မေ့နိုင်ဘူးလေ ရန်ကင်းမြို့က ကလေးဘ၀အချိန်လေးတွေ

ကိုယ်တို့မိဘတွေကမိုးကုတ်မှာနေရင်သားသမီးတွေပညာရေးမကောင်းမှာစိုးလို့ရန်ကုန်ရောက်

လာခဲ့ကြတယ်။ပထမဆုံးကိုယ်တို့နေရတာကဗဟန်းဖိုးဖိုးဖွားဖွားတို့အိမ်မှာ။နောက်တော့ဖွား

ဖွားရဲ့ကျေးဇူးကြောင့်ရန်ကင်းမှာကိုယ်တို့မိသားစုသီးသီးသန့်သန့်လေးနေနိုင်ခဲ့ကြတယ်။အခု

ထက်ထိနေခဲ့ကြတယ်ဆိုပါတော့။ဒါကြောင့်ရန်ကင်းကကိုယ်တို့မွေးရပ်မြေမဟုတ်ပေမဲ့ကိုယ့်ရဲ့

ဇာတိလိုမျိုးကိုဖြစ်နေပြီ။ကိုယ်သူငယ်တန်းကတည်းကအခုအချိန်ထိဆိုတော့စဉ်းစားကြည့်လေ

။အခုချိန်ရန်ကင်းကနေတခြားပြောင်းပါဆိုရင်တောင်မပြောင်းချင်တော့ဘူး။ကိုယ့်နယ်လိုဖြစ်နေ

တာဆိုတော့။

ရန်ကင်းဆိုတာနဲ့လူတွေကနှားခေါင်းရှုံချင်ကြပါတယ်။ဟုတ်လည်းဟုတ်နေတာဘဲ။ရန်ကင်းက

လူတွေကလဲတော်တော်လေးကိုဆိုးပါတယ်။ယောကျာ်းလေးဆိုရင်ရုပ်တွေကတော့များသော

အားဖြင့်ဖြောင့်ပါတယ်။ဒါပေမဲ့ မိုက်တီးလေးတွေကတော့ ကတော်တော်များတယ်။ပြီးတော့

အဖွဲ့လိုက် အားကိုးနဲ့ မိုက်ကြတာ။တစ်ယောက်တည်းဆိုရင်တော့ …ဟီးဟီး။ပြောပြရဦးမယ်

အစ်ကို အကြောင်း။ တစ်ရက် ကိုယ်ရယ်ကိုယ့်ဖေဖေရယ် ကိုယ့်ကိုကိုရယ် အ၀ိုင်းလေးနားက

ဆီဆိုင်မှာ ဆီသွားထုတ်ပြီးအပြန် ကိုယ်တို့လမ်းထဲကိုအကွေ့ ကားတစ်စီးနဲ့ငြိမလိုဖြစ်ကြတယ်။

အဲဒီကားက ရန်ကင်းကတော့မဟုတ်ဘူး။အဲဒါနဲ့ ကိုယ်တို့ကားရောသူတို့ကားရောရပ်ပြီး

စကားများကြတယ်။ကိုယ့်အစ်ကိုကလဲ ခင်ဗျားတို့ကလဲလွန်သေးတယ်။မတောင်းပန်တဲ့အပြင်

ဘာစကားပြောတာလဲဘာလဲညာလဲပေါ့။ကိုယ့်အဖေကလည်းသားကြီး ကောင်းကောင်း

မွန်မွန်ပြော၊လေအေးလေးနဲ့ပြောတာပေါ့။တဖက်ကလည်းသူတို့ကလည်းမှားသေးတယ်လာပြီး

အကြောကြီးနဲ့ပြောတော့ အစ်ကိုကဒေါကန်တာပေါ့။ဖေဖေကတော့နှစ်ဖက်လုံးကိုတားနေတာ။

အဲဒီအချိန်မှာ အစ်ကိုကဒေါနဲ့မောနဲ့ ခင်ဗျားတို့ခဏနေဦးကျုပ်ပြန်လာခဲ့မယ်လည်းဆိုရော

ကိုယ်ရော ကိုယ့်ဖေဖေကောလန့်သွားတာပေါ့။ဝါးရင်းတုတ်တွေများဓါးတွေများသွားယူလာ

မလားဆိုပြီး။ ဘယ်ဟုတ်မလဲသူကလက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့သူ့သူငယ်ချင်းတွေအုပ်စု

တွေ သွားခေါ်လာတာကိုး။အဲဒီမှာတဆက်တည်းဖေဖေကလည်းအုပ်စုတောင့်ပြီဆိုတာနဲ့

ခုနကလေပြေအေးနဲ့ ပြောနေတဲ့ဖေဖေအခုတော့ပုဆိုးတွေဘာတွေပြင်ဝတ်ပြီးခင်ဗျားတို့

မိုက်လား ဘာလားဆိုပြီးလုပ်တော့တာဘဲ။တဖက်လူတွေကလည်းအုပ်စုကိုမြင်ပြီးကျွတ်သွား

တယ်ထင်ပါရဲ့။တစ်ချိုးတည်းကိုလစ်တော့တာ။အဲဒီလောက်သတ္တိကောင်းတဲ့ကိုယ်အဖေနဲ့

ကိုယ့်အစ်ကိုလေ။

ကိုယ်ကရန်ကင်းမှာကလေးဗိုလ်လေ။ကိုယ့်ကိုရပ်ကွက်ထဲကအစ်ကိုကြီးတချို့ကနာမည်ပေး

ထားကြတယ်။သမီးဗိုလ်အောင်ဒင်တဲ့။ခုန်ပျံကျော်လွှားလာမလား၊ဂေါလီရိုက်မလား၊ကြွင်းစိမ်

မလား၊အရုပ်ကိုဖိနပ်နဲ့ပစ်မလား၊ဂျင်ပေါက်မလား စွယ်စုံရတဲ့အီဖေကိုယ်လေ။ကိုယ်ကကလေး

ခေါင်းဆောင်။ကိုယ်တို့တိုက်မှာရှိတဲ့ကလေးတွေစကားစပြောပြီဆိုတာနဲ့ကိုယ့်နာမည်အရင်ခေါ်

တတ်တာ။သီတင်းကျွတ်ကျောင်းပိတ်ခါနီးပြီးဆိုရင်ရသမျှမုန့်ဖိုးတွေမုန့်မစားတော့ဘူး။သတင်း

ကျွတ်ကျရင်ကိုယ်တို့နှစ်တိုက်နဲ့လမ်းမခြားထားတဲ့ ဟိုဘက်နှစ်တိုက်နဲ့ စစ်ဖြစ်ရင်ပစ်ဖို့

ဗျောက်အိုးတို့မီးရှူးတွေဝယ်ဖို့ ပိုက်ဆံစုထားရပြီ။

သတင်းကျွတ်ညဖက်ဆိုရင်လမ်းမတောင်မမြင်ရတော့ဘူး ဗျောက်အိုးတွေနဲ့

ဆော်ပြီ။ဘယ်တော့မှပြီးလည်းဆိုရင် ဓမ္မာရုံကကားနဲ့လိုက်ကြေငြာတော့မှ

ပြီးတယ်။ပြီးတော့နောက်ကစားနည်းတွေပြောင်းကစားတာပေါ့။ပြေးပုန်းတို့၊ စွန်ဖျတ်တာတို့၊

ကျောက်ရုပ်ကျောက်ဖျတ်တို့၊ စပ်မိစပ်လိုက်တို့ အစုံဘဲ။အဆော့ကောင်းလို့အရိုက်ခံရတာ

လည်းအကြိမ်ပေါင်းမရေတွက်နိုင်ဘူး။မေမေကသိပ်စည်းကမ်းကြီးတာ။ကိုယ်တို့ကိုညနေ

ကျောင်းပြန်လာတဲ့အချိန်ညနေ ၅ နာရီကနေ ၆ နာရီထိဘဲအောက်ဆင်းဆော့ခွင့်ပေးထားတာ။

ညနေ ၆ နာရီကျရင်အော်ပြီ။တက်ခဲ့တော့လို့။မတက်လို့ကတော့ ကြက်မွှေးစာမိပြီ သာမှတ်

တော့။အဲလိုမျိုး။ သင်္ကြန်ဆိုရင်လည်းအကြိုနေ့ဆိုတာနဲ့ ကိုယ်တို့တိုက်နှစ်တိုက်လုံးကကလေး

တွေကစားဖို့အတွက် ကိုယ့်အစ်ကိုတွေအုပ်စုကအမြဲတိုင်ကီတွေနဲ့ အုန်းလက်မဏ္ဍပ် တွေလုပ်

ပေးတယ်။ကိုယ်တို့ fighter အုပ်စုကတော့စတီးပြွတ်တစ်ယောက်တစ်ချောင်းစီနဲ့။

တစ်ဂါလံကော်ပုံးကိုကျောပိုးအိတ်နဲ့လွယ်ပြီး ထိုးပြီးဘဲဟိုဘက်တိုက်ကကလေးတွေကို။

ပြီးရင်ရေပူဖေါင်းတွေနဲ့ ပေါက်တယ်။ခွက်စောင်းခုတ်တယ်။ကလေးအားလေးဆိုတော့မ

နာတော့ ဘယ်သူမှတော့ဘာမှမပြောကြဘူး။အဲဒီလောက်ဆိုးတဲ့ ရန်ကင်းကကလေးတွေ ပါ။

အခုတော့ ပြောရာမှာမနေ တော်ရာမှာနေရတဲ့ စကားပုံအတိုင်းဘဲ ကိုယ်ဘယ်တော့မှ မနေချင်

တဲ့စင်ကာပူဆိုတာကြီးမှာနေနေရပြီလေ။တခါတခါရန်ကင်းကိုအရမ်းသတိရတယ်။ကိုင်ဇာသီ

ချင်းလေးလိုဘဲ။သီချင်းတော့ရှာတာမတွေ့ဘူး။စာသားတော့ကိုယ်ရသလောက်ထည့်ပေးလိုက်

တယ်နော်။ဒီဘလော့ခ်ဖတ်တဲ့သူထဲမှာရန်ကင်းကများပါခဲ့ရင်commentမှာemail

လေးရေးခဲ့ပေးပါနော်။

ညညအခါခါ လကသာသာ
အညီအညာတိုက်ခန်းလေးတွေ
အစီအလိုက် တန်းစီနေ
အရှေ့အနောက် နယ်နမိတ်စည်းကို
ပိုက်လုံးကြီးက အလယ်မှာချကာ
မေ့နိုင်ဘူးလေ
ရန်ကင်းမြို့ရဲ့ အလှအပဂုဏ်လေးတွေ

ကျောင်းပိတ်ချိန်ခါ
ကိုယ့်စိတ်မနေသာ အိမ်ကိုခွင့်တောင်းပြီးတော့
အောက်ဆင်းကစားပုံတွေ
သူခိုးပုလိပ်စိန်ပြေးတမ်းနဲ့ တူပုန်းကစားရင်း
ပျော်လာကြတာ မေ့နိုင်ဘူးလေ
ရန်ကင်းမြို့က ကလေးဘ၀အချိန်လေးတွေ


အဲဒါဘဲရတော့တယ်။သီချင်းလေးများသိတဲ့သူရှိရင်ဝေမျှပေးကြပါလို့

9 comments:

ဝက်ဝံလေး said...

ဟဟဟ မမရ မမအကိုက fighter ပဲနော် ဟိဟိ
ဖတ်ပြီးရယ်သွားတယ် မမရေ
ဟုတ်ပါ့ ဘာများသွားလုပ်တာလဲလို့ သူ့သူငယ်ချင်းတွေသွားခေါ်တာကိုးးး ခွိခွိ

Anonymous said...

သြော် ခေတ်သစ်ဗိုလ်အောင်ဒင်ကိုး ... ဗိုလ်အောင်ဒင် ပျောက်သွားတာ ကြာလှ ကြာလှနဲ့ ခုမှသိတယ် .. သူက ချင်ကာပူမှာ ကိုး :D

ကြယ်သောကြာ said...

ဟေ့ ဘယ်တိုက်ကလဲ ပြော သိများသိနေမလားလို့

မျက်မှန်လေး said...

ကိုကြယ်ကြီးကရန်ကင်းကဟုတ်လို့လား၊၊

ကောင်းကင်ပြာ said...

တို့လဲ ရန်ကင်း ကျောက်ကုန်းကပါ

ကိုလူထွေး said...

သြော်.. ရန်ကင်းကလား..
အဲဒီမှာ ကိုလူထွေးအိမ်ရှိတယ်လေ..
ဆီဒိုးနားလို့ ခေါ်တယ်..
သိတယ်မှုတ်လား..

(နောက်တာပါ)

ရန်ကင်းမှာတော့ အမျိုးတွေ ရှိတယ်..

မီးမီးချစ် said...

ကဲတာချင်း တူတယ်..ဟီးဟီး .. ငယ်ငယ်ကအသေကဲတဲ့လူတွေ ကြီးလာရင်ချောကြတယ်..ဟုတ်တယ်မှလား ညီမ

rose of sharon said...

ရန်ကင်းဘယ်ဘက်အပိုင်းလဲ အမကအနောက်ရန်ကင်းမှာနေခဲ့တယ်
အိမ်ထောင်ကျတော.လုံးချင်းအိမ်နဲ့နေချင်လို့
ရန်ကင်းကိုခွဲခဲ့ရတယ်...
ကိုင်ဇာသီချင်းကိုအမလဲခုထိခံစားတုန်းဘဲ..

naing said...

http://www.myanmarsongs.net/album/639

above link is for your necessary Yan Kin Ko Lwan Tal Nya song.
I'm not from Yan Kin but I miss to my young life when I listen this song.It's so great!