သင်္ကြန်မင်းသားကြီး ဇော်ဝမ်း




သင်္ကြန်ဆိုရင် သူမပါရင်မပြီးလို့ နာမည်ကြီးတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ဇော်ဝမ်းဟာ

အသည်းရောဂါနဲ့ သြဂုတ်လ ၁၂ရက် မနေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။


“ကိုးနာရီကလေ ဆုံးသွားတာပါ။ အင်းစိန်က ဆေးခန်းမှာပဲ။” မင်းသား ဇော်ဝမ်းရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တ

ဲ့ စေလိုရာစေ ဇာတ်ကားမှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက်

ပြောသွားတာပါ။


http://drlunswe.blogspot.com မှကူးယူပါတယ်။

ပုံကိုတော့ ဒီက ယူပါတယ်။


15 comments:

မေလေး said...

အဲတော် စိတ်မကောင်းလိုက်တာ မမရယ်

မေဇင် said...

ဟယ်...မသိဘူးတော်...နောင့် တို့ အမေ ရဲ့ အသည်းကျော်ပဲ...အမေ သိရင် စိတ်မကောင်းဖြစ်တော့မှာပဲ.... ဒီနှစ်သင်္ကြန် စင်္ကာပူ ကိုလာနှုတ်ဆက်တာပေါ့နော်...။

မယ့်ကိုး said...

သေခြင်းတရားက ကြောက်စရာပဲ မ နော်။

subuueain said...

တိုက်တိုက်ဆိုင်ဆိုင် အခုတလော သူပါတဲ့မြန်မာကားတွေကြည့်မိနေတယ်။ စိတ်မကောင်းလိုက်တာ

ဝသန်မိုး said...

စိတ်မကောင်းစရာပဲ
သင်္ကြန်နဲ့ ဇော်ဝမ်း က
ခွဲမရသလိုပါပဲ

kaungkinpyar said...

စိတ်မကောင်းဘူး ညီမလေးရယ်

rose of sharon said...

သြော်... အနုပညာကြယ်တပွင့် ကြွေသွားပြန်ပြီ...

kiki said...

ကိုဇော်ဝမ်း တယောက် ကောင်းရာသုဂတိလားပါစေ ။
သင်္ကြန် မင်းသားကြီး တယောက်ပါဘဲ ။
အရင်ခေတ်က ကျော်ဟိန်း နဲ့ ဇော်ဝမ်းဆိုတာ နာမယ် အတူတူကြီးခဲ့ကြတာပေါ့ ။

အရက်ကြောင့် အသက်ထွက်ရတဲ့ အနုပညာရှင်တွေလည်း မနည်းတော့ ပါလားနော် ။

သတင်းလေးဖေါ်ပြပေးတာ ကျေးဇူးပါ မျက်မှန်လေးရေ ..

Yu Ya said...

အချိန်ကျလာတော့လည်း ရှောင်လွှဲလို့ မရတော့ပါဘူးဗျာ။

yu ya

kyalkalay said...

အယ် ကြွေပြန်ပြီလား ဟ
လူကောင်းတွေ

ဟိုမသာကြီးတွေ နာရေး မြန်မြန်ရေးနော်

ဝက်ဝံလေး said...

စိတ်မကောင်းစရာ ကောင်းရာသုဂတိလားပါစေ ဦးဇော်ဝမ်းရေ

သုခုမလေဒီ said...

သင်္ကြန်မင်းသားကြီးဦးဇော်ဝမ်းအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သင်္ကြန်သီချင်းနားထောင်မိ တိုင်းသတိတရဖြစ်နေမယ်ထင်ပါတယ်။

လင်းကြယ်ဖြူ said...

စိတ်မကောင်းစရာပဲခင်ဗျာ
သူကလည်းသူ့လိုင်းလေးနဲ့သူနေရာယူပြီး တင်ဆက်တတ်တာ
ဟာသလုပ်ရင်လည်းကောင်းတယ်..
စွယ်စုံပညာရှင်တစ်ဦးဆိုတော့ နှမြောစရာပါ..
ဒါပေမယ့်..ဘယ်သူမှ မှ ရှောင်လို့မရတဲ့လမ်း သူက အရင်ပေါ့....

မြစ်ကျိုးအင်း said...

သေခြင်းတရားက ဒီလိုပါပဲ...
အသက်ကို ဥာဏ်စောင့်တယ်တဲ့ လူကိုဘေးဖြစ်စေတဲ့ အရက်သေစာကို စွဲစွဲမြဲမြဲမသောက်သုံးသင့်ပါဘူးးး..။

သူလည်းစွယ်စုံမင်းသားပါပဲ...ပညာရှင်တွေ ကွယ်လွန် ရင် နှမျောရတာပါပဲ...။

ကောင်းရာသုဂတိ ရောက်ပါစေဗျာ...။

ရွှေပြည်သူ (ShwePyiThu) said...

သေခြင်းတရားကတော့ ဘယ်သူမှ မလွန်ဆန်နိုင်ဘူးနော် ညီမလေးရေ... သဘောကောင်းတဲ့ မျက်နှာနဲ့ အနုပညာရှင်ကောင်းတစ်ယောက်မို့ နှမြောမိပါတယ်...