လွမ်းစရာ့ မြို့မ

ဒီနေ့မှ ဘယ်လိုဖြစ်မှန်းမသိဘူး။ ကိုယ် သူငယ်တန်းကနေ ဆယ်တန်းအထိ ပညာသင်ကြားခဲ့တဲ့ မြို့မကျောင်း

လို့လူသိများတဲ့ ဒဂုံ (၂) ကိုအရမ်းသတိရနေမိတယ်။ ဒါနဲ့ဘဲဒီပို့စ်လေးဖြစ်လာတယ်ဆိုပါတော့။

မိုးကုတ်မှာ နေရင်ပညာရေးမကောင်းဘူးဆိုလို့ ကိုယ်တို့ရန်ကုန်ပြောင်းလာကြတယ်။ ရန်ကုန်ရောက်တာ

နွေရာသီထင်တယ်။၁၉၈၆ ခုနှစ်ဇွန်လမှာ ကိုယ်ကသူငယ်တန်းစနေရမှာ။

မမကြီးက ၆ တန်း အစ်ကိုက ၂ တန်း အစ်မလတ်က ၃ တန်း။ ကျောင်းစနေတော့ ကျောင်းအုပ်ကြီးက

ဦးတင်ဝင်း။အရမ်းစည်းကမ်းကြီးတယ်။ အဲဒီတုန်းက ဒဂုံ ၂ က အတော်တွေ ထွက်သေးတယ်။

မှတ်မိသေးတယ်။ ကိုယ်ကျောင်းစတက်တော့ မကြီးက ၆ တန်းဆိုတော့ ကိုယ့်ကို

မုန့်စားဆင်းချိန်ကျရင်ထမင်းတွေလာလာကျွေးရတယ်။ ၁ တန်းရောက်တော့ အတန်းပိုင်ဆရာမက

ဒေါ်သိန်းစော။ အရမ်းကြောက်ရတယ်သူ့ကို။ တစ်ခါက ခဲဖျတ်မပါလို့ တံတွေးစွတ်ပြီးဖျတ်လို့တဲ့

လက်ခေါက်ကိုပေတံစောင်း နဲ့ ခေါက်တာ။ အဲဒီထဲက ခဲဖျတ်ဘယ်တော့မှ မမေ့တော့ဘူး။ ၁

တန်းကျောင်းဆောင်က ကျောင်းဝင်ပေါက်နဲ့ နီးပြီးတော့ အဲဒီကနေ အပြင်ကရောင်းတဲ့

မုန့်တွေဝယ်စားလို့ရတယ်။ ကိုယ်က အုန်းမွှေးလုံးတို့ ကပ်စေးနဲ တို့ နောက် ဟိုဟာလေ..စက်ကြီးထဲကို

တုတ်ထိုးပြီးလှည့်လိုက်ရင် ငှက်သိုက်မုန့် လိုမျိုးပဲလေ။ ပြောရင်းနဲ့ စားချင်လာပြီ၊ အရမ်းကြိုက်မှကြိုက်။

အဲဒါတွေစားလိုက်ကစားလိုက်နဲ့ ခေါင်းလောင်းတီးမှဘဲ ချွေးသံရွှဲရွှဲနဲ့ စာသင်ခန်းထဲလာဖို့သတိရတော့တယ်။ ၁

တန်းတုန်း က ကိုယ်အမြဲလုပ်တဲ့ အလုပ်တစ်ခုက ရုပ်ရှင်ကြည့်တာလေ။ ကျောင်းရှေ့မှာ ကင်မရာလိုမျိုး ကို

အောက်က ဖလင်နဲ့ ရုပ်သေဓါတ်ပုံထည့်ပြီးပြတာလေ။ ကိုယ်အရမ်းကြိုက်တာဘဲ၊ ကားသစ်ထွက်တာနဲ့

ကြည့်တာဘဲ။ တစ်ကားကို ငါးမူးလား တစ်မတ်လား မမှတ်မိတော့ဘူး။

၂ တန်းရောက်တော့ ကျောင်းဆောင်က အတူတူဘဲ။ အပေါ်ထပ်ရောက်သွားတယ်။ အဲဒီမှာ

အရေးအခင်းဖြစ်တာဘဲ၊ အဲဒီတုန်းကဆိုရင် ဆရာမတွေက အိမ်က အစ်မတွေ မိဘတွေလာခေါ်မှ

ကျောင်းသားကိုထည့်ပေးလိုက်တာ။အဲဒီလိုနဲ့ လာခေါ်သွားကြတာ နောက်ဆုံး ကိုယ်ရယ်

ကောင်မလေးတစ်ယောက်ရယ် အတန်းပိုင်ဆရာမရယ်ဘဲ ကျန်တယ်။ ကိုယ့်မကြီးက ကိုယ့်ရဲ့

အစ်ကိုတွေအစ်မတွေကိုဝင်ခေါ်ပြီးတော့ ကိုယ့်ကိုလာခေါ်တယ်။ ဖေဖေတို့ လာမကြိုသေးလို့

ခဏစောင့်နေရသေးတယ်။ ၁၅ မိနစ်လောက်နေတော့ မေရောဖေရောလာခေါ်တော့ ပြန်သွားတယ်။

ကျောင်းတနှစ်ပိတ်တယ်။ လူကြီးတွေကတော့ စိတ်ညစ်ကြတယ်။ ကိုယ်တို့ကတော့

ကျောင်းတွေပိတ်လို့ပျော်လိုက်တာအရမ်းဘဲ။ ကျောင်းပြန်ဖွင့်တော့ ၂ တန်းဘဲပြန်တက်ရတယ်။

ကိုယ်ကအရမ်းဆော့တာ။ဆော့လွန်းလို့လွယ်အိတ်ပျောက်တာတို့၊မိုးတွင်းဆိုရင်

ရေထဲမျောသွားတာမျိုးအမြဲဖြစ်တယ်။ အဲလိုနဲ့ ၃ တန်း ရောက်ရော။ ၃ တန်းဆောင်နဲ့ ၅

တန်းဆောင်ကမျက်နှာချင်းဆိုင်။အလယ်မှာ မုန့်ဈေးတန်းကို သွားတဲ့လမ်းလေးဘဲခြားတယ်။ ကိုယ်တို့

ကျောင်းကတစ်ချိန်ကျောင်းဖြစ်လို့ မုန့်စားဆင်းချိန်ဆိုရင် မုန့်ဈေးတန်းမှာအရမ်းလူများတယ်။

ကျောက်ကျောကိုစဉ့်အိုးကြီးနဲ့ထည့်ရောင်းတဲ့ မိသားစု အအေးဆိုင်ရယ်၊မစုအသုတ်ရယ် ကိုသတိရလိုက်တာ။


၎ တန်းရောက်တော့ အစိုးရစစ်လေ။ ကျောင်းအုပ်ကြီးလည်း

အသစ်ဖြစ်သွားတယ်။ဦးဟန်သိန်းတဲ့၊ကိုယ်ဆယ်တန်းရောက်တဲ့အထိအဲဒီဆရာကြီးဘဲ အုပ်ချုပ်တာ။

၎တန်းဆောင်က ဘောလုံးကွင်းနဲ့မျက်နှာချင်းဆိုင်။ အဲဒီဘောလုံးကွင်းက ခရေပင်ကြီးတွေက

စည်းအဖြစ်နေရာယူပေးတာ။ ၄ တန်းဆောင်မှာ အေတန်းတစ်ခုဘဲအပေါ်ထပ်မှာ။

ဘေးကဘုရားဝတ်ရွတ်ခန်း။ မှတ်မိသေးတယ်။ ကိုယ်တို့ကအပေါ်ထပ်မှာ အီစွတ်ကြိုးခုန်နေကြတာ။

အောက်က လူတွေက ၅ ယောက်လောက်စုပြီးကိုယ်တို့အတန်းပိုင်ကိုလာတိုင်ရော။ ကိုယ်တို့တွေ

ခုန်ပေါ်မှာတစ်ချိန်စာ မတ်တတ်ရပ်လိုက်ရတယ်။

၅တန်းဆောင်က ၇ တန်းဆောင်နဲ့ သုံးတန်းဆောင်ရဲ့အလယ်မှာ။

လုံချည်တွေစ၀တ်ခိုင်းနေပြီ။ ကိုယ့်ကို

မေမေကထမီစကတ်လေးတွေချုပ်ပေးတယ်။ရင်ဖုန်းနဲ့။ကောင်မလေးတစ်ယောက်အကြောင်းပြောပြမယ်။

အခုတော့သူက ဆရာဝန်မကြီးဖြစ်နေပြီ။ သူ့ကိုတော့ဒီဘလော့ခ်လင့်မပေးတော့ဘူး။ ကိုယ်တို့က

အိမ်သာသွားရင် ၂ ယောက်တတွဲသွားရတာလေ။ တတွဲပြန်လာမှနောက်တတွဲကသွားရတာ။

သူကအိမ်သာသွားဖို့ ကိုယ့်ကိုအဖော်ညှိတယ်။ ပထမတတွဲကပြန်မလာသေးတော့ ဆရာမက

မသွားခိုင်းသေးဘူး။ ပထမတတွဲလည်းပြန်လာရော ကိုယ်တို့သွားတာပေါ့။

ခုနှစ်တန်းဆောင်ဘေးနားလည်းရောက်ရော သူက ငါမနိုင်တော့ဘူးတဲ့ ထွက်ကုန်ပြီတဲ့ ။ အဲဒါနဲ့

အီးအီးတွေထွက်ကျပါလေရော။ ကိုယ်လည်းဆရာမကိုသွားပြောပြီးကျောင်းဝင်းထဲမှာနေတဲ့

ဆရာမတစ်ယောက်ဆီကလုံချည်ငှားပြီးသူ့ကို ပေးလိုက်ရတာ။ နောက်နှစ်ရက်လောက်

သူကျောင်းမလာဘူး။ရှက်လို့နဲ့တူပါတယ်။

၆တန်းရောက်တော့ အတန်းပိုင်ဆရာမကဒေါ်ခင်မြိုင်။ ဆရာမကသိပ်ပြီးတင်းကျပ်တယ်။

ကျောင်းရောက်ရောက်ချင်း အသင်းသားတွေက အသင်းခေါင်းဆောင်ဆီမှာ တနေ့စာတနေ့ စာပြန်ဆိုရတယ်။

အသင်းခေါင်းဆောင်တွေက ဆရာမ ရှေ့မှာဆိုရတယ်။ ကျောင်းနောက်ကျရင် နောက်ကျတဲ့သူက

တတန်းလုံးကြားအောင်စာပြန်ဆိုရတယ် ။ကိုယ်ကအလောင်းဘုရားအသင်းခေါင်းဆောင်။ ကိုယ်ဆို

စာအမြဲဝါးချတယ်။အမှတ်ရစရာတခုပြောပြမယ်။ အသင်းခေါင်းဆောင်တွေက အလှည့်ကျ

စကားများတဲ့သူတွေကိုနာမည်မှတ်ရပြီ။ အဲဒီခါကျ ကိုယ်နဲ့မတည့်တဲ့ကောင်တွေသေပြီသာမှတ်။

အရင်ဆုံးသူတို့နာမည်တွေချရေးထားတယ်။ ပြောပြော မပြောပြော။ သူတို့အလှည့်ကျရင်

ကိုယ်နာမည်ကရှေ့ဆုံးက။

ရတန်းရောက်တော့ နဲနဲပဲများတတ်လာပြီ။ ရတန်းမှာ နာမည်ကြီးတဲ့ဆရာမ ကဒေါ်ဆင့်ဆင့် တဲ့။သခ်ာၤ ၂

သင္တာ။ အပေါက်ဆိုးတယ်။ကောင်မလေးတစ်ယောက်က မိတ်ကပ်ပြင်လာလို့ပြောလိုက်တာ

အဲဒီကောင်မလေး နောက်နေ့ကစပြီးမိတ်ကပ်မပြင်ရဲတော့ဘူး။၈ တန်းရောက်တော့ အတန်းပိုင်ဆရာမက

ဒေါ်သန်းမြင့်။ အရမ်းချစ်ဖို့ကောင်းတယ်။ ကိုယ်တို့ အုပ်စု က ယောကျာ်းလေး ၆ ယောက်၊မိန်းကလေး ၆

ယောက်။ လုံချည်တွေကို ခြေမျက်စိဖုန်းအောင်ဝတ်။ အောကတ္တီပါ တွေစီး ၊ဗာဒံပင်လမ်းကနေ

မုန့်ဈေးတန်းကို ၂ ယောက်တတွဲဆင်း။ ကိုယ်တို့ အုပ်စု ကမိန်းကလေးတွေက အရမ်းအတွဲညီတာ။ ပုပုလေး ၂

ယောက်၊ အရပ်ရှည်ရှည် ၂ ယောက်၊ ၀၀ ၂ ယောက်။ ဗာဒံပင်လမ်းဆိုလို့

ကိုယ်တို့ကျောင်းမှာအဲဒီလမ်းလေးက အရမ်းသာယာတယ်၊ လမ်းလျှောက်လို့လည်း အရမ်းကောင်းတယ်။

၉ တန်းရောက်တော့ ကြောက်ရတဲ့ဆရာမကဒေါ်တင်တင်အုန်း။ သူပြောလိုက်ပြီဆိုရင်

နားမထောင်ဝံ့လောက်အောင်ကိုဆိုးတာ။ တစ်ခါက ကိုယ်တို့ အုပ်စုတွေ ဗာဒံသီးတွေထုစားလို့ဆိုပြီး

အရိုက်ကြမ်းတဲ့ PHYSIC ကရိုက်တာ ။ကိုယ်တို့တွေလည်း အရိုက်ခံရတယ်။ ယောကျာ်းလေးတယောက်က

ပုဆိုးအောက်မှာစာအုပ်ခုထားတာမိသွားတယ်။ သူ့ကိုနှစ်ဆရိုက်တယ်။ အရိုက်ခံရပေမယ့်အရမ်းပျော်တာဘဲ ။

၁၀ တန်းရောက်တော့ ကျောင်းလည်းသိပ်မတက်ဖြစ်တော့ဘူး။

လွမ်းလိုက်တာ ……

ဒီတခေါက်ရန်ကုန်ပြန်ရင်တော့ မြို့မကျောင်းကိုသွားကို သွားအုန်းမှာ.

5 comments:

ThuHninSee said...

ညီမလေးပြောတာတဲ့နေရာတွေ..ဆရာမတွေ အကုန်သိပါတယ်။
း) မုန့်ဈေးတန်းက အခုမိတ်ကပ်ခင်စန်းဝင်းရဲ့ အစ်မ..မစုရဲ့
အသုပ်ဆိုင်လေးကိုရော မလွမ်းဘူးလား။

ဝက်ဝံလေး said...

ဟွန်း ညီမ က ဦးအောင် အရင်လာပါတယ် comment ပေးတဲ့လူက ရှိနေပြီ စိတ်တိုတယ်ကွာ
ဟုတ်တယ်မမရေ ညီမလဲ ကျောင်းတက်တုံးက အဖြစ်အပျက်လေး တွေလွမ်းတာပါပဲ ရှင် သူငယ်ချင်းတွေနဲ့ပျော်စရာ ကြီးပါပဲ စ လိုက်နောက်လိုက်ပေါ့ ညီမ က သူတို့ကိုချည်း စ တာလေ အဟိ ပြောပြရဦးမယ် ညီမ ကျောင်းမှာ ဆိုရင် fighter လေ လူကသေးသလောက် ကဲသလားတော့မမေးနဲ့ ဟိဟိ ယောက်ျားလေးတွေဆိုရင် လက်လန်တယ်လေ အဟားး ပြောရင်းနဲ့ သတိတောင်ရလာပြီ တာ့တာနော်

ThuHninSee said...

၁၉၈၈တုန်းက ၇တန်းဆိုတော့ ညီမထက် အတန်းကြီးမှာပေါ့။
အစ်မ.. မောင်လေးနဲ့ရွယ်တူလောက်ရှိမယ်။

Unknown said...

အင်း.....ကြည့်ရတာ ၂နှစ်လောက်ကြီးမယ်ထင်တယ်. မိုးကုတ်သူဆိုလို့ မြို့ကို သတိရလို့စာလာရေးတယ် မိတ်ဆွေဖြစ်ချင်လို့်ပါ။ ဒေါက်တာမကြီး နဲ့ အကျင့်တူတဲ့ ကောင်လေး ပါ။ အတန်းပိုင်ဆရာမနာမည်တွေကလည်း အကုန်မှတ်မိတယ်နော်. တော်လိုက်တာဗျာ။ ဒါနဲ့ ပုတဲ့ အတွဲလား ? ရှည်တဲ့အတွဲလား? ဝတဲ့အတွဲလား? မှန်းကြည့်မယ်နော်။ ဟဲဟဲ အသင်းခေါင်းဆောင်ဆိုတော့ သူများတွေထက်ကြီး မှရမယ်။ စာထဲမှာ ခပ်ပြတ်ပြတ်ရေးသတ်တဲ့ အကျင့်လေး တွေ့ရတယ်။ အစားလဲမှတ်တယ်။ ၇တန်းရောက်တော့ ပဲကလည်းများတယ်။ ရုပ်ပြလဲကြိုက်တယ် ဆိုတော့ ကား ဟဲဟဲ ဝတဲ့ အတွဲထဲက တစ်ယောက်ပဲဖြစ်ရမယ်။ ဟုတ်တယ် မလား မမ ဝဝ။ လူမိသွားလို့ မမ ဝဝ ရှက်နေတယ်။ စတာပါဗျာ။ခင်လို့ ။ အားရင် အီးမေးလ် လေး သူငယ်ချင်း အုပ်စုမှာထည့်ထားပေးနော်။ tharlainmhar79@gmail.com ပါ။နောက်မှတွေ့တာပေါ့နော်။

မျက်မှန်လေး said...

ဟီး၂...မှန်လိုက်လေသားလိမ္မာရယ်။ဗေဒင်တွက်စားပါလားဟင်။