စိတ်

လူ့စိတ်ဆိုတာအင်မတန့်အင်မတန်မှဆန်းကြယ်ပါတယ်။ဒီစိတ်ဆိုတဲ့ခေါင်းစဉ်ကိုဆွေးနွေးဖို့၊တကယ်သိအောင်နားလည်နိုင်ဖို့ဆိုတာအချိန်

တော်တော်ယူရဦးမှာပါ။ကမ္ဘာပေါ်မှလူဦးရေသန်းပေါင်းများစွာရှိပါတယ်။အဲဒီလူတွေရဲ့စိတ်တွေဟာလည်းသူအချိုးအတိုင်းဘဲရှိပါတယ်။လူ

တစ်ဦးနဲ့တစ်ဦးစိတ်တူတာတော့ရှိမယ်။အများဆုံးတူနိုင်တာဘဲရှိမယ်။ဒါပေမဲ့အတိအကျကြီးတော့ဘယ်သူဘယ်သူကမှမတူညီကြပါဘူး။အ

ခုကိုယ်ရေးမှာကကိုယ့်စိတ်အကြောင်းပါဘဲ။



ကိုယ့်စိတ်ကိုကိုယ်အားမနားတမ်းဝေဖန်ရမယ်ဆိုရင်၊

ဒါမှမဟုတ်ကိုယ်တစ်သက်လုံးမှတ်ယူထားတာဆိုရင်ဒါမှမဟုတ်ကိုယ့်ပတ်ဝန်းကျင်အမြင်အရဆိုရင်တော့

ကိုယ်ကအရမ်းကိုစိတ်ပျော့တတ်တဲ့လူတစ်ယောက်ပါ။ကိုယ့်အပေါ်ကိုသေလောက်အောင်စော်ကားတာတော

င်မှသူကပြုံးပြရင်မပြုံးရမနေနိုင်အောင်ဖြစ်မိတဲ့ကိုယ့်စိတ်ကိုလည်းတော်တော်လေးအံ့သြမိပါတယ်။

နောက်ပြီးကိုယ့်စိတ်ထဲမှာခံစားရတဲ့နောက်တစ်ခုကတော့ငါဒါကိုဒီလိုလုပ်လိုက်ရင်သူတော့ကိုယ့်ကိုမုန်းသွားမှာဘဲဆိုပြီးကိုယ့်ဘက်ကမှန်ေ

နရင်တောင်မှအားနာတတ်တဲ့စိတ်ကြောင့်သူများအပြောအဆိုခံခဲ့ရတာမျိုးတွေလည်းဘဝ

မှာကြိမ်ဖန်များစွာကြုံခဲ့ဖူးပါတယ်။အဲဒီအားနာတတ်တဲ့စိတ်ဟာကိုယ့်ကိုတော်တော်လေးဒုက္ခပေးပါတယ်။ဘာလို့လဲဆိုတော့ကိုယ်ဘယ်လိုမှ

မလုပ်ချင်တဲ့ကိစ္စတစ်ခုကိုတစ်ယောက်ယောက်ကများဒါလုပ်ကြရအောင်ဆိုလို့ကတော့အဲဒီအားနာတတ်တဲ့စိတ်ကြီးကတစ်ချိန်လုံးခေါင်း

ညိမ့်နေတော့တာဘဲ။ကိုယ်မလုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတဲ့အတွက်ကိုယ်လည်းပင်ပန်းတယ်။ကိုယ့်စိတ်လည်းပင်ပန်းပါတယ်။ကိုယ်ပြော

ချင်တာကတော့အားနာသင့်တဲ့နေရာမှာအားနာ၊အားမနာသင့်ရင်တော့….။ပြောသာပြောနေရတာပါ။

ကိုယ်ကိုယ်တိုင်ကဒီအားနားတတ်တဲ့စိတ်ကိုဘယ်လိုပျောက်အောင်ကုသရမလဲဆိုတာအဖြေမပေါ်သေးဘူး။



နောက်တစ်ခုကကျတော့ကိုယ့်စိတ်ကိုသူတစ်ပါးကလွှမ်းမိုးထားခြင်းပါဘဲ။ကိုယ်ငယ်ငယ်တုန်းကမေမေနဲ့ကိုယ့်ရဲ့ကိုကိုကကိုယ့်က

ိုယောကျာ်းလေးသိပ်ဖြစ်စေချင်ခဲ့တာ။ဒါကြောင့်ကိုယ့်ကိုသူတို့ကယောကျာ်းလေးလိုဆင်၊ယောကျာ်းလေးလိုဘဲနေခိုင်းတယ်။ကိုယ်လည်းအ

ရင်ကတော့ကိုယ့်ကိုယ်ကိုယ်ယောကျာ်လေးစိတ်ဆိုပြီးရှင်းရှင်းပြောရရင်ယောကျာ်လျာတောင်ဖြစ်ခဲ့သေးတာ ။၈

တန်းတုန်းကအတန်းထဲကကောင်မလေးတစ်ယောက်နဲ့အချစ်တော်တွေဖြစ်ခဲ့ကြဖူးတယ်။ဘယ်လိုပြောမလဲ။ပတ်ဝ

န်းကျင်ရဲ့ရိုက်ခတ်မှုဟာကိုယ့်စိတ်ကိုယ်တောင်မသိတော့ဘူး။ကိုယ်ဘာစိတ်ဖြစ်နေတယ်ဆိုတာ။ကိုယ့်စိတ်ကိုကိုယ်ပြန်သိလိုက်တာကကို

ယ်ပထမနှစ်စတက်မှပါ။ကိုယ့်စိတ်ဟာမိန်းကလေးစိတ်ဆိုတာကိုကိုယ်တက္ကသိုလ်ပထမနှစ်စတက်မှပြန်သိလာတယ်။ကိုယ်အလှကြိုက်တ

တ်လာတယ်။ကောင်လေးတွေကိုစိတ်ဝင်စားတတ်လာတယ်။တကယ်တော့ကိုယ့်ကိုယ်ကိုယ်သတိမထားမိတာပါ။

ကိုယ့်စိတ်ကိုအဲဒီလိုလွှမ်းမိုးခံထားရတာတော်တော်ဆိုးတယ်။



နောက်တစ်ခုကမေ့ပျောက်လွယ်တတ်တဲ့စိတ်ပါ။လူတစ်ယောက်ကိုယ့်ကိုနှိမ်ပြီးပြောဆိုပြုမူဆက်ဆံသွားတယ်ဆိုပါစို့။ကိုယ်စိတ်ထဲမှာမခံချ

င်စိတ်ဖြစ်တာကြိုးစားချင်စိတ်ဖြစ်တာခဏဘဲ။နောက်ရက်ကျရင်ဒုံရင်းဒုံရင်းပါဘဲ။အဲဒီကိစ္စကိုမေ့ကိုမေ့ပစ်လိုက်တာ။အဲဒီလိုမျိုး။

နောက်တစ်ချက်ကတော့သနားစိတ်နဲ့ကိုယ်ချင်းစာစိတ်ပါ။ကိုယ်ကကိုယ့်ထက်နိမ့်ကျတယ်သူဆိုအရမ်းသနားတတ်တယ်။ပြီးတော့ကိုယ်လ

ည်းသူတို့လိုမျိုးဆိုရင်ဆိုတဲ့အတွေးမျိုးကိုအမြဲတွေးနေမိတယ်။ဘောလုံးပွဲတစ်ပွဲကြည့်ပြီဆိုရင်လူတွေတော်တော်များများအားပေးတဲ့အသင်

းဆိုရင်အားမပေးဘဲသိပ်အားမပေးတဲ့အသင်းကိုအားပေးနေကျပါ။အားနည်းတဲ့သူဘက်ကရပ်တည်ချင်တယ်။ဘေးမှာဘယ်သူမှမရှိတော့

တဲ့သူဘေးမှာရပ်တည်ပေးချင်တဲ့ကိုယ့်ရဲ့အဲဒီစိတ်ကို တော့ကိုယ်သဘောကျမိတယ်။



နောက်ဆုံးတချက်ကတော့ယုံလွယ်တတ်တဲ့ကိုယ့်ရဲ့ဥာဉ်အဆိုးဆုံးစိတ်ပါဘဲ။ကိုယ်ကကိုယ့်ကိုလာပြောတာဆိုရင်ယုံကြည်လွယ်တယ်။အဲဒါ

ကြောင့်သူများဘတ်တာခဏခဏခံရတယ်။အဲဒီယုံလွယ်တတ်တဲ့စိတ်ကြောင့်ဘဲပထမနှစ်မှာရည်းစားတစ်ယောက်ရခဲ့တယ်။သူကကိုယ်တို့

ထက်အဆတရာချို့တဲ့ပါတယ်။ကိုယ်ကဆင်းရဲတာချမ်းသာတာကိုပြောနေတာမဟုတ်ပါဘူး။လူဆင်းရဲရင်ဆင်းရဲပါစေ။ကိုယ့်လက်တွဲဖော်ဖြ

စ်ဖို့ကအရေးကြီးတာကအကျင့်စာရိတ္တကောင်းဖို့ပါဘဲ။သူကအကျင့်စာရိတ္တလည်းမကောင်းခဲ့ဘူး။အဲဒါကိုကိုယ်သိနေခဲ့တာသူနဲ့ရည်းစားဖြစ်ြ

ပီး ၁ နှစ်နီးပါးလောက်မှာပါ။ဒါပေမဲ့ကိုယ့်ရဲ့အားနားတတ်တဲ့စိတ်၊သနားတတ်တဲ့စိတ်၊ယုံလွယ်တတ်တဲ့စိတ်တွေကြောင့်ကိုယ်သူကိုမဖြတ်ခဲ့

ပါဘူး။ကိုယ်စင်ကာပူကိုရောက်ပြီးကိုယ့်လက်တွဲဖော်နဲ့တွေ့တော့မှသူကကိုယ့်ကိုအဲဒီဝဲဂယက်ထဲကနေဆွဲထုတ်ပေးခဲ့ပါတယ်။



အဲဒါကြောင့်တစ်ခါတစ်ရံမှာတစ်ချို့သောသူတွေဟာသနားတဲ့စိတ်နဲ့မတန်သလိုကိုယ်ချင်းစာဖို့လည်းမတန်ပါဘူး။ဘယ်သူ့ကိုမှလည်းယုံဖို့မ

ထိုက်တန်ပါဘူး။ဒါပေမဲ့ကိုယ့်စိတ်ကိုယ်မလိမ်ဖို့ရယ်၊အတတ်နိုင်ဆုံးစင်ကြယ်အောင်ထားနိုင်ဖို့အရေးကြီးပါတယ်ရှင်။

5 comments:

မယ့်ကိုး said...

တစ်ချို့သောသူတွေဟာသနားတဲ့စိတ်နဲ့မတန်သလိုကိုယ်ချင်းစာဖို့လည်းမတန်ပါဘူး။ဘယ်သူ့ကိုမှလည်းယုံဖို့မ

ထိုက်တန်ပါဘူး။

မ ရေ ပေါက်ပေါက်ကွဲကွဲရေးထားပါလား ...

ငယ်ငယ်တုန်းကတော့ အရမ်းသနားတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်။
အသိတစ်ယောက်က ရွဲ့ မေးဖူးတယ်။ သူခိုး ဓားပြရော သနားတာပဲလားတဲ့...

ကျွန်မက သနားတယ်လို့  ။ ငရဲကျမယ့်သူတွေ မို့ လို့  လို့  ဖြေဖူးတယ်။
အခုတော့ မ ပြောသလိုပဲ သနားဖို့ မတန်တဲ့သူကို လျှော့ပေါ့ပြီး သနားအောင် ကြိုးစားနေရတယ်..

မီးမီးချစ် said...

တို့ နှစ်ယောက် တယ်တူ သကိုး

ဝက်ဝံလေး said...

တနား သင့်တဲ့ လူပဲ တနားပါ မမရေ စေတနာက လူတိုင်းနဲ့ မထိုက်တန်တဲ့ သိလား (အဟိ လူကြီးကို ပြန်ဆုံးမနေတယ် )မရောက်တာကြာလို့ မမရေ အခုမန့်ဖြစ်တာ ဆော်ရီးနော် မအားလို့ ရှုတင်တွေချဉ်း ဆက်တိုက်သွားနေရတယ် လူလဲ ပြိုင်းလာပြီ ဒီတခါလာခေါ်ရင် မသွားဘုးလို့ငြင်းလိုက်တော့မယ် ခိခိ

ဒေါ်ရွှေအိ said...

ဟုတ်ပါ့ အားနာတတ်တာ မကောင်း။
အခုတော့ တို့ဆောင်ပုဒ်က "IT'S OK TO SAY NO."
လောကကြီးက တမျိုးကြီးရယ် ကိုယ်က အရမ်းခွင့်လွှတ် အားနာတတ်နေရင် တန်ဖိုးမထား ဖြစ်တတ်တယ်။
အဲဒါကြောင့် စိတ်ကောင်းထားတာလည်းထား အရမ်းကြီးတော့ သဘောမလွယ်နဲ့ရယ်။

Anonymous said...

" မြန်မာဆိုတာ .. စေတနာကောင်းတယ် .. ပျူဌာယဉ်ကျေးဖော်ရွေတယ် .. တစ်ဖက်သားကို အားနာတတ်တယ် ... ကိုယ့်လိုအင်ဆိုတာထက် သူများဘက်ကို ပိုတွေးပေးတတ်ကြတယ် ... " စသဖြင့် ချီးမွမ်းခန်းတွေကတော့ အများကြီး ... ဟုတ်လည်း ဟုတ်ပါတယ် .. ကျွန်တော်ကိုယ်တိုင်လည်း မြန်မာ တစ်ယောက် ဖြစ်နေလို့ မြန်မာအကျင့် စရိုက်တွေနဲ့ မစိမ်းလှပါဘူး ...သဘောကျမိတာတွေလည်းရှိပါတယ် ... ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး ...

အထူးသဖြင့် မြန်မာတွေက အားနာတတ်တယ်ဆိုတဲ့ အကျင့်စရိုက်ကြီးကိုပါ .. မြန်မာတစ်ယောက်က အားနာတတ်တာတော့ မှန်ပါရဲ့ .. ဒါပေမယ့် အဲဒီ့အားနာလို့လုပ်ပေးလိုက်ရတဲ့(ဝါ) လိုက်လျောလိုက်ရတဲ့ ကိစ္စရပ်တစ်ခုကို အဲ့ဒီကိစ္စပြီးမြောက်သွားတဲ့ နောက်မှာ အားနာမှုတစ်ခုအနေနဲ့ မသတ်မှတ်တော့ပဲ စေတနာထားပြီး လုပ်ပေးလိုက်တာလို့ပဲ သဘောထားလိုက်ပါမယ်ဆိုတဲ့လူ ဘယ်နယောက်ရှိသလဲ ... လက်ချိုးရေကြည့်ပါ ... မျက်မှန်လို မေ့မေ့ပျောက်ပျောက် သဘောထားနိုင်မယ့်သူဆိုတာ အင်မတန်ကို ရှားပါလိမ့်မယ် ... ကျန်တဲ့သူ အကုန်လုံးနီးပါးကတော့ မပြောပလောက်တဲ့ ကိစ္စရပ် တစ်ခုမို့လို့သာ စေတနာလို့ သတ်မှတ်ပြီးနေရင် နေလို့ရမယ် .. ကိုယ်အားနာလို့ လုပ်ပေးလိုက်ရတဲ့ ကိစ္စရပ်ဟာ ထုထည်ကြီးကြီးမားမား တစ်ခု ဖြစ်နေခဲ့လို့ကတော့ ရှေ့မှာသာ .." ရပါတယ် .. လုပ်ပါ .. အားလုံးအဆင်ပြေတယ် မလား ၊ ရှင်/ခင်ဗျားတို့ အဆင်ပြေရင် ကျေနပ်ပါတယ်" ဆိုပြီး မျက်နှာချိုသွေးပြောနေကြပေမယ့် နောက်ကွယ်လည်း ရောက်ရော .. " ဒီကောင်/ဒီကောင်မက ဘယ်လို အားနာမှုကို မရှိဘူး ..." ဘာညာသာဓကာနဲ့ စပြောကြပါလိမ့်မယ် ... ပြောရမယ်ဆိုရင်တော့ စောင်ခြုံထဲက လက်သီးပုန်းပြတယ်လို့ပဲ ဆိုရမလား ... တကယ်တော့ အဲဒါဟာ အားမနာတတ်သူရဲ့ အပြစ်လား ..သူအားမနာတတ်တာ သိနေရက်နဲ့ အားနာပြီး လိုက်လျောလိုက်တဲ့ ကိုယ့်ရဲ့အပြစ်လား ... သေသေချာချာစဉ်းစားဖို့တော့ လိုပါပြီ ... အဲ့ကြောင့် ကျွန်တော် ဆိုလိုချင်တာက မျက်မှန်မှာ ရှိနေတဲ့ အဲဒီ့အားနာတဲ့ စိတ်ကို ပြင်သင့်ပါပြီ ... အားနာတတ်တဲ့ အလေ့အထဟာ ကိုယ်ရော သူရော အပြန်အလှန် နားလည်မှုပေးနိုင်တဲ့ လူမျိုး ၊ အခြေအနေမျိုးတွေမှာပဲ အားနာဖို့ သင့်ပါတယ် ...

အခုလည်း ဒီလိုပဲ ... မြန်မာတွေရဲ့ မကောင်းတဲ့ စရိုက်တွေထဲက နောက်တစ်မျိုးကို ကျွန်တော့်အထင်နဲ့ အဓိပ္ပါယ်ဖွင့်ရရင် အားနာဟန်ဆောင်ပြီး ကိုယ့်ဘက်ကိုယ် ယက်တတ်ကြတာ .... မျက်မှန် အဲလိုလူမျိုးတွေနဲ့ တွေ့တဲ့အခါ ကိုယ်လိုစိတ်မျိုးထင်ပြီး ယောင်လို့မှ သူတို့ဆန္ဒတွေကို မလိုက်လျောလိုက်နဲ့ ကိုယ်ပဲ ငိုသွားရမယ် ... ခုခေတ်မှာ လူတော်တော်များများက ငါက မြန်မာလူမျိုးမို့ အရမ်းအားနာတတ်တာ ဘာညာနဲ့ အားနာဟန်ဆောင်ပြီး ( ၂ ကျပ် ၃ ကျပ် ) ဖိုးလောက် အလကားပေး ကိုယ့်အိတ်ထဲ သိန်းဂဏန်းလောက် သဲ့ထည့်နေကြတဲ့သူတွေ တော်တော်များလာပြီ ... အဲဒါကို ကိုယ်က သိန်းဂဏန်းလောက် စေတနာကောင်းပြီး ( ၂ ကျပ် ၃ ကျပ် )လောက်ပဲ ကိုယ့်အိတ်ထဲထည့်မယ် ဆိုလိုကတော့ နောက်ဆုံးကိုယ့်မှာ ကုံးကောက်စရာ မရှိအောင်ပဲ ဖြစ်သွားမယ် .. ဘယ်သူမှ လာသနားမှာ မဟုတ်တော့ဘူး ...

အိတ်ထဲထည့်တာ မထည့်တာက အဓိက မဟုတ်ပါဘူးလေ .. ကိုယ့်အိတ်ထဲက ပိုက်ဆံကို မျက်နှာချိုသွေးပြီး မသိအောင်နှိုက်မယ့် ခေတ်သစ် ခါးပိုက်နှိုက်တွေ ရန်က လွတ်အောင် ကိုယ်က အားမနာတတ်ဖို့ပဲ လိုနေတာပါ ... မဟုတ်ရင် ကျွန်တော်တို့အားလုံး ရှာသမျှပိုက်ဆံ အိတ်ပေါက်နဲ့ ဖားကောက်သလိုပဲ ဖြစ်နေ ပါလိမ့်တော့မယ် ...