ဂ)က တော့ ကိုယုယပြောသလိုပဲ ပြောမတတ်ဘူး၊ဗျာ။ ဒါပေမယ့် မိဘနဲ့ သားသမီးကတော့ ပြောရခက်သားဗျာ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

Life is for Success said...

i also worry about part c...i discuss with many friends about this. most are not agree with me . all say depend on how u train, bbut my thinking is enviroment.here enviroment is like that....

shin said...

မိဘကိုမသိတတ် တဲ့ သားသမီး ဆိုတာ Singapore မှာမှ မြန်မာပြည်မှာမှ ရှိတာ မဟုတ်ပါဘူး။ ဘယ်နေရာ မဆိုရှိ ပါတယ်။ Singapore မှာက သတင်းထဲ မှာထည့်လို့ ရလို လူတွေက သိတာပါ။ မြန်မာပြည်မှာ ဆိုရင်တော့ ဒီလို ရေးလို့  ရမယ်မထင်ပါ။

မြန်မာပြည်မှာ လူငယ်တွေပျက်စီးမယ်ဆိုရင်လဲ အရမ်းလွယ်ပါတယ်။ ဒါပေမဲ့ ပြန်ကောင်းလာဖို့ ဆိုတာ အင်မတန် ခက်ပါတယ်။