ကိုယ်နဲ့ ကိုယ့်ရဲ့လက်တွဲဖော်အကြောင်း

ဒီပို့စ်လေးကို ကိုယ်တို့ချစ်သက်တမ်းသုံးနှစ်၊ အိမ်ထောင့်သက်တမ်း ၈ လနီးပါး ပြည့်တဲ့အထိမ်း

အမှတ်လေးအနေနဲ့ တင်ဖြစ်သွားတာပါ။

ကိုယ်က ဖေဖေါ်ဝါရီ လ ၂၆ ရက်နေ့မှာ အမိမြေကိုခွဲခွာပြီး ကိုယ့်ရဲ့ မမခေါ်ရာစင်ကာပူ ဆိုတဲ့

ခြင်္သေ့ကျွန်းကို ကျောင်းတက်ရင်း အလုပ်ရှာရအောင် လိုက်လာခဲ့တယ်။ ကိုယ့်ကို လေဆိပ်က

၁ လ နေထိုင်ခွင့် ပေးတယ်။ ကိုယ်လည်းနေတာပေါ့။ မြန်မာပြည်က စရောက်တဲ့သူဆိုတော့

သိတယ်မလား။ အလုပ်မရှာဘဲနဲ့ chatting ဘဲတက်နေတာပေါ့။ ဒီမှာက connection

ကလည်းအရမ်းကောင်းဆိုတော့ ။ အဲဒီတုန်းက ခင်ခဲ့တဲ့ online friend တွေတောင်

အခုသတိရသေးတယ်။ ပြင်သစ်က ပီဇာတို့ ၊ ထိုင်ဝမ်က မေမိုးတို့၊ ရုရှားက သူရဇ္ဇ တို့

အများကြီးဘဲ။ အရမ်းလဲခင်ဖို့ကောင်းတယ်။ လုံးဝဖြူဖြူစင်စင်ဘဲ။အဲလိုနဲ့ ချက်နေတာ

တစ်နေ့ကျတော့ ကောင်လေးတစ်ယောက်က ကိုယ့်ဆီကို invite လုပ်လာတယ်။ သူနဲ့

ချက်နေတာ တစ်ပတ်လောက်လည်းရှိရော သူကစင်ကာပူကဆိုတာ သိလိုက်ရတယ်။ အဲဒါနဲ့

သူနဲ့ကိုယ်နဲ့ ဖုန်းနံပါတ် အပြန်အလှန် ပေးဖြစ်လိုက်တယ်။ သူကတော့ မဆက်ပါဘူး။ ကိုယ်က

စဆက်လိုက်တော့ ကိုယ်နဲ့ ချက်တင်းဝင်တဲ့သူက သူ့ဖုန်းနံပါတ်မပေးဘဲ သူ့သူငယ်ချင်း

ဖုန်းနံပါတ်ကို ပေးလိုက်တာ။ အဲဒါနဲ့ဘဲ သူ့သူငယ်ချင်းနဲ့ ကိုယ်နဲ့ခင်သွားတယ်ဆိုပါစို့။

တိုက်တိုက်ဆိုင်ဆိုင် ကိုယ်နဲ့သူ့သူငယ်ချင်းဖြစ်တဲ့ သူနဲ့က နောက်ဆုံးနာမည် တစ်လုံး

သွားတူနေတယ်။ ပြီးတော့ အဲဒီနာမည်မျိုးက ယောကျာ်းလေးတွေရဲ့ နာမည်နောက်ဆုံးမှာ

ထည့်လေ့မရှိတဲ့ နာမည်မျိုး။

အဲဒီ အစ်ကိုကြီးရဲ့အသံ က အရမ်းနားထောင်လို့ကောင်းတယ်။ ပြီးတော့

ကိုယ့်ကိုလည်းအမြဲ ဆုံးမတယ်။သူ့အသံက အရမ်း ချိုမြိန်တယ်။ နောက်တော့ ကိုယ်လည်း

အဲဒီအသံလေးကို နှစ်ခြိုက်လာခဲ့တယ်။ အဲဒီလိုဘဲ အလုပ်မရှာဘဲဖုန်းပြောလိုက် ချက်နေတာနဲ့

၁ လ ကဘယ်လိုကုန်လို့ကုန်သွားမှန်းမသိဘူး။ ကိုယ်နဲ့ စခင်တဲ့ သူ ကတော့

အဲဒီထဲကပျောက်သွားလိုက်တာ။ နေထိုင်ခွင့်ပြည့်ပြီဆိုတော့ ဒိုးရပြန်ပြီပေါ့ ICA ကို။ အဲဒီမှာ ၂

ပတ်ထပ်ပေးတယ်။ မတ်လ ၂၈ ရက်နေ့မှာ ကိုယ်တို့ အပြင်မှာ တွေ့မယ်ဆိုပြီး အဲဒီတုန်းက

informatic သင်္ကြန်ကျနေတဲ့ အချိန်ပေါ့။ ကိုယ်မမ က ဒီကလုပ်တဲ့ သင်္ကြန်ပွဲတွေမှာ

သင်္ကြန်ကကတော့ ကိုယ်က ကိုယ်မမကို ကူလုပ်ပေးဖို့ လိုက်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ

လူတွေကလဲရှုပ် သူဖုန်းဆက်တဲ့ အချိန်မှာ ကိုယ့်မမကို ဆံထုံးထုံးပေးနေရလို့

ကိုယ်ထွက်လာလို့မရခဲ့ဘူး။ကိုယ်ထွက်လာလို့ရတဲ့အချိန်ကျတော့စိတ်ဘယ်တော့မှမရှည်

တတ်တဲ့ သူက ကိုယ့်ကိုစိတ်ဆိုးပြီးပြန်သွားရော။ ညနေကျတော့ ကိုယ့်ဆီဖုန်းပြန်ဆက်တယ်။

အဲဒီလိုနဲ့ ဖုန်းနဲ့ဘဲ ပြောနေကြတယ်၊ ဧပြီလ ၁၂ ရက်မှာ တိုးပါရိုး သင်္ကြန် ပြီးတော့ city hall

သင်္ကြန်မှာ ကိုယ်နဲ့ ကိုယ့်မမနဲ့ ကကြတယ်။ ဧပြီ ၁၃ မှာထပ်သက်တမ်းတိုးတယ်။ဒီတစ်ခါတော့

၁ လတောင်ပေးတယ်။ ဧပြီလ ၁၇ ရက်နေ့မှာ အပြင်မှာတွေ့မယ်ဆိုပြီးထပ်ချိန်းကြပြန်တယ်။

Clenmenti ဘူတာမှာ ချိန်းလိုက်တယ်။ ကိုယ်က အဲဒီတုန်းက Common Wealth

မှာနေတယ်။ တစ်ပတ်တစ်ခါ NTUC ကိုဈေးလိုက်ပေးရတယ်။ ကိုယ့်မမ က ကိုယ့်ကို

လိုက်ခိုင်းတာလေ။ ဘာအလုပ်မှလည်းမရှိဆိုတော့ ပျင်းတာပေါ့နော်။ (အလုပ် ကဘယ်ရမလဲ။

online တက်ပြီဆို ချက်တင်းလောက်ဘဲ အဓိကထားတာ၊)

ကိုယ်လည်းရင်းတထိတ်ထိတ်နဲ့ပေါ့နော်။ အ၀တ်အစားကလည်း သိပ်ကောင်းကောင်းက

ပါမလာဘူး(ရှိကိုမရှိတာ)။ အဲဒါနဲ့ ဘဲ သိပ်မကြာသေးခင်က ၀ယ်ထားတဲ့ IPZone က

တီရှပ်လေးရယ်၊ မမဘောင်းဘီရှည် တစ်ထည်ကို ခိုးဝတ်ပြီး Clenmenti ကိုသွားဖို့

ရထားစီးခဲ့တယ်။ ဟိုလည်းရောက်ရော ကိုယ်လည်းသူ့မမြင်ဖူး ၊သူလည်းကိုယ့်မမြင်ဖူးနဲ့ ။

လူတွေကလဲဘူတာမှာပြည့်ကျပ်နေတာဘဲ။


ကိုယ့်ဆီဖုန်းဝင်လာတယ်။ ဘာဝတ်လာလဲတဲ့။ ကိုယ်လည်းအကျီ င်္ကအနီ၊ဘောင်းဘီက

အပြာနုရောင်လေးလို့ ပြောလိုက်တယ်။ ဘူတာအောက်ကိုရောက်တော့ ပွဲဈေးက

ရှိနေပြန်ရော။ လူတွေက လည်းရှုပ်လိုက်တာမပြောနဲ့တော့။ သူကလဲဖုန်းတွေ တဂွမ်ဂွမ်

ဆက်နေတာနေတာဘဲ။ လူက ဒေါသကထွက်နေပြီ။ နောက်တော့ NTUC အ၀င်ဝကနေ

ပစ္စည်းထည့်ဖို့တောင်း တွန်းပြီးဝယ်စရာရှိတာဝယ်နေခဲ့တယ်။ သူကလည်းဖုန်းတွေဆက်။

ငါးတွေထားတဲ့ အတန်းရောက်တော့ ကိုယ်လည်းငါးဝယ်နေတုန်း လာပြန်ပြီ ဒီဖုန်း။

ကိုယ်လည်းဒေါကန်လို့အော်လိုက်တာ။ အဲဒီမှာကိုယ့်နောက်ကနေ လာရပ်ပြီးတော့

ဘာလို့ဒေါကန်နေတာတုန်းတဲ့။ ကိုယ်လည်းဖြတ်ခနဲ လှည့်ကြည့်လိုက်တော့

ကိုယ့်ကိုသူကပြုံးပြီးကြည့်နေတယ်။ သူကဦးထုပ်နဲ့။ ထိပ်ပြောင်လို့လားမသိဘူးလို့

စိတ်ညစ်သွားတယ်။ မျက်မှန်လေးနဲ့။ (ဒီနာမည်လေးကို ကိုယ်ကြိုက်လို့ ဒီဘလော့ခ်နာမည်

ပေးလိုက်တာ။) မိုးကာအကျီ င်္အမဲနဲ့။ ပြီးတော့ ကိုယ်တို့ဈေးဝယ်ကြတယ်။ ပြီးတော့ အဲဒီနားက

MAC Donald ဘာကာဆိုင်မှာစားဖြစ်ကြတယ်။ သူက အဲဒီတော့မှ ဦးထုပ်ချွတ်တယ်။

ဟူးတော်ပါသေးရဲ့… ထိပ်မပြောင်လို့။ သူနဲ့ပြောရင်းဆိုရင်းစားရင်းနဲ့ ပြီးတော့

ပြန်လာခဲ့ကြတယ်။ အဲဒီလိုနဲ့ ဖုန်းဘဲပြောဖြစ်တော့တယ်။ နောက်နှစ်ပတ်လောက်ကျတော့

ကိုယ့်မမက မလေးရှားသွားတယ်။ နှစ်ရက်ကြာတော့ပြန်လာတော့ ကိုယ့်မမကသူ့ကို

Woodland မှာလာကြိုဖို့ပြောတယ်။ အဲဒါနဲ့ သူနဲ့ Jurong East မှာချိန်းပြီးကိုယ့်မမကို

သွားကြိုတယ်။ မမကိုကြိုပြီးတော့ ပြန်လာတော့ သူနဲ့ ကိုယ်ကမသိသလိုနေလိုက်ကြတယ်။

မမသိသွားမှာစိုးလို့လေ။ ဒုတိယအကြိမ်သူနဲ့တွေ့ဆုံခြင်းပေါ့။

နောက် Stay ထပ်ကုန်တယ်။သွားတိုးတယ်။ နောက်ဆုံးအကြိမ်ဆိုပြီး ၁ လထပ်ရတယ်။

ကိုယ်လဲ အလုပ်ရှာတယ်။မရပါဘူး။ သူနဲ့လည်းဖုန်းတွေ ပြောနေတုန်းဘဲ။ အဲဒီမှာ ဘဲ မေလ

၂၀ ရက်နေ့ ညဘက်မှာ ပေါ့။ ည ၁၂ နာရီကျော်သွားပြီဆိုတော့ ၂၁ ပေါ့နော်။

ပြောရင်းပြောရင်းနဲ့ သူကဘာမဆိုင်ညာမဆိုင်နဲ့ ကိုယ့်ကို သ၀န်တိုပါလေရော။ ဘာလို့လဲ

လို့မေးတော့ ‘မင်းကို ကိုယ်ချစ်လို့ သ၀န်တိုတာ တဲ့ ။မချစ်ရင် ဘာမှဖြစ်နေစရာ

အကြောင်းမရှိဘူး’ တဲ့ ။ ကိုယ်ကလည်း မိန်းကလေးဆိုတော့ တော်တော်မူလိုက်တယ်။

ချက်ချင်းဘဲ ” ခင်ဗျားကို လည်း ကျွန်တော် ချစ်တယ်လို့” ပြန်ပြောလိုက်တယ်။ ဟီးဟီး။

စကြိုက်တုန်းကတော့ နှစ်ယောက်လုံးက အပျော်သဘောဘဲ။ နောက်တော့

တစ်ယောက်အပေါ် တစ်ယောက်အရမ်းသံယောဇဉ် ဖြစ်ခဲ့ကြတယ်။ နောက်မှ

လက်ထပ်ဖြစ်တဲ့ အကြောင်းလေးဆက်ရေးမယ်နော်။

8 comments:

Unknown said...

Haa haa,

The title should be "The Beginning of MOTO MOTO & GLORIA".... Anyway, nice post liao!

ကောင်းကင်ပြာ said...

မျက်မှန်လေးဆိုတဲ့ အဓိပ္ပါယ် ကိုတော့ သိသွားပီ၊ ဆက်ရေးပါ စောင့်ဖတ်မယ်နော်

ဝက်ဝံလေး said...

အဟား တို့မမ က ဂလိုလား အဟီး လက်တွဲနိုင်ပါစေရှင် ချစ်ကြသူတိုင်း မီးကတော့ ငယ်သေးတယ် သိသေးဘူး အဟိ

မယ့်ကိုး said...

စိတ်ဝင်တစားဖတ်သွားပါတယ်။

မဟာဆန် said...

ချစ်သူနှစ်ယောက် တွေ့ဆုံခဲ့ကြပုံလေးက စိတ်ကူးယဉ်ချင်စရာလေး
ဒီလိုအဖြစ်လေးတွေကို ၀တ္ထုတွေမှာပဲ စိတ်ကူးယဉ်ရေးကြတယ် ထင်ခဲ့တာ
မျက်မှန်လေးက ကိုယ်တွေ့ကြုံခဲ့တာဆိုတော့ အရမ်းရင်ခုန်မှာပဲနော်
စိတ်ကူးယဉ်ဇာတ်လမ်းတွေက အပြင်မှာလည်း တကယ်ဖြစ်တတ်တာပဲနော်
ဘလော့ဂ်ဂါ နာမည်ယူတာတောင် မျက်မှန်လေးတဲ့…

moekhar said...

အွန်လိုင်းအချစ်ပေါ့ ..း))
ပျော်ရွှင်ပါစေ

မိုးခါး

နွေးနေခြည် said...

ICA ကိုကျေးဇူးတင်လိုက်ပါ သူသက်တမ်းတွေ တိုးတိုးပေးလို့း) ဟီးးးးးးးးး

ကြည်ဖြူပိုင် said...

ဆက်ေ၇းပါ။ ဆက်ေ၇းပါမမရေ။စောင့်ဖတ်နေပါတယ်